Toe Tat Wai - ios sale and service

  • Home
  • Toe Tat Wai - ios sale and service

Toe Tat Wai - ios sale and service iDevice များအတွက် အရောင်းဝယ် နှင့် service ပိုင်းပါ အာမခံအပြည့်နဲ့ဝန်ဆောင်မှူပေးပါတယ်ခဗျာ။ ။ Apple products sale and service

ပြန်လာမယ်ပြောပြီး ကတိမတည်နိုင်သေးတာ၂နှစ်တောင် ရှိသွားပြီနော် တောင်းပန်ပါတယ်ဗျာ။အရင်သုံးနေတဲ့အကောင့်လေးလဲ အပြီးပျက်သွားတာ...
11/02/2026

ပြန်လာမယ်ပြောပြီး ကတိမတည်နိုင်သေးတာ
၂နှစ်တောင် ရှိသွားပြီနော် တောင်းပန်ပါတယ်ဗျာ။
အရင်သုံးနေတဲ့အကောင့်လေးလဲ အပြီးပျက်သွားတာ
ဒီ Pageလေးပါ ပျက်သွားပြီထင်နေတာ အခုမှ Pageလေးပြန်ရလို့ပါဗျာ။
customer များအားလုံးနဲ့ ညီကိုများ အားလုံးကို သတိရပါတယ်ဗျာ
ပြန်လာခဲ့လို့ ဒီ carrier life ကို ပြန်မဝင်နိုင်ရင်တောင် ကျွန်တော့ကို နာမည်တခုနဲ့ ရပ်တည်နိုင်တဲ့အထိ ယုံကြည်ပေးခဲ့ကြတဲ့တစ်ယောက်ချင်းစီတိုင်းကို အမြဲသတိရနေမှာပါဗျာ။
အခုတော့ ရောက်တဲ့နေရာမှာ အဆင်ပြေအောင် ကျိုးစားနေပါတယ် ပြန်လာနိုင်ခဲ့လို့ ပြန်လာခဲ့ရင် ဒီ carrier life မဟုတ်ခဲ့ရင်တောင် ကျွန်တော် တည်ဆောက်ခဲ့တဲ့ ယုံကြည်မှုနဲ့ပဲ အခြား နယ်ပယ်မှာလဲ ဆက်လက် ယုံကြည်အားပေးကြပါဦးလို့ ပြောချင်ပါတယ်ဗျာ။
ကျွန်တော်အားလုံးကို သတိရလိုက်တာဗျာ ကျွန်တော် ကျိုးစားခဲ့တဲ့ ဒီအလုပ်လေးကိုရောပါပဲ။
ဘာဆက်ရေးရမှန်းတောင်မသိတော့ပါဘူး အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
ပြန်တွေ့ကြမယ်နော် အချိန်ကြာချင်ကြာမယ် ကတိမပျက်ပါဘူး။❤️

🙏သီတင်းကျွတ်လပြည့် 🙏မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဤကြာသပတေးနေ့ တွင် ကျရောက်သည့် သီတင်းကျွတ်လပြည့် အခါသမယတွင် မြန်မာနိုင်ငံ...
17/10/2024

🙏သီတင်းကျွတ်လပြည့် 🙏

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဤကြာသပတေးနေ့ တွင် ကျရောက်သည့် သီတင်းကျွတ်လပြည့် အခါသမယတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေ။

လိုအပ်သည်ကို မရှိလောက်အောင် ပီးပြည့်စုံကြပီး ဥစ္စာဓနတို့ ကြွယ်ဝပေါများ ကြပါစေကြောင်း ကျွန်တော်တို့ Toe Tat Wai - iOs Sale and Service မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ။

#သီတင်းကျွတ်လပြည့် #𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥

27/09/2024

iPhone 16 plus 💙💙

ကျွန်တော်ရဲ့ Toe Tat Wai - iOS sales and service မှ အစဉ်အမြဲ ဝယ်ယူအားပေးခဲ့ကြတဲ့ ထမင်းရှင် customer များကို အသိပေးအကြောင...
15/09/2024

ကျွန်တော်ရဲ့ Toe Tat Wai - iOS sales and service မှ အစဉ်အမြဲ ဝယ်ယူအားပေးခဲ့ကြတဲ့ ထမင်းရှင် customer များကို အသိပေးအကြောင်းကြားချင်တာလေးရှိပါတယ် ကျွန်တော်ဟာ Pageကနေ ပိူစ်မတင်ဖြစ်တော့တာ ၆လနီးပါးခန့်ကြာခဲ့ပြီဖြစ်ပါတယ်။

