WiFi King-Monywa WiFi Solution

WiFi King-Monywa WiFi Solution I want to help people for WiFi&IT problem.

အလုပ်ရုံထဲးက WiFiကို အခြာတစ်ဖက်မှာရှိတဲ့ ဝန်ထဲးက အိမ်ကို wifi internet သုံးလို့ရအောင် WiFi King မှ TP-Link Routerဖြင့်လိ...
03/12/2023

အလုပ်ရုံထဲးက WiFiကို အခြာတစ်ဖက်မှာရှိတဲ့ ဝန်ထဲးက အိမ်ကို wifi internet သုံးလို့ရအောင် WiFi King မှ TP-Link Routerဖြင့်လိုင်ခွဲးပီ ပေးခဲ့ပါတယ်။

ဆက်သွယ်ရန်-09-970072691

တစ်မိသားစုတည်ကို ISPက WiFi တစ်လိုင်းဘဲ လျောက်ပီ တစ်အိမ်ကို TP-Link Router တစ်ခုစီ တပ်ပီ WiFi လိုင်းကောင်းကောင်း ခွဲသုံးလ...
16/10/2023

တစ်မိသားစုတည်ကို ISPက WiFi တစ်လိုင်းဘဲ လျောက်ပီ တစ်အိမ်ကို TP-Link Router တစ်ခုစီ တပ်ပီ WiFi လိုင်းကောင်းကောင်း ခွဲသုံးလို့ရတယ်နော်---
အခုလို့ တပ်ဆင်ခြင်းရင်
09-970072691ကို ဆက်သွယ်လို့ရပါတယ်ဗျ

အိမ်မှာ WiFi တပ်ထာပီ လိုင်းဆွဲးအားမကောင်းလို့ Mbpsတိုးပီယူလည်း လိုင်းကထူးခြားမလာဘူးဆိုရင်တော့ 2.4GHz/5GHzရောရတဲ့ wifi Ro...
28/09/2023

အိမ်မှာ WiFi တပ်ထာပီ လိုင်းဆွဲးအားမကောင်းလို့ Mbpsတိုးပီယူလည်း လိုင်းကထူးခြားမလာဘူးဆိုရင်တော့ 2.4GHz/5GHzရောရတဲ့ wifi Router တစ်လုံး ထပ်တပ်ဖို့ အကြံပြုပါရစေ။

ရွေးချယ်စရာတွေများလို့ ခေါင်းကိုက်နေပြီလား❓ဘယ် WiFi Router ကအကောင်းဆုံးလဲ ❓ဒါဆိုရင်တော့ ဒီပို့စ့်က မိတ်ဆွေတို့အတွက် အထော...
27/09/2023

ရွေးချယ်စရာတွေများလို့ ခေါင်းကိုက်နေပြီလား❓
ဘယ် WiFi Router ကအကောင်းဆုံးလဲ ❓

ဒါဆိုရင်တော့ ဒီပို့စ့်က မိတ်ဆွေတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့မျော်လင့်ပါတယ်။🙏

ဘာကြောင့် Wireless Router တွေဝယ်ကြလဲ အရင်ကြည့်ရအောင်👇👇

💢 အင်တာနက် ဝယ်ယူတပ်ဆင်ကြသည့်အခါ Internet Company မှ တပ်ဆင်ပေးထားသော WiFi Router ရဲ့ WiFi Signal ကအားနည်းလို့ ( သို့ ) Device Performance ပိုကောင်းတာလိုချင်လို့ ( သို့ ) ကိုယ်လိုချင်တဲ့ နေရာထိ WiFi Signal ထပ်ချဲ့ချင်လို့ ဝယ်ယူကြပါတယ်
💢 အင်တာနက် မသုံးသော်လည်း ကိုယ့်ရုံးတွင်း၊ အိမ်တွင်း Network မှ Devices များကို Wirelessly ချိတ်ဆက်ချင်သည့် အခါလည်း အသုံးပြုကြပါတယ်။

ဘယ်ဟာအကောင်းဆုံးလဲ❓
🎯အမေးအများဆုံးမေးခွန်းပါ၊ ဖြေစရာလည်းတစ်ခုပဲရှိပါတယ်။ Product အားလုံးသည် သူ့ Level မှာတော့ သူအကောင်းဆုံးပဲ။ 💯
🎯ကိုယ်အသုံးပြုမဲ့ Budget ( သို့ ) အသုံးပြုချင်သည့် Performance ပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မည့် Product များကိုရွေးချယ်နိုင်ဖို့ TP-Link မှ ရွေးချယ်စရာပေါင်းမြောက်များစွာဖြင့် Product အစုံအလင်ထုတ်ထားပါသည်။👍

ဘယ်အချက်တွေကြည့်ပြီး ဝယ်ရမလဲ❓
🎯ကိုယ်ဘယ်လိုသုံးမှာလဲ၊ ဘယ်လောက်သုံးမှာလည်း ဆိုတာအရင်သိဖို့လိုမယ်။ ဥပမာ....
- သာမန် အင်တာနက်အသုံးပြုရုံပဲလား
- တအိမ်လုံး WiFi Signal ရောက်ချင်တာလား
- Devices အများကြီး ချိတ်သုံးမှာလား
- Streaming / Gaming အတွက် အဓိကသုံးမှာလား
- အင်တာနက် အမြန်နှုန်း ဘယ်လောက်ယူထားလဲ
- Latest Technology, Latest Products ကိုသုံးချင်တာလား

🎯သိပြီဆိုရင်တော့ အောက်မှာ Level အလိုက်ဆက်လေ့လာကြရအောင်👇👇

✅ Entry Level
ဥပမာ၊ ၊ အသုံးပြုမည့် Device က ၁၀-၁၅ လုံးဝန်းကျင်ပဲရှိမယ်၊ သာမန် အင်တာနက်၊ Office use သာအသုံးပြုမည်၊ Budget ကလည်းသက်သာချင်ရင်တော့ N Router လို့ခေါ်သည့် Entry Level Router တွေအသုံးပြုနိုင်ပါသည်။အသုံးပြုမည့် Device နှင့် ဈေးနည်းနည်းပိုအသုံးပြုမယ်ဆိုရင် 2.4GHz + 5GHz အလုပ် လုပ်သည့် Dual Band Router များကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။
Signal Coverage ကိုပိုပြီး boost လုပ်ချင်ရင်တော့ High Power Router တွေကို အသုံးပြုသင့်ပါတယ်။

✅ MainStream Level
Budget ကို နည်းနည်းထပ်ပိုသုံးမယ်ဆိုရင်တော့ Mainstream Level Router တွေရနိုင်ပြီ။ Entry Level ထက်ဈေးပိုသလို၊ Features တွေ Performance လည်းပိုစုံ၊ Devices တွေလည်း ပိုပြီးချိတ်ဆက်နိုင်မယ်။ ဥပမာ၊ ၊ Model ပေါ်မူတည်ပြီး MU-MIMO, Beaformaing, Smart Connect, Filter, Block, WPA3, QoS အစရှိသည့် အချက်တွေကြောင့် အတော်အသင့် Game ဆော့ချင်သူများနှင့် Streaming သမားများအတွက် ပါအဆင်ပြေပါတယ်။
ဒါ့အပြင် Manage အတွက် အချို့ Model တွေဆို Cloud Support ပါရတယ်။ 2.4GHz + 5GHz support လုပ်သည့် Dual Band Router တွေဖြစ်ပြီး WiFi Speed အနေနဲ့လည်း အနိမ့်ဆုံး AC1200 လောက်ကစမယ်။

