SNP CCTV and Smart Home

SNP CCTV and Smart Home CCTV စနစ်၊ Door Lock စနစ်၊ Access Control များနှင့် Management

>>> CCTV System
02/02/2020

>>> CCTV System

👕 Make it Shine Laundry services 👕အတွက် CCTV တပ်ဆင်စဉ်က ပုံရိပ်လေးတွေပါ..  🤳သပ်သပ်ယပ်ယပ်နဲ့ သက်သက်သာသာ ဖြစ်အောင် ကြိုးစာ...
23/07/2019

👕 Make it Shine Laundry services 👕
အတွက် CCTV တပ်ဆင်စဉ်က ပုံရိပ်လေးတွေပါ.. 🤳
သပ်သပ်ယပ်ယပ်နဲ့ သက်သက်သာသာ ဖြစ်အောင် ကြိုးစားပေးခဲ့ပါတယ်။ 👍👍👍
ကင်မရာအယူအဆ လုံခြုံရေး လိုအပ်ချက်အပြင် မျက်စိပသာဒ ဖြစ်စေမည့် အနေအထားရောက်အောင် တပ်ဆင်ပေးခဲ့ပါတယ် 👷👷🏆
လုပ်ငန်းများ ယခုထက်ပိုမို အောင်မြင်ပြီး ကြီးပွားတိုးတက်ကြပါစေ အစ်ကိုတို့ 😁😁 လုံခြုံရေးအတွက် အခန်းတချို့ ချန်လှပ်ခဲ့ပါတယ် ပို့စ်တင်ခွင့်ပေးလို့ ကျေးဇူးပါ 😁

ယနေ့ 19.7.2019 ခုနှစ်တွင် ကျရောက်သော (၇၂)နှစ်မြောက် အာဇာနည်နေ့အား SNP cctv and smart home မိသားစုမှ ဦးညွတ်အရိုအသေပြု ပါ...
19/07/2019

ယနေ့ 19.7.2019 ခုနှစ်တွင် ကျရောက်သော (၇၂)နှစ်မြောက် အာဇာနည်နေ့အား SNP cctv and smart home မိသားစုမှ ဦးညွတ်အရိုအသေပြု ပါကြောင်း 😔😔😔

CCTV System ဆိုသည်မှာCCTV ဆိုတာ Closed Circuit Television လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ " ပတ်လမ်းပိတ်ရုပ်သံစနစ် " ပါ။ဆိုလ...
13/06/2019

CCTV System ဆိုသည်မှာ

CCTV ဆိုတာ Closed Circuit Television လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ " ပတ်လမ်းပိတ်ရုပ်သံစနစ် " ပါ။
ဆိုလိုတာက .. ကျွန်တော်တို့ သာမာန်ကြည့်နေတဲ့ ရုပ်သံစနစ်တွေက တစ်နေရာကနေထုတ်လွှင့်ပြီး မည်သူမဆို ဖမ်းယူကြည့်ရှုနိုင်ပါတယ်။
CCTV ကတော့ တစ်နေရာကဖမ်းယူထားတာကို တစ်နေရာတည်းကပဲ ကြည့်ရှုနိုင်တယ်ဆိုတဲ့ သဘောပါ။

CCTV Camera Type လေးမျိုး ရှိပါတယ်...
- Analog Camera
- Digital Camera
- IP Camera နှင့် Wireless Camera ဆိုပြီး ရှိပါတယ်။

CCTV Camera အမျိုးအစားများကတော့...
- Dome Camera
- IR Dome Camera
- Bullat Camera
- Regular CCD Camera
- Outdoor Housing Camera
- Speed Dome Camera
- Spy Camera
- IP Camera
- More …

