TRT Phone Service Centre

TRT Phone Service Centre Good Secondhand Phone Shop
& Service Good Seconhand. Phone Shop

လူတချို့က -----တစ်သက်လုံး မဆင်းရဲတော့ဘူး အမှတ်နဲ့ ၊ဘဝင်တွေ မြင့်နေကြတယ် !!လူတချို့က -----တစ်သက်လုံး မမွဲတော့ဘူး အမှတ်နဲ့...
19/01/2024

လူတချို့က -----
တစ်သက်လုံး မဆင်းရဲတော့ဘူး အမှတ်နဲ့ ၊
ဘဝင်တွေ မြင့်နေကြတယ် !!

လူတချို့က -----
တစ်သက်လုံး မမွဲတော့ဘူး အမှတ်နဲ့ ၊
မောက်မာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး အသာစံရမယ် အမှတ်နဲ့ ၊
အထက်စီးဆန် ဆက်ဆံနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး အောက်ခြေခံဘဝ
မဖြစ်တော့ဘူးအမှတ်နဲ့ ၊
နိုင့်ထက်စီးနင်း ပြုမူနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး မငတ်တော့ဘူး အမှတ်နဲ့ ၊
အောက်ခြေလွတ်နေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ပြီးပြည့်စုံမယ် အမှတ်နဲ့ ၊
သွေးနားထင် ရောက်နေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ချစ်ခင်နေမယ် အမှတ်နဲ့ ၊
ယုံကြည်မှုတွေ အလွဲသုံးစား
လုပ်ပြလာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး အကြည်ညိုမပျက်ဘူး
အထင်နဲ့ ၊
အရှက်မဲ့ပြ လာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး မိမိ ရဲ့ နောက်လိုက်ငယ်သား အမှတ်နဲ့
ချယ်လှယ်ချင်တိုင်း ချယ်လှယ်
လာနေကြတယ် !!

လူတချို့က -----
တစ်သက်လုံး ငတုံးတွေအတိုင်း
ရှင်သန်မယ် အမှတ်နဲ့ ၊
လှည့်စားလာကြတယ် !!

လူတချို့က -----
တစ်သက်လုံး အမှန်တွေချည်းပဲ -
ရွေးလုပ်ခဲ့တယ် အမှတ်နဲ့ ၊
စကားကြီးစကားကျယ်
ပြောထွက်လာကြတယ် !!

လူတချို့က မိမိပြုသမျှ ကောင်းမှု၊မကောင်းမှုရဲ့ အကျိုးဆက် ပစ္စုပ္ပန်မှာ ပြန်လည်မပေးဆပ်ရဘူး အမှတ်နဲ့ မိမိတို့စိတ်ဆန္ဒ ရဲ့စေညွန်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်နေကြတယ်!!

လူတချို့က------
တစ်သက်လုံး မသေတော့ဘူးအမှတ်နဲ့ !
သေခြင်းတရားကို မေ့လျော့နေကြလေတယ်!!

အဲ့ဒီလူမျိုးတွေထဲ ---
သင်ကိုယ်တိုင် မပါမိစေနဲ့မိတ်ဆွေ။
=====================

: #ပညာရှိဖိုးအို

Important Warning ⚠️Note 12R(sky)12R(sky)12 5G (sky)No need Bootloader Unlock firmware ရေးထားရင် မဖြစ်မနေ Update ပိတ်ပေး...
14/01/2024

Important Warning ⚠️

Note 12R(sky)
12R(sky)
12 5G (sky)
No need Bootloader Unlock firmware ရေးထားရင် မဖြစ်မနေ
Update ပိတ်ပေးပါ Cust.img edit ထားတာမို့
Update တင်မိရင် This miui version can't be install On to this device
Recovery မှပြနေလိမ့်မယ်
ဒါမှ မဟုတ်All black screen ဖြစ်နေလိမ့်မယ်

Be careful Everyone
Credit-Ko Khant

Ooredoo eSIM ရနေပါပြီနော်။Ooredoo Showroom ကိုသွားစရာမလိုပဲနဲ့ အောက်က Link မှာ ကိုယ့် Ooredoo Phone number ကိုထည့်၊ emai...
11/01/2024

