Top Star Car Accessories

Top Star Car Accessories ကားအလှဆင်ပစ္စည်းများကို ယုံကြည်စိတ်ချစွာဖြင့်
ဝယ်ယူအားပေးနိုင်ပါသည်။

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏🌟 လက်တလော ဖြစ်ပေါ်နေသော ဘေးအန္တရာယ်ဆိုးကြီးကြောင့် မင်မင်တို့ ဆိုင်လေး အရောင်း ခဏရပ်နားထားပါတယ် ...
04/04/2025

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏

🌟 လက်တလော ဖြစ်ပေါ်နေသော
ဘေးအန္တရာယ်ဆိုးကြီးကြောင့် မင်မင်တို့ ဆိုင်လေး အရောင်း ခဏရပ်နားထားပါတယ် ခင်ဗျာ

🌟 တတ်နိုင်သမျှလည်း ကူညီပေးနေပါတယ် ခင်ဗျာ

🌟 မြန်မာပြည်သား အားလုံး ကျန်းမာပျော်ရွှင် အဆင်ပြေချောမွေ့ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ခင်ဗျာ

Top Star Car Accessories

ဓါတ်ပုံ ယူသုံးခွင့်ပြုပါ ခင်ဗျာ 🙏🙏🙏

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏✨ အသံလုံလိုင်နာ ( B- Liner ) လေးပြန်ရပါပြီ ခင်ဗျာ✨ လူကြီးမင်းတို့ ကားလေးမှာတပ်ဆင်ထားမယ်ဆိုရင် ပု...
06/03/2025

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏

✨ အသံလုံလိုင်နာ ( B- Liner ) လေးပြန်ရပါပြီ ခင်ဗျာ

✨ လူကြီးမင်းတို့ ကားလေးမှာတပ်ဆင်ထားမယ်ဆိုရင် ပုံမှန်ထက် အသံပိုလုံမယ် ဖုန်ပိုလုံမယ် အအေးပိုလုံစေပါတယ် ခင်ဗျာ

✨ ရာသီဥတုကလည်းပူလာပြီဆိုတော့ တပ်ဆင်ထားသင့်တဲ့ ပစ္စည်းကောင်းလေးတစ်ခုပါ ခင်ဗျ

✨ တစ်ခွေမှာ 16 ပေ ပါပါတယ် ခင်ဗျာ

✨ Price ....... 1 ခွေ ..... 9000 Ks

Ph - 09772636163

🙏🙏🙏 ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးပါသော အမြို့မြို့အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ကျန်းမာချမ်းသာ လန်းဖြာ ကြပါစေ ခင်ဗျာ 🙏🙏🙏

Top Star Car Accessories

31/01/2025

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏

✨ လူကြိုက်များပြီး ရောင်းအကောင်းဆုံး 3 layers ဇကာပိုက်အိတ်လေးပြန်ဝင်လာပါပြီ ခင်ဗျာ

✨ အသုံးဝင်ပုံကိုတော့ အများကြီးမပြောတော့ပါဘူး ခင်ဗျ သုံးစွဲဖူးသူတိုင်းနှစ်သက်တဲ့ ပစ္စည်းလေးတစ်ခုပါ

✨ Price ....... 1pec.....14000 Ks

✨ Ph - 09772636163

🙏🙏🙏 ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးပါသော အမြို့မြို့အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ် များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်
ခင်ဗျာ 🙏🙏🙏

Top Star Car Accessories

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏✨ ကားတိုင်းအတွက် အသုံးဝင်သော အလွယ်တကူအသုံးပြုနိုင်တဲ့ ဘီးဖြုတ်အကူပစ္စည်း ဂျိုက်လှည့်တံ Wrench လေ...
29/01/2025

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏

✨ ကားတိုင်းအတွက် အသုံးဝင်သော အလွယ်တကူအသုံးပြုနိုင်တဲ့ ဘီးဖြုတ်အကူပစ္စည်း ဂျိုက်လှည့်တံ Wrench လေး ပြန်ရပါပြီ ခင်ဗျာ

✨ အရေးပေါ် ဘီးဖြုတ်တပ်ဖို့ အတွက် ဒီပစ္စည်းလေးက အကောင်းဆုံးပါပဲ ခင်ဗျ

✨ ရှေ့နောက်ကို အလွယ်တစ်ကူပြောင်းနိုင်ပြီး အမျိုးသမီးများတောင် အားစိုက်စရာမလိုပဲ အလွယ်တကူ ဘီးကြပ်လို့ရပါတယ်

