Ñwãý. Êł. Pĥÿø

Ñwãý. Êł. Pĥÿø မဂ်လာပါ ရှင့်

28/11/2024
07/05/2024

အမှားနည်းချင်ရင်
စကားနည်းနည်းပဲပြော...

လူ့ပတ်ဝန်းကျင်မှာ လူတိုင်းရှောင်လွှဲလို့မရတဲ့အရာတစ်ခုကတော့ ပြောဆိုဆက်ဆံခြင်းပါပဲ။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်နှုတ်ကထွက်ကျလာတဲ့ စကားလုံးတိုင်းက တန်ဖိုးရှိဖို့နဲ့ သူများကို မထိခိုက်စေဖို့က အရေးအကြီးဆုံးပါ။

လူတော်တော်များများက အနိုင်ရလိုဇောနဲ့ စကားတွေကို မထိန်းဘဲ ငါ့စကားနွားရ ပြောတတ်ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဆက်ဆံရေးတွေ ပြတ်တောက်သွားစေတဲ့ အဓိက တရားခံကလဲ စကားလုံးတွေကြောင့်ပဲဖြစ်နေတတ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့က စကားတစ်ခွန်းပြောတေ့ာမယ်ဆိုရင် ပြောသင့်လား၊ မပြောသင့်လား ပြန်စဉ်းစားဖို့ လိုပါတယ်။ ကိုယ်ပြောမဲ့ စကားရဲ့ အတိမ် အနက်ကို ကိုယ်တိုင်သိဖို့လဲ လိုပါတယ်။ စကားလုံးတွေက လူတစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ အဆင့်အတန်းကို ဖော်ပြနိုင်တဲ့အတွက် ကောင်းတဲ့စကားတွေပဲ ကိုယ့်နှုတ်က ထွက်နိုင်ဖို့ စာတွေဖတ်ရမယ်။ စာမဖတ်ရင် အကန်းနဲ့တူတယ် မဟုတ်လား။ စာတွေဖတ်မှပဲ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်တွေကို ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်စွမ်းရှိပြီး အကျိုးရှိတဲ့ စကားလား။ အကျိုးမရှိတဲ့ စကားလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်မှာပေါ့။

ဒီတော့စကားများများပြောရင် အမှားများများပါတတ်လို့ ပြောမဲ့စကားတိုင်းကို ပြောသင့်၊ မသင့် အရင်စဉ်းစားပါ။ စကားကောင်းတွေပြောနိုင်ဖို့ ဗဟုသုတရရှိတဲ့ စာအုပ်တွေကို နေ့စဉ်ဖတ်ပါ။

crd...
KHO...

၊🥹
07/05/2024

၊🥹

ရေချိုး ပူ
ပန်ကာဖွင့် ပူ 🫠

Address

Myeik

Website

Alerts

Be the first to know and let us send you an email when Ñwãý. Êł. Pĥÿø posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ñwãý. Êł. Pĥÿø:

Share