Ooredoo eSIM ရနေပါပြီနော်။
Ooredoo Showroom ကိုသွားစရာမလိုပဲနဲ့ အောက်က Link မှာ
ကိုယ့် Ooredoo Phone number ကိုထည့်၊ email ကိုထည့်ပြီး OTP Code ကျလာရင်
OTP Code ပါထည့်လိုက်ပါ။
စက္ကန့်ပိုင်းအတွင်း eSIM အတွက် QR Code ကျလာပါလိမ့်မယ်။

https://esim.ooredoo.com.mm/upgrade

QR code ကို 24 နာရီအတွင်း Scan ဖတ်ပြီး eSIM ကို Activate လုပ်ပေးပါ။

ကိုယ့် eSIM QR Code ကိုတော့ သူများကို လုံးဝ မပေးဖို့အသိပေးပါတယ်

11/09/2023
ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်မည်မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်ဖုန်းနဲ့ ငြိမ်တယ်ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင...
07/09/2023

ယနေ့မှစ ကလေးငယ်များကိုဖုန်းဖြတ်မည်
မည်သူမှ ဖုန်းမပြရန်တောင်းဆိုချင်ပါသည်

ဖုန်းနဲ့ ငြိမ်တယ်
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်
ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်

Phone, Tablet, Games, TV, ကာတွန်း စသည့်
Screen Time ၏ ဆိုးကျိုးများ

ဦးနှောက်အာရုံကြော ပုံမှန်အလုပ်မလုပ်ခြင်း။
လူတွေနဲ့ စကားပြောဆက်သွယ်မှုမလုပ်နိုင်ခြင်း။
မှတ်ဥာဏ်သာကောင်းပြီး ပုံမှန်မတွေးခေါ်နိုင်ခြင်း။
နေ့စဉ် အီးသေးကိစ္စပင် မတောင်းဆိုတတ်ခြင်း။
ထမင်းဟင်း အာဟာရကို ပုံမှန်ကလေးများလို
မစားတတ်ခြင်း၊
လိုချင်တာ ဖြစ်ချင်တာ မတောင်းတတ်ခြင်း။
စိတ်ကစင့်ကလျားဖြစ်နေခြင်း။
ကိုယ်ခန္ဓာကို မထိန်းချူပ်နိုင်ခြင်း။
ခံစားမှုကို မဖော်ပြတတ်ခြင်း ။
အမြဲ ဂဏာမငြိမ်ခြင်း။
အိပ်စက်နိုင်မှုမရှိခြင်း၊

ကလေးငယ်စဉ်မှာ မိသားစုများ မအားလပ်လို့
ကလေးအား
Phone, Tablet, Games, TV, ကာတွန်း
စသည့်တို့ဖြင့်
ငြိမ်နေအောင် အချိန်ကုန် အဖော်ပြုစေပါက
ကလေးသည် လူမှု့ဘ၀တွင် အခက်အခဲများစွာ
ရင်ဆိုင်နိုင်ဖို့ ကလေးမိသားစုများ
အဆင်သင့်ပြင်ထားပါ။

ယနေ့ သင်မအားလပ်မှုသည်
သင်ကလေး၏ လူမှု့ဘ၀ကို ပေးဆပ်ရပါလိမ့်မည်။

ကလေးများ ငယ်စဉ်မှာ သင်အားအောင်လုပ်ပါ။
သင့်ကလေးကို အဖေါ်အဖြစ် အုပ်ထိန်းသူအဖြစ်
နေ့စဉ် သင်ကြားကစားပေးပါ။

ကလေးများကို ငြိမ်နေဖို့ ဖုန်း TV လုံး၀မပေးပါနှင့်။
ကလေး၏ လူမှု့ဘ၀ပါ ငြိမ်သွားစေနိုင်ပါတယ်။

မိသားစုအတော်များများထဲက
၅နှစ်အောက် ကလေးတွေ ဒီပြဿနာတွေနဲ့
ရင်ဆိုင်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဒီလိုကလေးတွေကို
တွေ့ရတာများလာတော့
ရင်ထဲ စိတ်မကောင်းလွန်းလို့ပါ။

ကလေးက စကားသိပ်မပြောဘူး
မိဘက မအားလို့
အဖိုးအဖွားတွေ မရှိလို့ မထိန်းနိုင်လို့
ကလေးထိန်းနဲ့ပဲထားရလို့
ဘယ်သူမှ ကလေးနား နေချိန်မပေးနိုင်လို့
အကြောင်းပြချက်များစွာသည်
ကလေးဘ၀ကို တကယ်ပင် ငြိမ်သွားစေတာပါပဲ။