✨ အလွန်အသုံးဝင်သော ပစ္စည်းလေးမို့ ကားတိုင်းအတွက် ဆောင်ထားသင့်သော ပစ္စည်းကောင်းလေးတစ်ခုပါ ခင်ဗျာ

Price ....... 14000 Ks

Ph - 09772636163

🙏🙏🙏 ဝယ်ယူအားပေးပါသော အမြို့မြို့ အနယ်နယ်မှ မိတ်ဟောင်း မိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ 🙏🙏🙏

Top Star Car Accessories

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏✨ အနံ့ဆိုးစုပ် ကြောင်ရုပ် ခွေးရုပ်လေးပြန်ရောက်ပါပြီ ခင်ဗျာ✨ အသားလေးလည်း ကောင်းပြီး အပြင်ပုံလေးပြ...
27/01/2025

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏

✨ အနံ့ဆိုးစုပ် ကြောင်ရုပ် ခွေးရုပ်လေးပြန်ရောက်ပါပြီ ခင်ဗျာ

✨ အသားလေးလည်း ကောင်းပြီး အပြင်ပုံလေးပြပေးထားပါတယ် ခင်ဗျ

✨ Price ....... 9500 Ks

✨ Ph - 09772636163

🙏 ယုံကြည်စိတ်ချစွာဝယ်ယူအားပေးပါသော အမြို့မြို့အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ🙏

Top Star Car Accessories

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏🌟 Door Stopper Chevrolet logo လေး 5 စုံရပါအုံးမယ် ခင်ဗျာ🌟 တစ်ကဒ်မှာ 12 ခု ပါပါတယ် ခင်ဗျ🌟 Logo ပု...
25/01/2025

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏

🌟 Door Stopper Chevrolet logo လေး 5 စုံရပါအုံးမယ် ခင်ဗျာ

🌟 တစ်ကဒ်မှာ 12 ခု ပါပါတယ် ခင်ဗျ

🌟 Logo ပုံမကြိုက်လည်း အလွယ်တကူ ခွာပြီး အသုံးပြုလို့ရပါတယ် ခင်ဗျာ

🌟 Price ....... 9500 Ks

🌟 Ph - 09772636163

🙏 ယုံကြည်စိတ်ချစွာဝယ်ယူအားပေးပါသော အမြို့မြို့အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ 🙏

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏✨ ရောင်းအကောင်းဆုံး ကားအတွင်းခန်း အလှဆင်ခြေနင်းမီးလေးပြန်ရောက်ပါတယ် ခင်ဗျာ✨ အရောင် 8 ရောင်ပြောင်...
22/01/2025

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏

✨ ရောင်းအကောင်းဆုံး ကားအတွင်းခန်း အလှဆင်ခြေနင်းမီးလေးပြန်ရောက်ပါတယ် ခင်ဗျာ

✨ အရောင် 8 ရောင်ပြောင်းနိုင်ပြီး အလင်း အတိုးအလျော့ သီချင်းသံနဲ့ လိုက်ဖက်တဲ့ function ကိုလည်း ပြောင်းနိုင်ပါတယ်

✨ Led မီး 9 ပွင့်ပါပြီး စီးကရက်ခေါင်းနဲ့ရပါမယ် ခင်ဗျ

✨ ခေါင်းမှာ အဖွင့်အပိတ် ခလုပ်လေးပါဒါမို့ အသုံးပြုရလွယ်ကူစေပြီး အလွယ်တကူလည်း တပ်ဆင်လို့ရပါတယ် ခင်ဗျာ

🌟 ဈေးလေးအနည်းငယ်တက်ပါတယ် ခင်ဗျ
ဈေးကျသွားရင် ပြန်ချပေးပါ့မယ် ခင်ဗျာ 🙏🙏🙏

Price ....... 25000 Ks

🌟 Ph - 09772636163

🙏🙏🙏 ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးပါသော အမြို့မြို့ အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်
ခင်ဗျာ 🙏🙏🙏

Top Star Car Accessories

21/01/2025

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏

✨ ပစ္စည်းပြတ်သွားအောင်ရောင်းရတဲ့

🌟ကားအတွင်းခန်း UV Umbrella ထီးလေးတွေပြန်ရပါပြီ ခင်ဗျာ

✨ နေပူရှိန်ကြောင့် Car Dashboard ကွဲအက်ခြင်းကိုကာကွယ်ပေးပြီး အတွင်းခန်းအပူချိန်ကိုလျော့ချပေးမယ့် ပစ္စည်းကောင်းလေးတစ်ခုပါ ခင်ဗျ

