Shwe Nan Soe Electric

Shwe Nan Soe Electric ဝယ်သူအားလုံးစိတ်ချမ်းသာရမှာရွှေနန်းစိုးရဲ့ဆောင်ပုဒ်ပါ

28/09/2023

Breaker အကြောင်း သိကောင်းစရာများ
=============================

MCB ( Miniature Circuit Breaker ) တစ်လုံးကဘာတွေ အရေးပါလဲဆိုရင်တော့ သင့်အိမ်ကို ရှော့(Short Circuit) ဖြစ်ပြီးမီးမလောင် အောင်၊ Wire or Cable အပူလွန်ကဲမှု ကြောင့် မီးမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မိမိအသက်၊မိမိစည်းစိမ် ကိုကာကွယ်ပေးတဲ့ပစ္စည်းဖြစ်တာကြောင့် သေချာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။ Breaker အကုန်လုံးမှာ Mechnical Life နဲ့ Electrical Life ဆိုတာရှိပါတယ်။ Mechnical Life ဆိုတာကတော့ Breaker မောင်းတံလေးကိုအတင်အချလုပ်တဲ့ အကြိမ်အရေအတွက်များရင် Mechnical Life အရ ခုခံနိုင်တဲ့ အကြိမ်အရေအတွက်နည်းလာပြီး ပျက်စီးဖို့များလာခြင်းပါ။ Electrical Life ဆိုတာကတော့ Overload or Short Circuit ကြောင့်ဖြစ်တဲ့ အကြိမ်အရေအတွက်များလေ ပျက်စီးဖို့များလေပါ။ MCB တစ်လုံးကိုသင်ဝယ်တော့မယ် သုံးတော့မယ် ဆိုရင် အချက် ( ၅ ) ချက်ကိုတော့သင်သိထားဖို့လိုပါတယ်။

(၁) ဘာအမျိုးစားအစားသုံးမှာလဲ၊ ဘယ်နိုင်ငံ Brand ကိုသုံးမှာလဲ
(၂) ဘယ်လောက် Pole သုံးမှာလဲ
(၃) ဘယ်လောက် Amp သုံးမှာလဲ
(၄) ဘယ် Curve အမျိုးအစားသုံးမှာလဲ
(၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ

နံပါတ် (၁) အတွက်ကတော့ ဘယ်နိုင်ငံ Brand ကိုသဘောကျလဲ။ သဘောကျတဲ့ brand ကိုရွေးလိုက်ရုံပါပဲ။ ( Hyundai = Korea , Mitsubishi = Japan , Terasaki = Japan, Fuji = Japan, Legrand = France, Schneider = France , Hager = France , Siemens = Germany , ABB = Germany )။

နံပါတ် (၂) ဘယ်လောက် Pole သုံးမှာလဲ ဆိုတာကတော့ Single Phase ဆိုရင် 1Pole or 2Pole ၊ Three Phase ဆိုရင် 3Pole or 4Pole ပေါ့၊ 1Pole နဲ့ 2Pole ကွာခြားချက်လေးကိုပြောရမယ်ဆိုရင်တော့- 1 Pole သုံးတဲ့အခါ Phase တစ်ခုထဲကို Breaker ကပိတ်ပါတယ်။ 1Pole သုံးတဲ့အခါမှာ တပ်ဆင်တဲ့သူက Phase Neutral သေချာမစစ်ဘဲ Breaker တပ်ခဲ့တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်လို့ပြင်တဲ့အခါမှာ ဓါတ်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ Phase ကို Breaker ခံထားရင်လဲ အခြား circuit မှလျှပ်စစ်သုံးစွဲမှုကြောင့် Neutral ကနေ ဓါတ်လိုက်သလို မျိုးခံစားရနိုင်ပါတယ်။ 2Pole သုံးမယ်ဆိုရင်တော့ 1 Pole တွင်ဖြစ်သောပြသနာများကင်းဝေးစေ နိုင်ပါသည်။

