Tarr Tarr

Tarr Tarr Gaming & page Tools Service
Product & Retail

𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐀𝐮𝐧𝐠 𝐒𝐚𝐧 🙏'' ထွန်းလှ, ငါ ဗိုက်ဆာလိုက်တာကွာ '''' ဟုတ်ကဲ့ ဗိုလ်ချုပ် ဘာစားချင်လို့လဲ ''"ငါ ပလာတာ စာ...
13/02/2021

𝐇𝐚𝐩𝐩𝐲 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐀𝐮𝐧𝐠 𝐒𝐚𝐧 🙏

'' ထွန်းလှ, ငါ ဗိုက်ဆာလိုက်တာကွာ ''

'' ဟုတ်ကဲ့ ဗိုလ်ချုပ် ဘာစားချင်လို့လဲ ''

"ငါ ပလာတာ စားချင်တယ်ကွာ"

ဗိုလ်ထွန်းလှလည်း မဂိုလမ်း
(ရွှေဘုံသာလမ်း) ကိုခေါ်လာပြီး သူတို့ ကျောင်းသား ဘဝက စားနေကျ ပလာတာဆိုင်မှာ ပလာတာ မှာကျွေးတယ်။

ဗိုလ်ချုပ်က ဆိတ်သားခပတ်ပါ စားချင်တယ်လို့ ဗိုလ်ထွန်းလှ ကို တီးတိုးပြောလိုက်တယ်။

ဗိုလ်ထွန်းလှ ဆီမှာ ပိုက်ဆံလုံလုံလောက်လောက် မပါပေမဲ့
ပလာတာစားနေတဲ့ ဗိုလ်ချုပ်ကို ကြည့်ပြီး သနားလို့ ဆိုပြီး ဆိတ်သားခပတ်ပါ မှာပေးလိုက်တယ်။

ဗိုလ်ချုပ် စားနေတာကို ဗိုလ်ထွန်းလှ ထိုင်ကြည့်နေရင် ဗိုလ်ချုပ် စားမှာမဟုတ်ဘူးဆိုတာ သိတော့

ဗိုလ်ထွန်းလှ ဆိုင်ရှင် အပနား ဆီကို မယောင်မလည်သွားပြီး..

'' ဟိုမှာ ထိုင်နေတဲ့ သူ့ကို သိလား ''

'' အင်းသိတယ် ဒီနိုင်ငံ ဗိုလ်ချုပ်လေ ''

'' ဟုတ်ပြီ အဲ့ဒါဆို သူစားထားတာကို မနက်ဖြန်မှာ ကျုပ်လာရှင်းပေးမယ်သိလား ။ဗိုလ်ချုပ်မေးရင်တော့ ရှင်းပြီးပြီလို့ပြောနော် ။ အခု ပိုက်ဆံ လုံလုံလောက်လောက်မပါလာလို့... ''

'' ဟုတ်ကဲ့ ဟုတ်ကဲ့ ''

ဗိုလ်ချုပ် အားရပါးရ စားလို့အပြီးမှာ

'' ထွန်းလှ ပိုက်ဆံရှင်းလိုက်တော့ ''

'' ဟုတ်ကဲ့ ရှင်းပြီးပါပြီ ဗိုလ်ချုပ် ''

တိုင်းပြည်ခေါင်းဆောင်လုပ်ပြီး တပည့်လုပ်သူကို တိုးတိုးပြောတယ် ပလာတာကိုဆိတ်သားခပတ်လေးနဲ့ စားချင်တယ်တဲ့
ကျုပ်တို့ ဘယ်လိုရင်ဘတ်နဲ့ အငိုတိတ်ရမှာလဲ ဗိုလ်ချုပ်ရယ်

သမီးလေးအောင်ဆန်းစုကြည်ကို ခမည်းပေးဖို့ နတ်မောက်က အမေကြီးဆီ အမွေသွားတောင်းတာ
မရတဲ့အပြင် ငါသေမှလာဟဲ့....ဆိုပြီး..
အအော်အငေါက်ပါခံခဲရတဲ့....ငမွဲကြီးပေါ့

တိုင်းပြည်ရဲ့ နံပါတ် ၁ က.
အိမ်ပိုင်မရှိဘူး...
စစ်ဝတ်စုံ သုံးစုံပဲပိုင်တဲ့ လူကြီးပေါ့
လမ်းဘေးအကြော်တဲတွေ့ရင် ဟေ့ရောင် ထွန်းလှလာကွာ ဆိုပြီး ဝင်ဝင်စားတတ်တဲ့လူကြီးပေါ့....

လမ်းဘေးမှာ ပြည်သူတစ်ဦးစွတ်ကျယ်အစုတ်နဲ့ ခိုက်ခိုက်တုန် ချမ်းနေတာတွေတော့ အဲ့ဒါငါ့တာဝန် ငါနဲ့ဆိုင်တယ် ဆိုပြီး.
ဝတ်ထားတဲ့အနွေးထည်ကြီး ချွတ်ပေးခဲ့တဲ့လူကြီးပေါ့....

ဟုတ်တယ် ဒီလူကြီး....
ချစ်မဝတဲ့ ဒီလူကြီး
မေ့မရတဲ့ ဒီလူကြီး.....
ဒီလူကြီးကို သတိရတိုင်းဦးညွတ်နေရတာ...
အလေးပြုနေရတာ
ဒီလူကြီး ပြန်လာစေချင်တယ်....
ခဏပဲဖြစ်ဖြစ် မော်ဖူးချင်လို့ပါ ဗိုလ်ချုပ်ရယ်😢

"ဗိုလ်ထွန်းလှပြန်လည်ပြောပြခဲ့ဖူးသော မှတ်မှတ်ရရစကားများ"

feb13.2.2021
၁၀၆ နှစ်ပြည့် မွေးနေ့ ,Happybirthdayပါဗိုလ်ချုပ်ရေ❤

crd🙏

အခုတလော အိပ်မက်တွေမကောင်းဘူးအဆင်မပြေကြောင်းကိုပြဖို့ ငါတို့ရဲ့အသက်တွေ သွေးတွေ ဘယ်လောက်တောင်ရင်းရဦးမှာလဲမနက်ဖြန်မှာ သာယာ...
09/02/2021

