ITCorner Institute

ITCorner Institute Hello World �

Hello Our Page is under Maintenance.We will be back soon.
15/05/2024

Hello Our Page is under Maintenance.
We will be back soon.

တန်ဆောင်မုန်းလပြည့်နေ့    တောင်းဆု တစ်ခုပြည့်‌ ‌စေချင်မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ
18/11/2021

တန်ဆောင်မုန်းလပြည့်နေ့



တောင်းဆု တစ်ခုပြည့်‌ ‌စေချင်
မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ

ဟိုအရင်ချိန်တွေကို တမ်းတမက်မော😊Art - HMABy Phone
27/10/2021

ဟိုအရင်ချိန်တွေကို တမ်းတမက်မော😊

Art - HMA
By Phone

အခုလို သီတင်းကျွတ် အချိန်မှ စ၍အမျိုးမျိုးသော ကပ်ဘေး အန္တရယ်များမှ ကင်းဝေး စေပြီးလိုရာဆန္ဒများပြည့်ဝကြပါစေလို့iT CORNER မ...
20/10/2021

အခုလို သီတင်းကျွတ် အချိန်မှ စ၍
အမျိုးမျိုးသော ကပ်ဘေး အန္တရယ်များမှ ကင်းဝေး စေပြီး
လိုရာဆန္ဒများပြည့်ဝကြပါစေလို့
iT CORNER မိသားစုမှ
ဆုမွန်ကောင်း တောင်းလိုက်ပါ၏🙏
✨✨✨🎆🎇🎆

မြန်မာပြည်ကြီး အမြန် ငြိမ်းချမ်းပါစေသား..။

By Phone
😊

For Android✓✓✓HappyMod Apk Version 2.7.0=========================Google Play Store/ Apk pure လိုမျိုး App Market တစ်ခုပါ...
15/10/2021

For Android✓✓✓
HappyMod Apk Version 2.7.0
=========================
Google Play Store/ Apk pure လိုမျိုး App Market တစ်ခုပါပဲ

Happy Mod app မှာ အားသားချက်များစွာ ပါရှိတယ် ကလိကြည့်နော်
အဲဒီထဲကမှ software တစ်ခုရဲ့ Old Version ကနေ Latest Version ထိ မိမိ အဆင်ပြေတယ့် version ကို
Download လုပ်နိုင်တာရယ်
အသုံးပြုရလည်း ပေါ့ပါးပါတယ်
တခြားအသားချက်တွေလည်း များပါတယ် သုံးကြည့်ရင် ကြိုက်သွားမှာ အသေချာပါပဲ ။

Download link ===||
https://mega.nz/file/pVxy3SqT

For Android✓✓✓FireBase Apk Version 5.1=========================Android app များရေး ရာတွင်Data base တွေ ထဲကမှ အသုံးဝင်ဆုံ...
15/10/2021

For Android✓✓✓
FireBase Apk Version 5.1
=========================
Android app များရေး ရာတွင်
Data base တွေ ထဲကမှ အသုံးဝင်ဆုံးတွေ ထဲက တစ်ခု ဖြစ်တယ့် NoSQL Databse

Firebase apk
(Firebase is a backend platform for building Web, Android and IOS applications. It offers real time database, different APIs, multiple authentication types and hosting platform.)

Application Store တွေမှာ ရှာရခက်ခဲတယ့် app လေး တစ်ခု ဖြစ်ပါတယ်
Download link ===||

https://mega.nz/file/8VR3FKhY

Computer(ကွန်ပျူတာ)၏အစိတ်အပိုင်းများနှင့်အလုပ်လုပ်ပုံများကို ပုံနှင့်တကွ လေ့လာနိုင်ပါတယ်။Crd Internet
15/10/2021

Computer(ကွန်ပျူတာ)၏အစိတ်အပိုင်းများနှင့်
အလုပ်လုပ်ပုံများကို ပုံနှင့်တကွ လေ့လာနိုင်ပါတယ်။

