31/03/2026
🚨အားလုံးနီးပါးသိပြီးကျပြီးဖြစ်သော C.E.I.R Free Registration ရဲ့ ဒီနေ့ (March 31) သည် နောက်ဆုံးရက်ဖြစ်ပါသည်
နောက်ဆုံးအကြိမ်အဖြစ် ....
✔️မိမိဖုန်းက Sim Card ၂ကဒ်ထည့်လို့ရတဲ့ဖုန်းဆိုရင် Sim Card ၂ကဒ်လုံးထည့်ထားလိုက်ပါ
(Sim Card ၂ကဒ်ထည့်လို့ရတယ်ဖုန်းတွေ E-Sim Support လုပ်နေရင်လည်း E-Sim ထပ်ထည့်စရာမလိုပါဘူး)
✔️မိမိဖုန်းက Sim Card ၁ကဒ် နဲ့ E-Sim ရတဲ့ဖုန်းဖြစ်နေရင် Sim Card ၁ကဒ် နဲ့ E-Sim ၁ကဒ် ထည့်ပြီး Registerလုပ်ရန်လိုပါမယ်
[ Register လုပ်ရန် Esim လိုအပ်ပါက ကျွန်တော်တို့ ဆိုင်မှ QR များ ရောင်းချပေးပါမယ်ခင်ဗျာ ... ဝယ်ယူနိုင်ပါတယ် ]
✔️Sim Card ထည့်လို့ရသော Tablet/iPad တွေအတွက်လည်းအလားတူလုပ်ပေးရပါမယ်
‼️မိမိပိုင်ဆိုင်သော ဖုန်းအဟောင်းများ လက်ရှိ အသုံးမပြုနေသော်လည်း နောင်တွင် ပြန်လည် အသုံးပြုလိုပါက sim ကဒ် ထည့်သွင်းအသုံးပြုရန် မဖြစ်မနေလိုအပ်ကြောင်း တပါးတည်း အသိပေးအကြံပြုလိုပါတယ် ...
✔️C.E.I.R Register ဖြစ်မဖြစ်စစ်ဆေးလိုပါက -
* #06 # နှိပ်ပြီး ဖုန်းရဲ့ imei 1 အရင်ကူးယူပြီးစစ်ပါ ပြီးရင် imei2 ကို ထက်မံကူးယူပြီးစစ်လိုက်ပါ
စစ်ရန် website >> https://ceir.gov.mm/check-status
Registration အောင်မြင်ပါက အစိမ်းရောင်အမှန်ခြစ် ✅️ ၃ လိုင်းပေါ်ပါမယ်
‼️အထူးသတိပေးချက် - ကျွန်တော်တို့စီက ဝယ်ထားသည်ဖုန်းဖြစ်စေ၊ အခြားကနေဝယ်ထားသည်ဖုန်းဖြစ်စေ Register မလုပ်ထားပါက April ၁ ရက်နေ့ကစ၍ အရောင်း/အလဲထပ် လက်ခံပေးမှာ မဟုတ်ပါခင်ဗျာ
⭕ ၃၁ ရက်နေ့ည သန်းခေါင်ယံ မှစတင်ပြီး ခွင့်ပြုစာရင်းတွင်မရှိပဲ Sim Block ဖြစ်သွားပါက ကျွန်တော်တို့ ဘက်မှ
မည်သည့် တာဝန်ယူမှု /ဝန်ဆောင်မှု / အာမခံ ကိုမှ ပေးအပ်မည် မဟုတ်ပါကြောင်း တပါးတည်း အသိပေးလိုပါတယ်ခင်ဗျာ ...
✅အခက်ခဲ တစုံတရာ ရှိပါက Page Messenger တွင် အကူညီရယူနိုင်ပါတယ်
အားလုံးအဆင်ပြေကြပါစေ၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏🙏🙏