08/07/2021
❝ MIUI 12 မြှင့်တော့မယ်ဆိုရင် ❞ ဒါတွေသိထားဖို့လိုပါတယ်..။
MIUI 12 မြှင့်လိုက်ရင် ဖြစ်တက်တဲ့ Error နဲ့ ဖြေရှင်းနည်းလေးတွေကို စုစည်းပေးထားပါတယ်..👌
Xiaomi ရဲ့ ဒီတစ်ခေါက် MIUI 12 Update ဟာ UI တွေအားလုံးပြောင်းသွားတာကြောင့် Mi User တွေ အတော်လေးကို အကြိုက်တွေ့ခဲ့သလောက် Error လဲ တော်တော်လေးများခဲ့ပါတယ်..။
ဘာလို့ error တွေ များသွားရတာလဲ..🤔 ဘာလို့လဲဆိုတော့ MIUI 12 Update ဟာ UI အပြောင်းအလဲဖြစ်ရုံသာမက Android Version လဲ မြင့်သွားတာကြောင့် error တော်တော်များများနဲ့ ကြုံရတာဖြစ်ပါတယ်...👌
* သင်သာ MIUI 12 ကို မြှင့်တော့မယ်ဆိုရင် အကောင်းဆုံးကတော့ Factory reset ပြန်ချနိုင်ရင် ဒီပြသာနာတွေကို ကျော်လွှားနိုင်မှာသေချာပါတယ်..🤗
အဓိက MIUI 12 တင်ပြီးမှ တချို့ဖုန်းတွေမှာ ကြုံတွေရတဲ့ အဓိကပြဿနာက ဖုန်းသုံးနေရင်းနဲ့ Screen ရပ်သွားတာတွေ ဂိမ်းတွေမှာ Frame rate ကျသွားမျိုးတွေက တော်တော်ကိုဆိုးပါတယ်။ အဲ့လိုဖြစ်နေပြီဆိုရင်တော့ Factory reset ချဖို့သာ အကြံပေးပါရစေ...👌
Factory ချတယ်ဆိုတဲ့နေရာမှာလည်း Setting ထဲက Backup & reset ထဲက reset ကိုနှိပ်လိုက်ရုံနဲ့ မရပါဘူးနော်..။ အရေးကြီးတာက Backup & reset ထဲမှာ Automatic restore ဆိုတာကို ပိတ်ပြီးချမှ အဆင်ပြေနိုင်မှာဖြစ်ပါတယ်နော်..👌
* Factory reset ချတော့မယ်ဆိုရင် အရေးကြီးတဲ့ ဒေတာတွေကို Backup လုပ်ပြီး သိမ်းထားဖို့လိုပါမယ်.။ Google Account, Mi Account တွေကို log Out လုပ်ထားဖို့လိုပါတယ်နော်..👌👌
နောက်ထပ် MIUI 12 မှာကြုံရတဲ့ ပြဿနာကတော့ Play Store နဲ့ WavePay Code မကျတာပါ.. ။ အမှန်တော့ ဒါကလဲ Error လိုတော့ ပြောလို့မရဘူးခင်ဗျာ့။ ဘာဖြစ်လို့လဲဆိုတော့ China Stable Update ဖြစ်တာကြောင့် Mi ဘက်ကလဲ Google ကို ထည့်ပြီးမစဉ်းစားပါဘူး..။
12 မှာ WavePay က Code ပြန်မကျဘူးဆိုရင်တော့...👇👇
Setting >> App >> Manage App >> WavePay >> Permission ထဲက Get Device info ကို Deny လုပ်ပေးလိုက်ရင် အဆင်ပြေပါပြီ..👌
12 မှာ Play Store က Error Code ပြပြီး ဝင်မရ ဖြစ်နေတယ်ဆိုရင်တော့...ဒီနည်းလေးအတိုင်း လုပ်လိုက်ပါနော်...👇👇
https://www.facebook.com/173383106170147/posts/1718842921624150/
Play Store ကို ဝင်လိုက်တာနဲ့ ပြန်ထွက်ထွက်သွားတယ် ဆိုရင်တော့...👇👇👇
https://www.facebook.com/173383106170147/posts/1719557451552697/
