ထူး Mobile - Phone Sales, Services & Accessories

ထူး Mobile  -  Phone Sales, Services & Accessories Mobile Phone အမျိုးမျိုးနှင့် Mobile ဆိုင်ရာ ဆက်စပ်ပစ္စည်းများကို အထူးပြုပြင်ပေးပါသည်။

မသိသေးသူတွေအတွက်ပါ Apirl မှာဖုန်းသုံးခွင့်ရဖို့ March လ ပထမပတ်က စပြီး March လ ကုန်အထိက မိမိလက်ရှိကိုင်တဲ့ဖုန်းတွေထဲ MPT/...
10/03/2026

မသိသေးသူတွေအတွက်ပါ
Apirl မှာဖုန်းသုံးခွင့်ရဖို့

March လ ပထမပတ်က စပြီး March လ ကုန်အထိက မိမိလက်ရှိကိုင်တဲ့ဖုန်းတွေထဲ MPT/ ATOM/ U9/ MyTel စတဲ့ ကဒ်တခုခုထည့်ပီး ဖွင့်ထားရပါမယ်တဲ့ (သုံးလို့ရတဲ့ Sim card ထည့်ပီး ဖုန်းဖွင့်ထားရုံပဲ)

😊 ဒါဆို ယူတို့ဖုန်းတွေက CEIR ဆိုတဲ့ စနစ်မှာ Auto ပါသွားပီး အခွန်ပေးစရာမလိုတော့ဘူး

🤥 မလုပ်ရင် ဘာဖြစ်မလဲ???
အင်း မလုပ်ထားရင်တော့ April တလလုံးတော့ ယာယီခွင့်ပြုချက်ရပြီး ဆက်သုံးလို့ ရနေမယ် အဲ့နောက်ပိုင်းတော့ ဒဏ်ကြေးနဲ့ အခွန်ဆောင်ပြီးမှ သုံးလို့ရတော့မယ် (မေလက စပီး အဲ့ဖုန်းက သုံးမရတော့ဘူးလို့ ပြောချင်တာ)

စစ်ကြည့်ဖို့ လုပ်ရမယ့်အဆင့်တေက ရိုးရိုးရှင်းရှင်းလေး

1 ကိုယ့်ဖုန်းထဲကနေ * #06 # ကို နှိပ်လိုက်

အဲ့မှာ IMEI number & bar code ကျလာမယ်

အဲ့ဒါကို Screenshot ယူထား(or)စာရွက်တခုခုမှာ နံပါတ် တွေချရေးပြီးမှတ်ထား

2 ပီးရင် www.ceir.gov.mm ထဲ ဝင်ပီး Check IMEI status ထဲဝင်ပီး ကိုယ့် IMEI number ကို စစ်

3 ပုံထဲကလို အချက် ၃ ချက်မှာ အမှန်ခြစ်ဖြစ်နေရင် ရပီ
- IMEI status မှာ Correct လို့ ပေါ်ရမယ်
- Tax Payment Status မှာ Paid လို့ ပေါ်ရမယ်
- Device Blocking Status မှာ Allowed လို့ ပေါ်ရမယ်

ပုံလေးတေလည်း ထည့်ပေးထားတယ် အောက်မှာ
ဘယ်လိုမှမလုပ်တတ်ရင် appရဲ့ ညာဘက်ထောင့်က အစက် ၃ စက်ကိုနှိပ် အဲ့မှာ လုပ်နည်းတွေ videoတွေနဲ့ရှင်းပြထားတယ်

ဒါက link လေး
https://www.ceir.gov.mm/

12/02/2026

iOS 26.3 နဲ့ iPadOS 26.3 ထွက်ရှိလာပြီ။ ဘာတွေထူးခြားသွားလဲ? 🍎

Apple ကနေ iOS 26.3 နဲ့ iPadOS 26.3 ကို ဒီနေ့ပဲ တရားဝင် release လုပ်လိုက်ပါပြီ။ ဒီ update မှာ သိသာတဲ့ feature သစ်တွေထက် bug fixes တွေနဲ့ လုံခြုံရေးပိုင်းကို အဓိကထားထားတာတွေ့ရပါတယ်။

