Technology Gateway

Technology Gateway Web Development and Mobile Application Development Center

Website နှင့် Web Application များရေးသားပေးခြင်း

Mobile Application များရေးသားပေးခြင်း

Web Development နှင့်သက်ဆိုင်သော PHP, JavaScript, CSS, HTML စသော သင်ခန်းစားများကို မှျဝေပေးခြင်း / ရောင်းချခြင်း

Mobile Application Development နယ်ပယ်တွင် Latest Language ဖြစ်သော Flutter (Dart programming language) သင်ခန်းစာများကို မျှဝေပေးခြင်း တို့ကို လုပ်ဆောင်ပါသည်။

Invoice MasterOnline shop လုပ်တဲ့ သူတွေအတွက် လုံးဝ သုံးသင့်တဲ့ professional Invoice maker လေးကို ထုတ်လုပ်လိုက်ပါတယ်ခင်ဗျ...
23/08/2022

Invoice Master
Online shop လုပ်တဲ့ သူတွေအတွက် လုံးဝ သုံးသင့်တဲ့ professional Invoice maker လေးကို ထုတ်လုပ်လိုက်ပါတယ်ခင်ဗျာ။

PlayStore မှ install ပြုလုပ်နိုင်ပါပြီ

https://play.google.com/store/apps/details?id=com.technologygateway.invoicemaster

Developer တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?၁။ ဖြစ်ချင်စိတ် ရှိဖို့ လိုအပ်ပါတယ်။၂။ နားလည်ပေးနိုင်တဲ့ မိသားစု လိုအပ်ပါတယ်။၃။...
04/12/2021

Developer တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ?

၁။ ဖြစ်ချင်စိတ် ရှိဖို့ လိုအပ်ပါတယ်။
၂။ နားလည်ပေးနိုင်တဲ့ မိသားစု လိုအပ်ပါတယ်။
၃။ လေ့လာမူ အားကောင်းရပါမယ်။
၄။ computer တစ်လုံးလိုအပ်ပါတယ်။

၁။
ဖြစ်ချင်စိတ်ရှိဖို့ လိုအပ်တယ် ဆိုတဲ့နေရာမှာ
ငယ်ငယ်က စွန်းဝူခုံးဖြစ်ချင်သလို ပါဝါရိန်းဂျား ဖြစ်ချင်သလို ယောင်ဝါးဝါး ဖြစ်ချင်စိတ်မျိုးတွေနဲ့တော့ မရပါဘူး။ တုံးတိုက်တိုက် ကျားကိုက်ကိုက် မပြောင်းလဲတဲ့ ဖြစ်ချင်စိတ်မျိုးရှိဖို့လိုအပ်တာပါ။

၂။
Developer တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေချိန်မှာ မိသားစု တွေကလည်း နားလည်ပေးနိုင်ရပါမယ် ။
" နင်လုပ်နေတာ ပိုက်ဆံ တစ်ပြားမှ ရတာမဟုတ်ပူး ပိုက်ဆံရတဲ့ အလုပ်လေး တစ်ခုခုလုပ်ပါလား။ နင့်သူငယ်ချင်းတွေ တစ်လကို ဘယ်လောက် ရနေပြီ ဘယ် company မှာ ဘယ်ရာထူး ဖြစ်နေပြီ "
ဆိုပြီး ထိုးနှက်မှုတွေရှိရင်တော့ လမ်းခုလပ်မှာ မျော်လင့်ချက်တွေ ပျက်သွားနိုင်ခြေများပါတယ်။
ဒါကြောင့်မိသားစုရဲ့ အားပေး၊ နားလည်ပေးမူတွေလည်း အရေးကြီးတဲ့ နေရာမှာ ပါဝင်ပါတယ်။

၃။
programming ဆိုတာ သင်တန်းတက်ပြီး သင်ယူတာထက် ကိုယ်တိုင် လေ့လာတာက ပိုကောင်းပါတယ်။
ကျနော် ကိုယ်တိုင် programming နဲ့ပတ်သက်ပြီး မည်သည့်သင်တန်းမှ မတက်ဖူးပါ။ ဒီတော့ ကိုယ်တိုင်လေ့လာမယ်ဆိုရင် အဓိကလိုအပ်တာက Eng လို ဖတ်တတ်ရပါမယ်။
အစပိုင်းမှာ ဖတ်ပေမဲ့နားမလည်တာတွေရှိနိုင်ပါတယ် ဒါပေမဲ့ ထပ်ကာထပ်ကာ ဖတ်ပါ နားမလည်ရင် YouTube video တွေရှာကြည့်ပါ။
ဘယ်စာတွေကို ဖတ်ရမလဲ ?
မိမိလေ့လာမဲ့ language ရဲ့ offical documentation ကိုဖတ်ရမှာဖြစ်ပါတယ်။ w3school လို site တွေက ရှင်းလင်းချက်တွေကို ဖတ်ရမှာပါ။ နောက်ထပ် အရေးကြီးတာတစ်ခုက
ကိုယ်တိုင် ရေးကြည့်ရပါမယ်။
ကိုယ်တိုင် မရေးရင် ဘာမှ တတ်မှာ မဟုတ်ပါဘူး။ နောက်ဆုံး တစ်ခုက
လေ့လာနေရတာကို ပျော်နေရပါမယ်။ ပျင်းလာတဲ့ ခံစားချက်တွေ မကြာခနဖြစ်နေရင်တော့ ကျရှုံးသွားပါလိမ့်မယ်။