အကြောင်းကတော့ ကျွန်တော် ဝါသနာပါပြီး ချစ်လွန်းလို့ လုပ်ကိုင်ခဲ့တဲ့ ဒီလုပ်ငန်းလေးကို နာမည်ရအောင် အချိိန်တစ်ခုထိ ကျိူးစားဖြတ်သန်းခဲ့ပြီး လုပ်ငန်းသက်တမ်း တစ်လျောက်မှာ နာမည်ပျက်မရှိအောင် လူအများယုံကြည်မှုရအောင် လုပ်ကိုင်ခဲ့ပါတယ် ။ ဒီလိုအခြေကျနေတဲ့ ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို ပြစ်ချပြီး ရေမြေခြားကို ကျွန်တော် ချက်ချင်းထွက်လာခဲ့ရတာ ၆လနီးပါးရှိသွားပြီပဲဖြစ်ပါတယ်။

ကျွန်တော့ကို ယုံကြည်စွာ အားပေးခဲ့ကြတဲ့ ထမင်းရှင်တွေ ကျွန်တော့ရဲ့ သင်ဆရာ မြင်ဆရာတွေ ဒီလောကအသိုင်းဝိုင်းထဲက အပေါင်းသင်းမိတ်ဆွေတွေနဲ့ ကျွန်တော့ ရဲ့ လုပ်ငန်းရှယ်ယာရှင်တွေ အကုန်လုံးကို အမြဲသတိရနေပါတယ်။ ကျွန်တော် ရေမြေခြားမှာ အခြေကျအောင် ကျိုးစားနေခဲ့ရလို့ အားလုံးကို အသိပေးချိန် ကြန့်ကြာခဲ့တာကိုလဲ တောင်းပန်ပါတယ်။

အခုချိန်ထိ ဖုန်းအရောင်းဝယ်လုပ်နေသေးတယ်ထင်ပြီး လာရောက်မေးမြန်းကြတဲ့ ထမင်းရှင်များကိုလဲကျေးဇူးတင်ပါတယ်။အချိန်ရရင် ရသလိုကျွန်တော် စာပြန်ပေးနေပါတယ်ဗျ။

ကျွန်တော့ Pageလေးက ခေတ္တငြိမ်သက်သွားပေမဲ့ ကျွန်တော့ ဆိုင်လေးကတော့ အရင်နေရာလေးမှာပဲ ရှိနေပါသေးတယ် ကျွန်တော့ ညီကိုတွေက ကျွန်တော့ထက်ပိုတဲ့ service မျိုးပေးနိုင်ဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်ခင်ဗျာ။အရင်လိုပဲ လာရောက်အားပေးလို့ရပါတယ်။

ကျွန်တော် အကြောင်းကြောင်းကြောင့် ဒီလုပ်ငန်းကနေ ခေတ္တရပ်ဆိုင်းလိုက်ရပေမဲ့ ဒီPageလေးကအမြဲရှိနေမှာဖြစ်ပြီး ကျွန်တော် အရင်ထက်ပိုကောင်းတဲ့ အခင်းကြင်း အရင်ထက်ပိုကောင်းတဲ့ service မျိုးနဲ့ တစ်ချိန်ပြန်လာခဲ့ပါမယ်လို့ ကတိပေးပါတယ်ခင်ဗျာ။ ။

ကျွန်တော် တစ်ချိန်မှာ ကြိမ်းသေပြန်လာခဲ့ပါ့မယ် အားလုံးဘေးကင်းလို့ ကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻
#လူ့စည်းစိမ်

ဆိုင်လေးလဲ ပြန်ပြင် ခေတ်အခြေနေကလဲမကောင်းတော့ pageဘက်တောင်မလှည့်နိုင် ပိုစ်မတင်နိုင်ဘူးဗျာသေချာ ပြန်လုပ်ပေးပါ့မယ်နော်ရောင...
28/04/2024

ဆိုင်လေးလဲ ပြန်ပြင် ခေတ်အခြေနေကလဲမကောင်းတော့ pageဘက်တောင်မလှည့်နိုင် ပိုစ်မတင်နိုင်ဘူးဗျာ
သေချာ ပြန်လုပ်ပေးပါ့မယ်နော်
ရောင်းထွက်ပြီး ပိုစ်မတင် ဖြစ်တာ မအားလို့ပါ
အခုကစပြီး ပြန်တင်ပေးပြီဗျာ
7 plus sold out❤️❤️