Crd Internet

ကွန်ပျူတာ ၀ယ်ရာတွင် ဂျင်းထည့်မခံရစေရန်ယနေ့​ခေတ်သည် IT (information Technology) ခေတ်ဖြစ်သလို့၊ ထို IT ခေတ်တွင်လည်း နည်းပည...
15/10/2021

ကွန်ပျူတာ ၀ယ်ရာတွင် ဂျင်းထည့်မခံရစေရန်

ယနေ့​ခေတ်သည် IT (information Technology) ခေတ်ဖြစ်သလို့၊ ထို IT ခေတ်တွင်လည်း နည်းပညာနှင့်သတ်ဆိုင်ပြီး လူအသုံးများတဲ့
ပစ္စည်းများ(Device) ကတော့ Computer(ကွန်ပျူတာ)နှင့် Phone(ဖုန်း) ဖြစ်ပါတယ်။
ကျွန်တော် ဒီနေ့ မျှဝေချင်တဲ့ အ​ကြောင်းကတော့ ကွန်ပျူတာ ဝယ်ရာတွင် ဂျင်းထည့်မခံရစေရန် သိထားသင့်သည့် အချက်အလတ်များကို မျှဝေသွားမည်ဖြစ်ပါတယ်။🤝🤝🤝

ယနေ့ခေတ်မှာ ကွန်ပျူတာတွေ့ကို လွယ်လင့်တကူဝယ်ယူလို့ရသလို့ စျေပေါပေါဖြင့်လည်း
ဝယ်ယူသုံးစွဲလို့ရနေပါတယ်။
သောင်းဂဏန်းကနေ သိန်းပေါင်းဆယ်ချီတဲ့အထိ ရှိပေမဲ့
သုံးစွဲသူရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ကြိုက်တဲ့ အမျိုးအစားကို ရွေးချယ်၀ယ်ယူနိုင်ပါတယ်။
ဆိုင်ရောက်တာနဲ့ မိမိကြိုတင်စုံစမ်းထားတဲ့စျေးနှုန်းနှင့် ရောင်းစျေးနှုန်း ဘယ်လောက် ကွာနေသည်ကို ချိန်ဆ ပါ။ အလွန်အမင်း ကွာဟနေလျင် မ၀ယ်ပါနဲ့။
တတ်နိုင်သမျှတော့ ဆိုင်ပေါင်းစုံမှ ကိုယ်လိုချင်သော အမျိုးအစား၏ စျေးနှုန်းများကို အင်တာနက်website စသည်တို့မှ ဖတ်ကာ ပျမ်းမျှ ဘယ်လောက်တန်သည်ကို
သိအောင် လေ့လာသင့်ပါတယ်။
Step 1

စျေးနှုန်း အဆင်ပြေပြီဆိုရင် ကွန်ပျူတာကို
ဘာမှ မကြည့်သေးခင် ဆိုင်၀န်ထမ်းကို
အဓိကအကျဆုံး အချက်ဖြစ်တဲ့
CPU ဘာအမျိုးအစားလဲ။
CPU ဘယ် Generation လဲ။
CPU GigaHartz (GHz) ဘယ်လောက်လဲ။
RAM ဘယ်လောက်ပါသလဲ။
Graphic Card ဘာအမျိုးအစား စိုက်ထားသလဲ။
Graphic Memory ဘယ်လောက်ပါသလဲ။
Hard Disk ဘယ်လောက်ပါသလဲ။
အဲဒီအချက်တွေ အရင်ဆုံးမေးပါ။
သူဖြေနိုင်ရင် ဖြေလိမ့်မယ်။ မဖြေနိုင်ရင် ရှိပြီးသားအချက်အလက်တွေ ပါတဲ့ စာရွက်(သို့မဟုတ်)ကဒ်ပြား ပေးပါလိမ့်မယ်။
သူကတော့ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်သူတွေတောင် ဒီအမျိုးအစားကို သုံးကြောင်း ကရားရေလွှတ် ပြောပါလိမ့်မယ်။
အဲဒါတွေကို စိတ်မ၀င်စားနေပါနဲ့။😁😁
Step 2

