T-Link FTTH-Natogyi

T-Link FTTH-Natogyi အကောင်းဆုံးဝန်ဆောင်မှု အမြန်ဆုံးအင်တာနက် T-Link FTTH
Our motto is that customer satisfaction is the first priority of our service.

Customer is the first priority of our.

မြန်မာ့နှစ်ကူးအခါသမယတွင် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေလို့ T-Link Group မိသားစုမှ ဆုမွန်ကောင်...
14/04/2024

မြန်မာ့နှစ်ကူးအခါသမယတွင် စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေလို့ T-Link Group မိသားစုမှ ဆုမွန်ကောင်းမေတ္တာပို့သပါသည်။

Happy New Year 2024. 🎉 ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ၊ အမှတ်တရ အခိုက်အတန့်တွေနဲ့ ပြည့်စုံပါစေလို့  T-Link Group မှ ဆု...
31/12/2023

Happy New Year 2024. 🎉 ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေ၊ အမှတ်တရ အခိုက်အတန့်တွေနဲ့ ပြည့်စုံပါစေလို့ T-Link Group မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ T-Link Group ရဲ့ စည်းလုံးမှု ၊ ကြိုးစားအားထုတ်မှုတွေနဲ့ အတူနှစ်သစ်ကိုကြိုဆိုကြရင်း ပိုမွန်ကေင်းမွန်တဲ့ နှစ်သစ်ဖြစ်ပါစေ.......... Together with T-Link Group 🥂🌟

🎅 Merry Christmas 🎄နှစ်တစ်နှစ်ရဲ့ ပျော်ရွှင်စရာအကောင်းဆုံး ခရစ္စမတ်ရက်မြတ်လေးမှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ချ...
25/12/2023

🎅 Merry Christmas 🎄

နှစ်တစ်နှစ်ရဲ့ ပျော်ရွှင်စရာအကောင်းဆုံး ခရစ္စမတ်ရက်မြတ်လေးမှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ချစ်ရသူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ T-Linkမိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်..🥰

" အာဇာနည်နေ့" တို့မမေ့ "🙏🙏🙏♦️♦️♦️♦️♦️♦️♦️♦️♦️၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ (၇၆) ကြိမ်မြောက် "အာဇာနည်နေ့"၁၉၄၇ ခုနှစ်၊...
19/07/2023

" အာဇာနည်နေ့" တို့မမေ့ "🙏🙏🙏
♦️♦️♦️♦️♦️♦️♦️♦️♦️
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့
(၇၆) ကြိမ်မြောက် "အာဇာနည်နေ့"
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊
နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင်
ကျဆုံးသွားသော
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
နှင့်တကွ
အာဇာနည် ခေါင်းဆောင်ကြီးများအား
ရိုသေလေးစားစွာ
ဦးညွှတ် ဂါရဝ ပြုအပ်ပါသည်🙏🙏🙏
#အာဇာနည်နေ့

🌷ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ 🌷၀၁။ဗျာဒိတ်ခံယူသည့်နေ့  လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။🌷၀၂။ဘုရားမွေးသည့်နေ့ မဟာသက္...
03/05/2023

🌷ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့

🌷၀၁။ဗျာဒိတ်ခံယူသည့်နေ့
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

🌷၀၂။ဘုရားမွေးသည့်နေ့
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

🌷၀၃။ဘုရားဖြစ်သည့်နေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

🌷၀၄။ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

🌷၀၅။ပရိနိဗ္ဗာန်စံသည့်နေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

🌷ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ဤရက်ကို `ကဆုန်လပြည့်
မာရ်အောင်နေ့´အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

🌷ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်
စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

🌷ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

❝ ကဆုန်လပြည့်နေ့ ဆိုသည်မှာ…❞
**********************************
ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကဆုန်လပြည့်နေ့ကို

