မြိတ်ရွှေဥ မိုဘိုင်း

မြိတ်ရွှေဥ မိုဘိုင်း ဖုန်းနဲ့ပတ်သက်လာရင်ရွှေဥအမြဲရှိပါတယ်❤

❝ ဒီလူ(၆)ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ ❞(၁) သင့်ကိုငွေချေးပေးသူငွေတစ်ပြားတစ်ကျပ်တိုင်းဟာ သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ...
08/02/2024

❝ ဒီလူ(၆)ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ ❞

(၁) သင့်ကိုငွေချေးပေးသူ

ငွေတစ်ပြားတစ်ကျပ်တိုင်းဟာ
သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ။တန်ဖိုးထားပါ။

(၂) သင့်ကို ပစ္စည်းရက်ရက်ရောရောပေးတတ်သူ

ပစ္စည်းပေါလွန်းလို့တော့ မဟုတ်ဘူး။
ပေးကမ်းစွန့်ကြဲတတ်သူမို့ပါ။

(၃) အတူတူအလုပ်လုပ်တဲ့အချိန်မှာ
သင့်ကို ဦးစားပေးတတ်သူ

“အ”လို့တော့မဟုတ်ဘူး။
မျှဝေ ခံစားတတ်လို့ပါ

(၄) အလုပ်လုပ်ချိန်မှာ ပိုလုပ်တတ်သူ

နုံအ လို့တော့မဟုတ်ဘူး။
တာဝန်သိတတ်သူ မို့လို့ပါ

(၅) ဘေလ်ကို အရင်ရှင်းတတ်သူ

ငွေပေါနေလို့မဟုတ်ဘူး။
ခင်မင်ရင်းနှီးမှုကို ငွေထက် တန်ဖိုးထားတတ်လို့ပါ။

(၆) သင့်ကို ကူညီတတ်သူ

သင့်ကို အောက်ကျခံ နေလို့မဟုတ်ဘူး။
သင့်ကို သူငယ်ချင်းအရင်းလို သတ်မှတ်လို့ပါ။

Facebook အကောင့်လျှောက်တော့မယ်ဆိုရင် Phone number ဒါမှမဟုတ် Email နဲ့ အကောင့်လျှောက်လေ့ရှိကြပါတယ်။ဖုန်းနံပါတ်နဲ့ လျှောက်...
21/01/2024

Facebook အကောင့်လျှောက်တော့မယ်ဆိုရင် Phone number ဒါမှမဟုတ် Email နဲ့ အကောင့်လျှောက်လေ့ရှိကြပါတယ်။ဖုန်းနံပါတ်နဲ့ လျှောက်မယ်ဆိုရင် လွယ်လင့်တကူလျှင်မြန်စွာ Facebook အကောင့်ဖွင့်လို့ရနေပြီးတော့ လုံခြုံရေးနဲ့ပတ်သက်လာရင်တော့ Email ကပိုပြီး စိတ်ချရပါတယ်။International နိုင်ငံတကာသုံးကြတဲ့ Email တစ်ခုဖန်တီးပြီး Google tools တွေဖြစ်တဲ့ Gmail, Youtube, Google Drive, Google meet, Play store စတာတွေကို
Email တစ်ခုရှိရုံနဲ့ အလွယ်တကူ အကောင့်ဝင်ပြီး အသုံးပြု
လို့ရပါတယ်ခင်ဗျား။ လုံခြုံရေး (Security) ပိုင်းမှာစိတ်ချရ
တဲ့ Email ကိုအသုံးပြုပြီး အကောင့်ခိုးဝင်ခံရတာတွေမှ
ကာကွယ်နိုင်ကြပါစေဗျ

နောက်ဆက်တွဲ Email အကောင့်လျှောက်နည်း ထပ်တင်ပေးပါမယ်ခင်ဗျား 😘😘😘😘

သင်သိပြီးပြီလား?????🤔🤔🤔Wave money မှာ လက်ဗွေနဲ့ မျက်နှာပြရုံနဲ့ငွေလွဲလို့ရပြီဆိုတာ🤗🤗🤗
21/01/2024

သင်သိပြီးပြီလား?????🤔🤔🤔

Wave money မှာ လက်ဗွေနဲ့ မျက်နှာပြရုံနဲ့

ငွေလွဲလို့ရပြီဆိုတာ🤗🤗🤗

20/01/2024

🤩🤩

23/11/2023

ယောကျ်ားလေးအမျိုးအစားတွေအများကြီးရှိပါတယ်။ ဒီထဲမှာမှ တော်ပြီး ထက်မြက်တဲ့ အလုပ်ကြိုးစားတတ်တဲ့ ဘဝမှာ အောင်မြင်ဖို့ရာ ဦးတည်လာတတ်တဲ့
ယောကျ်ားကတော့ နှစ်မျိုးရှိတယ်။

အဲ့ဒါ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ယောကျ်ားနဲ့
မိန်းကလေးတစ်ယောက်ကို ချစ်တဲ့ ယောကျ်ားပဲ။

ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ ယောကျ်ားကတော့ရှင်းတယ်။
အောင်မြင်ချင်တယ်၊ ငွေချမ်းသာချင်တယ်။ လူထင်ကြီးခံချင်တယ်၊ လူရိုသေခံချင်တယ် ။ ဘဝမှာကြိုက်သလိုနေ၊ကြိုက်သလို သုံးချင်တယ်ပေါ့ ။ ဒီလိုယောကျ်ားမျိုးက သူ့ကိုယ်သူချစ်တော့ အလုပ်ကြိုးစားတယ်။

ကိုယ့်ကိုယ်ကိုယ်ချစ်တာလည်း ချစ်နည်းမျိုးစုံရှိတယ်။ မိမိကိုယ်ကို တန်ဖိုးထားတတ်တာကိုပဲ ဆိုလိုခြင်းဖြစ်တယ်။ စိတ်ကိုအလိုလိုက်အကြိုက်ဆောင်နေတာက ချစ်တာမဟုတ်ဘူးလေ။

အပျော်အပါးမမက်ဘူးမဟုတ်ဘူး မက်တယ်။ အပျော်အပါးမမက်တဲ့ ယောကျ်ားဆိုတာမရှိဘူးဒါပေမဲ့ သူ့ကိုယ်သူချစ်တဲ့ယောကျ်ားကတော့ သူ့limit သူသိတယ်။ ဘယ်လမ်းကတော့ ပြန်လမ်းရှိတယ် ဘယ်လမ်းကတော့ ပြန်လမ်းမရှိဘူးဆိုတာကို ဝေဖန်ပိုင်းခြားနိုင်တယ် အပျော်ကနေပျက်တဲ့အထိဘယ်တော့မှမလုပ်ဘူး။
သူ့ဂုဏ်သိက္ခာ ညိုးနွမ်းမဲ့အလုပ်မျိုးလည်း ဘယ်တော့မှမလုပ်ဘူး ။သူ့ကိုယ်သူ ထိန်းနိုင်တယ်။

မိန်းမတစ်ယောက်ကို ချစ်တဲ့ယောကျ်ားဆိုတာလည်း ကိုယ့်မိန်းမကိုမှပြောတာမဟုတ်ဘူး။ အမေဆိုတဲ့မိန်းမတစ်ယောက်၊ ဇနီးဆိုတဲ့မိန်းမတစ်ယောက်၊ သမီးဆိုတဲ့ မိန်းမတစ်ယောက် အကုန်ဖြစ်နိုင်တယ်။ ဒါကတော့ အရင်က ဘဝမှာဘာဖြစ်ဖြစ် နေထိုင်လာခဲ့ပြီး အမျိုးသမီးတစ်ယောက်ကို ငဲ့ကြည့်မိတဲ့အခါမှ ငါဘဝမှာနေချင်သလိုနေလို့မရတော့ပါလား ငါချစ်တဲ့အမျိုးသမီးကို စောင့်ရှောက်ပေးရမှာ၊ ကောင်းကောင်းထားပေးချင်တယ်၊ ကာကွယ်ပေးချင်တယ်ဆိုတဲ့စိတ်ဝင်လာပြီးမှ ပြောင်းလဲလာတာ။ ဒါကလည်း အဲ့ယောကျ်ားမှ ချစ်နေမှရတာ ။ ယောကျ်ားတစ်ယောက်က မချစ်ရင် ဘယ်လိုမှချစ်ခိုင်းမှမရဘူး သူ့ဘာသာချစ်မှ သူကိုယ်တိုင် ပြောင်းလဲ လာမှာပါ။

ဒါကြောင့် တချို့ အမျိုးသားတွေ အရင်ကဆိုးချင်သလိုဆိုး၊ ပေချင်ခဲ့သလို ပေပြီး အရွယ်တစ်ခုရောက်လာတဲ့အခါ ခန့်ညားလာတာ ထူးချွန်လာတာ ပြောင်းလဲတိုးတက်လာတာ မြင်ရင် သူတို့ဘေးနားမှာ ရပ်နေတဲ့ သူတို့ချစ်ရတဲ့အမျိုးသမီးနဲ့ အများကြီးဆိုင်တယ်။ ဒါဟာလည်း မိန်းကလေးက ပြုပြင်နိုင်တာလည်းပါသလို သူကိုယ်တိုင်လည်း ဒီအမျိုးသမီးအတွက်ပိုပြီးကြိုးစားချင်လာလို့ပဲ ။

ယောကျ်ားတွေအောင်မြင်ဖို့အတွက်အချစ်လိုတယ်။
သူတို့ကိုယ်သူတို့ချစ်တာဖြစ်ဖြစ်၊တစ်စုံတစ်ယောက်ကိုချစ်တာဖြစ်ဖြစ်ပေါ့။


ကားထဲတွင် ဆီ ၂ တုံးရှိသည်။ကားဆီဖြည့်ရန် ဆီဆိုင်ရှာရာ ၁ တုံးကုန်သွားသည်။ဆီဖြည့်ဖို့တန်းစီနေစဉ် ၁ တုံးထပ်ကုန်သွားပြီးဆီဖြည...
15/11/2023

ကားထဲတွင် ဆီ ၂ တုံးရှိသည်။
ကားဆီဖြည့်ရန် ဆီဆိုင်ရှာရာ ၁ တုံးကုန်သွားသည်။
ဆီဖြည့်ဖို့တန်းစီနေစဉ် ၁ တုံးထပ်ကုန်သွားပြီး
ဆီဖြည့်သောအခါ ၃ တုံးပြန်ရသည်။
အိမ်အပြန် ဆီ ၁ တုံးကုန်သောကြောင့်
အိမ်ရောက်သောအခါ ကားထဲတွင်
ဆီ ဘယ်နှစ်တုံး ကျန်မည်နည်း?

