18/08/2026
❌ ရှာတော့ရှာတယ် result မတွေ့ဘူး...
🚩 Dataset တစ်ခုကို quality review လုပ်တဲ့အဆင့်မှာ “outlier” တွေ ပါဝင်နေမှုရှိ၊မရှိ ရှာဖွေစိစစ်ဖို့ရာလည်း အရေးကြီးပါတယ်...
🚩 Outlier ကို ရှာဖွေဖို့ statistical နည်းလမ်းတွေကို အသုံးချရပါတယ်... Quick overview အတွက် visual နည်းလမ်းကို သုံးနိုင်ပါတယ်... Box plot တွေနဲ့ ကြည့်လိုက်ရင် potential outlier တွေ ရှိ၊မရှိကို အလွယ်တကူ သိနိုင်ပါတယ်...
🚩 Transaction level အဆင့်အထိ ရှာဖွေဖို့ကတော့ IQR, Z Score, Modified Z Score, Percentile-based threshold စသဖြင့် နည်းလမ်းတစ်ခုခု သုံးနိုင်ပါတယ်... ဒီနည်းလမ်းတွေက သာမန်အားဖြင့် ခက်ခဲတယ်ဆိုတဲ့အထဲမှာ မပါပါဘူး... လွယ်လွယ်ကူကူ တွက်ချက်နိုင်ပါတယ်...
🚩 ဒါပေမယ့် တကယ့်လက်တွေ့မှာက statistical method ကို အသုံးချတတ်ရုံနဲ့ မလုံလောက်ပါဘူး... အရေးတကြီး သတိပြုလိုက်နာရမယ့် data analytics principles တွေကိုလည်း သိရှိထားဖို့လိုသလို၊ လိုက်နာကျင့်သုံးဖို့လည်း အရေးကြီးပါတယ်...
🟣 ဥပမာတစ်ခု-
🟣 လုပ်ငန်းတစ်ခုက Laptop နဲ့ Mouse ရောင်းတယ်ဆိုပါစို့... Laptop တစ်လုံး 20 သိန်း... Mouse တစ်လုံး 5 သောင်းလို့ ဆိုကြပါစို့...
🟣 ဒီလုပ်ငန်းရဲ့ sales dataset ထဲမှာ outlier ရှာဖွေမယ်ဆိုရင် Laptop နဲ့ Mouse ကို သီးခြားစီခွဲပြီး စိစစ်တာက ပိုသင့်တော်ပါတယ်... Data Analytics principle တစ်ခုဖြစ်တဲ့ “Segmentation is non-negotiable” ဆိုတဲ့ principle နဲ့လည်း ကိုက်ညီပါတယ်...
🟣 ဘာကြောင့်လဲဆိုတော့ Laptop နဲ့ Mouse ရဲ့ တန်ဖိုးချင်း သိသိသာသာကွာခြားမှုရှိတယ်... Distribution သဘောသဘာဝလည်း မတူနိုင်ပါဘူး... ဒါကြောင့် subgroup တွေကို သင့်တော်သလို ခွဲထုတ်ပြီးမှ outlier detection လုပ်မှသာ အဓိပ္ပာယ်ရှိတဲ့ potential outlier တွေကို ပိုမိုတိကျစွာ ရှာဖွေဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်...
🟣 မဟုတ်ရင် Product group မတူတဲ့ observations တွေကို population တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး analysis လုပ်တဲ့အတွက် group difference ကြောင့် ပုံမှန် data တစ်ခုကို unusual တစ်ခုအနေနဲ့ သတ်မှတ်မိသွားနိုင်ပါတယ်... ဥပမာ Laptop အရောင်းတွေက high extreme ဖြစ်သလို၊ Mouse အရောင်းတွေက low extreme ဖြစ်သလိုမျိူး ပြနိုင်ပါတယ်... ဒါဟာ data error ဖြစ်တယ်လို့ တန်းပြီးဆုံးဖြတ်လို့မရသလို genuine outlier ဖြစ်တယ်လို့လည်း တန်းပြီးဆုံးဖြတ်လို့မရပါဘူး... Underlying subgroup structure ကို မစဉ်းစားဘဲ ဆောင်ရွက်ခြင်းကြောင့် ဖြစ်လာတဲ့ ရလဒ်အမှား ဖြစ်နိုင်ပါတယ်...
🟡 ဒါဆို နောက်ထပ် ဥပမာတစ်ခု-
🟡 ရောင်းချတဲ့ Product က (20) မျိုး ရှိတယ်... မြန်မာနိုင်ငံနဲ့အဝှမ်း နေရာဒေသ (10) ခုမှာ ဖြန့်ချိရောင်းချနေတယ်ဆိုပါစို့... Product (20) မျိုးက တစ်ခုနဲ့တစ်ခု တန်ဖိုးကော၊ သဘောသဘာဝကော သိသိသာသာ ကွာခြားမှုရှိတယ်... နေရာဒေသ (10) ခုကလည်း တစ်နေရာနဲ့တစ်နေရာ သိသိသာသာ ကွာခြားမှုရှိတယ်ဆိုကြပါစို့...
🟡 ဒါဆိုရင် Product × Region ကို စဉ်းစားမယ်ဆိုရင် (20 × 10 = 200) subgroup combinations ရှိလာမှာ ဖြစ်ပါတယ်... ဒီလိုအခြေအနေမှာ သက်ဆိုင်ရာ subgroup တွေကို သီးခြားစီ စဉ်းစားပြီး outlier ရှာဖွေစိစစ်တာက ပိုသင့်တော်ပါတယ်...
🟡 ဒါပေမယ့် subgroup 200 ခု ရှိတယ်ဆိုတာနဲ့ subgroup 200 ခုလုံးမှာ မဖြစ်မနေ သီးခြား outlier calculation လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး... Subgroup တစ်ခုချင်းစီမှာ observation အရေအတွက် လုံလောက်မှုရှိ၊မရှိ၊ distribution ရဲ့ သဘောသဘာဝ၊ analysis objective နဲ့ business context တွေကို ထည့်သွင်းစဉ်းစားပြီး လိုအပ်ရင် သီးခြားစီ ဆောင်ရွက်ရပါမယ်...
🟡 Initial stage မှာတင် အဲ့လောက်လုပ်ဖို့လိုအပ်လို့လား? အဲ့လိုအများကြီးလုပ်နေရင် ကြာမှာပေါ့... စသဖြင့် စောဒကတက်လို့ မရပါဘူး... “Segmentation is non-negotiable” ဆိုတာက data ရဲ့ underlying structure, business context, analysis objective တွေအရ sub-group ခွဲမှ ဆီလျော်မှန်ကန်မှုရှိမယ်ဆိုတဲ့ အနေအထားမှာ စောဒကတက်ပိုင်ခွင့်မရှိတာပါ...
🟡 ဒီနေရာမှာ tool ရဲ့ ကျွမ်းကျင်မှုကို အသုံးချပါ... Excel မှာ formula တွေရေးပြီး မိနစ်ပိုင်းနဲ့ ဆောင်ရွက်နိုင်ပါတယ်... Advanced tools (KNIME, Python, etc.) တွေမှာ just one click လောက်နဲ့လည်း ဖြေရှင်းနိုင်ပါတယ်...
💪💪💪