အဲဒါတွေ မေးပြီးတာနဲ့ ကွန်ပျူတာကို ဖွင့်ပါ။
ဖွင့်ဖွင့်ချင်း BIOS ထဲကို တန်း၀င်သွားပါ။ အများအားဖြင့် Windows မတက်ခင် အမည်းရောင် Screen (POST) ကြီး တက်နေချိန်မှာ Delete သို့မဟုတ် Enter
သို့မဟုတ် F1 ကို နှိပ်ပြီး ၀င်ရလေ့ရှိပါတယ်။

ကိုယ်မ၀င်တတ်ရင် ဆိုင်ကို လုပ်ခိုင်းပါ။
ဘာမှ အားမနာပါနဲ့။ ပိုက်ဆံပေးပြီး ၀ယ်တာပါ။
BIOS(Basic Input Output System) ထဲ ရောက်သွားတာနဲ့ ကွန်ပျူတာရဲ့ အရေးကြီး အချက်အလက်
အချို့ကိုပြထားပါတယ်။
အဲဒီမှာ သူတို့ပြောတဲ့ CPU အမျိုးအစားနဲ့
GHz မှန် မမှန် တိုက်စစ်ပါ။
CPU နဲ့ RAM ဘာတွေပါတယ်ဆိုတာ ပြထားပါတယ်။
CPU i7 ဆိုရင် အဲဒီမှာ i7 ဆိုတာလေး ပါရပါမယ်။
ဥပမာ Intel Core (TM) i7 940 လို့ပါတယ်ဆိုပါစို့။
အဲဒီ ဂဏန်း သုံးလုံးတွဲ ပါတယ်ဆိုရင်
အဲဒါ ပထမဆုံးထုတ်ထားတဲ့ First Generation ဖြစ်ပါတယ်။
i7 ချင်း တူပေမဲ့ စွမ်းဆောင်ရည်မတူပါဘူး။ တည်ဆောက်ထားပုံတွေလည်း မတူပါဘူး။
အနိမ့်ဆုံး ဖြစ်ပါတယ်။
ဥပမာ Intel Core(TM) i7 5775 လို့ပါတယ်ဆိုပါစို့။ အဲဒါဆိုရင် အဲဒီCpuက 5th Generation ပါ။
အလွယ်မှတ်ထားရမှာက ဂဏန်းတွဲ (၃)လုံးပဲ ပါတယ်ဆိုရင် First Gen ဖြစ်ပြီး လေးလုံး ငါးလုံး ပါလာတယ်ဆိုရင် နောက်က သုံးလုံးတွဲကိုဖယ် ရှေ့က တစ်လုံး၊ နှစ်လုံး
က သူ့ရဲ့ Generation ဖြစ်ပါတယ်။
10 နဲ့ စရင် 10th Generation ပေါ့ဗျာ။
10th ကစပြီး ဂဏန်း ၅ လုံးတွဲတွေ ဖြစ်ပါတယ်။
သူ့ရဲ့အောက်ကတော့ 2 ကနေ 9 အထိ လေးလုံးတွဲပါပဲ။
ဘယ်နှလုံးတွဲဆိုတာရယ်၊ ရှေ့ဆုံးဂဏန်း ဘယ်လောက်ဆိုတာရယ် ကြည့်လိုက်ရင် ဒီ CPU ဘယ်လောက် Generation လဲဆိုတာ သိပါတယ်။
မမှန်ရင် ဆက်မကြည့်နေပါနဲ့တော့။
သင့်ကို ရောင်းနေတာ သူတို့ပြောတဲ့ အစိတ်အပိုင်းတွေပါတဲ့ စျေးနှုန်းနဲ့ ရောင်းနေတာပါ။
အဲဒါထက် နိမ့်နေတယ် ဆိုရင် မ၀ယ်ဘဲ လှည့်ပြန်သွားပါ။ ဒါ့ကြောင့်မ၀ယ်ဘူးဆိုတာလည်း ပြောခဲ့လိုက်ပါ။
ပုံတွေထဲမှာ နမူနာပြထားပါတယ်။ အဲဒါမျိုး တက်မှာပါ။
အဲဒီမှာ မှန်သွားပြီဆိုတာနဲ့ Esc ကို နှိပ်ပြီး ပြန်ထွက်လိုက်ပါ။