အခုတလော
အိပ်မက်တွေမကောင်းဘူး
အဆင်မပြေကြောင်းကိုပြဖို့ ငါတို့ရဲ့အသက်တွေ သွေးတွေ ဘယ်လောက်တောင်ရင်းရဦးမှာလဲ
မနက်ဖြန်မှာ သာယာပါစေလို့ ငါဆုတောင်းပြီးအိပ်ခဲ့တာ။
ခုတော့ မကောင်းတဲ့ အိပ်မက်တွေအတွက် သရော် ကမွန်းနဲ့ခေါင်းဆေးရဦးမပေါ့။
အမြင်ထိတက်မဲ့ ငါတို့အဆောက်အဦးရဲ့ အောက်ခြေမှာ ကြွက်တွေတွင်းတူနေကြတယ်
ကြွက်တွေဟာ လူတွေအတွက်တော့ ဒုက္ခပေးတဲ့ သတ္တဝါတွေ ပေါ့။
ကြွက်တွေကိုမောင်းထုတ်ဖို့ ငါတို့တွေ သံပုံးတီးပြီးခြောက်လှန့်နေရတယ်။
ကြွက်တွေရဲ့ နားတွေကတော့ ကောင်းကြကောင်းပါရဲ့
နောက်ဆို......
ဘယ်လောက်ချစ်စရာကောင်းကောင်း
သခင်ကို ပြန်ကိုက်တတ်တဲ့ခွေးတွေ မမွေးတော့ဘူးတဲ့
ခွေးတွေက သခင်ကိုဘယ်တော့မှမကိုက်ဘူး
ကျေးဇူးရှင်ကို သိတတ်ကြတယ်။
ခုတော့ ခွေးတွေလောက်တောင်အဆင့်အတန်းမရှိကြတော့ပါလား။
ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တယ်။
အဆင်မပြေပါဘူး....
တကယ့်ကိုအဆင်မပြေကြောင်းတွေပြသဖို့ တော်တော်ကြီးကိုရင်းရဦးမပေါ့။
"တရားဆိုတာ တရားတဲ့ဘက်မှာဘဲနေတာ"တဲ့။
"တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ"
နိုင်ငံတော်သီချင်းစာသား ရေးခဲ့တဲ့တေးရေးဆရာသာ ရှိနေသေးရင်တော်တော်ကိုရှက်နေရှာဦးမှာဘဲ။
"မတရားမှုတွေကိုလက်ပိုက်ကြည့်နေဖို့မလို့ဘူး"
အမှန်တရားကိုဖော်ပြဖို့ အသက်နဲ့ရင်းခဲ့တဲ့ မင့်တို့အတွက် ငါဂုဏ်ယူတယ်။
မင့်တို့ရဲ့စိတ်ဓာတ်ကို လေးစားစွာနဲ့ ငါအမြဲဦးညွှတ်နေဦးမှာပါ။
"လူဆိုတာ ကိုယ့်သမိုင်းကိုယ်ရေးတာ" တဲ့
မင့်တို့သမိုင်းတွေလှခဲ့ကြပါတယ်။
ငါတို့သမိုင်းတွေတော့ မရိုင်းစေဖို့ ဆက်ကြိုးစားရဦးမှာပေါ့။
လူတစ်စုကောင်းစားရေးအတွက် ပြည်သူတွေကိုရင်းရတာတော့ မတန်ပါဘူး။
သံပုံးတီးရင် မကောင်းဆိုးဝါတွေ ထွက်ပြေးတယ်တဲ့
ဒီမကောင်းဆိုးဝါးတွေကတော့ နား​တွေပါ ကန်းနေပုံရတယ်။
၂၀၂၁ ထဲရောက်မှ တော်တော့်ကိုအဆင်မပြေခဲ့ဘူး
ပျော်ပွဲ ရွှင်ပွဲကျင်းပရမယ့်အစား
မကောင်းဆိုးဝါး နှင်ထုတ်ပွဲကျင်းပနေရတယ်။
"ကျွန်တော်တို့တွေ အာဏာရှင်စနစ်ကို အလိုမရှိဘူး" တဲ့။
အာဏာဆိုတာ ပေးတဲ့လူရှိမှ ရတာပါ
တကယ်တော့ ကျွန်တော်တို့တွေမပေးရင် သူတို့မရပါဘူး။
မနေ့ကအိပ်မက်တွေမကောင်းခဲ့ဘူး။
ဒီနေ့တော့ ကျွန်တော် လူတစ်ယောက်ကို အသည်းအသန်လိုက်ရှာနေရပြီ။
လူအများရဲ့ရှုံ့ချခြင်းကို ခံယူပြီးအရှက်တော်တော်မရှိတဲ့ မျက်နှာကြီးကို တွေ့ရင်တံတွေးဖြင့်ထွေးပစ်ရဦးမည်။

သားသား
၉.၂.၂၀၂၁

Visa card အကြောင်း တစေ့တစောင်းPhoto credit
30/12/2020

Visa card အကြောင်း တစေ့တစောင်း
Photo credit

 #သက္ကရာဇ်တွေနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ။(၁) မဟာသက္ကရာဇ်(၂) သာသနာသက္ကရာဇ်(၃) ကောဇာသက္ကရာဇ်(၄) ခရစ်သက္ကရာဇ်(၅) ဘ...
26/12/2020

#သက္ကရာဇ်တွေနဲ့ပတ်သက်ပြီး
သိထားသင့်သည့်အချက်များ။

(၁) မဟာသက္ကရာဇ်
(၂) သာသနာသက္ကရာဇ်
(၃) ကောဇာသက္ကရာဇ်
(၄) ခရစ်သက္ကရာဇ်
(၅) ဘီစီ
(၆) အေဒီ ဟူ၍ရှိပါသည်၊

(၁) မဟာသက္ကရာဇ်
ဘုရားအလောင်းတော် သိဒ္ဓတ္တမင်းသား၏ ဘိုးတော် အဉ္စနမင်းကြီးနှင့် ကာလဒေဝီလ ရသေ့တို့ ထားခဲ့သောနှစ်ကို မဟာသက္ကရာဇ် ဟုခေါ်ပါသည်။ အလောင်းတော်ကို မဟာသက္ကရာဇ် (၆၈) ခုနှစ်တွင်မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပါသည် ။

(၂) သာသနာသက္ကရာဇ်
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပထမ သင်္ဂါယနာတင်သောနှစ်၊ အရှင်မဟာကဿပ မထေရ် နှင့် အဇာတသတ်မင်းကြီးတို့ ထားခဲ့သောနှစ်ကို သာသနာသက္ကရာဇ်ဟုခေါ်ပါသည်၊

