P&K Service

P&K Service အသစ်ပြန်ဖွင့်လိုက်ရတာပါခင်ဗျာ။ မိတ်ဟောင်းမိတ်သစ်များ အားလုံးကိုကျေးဇူးတင်ရှိပါတယ်။

July 19 ရက်နေ့၌ ကျဆုံးသွားခဲ့သော ခေါင်းဆောင်ကြီးများ၁။ ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)၂။ သခင်မြ (၁၈၉၇ - ၁၉၄၇)၃။ ဒီးဒု...
19/07/2024

July 19 ရက်နေ့၌ ကျဆုံးသွားခဲ့သော ခေါင်းဆောင်ကြီးများ

၁။ ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)

၂။ သခင်မြ (၁၈၉၇ - ၁၉၄၇)

၃။ ဒီးဒုတ်ဦးဘချို (၁၈၉၃ - ၁၉၄၇)

၄။ ဦးရာဇတ် (၁၈၉၈ - ၁၉၄၇)

၅။ မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)

၆။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)

၇။ ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)

၈။ ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)

၉။ ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)
-crd

21/03/2024

Online Business လုပ်‌ေနတဲ့လူကြီးမင်းတို့တွက်
Pageတစ်ခုမှာ Like& Follower များနေဖို့က အဓိက ကျပါတယ်ခင်ဗျ

ဈေးတန်တန်နဲ့ Follower တိုးဖို့ရှာနေတယ်ဆိုရင်တော့ 1000 တိုးမှ မြန်မာငွေ 3000ကျပ်သာကျသင့်မှာဖြစ်ပြီး တိုးပြီးသားဖော်လိုဝါများ လုံးဝ ပြန်မကျပါဘူးခင်ဗျာ

အခုလို Social Media က အရေးပါနေတဲ့
ခေတ်ကြီးထဲမှာ Follower ဆိုတာက
ကိုယ့် page လေးအတွက်တော့အသက်ပါပဲ။

Follower များပြီး Active ဖြစ်နေမှလည်း
Customerတွေရဲ့ယုံကြည်မှု့ကိုရရှိနိုင်မှာဖြစ်ပြီး
သူငယ်ချင်းတွေနဲ့ လူအများကြားမှာလည်း အထှာကျကျ ဈေးရောင်းနိုင်မှာပါ။

ဒါ့ပြင် နာမည်တူAcc တွေရှိနေခဲ့ရင်‌ေတာင်
Follower များတဲ့ Pageကသာ Search bar မှာ အရင်ဆုံး ပေါ်‌ေနမှာ ဖြစ်ပြီး Follower 10k ပြည့်ရင်
Top Fan Bridge လဲ ပွင့်ပါတယ်။

အဲ့ခုလိုမျိုး အကျိုးကျေးဇူးတွေရဖို့အတွက်
Follower တိုးမယ်ဆိုရင်တော့
ကျန်တော်တို့ ဆီမှာ Follower Service အပ်လို့ရပါတယ်ခင်ဗျာ။

ရရှိနိုင်တဲ့ Service များ
👉Facebook Account Follower Service 1K-3000ks
👉page Like+ Follower Service 1K-4000Ks
👉Post React Service 1K-3000Ks
👉Tiktok Account Follower Service
👉Tiktok Like Service တို့အပြင်
👉IG / Telegram / Youtube စတာတွေအတွက်လဲ Service အပ်နှံနိုင်ပါပြီ ခင်ဗျာ။

မြန်မာ ဖော်လိုဝါသီးသန့်လိုချင်လည်းရပါတယ်။
မြန်မာ like and follower 1k-9000Ks
မြန်မာ React 1k-9000ks

ဒါတွေအားလုံးကို တနေရာထဲမှာ One Stop Service အနေနဲ့ ကျွန်တော့်တို့ဆီမှာ ရနေပါပြီ။

Follower တိုးဖို့ အတွက် ဆိုရင်
Public ဖြစ်နေတဲ့ profile link /Page link
ဒါလေးပဲလိုအပ်ပါတယ်ခင်ဗျာ။

ကြာချိန် - 48hr.