Next Step 3

ပုံမှန်အတိုင်း Windows တက်လာပါလိမ့်မယ်။
တက်လာပြီဆိုတာနဲ့ ကြည့်ရအလွယ်ဆုံး
My Computer ထဲကို ၀င်လိုက်ပါ။
Windows 10 တင်ထားတာဆိုရင်တော့
This Computer ထဲပေါ့။
အဲဒီထဲမှာ Right Click ထောက်လိုက်ပြီး
System Properties ထဲ ၀င်လိုက်ပါ။
ခုန အချက်အလက်တွေ ပြန်စစ်ပါ။
BIOS မှာ ပြထားတာနဲ့ ဒီမှာ ပြထားတာနဲ့
ကွဲလွဲနေပြီဆိုရင် သေချာတယ်။
ဆိုင်က ဂျင်းထည့်ထားပါပြီ။

ဘာ့ကြောင့်လဲဆိုတော့ BIOS သာ အမှန်ဆုံးဖြစ်ပြီး Windows ရဲ့ System Properties
ကတော့ Registry ထဲကနေ i7 မက လို့ i9 တို့ i199 တို့ ကြိုက်တာလုပ်လို့ရတဲ့အပြင် CPU အချက်အလက်တွေကိုလည်း သွားပြောင်းထားလို့ ရနေလို့ပါပဲ။
နောက်တော့ ဘယ်လိုဂျင်းထည့်ရတယ်ဆိုတဲ့ ဟာလေးတွေ ပြောပြပါ့မယ်။
အခုတော့ထားလိုက်ပါဦး။
အပြင် အတွင်း ကိုက်ညီသွားပြီဆိုရင် Win Key နဲ့ R ကို တွဲနှိပ်ပြီးRun Box ကို ခေါ်လိုက်ပါ။
Run Box ထဲမှာ dxdiag လို့ ရိုက်ပြီး
Enter ခေါက်ချလိုက်ပါ။
တက်လာပါပြီ။
Dialog Box ကြီး။ အဲဒီထဲမှာ CPU ၊ Graphic၊
RAM Card
ရဲ့ အချက်အလက်တွေ ပြထားပါလိမ့်မယ်။ အဲဒီမှာ Intel လား AMD လား စသည်ဖြင့်
Graphic Card ရဲ့ အမျိုးအစားနဲ့အတူ Approximate.Memory ဆိုတာမှာ ဘယ်လောက်
ပါသလဲဆိုတာ တွေ့ရပါလိမ့်မယ်။
RAM မှာလည်း ဘယ်လောက် Storage Amount ပါသလဲ၊ ဘယ်လို့အမျိုးစားလဲ
ဆိုတာ ဖော်ပြတာတွေ့ရပါလိမ့်မယ်။
ကိုင်း... ဟုတ်ပြီဗျာ..
အားလုံးလည်း ကိုက်သွားပြီ။
အတွင်းပိုင်းကို ကျွန်တော်တို့ စစ်ဆေးပြီးပြီ။
Step 4

အပြင်ကို ပြန်စစ်ပါ။
ကွဲနေလား၊ အက်နေလား၊ မှန်အစင်းထင်နေလား စသည်ဖြင့်။
ကီးတွေကို တစ်လုံးချင်း လိုက်ရိုက်ကြည့်ပါ။
ကီးတွေ အားလုံး အလုပ်လုပ်ရဲ့လား။
Touch-Pad ကို ပွတ်ကြည့်ပါ။ Mouse Pointer ရွေ့ရဲ့လား။ Right Click,Left Click
ခေါက်လို့ ရရဲ့လား။ Web-Cam ကောင်းရဲ့လား။
စပီကာ အသံထွက်ရဲ့လား။
စပီကာပေါက်တွေရော ကောင်းရဲ့လား။
USB အပေါက်အားလုံး အလုပ်လုပ်ရဲ့လား။
အားလုံး စစ်ဆေးပါ။
Wifi စမ်းချိတ်ခိုင်းကြည့်ပါ။
Network Card အလုပ် လုပ်မလုပ် သိရပါလိမ့်မယ်။
အချို့တွေ ဝိုင်ဖိုင် မပါဘဲ ပါတယ်ဆိုပြီး လိမ်ရောင်းတာတွေ ရှိတယ်။