ကလေးကို ကလေးမိသားစုက ကူညီမှ ဖြစ်မှာပါ။

ကလေးကို ချစ်ရင် ကလေးနဲ့အတူ
အချိန်ကုန်လွန်ပါစေ
ကလေးနဲ့အတူ ကလေးလို ဆော့ကစားပါ။
ကလေးနဲ့အတူ ပြေးလွှားခုန်ကစားပါ။
ကလေးနဲ့အတူ ပြောဆိုငြင်ခုံကာ ကစားပါ။
သင်ကလေးသည် ပုံမှန်ထက်
ထူးချွန်နေပါလိမ့်မည်။

သင့်ကလေးကို တကယ်ချစ်သလား။
အထပ်ထပ် အခါခါ မိမိကိုယ်ကို မေးကြည့်ပါ။
သင့်ကလေးကို သင်ချစ်ပေးပါ။

လူတိုင်း မိသားစုတိုင်း ဘ၀အခက်အခဲများစွာ
ရင်ဆိုင်ရပါတယ်
ဘယ်လောက်ကြီးသော ရည်မှန်းချက် နဲ့
အခက်အခဲရှိရှိ
သင့်ကလေးဘ၀ကို စတေးမခံပါနဲ့။

တကယ်ချစ်ပေးပါ

မူရင်းရေးသားသူအား ပေးပါသည်

ယခု ပြည်သူအများကြုံနေရတဲ့ မိမိဘဏ်အကောက်ထဲက ငွေကို တခြား အကောက်ထဲသို့ လွဲပြောင်းခိုးယူခံနေကြရပါတယ် ပုံမှန်စနစ်အရ မိမိအကော...
02/08/2023

ယခု ပြည်သူအများကြုံနေရတဲ့ မိမိဘဏ်အကောက်ထဲက ငွေကို တခြား အကောက်ထဲသို့ လွဲပြောင်းခိုးယူခံနေကြရပါတယ် ပုံမှန်စနစ်အရ မိမိအကောက် ဝင်တဲ့အခါOTP code ရရှိမှသာ ဝင်လို့ရပေမဲ့ ယခုနည်းပညာကတော့
OTP မပေးလည်း တစ်ဘက်လူက ရပါတယ်
ကားသန့်ရှင်းရေး အိမ်သန့်ရှင်းရေး page အတုတွေက App ကို download ဆွဲထားရင် ကိုယ့်ဖုန်းကို သူတို့က Access ရသွားပါပြီ

ထပ်ဖြည့် ပြောရမယ် ဆိုရင်
၁ မဖြစ်နိုင်တဲ့ စျေးတွေနဲ့ service ကို ကြော်ညာထားတာ တွေ့ရပါမယ်
၂ ။ သွားစုံစမ်းရင် link တစ်ခု ချပေးပြီး
App download ဆွဲခိုင်း appointment တင်ခိုင်းပါမယ်
၃။ ကိုယ့်ဘက်က အဲ့ app ဆွဲပြီးတာနဲ့ accessတွေ ပေးခိုင်းပါတယ်
၄။ အဲ့ accessတွေက phone ရဲ့ message call file စတာတွေ အကုန် ထိန်းချုပ်လို့ ရသွားပါတယ်
တစ်နည်း ပြောရရင် ကိုယ့်ဖုန်းက သူ့ဖုန်း ဖြစ်သွားတာပါ
၅။ အိပ်ချိန် သတိမထားမိလောက်တဲ့ အချိန်မှ ကိုယ့်ဖုန်းက pay app တွေကို တစ်ခုချင်းကို သူတို့ account ကို စိတ်ကြိုက် လွဲတော့မှာပါ

အဲ့လိုနည်းနဲ့ ပါတယ်ဆိုရင်တော့ ဘဏ်ဘက်နဲ့က
မဆိုင်ပါဘူး ကိုယ့် အားနည်းချက်ပါ

ကာကွယ်ဖို့က မသိတဲ့ app တွေ download မဆွဲပါနဲ့
App Access တွေမှာ ဆိုင်တာတွေပဲ ပေးကြပါ

Messenger မှာလတ်တလော ပုံပို့မရတဲ့ Error တွေတတ်နေပါတယ်
07/07/2023

Messenger မှာလတ်တလော ပုံပို့မရတဲ့
Error တွေတတ်နေပါတယ်

ဖုန်းသုံးတဲ့သူတိုင်း သိထားသင့်လို့ဝင်ဖတ်ကြည့်ပါဒီနေ့ ဆိုင်ကို ဒါမျိုးမှန်မှာ မှင်ပေါက်လာတဲ့ ဖုန်း ၃ လုံးတောင်လာအပ်ပါတယ်မ...
12/06/2023