Viber - 09773726827
Fb Chat Box - https://m.me/oooopaing6
Telegram - t.me/paingthuhtun
🌐Telegram Channel link
🚩t.me/pkservice7
တို့ကနေဆက်သွယ်နိုင်ပါတယ်။

Messenger Error‌ေကြာင့် Page Cbကနေ စာပြန်ပေးလို့မရလို့ပါခင်ဗျာ။

26/01/2024

ကိုယ်တိုင်မှားရင် မတော်တဆ
သူများမှားရင် ဗရမ်းဗဒါ 🎵🎵

🙏 သီတင်းကျွတ်ဆုတောင်း🙏   ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင်ချစ်ခင်လေးစားတန်ဖိုးထားရပါသောချစ်မိတ်ဆွေလူကြီးမင်းများ ...
29/10/2023

🙏 သီတင်းကျွတ်ဆုတောင်း🙏

ဝါလကင်းလွတ် သီတင်းကျွတ်

အချိန်အခါသမယတွင်

ချစ်ခင်လေးစားတန်ဖိုးထားရပါသော

ချစ်မိတ်ဆွေလူကြီးမင်းများ အားလုံး

ကိုယ်စိတ်နှလုံးကျန်းမာခြင်းနှင့်

ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်

ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍

အခက်အခဲဟူသမျှအောင်မြင်စွာ

ကျော်လွှားနိုင်ပြီးစီးပွါးလာဘ်လာဘများ

ဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း

ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

#သီတင်းကျွတ်ဆုတောင်း

crd

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰==================================မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက် ၀ါဆို လပြည့်နေ့သ...
31/07/2023

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰
==================================

မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
၀ါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။

ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~

သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
___________________________________________

အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။

မူရင်းရေးတင်လှူသူအား လေးစားစွာဖြင့် Credi

😊 ပြန်လည်မျှဝေပူဇော်ပါသည်🙏

🌷ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ 🌷၀၁။ဗျာဒိတ်ခံယူသည့်နေ့  လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။🌷၀၂။ဘုရားမွေးသည့်နေ့ မဟာသက္...
03/05/2023

🌷ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့

🌷၀၁။ဗျာဒိတ်ခံယူသည့်နေ့
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

🌷၀၂။ဘုရားမွေးသည့်နေ့
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

🌷၀၃။ဘုရားဖြစ်သည့်နေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

🌷၀၄။ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

🌷၀၅။ပရိနိဗ္ဗာန်စံသည့်နေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

🌷ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ဤရက်ကို `ကဆုန်လပြည့်
မာရ်အောင်နေ့´အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

🌷ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်
စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

🌷ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

❝ ကဆုန်လပြည့်နေ့ ဆိုသည်မှာ…❞
**********************************
ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကဆုန်လပြည့်နေ့ကို

•ကုဆုန်လပြည့် - ဗုဒ္ဓနေ့
•ကဆုန်လပြည့် - မာန်အောင်နေ့
•ကဆုန်လပြည့် - ဝိသာခါနေ့

ဟူ၍အမွှန်တင် ခေါ်ဝေါ် သတ်မှတ်ကာ ရိုးရာအစဉ် အလာများနှင့်အညီ ကျင်းပလေ့ရှိကြပါတယ်။

၁။ ကဆုန်လပြည့်နေ့၏ ထူခြားချက်များ
**************************************
❝ ဗျာဒိတ်၊ ဖွားမြင် ၊ ဗုဒ္ဓဝင် ၊ စံဝင် နိဗ္ဗာန်နန်း ❞

ဆိုတဲ့ ဆိုရိုးစကားနှင့်အညီ…
ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်၊ ဆည်းကပ်ရာ…
သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် ဆက်စပ်၍ ထူးခြားသည့် နေ့ထူးနေ့မြတ် အဖြစ်
ဘုရားရှင်ကို ရည်မှန်း၍ ကောင်းမှုကုသိုလ်များ
ပြုလုပ်ကြတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

ဆိုရိုးစကားအရ ဘုရားရှင်နှင့် ဆက်စပ်သော
ထူခြားသည်များမှာ နှစ်ကာလ အပိုင်းခြားမတူဘဲ ကဆုန်လပြည့်နေ့များတွင်သာ (၅)နေ့ တိုင်တိုင် ထူးခြားတိုက်ဆိုင်စွာ ဆက်စပ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့္ ဖြစ်ပါတယ်။

အဆိုပါ…
ကဆုန်လပြည့်နေ့ (၅)နေ့မှာ-

၁။ ဗျာဒိတ်ခံယူသည့်နေ့
လေးအသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်
ခြင်းအစ ကဆုန်လပြည့်နေ့

၂။ ဖွားမြင်တော်မူသောနေ့
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်နေ့
(သောကြာနေ့) ၊ ဘီစီ - (၆၂၃)ခု