✨ ကားအတွင်းခန်းထဲမှ အသုံးပြုရဒါမို့ အပြင်မှ ဖြုတ်ယူသွားမှာကိုလည်း စိုးရိမ်စရာမရှိပါဘူးခင်ဗျ

✨ အသုံးပြုပြီးပါကလည်း အလွယ်တကူ သိမ်းဆည်းနိုင်ပြီး ထီးထည့်ဖို့ လည်သာအိတ်လေးလည်း ပါပါတယ် ခင်ဗျာ

✨ Price ....... 22000 Ks

Ph -09772636163

🙏🙏🙏 ဝယ်ယူအားပေးပါသော အမြို့မြို့အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ 🙏🙏🙏

Top Star Car Accessories

အင်ဂျင်ဟိတက်တဲ့အခါ လုပ်ဆောင်ပေးရမည့်အချက်များ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~၁။ fan motor လည်မလ...
20/01/2025

အင်ဂျင်ဟိတက်တဲ့အခါ လုပ်ဆောင်ပေးရမည့်အချက်များ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁။ fan motor လည်မလည်အရင်စစ်ဆေးပါ။

ကားကို လမ်းဘေးခဏရပ်ပြီး စက်နှိုးလျက်သားရေတိုင်ကီထိပ်ကပန်ကာလည် မလည်ကြည့်ရမှာဖြစ်ပါတယ်။ မလည်ရင် မော်တာကိုသံချောင်းနဲ့ အနည်းငယ်ခေါက်ကြည့်ရမယ်၊ ဆော့ကဒ်တွေလွတ်နေရင်ပြန်စွပ်ပေးပါ။ ဝါယာပြတ်နေရင် ဆက်ပေးနိုင်ပါတယ်။

၂။ ရေအယိုအစိမ့်ကို ပတ်ပတ်လည်စစ်ဆေးပါ။

ရေပိုက်အဆက်တွေ၊ ရေပြန်ဗူး၊ ရေလည်အုံနှင့် core plugတွေကနေ အများဆုံးယိုစိမ့်တတ်ပါတယ်။ အနည်းငယ်ယိုတာလောက်ဆိုရင် ရေထပ်ထပ်ဖြည့်ပြီး

မိုင်အနည်းငယ်ဆက်မောင်းသွားလို့ရပါတယ်။

၃။ ရေပြန်ဗူး/ရေတိုင်ကီမှာ ရေလျော့မလျော့။

အင်ဂျင်ဟိတက်တဲ့အခါ ရေပြန်ဗူးကနေရေတွေအပြင်ကို လျှံကျသွားတတ်လို့ လိုအပ်ရင်ဖြည့်ပေးရပါမယ်။

အင်ဂျင်အေးသွားပီဆိုရင်တော့ ရေတိုင်ကီဖုံးဖွင့်ပြီးတော့ ရေပြည့်အောင်ထည့်ပေးရပါမယ်။ ပူနေတဲ့အချိန်မှာ ရေတိုင်ကီဖုံး မဖွင့်မိပါစေနဲ့။

၅။ သာမိုစတက်ပွင့်မပွင့် အာရုံခံကြည့်ပါ။

စက်ရပ်ပြီးအင်ဂျင်အေးသွားတဲ့အထိစောင့်ပါ။ စက်နှိုးထားပြီးရေတိုင်ကီကနေ အင်ဂျင်နဲ့ဆက်သွယ်ထားတဲ့ရေပိုက်နှစ်ပိုက်ကို လက်နဲ့ကိုင်ကြည့်ပါ။

တစ်ပိုက်ကဖြည်းဖြည်းချင်းပူလာပါလိမ့်မယ်။

နောက်တစ်ပိုက်ကအတော်ကြာအောင်နှိုးထားပေမဲ့ နွေးရုံပဲနွေးတယ် ပူမလာဘူးဆိုရင်တော့ သာမိုစတက်မပွင့်လို့ ဟိတက်နေတာဖြစ်ပါတယ်။

လက်နက်ကိရိယာပါတယ်ဆိုရင် သာမိုစတက်ကို ဖြုတ်ပြီးပြန်မောင်းလို့ရပါပြီ။

၆။ ရေတိုင်ကီ/အင်ဂျင် ကနေ လေချူကြည့်ပါ။

ရေသွားလမ်းကြောင်းများမှာ လေတွေတစ်ခံနေရင်လည်း ကောင်းစွာမလည်ပတ်နိုင်တဲ့အတွက် ဟိတက်ပါတယ်။