✅ High-End Level
ဈေးနှုန်း ၁ သိန်းကျော်မှ စပြီးအသုံးပြုမယ်ဆိုရင်တော့ High-End Level Router တွေရပါပြီ။
အထူးသဖြင့် Density ပိုကောင်းသည့် နောက်ဆုံးပေါ် WiFi Technology နည်းပညာ WiFi 6 ဖြင့်ထုတ်ထားတသည့် AX Router သို့မဟုတ် AC Router မှ Speed အမြင့်တွေရရှိနိုင်ပါပြီ။
နောက်ပိုင်းထွက်လာမည့် Network Device တွေ၊ မိုဘိုင်းဖုန်းတွေသည် WiFi 6 နည်းပညာဖြင့် ထွက်ရှိလာတော့မည်ဖြစ်ပါတယ်။ ထိုကဲ့သို့ Device များ နှင့် IoT devices အများအပြားကို တပြိုင်တည်း အသုံးပြုချင်၊ အသုံးပြုမည်ဆိုပါက WiFi 6 ဖြင့် ကိုယ့်ရဲ့ Future Network ကိုတည်ဆောက်သင့်ပါတယ်။
WiFi 6 Router များသည် Model ပေါ်မူတည်ပြီး Mainstream Level တွင်ရရှိသည့် Performance များအပြင်၊ Antivirus, QoS,Parental Controls အစရှိသည်များ ပါဝင်သည့် HomeCare ဆိုသည့် Premium feature ပါ ပါဝင်လာသည်၊ ဒါ့အပြင် WiFi 6 Router အားလုံး Management အတွက်
Cloud Free Support ရရှိပါသည်။ Gamer များအတွက် Gaming Router များလည်း ရှိပါသည်။

ဒီနေရာမှာ တစ်ခုပြောပြချင်တာက High-End Level Router အထူးသဖြင့် WiFi 6 Router တွေဝယ်လိုက်လို့ Mainstream , Entry Level Router တွေထက် Signal Coverage အဆပေါင်းများစွာ ပိုကျယ်ပြန့်သွားမယ်လို့ မထင်စေချင်ဘူး။ ဘာလို့လဲဆိုတော့ WiFi 6 Router တွေက Signal Coverage ပိုကျယ်ပြန့်ဖို့ထက် Devices ပေါင်းမြောက်များစွာကို တပြိုင်တည်း ချိတ်ဆက်အသုံးပြုနိုင်ရန် တနည်းအားဖြင့် အသုံးပြုကြသည့်အခါ သူ့ရဲ့ Performance ကျမသွားရအောင် ဆိုလိုတာက Density ပိုကောင်းသွားတယ်၊ Efficiency ပိုကောင်းသွားတယ်လို့ ပြောချင်တာ..

အပေါ်ကပြောခဲ့တဲ့ Single Router တမျိုးမျိုး ဝယ်ပြီးနောက်၊ Signal Area ထပ်ချဲ့ချင်ပါက များသောအားဖြင့် AccessPoint သို့မဟုတ် Wireless Range Extender တွေကို ထပ်ဆင့်ခံပြီး တွဲဖက်အသုံးပြုကြပါတယ်။ WiFi Range Extender မှာလည်း Products Line အစုံအလင်ရှိပါတယ်။
မူရင်း Host လုပ်သည့် Router ကို Signal Area ထပ်ချဲ့ချင်ပါက Extender ၂ လုံးအထိတွဲဖက်အသုံးပြုကြသော်လည်း ၁ လုံးတည်းဖြင့် တွဲဖက်အသုံးပြုခြင်းကို Rocommend ပေးပါတယ်။

အိုကေ...ကိုယ့်ရဲ့ အိမ်က ၂ထပ်၊ ၃ထပ်အောက်မှာပြောပြမည့် သို့မဟုတ် အခန်းအများကြီးပါမယ်၊ Area အားလုံးကိုလည်း WiFi Signal ရောက်ချင်တယ်ဆိုရင်တော့ Deco WiFi Mesh တွေကို အသုံးပြုဖို့ အကောင်းဆုံး အကြံပြုပါတယ်။👇👇

✅ Premium Level
Deco WiFi Mesh တွေကတော့ အတွဲလိုက် သုံးရတဲ့ Products တွေပါ။ အတွဲလိုက်ချိတ်သုံးရသော်လည်း Sameless Roaming ကြောင့် Stable ဖြစ်သည့် Connection နှင့် Model ပေါ်မူတည်ပြီး မှော်ဆန်ဆန် Manage လုပ်နိုင်သည့် Powerful Home Care ( Antiviurs, QoS, Parental Controls ) Features တွေပါဝင်ပါတတယ်။သူ့မှာလည်း ရွေးချယ်စရာ Level အမျိုးမျိုးရှိပါသေးတယ်။
၁၀လုံးအထိ အတွဲလိုက်အသုံးပြုဖို့ Recommed ပေးပါတယ်( ထို့ထက်လည်းပိုအသုံးပြုနိုင်ပါသည် )၊ Model မတူလည်း အတူတကွတွဲဖက်အသုံးပြုလို့ရပါသည်။
ဘာလို့ Premium Level လို့ပြောရရင် စတင်မိတ်ဆက်စဉ်က Products များရဲ့ အံ့ဖွယ် Performance , Features နှင့် Products များရဲ့ အသွင်အပြင်ကြောင့်ဖြစ်ပါတယ်။
အခုနောက်ပိုင်းတော့ ဈေးနှုန်းသင့် အခြားModel များလည်းထွက်ရှိလာပါပြီ။ သူ့မှာလည်း Model ပေါ်မူတည်ပြီး Features , Performance တွေကွာသွားနိုင်သော်လည်း Management အတွက် Cloud Free Support ကိုတော့ Product အားလုံး Support လုပ်ပါသည်။ ဒါ့အပြင် Gamer များအတွက် Premium ဆန်ဆန် WiFi 6 Gaming Router များလည်းရှိပါသည်။

ဒီနေရာမှာ အကြုံပြုချင်တာက ဥပမာ၊ ၊ Budget အကန့်အသတ်အရ ၆ သောင်း၊ ၇ သောင်းဝန်းကျင် Router တစ်လုံးဝယ်မယ်၊ နောက်ထပ် WiFi Area ထပ်ချဲ့ဖို့ အစီအစဉ်လည်း ရှိတယ်ဆိုရင်တော့ နောက်ထွက် ဈေးနှုန်းသင့် Deco WiFi Mesh တွေဝယ်ဖို့အကြံပြုချင်ပါတယ်။ ဈေးနှုန်းအရ သိပ်ကွာခြားချက်
မရှိတော့သည့်အပြင် Mesh Technology ဖြင့် Wirelessly ချိတ်ဆက်တော့ အိမ်အလှမပျက်သည့်အပြင် Stable ဖြစ်သည့် Connection ကိုလည်း ရရှိပါမည်။
ဒါမှမဟုတ် ကိုယ့်ရဲ့လိုအပ်ချက်သည် Single Router တစ်လုံးဖြင့် လုံလောက်ပါက အပေါ်မှာပြောခဲ့တဲ့ Level များထဲမှ အဆင်ပြေရာရွေးချယ်နိုင်ပါသည်။

Deco WiFi Mesh နှင့် WiFi 6 Router များအကြောင်းကို သီးသန့် ပို့စ့်များတွင် ဖတ်ရှု့လေ့လာနိုင်ပါသည်။

