05/03/2026
CEIR စစ်ကြည့်ဖို့အတွက်
============
မိမိဖုန်းရဲ့ IMEI Number ကို Copy ယူပြီး၊
ceir.gov.mm မှာ Check IMEI status ထဲဝင်ပီး ကိုယ့် IMEI Number ကို စစ်လိုက်တဲ့အခါ။
ပုံထဲကလို အချက် [3] ချက်မှာ အမှန်ခြစ်ဖြစ်နေရင် ရပါပြီခင်ဗျ။
◾️ IMEI Status မှာ Correct
◾️ Tax Payment Status မှာ Paid
◾️ Device Blocking Status မှာ Allowed လို့ ပေါ်တယ်ဆိုရင် ရပါပြီခင်ဗျ။
Dual SIMs တွေ၊ eSIM Support တွေကတော့ အကုန်လုံး SIM ထည့်ပြီး Activated လုပ်ထားပေးဖို့ လိုအပ်ပါမယ်နော်။
မိတ်ဆွေများအားလုံး အဆင်ပြေကြပါစေခင်ဗျ။
ဖုန်းအဟောင်းတွေမို့ မသုံးပဲ သိမ်းထားတာရှိရင်
လက်ရှိအချိန် ပါဝါဖွင့်ပြီး လိုင်းတက်တဲ့ ဆင်းကတ်
တစ်ကတ်သာ ထည့်ပြီး တစ်ရက် လောက် ပစ်ထားလိုက်
နောက်နေ့ မှ IMEI စစ်လိုက်ပေါ့
android tablet နဲ့ iPad တွေလဲ
4G , 5G LTE Cellular စနစ်တွေပါရင်
မသုံးပဲထားခဲ့ရင် Simcard ဖြစ်ဖြစ်
Esim ဖြစ်ဖြစ်သာ ထည့်ထားပေတော့
ပြီးမှ IMEI စစ်ပေါ့
သူတို့ကတော့ ဒီ ၃ လပိုင်းထဲ Simcard ထည့်ပြီး
Power On ထားရင် Auto ဖြစ်တယ်ပြောကြတာပဲ
Internet သုံးတဲ့ Device အကုန်လို့လဲ ပြောတယ်
Router တွေ ဘာတွေလဲ ပါတယ် ကြားမိတယ်
ဒီတော့ Simcard ထည့်လို့ရတဲ့ Device မှန်သမျှ
သိမ်းထားတာတွေ အကုန် Power On ပြီး
လိုက်စစ်ရမယ့် ပုံပါပဲ
ဖုန်း IMEI ကတော့ * #06 # ကနေစစ်လို့ရတယ်
Esim သုံးတဲ့ iPad တွေကတော့
Settings > General > About ထဲက
IMEI, EID, or ICCID. ဒါတွေကို ကြည့်လို့ရပါတယ်
ceir.gov.mm
ဒီလင့်မှာ စစ်ကြည့်လို့ အောက်ကပုံ အတိုင်း
ဒီလို ပြတယ်ဆို မသုံးတော့တဲ့
Device တွေလဲ ပြန်ဖြုတ်သိမ်းထားလိုက်လို့ရပါပြီ
ခုတော့ သိမ်းထားတဲ့ ဖုန်းအဟောင်းတွေပါ
ရှာပြီး စစ်လိုက်ကြပါဦး
Edit :
နိုင်ငံပြင်ပဆို Roaming ဖွင့်ပြီး
တစ်ခြားဆင်းကတ်တွေ ခနထုတ်တာ
နိုင်ငံခြား Esim တွေ Off တာ လုပ်ပြီး
မြန်မာကတ်ထည့်ပြီးစစ်ကြည့်ပေါ့
သတိပြုရမှာက : Unpaid ဘာညာ ပြတာတို့ ဆို
အခကြေးငွေပေးပြီး Service အပ်တာ မျိုး မလုပ်ပါနဲ့
ဒါပြင်ပေးလို့ရပါတယ်ဆိုပြီး အခကြေးငွေတောင်းခံပြီး
IMEI Info တွေ တောင်းလာခဲ့ရင်
Info တွေ ပေးတာ မှတ်ပုံတင် နဲ့ ID တွေကို
မသိတဲ့သူတွေကို ဝေမျှတာ ပို့ပေးတာမျိုး မလုပ်ကြပါနဲ့