ဖုန်းသုံးတဲ့သူတိုင်း သိထားသင့်လို့ဝင်ဖတ်ကြည့်ပါ

ဒီနေ့ ဆိုင်ကို ဒါမျိုးမှန်မှာ မှင်ပေါက်လာတဲ့
ဖုန်း ၃ လုံးတောင်လာအပ်ပါတယ်

မှင်ပေါက်တယ်ဆိုတာ Amoled သုံးထားတဲ့ ဖုန်းတွေမှာ
အဖြစ်များပါတယ်
LCD သုံးထားတဲ့ ဖုန်းတွေမှာလဲ ဖြစ်တတ်ပါတယ်

ဒီလိုမျိုး မှင်ပေါက်တယ်ဆိုတာ
ဖုန်းကို အိပ်ယာထဲမှာထားရင်း ဖိအိပ်မိတာမျိုး
ပစ္စည်းတွေနဲ့ ပြည့်ကြပ်နေတဲ့ ပိုက်ဆံအိတ်ထဲမှာ
ဖုန်းကိုထည့်ထားတာမျိုး
ပူတဲ့စက်ပစ္စည်းတွေ(မီးအားမြှင့်စက်/ရေခဲသေတ္တာ)
ပေါ်တင်ပြီး
အားသွင်းမိတာမျိုးတွေမှာ အဖြစ်များပါတယ်

ဆိုတော့ ခုလိုငွေရှာရခက်ခဲနေတဲ့ အချိန်မှာ
အပိုငွေတွေမကုန်အောင်
အိပ်ရာထဲ ဖုန်းသုံးပြီးရင် လွတ်ကင်းတဲ့နေရာမှာထားပါ
ပြည့်ကြပ်နေတဲ့ ပိုက်ဆံအိတ်တွေထဲ ဖုန်းထည့်တာမျိုး
ရှောင်ကြဉ်ပါ
ရေခဲသေတ္တာ မီးအားမြှင့်စက် စတဲ့ အပူများတဲ့
စက်ပစ္စည်းတွေပေါ် တင်ပြီး အားသွင်းတာမျိုး ရှောင်ကြဉ်ပါ လို့

မိတ်ဆွေတို့ရဲ့ ဖုန်းနဲ့ပတ်သတ်ပြီး ဖြစ်လာတဲ့
အခက်အခဲ ပြသနာအားလုံးကို
အကောင်းဆုံးဖြေရှင်းပေးနေတဲ့
TRT Mobile Service Centre(အာမခံဖုန်းပြုပြင်ရေး) မှ
မှာကြားပါရစေခင်ဗျား

Xiaomi ဖုန်းအသုံးပြုသူများသတိပြုရန်Xiaomi Redmi 10XXiaomi Redmi 10AXiaomi Redmi Note11Xiaomi Redmi Note11RXiaomi Redmi N...
02/05/2023

Xiaomi ဖုန်းအသုံးပြုသူများသတိပြုရန်

Xiaomi Redmi 10X
Xiaomi Redmi 10A
Xiaomi Redmi Note11
Xiaomi Redmi Note11R
Xiaomi Redmi Note11SE
ဖုန်းများအား MIUI 13 &14 Updateမတင်ကြဖို့အထူးသတိပေးလိုပါတယ်

Updateတင်မိပါက

Redmi Note11R ဆိုလျှင် Baseband Unknown Error ,Sim မတက် Error, IMEI ပျောက်ခြင်း

Redmi Note11 SE ဆိုလျှင် Micမရခြင်း
Earphone မရခြင်း
Recording မရခြင်း ၊ Power သေခြင်း Error

Redmi 10C ဆိုလျှင် အားသွင်းရင် အားဝင်ပြပြီး အားမတက်ခြင်း၊ Power ပိတ်သွားခြင်း ၊ Reboot ကျသွားခြင်း

Redmi 10A ဆိုရင် အားသွင်းရင် အားဝင်ပြပြီး အားမတက်ခြင်း၊ Back Camera Error ၊ အားဝင်ကြာခြင်း
MIUI Version မကိုက်ခြင်း ၊ camera မရခြင်း Recovery ရောက်နေခြင်း

Redmi Note11 ဆိုရင် Power ပိတ်သွားခြင်း ၊ Reboot ကျသွားခြင်းများ ဖြစ်လာနိုင်ပါသဖြင့်
Update မတင်ကြပါရန် အသိပေးအပ်ပါသည်l။