နံပါတ် (၃) ဘယ်လောက် Amp သုံးမှာလဲ ဆိုတာကတော့ အသုံးပြုမည့် Watt နဲ့ Voltage အပေါ်မှာမူတည်ပြီးတွက်ယူရတာဖြစ်ပါတယ်။ အကြမ်းဖျင်းအနေနဲ့ကတော့ 200 Watt = 1A ပါ။ ဥပမာ အနေနဲ့ 1000W ဆိုရင် 5A ပါ Breaker ရွေးတဲ့အခါမှာ တကယ်အသုံးပြုတဲ့ Amp ထက် 20% ပိုဆောင်းရွေးချယ်ရပါတယ် 5 x 1.2 = 6A ပါ။

နံပါတ် (၄) ဘယ် Curve အမျိုးအစားသုံးမှာလဲဆိုတာကတော့ Breaker တွေမှာ BCDKZ ဆိုပြီး Curve ( ၅ ) မျိုးထွက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ BCD ကိုရှာဝယ်မယ်ဆိုရင်တော့ရနိုင်ပါ တယ်။ ဈေးကွက်မှာ အပေါဆုံးက C-curve ပါ။ B-curve ကိုတော့ Legrand အမျိုးအစားထဲက ရနိုင်တယ်။ B-curve ကို Lighting and Socket တွေမှာသုံးတယ်။ C-curve ကို Machine တွေမှာ သုံးတယ်။ D-curve ကို Motor တွေမှာသုံးပါတယ်။

နံပါတ် (၅) KA ( Breaking Capacity ) ဘယ်လောက်သုံးမှာလဲ ဆိုတာကတော့ အသုံးပြု မည့် Load အပေါ်မှာမူတည်ပြီးတွက်ထုတ်ရတာဖြစ်ပါတယ်။ အိမ်သုံးအနေနဲ့ကတော့ 4.5KA , 6KA လောက်ဆိုအဆင်ပြေပါတယ်။

Credit to original post

ကိုယ့်အိမ်ကကိုယ့်အိမ်က မီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်းတွေရှိတယ်…မီတာခနဲ့ ချိန်ပြီး သုံးချင်လား ဒါလေးသိမှ...
15/08/2023

ကိုယ့်အိမ်ကကိုယ့်အိမ်က မီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်းတွေရှိတယ်…
မီတာခနဲ့ ချိန်ပြီး သုံးချင်လား ဒါလေးသိမှဖြစ်မယ်…..

ဥပမာ တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင် အဲ့၅၀ဖိုးပဲသုံးချင်တယ် အိမ်ကမီးချောင်း ဘယ်နှစ်နာရီ ဖွင့်ခံမလဲ ဆိုတာမျိုးပေါ့…..

မီတာမှာ တစ်ယူနစ်တက်အောင် ဒီပစ္စည်းလေးကို ဘယ်လောက်ကြာကြာ သုံးရင်တက်လဲ သုံးရမလဲ.

ပေးလိုက်ရတဲ့မီတာခ ဟုတ်မှဟုတ်ရဲ့လား. TVလေးတစ်နေ့မှ တစ်နာရီလောက်ကြည့်တာ ငွေအား ဖြင့် ဘယ်လောက်ကုန်သွားလဲ…..

စက်ပြင်ဆရာတွေ တစ်နေကုန် ခဲဂေါက်ထိုးထားတယ် unit ဘယ်လောက်တက်သွားမလဲ….

တစ်ချို့ ဆိုင်ခန်းငှါးတဲ့ အဒေါ်ကြီးတွေက စက်ပြင်ဆိုင်ဆို မီတာခ အရမ်းကျတယ် ထင်နေတာ ဘယ်လိုပြန်ပြောပြရပါမလဲ…..

စတာတွေကို လူအများရှင်းအောင် နည်းပညာပိုင်းကို သိပ်အလေးမပေးဘဲ ပြောကြည့်ချင်ပါတယ်….

မီးပူကို တစ်နာရီ ဆက်တိုက် တိုက်ရင် မီတာမှာ တစ်ယူနစ် 1 unit တက်မယ် (အော်တိုပိတ်ပိတ်သွားချိန်မပါ)….

