15/04/2020
အင်္ဂလိပ်စာ လေ့လာသည့်အခါ သင်တန်းမရှိလို့ ၊ သင်တန်းရှိတော့လည်း Native Speaker နှင့်မသင်ဖူးလို့ ၊ အချိန်မရှိလို့ ၊ စသည်ဖြင့် ဒီလိုလေးတွေ ရှိနေရင် ဒီနေရာတွေမှာ ၀င်လေ့လာပါ ။
ကိုယ့်မှာလည်း အခြေခံလေးတော့ ရှိထားဖို့ လိုပါတယ်။ အဲ့ဒါတွေကို ဖြတ်သန်းပြီးရင် ဒီလိုနေရာတွေ ၀င်လေ့လာရင် အလွန်အဆင်ပြေပါတယ်။
- Listening တိုးတက်လာမယ်
- Grammar and Usage တိုးတက်လာမယ်
- အသံထွက် တိုးတက်လာမယ်
- အရေး ၊ အဖတ် အပြော အတွက် အထောက်အကူး ပြုလာမယ်.
လုပ်ကြည့်ပါ .
1 .EngVid :
---------------
ဆရာ ၊ ဆရာမ ၁၁ ဦးမှ သင်ခန်းစာမျိုးစုံကို သင်ကြားပို့ချထားပါတယ်။
ကနေဒါ ၊ အမေရိကန် ၊ ဗြိတိသျှ အစုံပါပဲ .
Video သင်ခန်းစာ အကြောင်းအရာမျိုးစုံ - ၁၀၀၀ ကျော်ရှိပါတယ် ။
https://www.youtube.com/user/engvidenglish
2. CrownAcademyEnglish :
-----------------------------------
British English ဖြစ်ပါတယ် . ဆရာ Andrew မှ ဖြည်းဖြည်းလေး ပြောပေးပြီး တစ်လုံးစီ ၊ တစ်ခုစီ အသေးစိတ် သေချာ ရှင်းထားတာလေးတွေကို တွေ့ရမှာပါ ။
အခြေခံအင်္ဂလိပ်စာ ၊ အသုံးအနှုန်း စသည့်
Video သင်ခန်းစာပေါင်း ၂၅၀ ကျော် ရှိပါတယ်။
https://www.youtube.com/user/CrownAcademyEnglish/featured
3. Oxford Online English
--------------------------------
သင်ခန်းစာ မျိုးစုံ ၁၅၀ ကျော် ရှိပါတယ်။ ဆရာ ၊ ဆရာမ အများကြီးမှ
သက်ဆိုင်ရာ အကြောင်းအရာများကို ရှင်းပြထားတာ ဖြစ်ပါတယ်။
https://www.youtube.com/user/oxfordonlineenglish/featured
4. BBC Learning English
----------------------------------
ဒီနေရာကတော့ ကမ္ဘာကျော် ၊ အကြောင်းအရာစုံ
သဒ္ဒါ ၊ ဝေါဟာရ ၊ ယဉ်ကျေးမှု ၊ စီးပွားရေး ၊ အသံထွက်ပိုင်းဆိုင်ရာ
ဆရာ ၊ဆရာမများအတွက် ..စသည်ဖြင့် အစုံပါပဲ .
Level အလိုက်လည်း သတ်မှတ်ပေးထားတာ ဖြစ်လို့ ၀င်ရောက် ရှာဖွေ မွှေနှောက်ပြီး လေ့လာပါ ။
Grammar သင်ခန်းစာပေါင်း - ၂၄၀ ကျော်
pronunciation သင်ခန်းစာပေါင်း - ၁၀၀ ကျော်
vocabulary သင်ခန်းစာပေါင်း - ၃၀၀ ကျော်
drama တွေမှ တဆင့် အင်္ဂလိပ်စာ လေ့လာရန် သင်ခန်းစာ - ၃၂၀ ကျော် နှင့် အခြား အခြားသော သင်ခန်းစားများ
အားလုံး စုစုပေါင်း - ၅၁၀၀ ကျော်ရှိပါတယ်။
https://www.youtube.com/user/bbclearningenglish
website မှာလည်း ၀င်ကြည့်ပါ ။ website မှာ ဟိုးယခင် update မလုပ်ခင် website လည်း ရှိပါတယ်။
http://www.bbc.co.uk/learningenglish/
5. VOA Learning English
---------------------------------
သင်ခန်းစာ Video - ၃၀၀၀ ကျော် ရှိပါတယ်။
- အီဒီယံတွေ လေ့လာမလား
- သဒ္ဒါတွေ လေ့လာမလား
- သတင်းများမှ တဆင့် အင်္ဂလိပ်စာ လေ့လာမလား
အစုံပါပဲ .. သူ့ရဲ့ website မှာလည်း ၀င်ပြီး Level အစပိုင်းမှာ
ဖြည်းဖြည်း နှေးနှေး ပြောသော သင်ခန်းစာတွေ ကို ၀င်လေ့လာပြီး
နောက်ပိုင်း သင်ခန်းစာ Level မြင့်လာတာလေးတွေ လေ့လာပါ ။
https://www.youtube.com/user/VOALearningEnglish
website မှာတော့ ပိုစုံပါတယ်. ကျန်းမာရေး ၊ နည်းပညာ
အနုပညာ ၊ ပညာရေး ၊ စာပေ စသည်တို့ပါ ရှိပါတယ်.
https://learningenglish.voanews.com/
6. Emm English
-----------------------
သင်ခန်းစာပေါင်း - ၁၅၀ ကျော်ရှိပါတယ်
Australia က ဆရာမ ဖြစ်ပါတယ်
- သဒ္ဒါ ၊ အီဒီယံ ၊ အသံထွက် ၊ အသုံးအနှုန်း ၊
Phrasal verb စသည်တို့ ပါပါတယ်
https://www.youtube.com/channel/UCrRiVfHqBIIvSgKmgnSY66g/featured
7. English with Lucy
---------------------------
ဗြိတိသျှ ဆရာမ ချောချောလေးနဲ့ အင်္ဂလိပ်စာ လေ့လာချင်ရင်
ဒီမှာ ၀င်ကြည့်ပါ .
သင်ခန်းစာ Video ပေါင်း . ၁၉၀ ကျော် ရှိပါတယ်။
အကြောင်းအရာအစုံပါပဲ ..
https://www.youtube.com/channel/UCz4tgANd4yy8Oe0iXCdSWfA/featured
8. Learn American English Online
---------------------------------------------
ဆရာသင်တာ လေးလေးနဲ့ ပျင်းစရာကောင်းသလို ထင်ရတယ် ရှိပေမယ့် တကယ် နားထောင်ကြည့်ရင် အရမ်းကောင်းပါတယ်.
သင်ခန်းစာ Video ပေါင်း - ၆၀၀ ကျော်ရှိပါတယ် ။
အခြေခံ သင်ခန်းစာ ၊ သဒ္ဒါ ၊ အသံထွက် ၊ ဝါကျ တည်ဆောက်ပုံ အစုံပါပဲ ။
https://www.youtube.com/user/learnamericanenglish/featured
I made these videos to help people around the world learn English.