Play Store ကိုဝင်ပြီး Sign in ကို နှိပ်လိုက်လို့ Couldn't Sign in ပြနေပြီဆိုရင်တော့..👇👇
https://www.facebook.com/173383106170147/posts/1731656433676132/
ဒါတွေက MIUI 12 မှာဖြစ်တက်တဲ့ error တွေနဲ့ MIUI 12 ကို Update မြှင့်တော့မယ်ဆိုရင် သိထားသင့်တာလေးတွေကို စုပြီးတင်ပေးလိုက်တာ ဖြစ်ပါတယ်နော်...👌👌
Crd
12 မှာဖြစ်တဲ့ Play Store Error နဲ့ Wave Pay OTP Code မကျတာတွေကို ဖြေရှင်းမယ်..👌
Xiaomi ရဲ့ အပြောင်းအလဲများစွာပါဝင်တဲ့ MIUI 12 ကို ဖြန့်ချီထားတာဟာ လပိုင်းလောက်ရှိခဲ့ပါပြီ.. MIUI 12 ကိုလည်း အားလုံးအကြိုက်တွေခဲ့လို့ ပြောနေကြစကားလေးတောင်ရှိသေး..(ဘာတဲ့.. iPhone 11 လေးသုံးနေရတဲ့ အတိုင်းပဲ..😁😁 စတာပါနော်..)
MIUI 12 မှာ အပြောင်းအလဲများစွာပါသလို အဆင်မပြေတဲ့ Error လေးတွေလဲရှိနေပါတယ်..။ နောက်ဆုံးထွက်ထားတဲ့ Redmi K30(5G) လို ဖုန်းတွေအပြင် Mi 8se လိုဖုန်းတွေမှာပါ MIUI 12 တင်ပြီးတဲ့အခါ Play Store မရတာနဲ့ Wave Pay OTP Code ပြန်မကျတာတွေ ဖြစ်နေခဲ့ပါ..။
MIUI 12 မှာဖြစ်နေတဲ့ အဲ့လို Error တွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မင်မင်ကပြောပေးချင်ပါတယ်..😁။
အရင်ဆုံး ဖုန်းထဲက Setting >> My device >> All Specs >> MIUI Version ကို (7)ချက် ဆက်တိုက်နှိပ်ပါ..( Developer Option ရှိပြီးသားသူတွေက လုပ်စရာမလိုပါ..)
ပြီးရင် Setting >> Additional Setting >> Developer Option >> Turn On MIUI Optimization ကို ပိတ်ရပါမယ်..(Developer Option ထဲက အောက်ဆုံးရဲ့ အပေါ်တစ်ကြောင်းမှာရှိပါတယ်)
Wave Pay အတွက် နောက်တစ်နည်းရှိပါတယ်..
Wave Pay App လေးကို ၅ စက္ကန့်လောက်ဖိထားလိုက်ရင် App info ဆိုတာလေးကိုမြင်ရပါမယ်.. App info >> Other Permissions ထဲက Get Device info ကိုနှိပ်ပြီး Deny ကို ရွေးပေးပါခင်ဗျာ့.. ဒီနည်းလေးက Wape Pay အတွက်ပိုအဆင်ပြေပါတယ်ခင်ဗျာ... (thank Crd 😍)
ပြီးသွားရင်တော့ Play Store နဲ့ Wave Pay ကို Clear Data လုပ်ပြီး ဖုန်းကို Reboot ချလိုက်ပါ.. ပြန်တက်လာရင် Play Store နဲ့ Wave Pay ကို ပြန်လည်အသုံးပြု့လို့ ရပါပြီနော်..။
*Play Store နဲ့ Wape Pay ပြန်ရပြီဆိုရင် MIUI Optimization ကို ပြန်ဖွင့်ပြီး သုံးကြည့်ပါခင်ဗျာ့။ တစ်ချို့ဖုန်းတွေမှာ ပိတ်ထားတာက အဆင်မပြေလို့ပါခင်ဗျာ့။ (အဆင်မပြေမှ ပြန်ဖွင့်ပါ အဆင်ပြေရင် ပိတ်သာထားလိုက်ပါ..😁😁)
အားလုံး အဆင်ပြေကြပါစေ..🙏🙏