အိုကေ...ဒါဆို အထက်ပါအချက်တွေကို ကြည့်ဝယ်မယ်ဆိုရင် ကိုယ်ပေးရတဲ့ဈေးနဲ့ အကောင်းဆုံးဖြစ်မဲ့ တနည်းအားဖြင့် ကိုယ်သုံးချင်တဲ့ပုံစံနဲ့ ကိုက်ညီမဲ့ အကောင်းဆုံး WiFi Mesh သို့မဟုတ့် WiFi Router တစ်လုံးကို ရရှိနိုင်ပါမည်။

.1

Wireless Technology - Wi-Fi - Frequency========================================WiFi Network လေးတစ်ခုလုပ်စရာရှိနေတာနဲ့ Wi...
23/09/2023

Wireless Technology - Wi-Fi - Frequency
========================================

WiFi Network လေးတစ်ခုလုပ်စရာရှိနေတာနဲ့ WiFi အကြောင်းလေး ရေးဖို့စိတ်ကူးရသွားလို့ပါ

WiFi ဆိုတာလူတိုင်းနီးပါးသိကြပါတယ်နော်.. free WiFi ပိုသိတယ်ဟုတ် :D...အဲ့တာကြောင့် WiFi အကြောင်းလေး knowledge sharing လေးရေးပေးလိုက်ပါတယ်။ Basic sharing မို့ Advance သမားတွေသိပြီးသားဆိုလဲအပြင်းပြေဖတ်လို့ရတာပေါ့။ စဉ်းစားမိတာလေးတစ်ခုက WiFi အကြောင်းရေမဲ့တူတူမထူးပါဘူး wireless technology အကြောင်းလေး frequency အကြောင်းလေးပါအကြမ်းဖြင်းထဲ့ရေးလိုက်ပါတယ်။

wireless signal
---------------

Wireless Technology ဆိုတာနဲ့ဘာအဓိကလဲလို့မေးရင်ရှင်းရှင်းလေးပါ wireless သုံးဖို့အတွက် wireless signal လိုတာပေါ့။အဲ့တော့ wireless signal ဆိုတာဘာလဲကစရတာပေါ့။ wireless signal ဆိုမှတော့ wire မရှိလို့ပေါ့ :P ဟုတ်ပါတယ် wire မလိုပဲလေထဲမှာ လျှပ်စစ်သံလိုက်လှိုင်း(Electromagnetic waves)တွေနဲ့ကျွန်တော်တို့လိုအပ်တဲ့အချက်အလက်တွေကိုပို့တာပါ။ အဲ့ဒီ wave တွေက antenna တို့ receiver တို့ဆောင်ရွက်တဲ့နေရာစီရောက်လာတဲ့အခါမှာ electromagnetic waves လေးတွေကနေ electric energy ပုံစံပြောင်းပြီး လက်ခံတဲ့ device ကနေပြောင်းသွားတဲ့ လျှပ်စစ်စွမ်းအင်အပြောင်းအလဲအနေအထားလေးတွေကိုပြန်ပြီး data အဖြစ်ပုံဖော်ယူတာဖြစ်ပါတယ်။
(ဒီထဲမှာ နဲနဲရှာထက်ရှည်ချင်တာကတော့ ကျွန်တော်တို့တွေပြောပြောနေတဲ့ data တနည်းအားဖြင့် ပုံတွေ၊စာတွေ၊ဗီဒီယိုတွေကို ကျွန်တော်တို့တစ်နေရာကနေတစ်နေရာကူးယူကြတယ်၊အင်တာနတ်ကဒေါင်းကြတယ်ဆိုတာဟာ တကယ်တော့အဲ့ဒိရှိတဲ့ ပုံကြီး၊ဗီဒီယို ကြီးကိုယ့်စီကောက်ထဲ့လိုက်တာမှမဟုတ်တာ ကျွန်တော်တို့ကူးလားတာ signal သီးသန့်ပဲလေ အဲ့ဒီ signal ကိုကျွန်တော်တို့ပြန်ဖွင့်တဲ့ computer,phone စတာတွေကအဲ့အတိုင်းပြန်ပုံဖော်ပေးလိုက်တော့ ကိုယ်ကပဲဟိုမှာရှိတဲ့ဟာကူးလာသလိုလိုထင်သွားတာပေါ့ signal မှာပါတာဆိုလို့ စကား၂လုံးစာပဲ ဥပမာ 1 or 0 , အပေါ် or အောက် အဲ့လိုမျိုးပေါ့ နားလည်လွယ်အောင်ပြောရင် 01000001 ဆိုရင် A လို့ပြပေါ့ ..signal မှာ digital signal နဲ့ analog signal ဆိုပြီး ၂ မျိုးရှိတယ် ဘာကွာလဲဆိုတော့ နောက်မှထက်ရေးတော့မယ်)

Type of Wireless Signal
-----------------------
Wireless signal အမျိုးအစားတွေကတော့အများကြီးရှိပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားဖူးနေကြတွေကတော့ FM radio,TV,Phone,Wi-Fi,Satellite signal စသဖြင့်အများကြီးရှိပါတယ်။အားလုံးက electromagnetic waves signal တွေကြီးပါပဲဘာလို့ကွာသွားတာလဲဆိုတော့ Frequency မတူကြလို့ပဲဖြစ်ပါတယ်။

Frequency
---------

Frequency ကိုအလွယ်ပြောရရင်ကြိမ်နှုံးလို့ ဘာသာပြန်ကြပါတယ်လှိုင်းထနှုံးပေါ့ ဒီကြားထဲ ရှာရှည်ပြီးမေးတဲ့သူကရှိသေးတယ်ဘာလို့ electromagnetic wave တေက တဲ့တဲ့မသွားပဲလှိုင်းထပြီးသွားတာလဲတဲ့ APK ပေါ့နော်ဟုတ်ပါတယ်လှိုင်းဘာလို့ထရလဲဆိုတော့ electric မှုံလေးတွေကငြိမ်ငြိမ်မနေဘူးလျှပ်စစ်သွားရာလမ်းမှာခုန်ပေါက်ပြီးသွားတော့တုံခါမှုဖြစ်ပါတယ်အဲ့ဒိတုံခါမှုကြောင့် လှိုင်းထပြီးလေထဲထွက်သွားတာပေါ့ ထားပါတော့ရှေ့ဆက်ရရင် အဲ့ဒိလှိုင်းထတဲ့ကြိမ်နှုံးပေါ်မူတည်ပြီး signal တွေလဲကွဲပြားသွားပါတယ်။လှိုင်းထတာနှေးရင် low frequency ပေါ့ လှိုင်းထတာများရင် high frequency ပေါ့ အဲ့တာကိုဘာနဲ့တိုင်းတာလဲဆိုရင် Hertz နဲ့တိုင်းပါတယ်။ Hertz (Hz)ကိုဘယ်လိုတိုင်းလဲဆိုတော့ 1 secondမှာလှိုင်းဘယ်နှစ်ခါထလဲပေါ်မူတည်ပြီးခေါ်ပါတယ် ၁ စက္ကန့်မှာ ၁ ကြိမ်ထရင် 1Hz ပေါ့ ၁ စက္ကန့်မှာ လှိုင်း ၁၀၀ ထွက်တယ်ထတယ်ဆိုရင် 100Hz ပေါ့ဒီလောက်ဆိုသဘောပေါက်လောက်ပါပြီ ဥပမာအနေနဲ့ FM radio signal က ၁ စက္ကန့်မှာ လှိုင်း သန်း ၁၀၀ (100 Million)ထွက်ပါတယ် အဲတာကြောင့် FM frequency က 100MHz ဖြစ်ပါတယ် million ကို M နဲ့ပြပါတယ် ထွက်မထွက်သိချင်ရင်တော့ FM နားထောင်ရင် လာတဲ့လှိုင်း လိုက်ကြည့်ကြည့်ပေါ့ ဟီးဟီး မြင်ရရင်ပြောအုံးနော်။ လှိုင်းက ၁ စက္ကန့် သန်းထောင်ချီထွက်ရင်တော့ billion times ပေါ့ အဲ့တာကိုတော့ Gigahertz (GHz) နဲပြပါတယ်။အောက်မှာနမူနာအနေနဲ့ Frequency တွေပြထားပါတယ် Wi-Fi ဆိုတဲ့ကောင်ကြီမ်နှုံးတော်တော်များတယ် အဲ့တာကြောင့်လဲ signal တွေ ၁ စက္ကန့်အတွင်းအများကြီးပို့နိုင်တယ်ထင်ပါတယ်။ လှိုင်းထုတ်ပေးရတဲ့ electric power လဲပိုစားမှာပေါ့။