၄။
တစ်ချို့ language တွေကိုတော့ ဖုန်းနဲ့လေ့လာလို့ ရနေတော့ ဖုန်းနဲ့လေ့လာသူတွေကိုတွေ့မိပါတယ်။ တကယ်တမ်းကျတော့ အဲ့တာတွေက အပျော်တမ်းလေ့လာတာလောက်ဘဲဖြစ်ပါတယ်။ professional ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ ဘယ် language ကိုဘဲလေ့လာ လေ့လာ computer တစ်လုံးတော့ မဖြစ်မနေလိုအပ်တာ အမှန်ပါဘဲ။

အထက်မှာဖော်ပြထားတဲ့ အချက်လေးချက်နဲ့ မပြည့်စုံရင် Developer ကောင်းတစ်ယောက် ဖြစ်လာဖို့ မလွယ်ကူလှပါဘူး။

Balance Sheet ဆိုတဲ့ Application လေးဟာဆိုင်ပိုင်ရှင် များ နှင့်အသေးစား / အလတ်စား အရောင်းအဝယ်လုပ်ငန်းများ အတွက် ငွေစာရင်း...
02/09/2021

Balance Sheet ဆိုတဲ့ Application လေးဟာ
ဆိုင်ပိုင်ရှင် များ နှင့်
အသေးစား / အလတ်စား အရောင်းအဝယ်လုပ်ငန်းများ အတွက် ငွေစာရင်းများကို ရှင်းရှင်းလင်းလင်း နှင့် စနစ် တကျ သိမ်းဆည်း ပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်။

❌ No Payment
❌ No ADS
✅ 100% Free

သူ့မှာ

၁) အရောင်းစာရင်း
၂) အဝယ်စာရင်း
၃) ပေးရန်ရှိအကြွေးစာရင်း
၄) ရရန်ရှိ အကြွေးစာရင်း
၅) အသုံးစရိတ်စာရင်း

ဆိုပြီးတော့ စာရင်း ၅ ခုပါပါတယ်။

သူ့ရဲ့ Home ( Dashboard ) မှာ အဲ့ဒီစာရင်း ငါးခုကို Auto တွက်ချပြီး လက်ထဲမှာ ရှိရမည့်ငွေ ကို တွက်ချက်ပေးထားပါတယ်။

စာရင်းတစ်ခုချင်းစီကို (လစဉ် / နှစ်စဉ်) အလိုက် စစ်ဆေး ကြည့်ရှု့နိုင်ပြီး PDF အနေ့ဖြင့်လည်း သိမ်းဆည်းနိုင်ပါတယ် ။ ပြီးရင် မိမိ ဖုန်း မှ လည်း တိုက်ရိုက် Print Out လည်း လုပ်နိုင်ပါတယ်ခင်ဗျာ။

တခြား ဘာတွေ များလုပ်နိုင်သေးလဲ ဆိုတာတွေသိချင်ရင် တော့ အခုဘဲ Install လုပ်ကြည့်လိုက်ပါတော့ 😊😊

Install from PlayStore
https://play.google.com/store/apps/details?id=com.technologygateway.balance

Data တွေကို ဖုန်း တစ်လုံးနဲ့ တစ်လုံး Backup / Restore လုပ်လို့ရကြောင်း

မြန်မာစာ ( Unicode ) 100% support ပေးထားကြောင်း

Password ခံထားလို့ရကြောင်း

ငွေကြေး currency ကို ကြိုက်သလိုထားနိုင်ကြောင်း

စသည်ဖြင့် ပြောမနေတော့ပါဘူး 😁😁😁

09/07/2021

JavaScript Full Course
CHAPTER - 1
Lesson - 3
Functions

Recording လုပ်နေတုံး မိုးက သည်းကြီးမည်းကြီးရွာလာတော့ နောက်ပိုင်းမှာ Noise နည်းနည်းပါသွားပါတယ် ခင်ဗျာ ။

အရှေ့က video တွေကိုကြည့်ရန်
https://www.facebook.com/technologygateway/

08/07/2021

How to create a dictionary application on Flutter?

Video ထဲမှာတော့ Eng to Mm လောက်ဘဲလုပ်ပြထားတယ်ဗျ။

အောက်က Application မှာတော့ Mm to Eng ရော Speak Out ရော ထည့်လိုက်ပါတယ်ခင်ဗျာ။

✅ English to Myanmar
✅ Myanmar to English
🔊 Voice Output in Eng to Mm
✅ light weight and free

🅿🅿 Install From Play Store 🅿🅿

https://play.google.com/store/apps/details?id=com.technologygateway.myanmarDictionary

04/07/2021

JavaScript Full Course
CHAPTER - 1
Conditional - Part 2

Part 1 ကို ဒီမှာကြည့်နိုင်ပါတယ် ခင်ဗျာ
https://fb.watch/6xiv-vhnRa/

02/07/2021

JavaScript Full Course
CHAPTER - 1
Conditional part-1

အရင်သင်ခန်းစာများကို

https://www.facebook.com/technologygateway/

ကြည့်ရှုနိုင်ပါတယ် 😊။

Callback functions or anonymous functions တွေကို function ဆိုတဲ့ keyword ကြီး ထည့်သုံးနေတုံးလား?🤔
29/06/2021

Callback functions or anonymous functions တွေကို function ဆိုတဲ့ keyword ကြီး ထည့်သုံးနေတုံးလား?🤔

27/06/2021

JavaScript Full Course
CHAPTER - 1
Introduction လေးလာပါပြီခင်ဗျာ။

VsCode installation ကို မကြည့်ရသေးရင်ဒီမှာ ကြည့်နိုင်ပါတယ်ခင်ဗျာ
https://fb.watch/6oi_aYmlWp/

24/06/2021

Welcome To Technology Gateway

Address

Mrauk-Oo
07101

Telephone

+959789622299

Website

Alerts

Be the first to know and let us send you an email when Technology Gateway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Technology Gateway:

Share