(၃) ကောဇာသက္ကရာဇ်
မြန်မာသက္ကရာဇ်ဟုခေါ်သော=ကောဇာသက္ကရာဇ်ကိုလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး ပထမသံဂါယနာတင်သောနှစ်မှစ၍ ရေတွက်လာခဲ့ရာ သက္ကရာဇ် (၆၂၂)ခုနှစ်အရောက် သရေခေတ္တရာခေတ် သုမုန္ဒရီ မင်းလက်ထက်မှာ ဖြိုခဲ့ပါသည်၊ ထိုမှတဖန် စတင်ရေတွက်လာရာ သက္ကရာဇ် (၅၆၀)ခုနှစ်အရောက် ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာ တစ်ခါဖြိုခဲ့ပြန်ပါသည်၊ မြန်မာသက္ကရာဇ် ခေါ်သော ကောဇာသက္ကရာဇ်ကို နှစ်ခါဖြိုခဲ့ပါသည်၊ ထို့ကြောင့် (၆၂၂) နှင့် (၅၆၀) နှစ်ရပ်ပေါင်းတော့ (၁၁၈၂) ဖြစ်ပါသည်၊ ထိုနှစ်ခါအဖြိုခံရသော သက္ကရာဇ်ကို မြန်မာသက္ကရာဇ်=ကောဇာသက္ကရာဇ် ဟုခေါ်ပါသည်။

မှတ်ချက်။ ။ ယခုရောက်ဆဲ မြန်မာသက္ကရာဇ်တွင် နှစ်ခါဖြိုခံရသော သက္ကရာဇ်(၁၁၈၂) ထဲ့၍ ပေါင်းလိုက်လျှင် သာသနာတော်နှစ် ရပါသည်။

(၄) ခရစ်သက္ကရာဇ်
သာသနာသက္ကရာဇ် (၅၄၄) ခုနှစ် အရောက်တွင် ခရစ်တော်မွေးဖွားခဲ့ပါသည်၊ ထိုအချိန်မှစ၍ ရေတွက်သောနှစ်ကို ခရစ်သက္ကရာဇ် ဟုခေါ်ပါသည်။

မှတ်ချက်။ ။ ယခုရောက်ဆဲ ခရစ်သက္ကရာဇ် ကို (၅၄၄) ပေါင်းလျှင် သာသနာတော်နှစ် ရပါသည်

(၅) ဘီစီ (BC)
ဘီစီ (Before Christ)ဆိုသည်မှာ ခရစ်တော်မပေါ်ခင်ရေတွက်အပ်သော နှစ်ဟု အဓိပ္ပါယ်ရပါသည်၊ အလောင်းတော်ကို ဘီစီ(၆၂၃)ခုနှစ်တွင် မီးရှုးသန့်စင်ဖွားမြင် တော်မူခဲ့ပါသည်၊

(၆) အဒေီ (AD)
အေဒီ (Anno Domini) ဆိုသည်မှာ ခရစ်တော်မွေးဖွားပြီးနောက် ရေတွက်အပ်သောနှစ်ဟုအဓိပ္ပါယ်ရပါသည်၊ (Anno Domini) ဆိုသည်မှာ ငါတို့ဘုရားသခင်နှစ်ဟုအဓိပ္ပါယ်ရပါသည်။

(မှတ်ချက်)
သာသနာတော်နှစ်...
ခရစ်နှစ်..
ပထမသင်္ဂါယနာ.. မှအမှန်။
သက္ကရာဇာ... ကစလို့ သက္ကရာဇ်ပါ။
ကျန်.. သာသနာ၊နဲ့ခရစ်တွေကို
သက္ကရာဇ်ဟုမသုံးရ။
နှစ်...ဟုသာ သုံးရပါသည်ဟုလည်း ဆိုကြသည်။
sharing

Photo credit

မြန်မာငွေစက္ကူ စတင်ထုတ်ဝေခဲ့သော ရက်စွဲများ(၁) ၉၀ တန် - ၂၂-၉-၁၉၈၇ (၂) ၅၀၀ တန် အကြီး - ၂၇-၃-၁၉၉၄ (၃) ၂၀၀ တန် အသေး - ၃၀-၁၀-...
16/12/2020

မြန်မာငွေစက္ကူ စတင်ထုတ်ဝေခဲ့သော ရက်စွဲများ
(၁) ၉၀ တန် - ၂၂-၉-၁၉၈၇
(၂) ၅၀၀ တန် အကြီး - ၂၇-၃-၁၉၉၄
(၃) ၂၀၀ တန် အသေး - ၃၀-၁၀-၂၀၀၃
(၄) ၂၀၀ တန် အကြီး - ၁-၃-၁၉၉၀
(၅) ၁၀၀၀ တန် အကြီး - ၂၅-၁၁-၁၉၉၈
(၆) ၅၀၀ တန် အသေး - ၃၀-၁၀-၂၀၀၄
(၇) ၁၀၀၀ တန် အသေး - ၃၀-၁၀-၂၀၀၄
(၈) ၅၀၀၀ တန် - ၁-၁၀-၂၀၀၉
(၉) ၁၀၀၀၀ တန် - ၁၅-၆-၂၀၁၂
(၁၀) ၅၀၀၀ တန် လုံခြုံရေးကြိုးပုံစံသစ်- ၁-၁၀-၀၉
sharing

 #ဘုရားအလောင်းတော်၏အတိတ်ဘဝ(၅၄၇)ဘဝ............................... ၁။ စင်္ကြာဝတေးမင်း......(    1 ) ဘဝ ၂။ မင်း.ဘုရင်.........
11/12/2020

#ဘုရားအလောင်းတော်၏
အတိတ်ဘဝ(၅၄၇)ဘဝ...............................
၁။ စင်္ကြာဝတေးမင်း......( 1 ) ဘဝ
၂။ မင်း.ဘုရင်............( 60 ) ဘဝ
၃။ မင်းသား...............( 16 ) ဘဝ
၄။ အမတ်.................( 49 ) ဘဝ
၅။ ပုဏ္ဏား..................( 25 ) ဘဝ
၆။ သူဌေးသူကြွယ်........( 34 ) ဘဝ
၇။ ရေသ့..................( 108 )ဘဝ
၈။ ပညာရှိလုလင်..........( 22 ) ဘဝ
၉။ ကုန်သည်................( 13 ) ဘဝ
၁၀။ ဆေးဆရာ..............( 1 ) ဘဝ
၁၁။ ဆင်ဆရာ...............( 2 ) .ဘဝ
၁၂။လကျသမားဘဝ.........( 1 ) ဘဝ
၁၃။ ပန်းပဲသမား.............( 1 ) ဘဝ
၁၄။ လယ်လုပ်မျိုး............( 5 ) ဘဝ
၁၅။ စည်တီးမျိုး..............( 1) ဘဝ
၁၆။ ခရုသင်းမှုတ်မျိုး.........( 1) ဘဝ
၁၇။ စောင်းသမား............( 1) ဘဝ
၁၈။ တောဆိုးအကြီး.........( 1) ဘဝ
၁၉။ ဆတ္တာသည်............( 1) ဘဝ
၂၀။ ကျောက်သွေးသမား...( 1 ) ဘဝ
၂၁။ အိုးထိန်းသည်..........( 1 ) ဘဝ
၂၂။ ဒွန်းစဏ္ဍားဘဝ.........( 3 ) ဘဝ
၂၃။ သူခိုးကြီး...............( 2 ) ဘဝ
၂၄။ လုလင်.................( 7 ) ဘဝ