AM Radio: Around 10MHz
FM Radio: Around 100MHz
Television: Many frequencies from 470MHz to 800MHz, and others.
Cellular phones: 850MHz, 1900MHz, and others
Wi-Fi: 2.4GHz
Satellite: 3.5GHz
Wi-Fi: 5GHz

frequency အကြောင်းရေးတော့ Modulation ဆိုတဲ့စကားလုံးလေးထဲ့ရေးပေးလိုက်ပါတယ်အကျယ်ကတော့သီးသန့်လေ့လာကြည့်ပါသိချင်ရင် Modulation ဆိုတာအကြမ်းဖြင်းပြောရရင် signal လွှင့်တဲ့အခါမှာလိုချင်တဲ့ data information ရအောင် wave တွေကို ပုံစံအမျိုးမျိုးလှိုင်းအရွယ်အစားလိုသလိုပုံပြောင်းပို့လွှတ်တဲ့သဘောမျိုးကို modulate လုပ်တယ်လို့ခေါ်ပါတယ်။

Wi-Fi Signal
============

WiFi signal မှာတော့ frequency ပေါမူတည်ပြီး ၂ မျိုးသုံးကြပါတယ်
1- 2.4GHz low frequency ကတော့လက်ရှိများသောအားဖြင့်သုံးတဲ့ WiFi frequency အမျိုးအစားပါ။အသုံးများတဲ့အတွက် အဲ့ဒိ frequency နဲ့ signal တွေကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးဖြစ်နေပြီးတခါတလေ wave တွေအချင်းချင်းအနှောက်အယှက်ဖြစ်တာတွေရှိနေတက်ပါတယ်။ဒါပေမဲ့အားသာတာတစ်ခုက နံရံတွေပြတင်းပေါက်တွေကို ဖြတ်ကျော်နိုင်မှုများပါတယ်။

2- 5GHz high frequency ကတော့လောလောဆယ်အသုံးနဲပါသေးတယ်။ frequency များတဲ့အတွက် Bandwidth ပိုများပါတယ်အသုံးပြုတဲ့သူလဲနည်းသေးတာကြောင့်အနှောက်အယှက်လည်းကင်းပါသေးတယ်။ဒါပေမဲ့ကြိမ်နုံးများတဲ့အတွက် အကွာအဝေးသိပ်မရပါဘူး 2.4GHz လိုလဲ နံရံတွေ ပြင်းပေါက်တွေလဲအရမ်းမဖြတ်ကျော်နိုင်ပါဘူး။

အဲ့အမျိုးအစားတွေကို Wi-Fi လောကမှာတော့ Band လို့ခေါ်ကြပါတယ်။ 2.4GHz Band နဲ့ 5GHz Band ပေါ့၊ အဲ့ Band တစ်ခုချင်းစီမှာလဲ channel တွေခွဲပြီးသုံးကြပါတယ်။
2.4GHz Band မှာ channel 1 to 14 ရှိပါတယ်ဒါပေမဲ့ channel overlap ဖြစ်တဲ့အတွက် channel အကုန်လုံးအသုံးပြုလို့မရပါဘူး။
5GHz Band မှာတော့ bandwidth ပိုများသလို channel တွေလဲပိုများပါတယ် 1 to 165 လောက်ထိရှိပါတယ်။

Power and Receiver Sensitivity

WiFi နဲ့ပတ်သတ်လို့နောက်တစ်ခုအရေးကြီးတာက အထက်မှာပြောခဲ့တဲ့ Wifi signal တွေကဘယ်လောက်ဝေးဝေးသွားကြလည်း ဘာတွေကွာလည်းဆိုတာပါပဲ။ဒါမှလည်း wireless network တစ်ခုတည်ဆောက်တော့မယ်ဆိုတွက်လို့ချက်လို့ရမှာပါ။အပေါ်ခေါင်းစဉ်မှာရေးထားသလို Power ဆိုတာက signal ထုတ်လွှင့်တဲ့ power ကိုပြောတာပါ transmit လုပ်တဲ့အားပေါ့ electromagnetic အားပေါ့ အဲ့ဒိအားက Router တစ်ခုချင်းစီမှာသူ့ power နဲ့သူရှိပါတယ် အဲ့တာပေါမူတည်ပြီး အကွာအဝေးလဲပြောင်းလဲသွားပါတယ်။
တချို့ router တွေကထုတ်လွှင့်အားအရမ်းကောင်းပါတယ် တချို့ router အမျိုးအစားတွေကတော့ လက်ခံအား လိုင်းဖမ်းအားအရမ်းကောင်းပါတယ် အမျိုးအစားပေါ်မူတည်ပြီးကွဲပြားသွားပါတယ်။ အဲ့တာတွေပေါ်မူတည်ပြီးလိုင်းဘယ်လောက်ကောင်းလဲတိုတာလည်းကွာသွားတာပေါ့။
Router တစ်ခုရဲ့ transmit power ကို အတိုင်းအတာ ၂ မျိုးနဲ့တိုင်းပါတယ် - milliwatts(mW)or dBm ဆိုပြီးတိုင်းကြပါတယ်။

1- လျှပ်စစ်အခေါ်အဝေါ်အတိုင်းအတာမှာ Watt ကိုတော်တော်များများသိပြီးကြမှာပါ လျှပ်စစ်ပစ္စည်းတွေသုံးတဲ့အခါ Watt ဘယ်လောက်စားလဲဆိုတာကိုပေါ့ ခုဆိုမီတာခဈေးတွေတက်တော့ watt ချွေတာဖို့ပြောလာကြတာကြားကြမှာပါ မီတာဆိုလို့ မီတာမှာဆိုရင် 1000 watt ကို 1 နာရီတိတိသုံးရင် 1 Unit တက်တာသိတဲ့သူတွေသိကြမှာပါ အဲ့တော့ Watt နဲမှသက်သာမှာပေါ့ ထားပါ milliwatts ကိုရှေ့ဆက်ရအောင် milliwatts ဆိုတာက 1 watts ရဲ့ ၁၀၀၀ ပုံ တစ်ပုံ 1/1000 watt ကိုခေါ်တာဖြစ်ပါတယ်။ဥပမာတွက်ပြရရင် လျှပ်စစ်မီးလုံးတစ်လုံးအိမ်မှာသုံးတာ 40 Watts ဆိုပါတော့ ကျွန်တော်တို့က 100mW ရှိတဲ့ Router တစ်လုံးသုံးမယ်ဆိုရင် 100/40000 ဖြစ်တာမို့ အဆ 400 ကျော်မီးသီးစားတဲ့အားထက်နဲတဲ့ပမာဏကို electric signal အဖြစ်ထုတ်လွှင့်လိုက်တာဖြစ်ပါတယ်။ signial wave တွေရဲ့လျှပ်စစ်ပမာဏ က အရမ်းနဲပါတယ် မဟုတ်ရင်ရဲ အကုန်ဓာတ်လိုက်ကုန်မှာပေါ့။