•ကုဆုန်လပြည့် - ဗုဒ္ဓနေ့
•ကဆုန်လပြည့် - မာန်အောင်နေ့
•ကဆုန်လပြည့် - ဝိသာခါနေ့

ဟူ၍အမွှန်တင် ခေါ်ဝေါ် သတ်မှတ်ကာ ရိုးရာအစဉ် အလာများနှင့်အညီ ကျင်းပလေ့ရှိကြပါတယ်။

၁။ ကဆုန်လပြည့်နေ့၏ ထူခြားချက်များ
**************************************
❝ ဗျာဒိတ်၊ ဖွားမြင် ၊ ဗုဒ္ဓဝင် ၊ စံဝင် နိဗ္ဗာန်နန်း ❞

ဆိုတဲ့ ဆိုရိုးစကားနှင့်အညီ…
ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်၊ ဆည်းကပ်ရာ…
သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် ဆက်စပ်၍ ထူးခြားသည့် နေ့ထူးနေ့မြတ် အဖြစ်
ဘုရားရှင်ကို ရည်မှန်း၍ ကောင်းမှုကုသိုလ်များ
ပြုလုပ်ကြတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

ဆိုရိုးစကားအရ ဘုရားရှင်နှင့် ဆက်စပ်သော
ထူခြားသည်များမှာ နှစ်ကာလ အပိုင်းခြားမတူဘဲ ကဆုန်လပြည့်နေ့များတွင်သာ (၅)နေ့ တိုင်တိုင် ထူးခြားတိုက်ဆိုင်စွာ ဆက်စပ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့္ ဖြစ်ပါတယ်။

အဆိုပါ…
ကဆုန်လပြည့်နေ့ (၅)နေ့မှာ-

၁။ ဗျာဒိတ်ခံယူသည့်နေ့
လေးအသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်
ခြင်းအစ ကဆုန်လပြည့်နေ့

၂။ ဖွားမြင်တော်မူသောနေ့
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်နေ့
(သောကြာနေ့) ၊ ဘီစီ - (၆၂၃)ခု

၃။ ဘုရားဖြစ်တော်မူသောနေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်နေ့
(ဗုဒ္ဓဟူးနေ့) ၊ ဘီစီ - (၅၈၈)ခု

၄။ ဗုဒ္ဓ၀င် အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့
ဘီစီ - ( ၅၈၇)

၅။ ပရိနိဗ္ဗာန်စံတော်မူသောနေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်နေ့
(အင်္ဂါနေ့) ၊ ဘီစီ - ( ၅၄၃)

~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~

၂။ ကဆုန်လပြည့်နေ့နှင့် အမည်နာမ (၃)မျိုး
*****************************************
ဤကဲ့သို့…
ကဆုန်လပြည့်နေ့များတွင် ၌သာ
ဗုဒ္ဓဘုရားရှင်နှင့် ဆက်စပ်၍ ထူးခြားချက်(၅)မျိုး
နှင့် ဆက်စပ်တိုက်ဆိုင်မှု ရှိနေခြင်းကြောင့် ဤနေ့ကို
❝ ကဆုန်လပြည့် - ဗုဒ္ဓနေ့ ❞ အဖြစ်လည်းကောင်း

ဤကဲ့သို့…ကဆုန်လပြည့်နေ့တွင်ပဲ မာရ်နတ်ရန်ကို အောင်မြင်တော်မူခဲ့သောကြောင့် ဤနေ့ဤရက်ကို ❝ ကဆုန်လပြည့် - မာရ်အောင်နေ့ ❞ အဖြစ်လည်း ကောင်း

ဤကဲ့သို့…ကဆုန်လပြည့်နေ့တွင်ပဲ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
❝ ကဆုန်လပြည့်နေ့ - ဝိဆခ်ဒေး(ဝိသာခါနေ့) ❞ ဟူ၍ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍ မှတ်သားထားကြပြီ အမွှန်းတင် ခေါ်ဝေါ်ခဲ့ကြခြင်း
ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~

၃။ ကဆုန်ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာပုံ
*******************************************
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူး၊
နေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့ တွင် ပရိဘောဂစေတီ ထိုက်သော ဗောဓိပင်ကိုရေသွန်းလောင်း ပူဇော်ကာ ညောင်ရေသွန်းပွဲတော်ကို ရိုးရာ မပျက် ဆင်နွဲလေ့ ရှိကြပါတယ်။