၂၅။ သကြားမင်း......( 19 ) ဘဝ
၂၆။ ဗြဟ္မာမင်း........( 1 ) ဘဝ
၂၇။ ရုက်ခစိုး............( 31) ဘဝ
၂၈။ သမုဒ္ဒရာစောင့်နတ်...( 3 ) ဘဝ
၂၉။ ကောင်းကင်စောင့်နတ်.( 5 ) ဘဝ
၃၀။ သာမန်နတ်......( 6 ) ဘဝ

၃၁။ ခြင်္သေ့......(11)ဘဝ
၃၂။ ဆင်ဖြူ.....( 4. )ဘဝ
၃၃။ သာမန်ဆင်..( 3. )ဘဝ
၃၄။ မြင်း........( 4 ) ဘဝ
၃၅။ နွား.........( 5 ) ဘဝ
၃၆။ ကျွဲ.........( 1. )ဘဝ
၃၇။ ဆက်......( 3. )ဘဝ
၃၈။ သမင်.....( 7. )ဘဝ
၃၉။ သာရဘသားမျိုး..( 1) ဘဝ
၄၀။ ယုန်.......( 1 ) ဘဝ
၄၁။ ခွေး.......( 1.) ဘဝ
၄၂။ မြေခွေး...( 2.) ဘဝ
၄၃။ ဝက်......( 1.) ဘဝ
၄၄။ ဖွတ်......( 3.) ဘဝ
၄၅။ ကြွက်....( 2.) ဘဝ
၄၆။ မျောက်..(12) ဘဝ

၄၇။ ကိန်နရာ......( 1) ဘဝ
၄၈။ ဟင်္သာ......( 9) ဘဝ
၄၉။ ဥဒေါင်း.....( 3 ) ဘဝ
၅၀။ ဥသွ........( 2) ဘဝ
၅၁။ ကျေး.......( 9 ) ဘဝ
၅၂။ ကြက်......( 2 ) ဘဝ
၅၃။ ခါ...........( 2) ဘဝ
၅၄။ ခို...........( 6) ဘဝ
၅၅။ ငုံး..........( 4) ဘဝ
၅၆။ စက္ကဝတ်...( 2) ဘဝ
၅၇။ ဠင်းတ.....( 4) ဘဝ
၅၈။ တင်ကြီး...( 1 )ဘဝ
၅၉။ ကျီး........( 2) ဘဝ
၆၀။ စာဝတီး...( 1) ဘဝ
၆၁။ သစ်တောက်ငှက်..( 1) ဘဝ
၆၂။ ဘီလုံးငှက်.......(1)ဘဝ
၆၃။ သာမာန်ငှက်...( 5)ဘဝ

၆၄။ ဂဠုန်.......( 2) ဘဝ
၆၅။ နဂါး........( 4) ဘဝ
၆၆။ ငါး..........( 3) ဘဝ
၆၇။ ဖား.........( 1) ဘဝ

မှတ်ချက်....ဘဝ.တစ်ခုခု၌ နောက်ဆုံး
အနိစ္စရောက်သည့်ဘဝကို.မှတ်ယူသည်။

ဥပမာ...မဟာဇနကမင်းသည်..တောထွက်၍..နောက်ဆုံး ရသေ့ဘဝဖြင့်နိဂုံးချုပ်သောကြောင့်
ရသေ့ဘဝ.သို့ သွင်းမှတ်ယူပါသည်။

ကိုးကား...အမျိုးသားပညာဝန်ဥိးဖိုးကျား၏
ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နှုတ်ချက်

နှစ်သက်နိုင်(ရေယှား)
ပြန်လည်ရေးသားပူဇော်အပ်ပါသည်။.


#ဘုရားအလောင်းတော်၏
အတိက်ဘဝ(၅၄၇)ဘဝ............................

၁။ စင်္ကြာဝတေးမင်း......( 1 ) ဘဝ
၂။ မင်း.ဘုရင်............( 60 ) ဘဝ
၃။ မင်းသား...............( 16 ) ဘဝ
၄။ အမတ်.................( 49 ) ဘဝ
၅။ ပုဏ္ဏား..................( 25 ) ဘဝ
၆။ သူဌေးသူကြွယ်........( 34 ) ဘဝ
၇။ ရေသ့..................( 108 )ဘဝ
၈။ ပညာရှိလုလင်..........( 22 ) ဘဝ
၉။ ကုန်သည်................( 13 ) ဘဝ
၁၀။ ဆေးဆရာ..............( 1 ) ဘဝ
၁၁။ ဆင်ဆရာ...............( 2 ) .ဘဝ
၁၂။လကျသမားဘဝ.........( 1 ) ဘဝ
၁၃။ ပန်းပဲသမား.............( 1 ) ဘဝ
၁၄။ လယ်လုပ်မျိုး............( 5 ) ဘဝ
၁၅။ စည်တီးမျိုး..............( 1) ဘဝ
၁၆။ ခရုသင်းမှုတ်မျိုး.........( 1) ဘဝ
၁၇။ စောင်းသမား............( 1) ဘဝ
၁၈။ တောဆိုးအကြီး.........( 1) ဘဝ
၁၉။ ဆတ္တာသည်............( 1) ဘဝ
၂၀။ ကျောက်သွေးသမား...( 1 ) ဘဝ
၂၁။ အိုးထိန်းသည်..........( 1 ) ဘဝ
၂၂။ ဒွန်းစဏ္ဍားဘဝ.........( 3 ) ဘဝ
၂၃။ သူခိုးကြီး...............( 2 ) ဘဝ
၂၄။ လုလင်.................( 7 ) ဘဝ

၂၅။ သကြားမင်း......( 19 ) ဘဝ
၂၆။ ဗြဟ္မာမင်း........( 1 ) ဘဝ
၂၇။ ရုက်ခစိုး............( 31) ဘဝ
၂၈။ သမုဒ္ဒရာစောင့်နတ်...( 3 ) ဘဝ
၂၉။ ကောင်းကင်စောင့်နတ်.( 5 ) ဘဝ
၃၀။ သာမန်နတ်......( 6 ) ဘဝ