ရေတိုင်ကီထိပ်နှင့် အင်ဂျင်အပေါ်ပိုင်းမှာ လေချူခေါင်းလေးတွေကနေ ဖွင့်ထုတ်ပေးရမှာဖြစ်ပါတယ်။

အဲ့တာလေးတွေမပါရင်လည်း ရေတိုင်ကီဖုံးကနေပဲချူနိုင်ပါတယ်။

လမ်းမှာအရေးပေါ်ဖြစ်တဲ့အခါ ကားမောင်းသူကိုယ်တိုင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ဘာကြောင့်ပဲ ဟိတက်ပါစေ ကြာကြာဆက်မမောင်းသင့်ပါဘူး။



မူရင်းရေးသားသူအားလေးစားစွာဖြင့်credit ပေးပါသည်

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏🌟 ကားမိုးကာအုပ် အကြီးဆိုဒ်လေးပြန်ရောက်ပါပြီ ခင်ဗျ🌟 ဘက်မှန်အုပ်လေးပါ ပါလို့ ပိုအဆင်ပြေပါတယ် ခင်ဗျ...
19/01/2025

🙏🙏🙏 မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏

🌟 ကားမိုးကာအုပ် အကြီးဆိုဒ်လေးပြန်ရောက်ပါပြီ ခင်ဗျ

🌟 ဘက်မှန်အုပ်လေးပါ ပါလို့ ပိုအဆင်ပြေပါတယ် ခင်ဗျ

🌟 မိမိကားမှန်လေးကို လုံလုံခြုံခြုံရှိစေချင်တယ်ဆို
ဒါလေးယူဖို့ အကြံပြုချင်ပါတယ် ခင်ဗျ

Price ....... 16000 Ks

Ph - 09772636163

🙏🙏🙏 ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးပါသော အမြို့မြို့အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ
အားလုံး ကျန်းမာရွှင်လန်းကြပါစေ 🙏🙏🙏

Top Star Car Accessories

ရိုးရိုး {Manual Gear}  ကို ဘယ်လို မောင်းမလဲ.....?ကား မ မောင်းတတ်သေး တဲ့ fri များ အတွက် ဗဟုသုတ နှင့် အခြေခံနားစေလည် ရန် ...
17/01/2025

ရိုးရိုး {Manual Gear} ကို ဘယ်လို မောင်းမလဲ.....?

ကား မ မောင်းတတ်သေး တဲ့ fri များ အတွက် ဗဟုသုတ နှင့် အခြေခံနားစေလည် ရန် ရည်ရွယ်ထားပါသည် ။

( manual gear type )
ကို ဖော်ပြ ပါမည် ။
👉manual gear သည် အောက် တွင် ပြထားသည့် ပုံအတိုင်း ထိုးရမည်။
👉manual gear ကားများတွင် ခြေနင်း ၃ ခု ပါသည်။
👉 ညာဘက် အစွန် သည် လီဗာ
👉 အလယ် သည် ဘရိတ်
👉 ဘယ်ဘက်တွင် ကလပ် ရှိသည် ။

👉 ဘရိတ်နှင့် လီဗာကို ညာခြေဖြင့် သုံးရမည်ဖြစ်ပြီး
👉 ကလပ်ကိုဘယ်ခြေဖြင့် သုံးရမည် ။

👉 လီဗာကို ကား အရှိန်မြှင့်၇န်
👉 ဘရိတ် ကို အရှိန် လျှော.ရန်
👉 ကလပ် ကို gear freeပြုလုပ် ရန် သုံးသည် ။

🔢ဂီယာ numberအားသိရန်စမ်းသပ် ပုံမှာကလပ် ကိုနင်း၍ gear တံကို ဘယ်ညာ လှုပ် ရမ်းကြည့် လိုက်ပါ။
အနည်းငယ်သာလှုပ်၍ရပြီး ထောက်နေပါက gear ၀င်နေသည်။
။အောက်မှပုံကို ကြည့် ၍လေ့လာပါ။
👉 ဂီယာ တည် ရှိ ရာ နေရာ ကို ထို ပုံကို ကြည်.၍ ခန့်မှန်းပါ။
👉 ဂီယာတံအား N နေရာရောက် အောင် ကလပ် နင်းပြီး ရွှေ့လိုက်ပါ။
👉 ဂီယာ တံကို ဘယ်ညာ လှုပ် ကြည့်ပါက ချောင်ချောင် ချိချိ လှုပ်၍ရ ပြီဆို ပါက gear free အ နေ အထားပင် ဖြစ်သည် ။