အဘယ်ကြောင့်ဆိုသော် …
ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကို ရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် (၇)ပါးတွင် စာရင်းဝင် ဖြစ်ခြင်း တို့ကြောင့် ထူးခြား သော သစ်ပင်တစ်မျိုးအဖြစ် ယုံကြည်ကြခြင်း
ဖြစ်ပါတယ်။

ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက် ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ကပင် ပြုလုပ်လာခဲ့ကြခြင်း
ဖြစ်ပြီး မြန်မာ့ရိုးရာ (၁၂) ရာသီပွဲတော်များအနက် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲ တော်အဖြစ် အစဉ်အလာအတိုင်း သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါသည်။

~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~

၄။ ကုသိုလ်တရားနှင့် အကျိုးကျေးဇူး
***********************************
အသနဗောဓိယမထေရ်၏ အလောင်းတော်သည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ သော ကုသိုလ်ကြောင့် -
•နတ်ပြည်၌ နတ်ဖြစ်ရခြင်း
•လူပြည်၌ စကြာမင်း ဖြစ်ရခြင်း
•အပါယ်ဘေးမှ လွတ်ကင်းရခြင်း
စသည့် အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

ဂန္ဓောဒကတိဿမထေရ်၏ အလောင်းတော်သည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေ ဖြင့် သွန်းလောင်းရသော ကုသိုလ်ကြောင့်
•နတ်ပြည်၌ နတ်ဖြစ်ရခြင်း
•အနာရောဂါ မရှိခြင်း
•သောကကင်းဝေးခြင်း စသောအကျိုးများကို
ခံစားရပါသည်။

အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်၊နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင်ခြင်း၊ ဗုဒ္ဓအဘိသေကမင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း
ဖြင့် ကုသိုလ်အထူးကို ဆည်းပူးလေ့ ရှိကြပါတယ်။

~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~

၅။ လှူဒါန်းကုသိုလ် တိုက်တွန်းနှိုးဆော်ချက်
*****************************************
ကုသိုလ်ရှင်များအနေဖြင့် …
ကဆုန်လပြည့်နေ့မှာ
ဘုရား၊ကျောင်းကန်များသို့သွား၍ ဒါန၊ သီလ၊ ဘာဝနာပွားများပြီး အလှူအတန်း ပြုလုပ်ခြင်း
❝ကဆုန်လပြည့် - ဗုဒ္ဓနေ့❞ တွင် ညောင်ရေသွန်းပွဲ ဆင်နွှဲရင်း ကုသိုလ်ပြုနိုင်ကြစေရန် တိုက်တွန်း
နှိုးဆော်အပ်ပါတယ်။

🙏 🙏 🙏 🙏 🙏


FullmonDay2023

#ကဆုန်လပြည့်နေ့
----------------------------

အတာကူးတဲ့ နှစ်ကူးသင်္ကြန်မှာအေးချမ်းပျော်ရွှင်ကြပါစေ........T-Link မိသားစု မှ ဆုတောင်းမေတ္တာပို့သပါသည်။
12/04/2023

အတာကူးတဲ့ နှစ်ကူးသင်္ကြန်မှာ

အေးချမ်းပျော်ရွှင်ကြပါစေ........

T-Link မိသားစု မှ ဆုတောင်းမေတ္တာပို့သပါသည်။

တောင်သူလယ်သမားနေ့ 🌾၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား T-Link FTTH-Natogyi မိသားစုမှ ကြိုဆိုဂု...
02/03/2023

တောင်သူလယ်သမားနေ့ 🌾
၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား T-Link FTTH-Natogyi မိသားစုမှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်ရှင့်