၃၁။ ခြင်္သေ့......(11)ဘဝ
၃၂။ ဆင်ဖြူ.....( 4. )ဘဝ
၃၃။ သာမန်ဆင်..( 3. )ဘဝ
၃၄။ မြင်း........( 4 ) ဘဝ
၃၅။ နွား.........( 5 ) ဘဝ
၃၆။ ကျွဲ.........( 1. )ဘဝ
၃၇။ ဆတ်......( 3. )ဘဝ
၃၈။ သမင်.....( 7. )ဘဝ
၃၉။ သာရဘသားမျိုး..( 1) ဘဝ
၄၀။ ယုန်.......( 1 ) ဘဝ
၄၁။ ခွေး.......( 1.) ဘဝ
၄၂။ မြေခွေး...( 2.) ဘဝ
၄၃။ ဝက်......( 1.) ဘဝ
၄၄။ ဖွတ်......( 3.) ဘဝ
၄၅။ ကြွက်....( 2.) ဘဝ
၄၆။ မြောက်..(12) ဘဝ

၄၇။ ကိန်နရာ......( 1) ဘဝ
၄၈။ ဟင်္သာ......( 9) ဘဝ
၄၉။ ဥဒေါင်း.....( 3 ) ဘဝ
၅၀။ ဉ်သ........( 2) ဘဝ
၅၁။ ကျေး.......( 9 ) ဘဝ
၅၂။ ကြက်......( 2 ) ဘဝ
၅၃။ ခါ...........( 2) ဘဝ
၅၄။ ခို...........( 6) ဘဝ
၅၅။ ငုံး..........( 4) ဘဝ
၅၆။ စက္ကဝတ်...( 2) ဘဝ
၅၇။ ဠင်းတ.....( 4) ဘဝ
၅၈။ တင်ကြီး...( 1 )ဘဝ
၅၉။ ကျီး........( 2) ဘဝ
၆၀။ စာဝတီး...( 1) ဘဝ
၆၁။ သစ်တောက်ငှတ်..( 1) ဘဝ
၆၂။ ဘီလုံးငှတ်........(1)ဘဝ
၆၃။ သာမာန်ငှတ်...( 5)ဘဝ

၆၄။ ဂဠုန်.......( 2) ဘဝ
၆၅။ နဂါး........( 4) ဘဝ
၆၆။ ငါး..........( 3) ဘဝ
၆၇။ ဖား.........( 1) ဘဝ

မှတ်ချက်....ဘဝ.တစ်ခုခု၌ နောက်ဆုံးအနိစ္စရောက်သည့်ဘဝကို.မှတ်ယူသည်။
ဥပမာ...မဟာဇနကမင်းသည်..တောထွက်၍..နောက်ဆုံး ရသေ့ဘဝဖြင့်နိဂုံးချုပ်သောကြောင့်
ရသေ့ဘဝ.သို့သွင်းမှတ်ယူပါသည်။

ကိုးကား...အမျိုးသားပညာဝန်ဦးဖိုးကျား၏ ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နှုတ်ချက်

ပြန်လည်ရေးသားပူဇော်သည်.🙏🙏🙏
Photo credit
sharing

တို့သတိရနေမှာပါ သီချင်းကို သာမန် ရိုးရိုး အချစ်သီချင်းလေးလို့ပဲ ထင်ထားမိတာ. :'( ဒီမနက် အိပ်ရာနိုးတော့ တို့သတိရနေမှာပါ ဆိ...
10/12/2020