ဒါပေမဲ့ Apple က တရားဝင်မပြောပြထားတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်လေးတွေလည်း ရှိနေပါတယ်။

၁။ Android ဖုန်းပြောင်းသုံးဖို့ ပိုလွယ်ကူလာခြင်း (Switch to Android)
EU ရဲ့ Digital Markets Act (DMA) စည်းမျဉ်းတွေကြောင့် အခုဆိုရင် iPhone ကနေ Android ဖုန်းကို ပြောင်းသုံးချင်တဲ့သူတွေအတွက် data transfer လုပ်ရတာ ပိုမြန်ဆန်သွားပါပြီ။

ဓာတ်ပုံ၊ မက်ဆေ့ချ်၊ မှတ်စုတွေအပြင် passwords တွေပါ အလွယ်တကူ ရွှေ့လို့ရသွားတာမို့ platform တစ်ခုကနေ တစ်ခုကို ကူးရတာ အရင်ကထက် ပိုအဆင်ပြေသွားပါတယ်။

၂။ Carrier Location Tracking ကို ပိတ်ထားနိုင်ခြင်း

ကိုယ့်ရဲ့ တည်နေရာ (Location) ကို carrier တွေကနေ track မလုပ်နိုင်အောင် ကန့်သတ်နိုင်တဲ့ setting တစ်ခု ပါဝင်လာပါတယ်။ ဒါပေမဲ့ ဒီ feature က C1 ဒါမှမဟုတ် C1X modem ပါတဲ့ ဖုန်းတွေမှာပဲ ရမှာဖြစ်သလို အခုလောလောဆယ်မှာတော့ ထိုင်းနိုင်ငံက AIS နဲ့ True အပါအဝင် နိုင်ငံတချို့က operator အနည်းစုမှာပဲ စမ်းသပ်သုံးစွဲနိုင်ပါသေးတယ်။

၃။ Third-party Wearables တွေအတွက် အခွင့်အလမ်း

အခု update မှာ Apple Watch မဟုတ်တဲ့ တခြား smartwatch တွေနဲ့ AirPods မဟုတ်တဲ့ နားကြပ်တွေဟာလည်း iPhone နဲ့ ချိတ်ဆက်တဲ့အခါ AirPods တွေလိုပဲ နီးကပ်လိုက်တာနဲ့ pairing လုပ်နိုင်တဲ့ Proximity pairing စနစ်ကို ရရှိလာတော့မှာပါ။

ဒါ့အပြင် တခြား smartwatch တွေမှာလည်း Apple Watch လိုမျိုး notification တွေကို ပိုပြီးစုံစုံလင်လင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ (ဒါပေမဲ့ ဒီ feature တွေက EU ဒေသတွင်းမှာ အဓိက စတင်မှာဖြစ်ပါတယ်)

🚩ဘယ်လို Update လုပ်မလဲ?

Eligible ဖြစ်တဲ့ iPhone/iPad တွေမှာ Settings > General > Software Update ကနေတစ်ဆင့် သွားရောက် update ပြုလုပ်နိုင်ပါတယ်။

ဒီ update မှာ feature သစ်တွေ အများကြီးမပါသေးပေမဲ့ နောက်ထွက်လာမယ့် iOS 26.4 မှာတော့ ထူးခြားတဲ့ feature တွေ အများကြီးပါလာဖို့ မျှော်လင့်ရပါတယ်။

#ပန်းသီးဖီလင်

09/12/2025

1USB QC Stepdown card cover လေးတွေ ကျနော်ဆီမှာ လက်လီလက္ကားရပါပြီဗျ။

#ထူးMobile #09777908888

09/12/2025

5V 2A PowerBank card Cover လေးတွေ ကျနော်ဆီ ရပြီဗျ

ထူး Mobile
Phone Sales & Services
09777908888

လုပ်မိလုပ်ရာလေးများ....3 D printing နဲ့ လိုအပ်တာများထုတ်ချင်ရင် ကျနော် ဆီမှာ ရပါတယ်။ နောက်ပိုင်း Diy ဆရာတွေအတွက် အသုံးမျ...
08/12/2025

လုပ်မိလုပ်ရာလေးများ....