👉 ကားကို စက်စနှိုး တော့မည် ဆိုပါက gearကို free အ နေအထားရှိရမည်။
👉 ကလပ်ကိုနင်း ၍နှိုး ရမည်(gear freeဖြစ်ပါက နှိုး ၍၇သော ကြောင့် N နေ ရာတွင် ထား လျှင် လည်း ရ သော ကြောင့် Nနေရာသို့ ေရွ့ထားပါက ပို ကောင်းသည်)မြေ မညီ ပါ က ကား လိမ့် နိုင် သဖြင့် brakeကို လည်း နင်း ထားပါ။
👉 ထို့ နောက် သော့ကို ညာလှည့် ပြီးစက်နှိုး လိုက်ပါ ။
👉 စက်နှိုး ပြီးပါက ကလပ် ကို နင်းထားရင်း gear ကို 1နေ ရာ သို့ ထိုး လိုက်ပါ ။
👉 လီဗာကို အနည်း ငယ် နင်း ထားပြီးကလပ် ကို ဖြေးဖြေး ချင်း လွှတ်လိုက်ပါ ။
👉 ကားသည် ဖြေးဖြေးချင်း ရွှေ့သွားပါက ကလပ်ကို လွှတ် ရင်း လီ ဗာကို အနည်းငယ် ထပ် နင်း ပါ(လီဗာ ကို မနင်း ထား ပါက စက် ရပ် သွားမည်)
👉 ကလပ် ကို အဆုံး လွှတ်ပြီး လီဗာကို နင်းထားပါက ကား စတင် ပြေးမည် ဖြစ်သည်။
👉 လီဗာကို မြှင့် မောင်း ရင်းကားသည် လို သ လောက် မ ပြေးဘဲ လေး နေ ပါက ကလပ် ကို နင်း ၍ ဂီယာ ကို 2,3,4,5အစဉ် လိုက် တင် ၍ မောင်းပါ ။

👉✋ အရှိန် နည်းနည်း ဖြင့် ဘရိတ် အုပ် လျှင် ကလပ် တွဲနင်း ပါ ။
👉 ဂီယာ နံ ပါတ် အ သေး သည် အကြီး လောက် မမြန် သော် လည်း ရုန်း အားပို ကောင်းသည်။
(ဂီယာ ပင်နယံ ကို မဆိုလိုပါ။ နံပါတ် ၁ သည် ၄ လောက် မမြန်)
👉 အမြင့် တက် ရာ တွင် နံပါတ် အ သေး ပြောင်းပါ ။
👉 ဂီယာ ကို လို သလို ပြောင်းလဲ အသုံး ပြုနိုင် အောင် လေ့ ကျင့် ပါ ။
👉 ကားကို နောက် ဆုတ်မည် ဆို ပါက R နေ ရာ တွင် ဂီယာကိုထားရမည် ။
👉 နောက်ကြည့် မှန် ကို ကား.မောင်း တိုင်း ကြည့် ရမည်။
👉 ထိုမှန်မှသာ ကြည့် ၍ နောက်မှ အရာများကို မထိ အောင် မောင်း ရမည် ။

✋ကုန်းတက်မှာ ရပ်ထားမယ်ဆိုရင်
👉 ကလပ်နဲ့ ဘရိတ်တွဲနင်းပါ(အချိန်အဆ တော့ လိုပါတယ်)
👉 နံပါတ် ၁ ထိုးထား ပါ။
👉 ဟန်းဘရိတ်ဆွဲထားပါ။
👉 စက်သတ်ပါ။

↖ပြန်ထွက်ချင်ရင်
☝☝☝ ဟန်းဘရိတ် ကောင်းရင်(ဝန် ကို ထိန်းနိုင်ရင်)
တော့
👉 ကလပ်နင်း၊ စက်နိုး ၊
👉 လီဘာမှေးရင်း
👉 ဟန်းဘရိတ်ဖြုတ် ၍ တက်သွားရင်ရပါတယ်။👍👍👍

☝ဟန်းဘရိတ် မကောင်း(ဝန်ကို မနိုင်ရင်)တော့
👉 ဘရိတ်နင်းထားပါ။(လီဘာနဲ့ ဘရိတ်တွဲ နင်းရမယ်)
👉 ကလပ်နင်း၊စက်နိုး
👉 ဟပ်ကလပ်သုံး၍ တက်ရပါမယ်။
ကလပ်နှင့်လီဘာ ကိုကျွမ်းကျင်အောင် လေ့ကျင့်နေမှ အဆင်ပြေပါမယ်။