2- dBm ကတော့ ခုနကပြောတဲ့ milliwatt ကိုတိုင်းတာခေါ်ဆိုဖို့ ဇယား logarithms တွက်နည်းနဲ့တွက်ပြီးခေါ်တာဖြစ်ပါတယ်။ 1 Milliwatt ကို 0 dBm, 10 milliwatt ကို 10 dBm, 100 milliwatt ကို 20 dBm, 1000 milliwat (1Watt) ကို 30 dBm အစရှိသည်ခေါ်ဆိုကြပါတယ်။အဲ့တာကိုကြည့်ပြီး network range ကိုတွက်ချက်ပြီး router ဘယ်လောက် လိုတယ် ဘာညာပေါ့ တွက်ချက်ရတာပါ။

ဥပမာနေနဲ့ ပြောရင် ပုံမှန် laptop,phone လေးတွေဆို 10mw(10dBm)အားရှိပါတယ်။indoor router, Office router လေးတွေဆို 100mW(20dBm)
Outdoor router, Sector router တွေလဲ 100mW(20dBm)ပဲသုံးကြတာများပါတယ်းဒါပေမဲ့ antenna ကွာသွားပါတယ်အောက်မှာရှင်းပြပါအုံးမယ်။ long range CPE တွေဘာတွေကြတော့ 500mW(1/2Watt or 27 dBm)သုံးကြပါတယ်။တချို့နိုင်ငံတွေမှာ အဲ့လိုသုံးတဲ့ transmit power ကိုကန့်သတ်ထားပါတယ် အရမ်း watt များရင်လူကိုထိခိုက်နိုင်လို့ပါ မသိမသာနဲ့ဓာတ်သေးသေးလေးလိုက်နေသလိုနေမှာပေါ့။အဲ့တာတွေက ရောဂါတွေရတာ အနည်းဆုံး မျိုးတုန်းတာဖြစ်တတ်တယ်သတိတော့ထားပေါ့ :P။

အထက်မှာပြောခဲ့တဲ့ transmit power က WiFi Connection တစ်ခုရဲ့တစ်ဝက်စာခရီးလို့အကြမ်းဖြင်းသတ်မှတ်လိုက်ပါနောက်တစ်ဝက်ကတော့သူ့ လက်ခံတဲ့ receiver router, Device ဘက်ကအပိုင်းပေါ့ receiver ဘက်မှာလဲသူရဲ့ လက်ခံနိုင်တဲ့အကွာအဝေးရှိပါတယ်အဲ့တာကို ခေါင်းစဉ်မှာပါတဲ့ Receive Sensitivity လို့ခေါ်ပါတယ်။
လက်ခံတဲ့ device ကလည်းလက်ခံတဲ့အခါမှာအထက်ကပြောခဲ့သလို electromagnetic wave တွေကိုလက်ခံတာဖြစ်လို့ တနည်းအားဖြစ် လျှပ်စစ်ဓာတ်အားလှိုင်းသေးသေးလေးကိုလက်ခံတာမို့ dBm နဲ့ပဲတွက်ပါတယ်ဒါပေမဲ့ လက်ခံတဲ့နေရာမှာစလွှင့်လိုက်တဲ့ ပမာဏအတိုင်းရောက်လာတာမဟုတ်ပါဘူး လျှပ်စစ်အားနဲနဲလေးရောက်လာတာပါ အဲ့တာကိုပဲ ဖမ်းပြီး signal ပြန်ဖော်ရတာပါ။ ပုံမှန်အားဖြင့် -40dBm ကနေ -80dBm ကြားမှာကောင်းကောင်း signal အလုပ်လုပ်ပါတယ် -80dBm ကနောကျော်ပြီး -90,-100,တွေဆိုရင်လိုင်းမကောင်းတော့ပါဘူး။ အဲ့မှာဘာလို့အနှုတ်လက်ခဏာပါနေရတာလဲဆိုရင် ဖမ်းမီတဲ့ လျှပ်စစ်လှိုင်းက အရမ်းအားနည်းလို့ 1 milliwatt(1mW)တောင်မရှိပါဘူး အဲ့အောက်ကိုရောက်နေပါပြီ။

ဥပမာ - 0.0001 milliwat(mW) ကို 0.0001 dBm လို့ရေးမဲ့အစား -40dBmလို့အလွယ်မှတ်ရလွယ်အောင်ရေးတဲ့သဘောပါ။

|--------|-------------------|
| P(dBm) | P(mW) |
|--------|-------------------|
| 50 | 100000 |
| 40 | 10000 | strong transmitter
| 30 | 1000 | ^
| 20 | 100 | |
| 10 | 10 | |
| 0 | 1 |
| -10 | 0.1 |
| -20 | 0.01 |
| -30 | 0.001 |
| -40 | 0.0001 |
| -50 | 0.00001 | |
| -60 | 0.000001 | |
| -70 | 0.0000001 | v
| -80 | 0.00000001 | sensitive receiver
| -90 | 0.000000001 |
|--------|-------------------|

Antennas

Wireless router တွေမှာမတူညီတဲ့ အင်တန်နာတွေပါကြပါတယ်။လိုအပ်တဲ့အနေအထားပေါ်မူတည်ပြီးသုံးကြပါတယ်။တချို့ router နဲ့တွဲသုံးရတဲ့ အင်တန်နာသီးသန့်တွေလည်းရှိပါတယ်။
အသုံးအများဆုံး Antenna အမျိုးအစား ၃ မျိုးရှိပါတယ်။

Omnidirectional Antennas -- Omni အင်တန်နာတွေက WiFi signal လွှင့်တဲ့ ဖမ်းတဲ့နေရာမှာ ပတ်ပတ်လည်ကို လွှင့်၊ဖမ်း လုပ်ပါတယ်။ transmit power ကပတ်ပတ်လည်ကိုသွားရတဲ့အတွက်အကွာအဝေးတော့သိပ်မရောက်ပါဘူး ပတ်ဝန်းကျင်မှာပဲ signal ကောင်းကောင်းမိပါတယ်။

Directional Antennas --Directional ဆိုတဲ့အတိုင်းလားရာတစ်ဖက်ကို အားသာပေးပြီး signal လွှင့်တာဖြစ်ပါတယ်။ Directional Antenna ကိုအဓိက ၂ မျိုးထက်ခွဲထားပါတယ်။

>> Sector Antenna :: ကတော့ လိုချင်တဲ့ direction ဘက်ကို 30° ကနေ 120° အထိအကျဉ်းအကျယ် လုပ်ပြီး လွှင့်လို့ရပါတယ်။ Point to Multi Point သုံးတဲ့သူတွေအသုံးများပါတယ်။
>> Focused Antenna : :ကတော့ လိုချင်တဲံ direction တစ်ခုတည်းကိုပဲ စူးစိုက်ပြီးလွှင့်တာပါ အကျယ် 5°,10° လောက်ပဲရှိပါတယ်။အကွာအဝေးတော့ပိုရောက်တာပေါ့ CPE တွေမှာ point to point သုံးကြတာများပါတယ်။

ZawGyi
=======

WiFi Network လေးတစ်ခုလုပ်စရာရှိနေတာနဲ့ WiFi အကြောင်းလေး ရေးဖို့စိတ်ကူးရသွားလို့ပါ