Step 5

ပြီး ရင် CD, DVD Drive ကောင်းရဲ့လား စစ်ပါ။
Drive ရဲ့ ဘေးမှာ ရေးထားပါတယ်။
CD ROM ဆိုရင် CD ဖတ်ရုံပဲ ရမယ်။
အခွေဘန်းလို့ မရပါ။ DVD လည်း မဖတ်နိုင်ပါ။
DVD ROM ဆိုရင်တော့ CD, DVD နှစ်မျိုးလုံး ဖတ်နိုင်ပါတယ်။ ဘန်းလို့မရပါ။
DVD COMBO ဆိုရင် DVD ကို ဖတ်ရုံပဲ ရပြီး CD ကိုတော့ ရေး/ဖတ် လုပ်လို့ရပါတယ်။
CD RW ဆိုရင် CD ရေးနိုင်ဖတ်နိုင်ပြီး DVD အရေးအဖတ် လုပ်လို့မရပါ။
DVD RW ဆိုရင်တော့ အားလုံးကို ရေးနိုင် ဖတ်နိုင်ပါလိမ့်မယ်။
Step 6

Bluetooth ချိတ်ကြည့်ပါ။ မပါပဲ ပါတယ် လိမ်လို့မရအောင်ပါ။
အဲဒါတွေကို စမ်းလို့ မရတဲ့ အခါကျရင် ဆိုင်က အဲဒါ ဒရိုက်ဘာ မတင်ထားရသေးလို့ ဘာညာ ပြောပါလိမ့်မယ်။ သူတို့ကို တင်ခိုင်းပါ။ ပြီးရင် ပြန်စမ်းပါ။
Warrenty Card ပေးတဲ့ ဆိုင်တွေမှာ၀ယ်ရင်တော့ အခြေခံလောက်ကို စစ်ဆေးကြည့်ပြီးရင် အဆင်ပြေပါတယ်။ အရေးကြီးတဲ့ အချက်လောက်ပဲပေါ့။
Warrenty Card အကြောင်းကိုလည်း သေချာလေးမေးပါ။ Hardware လား။ Software လား။
ဘယ်နှလ ပေးသလဲ။ ပျက်စီးရင် ပစ္စည်းဖိုး လက်ခ အခမဲ့လား။ လက်ခအခမဲ့လား စစ်စစ်ပေါက်ပေါက်
မေးပါ။
ကိုယ်တိုင်လည်း Warrenty Card ရဲ့ စည်းမျဉ်းတွေကို ဖတ်ကြည့်ပါ။
အချို့မှာ Screen မှာ အစက်အပြောက် ဘယ်နှခု ပေါ်လာမှ လဲပေးမယ် ဆိုတာမျိုး
ရှိတတ်တယ်။
အဲဒါတွေ အကုန် စစ်ဆေးပြီးတာနဲ့ ဖင်လှန်လိုက်ပါ။ (ကွန်ပျူတာကို ပြောင်းပြန်
လှန်ခိုင်းတာနော်)😛😛

၀က်အူစုပ်တဲ့ အပေါက်တွေမှာ Warrenty Seal လို့ ခေါ်တဲ့ စက္ကူလေးတွေ ကပ်ထား ပါလိမ့်မယ်။
အဲဒါတွေ ပေါက်ပြဲနေ မနေ စစ်ပါ။ အဲဒါပေါက်ရင် အထဲက ၀က်အူမှာ ပွန်းရာခြစ်ရာရှိမရှိ စစ်ဆေးပြီး အသစ်ပြန်ကပ်ခိုင်းပါ။ ပြီးရင် အဲဒီမှာ ခုနှစ်၊ လ၊ ရက် တွေကို
မင်နဲ့ ခြစ်ရတဲ့နေရာမှာ ကိုယ်၀ယ်တဲ့လ ဟုတ်မဟုတ် သေချာ ခြစ်ပါ။ တစ်ခါတလေမှာ
အဲဒါကို စောပြီး ခြစ်ထားတာ ရှိတယ်။
သက်တမ်းမစေ့ခင် သက်တမ်းကုန်သွားပါလိမ့်မယ်။