👉 နောက် ဆုံး အ နေ နဲ့ fri များကို ပြောချင် တာက ကား စ မောင်း ပါက-
👉 မိမိ ကိုယ်ကို ယုံပါ။
👉 မကြောက်ပါနဲ့။
👉 စိတ်ကို ရဲ ရဲ ထားပါ ။👍👍👍👍

Credit》》အများပြည်သူသိရှိစေရန်
ပြန်လည်ကူးယူ မျှဝေခြင်းသာ ဖြစ်ပါတယ်။

🚘ကားတစ်စီးကို ကျွမ်းကျင်စွာမောင်းနှင်တတ်ဖို့ သိထားရမယ့်အခြေခံအချက်များ💯✅မြို့တွင်းမှာ မောင်းမယ်ဆိုရင်တော့ 3️⃣နာရီနဲ့ 9️⃣...
14/01/2025

🚘ကားတစ်စီးကို ကျွမ်းကျင်စွာမောင်းနှင်တတ်ဖို့ သိထားရ
မယ့်အခြေခံအချက်များ💯✅

မြို့တွင်းမှာ မောင်းမယ်ဆိုရင်တော့ 3️⃣နာရီနဲ့ 9️⃣နာရီ အနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊ အမြန်လမ်းမှာဆိုရင်တော့ 4️⃣နာရီနဲ့ 8️⃣နာရီ အနေအထားတွေကိုင်ပြီး မောင်းနှင်ရင်လူသက်သာပါတယ်
(2️⃣နာရီနဲ့ 🔟နာရီ အနေအထားတွေကတော့ လေအိတ်မပါတဲ့ကားဟောင်းတွေ၊ လက်ကိုင်ဂွေကြီးမားတဲ့ကားတွေနဲ့ ပါဝါစတီယာရင်စနစ်မပါဝင်တဲ့ ကားတွေအတွက်ပါ။)
လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုးတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ❗️

လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း❗️

လူအများစု အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ကြတဲ့ အကြောင်းအရာလေးတစ်ခုကတော့ လေအိတ်ပါပဲ။ ယာဉ်မတော်တဆမှုဖြစ်လို့ လေအိတ်ပွင့်လာခဲ့ရင် လက်ကိုင်ဂွေနဲ့နီးကပ်စွာ ရှိနေခဲ့ပါက နံရိုးကျိုးတာတွေ၊ မီးလောင်သလို အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် လက်ကိုင်ဂွေနဲ့ အနည်းဆုံး တစ်ပေခွဲလောက် အကွာအဝေးရှိနေရပါမယ်။✅

တာယာလေပေါင် ပုံမှန်မစစ်ဆေးခြင်း❗️

ယာဉ်မောင်းသမား အများစုဟာ လေချိန်ဖို့ အနည်းငယ်ပျင်းတတ်ကြလေ့ရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီဆိုင်တွေမှာ လေချိန်လို့ရတာတောင် ချိန်ဖို့ပျင်းနေတတ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့ လမ်းမကြုံရင် (သို့) ကားမောင်းနေရင်း ဆိုင်တွေ့မှ ဝင်ချိန်တတ်ကြပါတယ်။ တာယာဟာ သင့်ကားရဲ့အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ပုံမှန်လေချိန်တာမျိုးတွေပြုလုပ်ပေးသင့်ပြီး ခရီးဝေးသွားမယ့်အခါမျိုးတွေမှာ နိုက်ထရိုဂျင်
လေထိုးသွားကြဖို့ အကြံပေးလိုက်ပါရစေ✅

ဘေးမှန်များ အချိန်အဆလွဲနေခြင်း❗️

လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့ အချိန်တွေမှာ ဘေးမှန်က အချိန်အဆလွဲနေရင် မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း လူတိုက်မိတာတို့ လမ်းပြောင်းတုန်း သူများကား သွားပွတ်မိတာ တို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေးမှန်နှစ်ဖက်လုံးကို နောက်ကော ဘေးကော နှစ်ဘက်လုံး ထင်မြင်အောင် သေချာချိန်ထားပါ။✅

(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)
မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်

Address

Yangon
Myaungmya

Telephone

+959772636163

Website

Alerts

Be the first to know and let us send you an email when Top Star Car Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Top Star Car Accessories:

Share