WiFi ဆိုတာလူတိုင်းနီးပါးသိကြပါတယ်နော်.. free WiFi ပိုသိတယ်ဟုတ် :D...အဲ့တာကြောင့် WiFi အကြောင်းလေး knowledge sharing လေးရေးပေးလိုက်ပါတယ်။ Basic sharing မို့ Advance သမားတွေသိပြီးသားဆိုလဲအပြင်းပြေဖတ်လို့ရတာပေါ့။ စဉ်းစားမိတာလေးတစ်ခုက WiFi အကြောင်းရေမဲ့တူတူမထူးပါဘူး wireless technology အကြောင်းလေး frequency အကြောင်းလေးပါအကြမ်းဖြင်းထဲ့ရေးလိုက်ပါတယ်။

wireless signal
----------------

Wireless Technology ဆိုတာနဲ့ဘာအဓိကလဲလို့မေးရင်ရှင်းရှင်းလေးပါ wireless သုံးဖို့အတွက် wireless signal လိုတာပေါ့။အဲ့တော့ wireless signal ဆိုတာဘာလဲကစရတာပေါ့။ wireless signal ဆိုမှတော့ wire မရှိလို့ပေါ့ :P ဟုတ်ပါတယ် wire မလိုပဲလေထဲမှာ လျှပ်စစ်သံလိုက်လှိုင်း(Electromagnetic waves)တွေနဲ့ကျွန်တော်တို့လိုအပ်တဲ့အချက်အလက်တွေကိုပို့တာပါ။ အဲ့ဒီ wave တွေက antenna တို့ receiver တို့ဆောင်ရွက်တဲ့နေရာစီရောက်လာတဲ့အခါမှာ electromagnetic waves လေးတွေကနေ electric energy ပုံစံပြောင်းပြီး လက်ခံတဲ့ device ကနေပြောင်းသွားတဲ့ လျှပ်စစ်စွမ်းအင်အပြောင်းအလဲအနေအထားလေးတွေကိုပြန်ပြီး data အဖြစ်ပုံဖော်ယူတာဖြစ်ပါတယ်။
(ဒီထဲမှာ နဲနဲရှာထက်ရှည်ချင်တာကတော့ ကျွန်တော်တို့တွေပြောပြောနေတဲ့ data တနည်းအားဖြင့် ပုံတွေ၊စာတွေ၊ဗီဒီယိုတွေကို ကျွန်တော်တို့တစ်နေရာကနေတစ်နေရာကူးယူကြတယ်၊အင်တာနတ်ကဒေါင်းကြတယ်ဆိုတာဟာ တကယ်တော့အဲ့ဒိရှိတဲ့ ပုံကြီး၊ဗီဒီယို ကြီးကိုယ့်စီကောက်ထဲ့လိုက်တာမှမဟုတ်တာ ကျွန်တော်တို့ကူးလားတာ signal သီးသန့်ပဲလေ အဲ့ဒီ signal ကိုကျွန်တော်တို့ပြန်ဖွင့်တဲ့ computer,phone စတာတွေကအဲ့အတိုင်းပြန်ပုံဖော်ပေးလိုက်တော့ ကိုယ်ကပဲဟိုမှာရှိတဲ့ဟာကူးလာသလိုလိုထင်သွားတာပေါ့ signal မှာပါတာဆိုလို့ စကား၂လုံးစာပဲ ဥပမာ 1 or 0 , အပေါ် or အောက် အဲ့လိုမျိုးပေါ့ နားလည်လွယ်အောင်ပြောရင် 01000001 ဆိုရင် A လို့ပြပေါ့ ..signal မှာ digital signal နဲ့ analog signal ဆိုပြီး ၂ မျိုးရှိတယ် ဘာကွာလဲဆိုတော့ နောက်မှထက်ရေးတော့မယ်)

Type of Wireless Signal
------------------------

Wireless signal အမျိုးအစားတွေကတော့အများကြီးရှိပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားဖူးနေကြတွေကတော့ FM radio,TV,Phone,Wi-Fi,Satellite signal စသဖြင့်အများကြီးရှိပါတယ်။အားလုံးက electromagnetic waves signal တွေကြီးပါပဲဘာလို့ကွာသွားတာလဲဆိုတော့ Frequency မတူကြလို့ပဲဖြစ်ပါတယ်။

Frequency
---------

Frequency ကိုအလွယ်ပြောရရင်ကြိမ်နှုံးလို့ ဘာသာပြန်ကြပါတယ်လှိုင်းထနှုံးပေါ့ ဒီကြားထဲ ရှာရှည်ပြီးမေးတဲ့သူကရှိသေးတယ်ဘာလို့ electromagnetic wave တေက တဲ့တဲ့မသွားပဲလှိုင်းထပြီးသွားတာလဲတဲ့ APK ပေါ့နော်ဟုတ်ပါတယ်လှိုင်းဘာလို့ထရလဲဆိုတော့ electric မှုံလေးတွေကငြိမ်ငြိမ်မနေဘူးလျှပ်စစ်သွားရာလမ်းမှာခုန်ပေါက်ပြီးသွားတော့တုံခါမှုဖြစ်ပါတယ်အဲ့ဒိတုံခါမှုကြောင့် လှိုင်းထပြီးလေထဲထွက်သွားတာပေါ့ ထားပါတော့ရှေ့ဆက်ရရင် အဲ့ဒိလှိုင်းထတဲ့ကြိမ်နှုံးပေါ်မူတည်ပြီး signal တွေလဲကွဲပြားသွားပါတယ်။လှိုင်းထတာနှေးရင် low frequency ပေါ့ လှိုင်းထတာများရင် high frequency ပေါ့ အဲ့တာကိုဘာနဲ့တိုင်းတာလဲဆိုရင် Hertz နဲ့တိုင်းပါတယ်။ Hertz (Hz)ကိုဘယ်လိုတိုင်းလဲဆိုတော့ 1 secondမှာလှိုင်းဘယ်နှစ်ခါထလဲပေါ်မူတည်ပြီးခေါ်ပါတယ် ၁ စက္ကန့်မှာ ၁ ကြိမ်ထရင် 1Hz ပေါ့ ၁ စက္ကန့်မှာ လှိုင်း ၁၀၀ ထွက်တယ်ထတယ်ဆိုရင် 100Hz ပေါ့ဒီလောက်ဆိုသဘောပေါက်လောက်ပါပြီ ဥပမာအနေနဲ့ FM radio signal က ၁ စက္ကန့်မှာ လှိုင်း သန်း ၁၀၀ (100 Million)ထွက်ပါတယ် အဲတာကြောင့် FM frequency က 100MHz ဖြစ်ပါတယ် million ကို M နဲ့ပြပါတယ် ထွက်မထွက်သိချင်ရင်တော့ FM နားထောင်ရင် လာတဲ့လှိုင်း လိုက်ကြည့်ကြည့်ပေါ့ ဟီးဟီး မြင်ရရင်ပြောအုံးနော်။ လှိုင်းက ၁ စက္ကန့် သန်းထောင်ချီထွက်ရင်တော့ billion times ပေါ့ အဲ့တာကိုတော့ Gigahertz (GHz) နဲပြပါတယ်။အောက်မှာနမူနာအနေနဲ့ Frequency တွေပြထားပါတယ် Wi-Fi ဆိုတဲ့ကောင်ကြီမ်နှုံးတော်တော်များတယ် အဲ့တာကြောင့်လဲ signal တွေ ၁ စက္ကန့်အတွင်းအများကြီးပို့နိုင်တယ်ထင်ပါတယ်။ လှိုင်းထုတ်ပေးရတဲ့ electric power လဲပိုစားမှာပေါ့။