CCTV Camera တွေမှာ နေ့ / ည အသုံးပြုလို့ရတဲ့ IR ပါတဲ့ ကင်မရာတွေသာ ညဘက်မှာ အသုံးပြုနိုင်ပါတယ်။
( IR- Infra-Red > အနီအောက်ရောင်ခြည်တမျိုးပါ။ LED လို မီးလုံးလေးတွေပါရှိခြင်းကို ဆိုလိုပါတယ်။ )
IR ပါတဲ့ ကင်မရာတွေနဲ့ ညဘက်မြင်ကွင်းတွေဟာ Black & White ပဲ မြင်ရပါတယ်။
အချို့သော IR ပါသော Camera တွေမှာ ညမြင်ကွင်းကို Color နဲ့ မြင်နိုင်ပါတယ်။
IR အနည်းအများ ပေါ်မူတည်ပြီး အကွာအဝေး ခြားနားပါတယ်။
အများအားဖြင့်တော့ 10 meter ကနေ 15 meter ၀န်းကျင်လောက်ထိ မြင်ရနိုင်ပါတယ်။

CCTV Camera တွေရဲ့ မြင်ကွင်းကို Lens အရွယ်အစားပေါ်မူတည်ပြီး ကွာခြားပါတယ်။
Lens အရွယ်အစားတွေက 3.6mm, 4mm, 6mm, 8mm, 12mm, 16mm စသည်ဖြင့် အမျိုးမျိုးရှိသလို
Zoom ချိန်လို့ရနိုင်သည့် CCTV Camera တွေလည်း ရှိပါတယ်။
မြင်ကွင်းကျယ်ကျယ်လိုချင်သူများအတွက် 3.6mm နဲ့ အနီးကပ်ကြည့်လိုသူတွေအတွက် 6mm, 8mm တွေကို အသုံးပြုကြပါတယ်။

CCTV Camera တွေနဲ့အတူ တွဲဖက်အသုံးပြုရန် DVR (Digital Video Recorder) စက် လိုအပ်ပါတယ်။
DVR မှာ HardDisk ပါဝင်ပြီး ကင်မရာကနေ ရိုက်လိုက်တဲ့ Video တွေကို သိမ်းပေးထားမှာ ဖြစ်ပါတယ်။
အဲဒီ DVR ကိုမှ Monitor နဲ့တွဲပြီး ကိုယ်က Monitoring လုပ်နိုင်ပါတယ်။
DVR Standalone ရယ်၊ DVR Card ရယ် ဆိုပြီး နှစ်ခုရှိပါတယ်...
Recording လုပ်လို့ရတဲ့ Type ပေါ့။ Hard Disk ထည့်ပြီး Recording တွေကို မှတ်ပေးတာပါ...
DVR Standalone မှာ 4 Channels, 8Channels, 9 Channels, 16 Channels,
32 Channels, 64 Channels စသည်ဖြင့် ရှိပါတယ်။
DVR Standalone မှာ Data တွေကို Backup လုပ်ဖို့ရာ DVD RW, USB Memory Stikc စသည်ဖြင့် ကွဲပြားပါသေးတယ်။
အခုနောက်ပိုင်း Standalone တွေမှာ များသောအားဖြင့် Network Port ရယ် VGA Port ရယ် တွဲပါလာပါတယ်...
Network ကတော့ Standalone မှာ ထည့်ထားတဲ့ ကင်မရာ View တွေကို Network ကနေတဆင့်
Real-time Monitoring ကြည့်ရန်နှင့် Data Backup လုပ်ရန် အသုံးများပါတယ်...။

CCTV Recording ပြုလုပ်ရာမှာ ကင်မရာအရည်အသွေး၊ အလင်းအမှောင်၊ အသုံးပြုသည့်အချိန်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသည်။
ပျမ်းမျှအားဖြင့် ကင်မရာတစ်လုံးလျှင် ၂၄ နာရီလုံး အသုံးပြုပါက 5G to 8G ပမာဏအထိ ရှိပါသည်။
ထို့ကြောင့် 500G ရှိသော HardDisk ဖြင့် Camera ၄ လုံး အား ၂၄ နာရီ အသုံးပြုပါက.. တစ်လ၀န်းကျင်ခန့် အသုံးပြုနိုင်ပါသည်။
အကယ်၍ ကာလကြာမြင့်စွာ သိမ်းဆည်းထားလိုပါက HDD 1000G, 2000G ပမာဏ များပြားသည့် HDD များကို အသုံးပြု သိမ်းဆည်းနိုင်ပါသည်။