#တောင်သူလယ်သမားနေ့
-Link FTTH-Natogyi

04/01/2023

မြန်မာ့လွတ်လပ်ရေး

မြန်မာနိုင်ငံ နယ်ချဲ့ဗြိတိသျှလက်အောက်သို့ ကျရောက်သည်နှင့် တိုင်းတစ်ပါးလက်အောက်ခံအဖြစ် မနေလိုကြ သည့် မြန်မာမျိုးချစ်သူရဲကောင်းများက ရရာလက်နက်စွဲကိုင်၍ အချိန်ကာလအတိုင်းအတာတစ်ခုအထိ တွန်းလှန်ခဲ့ကြပြီး အားမတန်သည့်အခါမှ တွန်းလှန်မှုကို တစ်ခန်းရပ်ခဲ့သည်။ ထို့နောက် အမျိုး၊ ဘာသာ၊ ပညာဘက်မှ အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ် ထက်သန်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ကမ္ဘာတွင် ဒုတိယကမ္ဘာစစ် ကြီးဖြစ်လာသောအခါ အင်္ဂလိပ်အက် - ဗမာ့အချက်ဟု ကြွေးကြော်ပြီး ဖက်ဆစ်တို့၏အကူအညီဖြင့် နယ်ချဲ့ဗြိတိသျှတို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ တစ်ဖန် ဖက်ဆစ်တို့ကို ပြန်လည်တွန်းလှန်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ကာ မြန်မာ့ လွတ်လပ်ရေးကို ပြန်လည်ရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကြိုးပမ်းခဲ့ရာ နယ်ချဲ့ ဗြိတိသျှတို့ လွတ်လပ်ရေးပေရတော့မည့်နေ့သို့ ရောက်လာခဲ့သည်။
ထိုနေ့သည်ကား မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသို လဆုတ် ၉ ရက်။ ခရစ်နှစ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက် (တနင်္ဂနွေနေ့) ။ မြန်မာနိုင်ငံအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကောင်းမြတ်သန့်စင်သည့် နံနက်အရုဏ်တက်ချိန်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ညက ရန်ကုန်မြို့တစ်ခွင်၌ အအေးဓာတ်များ လွှမ်းခြုံနေသည်။ရန်ကုန်မြို့သူ၊ မြို့သားများသည် မနက်ဖြန်နံနက်တွင် လုံးဝလွတ်လပ်သည့် နိုင်ငံတော်အဖြစ်သို့ ရောက်ရှိတော့မည့် မင်္ဂလာရှိသည့် သတင်းကို ကြိုတင်ကြားသိကြပြီးဖြစ်သည်။ နှစ်ပေါင်း တစ်ရာကျော် ပျောက်ဆုံးခဲ့ရသော မြန်မာ့လွတ်လပ်ရေး ပြန်လည်ရရှိတော့မည့်အတွေးသည်ညဉ့်နက်ချိန် ချမ်းချမ်းစီးစီးမှနံနက်စောစော မြူနှင်းများတပြိုက်ပြိုက်ကျသည့် အချိန်အထိ မြို့သူ၊ မြို့သားများမှာ အိပ်မပျော်နိုင်တော့ဘဲ အတွေးနယ် အမျိုးမျိုး ချဲ့နေကြသည်။ ပြည်သူတို့၏ အမျှော်လင့်ဆုံး၊ အလိုလားဆုံး လွတ်လပ်ရေးအောင်ပန်း ကြီးကို လက်ဝယ်ပိုင်ပိုင်ရရှိပုံမှာ မည်သို့ပါနည်းဟု စိတ်ကူးနေသည်။ ထိုသို့ စိတ်အားထက်သန်မှုများကြောင့် ရန်ကုန်မြို့နေပြည်သူများမှာ မည်သူမျှ အိပ်စက်နိုင်ခြင်း မရှိပေ။ အိမ်တိုင်းအိမ်တိုင်း ညလုံးပေါက် မိုးအလင်း မီးထွန်း ထားကြပြီး ညဉ့်သန်းခေါင်ကျော်၍ နံနက်စောစော ချမ်းချမ်းစီအီးတွင် နှစ်ပေါင်တစ်ရာကျော် ပျောက်ဆုံးခဲ့ သည့် လွတ်လပ်ရေးအောင်လံတော် လွှင့်ထူမည့်နေရာ အသီးသီးသို့ စုဝေးရောက်ရှိလာကြသည်။
ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ တိတိ အချိန်တွင် ရန်ကုန်မြစ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော မြန်မာ့ရေတပ်မတော် မေယုသင်္ဘောနှင့် ဗြိတိသျှ ရေတပ်မတော် အိပ်ခ်ျ-အမ်-အက်စ်ဘာမင်ဂန် သင်္ဘောဆီမှ အမြောက်ပစ်ဖောက်သံများကို ရန်ကုန်တစ်မြို့လုံး ကြားလိုက်ရသည်။ အမြောက်ပစ်ဖောက်သံသည် မိုးလုံးလျှံမက တစ်မြို့လုံး မြည်ဟိန်းသွားသည်။ တဒိန်းဒိန်း အမြောက်ပစ်ဖောက်သံများသည် မြို့သူမြို့သားများ၏နှလုံးသားများကိုတဒုံးဒုံဆုကာ တဖြန်းဖြန်းထစေခဲ့သည်။ “ဪ- ဒီအချိန်ဟာ ငါတို့ဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးကြီး အမှန်တကယ် ပြန်ရပါပြီကော" ဟု ကြည်နူးလှိုက်လှဲ အူထဲအသည်းထဲမှဝမ်းပန်ဘာသာဖြင့် ပျော်မဆုံးမော်မဆုံး ဖြစ်ခဲ့ကြသည်။

၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုအပ်ပါသည်
T-Link Group

2023  နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ......
01/01/2023

2023 နှစ်သစ်မှာ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ......


12/04/2022

"အဟောင်းတွေခြွေတဲ့နွေ......
အသစ်တွေဝေတဲ့နွေ......."

"နှစ်ဟောင်းကို ထားခဲ့မယ်လေ....
နှစ်သစ်ကိုကြိုရအောင်လေ....."

"အတာကူးတဲ့ နှစ်ဦးတဲ့အတူ.....
မိတ်ဟောင်းမိတ်သစ်အပေါင်း
မင်္ဂလာအပေါင်း ခညောင်းကြပါစေ...."

🌐 T-Link FTTH မိသားစုမှ
နှစ်ကူးဆုမွန်ကောင်း တောင်းဆုပြုလိုက်ပါရစေ...

T-link Ftth အသုံးပြုသူ customer များခင်ဗျာ ယခုကာလအချိန်တွင် လျှပ်စစ်မီးပျက်တောက်မှု့များ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်သည့်အ...
11/03/2022

T-link Ftth အသုံးပြုသူ customer များခင်ဗျာ ယခုကာလအချိန်တွင် လျှပ်စစ်မီးပျက်တောက်မှု့များ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်သည့်အပြင် မီးပြန်လည်လာရောက်ချိန်တွင်လဲ မီးအား အလွန်များသဖြင့် လျှပ်စစ်ပစ္စည်းများသည် ချို့ယွင်းမှုများဖြစ်ပေါ်နိုင်ပါသည်။
T-Link Ftth မှအိမ်တွင်တပ်ဆင်ပေးထားသော Wifi Router (ONU) သည် လည်းလျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု့များဖြစ်ပေါ်နိုင်ပါသဖြင့် ချို့ယွင်းမှုမဖြစ်ပေါ်စေရန် နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် volt အားမှန်သော Safe guarde များ၊ အမျိုးအစားကောင်းမွန်းသော Mini Ups များ၊ Power Bank များဖြင့် စနစ်တကျသုံးဆွဲရန်လိုအပ်ပါသည်။ ထိုသို့ ပါဝါပိုင်းဆိုင်ရာ ချို့ယွင်းမှုများ မဖြစ်ပွါးစေရန်အတွက် သုံးစွဲသူများအနေဖြင့် စနစ်တကျ သုံးစွဲပေးနိုင်ပါရန်မေတ္တာရပ်ခံအပ်ပါတယ်...

မီးပျက်ချိန် မသုံးဖြစ်ရင်
Wifi Router (ONU) အား Power off ထားပေးစေချင်ပါသည်။ အကယ်၍ မီးပြန်လာလျှင် မီးအား စောင့်တတ်ခြင်းများ ကြုံရနိုင်ပြီး ပျက်စီးနိုင်ပါသဖြင့် ဂရုပြုနိုင်ပါရန် သတိပေး အကြောင်းကြားအပ်ပါသည်။

Address

Natogyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959787950247

Alerts

Be the first to know and let us send you an email when T-Link FTTH-Natogyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T-Link FTTH-Natogyi:

Share