ဘာဖြစ်လို့လဲဆိုတော့ မီးပူဟာ Watt 1000 ရှိလို့…..

Watt 1000 ရှိတဲ့ပစ္စည်းကို တစ်နာရီကြာအောင်သုံးရင်…..

တစ်ယူနစ် တက်တယ်

အဲ့ဒါက ဖော်မြူလာပဲ 1000 watt × တစ်နာရီ = 1 unit…

တစ်နာရီကို unit ဘယ်လောက်တယ်တယ် သိရင်…..

နှစ်နာရီသုံးတယ်ဆို ၂ နဲ့မြောက်ပေါ့…

သုံးနာရီသုံးတယ်ဆို ၃ နဲ့မြောက်ပေါ….

အလွယ်လေး မခက်သေးဘူးနော်…..

ဒါဆို ကိုယ်မီးပူတိုက်နေတာ ဘယ်နှစ်နာရီဆို ဘယ်နှစ်ယူနစ်တက်မလဲ သိပြီပေါ့…..

ဟုတ်ပြီ ကျွန်တော် ကျွန်မ ခုသုံးနေတဲ့ ပစ္စည်းက watt 1000 မှ မဟုတ်တာဗျာ….

အိမ်မှာ လေးပေ မီးချောင်း တစ်ချောင်း ထွန်းထားတယ် အဲ့လေးပေ မီးချောင်းက Watt 40 ပဲ ရှိတာ..

ဘယ်နှစ်နာရီ ထွန်းထားရင် တစ်ယူနစ်တက်မလဲ ပိုက်ဆံဘယ်လောက် ကုန်မလဲ…

ဟုတ်ပြီ ကျွန်တော်တို့ သိချင်တာ ၃ မျိုး ရှိတယ်၊ မီတာမှာ unit ဘယ်လောက် တက်သွားလဲ အချိန်တစ်ခုအားဖြင့် ထွန်းထားတယ် ငွေဘယ်လောက် ကုန်သွားပြီလဲ…..

တစ်ယူနစ် မီတာမှာ တက်အောင် ဘယ်လောက်ကြာကြာ သုံးရမလဲ စတဲ့ အချိန်ရယ် ငွေရယ် ယူနစ်တက်သွားတာရယ်….

အဲ့မှာ ငွေကုန်ကြေးကျ တွက်တာက မီတာယူနစ်တက်သလောက် ငွေကုန်တာမို့ မီတာယူနစ် ဘယ် လောက် တက်သလဲ ဆိုတာကိုပဲ အရင်တွက်ရမယ်….

်ပြီးမှ တစ်ယူနစ်မီတာခနဲ့ မြောက်ပေါ့ ဟုတ်ပြီ ပြောနေတာတွေ ရှုပ်တယ်ညအလွယ်ပဲပြောမယ်ဗျာ…

ကိုယ်သုံးမယ့်ပစ္စည်းရဲ့ Watt ကို 1000 နဲ့စားရင် တက်သွားမယ့် ယူနစ်ရမယ်…..

(တစ်နာရီသုံးရင် အဲ့လောက်တက်မယ်လို့ ဆိုလိုတာ) အဲ့ Watt ကို 1000 နဲ့ စားတာကို ပြောင်းပြန် ပြန်တွက်လိုက်….

1000 ကို Watt နဲ့ပြန်စားလိုက် လို့ပြောတာ အာ့ဆို unit မရတော့ဘူး မီတာမှာ တစ်ယူနစ်တက်အောင် ဘယ်လောက်ကြာကြာ သုံးလို့ရ မလဲ ဆိုတဲ့ အချိန်ကို ရတယ်ဗျာ…….

အဲ့တော့ ဒီလို မှတ် 1000 (နဲ့) စားရင် ယူနစ် ရတယ် …..1000 (ကို) စားရင် အချိန် ရတယ်

ဥပမာ အပေါ်က ၄ ပေမီးချောင်း Watt 40 အဲ့ Watt 40 ကို 1000 (နဲ့) စား 40÷1000 = 0.04 unit ရတယ်……

အဲဒါဟာ ၄ ပေမီးချောင်းကို တစ်နာရီထွန်းရင် မီတာမှာ တက်မယ့်ယူနစ် 0.04 ရတယ် unit ရပြီဆို ပိုက်ဆံသိချင်ရင် တစ်ယူနစ်ကို၅၀ ဆို 0.04 × ၅၀ ပေါ. တစ်ယူနစ်ကို ၇၀ဆို 0.04 × ၇၀ ပေါ. မြောက်ကြည့်ကြပေါ့…..