DVR စက်များတွင် Over Write စနည် ပါရှိပြီးဖြစ်သည့်အတွက် သူ့အလိုလို ရှေ့ပိုင်းမှ Data များကို ဖျက်ပေးသွားမှာပါ။
( ဥပမာ .. ရက်ပေါင်း ၃၀ မှတ်တမ်းရှိတယ်ဆိုရင် .. အမြဲတမ်း ရက် ၃၀ စာ ရှိနေပေးမှာပါ။
နောက်ပိုင်းရက်တွေ အသစ်မှတ်လိုက်လိုင်း ရှေ့ပိုင်းက အဟောင်းကို ဖျက်ပြီး သိမ်းလိုက်တာပါ။ )
DVR အမျိုးအစားအပေါ်မူတည်ပြီး အရည်အသွေးနဲ့ ဈေးနှုန်းကွာခြားတယ်။
DVR စက်က မှတ်တမ်းတွေကို တခြားနေရာမှာ အလွယ်တကူ ပြန်ကြည့်ဖို့ အဆင်မပြေဘူး။

CCTV ရဲ့ Monitor မြင်ကွင်းကို ၀န်းကျင်တစ်ခုတည်းမှာပဲဆိုရင် ကြိုးစနစ်ရော .. ကြိုးမဲ့စနစ်နဲ့ပါ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။
အကယ်၍ အခြားနေရာတစ်ခုကနေ ကြည့်ချင်တယ်ဆိုရင် Local Area Network တစ်ခုကို Wifi စနစ်နဲ့ လွှင့်ပြီး ဖမ်းယူကြည့်ရှုနိုင်ပါတယ်။
ဒါအပြင် အခြားမြို့ရွာ၊ နိုင်ငံများကို သွားရောက်တဲ့အခါတိုင်းမှာ မိမိရဲ့ CCTV ကိုပြန်ကြည့်ချင်တယ်ဆိုရင်တော့
ကောင်းမွန်တဲ့ Internet စနစ်ရှိဖို့ပဲ လိုအပ်ပါတယ်။ မိမိအသုံးပြုနေတဲ့ Andriod, iPhone, iPad စသည်တို့ကလည်း ကြည့်ရှုထိန်းချုပ်နိုင်ပါတယ်။

Ref: Myanmar WiFi User

SNP CCTV and Smart Home မှ CCTV တပ်ဆင်ရောင်းချမှုများသာမက အဆင့်မြင့် လူနေအိမ်စနစ် (Smart Home) devices မျိုးစုံကိုလည်း ပစ္စည်းမှန် ဈေးမှန်နဲ့ ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် အကောင်းဆုံးဝန်ဆောင်ပေးနေပါတယ်။ ပစ္စည်းအာမခံ ဝန်ဆောင်မှုအာမခံ များနဲ့ တာဝန်ယူဆောင်ရွက်ပေးတာမို့ အစစအရာရာ အဆင်ပြေ စိတ်ချရအောင် SNP ကို ဆက်သွယ်လိုက်ပါ။

SNP CCTV and Smart Home
စစ်ငြိမ်းပန်း စာပေ
မန္တလေး-လားရှိုးလမ်းမကြီး၊ ဟိန်းဟိန်းစတိုးအနီး၊ Nature Republic ဆိုင်ဘေး၊ ပြင်ဦးလွင်မြို့။
ဖုန်း - 09792118473

Address

Maymyo
05081

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959799912537

Website

Alerts

Be the first to know and let us send you an email when SNP CCTV and Smart Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SNP CCTV and Smart Home:

Share