12 တင်ရင် 13/14မေးတယ်ဆိုတော့ ကဲဒီမှာ 13/14 ဗျာ လာဝယ်လိုက်တော့😂😂  ( 128𝙜𝙗 ) 𝘼𝙡𝙡 𝙛𝙞𝙣𝙚 𝙚𝙧𝙧𝙤𝙧𝙨 ကင်း (𝙊𝙧𝙞𝙜𝙞𝙣𝙖𝙡-𝙗𝙤𝙙𝙮 / 𝙙𝙞𝙨𝙥𝙡𝙖𝙮...
05/04/2024

12 တင်ရင် 13/14မေးတယ်ဆိုတော့ ကဲဒီမှာ 13/14 ဗျာ လာဝယ်လိုက်တော့😂😂

( 128𝙜𝙗 )

𝘼𝙡𝙡 𝙛𝙞𝙣𝙚 𝙚𝙧𝙧𝙤𝙧𝙨 ကင်း
(𝙊𝙧𝙞𝙜𝙞𝙣𝙖𝙡-𝙗𝙤𝙙𝙮 / 𝙙𝙞𝙨𝙥𝙡𝙖𝙮 )
𝙁𝙖𝙘𝙚 𝙄𝘿 𝙜𝙤𝙤𝙙
𝘾𝙖𝙢𝙚𝙧𝙖 𝙜𝙤𝙤𝙙
𝘽𝙖𝙩𝙩𝙚𝙧𝙮 𝙜𝙤𝙤𝙙
𝘼𝙡𝙡 𝙖𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 𝙬𝙞𝙩𝙝 𝘽𝙤𝙭 ✅

(၁၇သိန်း)

( 256𝙜𝙗 )( 𝙋𝙞𝙣𝙠 )

𝘼𝙡𝙡 𝙛𝙞𝙣𝙚 𝙚𝙧𝙧𝙤𝙧𝙨 ကင်း
(𝙊𝙧𝙞𝙜𝙞𝙣𝙖𝙡-𝙗𝙤𝙙𝙮 / 𝙙𝙞𝙨𝙥𝙡𝙖𝙮 )
𝙁𝙖𝙘𝙚 𝙄𝘿 𝙜𝙤𝙤𝙙
𝘾𝙖𝙢𝙚𝙧𝙖 𝙜𝙤𝙤𝙙
𝘽𝙖𝙩𝙩𝙚𝙧𝙮 𝙜𝙤𝙤𝙙
𝘼𝙡𝙡 𝙖𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 𝙬𝙞𝙩𝙝 𝘽𝙤𝙭 ✅

(၁၈သိန်း)

( 128𝙜𝙗 ) (𝘽𝙡𝙪𝙚)

𝘼𝙡𝙡 𝙛𝙞𝙣𝙚 𝙚𝙧𝙧𝙤𝙧𝙨 ကင်း
(𝙊𝙧𝙞𝙜𝙞𝙣𝙖𝙡-𝙗𝙤𝙙𝙮 / 𝙙𝙞𝙨𝙥𝙡𝙖𝙮 )
𝙁𝙖𝙘𝙚 𝙄𝘿 𝙜𝙤𝙤𝙙
𝘾𝙖𝙢𝙚𝙧𝙖 𝙜𝙤𝙤𝙙
𝘽𝙖𝙩𝙩𝙚𝙧𝙮 𝙜𝙤𝙤𝙙
𝘼𝙡𝙡 𝙖𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 𝙬𝙞𝙩𝙝 𝘽𝙤𝙭 ✅

(၁၉သိန်း)

——————

Facebook Account link/👇🏼
https://www.facebook.com/profile.php?id=100014360086615&mibextid=LQQJ4d

𝐎𝐧𝐞 𝐦𝐨𝐧𝐭𝐡 𝐰𝐚𝐫𝐫𝐚𝐧𝐭𝐲 ✅
ဝယ်သူအမည်ပေါက် 𝐀𝐩𝐩𝐥𝐞 𝐢𝐃 𝐟𝐫𝐞𝐞 ✅
𝙏𝙤𝙚 𝙏𝙖𝙩 𝙒𝙖𝙞 - 𝙞𝙊𝙨 𝙎𝙖𝙡𝙚 𝙖𝙣𝙙 𝙎𝙚𝙧𝙫𝙞𝙘𝙚
အမှတ်-၂၄၁ ၊ လမ်း(၃၀)အပေါ်ဘလောက် ၊ ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ။
Phone(Viber) +60189536499