အကုန်လုံး စစ်ပြီးလို့ စိတ်ကျေနပ်ပြီဆိုရင် ကွန်ပျူတာပက်ကင်ပုံးထဲက Manual Book
ကို ထုတ်ကြည့်ပြီး နောက်မှာ ပါတဲ့ ပါ၀င်တဲ့အစိတ်အပိုင်းတွေ စုံမစုံ တိုက်စစ်ပါ။
အဓိကကျတဲ့ဟာတွေက အားသွင်းကြိုး၊ ဒရိုက်ဘာခွေ၊ ကဒ်ပေါက်အဖုံး၊ PCMCIA ကဒ်အဖုံး စတဲ့ဟာတွေ ဖြစ်ပါတယ်။ အဲဒါတွေ မဖြစ်မနေ စုံလင်စွာ ရှိမရှိ စစ်ပါ။
သူတို့ဆီက လက်ဆောင်ပေးမဲ့ နားကြပ်တို့၊ မောက်စ်တို့၊ အိတ်တို့ ထီးတို့ကို မက်မော
မနေပါနဲ့။ အကုန်လုံးပေါင်းမှ တစ်သောင်းလောက်ပဲ တန်တာပါ။
အချို့ Used Computer တွေ ၀ယ်သုံးတာဆိုရင်တော့ Driver ခွေ မပါတာတော့ ရှိတယ်။
အဲဒါဆိုရင်တော့ တောင်းမနေပါနဲ့။ အနည်းဆုံး အော်ရီဂျင်နယ် အားသွင်းကြိုးတော့
ရှိရမယ်။
အကုန်စုံလင်စွာ စစ်ဆေးပြီးပြီ ဆိုမှ ငွေရှင်းပြီး ဆိုင်ကနေ ထွက်ခွာပါ။

ဒါကတော့ ကွန်ပျူတာတစ်လုံး ၀ယ်တဲ့နေရာမှာ Professional ကျကျ စစ်ဆေးနည်း ဖြစ်ပါတယ်။
ဆိုင်ထဲကို တောဂိုက်ဖမ်းပြီး သွား၀ယ်ချင်၀ယ်ကြည့်ပါ။(မလုပ်တာအကောင်းဆုံးပဲ)
အချို့ဆိုင်တွေ ဂျင်းထည့်ဖို့ ကျိန်းသေပေါက် ကြံစည်ပါလိမ့်မယ်။
အဲ... BIOS ထဲကို တစ်ချက်၀င်ကြည့်၊ Run Box ထဲကနေ dxdiag နဲ့ တစ်ချက် ၀င်ကြည့်။
အဲဒီဆိုင်က အလိုလို ရှိန်သွားလိမ့်မယ်။(🤗🤗)
လိမ်ဖို မဝံ့မရဲ ဖြစ်သွားပါလိမ့်မယ်။
ကွန်ပျူတာဆိုင်တွေကို အထင်သေးလို့ ဒီပို့စ်ကို တင်တာမဟုတ်ဘဲ.. အချို့ မသမာတဲ့ ဝိသမလောဘသားဆိုင်တွေနဲ့ တိုးမှာစိုးလို့ တင်ပေးတာ ဖြစ်ပါတယ်။(စေတနာအပြည်နဲ့ပါ)

အချင်းချင်း အဟောင်း အရောင်းအ၀ယ် လုပ်ရင်လည်း ဒီနည်းနဲ့ပဲ စစ်ပါ။
မှားနေတာလေးတွေ ရှိရင်လည်း ဝေဖန်နိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

Corner Team

Address

Natogyi
Natogyi

Website

Alerts

Be the first to know and let us send you an email when ITCorner Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ITCorner Institute:

Share