🤔🤔🤔

Crd😂😂

wifi လိုင်းစုတ်နေတဲ့အခါ 1.1.1.1 vpn နဲ့ setting ချိန်ပြီ wifi လိုင်းကောင်းလာအောင်ပြုလုပ်နည်း============================...
14/11/2023

wifi လိုင်းစုတ်နေတဲ့အခါ 1.1.1.1 vpn နဲ့ setting ချိန်ပြီ wifi လိုင်းကောင်းလာအောင်ပြုလုပ်နည်း
=================================
ခုရက်ပိုင်း wifi တွေက လိုင်းကျပြီ သုံးလို့ အဆင်မပြေဖြစ်နေတာကို လူတိုင်းသိကြမှာပါ🤔🤔

Wi-Fi ချိတ်ထား ပေမဲ့လည်း No internet
Connection ဆိုပြီး ပြပြနေတဲ့ လူတွေအတွက်
1.1.1.1 vpn လေးကို သုံးပြီ ဘယ်လို လိုင်းကောင်းအောင်လုပ်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ.....

အောက်ကတပုံချင်းဆီးမှာ ဘလို setting ချိန်ရမလဲဆိုတာကို သေချာလေးရှင်းပြထားပါတယ်

ကဲ အားလုံးဘဲ ပေးထားတဲ့ ပုံကလို လိုက်လုပ်ပြီ လိုင်းကောင်းပြီ သာယာပျော်ရွှင်တဲ့ နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ❤❤

1111 Vpn ဗားရှင်းသစ်ကို ဒီမှာဒေါင်းပါ
https://bit.ly/3IME6vi

အားလုံးပဲ သာယာပျော်ရွှင်တဲ့နေရက်လေးကို ပိုင်ဆိုင်ကြပါစေ။
#နည်းပညာပန်းခင်း

Facebook Version အသစ်က Phone ရဲ့ Back Space နဲ့  ပြန်ထွက်လို့ မရတော့ပါNoti ​နှိပ်ကြည့် ရင်လည်းဖုန်း Back Space နဲ့ ပြန်ထ...
07/11/2023

Facebook Version အသစ်က Phone ရဲ့
Back Space နဲ့ ပြန်ထွက်လို့ မရတော့ပါ
Noti ​နှိပ်ကြည့် ရင်လည်း
ဖုန်း Back Space နဲ့ ပြန်ထွက်လိုလဲ မရပါ
Facebook ဘယ်ဘက်ထောင့် မြှားကပဲ ထွက်လို့
ရပါတော့တယ်
ဖုန်းကြောင့်မဟုတ်ပါ

မသိရင် တိုင်ပတ်တယ်ဘယ်သူမှ မေးစရာမလိုအောင်ပုံလေးတွေ Save ထားလိုက်ပါနော်...💕Operator ၄ ခုလုံးအတွက် အသုံးဝင်ပါတယ်..💕 🍀
06/11/2023

မသိရင် တိုင်ပတ်တယ်
ဘယ်သူမှ မေးစရာမလိုအောင်
ပုံလေးတွေ Save ထားလိုက်ပါနော်...💕
Operator ၄ ခုလုံးအတွက် အသုံးဝင်ပါတယ်..💕

🍀

01/11/2023

November မှာ မင်းကိုပိုချစ်‌မယ်။

1.11.2023 💭🌷

ဦးပိန် တံတားကို အစအဆုံးတူတူလျောက်ဖို့တိုင်ပင်နေတုန်းမှာပဲဦးပိန် တံတားဟာ ကျိုးသွားခဲ့တယ်မန္တလေးဟာ ဝေးနေဆဲ📷 𝑷𝒂𝒏𝑫𝒐𝑹𝒂
30/10/2023

ဦးပိန် တံတားကို အစအဆုံးတူတူလျောက်ဖို့
တိုင်ပင်နေတုန်းမှာပဲ
ဦးပိန် တံတားဟာ ကျိုးသွားခဲ့တယ်
မန္တလေးဟာ ဝေးနေဆဲ

📷 𝑷𝒂𝒏𝑫𝒐𝑹𝒂

Address

Myeik

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 16:30

Telephone

+959799877754

Website

Alerts

Be the first to know and let us send you an email when မြိတ်ရွှေဥ မိုဘိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြိတ်ရွှေဥ မိုဘိုင်း:

Share