တို့သတိရနေမှာပါ သီချင်းကို သာမန် ရိုးရိုး အချစ်သီချင်းလေးလို့ပဲ ထင်ထားမိတာ.
:'(

ဒီမနက် အိပ်ရာနိုးတော့ တို့သတိရနေမှာပါ ဆိုတဲ့သီချင်းရဲ့ နောက်ကွယ် interview လေးကိုကြည့်မိပြီးမျက်ရည်ကျခဲ့ရတယ် အချိန်လေးရရင်ဖတ်ပေးပါ။
ကျွန်တော်က မြန်မာပြည်ရဲ့ အထင်ကရနေရာလေးတွေကိုချစ်တတ်သူတစ်ယောက်ဖြစ်လို့ ရန်ကုန်တက္ကသိုလ်ကြီးကို မတက်လိုက်ရပေမယ့်လည်း ချစ်တဲ့သူထဲမှာပါတယ် ဒီကျောင်းကြီးတက်ဖူးသူတိုင်းရဲ့ history တွေဆို အမြဲ လိုက်မေးနားထောင်တတ်သလို သီချင်းတွေလည်း နားထောင်တတ်တယ် ။ ကျွန်တော် အမျိုးသမီးအဆိုတော်တွေရဲ့သီချင်းလေးတွေသိပ်မကြိုက်တတ်ပေမယ့် ဒီသီချင်းကို မောင်ချိုအမေ အဆိုတော် အိအိ ဆိုထဲက ကြိုက်ခဲ့တယ် ဒီသီချင်းကိုနောက်ပိုင်းဘယ်သူဆိုဆိုကြိုက်ခဲ့တယ်။ ခုနောက်ကွယ်ရအကြောင်းသိလိုက်ချိန် မျက်ရည်ဝဲပြီး ရင်ထဲစို့တတ်လာတယ် ။ ကျွန်တော်က တစ်ခုခုဆို မြင်ယောင်တတ်တဲ့ သူဆိုတော့ ဒီသီချင်းကိုသိခဲ့တာ အလွမ်းသီချင်းအချစ်သီချင်းလေး ချစ်သူနှစ်ဦးဝေးကွာသွာကြတယ်လို့ထင်ခဲ့ဖူးတယ်။ တကယ့်ဖြစ်ရပ်နောက်ကွယ်ကတော့ ချစ်သူနှစ်ယောက် ၈၈ အရေးခင်းကျောင်းကြီးထဲမှာ ဆန္ဒပြတာ ဖြိုခွဲမှု ဖြစ်တော့ ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ကလည်း အများနည်းတူပြေးကြတယ် အဲ့ချိန် သေနတ်သံကြားခဲ့ရတယ် ကြားတဲ့ချိန်မှာသီချင်းရေးသူတို့ကလုံခြုံစိတ်ချပြီးပုန်းလို့ရမယ့်နေရာမှာ ပုန်းပြီးလှမ်းကြည့်လိုက်ချိန်မှာ ကောင်လေးက သေနတ်ဒါဏ်ရာထိပြီး RC ရှေ့နားလေးမှာပဲ သွေးအိုင်ထဲပတ်လက်လန်လဲကျနေခဲ့တယ် အဲ့ချိန်သူ့ကောင်မလေးက ထွက်မပြေးပဲ ကောင်လေးကို သွေးအိုင်ထဲမှာ မထားခဲ့ပဲ သူ့ကိုပွေ့ဖက်ထားတယ် ။ ကောင်မလေးကို ပြေးဖို့ခေါ်တယ်တခြားသူတွေက ချစ်သူကောင်လေးကိုထားပြီး မပြေးခဲ့ဘူး အဲ့ချိန် လူစုလူဝေးဖြိုခွင်းသူ လက်နက်ကိုင်တွေက ဒိုင်းတွေကို ရိုက်ပြီး တတ်လာတယ် သူတို့နားရောက်တဲ့ချိန်ဝိုင်းလိုက်ပြီးတော့ ကောင်မလေးကို ဆံပင်ကနေ တရွတ်တိုက် ဆွဲထုတ်လိုက်တယ် ကောင်လေးကိုလည်းတရွတ်တိုက်ဆွဲခေါ်ပြီး ရင်ဝ ကို ဘတ်နက် နဲ့ ထိုးချလိုက်တယ် ပီး သူတို့ပြန်ဆုတ်သွားတယ်ပေါ့ဗျာ အဲ့ချိန် တချို့တွေက သူတို့ဆီပြေးသွားကြတယ် အဲ့ထဲ သီချင်းရေးသူလည်းပါတယ်ပေါ့ အဲ့ချိန် တိုက်တိုက်ဆိုင်ဆိုင် အဲ့မှာ ကောင်လေးရဲ့သွေးကွက်ကြီး ရှိနေခဲ့တယ် အဲ့သွေးကွက်ကြီးကိုကြည့်လိုက်တဲ့ချိန် စစ်ဖိနပ်နဲ့ နင်းပြီးတော့ ဘေးမှာ စစ်ဖိနပ်ခြေရာကျန်ရစ်ခဲ့တယ် ။ အဲ့သီချင်းလေးထဲမှာ ပါတဲ့ “ ရင်မှာ သံမှိုစွဲနှလုံးအိမ်ထဲ “ ဆိုတဲ့ စာသားက ရင်ဝကို ဘတ်နက် နဲ့ ထိုးတာကိုပြောခဲ့တာမှန်း နောက်ပီး “ခြေရာ ထင်ကျန်ဆဲ အဓိပတိလမ်း “ဆိုတာ ချစ်သူတို့နှစ်ယောက်ခြေရာမဟုတ်ပဲ သွေးတွေတတ်နင်းထားတဲ့ စစ်ဖိနပ်သွေးခြေရာ ဆိုတာ “ စိန်ပန်းပွင့်လေးများလွှင့်ကြွေ တို့မခွဲစဖူးခွဲရတော့လေ “ ဆိုတာ စိန်ပန်းပွင့် အနီလေးတွေက ကွယ်လွန်သွားတဲ့ကျောင်းသားကျောင်းသူလေးတွေကို ကိုယ်စားပြုမှန်း ကောင်မလေးကကောင်လေးကို ပွေ့ဖက်ထားချိန်ကောင်လေးက စကားမပြောနိုင်တော့ပဲ မျက်ရည်တွေနဲ့ နှုတ်ဆက် နေပြီး ဘယ်တော့မှပြန်မတွေ့ပဲ သတိရနေမှာ ဆိုတာ ကျွန်တော်ခုမှ သိခဲ့ရတယ် ။ သူတို့ နှစ်ယောက်အဲ့ချိန် ဘယ်လောက်ထိဘယ်လိုခံစားရမယ်ဆိုတာ ဆက်ပီး ကျွန်တော် မြင်ယောင်ကြည့်လို့မရလောက်အောင် မျက်ရည်ဝဲပြီးစိတ်မကောင်းဖြစ်မိတယ် ။ တေးရေး ဆရာက လူမောင်(ဆေး၁)ပါ သီချင်းက “တို့သတိရနေမှာပါ” တဲ့ အဲ့သီချင်းထဲက ကောင်မလေးနဲ့ကောင်လေး အကြောင်းဆိုထားတဲ့ အပိုဒ်ပါတဲ့ သီချင်းက Lလွန်းဝါနဲ့ သွန်း စုံတွဲ ဆိုထားခဲ့တယ် ။ခုတေးရေးရဲ့ interview လေးနဲ့ သီချင်းကို ကောမန့်မှာ ရေးထားပေးမယ် စိတ်ဝင်စားရင်ကြည့်လို့ရအောင် ။ ကျွန်တော် ဒီသီချင်းနားထောင်တိုင်း အရင်ကဝမ်းနည်းသလိုခံစားရပေမယ့် ခုတော့ အမြဲမျက်ရည်ဝဲနေရတော့မယ် ။
Post From : Mote Thone....
Cartoonist : Mar Na
Interview : လူမောင် ဆေး(၁)

https://www.facebook.com/684062558464146/posts/1618659525004440/?d=n
https://www.facebook.com/ko.hmae.79/videos/943079839553374/
Sharing

 #လူရယ်လို့ဖြစ်လာရင်!သင့်ကို အားကျတဲ့လူ ရှိသလို .......... ချစ်တဲ့ လူ လည်းရှိမယ်။မုန်းတဲ့ လူလည်း ရှိမယ်။ သင့်ကို မနာလိုတ...
08/12/2020

#လူရယ်လို့ဖြစ်လာရင်!

သင့်ကို အားကျတဲ့လူ ရှိသလို .......... ချစ်တဲ့ လူ လည်းရှိမယ်။
မုန်းတဲ့ လူလည်း ရှိမယ်။

သင့်ကို မနာလိုတဲ့ လူ ရှိသလို .........
ချီးမွမ်းမယ့် သူလည်း ရှိမယ်။
အထင်သေးတဲ့ လူလည်း ရှိမယ်။

ဒါဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။

🌟 သင်ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ်
သင်ဘယ်လောက်ပဲ အနစ် နာခံကြိုးစားကြိုးစား
လူတိုင်းကို ကျေနပ်အောင်တော့
သင် မစွမ်းဆောင်နိူုင်ပါဘူး။

ဒါကြောင့်မို့လို့သူများ အကြိုက်ကို
လိုက်လုပ်ပြီး သင့်ရဲ့ ပင်ကိုယ်တန်ဖိုးကို
လုံးဝ အထိခိုက် မခံပါနဲ့။