နောက်တစ်နည်းက အပေါ်ကတွက်နည်းကို ပြောင်းပြန်လှန် 1000 (ကို) Watt 40 နဲ့စား 1000 ÷ 40 = 25 နာရီ ရတယ် အဲ.ဒါက ၄ ပေ မီးချောင်းကို ၂၅ နာရီကြာအောင်ထွန်းမှ မီတာမှာ တစ်ယူနစ်ပဲ တက်မယ်လို့ ဆိုလိုတာပဲ……

ဥပမာ ဘုရားစင်မှာထွန်းလေ့ရှိတဲ့ 5 Watt မီးသီး အစိမ်းလေးကို ထွန်းမယ်ဆိုရင် 1000 ÷ 5 = နာရီ ၂၀၀ လောက်ကြာအောင်ထွန်း ထား မှ မီတာမှာ တစ်ယူနစ်ပဲ တက်မှာပါ…..

အဲတော့ 1000 နဲ့စားတော့ ယူနစ်ပြ ပြောင်းပြန်လှန်တော့ အချိန်ရ ဒါလေး နဲ့တင် အများပြည်သူ သိရတွက်ရအဆင်ပြေလှ အင်း နည်း နည်း အဆင့်မြှင့်ကြည့်မယ်ဗျာ နာရီဝက်ပဲ မီးချောင်းထွန်း ရင်ကောဗျာ…..

၁၅ မီးနစ်ပဲ သုံးမယ်ဆိုရင်ကောဗျာ အာ.ဆို နည်းနည်းလေးတော့ ရှုပ်ပြီဗျ Watt ကို 1000 နဲ့စားလို့ ရတာကို နာရီဝက်ပဲ သုံးရင် 1/2 နဲ့ ထပ်မြောက်ဗျ ဘာလို့ဆို နာရီဝက်က တစ်နာရီရဲ့ နှစ်ပုံပုံရင် တစ်ပုံဖြစ် နေလို့……

၁၅မီးနစ်ပဲ သုံးတယ်ဆိုပြီး ၁၅နဲ့သွားမြေက်လို့မရဘူးဗျ ၁၅မီးနစ်သည် တစ်နာရီရဲ့ လေးပုံတစ်ပုံဖြစ်လို့ 1/4 နဲ့ထပ်မြောက်ဗျ…..

အသုံးပြုချိန်က နာရီနဲ့ပဲ တွက်ရလို့ဗျ မီးနစ်နဲ့တွက်ရင် killowatt hour ဆိုတဲ့ unit မရတော့လို့ပါ….

killowatt ဆိုတာကလည်း အခြားမဟုတ်ဘူးဗျ ကိုယ်သုံးတဲ့ပစ္စည်းရဲ့ watt ကို 1000 နဲ့စားလိုက်တဲ့ဖြစ်စဉ်ကို ပြောတာဗျ……

မူရင်းတန်ဖိုးက watt အာ.ဒါကို 1000 နဲ့စားလိုက်တော့ killowatt ဖြစ်လာတာပေါ. သဘောက resistor တန်ဖိုး ထောင်ကျော် တဲ့အခါ 1200အုမ်းလို့ ဘယ်မှာခေါ်လို့လဲ…..

1.2 K လို့ပဲ ခေါ်ကြတာ အဲ့ဒါလည်း 1000 နဲ့ စားလိုက်တာပဲလေ ကီလိုဖွဲ့လိုက်တယ်ဆိုပါစို့ဗျာ အဲ့ သဘော ပဲ Watt ကို 1000 နဲ့စားလိုက် တာလည်း ကီလိုဖွဲ့လိုက်သလိုပဲမို့ killowattရယ်လို့ဖြစ်လာ တာ…….