၃။ ဘုရားဖြစ်တော်မူသောနေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်နေ့
(ဗုဒ္ဓဟူးနေ့) ၊ ဘီစီ - (၅၈၈)ခု

၄။ ဗုဒ္ဓ၀င် အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့
ဘီစီ - ( ၅၈၇)

၅။ ပရိနိဗ္ဗာန်စံတော်မူသောနေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်နေ့
(အင်္ဂါနေ့) ၊ ဘီစီ - ( ၅၄၃)

~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~

၂။ ကဆုန်လပြည့်နေ့နှင့် အမည်နာမ (၃)မျိုး
*****************************************
ဤကဲ့သို့…
ကဆုန်လပြည့်နေ့များတွင် ၌သာ
ဗုဒ္ဓဘုရားရှင်နှင့် ဆက်စပ်၍ ထူးခြားချက်(၅)မျိုး
နှင့် ဆက်စပ်တိုက်ဆိုင်မှု ရှိနေခြင်းကြောင့် ဤနေ့ကို
❝ ကဆုန်လပြည့် - ဗုဒ္ဓနေ့ ❞ အဖြစ်လည်းကောင်း

ဤကဲ့သို့…ကဆုန်လပြည့်နေ့တွင်ပဲ မာရ်နတ်ရန်ကို အောင်မြင်တော်မူခဲ့သောကြောင့် ဤနေ့ဤရက်ကို ❝ ကဆုန်လပြည့် - မာရ်အောင်နေ့ ❞ အဖြစ်လည်း ကောင်း

ဤကဲ့သို့…ကဆုန်လပြည့်နေ့တွင်ပဲ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
❝ ကဆုန်လပြည့်နေ့ - ဝိဆခ်ဒေး(ဝိသာခါနေ့) ❞ ဟူ၍ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍ မှတ်သားထားကြပြီ အမွှန်းတင် ခေါ်ဝေါ်ခဲ့ကြခြင်း
ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~

၃။ ကဆုန်ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာပုံ
*******************************************
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူး၊
နေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့ တွင် ပရိဘောဂစေတီ ထိုက်သော ဗောဓိပင်ကိုရေသွန်းလောင်း ပူဇော်ကာ ညောင်ရေသွန်းပွဲတော်ကို ရိုးရာ မပျက် ဆင်နွဲလေ့ ရှိကြပါတယ်။

အဘယ်ကြောင့်ဆိုသော် …
ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကို ရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် (၇)ပါးတွင် စာရင်းဝင် ဖြစ်ခြင်း တို့ကြောင့် ထူးခြား သော သစ်ပင်တစ်မျိုးအဖြစ် ယုံကြည်ကြခြင်း
ဖြစ်ပါတယ်။

ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက် ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ကပင် ပြုလုပ်လာခဲ့ကြခြင်း
ဖြစ်ပြီး မြန်မာ့ရိုးရာ (၁၂) ရာသီပွဲတော်များအနက် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲ တော်အဖြစ် အစဉ်အလာအတိုင်း သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါသည်။

~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~

၄။ ကုသိုလ်တရားနှင့် အကျိုးကျေးဇူး
***********************************
အသနဗောဓိယမထေရ်၏ အလောင်းတော်သည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ သော ကုသိုလ်ကြောင့် -
•နတ်ပြည်၌ နတ်ဖြစ်ရခြင်း
•လူပြည်၌ စကြာမင်း ဖြစ်ရခြင်း
•အပါယ်ဘေးမှ လွတ်ကင်းရခြင်း
စသည့် အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

ဂန္ဓောဒကတိဿမထေရ်၏ အလောင်းတော်သည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေ ဖြင့် သွန်းလောင်းရသော ကုသိုလ်ကြောင့်
•နတ်ပြည်၌ နတ်ဖြစ်ရခြင်း
•အနာရောဂါ မရှိခြင်း
•သောကကင်းဝေးခြင်း စသောအကျိုးများကို
ခံစားရပါသည်။

အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်၊နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင်ခြင်း၊ ဗုဒ္ဓအဘိသေကမင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း
ဖြင့် ကုသိုလ်အထူးကို ဆည်းပူးလေ့ ရှိကြပါတယ်။