☀ သင့်ခံယူချက်အပေါ် သင်ကာကွယ် သင့်ပါတယ်။

🔥 သိထားဖို့က….....။

သူများ ပါးစပ်ဖျားပေါ်က ” သင် ” ဟာ
ကောင်းသည် ဖြစ်စေ မကောင်းသည် ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။

✳ လူဆိုတာ….....။
မျက်စိချင်း တူသော်ငြားလည်း .......
အမြင်ချင်း မတူပါဘူး။

နား ချင်း တူသော်ငြားလည်း .......
ကြားပုံချင်း မတူပါဘူး

ပါးစပ်ချင်း တူသော်ငြားလည်း .......
ပြောဆိုပုံချင်း မတူပါဘူး။

ဦးနောက်ချင်း တူသော်ငြားလည်း .......
အယူအဆချင်း မတူနိုင်ပါဘူး။

လူချင်း တူသော်ငြားလည်း .......
အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး။

✳ ဒီအတွက်ကြောင့်….....။
သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန် .......
နားလည်တဲ့ လူနဲ့ တွေ့ဦးမှ။

သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် .......
ကျေးဇူးတင်တတ်တဲ့ လူနဲ့ တိုးဦးမှ။

သင်ဘယ်လောက်ပဲ ရိုးသားရိုးသား .......
ယုံကြည်မှုရှိတဲ့ လူနဲ့ ဆုံဦးမှ။

သင်ဘယ်လောက်ပဲ နှိမ့်ချနှိမ့်ချ .......
တန်ဖိုးထားတတ်တဲ့ လူနဲ့ ကြုံဦးမှ။

⭐ နောက်ဆုံးတော့….....။
သိတာလည်း အားလုံးမပြောနဲ့။
မြင်တာလည်း အားလုံးမယုံနဲ့။
သင့်ကို လူတွေဘယ်လောက် ချစ်တယ် ခင်တယ်ပဲ ဆိုဆို သူတို့နဲ့
အဆင်မပြေတဲ့ အချိန်မှာ သင်ဟာ သူတို့ရဲ့ ရှုံ့ချဝေဖန်မှုတွေနဲ့
ရင်ဆိုင်ရလိမ့်မယ်။

ဒါ့ကြောင့် .......။
သင့်အလုပ်ကိုသာ သင် ဆက်လုပ်ပါ။
သင့် အနာဂတ်သည် .......
#သင်ကိုယ်တိုင်ပင်ဖြစ်သည်။

Credit_Original Writer
Share by Tarr Tarr

အသက် ၁၅ ကနေ ၂၅ ဆိုတာက..မာန်တွေ တက်တဲ့အရွယ်...ငါကြိုးစားရင် ဘာမဆိုဖြစ်ရမည်..ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မည်.. ဘာညာ ဘာညာ...။...
04/12/2020

အသက် ၁၅ ကနေ ၂၅ ဆိုတာက..
မာန်တွေ တက်တဲ့အရွယ်...
ငါကြိုးစားရင် ဘာမဆိုဖြစ်ရမည်..
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မည်..
ဘာညာ ဘာညာ...။.

၂၅ ကနေ ၃၅လောက်ကျ...
စွန်း ဆရာလုပ်တဲ့အရွယ်..
ဒီမှာ ငါ့ညီ..ဒါကဒီလိုရှိတယ်..
ဒီမယ် ညီလေး.....လောကကြီးမှာလေ...
အာဘာ ယာဘာ
ဘလာ..ဘလာ..။
လူတွေချီးကျူးတာလည်း သိပ်သာယာ

အသက်၃၅ကျော် အသက် ၄၀ ၀န်းကျင်
ရောက်လာတော့ ဘဝမှာ နေတတ်ဖို့
ဥပေက္ခာ ပြုတတ်ဖို့ သိလာတယ်။

၄၀ ကနေ ၅၀လောက်ထိက..
လောကထဲက အဖြစ်အပျက် တွေကို
ထိုင်ရီနေတဲ့ ဂုရုကြီးဖြစ်သွားပြီ...

၂၅..တွေ..၃၀ တွေ..
မာန်တက်နေတာကို ပြုံးပြီး
မိန့်မိန့်ကြီး ကြည့်နေတတ်တဲ့အရွယ်..
မင်း တွေ့လာဦးမှာပါကွာ..
ငါ တွေ့တွေက စာတွေ့ထက်
ပိုရသမြောက်တာ..ဆိုပြီး...။
အထင်ကြီးခံရ အထင်သေးခံရခြင်းတွေလည်း
မသာယာ မတုန်လှုပ်တော့ဘူး။

၅၀ လည်း ကျော်ရော.. ဘယ်သူ့မှ ဂရုကိုမစိုက်တာ..
အဖက်ကို လုပ်မနေဘူး..
ကိုယ်လုပ်ချင်တာ..
အေးဆေးလုပ်နေတာပဲ...။

၆၀ လည်း ‌ကျော်လာရော...
စကားပြောဖို့ အဖော်လေး စ မင်လာပြီ..
သားသမီး မြေးတွေ လာအဖော်ပြုပေးရင်
သိပ်ပျော်တာ..

အရာရာ ကြင်နာစိတ်နဲ့မြင်တာ တပိုင်း..
ဝမ်းနည်းအားငယ်စိတ်လေး နည်းနည်း
စွက်လာတာ တပိုင်း..။
ငါ လုပ်နိုင်သေးတယ်ဆိုပြီး အလုပ်တွေ
ကျုံးလုပ်နေတတ်တာလဲ တပိုင်း။

၇၀ ကျော်တော့ လောကကို ငြီးငွေ့လာတော့တာပါပဲ..
ငြိမ်းငြိမ်းချမ်းချမ်း ဝေဒနာမခံစား ရဖို့ပဲ
မျှော်လင့်တော့တယ်။

လူ့ဘဝဆိုတာ အဲ့လိုပါပဲ..။
အသက်တွေ ကြီးလာဦးမှာ..
အတွေးအခေါ်လဲ ပြောင်းလာဦးမှာ..
ဘယ်အရာမှ တသမတ်တည်း မရှိဘူး..
ဒါကြောင့်.. ပျော်အောင်နေ..
မာန်မတက်မိအောင် နေ..

လောကကြီးကို ထမ်းပိုးမထားပဲ..
တနေ့စာကို တာဝန်ကျေအောင်
အကောင်းဆုံးရှင်သန်..
ရယ်စရာရှိတာ ရယ်..
ကူစရာရှိတာ ကူ..
ပေးစရာရှိ ပေး..