မိတ်ဆွေများ အားလုံး မင်္ဂလာပါ ခင်ဗျား။ယနေ့ ကျနော်ပြောပြမယ့်အကြောင်းအရာလေး ကတော့ ရာသီဥတု အပူချိန် မြင့်မားမှုကြောင့် မိမိ...
24/04/2023

မိတ်ဆွေများ အားလုံး မင်္ဂလာပါ ခင်ဗျား။
ယနေ့ ကျနော်ပြောပြမယ့်အကြောင်းအရာလေး ကတော့ ရာသီဥတု အပူချိန် မြင့်မားမှုကြောင့် မိမိတို့ အသုံးပြုနေသောဖုန်းများအပေါ် သက်ရောက်သော ဆိုးကျိုးလေး များနှင့် ဆောင်ရန် ​ရှောင်ရန် များ ကို ပြောပြပေးသွားပါမည်။ယခုနှစ် နွေရာသီ မှာ အပူချိန်မြင့်မားမှုကြောင့် မိမိတို့အသုံးပြုနေသောဖုန်းများတွင် ပြင်ပအပူချိန်သက်ရောက်မှု များ​​ကြောင့် မိမိဖုန်းသုံးစွဲမှု အနည်းအများပေါ်မူတည်၍ အကျိုး အပြစ် များ ဖြစ်ပေါ် စေနိုင်ပါတယ်။ အလွန်အပူချိန်ပြင်းသည့် မွန်းတည့်ပိုင်း မွန်းလွဲပိုင်း များတွင် ဖုန်းများကို အလွန်အကျွံသုံးစွဲမှုမှ ​ရှောင်ကြဥ်သင့်ပေသည်။အကယ်၍ မိတ်ဆွေများအနေနှင့် သတိရှိစွာ မရှောင်ကြဥ်ပါက ဖုန်းများတွင် ဘက်ထရီ ကျန်းမာရေး(Battery Health)ကျဆင်းခြင်း၊အပူလွန်ကဲမှုများခြင်းကြောင့် ပါဝါသေခြင်း (no power)၊အားသွင်းရာတွင် အဆင်မပြေမှုများကြုံခြင်း ဘက်ထရီအားမဝင်ပဲ ရှိနေခြင်း ၊အားသွင်းထားလျက်နှင့်ပင် ဘက်ထရီအား ပြန်လျော့လာခြင်း(Charging error )၊တချို့ Android ဖုန်းများတွင် ဖုန်းရဲ့ Display မျက်နှာပြင်အပူချိန် မြင့်မားလာမှုကြောင့် ဖရိန်အတွင်းကနေ ဖုန်းမျက်နှာပြင် ကပ်ထားသည့် ကော်များ အပူကြောင့် မှန်အစုံလိုက် ကွာကျလာခြင်း၊ အစရှိသည့် ပြစ်ချက်နှင့် အခြားသောဆိုးကျုးများစွာ ကြုံတွေ့ရနိုင်ပါကြောင်း တင်ပြလိုက်ရပေသည်။

TRT Phone Service Centre
No.74,top of the 3rd street
Naukle Qtz,Myeik
ph-0941005142

❝ 𝗶𝗣𝗵𝗼𝗻𝗲 နဲ့ နွေရာသီ ❞ထုံးစံအတိုင်း နွေရာသီရောက်လာပြန်ပါပြီ။ နွေနဲ့ iPhone ဆိုတာ ကမ္ဘာအဆက်ဆက်က ရန်သူတွေလိုပဲ ဘယ်တုန်းကမှ...
31/03/2023