~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~

၅။ လှူဒါန်းကုသိုလ် တိုက်တွန်းနှိုးဆော်ချက်
*****************************************
ကုသိုလ်ရှင်များအနေဖြင့် …
ကဆုန်လပြည့်နေ့မှာ
ဘုရား၊ကျောင်းကန်များသို့သွား၍ ဒါန၊ သီလ၊ ဘာဝနာပွားများပြီး အလှူအတန်း ပြုလုပ်ခြင်း
❝ကဆုန်လပြည့် - ဗုဒ္ဓနေ့❞ တွင် ညောင်ရေသွန်းပွဲ ဆင်နွှဲရင်း ကုသိုလ်ပြုနိုင်ကြစေရန် တိုက်တွန်း
နှိုးဆော်အပ်ပါတယ်။

🙏 🙏 🙏 🙏 🙏

Universal Holiday

FullmonDay2023

#ကဆုန်လပြည့်နေ​ြ
----------------------------

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"---------------------"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲရှိတာပေါ့ ရှိပေမယ့်လည်း...ဒီဒေါသကို ထုတ်မပြနိ...
03/05/2023

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"
---------------------
"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...
ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''

"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...
မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်နိုင်တာက ပညာပဲ''

"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း...
လူတကာကို လှပ်ပြပြီးပြောပြမနေတော့တာက
ပညာပဲ''

"လူပဲ ခံစားချက်ကတော့
အသက်ရှင်နေသ၍ ရှိနေဦးမှာပဲ
ဘယ်လို ပညာသားပါပါ ဖော်ထုတ်ပြမလဲဆိုတာပဲ
ကွာသွားကြတယ်''

"ဖေါ်ပြလို့ မထူးဘူးဆိုရင်
ဒီလိုပဲ အဆင်ပြေအောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်
ဘာကြောင့် ဒေါသတွေကြီးလဲ ဆိုတာကိုတော့...
သိကြမှာ မဟုတ်ဘူး''

"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ အဖတ်တင်တယ်
ကိုယ္ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''

"ဝမ်းနည်းတိုင်း ငိုပြနေရင်
ကိုယ်အားပျော့တာပဲ လူသိတယ်
ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက ခပ်များများဆိုတော့ နေတတ်အောင်နေမှ နေပျော်တဲ့ ဘဝလေးကိုရမှာ''

"လူဖြစ်လာပေမယ့်လည်း
ဒီလူတွေနဲ့နေဖို့ဆိုတာ တော်တော်လေး
အထာကျပြီး ရင့်ကျက်နိုင်မှ တော်ကာကျတယ်''

"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''

"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ တကယ့်ပညာပါဘဲ
လောကအလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည်
ဒီကြားထဲတော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်နေလိုက်ပါ့မယ်''

to original writer

Wifi Userတွေအတွက် မကြာခဏအမေးများလို့ ဖော်ပြပေးလိုက်ပါတယ်။ မလိုအပ်တဲ့ Device တွေကို အလွယ်ကူဆုံးဖြုတ်ချပစ်မယ်..ကျွန်နော်ကတ...
18/04/2023

Wifi Userတွေအတွက် မကြာခဏအမေးများလို့ ဖော်ပြပေးလိုက်ပါတယ်။

မလိုအပ်တဲ့ Device တွေကို အလွယ်ကူဆုံး
ဖြုတ်ချပစ်မယ်..

ကျွန်နော်ကတော့ Tp link Router မှာစမ်းပြထားခြင်းဖြစ်ပါတယ်..
တခြားသော Routerတွေလည်းသက်ဆိုင်ရာ IP Address ကို ရိုက်ထည့်ပြီးအသုံးပြုနိုင်ပါတယ်။

ကဲစလိုက်ကြရအောင်🤞

ပထမဆူံးအနေနဲ့ Wifiနဲ့ဖုန်းကိုချိတ်ဆက်ထားပီးသက်ဆိုင်ရာ IPကိုအသူံးပြု၍browserတစ်ခုမှာ Loginဝင်လိုက်ပါ။

ကျန်တာတော့ ပုံပါအတိုင်းဆက်လုပ်ပေးလိုက်ယုံပါပဲ

အဆင်ပြေကြပါစေ❤️❤️❤️

အမေးများတဲ့ mytel business plan cardအမြဲရပါတယ်ခင်ဗျာတစ်ကဒ် - 5000နှစ်သက်ရာ Planကို တစ်ခါထဲဝယ်ပေးရမယ်☎️ 09773726827,09799...
01/04/2023

အမေးများတဲ့ mytel business plan card
အမြဲရပါတယ်ခင်ဗျာ

တစ်ကဒ် - 5000
နှစ်သက်ရာ Planကို တစ်ခါထဲဝယ်ပေးရမယ်

☎️ 09773726827,09799979809

Skynet.Update.binမူရင်း လိုအပ်ရင်ယူပါ.... ,SN DTHလူကြီးမင်းတို့၏ စက်များကို USB ဖြင့် Upgrade ပြုလုပ်နိုင်ရန် အောက်ပါ Li...
22/08/2022

Skynet.Update.bin
မူရင်း
လိုအပ်ရင်ယူပါ....

