30/05/2024
ဒီနေ့သင်ခန်းစာမှာကတော့Touchပိုင်းနဲ့ပက်သက်ပြီးနောက်ထပ်တွေ့ရတဲ့ပုံစံတစ်မျိုးရဲ့လမ်းကြောင်းကိုလေ့လာရမှာဖြစ်ပါတယ်။အရင်နေ့တွေကI2C Communication Protocolရဲ့လမ်းကြောင်းပိုင်းကိုလေ့လာခဲ့ပြီးပါပြီ။ဒီနေ့မှာလေ့လာမဲ့လမ်းကြောင်းပိုင်းကတော့SPI Communication Protocolရဲ့လမ်းကြောင်းပိုင်းပဲဖြစ်ပါတယ်။
I2C Communication Protocolရဲ့လမ်းကြောင်းပိုင်းမှာဆိုရင်SDAနဲ့CLKဆိုပြီးလမ်းကြောင်းနှစ်ခုကိုသာတွေ့ရပြီးSPI Communication Protocolရဲ့လမ်းကြောင်းပိုင်းမှာဆိုရင်တော့လမ်းကြောင်းလေးကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်။
1.MOSI=Master Output,Slave Input
Masterဆိုတာကတော့CPUကိုယ်စားပြုပြီး ဖြစ်ပြီးSlaveကတော့Touch ICကိုယ်စားပြုပါတယ်။Masterဖြစ်တဲ့CPUကနေSlaveဖြစ်တဲ့ Touch ICကိုDataပိုတဲ့လမ်းကြောင်းဖြစ်ပါတယ်။
2.MOSI=Master Input,Slave Output
Masterဆိုတာကတော့CPUကိုယ်စားပြုပြီး ဖြစ်ပြီးSlaveကတော့Touch ICကိုယ်စားပြုပါတယ်။Slaveဖြစ်တဲ့Touch ICကနေပြီးတော့Masterဖြစ်တဲ့CPUကိုDataပို့ပေးတဲ့လမ်းကြောင်းပါ။
3.SCLK=Serial Clock
CPUကနေTouch ICကိုFrequencyပို့ပေးသောလမ်းကြောင်းပါ။
4.SS-CS=Slave Select,Chip Select
CPUကနေပြီးDataပို့ပေးမဲ့Slaveကိုရွေးချယ်သောလမ်းကြောင်းဆိုပြီးSPI Communication Protocolရဲ့လမ်းကြောင်းလေးခုပဲဖြစ်ပါတယ်။ကျန်တဲ့လမ်းကြောင်းတွေကတော့Touchပိုင်းမှာပါနေကြဖြစ်သော
1.VIO,VDD=1.8Voltလမ်းကြောင်း
2.VIO,VDD=2.8Voltလမ်းကြောင်း
3.INT,DET=1.8Voltလမ်းကြောင်း
4.RST,REST=1.8Voltလမ်းကြောင်းတွေဖြစ်ပြီးI2C SDA,DATA=1.8Voltနဲ့I2C SCL,SCLK=1.8VoltနေရာမှာSPI Communication Protocolရဲ့လမ်းကြောင်းလေးခုပါဝင်လာပါတယ်။
SPI Communication Protocolရဲ့လမ်းကြောင်းပိုင်းတွေလည်းသိပြီးဆိုတော့ဒီနေ့ဥပမာထားပြီးပြပေးမဲ့ModelကနေRedmi Note 8လေးရဲ့Block Diagramကိုရေးဆွဲထားပါတယ်။Redmi Note 8မှာတော့VIO,VDD=2.8Voltကိုမသုံးထားတော့ပဲVIO,VDD=1.8Voltသာသုံးထားပါတယ်။
1.VIO,VDD=1.8Voltလမ်းကြောင်းသည်PM6125 Power ICရဲ့LDOလမ်းကြောင်းL9Aကနေပြီးတော့LCD & Touch ConnectorကိုVREG_L9A_1P8လမ်းကြောင်းနမည်နဲ့1.8Voltပေးသွင်းထားပါတယ်။