❝ 𝗶𝗣𝗵𝗼𝗻𝗲 နဲ့ နွေရာသီ ❞
ထုံးစံအတိုင်း နွေရာသီရောက်လာပြန်ပါပြီ။ နွေနဲ့ iPhone ဆိုတာ ကမ္ဘာအဆက်ဆက်က ရန်သူတွေလိုပဲ ဘယ်တုန်းကမှကီးမကိုက်ခဲ့တဲ့အတွက် တစ်နေ့ထက်တစ်နေ့ မြင့်လာတဲ့ temperature ကြောင့်မကြာခင် iPhone user တွေကြား complain များစွာကြားရပါဦးမည်။ ဒါ့ကြောင့် ဒီနွေကိုစိတ်ချမ်းချမ်းသာသာဖြတ်သန်းနိုင်စေဖို့ iPhone user တွေအတွက်ဆောင်ရန်ရှောင်ရန်လေးတွေကိုပြောပြပေးလိုက်ပါတယ်။
(၁) သင့်ဖုန်းကိုညင်ညင်သာသာဆက်ဆံပါ
အပြင် temperature မြင့်လာတဲ့အတွက် ဖုန်းလဲအရင်ကထက် heat တက်တာပိုမြန်လာပါမယ်။ Cellular data နဲ့သုံးရင်ပိုဆိုးပါတယ်။ ဖုန်းအရမ်းပူနေတဲ့အချိန် game ဆော့တာ heavy task တွေသုံးတာကိုသတိထားပေးပါ။ အပူဆိုတာ battery health ကျစေတဲ့အဓိကတရားခံပါ။ ဖုန်းအရမ်းပူနေတဲ့အချိန်အနားမပေးပဲ ဆက်သုံးနေရင် ထစ်တာ၊ app တွေထဲကပြန်ပြန်ထွက်တာ၊ နောက်ဆုံးသူဟာသူ shut down ကျတာတွေအထိဖြစ်နိုင်ပါတယ်။ ရေရှည်မှာ battery health ကိုပိုအကျမြန်စေပါတယ်။
(၂) Outdoor မှာဖုန်းအရမ်းမသုံးသင့်ပါ
အပြင်သွားတဲ့အခါ ဖုန်းကိုမလိုရင်မသုံးတာကောင်းပါတယ်။ ဒီလိုပြောလို့ အပြင်မှာဖုန်းလုံးဝ မသုံးရဘူးဖို့ပြောတာမဟုတ်ဘူးနော် လမ်းမှာလမ်းလျှောက်နေရင်း ဖုန်းပေါ်ကို နေရောင်တိုက်ရိုက်ကျတဲ့အချိန်တွေမှာဖုန်းမသုံးဖို့ပါ။ နေရောင်လဲတိုက်ရိုက်ကျနေတယ် ပူလဲပူနေတဲ့အချိန်သုံးရင် ဖုန်းမှာ heat တက်တာအရမ်းမြန်ပြီး ပူခြစ်လာပါလိမ့်မယ်။ တစ်ခြား အန္တရာယ်တွေလဲရှိတော့ အပြင်မှာ လမ်းလျောက်နေရင်းဖုန်းသုံးတာကိုရှောင်သင့်ပါတယ်။
(၃) အားသွင်းရင် Battery 80% မှာရပ်နေတာ
ဒီပြသနာကတော့ သိပ်မစိမ်းတော့ဘူးထင်ပါတယ်။ နေ့လည်ဖက်နေပူတဲ့အချိန်အားသွင်းရင် ဖြစ်တတ်ပါတယ်။ iOS 13 ကစပြီး Optimized battery charging ဆိုတဲ့ function တစ်ခုပါဝင်လာပါတယ်။ သူကဖုန်း temperature မြင့်နေတဲ့အချိန်မှာ battery charging ကို 80% မှာရပ်ထားပေးတာပါ။ Battery healthy အတွက်ပိုကောင်းစေတယ်လို့သိရပါတယ်။ အားသွင်းတာ 80% ကမတက်လို့ဆိုပြီး စိတ်မပူပါနဲ့ temperature ကျသွားတဲ့အချိန် ညနေဖက်/ညဖက် မှာပြန်သွင်းရင်ပုံမှန်အတိုင်း 100% အထိအပြည့်သွင်းလို့ရပါတယ်။ ဒါမှမဟုတ်သင်က ဘယ်အချိန်ချိန်ဖြစ်ဖြစ် 100% အထိသွင်းချင်တာဆိုရင် Settings > Battery ထဲက Optimized battery charging ကိုပိတ်ထားလို့ရပေမယ့် admin ကတော့ recommend မပေးပါဘူး။
(၄) Charging on hold လို့ပေါ်နေရင်
ဒါလဲအပေါ်က case နဲ့ခပ်ဆင်ဆင်ပါပဲ။ ဖုန်း temperature မြင့်နေလို့ system က charging ကိုခနရပ်ထားတာပါ။ ဘာမှစိတ်ပူစရာမရှိပါဘူး။ ဖုန်းကိုခဏအနားပေးပြီး အေးသွားမှပြန်သွင်းပါ။

Address

No. 74, Top Of 3rd Street, Naukle Qt
Myeik

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+95941005142

Website

Alerts

Be the first to know and let us send you an email when TRT Phone Service Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TRT Phone Service Centre:

Share