AM Radio: Around 10MHz
FM Radio: Around 100MHz
Television: Many frequencies from 470MHz to 800MHz, and others.
Cellular phones: 850MHz, 1900MHz, and others
Wi-Fi: 2.4GHz
Satellite: 3.5GHz
Wi-Fi: 5GHz

frequency အကြောင်းရေးတော့ Modulation ဆိုတဲ့စကားလုံးလေးထဲ့ရေးပေးလိုက်ပါတယ်အကျယ်ကတော့သီးသန့်လေ့လာကြည့်ပါသိချင်ရင် Modulation ဆိုတာအကြမ်းဖြင်းပြောရရင် signal လွှင့်တဲ့အခါမှာလိုချင်တဲ့ data information ရအောင် wave တွေကို ပုံစံအမျိုးမျိုးလှိုင်းအရွယ်အစားလိုသလိုပုံပြောင်းပို့လွှတ်တဲ့သဘောမျိုးကို modulate လုပ်တယ်လို့ခေါ်ပါတယ်။

Wi-Fi Signal
============

WiFi signal မှာတော့ frequency ပေါမူတည်ပြီး ၂ မျိုးသုံးကြပါတယ်
1- 2.4GHz low frequency ကတော့လက်ရှိများသောအားဖြင့်သုံးတဲ့ WiFi frequency အမျိုးအစားပါ။အသုံးများတဲ့အတွက် အဲ့ဒိ frequency နဲ့ signal တွေကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးဖြစ်နေပြီးတခါတလေ wave တွေအချင်းချင်းအနှောက်အယှက်ဖြစ်တာတွေရှိနေတက်ပါတယ်။ဒါပေမဲ့အားသာတာတစ်ခုက နံရံတွေပြတင်းပေါက်တွေကို ဖြတ်ကျော်နိုင်မှုများပါတယ်။

2- 5GHz high frequency ကတော့လောလောဆယ်အသုံးနဲပါသေးတယ်။ frequency များတဲ့အတွက် Bandwidth ပိုများပါတယ်အသုံးပြုတဲ့သူလဲနည်းသေးတာကြောင့်အနှောက်အယှက်လည်းကင်းပါသေးတယ်။ဒါပေမဲ့ကြိမ်နုံးများတဲ့အတွက် အကွာအဝေးသိပ်မရပါဘူး 2.4GHz လိုလဲ နံရံတွေ ပြင်းပေါက်တွေလဲအရမ်းမဖြတ်ကျော်နိုင်ပါဘူး။

အဲ့အမျိုးအစားတွေကို Wi-Fi လောကမှာတော့ Band လို့ခေါ်ကြပါတယ်။ 2.4GHz Band နဲ့ 5GHz Band ပေါ့၊ အဲ့ Band တစ်ခုချင်းစီမှာလဲ channel တွေခွဲပြီးသုံးကြပါတယ်။
2.4GHz Band မှာ channel 1 to 14 ရှိပါတယ်ဒါပေမဲ့ channel overlap ဖြစ်တဲ့အတွက် channel အကုန်လုံးအသုံးပြုလို့မရပါဘူး။
5GHz Band မှာတော့ bandwidth ပိုများသလို channel တွေလဲပိုများပါတယ် 1 to 165 လောက်ထိရှိပါတယ်။

Power and Receiver Sensitivity

WiFi နဲ့ပတ်သတ်လို့နောက်တစ်ခုအရေးကြီးတာက အထက်မှာပြောခဲ့တဲ့ Wifi signal တွေကဘယ်လောက်ဝေးဝေးသွားကြလည်း ဘာတွေကွာလည်းဆိုတာပါပဲ။ဒါမှလည်း wireless network တစ်ခုတည်ဆောက်တော့မယ်ဆိုတွက်လို့ချက်လို့ရမှာပါ။အပေါ်ခေါင်းစဉ်မှာရေးထားသလို Power ဆိုတာက signal ထုတ်လွှင့်တဲ့ power ကိုပြောတာပါ transmit လုပ်တဲ့အားပေါ့ electromagnetic အားပေါ့ အဲ့ဒိအားက Router တစ်ခုချင်းစီမှာသူ့ power နဲ့သူရှိပါတယ် အဲ့တာပေါမူတည်ပြီး အကွာအဝေးလဲပြောင်းလဲသွားပါတယ်။
တချို့ router တွေကထုတ်လွှင့်အားအရမ်းကောင်းပါတယ် တချို့ router အမျိုးအစားတွေကတော့ လက်ခံအား လိုင်းဖမ်းအားအရမ်းကောင်းပါတယ် အမျိုးအစားပေါ်မူတည်ပြီးကွဲပြားသွားပါတယ်။ အဲ့တာတွေပေါ်မူတည်ပြီးလိုင်းဘယ်လောက်ကောင်းလဲတိုတာလည်းကွာသွားတာပေါ့။
Router တစ်ခုရဲ့ transmit power ကို အတိုင်းအတာ ၂ မျိုးနဲ့တိုင်းပါတယ် - milliwatts(mW)or dBm ဆိုပြီးတိုင်းကြပါတယ်။

1- လျှပ်စစ်အခေါ်အဝေါ်အတိုင်းအတာမှာ Watt ကိုတော်တော်များများသိပြီးကြမှာပါ လျှပ်စစ်ပစ္စည်းတွေသုံးတဲ့အခါ Watt ဘယ်လောက်စားလဲဆိုတာကိုပေါ့ ခုဆိုမီတာခဈေးတွေတက်တော့ watt ချွေတာဖို့ပြောလာကြတာကြားကြမှာပါ မီတာဆိုလို့ မီတာမှာဆိုရင် 1000 watt ကို 1 နာရီတိတိသုံးရင် 1 Unit တက်တာသိတဲ့သူတွေသိကြမှာပါ အဲ့တော့ Watt နဲမှသက်သာမှာပေါ့ ထားပါ milliwatts ကိုရှေ့ဆက်ရအောင် milliwatts ဆိုတာက 1 watts ရဲ့ ၁၀၀၀ ပုံ တစ်ပုံ 1/1000 watt ကိုခေါ်တာဖြစ်ပါတယ်။ဥပမာတွက်ပြရရင် လျှပ်စစ်မီးလုံးတစ်လုံးအိမ်မှာသုံးတာ 40 Watts ဆိုပါတော့ ကျွန်တော်တို့က 100mW ရှိတဲ့ Router တစ်လုံးသုံးမယ်ဆိုရင် 100/40000 ဖြစ်တာမို့ အဆ 400 ကျော်မီးသီးစားတဲ့အားထက်နဲတဲ့ပမာဏကို electric signal အဖြစ်ထုတ်လွှင့်လိုက်တာဖြစ်ပါတယ်။ signial wave တွေရဲ့လျှပ်စစ်ပမာဏ က အရမ်းနဲပါတယ် မဟုတ်ရင်ရဲ အကုန်ဓာတ်လိုက်ကုန်မှာပေါ့။

2- dBm ကတော့ ခုနကပြောတဲ့ milliwatt ကိုတိုင်းတာခေါ်ဆိုဖို့ ဇယား logarithms တွက်နည်းနဲ့တွက်ပြီးခေါ်တာဖြစ်ပါတယ်။ 1 Milliwatt ကို 0 dBm, 10 milliwatt ကို 10 dBm, 100 milliwatt ကို 20 dBm, 1000 milliwat (1Watt) ကို 30 dBm အစရှိသည်ခေါ်ဆိုကြပါတယ်။အဲ့တာကိုကြည့်ပြီး network range ကိုတွက်ချက်ပြီး router ဘယ်လောက် လိုတယ် ဘာညာပေါ့ တွက်ချက်ရတာပါ။