2.INT,DET=1.8Voltလမ်းကြောင်းသည်စောင့်ကြည့်သောလမ်းကြောင်းဖြစ်ပြီးဘာကိုစောင့်ကြည့်တာလဲဆိုရင်Main Board Touch Connectrနဲ့LCD Touch Sockတပ်ထားလားမတပ်ထားဘူးလားကိုSM6125 CPUကနေစောင့်ကြည့်တဲ့လမ်းကြောင်းပါ။INT,DET=1.8Voltလမ်းကြောင်းသည်LCD & Touch Connectorကနေပြီးတော့CPUဆီကိုTS_INT_Nလမ်းကြောင်းနမည်နဲ့1K OhmရှိသောResistorနဲ့Diodeတစ်လုံးGNDချပြီးVoltပေးသွင်းထားပါတယ်။INT,DETသည်ကိုယ်တိုင်Voltမထုတ်နိုင်သောကြောင့်Touchအတွက်PM6125 Power ICရဲ့LDOလမ်းကြောင်းL9Aကနေ1.8Voltယူထားပါတယ်။Diodeကိုတော့Blockပုံမှာမဆွဲထားပါဘူး။
3.RST,REST=1.8Voltလမ်းကြောင်းသည်Touch ScreenမှာသုံးထားသောDataတွေကိုရှင်းထုတ်ပေးမဲ့လမ်းကောင်းဖြစ်ပြီးSM6125 CPUကနေပြီးတော့Diodeတစ်လုံးGNDချ,Resistorတစ်လုံးကိုဆတ်ပြီးတော့TS_RESET_Nနမည်နဲ့ LCD & Touch Connectorထဲကို1.8Voltဝင်ထားပါတယ်။
4.SCLK=Serial Clockလမ်းကြောင်းသည်SM6125 CPUကနေLCD & Touch Connectorထဲကို0 ohm Resistorကိုခံပြီးတော့TS_SPI_CLKနမည်နဲ့1.8Voltပေးထားပါတယ်။
5.MISO=Master Input,Slave Outoutလမ်းကြောင်းသည်LCD & Touch Connectorကနေပြီးတော့SM6125 CPUဆီကို 0 ohm Resistorကိုခံပြီးတော့TS_SPI_2_MISOလမ်းကြောင်းနမည်နဲ့1.8Voltပေးထားပါတယ်။
6.MOSI=Master Output,Slave Inputလမ်းကြောင်းသည်SM6125 CPUကနေLCD & Touch Connectorဆီကို 0 ohm Resistorကိုခံပြီးတော့TS_SPI_2_MOSIလမ်းကြောင်းနမည်နဲ့1.8Voltပေးထားပါတယ်။
7.SS-CS=Slave Select,Chip Selectလမ်းကြောင်းသည်SM6125 CPUကနေLCD & Touch Connectorဆီကို 0 ohm Resistorကိုခံပြီးတော့TS_SPI_CS_Nလမ်းကြောင်းနမည်နဲ့1.8Voltပေးထားပါတယ်။
Errorပိုင်းမှာဆိုရင်တော့Touchကိုယ်တိုင်ကမကောင်းတာဖြစ်ဖြစ်,Touch Connectorပျက်တာဖြစ်ဖြစ်,Voltမရောက်တာပဲဖြစ်ဖြစ်,ResistorလေးတွေOpenဖြစ်ပြီးလမ်းကြောင်းပျက်နိုင်သလိုPower ICခဲပင်လွတ်တာတို့,CPUခဲပင်လွတ်တာတို့ဆိုရင်လည်းTouch Errorတတ်ပါတယ်။Diagramကိုကြည့်ပြီးလမ်းကြောင်းတစ်ခုဆီကိုStep by Stepစစ်ဆေးမယ်ဆိုရင်Errorကိုရှာတွေ့မှာပါ။VREG_L9A