,SN DTH

လူကြီးမင်းတို့၏ စက်များကို USB ဖြင့် Upgrade ပြုလုပ်နိုင်ရန် အောက်ပါ Linkများ တွင် Download ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

USB အတွင်းတွင် Folder တည်ဆောက်ပေးရန်မလိုပါ။ Download ပြုလုပ်ပြီး USB အတွင်းသို့ ကူးယူ၍ Update ပြုလုပ်နိုင်ပြီဖြစ်ပါသည်။
(မှတ်ချက်၊ ၊ HD နှင့် SD file မတူပါ။ USB တစ်ခုအတွင်း အတူတကွထည့်သွင်းထားခြင်း မပြုပါနှင့် File နာမည်အားပြောင်းလည်းခြင်းမပြုပါ
ရန် မေတ္တာရပ်ခံအပ်ပါသည်။)
USB Update ပြုလုပ်ပုံ အဆင့်ဆင့်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

၁. UPDATE ပြုလုပ်ပုံ USB စတစ်ကို စက်၏ နောက်တွင်တပ်ဆင်လိုက်ပါ (USB DETECT ပေါ်လာပါလိမ့်မည်)
၂. Remote မှ MENU ကိုနှိပ်ပါ။
၃. ထို့နောက် USB Menu သို့ ၀င်ပါ။
၄. USB Menu ထဲမှ USB Upgrade ကို ရွေးချယ်ပါ။

SET TOP BOX မှ အလိုလျောက် UPDATE ပြုလုပ်ပါလိမ့်မည်။ (မီးခလုတ်ပိတ်ခြင်းများကို မပြုလုပ်ပါနှင့်)

Firmware Links
(မိမိစက်အမျိုးအစားရွေးချယ်ဒေါင်းယူပါ)
---------------------------------------
NL-S7812(NL-HD)
http://www.mediafire.com/download/cr3atecqc8lz7ih/oadUSB.bin

KHDS-862 (New Device)
http://www.mediafire.com/download/99311c2mw9cu316/KONKA_Auto_USBUpdate.SDL

SD SN-8600
(SN-8218 နှင့်ပုံစံဆင်တူသော်လည်း
နောက်တွင် HDMI အပေါက်မပါ၀င်ပါ။)
http://www.mediafire.com/download/ox585oryinyr7gx/OTA.bin

HD SN-8218 (စက်၏မျက်နှာစာတွင်
1080p HDMI အမှတ်အသားပါရှိပါသည်။)
http://www.mediafire.com/download/4148m3w7m5gzgfj/m88vs3001_app.bin

HD SN-8218 (အဟောင်း)
(စက်၏မျက်နှာစာတွင်
1080p HDMI အမှတ်အသားပါရှိပါသည်။)
http://www.mediafire.com/download/2lbacs4n9vpckos/OTA.bin

HD NL-S3601 (အနက်ရောင်)
http://www.mediafire.com/download/153tipqq8mh54gz/SKYNET_3601HD_20130722.abs

SD NL-S3381
(စက်၏ဘယ်ဘက်မျက်နှာစာ
ထောင့်တွင်ဖေါ်ပြထားပါသည်)
http://www.mediafire.com/download/212tqa805tcgbnj/M3381_V1012_20130128.abs

SD NL-S3560 102 Remote Control ငွေရောင် (စက်၏ ဘယ်ဘက်မျက်နှာစာထောင့်တွင် ဖေါ်ပြထားပါသည်။)
http://www.mediafire.com/download/gb16xoi51p8h7nr/newland_hi3560q-s2_updatefile_1002.dld

SD NL-S3560 101 Remote Control အမဲရောင် (စက်၏ ဘယ်ဘက်မျက်နှာစာထောင့်တွင် ဖေါ်ပြထားပါသည်။)
http://www.mediafire.com/download/148ke4uiwz5gi0d/NewLand_Hi3560Q-S2_UpdateFile.dld

>>လင်းဇော်(မြွေကြည်ကုန်း)

MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

Address

Myaungmya

Telephone

+959799979809

Website

Alerts

Be the first to know and let us send you an email when P&K Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share