ဥပမာနေနဲ့ ပြောရင် ပုံမှန် laptop,phone လေးတွေဆို 10mw(10dBm)အားရှိပါတယ်။indoor router, Office router လေးတွေဆို 100mW(20dBm)
Outdoor router, Sector router တွေလဲ 100mW(20dBm)ပဲသုံးကြတာများပါတယ်းဒါပေမဲ့ antenna ကွာသွားပါတယ်အောက်မှာရှင်းပြပါအုံးမယ်။ long range CPE တွေဘာတွေကြတော့ 500mW(1/2Watt or 27 dBm)သုံးကြပါတယ်။တချို့နိုင်ငံတွေမှာ အဲ့လိုသုံးတဲ့ transmit power ကိုကန့်သတ်ထားပါတယ် အရမ်း watt များရင်လူကိုထိခိုက်နိုင်လို့ပါ မသိမသာနဲ့ဓာတ်သေးသေးလေးလိုက်နေသလိုနေမှာပေါ့။အဲ့တာတွေက ရောဂါတွေရတာ အနည်းဆုံး မျိုးတုန်းတာဖြစ်တတ်တယ်သတိတော့ထားပေါ့ :P။

အထက်မှာပြောခဲ့တဲ့ transmit power က WiFi Connection တစ်ခုရဲ့တစ်ဝက်စာခရီးလို့အကြမ်းဖြင်းသတ်မှတ်လိုက်ပါနောက်တစ်ဝက်ကတော့သူ့ လက်ခံတဲ့ receiver router, Device ဘက်ကအပိုင်းပေါ့ receiver ဘက်မှာလဲသူရဲ့ လက်ခံနိုင်တဲ့အကွာအဝေးရှိပါတယ်အဲ့တာကို ခေါင်းစဉ်မှာပါတဲ့ Receive Sensitivity လို့ခေါ်ပါတယ်။
လက်ခံတဲ့ device ကလည်းလက်ခံတဲ့အခါမှာအထက်ကပြောခဲ့သလို electromagnetic wave တွေကိုလက်ခံတာဖြစ်လို့ တနည်းအားဖြစ် လျှပ်စစ်ဓာတ်အားလှိုင်းသေးသေးလေးကိုလက်ခံတာမို့ dBm နဲ့ပဲတွက်ပါတယ်ဒါပေမဲ့ လက်ခံတဲ့နေရာမှာစလွှင့်လိုက်တဲ့ ပမာဏအတိုင်းရောက်လာတာမဟုတ်ပါဘူး လျှပ်စစ်အားနဲနဲလေးရောက်လာတာပါ အဲ့တာကိုပဲ ဖမ်းပြီး signal ပြန်ဖော်ရတာပါ။ ပုံမှန်အားဖြင့် -40dBm ကနေ -80dBm ကြားမှာကောင်းကောင်း signal အလုပ်လုပ်ပါတယ် -80dBm ကနောကျော်ပြီး -90,-100,တွေဆိုရင်လိုင်းမကောင်းတော့ပါဘူး။ အဲ့မှာဘာလို့အနှုတ်လက်ခဏာပါနေရတာလဲဆိုရင် ဖမ်းမီတဲ့ လျှပ်စစ်လှိုင်းက အရမ်းအားနည်းလို့ 1 milliwatt(1mW)တောင်မရှိပါဘူး အဲ့အောက်ကိုရောက်နေပါပြီ။

ဥပမာ - 0.0001 milliwat(mW) ကို 0.0001 dBm လို့ရေးမဲ့အစား -40dBmလို့အလွယ်မှတ်ရလွယ်အောင်ရေးတဲ့သဘောပါ။

|--------|-------------------|
| P(dBm) | P(mW) |
|--------|-------------------|
| 50 | 100000 |
| 40 | 10000 | strong transmitter
| 30 | 1000 | ^
| 20 | 100 | |
| 10 | 10 | |
| 0 | 1 |
| -10 | 0.1 |
| -20 | 0.01 |
| -30 | 0.001 |
| -40 | 0.0001 |
| -50 | 0.00001 | |
| -60 | 0.000001 | |
| -70 | 0.0000001 | v
| -80 | 0.00000001 | sensitive receiver
| -90 | 0.000000001 |
|--------|-------------------|

Antennas

Wireless router တွေမှာမတူညီတဲ့ အင်တန်နာတွေပါကြပါတယ်။လိုအပ်တဲ့အနေအထားပေါ်မူတည်ပြီးသုံးကြပါတယ်။တချို့ router နဲ့တွဲသုံးရတဲ့ အင်တန်နာသီးသန့်တွေလည်းရှိပါတယ်။
အသုံးအများဆုံး Antenna အမျိုးအစား ၃ မျိုးရှိပါတယ်။

Omnidirectional Antennas -- Omni အင်တန်နာတွေက WiFi signal လွှင့်တဲ့ ဖမ်းတဲ့နေရာမှာ ပတ်ပတ်လည်ကို လွှင့်၊ဖမ်း လုပ်ပါတယ်။ transmit power ကပတ်ပတ်လည်ကိုသွားရတဲ့အတွက်အကွာအဝေးတော့သိပ်မရောက်ပါဘူး ပတ်ဝန်းကျင်မှာပဲ signal ကောင်းကောင်းမိပါတယ်။

Directional Antennas --Directional ဆိုတဲ့အတိုင်းလားရာတစ်ဖက်ကို အားသာပေးပြီး signal လွှင့်တာဖြစ်ပါတယ်။ Directional Antenna ကိုအဓိက ၂ မျိုးထက်ခွဲထားပါတယ်။

>> Sector Antenna :: ကတော့ လိုချင်တဲ့ direction ဘက်ကို 30° ကနေ 120° အထိအကျဉ်းအကျယ် လုပ်ပြီး လွှင့်လို့ရပါတယ်။ Point to Multi Point သုံးတဲ့သူတွေအသုံးများပါတယ်။
>> Focused Antenna : :ကတော့ လိုချင်တဲံ direction တစ်ခုတည်းကိုပဲ စူးစိုက်ပြီးလွှင့်တာပါ အကျယ် 5°,10° လောက်ပဲရှိပါတယ်။အကွာအဝေးတော့ပိုရောက်တာပေါ့ CPE တွေမှာ point to point သုံးကြတာများပါတယ်။

Photo google

23/09/2023

Monywa မှာ wifi တပ်ဆင်ထာပီ wifi နဲ့ ပတ်သက်တဲ့ အဆင်မပြေတဲ့ ပြသနာများရှိရင် WiFi King ကိုဆက်သွယ်လို့ရပါတယ်ဗျ။

👉wifi တပ်ဆင်ထာပီမှ တစ်အိမ်လုံး တစ်ဝန်းလုံး wifi လိုင်းမမိတဲ့ပြသနာ
👉wifi လိုင်းကောင်းကောင်းသုံးခြင်းလို့ အင်တာနက်Speed Bandwidth (Mbps)များများယူထာပီ လိုင်းမကောင်းတဲ့ပြသနာများ ကို ဖြေးရှင်းပေးပါတယ်ဗျ။
ဆက်သွယ်ရန်-09-970072691

Address

Monywa

Telephone

+959970072691

Website

Alerts

Be the first to know and let us send you an email when WiFi King-Monywa WiFi Solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share