12 pro တင်တော့ 12မေးကြတဲ့ ကာကာတွေအတွက် လာပါပြီ ဒီမှာ 12 ကဲ လာဝယ်လိုက်ကြတော့ဗျာ❤️ ( 128𝙜𝙗 )𝘼𝙡𝙡 𝙛𝙞𝙣𝙚 𝙚𝙧𝙧𝙤𝙧𝙨 ကင်း (𝙊𝙧𝙞𝙜𝙞𝙣𝙖𝙡...
31/03/2024

12 pro တင်တော့ 12မေးကြတဲ့ ကာကာတွေအတွက် လာပါပြီ ဒီမှာ 12 ကဲ လာဝယ်လိုက်ကြတော့ဗျာ❤️

( 128𝙜𝙗 )

𝘼𝙡𝙡 𝙛𝙞𝙣𝙚 𝙚𝙧𝙧𝙤𝙧𝙨 ကင်း
(𝙊𝙧𝙞𝙜𝙞𝙣𝙖𝙡-𝙗𝙤𝙙𝙮 / 𝙙𝙞𝙨𝙥𝙡𝙖𝙮 )
𝙁𝙖𝙘𝙚 𝙄𝘿 𝙜𝙤𝙤𝙙
𝘾𝙖𝙢𝙚𝙧𝙖 𝙜𝙤𝙤𝙙
𝘽𝙖𝙩𝙩𝙚𝙧𝙮 𝙜𝙤𝙤𝙙
𝘼𝙡𝙡 𝙖𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 𝙬𝙞𝙩𝙝 𝘽𝙤𝙭 ✅

(၁၃သိန်း၅သောင်း)

——————

Facebook Account link/👇🏼
https://www.facebook.com/profile.php?id=100014360086615&mibextid=LQQJ4d

𝐎𝐧𝐞 𝐦𝐨𝐧𝐭𝐡 𝐰𝐚𝐫𝐫𝐚𝐧𝐭𝐲 ✅
ဝယ်သူအမည်ပေါက် 𝐀𝐩𝐩𝐥𝐞 𝐢𝐃 𝐟𝐫𝐞𝐞 ✅
𝙏𝙤𝙚 𝙏𝙖𝙩 𝙒𝙖𝙞 - 𝙞𝙊𝙨 𝙎𝙖𝙡𝙚 𝙖𝙣𝙙 𝙎𝙚𝙧𝙫𝙞𝙘𝙚
အမှတ်-၂၄၁ ၊ လမ်း(၃၀)အပေါ်ဘလောက် ၊ ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ။

Thank you my friend

Post တင်ရင် ရောင်းထွက်မှ စိတ်အဆင်ပြေတာဗျ😂😂12 pro လေး sold out ပါဗျ❤️❤️အားပေးသွားတဲ့ customer လေးကို ကျေးဇူးတင်ပါတယ်ခင်ဗျ...
29/03/2024

Post တင်ရင် ရောင်းထွက်မှ စိတ်အဆင်ပြေတာဗျ😂😂
12 pro လေး sold out ပါဗျ❤️❤️
အားပေးသွားတဲ့ customer လေးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Thank you my friend

12 series မေးထားတဲ့သူတွေကို 12 pro ကနေစပြလိုက်မယ်ဗျာ 12/12 pro maxတွေလဲတင်ပေးပါဦးမယ်ဗျ ( 128𝙜𝙗 )𝘼𝙡𝙡 𝙛𝙞𝙣𝙚 𝙚𝙧𝙧𝙤𝙧𝙨 ကင်း (𝙊𝙧...
28/03/2024

12 series မေးထားတဲ့သူတွေကို 12 pro ကနေစပြလိုက်မယ်ဗျာ 12/12 pro maxတွေလဲတင်ပေးပါဦးမယ်ဗျ

( 128𝙜𝙗 )