ချစ်ရင် ချစ်တယ် ပြောပစ်လိုက်..
အမုန်းတွေတော့ သယ်မနေနဲ့
လေးတယ်..ထားပစ်ခဲ့..
သူနဲ့ကိုယ် အမြင်မတူလည်း...
ငြိမ်းငြိမ်းချမ်းချမ်း ကွဲလွဲလိုက်..
ပေးဆပ်တယ်ဆိုတဲ့ စကားလုံးကြီးနဲ့
မွန်းကျပ်မနေနဲ့..

အရာရာ အကြောင်းရှိလို့ အကျိုးရှိတာ
အကြွေးရှိလို့ဆပ်ရတာ..
စိတ်တွေကို ဘောင်ထဲမှာ ထောင်ချမထားနဲ့..

သူများ အထင်ကြီးအောင်လည်း
ဟန်ဆောင်စရာ မလိုဘူး
မရှိဘူး မတတ်ဘူး လို့လည်း
အထင်သေးစရာမလိုဘူး..

တစ်နေ့ မြေကြီးထဲ သွားရမှာ အတူတူ..။

Think freely..
Feel freely..

လူ ဘဝဆိုတာ ခဏလေး
ပျော်ပျော်ရွှင်ရွှင်နေကြရအောင်ပါ...။


sharing
Tarr

*** ပါဠိဂဏန်းသင်္ချာ ***ပထမ (၁) ဒုတိယ (၂) တတိယ (၃) စတုတ္ထ(၄) ပဉ္စမ (၅) ဆဋ္ဌမ(၆) သတ္တမ(၇) အဋ္ဌမ(၈) နဝမ (၉) ဒသမ (၁၀) ဧကဒသမ...
02/12/2020

*** ပါဠိဂဏန်းသင်္ချာ ***

ပထမ (၁)
ဒုတိယ (၂)
တတိယ (၃)
စတုတ္ထ(၄)
ပဉ္စမ (၅)
ဆဋ္ဌမ(၆)
သတ္တမ(၇)
အဋ္ဌမ(၈)
နဝမ (၉)
ဒသမ (၁၀)
ဧကဒသမ (၁၁)
ဒွါဒသမ (၁၂)
တေရသမ (၁၃)
စုဒ္ဒသမ (၁၄)
ပန္ဒရသမ (၁၅)
သောဠသမ (၁၆)
သတ္တရသမ (၁၇)
အဋ္ဌာရသ (၁၈)
ဧကူနဝီသတိ (၁၉)
ဝီသတိ (၂၀)
ဧကဝီသတိ (၂၁)
ဗာဝီသတိ (၂၂)
တေဝီသတိ (၂၃)
စတုဝီသတိ (၂၄)
ပဉ္စဝီသတိ (၂၅)
ဆဗွီသ (၂၆)
သတ္တဝီသ (၂၇)
အဋ္ဌဝီသ (၂၈)
ဧကူနတိသ (၂၉)
တိသတိသတိ (၃၀)
ဧကတိသ (၃၁)
ဒွတ္တိသ (၃၂)
တေတို့သ (၃၃)
စတုတ္တိသ (၃၄)
ပဉ္စတိသ (၃၅)
ဆတို့သ (၃၆)
သတ္တတိ (၃၇)
အဋ္ဌတိံသ (၃၈)
ဒကူနစက္ကူလီသ (၃၉)
စတ္တာလီသ (၄၀)
ဧကစတ္တာလီသ (၄၁)
ဒွေးစတ္တာလီသ (၄၂)
တေစတ္တာလီသ (၄၃)
စတုစတ္တာလီသ (၄၄)
ပဉ္စစတ္တာလီသ (၄၅)
ဆစတ္တာလီသ (၄၆)
သတ္တစက္ကူလီသ (၄၇)
အဋ္ဌစတ္တာလီသ (၄၈)
ဧကူနပညာသ (၄၉)
ပညာသ (၅၀)
Sharing
Tarr

" ပံ့သကူ"- ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ ဓလေ့တစ်ခုပါ။- ကိုယ် လှူ...
29/11/2020

" ပံ့သကူ"
- ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီ ဖြစ်တဲ့ ဓလေ့တစ်ခုပါ။
- ကိုယ် လှူချင်၊ တန်းချင်တဲ့ ပစ္စည်း၊ ငွေကြေး၊ အသုံးအဆောင် ပစ္စည်း တစ်ခုခုကို အိတ်တစ်လုံးထဲမှာ ထည့်။
- ပြီးရင် လူသူကင်းတဲ့ အချိန်မှာ လမ်းနေရာ တစ်ခုခုမှာ သွားပြီး ချထားကြတာပါ။
- ခြွင်းချက်တော့ ရှိပါတယ်။
အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူမှ မသိစေရပါဘူး။ ကိုယ် တစ်ယောက်သာ သိရပါမယ်။
လူသွားလမ်းလို လူတွေ တွေ့မြင်လွယ်တဲ့ နေရမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့လည်း မဖြစ်ရပါဘူး။
နောက် တစ်ရက်မှာ ကိုယ်လှူလိုက်တဲ့ ပစ္စည်းကို ရသွားတဲ့ လူက ကောင်းချီးမင်္ဂလာ ပေးတဲ့အခါမှာ ကုသိုလ်လည်း ရတာပေါ့။
ရှေးအခါက ရဟန်းတွေဟာ အမှိုက်ပုံ၊ သင်္ချိုင်း စတဲ့ နေရာတွေကနေ အဝတ်စုတ်တွေကို ကောက်ယူပြီး သင်္ကန်းတစ်ထည်ဖြစ်အောင် ပေါင်းစပ် ချုပ်ဝတ်ကြလေ့ ရှိတယ်။ အဲ့ဒီသင်္ကန်းကို ပံ့သကူသင်္ကန်းလို့ ခေါ်တယ်။ သင်္ကန်းကာင်းကောင်းလေး ရတဲ့အခါ အဲဒီ ရဟန်းအဖို့ တစ်နွေစာ တရားကောင်းကောင်း အားထုတ်လို့ ရနိုင်တာပေါ့။ ရဟန်းတစ်ပါး သင်္ကန်းချုပ်ဖို့ ပံ့သကူလိုက်ကောက်ရာမှာ အဝတ်ကောင်းကောင်း တစ်ခု ရသွားရင် ဖြစ်တဲ့ ပီတိနဲ့ အလားတူပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။
- ဒါကြောင့် " ပံ့သကူ ပစ်တယ်" ဆိုတဲ့ စကား ပေါ်ပေါက်လာတာပါ။

/EdoArtSchool/
by
Tarr

Address

Pay 80 Road
Monywa
02301

Alerts

Be the first to know and let us send you an email when Tarr Tarr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tarr Tarr:

Share