အဲ့ကီလိုဝပ်ကို နာရီနဲ့ထပ်မြောက်လို့ ကီလိုဝပ်နာရီ KWh = unit တန်ဖိုးဖြစ်လာတာ အဲ့တော့ သုံးစွဲ ပစ္စည်းရဲ့ Watt ကို 1000 နဲ့စား သုံးစွဲချိန် နာရီနဲ့ မြောက် တစ်လကုန် မီတာဘယ်လောက်တက်လဲ သိချင်ရင် ရက်ပေါင်း ၃၀ နဲ့ ထပ်မြောက် မီတာမှာ တိုက်ကြည့်ပေါ့……

မီတာအရမ်းလည်မြန်နေလို့မသင်္ကာရင်မီးပူတစ်နာရီတိုက်လို့တစ်ယူနစ်ပဲတက်တယ်ဆိုပုံမှန်ပဲ ပေါ.အထဲကဖွဲ့စည်းပုံကြောင့်လည် နှုန်း နှေးတာမြန်တာ ကိုယ့်အလုပ် ဟုတ်ဘူးလေ……

တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင် ၅၀ကို မီးနစ်၆၀နဲ့စား တစ်မီးနစ်ကို ပြား၈၃ပြားလောက် ကျတယ်ပေါ. အဲ့တော့ ဘယ်လောက်ဖိုး သုံးမလဲ ကြာကြာသုံးရင် များများကုန်မယ် များများသုံးရင် မြန်မြန်ကုန်မယ် 1000(နဲ့)စားရင်unit ရမယ် 1000(ကို)စားရင်အချိန်ရမယ် ဒါလေး ပါပဲ…….

မီတာယူနစ်တွက်ရန် ဆော့ဝဲလ် - https://bit.ly/46TnTAa

မူးရင်းပိုစ်🙏🙏

  Protectorမင်္ဂလာပါခင်ဗျာ Adjustable Voltage Protector လေးနဲ့မိတ်ဆက်ပေးပါ‌ရစေခင်ဗျာမိမိအိမ်ရှိ တန်ဖိုးရှိ လျှပ်စစ်ပစ္စည...
26/07/2023

Protector
မင်္ဂလာပါခင်ဗျာ
Adjustable Voltage Protector လေးနဲ့မိတ်ဆက်ပေးပါ‌ရစေခင်ဗျာ
မိမိအိမ်ရှိ တန်ဖိုးရှိ လျှပ်စစ်ပစ္စည်း များအားလုံးအတွက် အသုံးဝင်ပါသည်
ဘယ်လို အသုံးဝင်လဲဆိုတော့ 👉👉👉
- 🏠 ရှိ အသုံးပြုနေသော Motor , Pump , Refrigerator, Air-Con နှင့် တခြား လျှပ်စစ်ပစ္စည်းများ ကို
👉Over voltage ဖြစ်ခြင်း
👉 Under voltage ဖြစ်ခြင်း
👉Over Current Amperes ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်ခင်ဗျာ

Specifications
Rated Voltage ~. 220 /230V AC
Rated Current ~ 40A နှင့် 63A

👉Adjustable setting ranges
Over voltage ~230V to 300V
Under voltage ~100V to 210 V

👉Set boot time
Recovery delay Time -1 to 600S

အသုံးပြုပုံ Setting လေးက အရမ်းလွယ်ပါတယ်ခင်ဗျာ
ဗူးအတွင်းမှာ အသုံးပြုပုံ catelogue ပါတယ်ခင်ဗျာ