3 D printing နဲ့ လိုအပ်တာများထုတ်ချင်ရင် ကျနော် ဆီမှာ ရပါတယ်။

နောက်ပိုင်း Diy ဆရာတွေအတွက်

အသုံးများတဲ့ Case Cover တို့ ထုတ်ရောင်းပေးပါ့မယ် အားပေးကြပါအုံး

ထူး Mobile

09777908888

ဗန္ဓုလလမ်း၊ သလ္လာရပ် ၊ မုံရွာမြို့။

08/12/2025

စပိုက်ဒါမန်း လေးရပြီ

08/12/2025

Spider - Man လေး စမ်းထုတ်ကြည့်တာ တော်တော်မိုက်တယ်။
အရုပ်ထုတ်ဖို့တော့မဟုတ်ဘူး အရုပ်ထုတ်တာနဲ့ filament က ကုန်တော့မယ် 😆

08/12/2025

ကိုယ့်တိုင်သုံးဖို့ iPhone 16 pro max Cover လေး Print out 😅

3D Printing PowerbankCustomers တွေအတွက် အရည်အသွေးကောင်းတဲ့3D Printing Power Bank တွေရမယ်နော်။ Battery က Lithium Battery ...
05/12/2025

3D Printing Powerbank

Customers တွေအတွက် အရည်အသွေးကောင်းတဲ့

3D Printing Power Bank တွေရမယ်နော်။ Battery က Lithium Battery တွေကို အသုံးပြုပေး မှာမို့ သာမန်

Power Bank တွေထက် ပိုပြီးသက်တမ်းနှစ်ဆ ကြာရှည်ခံပါမယ်။

BMS စနစ်ပါရှိလို့ အားသွင်းများပြီး ဘထရီဖောင်းတာတွေ လုံးဝ မဖြစ်တော့တာမို့ စိတ်ချ လက်ချ သုံးလို့ ရ မှာဖြစ်ပါတယ်။

ဝယ်ယူတဲ့ Power Bank ပေါ်မှာလည်း မိမိရဲ့ နာမည်တွေ ထည့်လို့ရတာမို့ လူအများကြားမှာ ကွဲထွက်နေတဲ့ Mode ကို ရမှာပါ။

လိုအပ်တဲ့ဆို 👇👇👇

ထူး Mobile
09777908888
ဗန္ဓုလလမ်း၊ သလ္လာရပ် ၊ မုံရွာမြို့။

အိပ်ပြီး ဖုန်းကြည့်ရင် လက်တစ်ဖက်တည်းနဲ့  အဆင်ပြေကြလား???ကြည့်တာကြာလာရင် လက်သန်းလေးက နာလာပြီဆိုရင်တော့ ဒါမျိုးလေး ဆောင်ထာ...
02/12/2025

အိပ်ပြီး ဖုန်းကြည့်ရင်

လက်တစ်ဖက်တည်းနဲ့ အဆင်ပြေကြလား???

ကြည့်တာကြာလာရင် လက်သန်းလေးက

နာလာပြီဆိုရင်တော့ ဒါမျိုးလေး ဆောင်ထားလိုက် 😜

ဖုန်းကိုင်ရတာပေါ့သွားချက်။

လိုအပ်တယ်ဆို 👇👇👇

ထူး Mobile
09777908888
ဗန္ဓုလလမ်း၊ သလ္လာရပ် ၊ မုံရွာမြို့။

Address

Mandalay-Lashio Road, 30Milestone, Kyauk Pyar Doe Village
Maymyo
05085

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+959777908888

Website

Alerts

Be the first to know and let us send you an email when ထူး Mobile - Phone Sales, Services & Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ထူး Mobile - Phone Sales, Services & Accessories:

Share