𝘼𝙡𝙡 𝙛𝙞𝙣𝙚 𝙚𝙧𝙧𝙤𝙧𝙨 ကင်း
(𝙊𝙧𝙞𝙜𝙞𝙣𝙖𝙡-𝙗𝙤𝙙𝙮 / 𝙙𝙞𝙨𝙥𝙡𝙖𝙮 )
𝙁𝙖𝙘𝙚 𝙄𝘿 𝙜𝙤𝙤𝙙
𝘾𝙖𝙢𝙚𝙧𝙖 𝙜𝙤𝙤𝙙
𝘽𝙖𝙩𝙩𝙚𝙧𝙮 𝙜𝙤𝙤𝙙
𝘼𝙡𝙡 𝙖𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 𝙬𝙞𝙩𝙝 𝘽𝙤𝙭 ✅

(၁၆သိန်း၅သောင်း)

——————

Facebook Account link/👇🏼
https://www.facebook.com/profile.php?id=100014360086615&mibextid=LQQJ4d

𝐎𝐧𝐞 𝐦𝐨𝐧𝐭𝐡 𝐰𝐚𝐫𝐫𝐚𝐧𝐭𝐲 ✅
ဝယ်သူအမည်ပေါက် 𝐀𝐩𝐩𝐥𝐞 𝐢𝐃 𝐟𝐫𝐞𝐞 ✅
𝙏𝙤𝙚 𝙏𝙖𝙩 𝙒𝙖𝙞 - 𝙞𝙊𝙨 𝙎𝙖𝙡𝙚 𝙖𝙣𝙙 𝙎𝙚𝙧𝙫𝙞𝙘𝙚
အမှတ်-၂၄၁ ၊ လမ်း(၃၀)အပေါ်ဘလောက် ၊ ပန်းပဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ။
စုံစမ်းမေးမြန်းလိုပါဗျ officials acc နဲ့ Page cbကိုသာ စာပို့ပေးပါခင်ဗျာ ဖုန်းကဒ်ပျောက်နေလို့ပါဗျ။

အကြောင်းကြောင်း ကြောင့်ကျွန်တော့ ဆိုင် နဲ့ Pageကို ရပ်နားထားခဲ့ရတာ တစ်ပတ်ကျော် နှစ်ပတ်နီးပါးကြာသွားခဲ့ပါတယ်။စာပို့ထားတဲ့...
25/03/2024

အကြောင်းကြောင်း ကြောင့်ကျွန်တော့ ဆိုင် နဲ့ Pageကို ရပ်နားထားခဲ့ရတာ တစ်ပတ်ကျော် နှစ်ပတ်နီးပါးကြာသွားခဲ့ပါတယ်။

စာပို့ထားတဲ့ customer များကို စာမပြန်နိုင်ခဲ့တာကိုလဲ အနူးညွန့်တောင်းပန်ပါတယ်ခင်ဗျာ။
ကျွန်တော် ကျိုးစားပြီး အကုန်လုံးကို မနေ့ညက စာပြန်ပေးထားပါတယ်။

ကျွန်တော့ အပေါ်နားလည်ပေးကြမယ်လို့ ယူံကြည်ပါတယ်ခင်ဗျာ ကျွန်တော် အလုပ်အကြွေးများကို အတတ်နိုင်ဆုံး ပြန်ဆပ်နေပါတယ်။

စာပို့ထားလို့ ချက်ချင်းမပြန်ဖြစ်ရင်လဲ အချိန်ခနလောက်စောင့်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ နေ့ဘက်မပြန်မိတောင် ညဘက်များမှာ အကုန်လုံးကို စာသေချာပြန်ပေးပါ့မယ်လို့ ကတိပေးပါတယ်ခင်ဗျာ။

ကျွန်တော့ရဲ့ ထမင်းရှင် customer အသစ် အဟောင်း မိတ်ဆွေ အပေါင်းသင်းများ အားလုံး ဘေးရန်ကင်းပြီး ကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။

14/03/2024

ကျွန်တော့ရဲ့ ဆွေမျိုးမိတ်ဆွေ ထဲမှ နာရေး ကိစ္စတစ်ခု ဖြစ်ပေါ်လာတာကြောင့် ဆ်ိုင်တစ်ပတ်ခန့်နားထားပါရစေခင်ဗျာ။
ညှိုးငယ်စွာဖြင့်💔

Address

No. 241, 30st Street, Upper Block, Pabedan Township

Opening Hours

Monday 12:00 - 18:30
Tuesday 12:00 - 18:30
Wednesday 12:00 - 18:30
Thursday 12:00 - 18:30
Friday 12:00 - 18:30
Saturday 12:00 - 18:30
Sunday 12:00 - 17:00

Telephone

+959897445448

Website

Alerts

Be the first to know and let us send you an email when Toe Tat Wai - ios sale and service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share