👉Step-1
Set ကို 3seconds လောက်ဖိပေးပါ
👉Step-2
P1ဆိုတာ set Over voltage valueပါ Over voltageဖြစ်တဲ့အတွက် 230-300အထိ ကြိုက်တဲ့ settingမှာထားချိန်ရပါတယ်
👉Step-3
P2ဆိုတာ over voltage recovery delay Time
1 to 600 S ထိ လိုသလို ချိန်နိုင်ပါတယ်
👉Step -4
P-3 ဆိုတာ set under voltage ပါ 100-210 V ထိ လိုသလိုချိန်နိုင်ပါတယ် (170V recommend)
👉Step -5
P-4ဆိုတာ under voltage recovery delay Time
1 to 600S ထိ လိုသလိုချိန်နိုင်ပါတယ်
👉Step -6
P-5ဆိုတာ Over current Valueပါ 0.5Aကနေစ၍ 40A/63Aထိ လိုသလို Amperes ချိန်ထားပေးနိုင်ပါတယ်
👉Step -7
P-6ဆိုတာ over load recovery time ပါ သူလဲ 1 to 600Sထိ ချိန်နိုင်ပါတယ်
👉Step -8
P-7 ဆိုတာ စစဖွင့်ဖွင့် ခြင်း (မီးလာလာခြင်းအချိန် ) Set boot time ကိုလဲ 1 to 600Sထိ လိုအပ်သလိုချိန်ညှိုနိုင်ပါတယ်ခင်ဗျာ
Step -9 ပြီးပါပြီ ခင်ဗျာ 🥵🥵🥵

ဆက်သွယ်မှာယူလိုပါက

ရွှေနန်းစိုး လျှပ်စစ်
ပ-၁၉၈ သပြေကုန်း ပွဲရုံတန်း နေပြည်တော်
09 400378819

မိတ်ဟောင်း မိတ်သစ် Customer များအားလုံး မင်္ဂလာပါခင်ဗျာ 🙏🙏🙏Float switch လေး ပစ္စည်းထပ်ရောက်ပါတယ်ခင်ဗျာ ⭐Float Switch ဆို...
25/07/2023

မိတ်ဟောင်း

မိတ်သစ် Customer များအားလုံး မင်္ဂလာပါခင်ဗျာ 🙏🙏🙏

Float switch လေး ပစ္စည်းထပ်ရောက်ပါတယ်ခင်ဗျာ

⭐Float Switch ဆိုတာဘာလေးလဲ ?🙄🙄🙄

ဟုတ်ကဲ့ ⭐Float switch ဆိုတာ ရေကန်တွေမှာ ရေလျှော့ လျှင် Pump - Motor များကို Auto Control လုပ်ပေးပြီး
သတ်မှတ် Levelရောက်လျှင်(ရေလျှော့လျှင်) Pump, Motor များကို Auto Run ပေးပြီး
သတ်မှတ် Level ရောက်လျှင် (ရေပြည့်လျှင်) Auto Stopလုပ်ပေးတဲ့အရာလေး ဖြစ်ပါတယ် ခင်ဗျာ👍👍👍

ဒါတင်မက Drainage ကန်များတွင်လျှင် အသုံးပြု နိုင်ပါတယ်👍👍
⭐Float switchလေးတပ်လိုက်ရင်တော့

👉မိမိအိမ်ရှိ ရေကန်များ ရေတင်ရာတွင် အချိန်ပေးပြီး စောင့်နေစရာ မလိုတော့ဘူး😉

👉ခလုတ်ပြန်ပိတ်ဖို့ မေ့ပြီး ရေတွေ လျှံကျစရာလဲမလိုဝောာ့ဘူး😉

👉ရေကန်ရေလျှော့နေမှာလဲ ပူစရာမလိုတော့ဘူး😉

👉နောက်ပြီး Breaker လေးနဲ့ အပိတ်ဖွင့် လုပ်နေစရာ မလိုတော့ဘူး😉

👉ရေတင် ရေပိတ် အတွက်လဲ အချိန် မကုန်တော့ဘူးပေါ့😉

👉ဆက်သွယ်မှာယူရန်ကတော့💌💌💌

ရွှေနန်းစိုး လျှပ်စစ်
☎️ 09 400378819
Page Messengerကလဲဆက်သွယ် စုံစမ်းနိုင်ပါတယ်ခင်ဗျာ 😍😍😍

Address

Thapyae Gone
Naypyidaw

Telephone

+959400378819

Website

Alerts

Be the first to know and let us send you an email when Shwe Nan Soe Electric posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share