Teach On Fire

Teach On Fire Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Teach On Fire, Computer training school, Pyin Oo Lwin, Maymyo.

AI နဲ့ Programming ပညာရပ်တွေကို ရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဝေမျှပေးသွားမယ့် Teach On Fire မှ ကြိုဆိုပါတယ်။ နည်းပညာလောကထဲကို အရှိန်အဟုန်နဲ့ ဝင်ရောက်ဖို့ ကျွန်တော်တို့နဲ့အတူ လေ့လာလိုက်ပါ။

🚀 Programming ကို အခမဲ့ စတင်လေ့လာချင်ပါသလား?AI ခေတ်မှာ အရာအားလုံးကို ကိုယ်တိုင် အစကနေ လုပ်ဖို့ မလိုတော့ပါဘူး။ ဒါပေမဲ့ အခ...
19/02/2026

🚀 Programming ကို အခမဲ့ စတင်လေ့လာချင်ပါသလား?
AI ခေတ်မှာ အရာအားလုံးကို ကိုယ်တိုင် အစကနေ လုပ်ဖို့ မလိုတော့ပါဘူး။ ဒါပေမဲ့ အခြေခံကို နားလည်ထားခြင်း ကတော့ အရေးကြီးနေဆဲပါပဲ။
👉 သိသင့်သိထိုက်တာတွေကို မြန်မြန်လေ့လာ
👉 လုပ်သင့်လုပ်ထိုက်တာတွေကို ချက်ချင်းလုပ်နိုင်ဖို့ အတွက်
❤ On-Fire Page ကနေ ❤
📌 100% Free Programming သင်ခန်းစာ (၃) မျိုး ကို မျှဝေပေးထားပါတယ်။
🌟 အခမဲ့ လေ့လာနိုင်တဲ့ သင်ခန်းစာများ —
1️⃣ Scratch Programming For Kids
2️⃣ Programming Foundation
3️⃣ Python Programming

👉 စတင်လေ့လာရန် 🔗 comment link
https://study.on-fire.app/

အကျိုးရှိတယ်၊ နားလည်တယ်ဆိုရင်
☕ Donate Button နဲ့ လက်ဖက်ရည်ဖိုးလေး Support လုပ်ပေးလို့ရပါတယ်။
💡 Python Programming Paid Course ကိုလည်း 💰 ၁၀,၀၀၀ ကျပ်တည်း နဲ့ ဆက်လက်လေ့လာနိုင်ပါတယ်။
📚 Coming Soon သင်ခန်းစာများလည်း ဆက်လက် ထည့်သွင်းသင်ကြားသွားမှာပါ။
📩 အသေးစိတ် သိလိုပါက Page Messenger မှာ ဆက်သွယ်နိုင်ပါတယ်။

🚀 AI ခေတ်မှာ နောက်ကျမကျန်ခဲ့စေဖို့... (Work Smart, Not Hard)Bro တို့ Sis တို့ရေ... 👋 အခုချိန်ထိ Assignment တွေ၊ Report တ...
02/01/2026

🚀 AI ခေတ်မှာ နောက်ကျမကျန်ခဲ့စေဖို့... (Work Smart, Not Hard)

Bro တို့ Sis တို့ရေ... 👋 အခုချိန်ထိ Assignment တွေ၊ Report တွေကို ခေါင်းပူခံပြီး တစ်လုံးချင်း အကြာကြီး စဉ်းစားရေးနေတုန်းလား? 🤯

အခုဆိုရင် ကမ္ဘာကြီးက တဟုန်ထိုး ပြောင်းလဲနေပါပြီ။ ၂၀၂၆ ခုနှစ်ကို ရောက်လာတာနဲ့အမျှ ကျွန်တော်တို့လည်း AI (Artificial Intelligence) ကို အဖော်ပြုပြီး "Level Up" လုပ်ဖို့ လိုအပ်လာပြီနော်။ 🆙

လူတော်တော်များများ ကြောက်နေကြသလို AI ဆိုတာ လူတွေကို အလုပ်ဖြုတ်ပစ်မယ့် ရန်သူမဟုတ်ပါဘူး။ တကယ်တော့ "AI ကို ကောင်းကောင်း အသုံးချတတ်တဲ့သူက... အသုံးမချတတ်တဲ့သူကို ကျော်တက်သွားမယ့်ခေတ်" ရောက်နေတာပါ။ 😎

AI ကို ကိုယ့်အတွက် ဘယ်လိုအသုံးချမလဲ? 🤔 ✅ Study Helper: ခက်ခဲတဲ့ စာတွေကို အရိုးရှင်းဆုံး ရှင်းပြခိုင်းမလား? ✅ Content Creation: Caption တွေ၊ Email တွေနဲ့ Article တွေကို စက္ကန့်ပိုင်းအတွင်း ရေးခိုင်းမလား? ✅ Creative Design: ပုံဆွဲမတတ်ရင်တောင် ကိုယ့်စိတ်ကူးထဲက ပုံရိပ်တွေကို AI နဲ့ ဖန်တီးမလား?

AI ကို ကြောက်မနေဘဲ ကိုယ့်ရဲ့ "Superpower" တစ်ခုလို အသုံးချကြည့်ပါ။ အခုပဲ ChatGPT ပဲဖြစ်ဖြစ်၊ Gemini ပဲဖြစ်ဖြစ် အကောင့်ဖွင့်ပြီး စတင်စကလိကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 💻✨

အခုလက်ရှိမှာကော AI ကို ဘယ်လိုနေရာတွေမှာ အသုံးချနေပြီလဲ? ကိုယ်သုံးဖြစ်တဲ့ Tool လေးတွေကို Comment မှာ မျှဝေပေးသွားပါဦး။ 👇

programming foundation မြန်မာလိုသင်ခန်းစာတွေကို youtube channal မှာတင်ပေးတော့မှာဖြစ်လို့ channal ကို like and subscribe ...
11/07/2024

programming foundation မြန်မာလိုသင်ခန်းစာတွေကို youtube channal မှာတင်ပေးတော့မှာဖြစ်လို့ channal ကို like and subscribe လုပ်ထားပေးပါအုံး

Computer Training with Myanmar Language

18/10/2022

ကလေးငယ်များအတွက် programming လေ့လာသင်ယူဖို့ website တွေအများကြီးရှိတဲ့ထဲက
လူသုံးလည်းများ, free လည်းရ, ကျနော်တို့ မြန်မာပြည်အတွက်လည်း သင့်တော်မည်လို့ထင်ရတဲ့
website တွေထဲက တစ်ခုဖြစ်တဲ့ code.org ကို မိတ်ဆက်လမ်းညွှန်‌ပေးထားပါတယ်။

code.org ဆိုတာ နှစ်စဥ် "Hour of Code" ဆိုတဲ့အစီစဥ်လုပ်ပေးတဲ့ အကျိုးအမြတ်မယူတဲ့
အဖွဲ့စည်းတစ်ခုပါ။ နောက်ပြီး ကျောင်းတွေအတွက်လည်း သင်ရိုးညွှန်းတမ်းတွေဆွဲပေးပါတယ်။
သူတို့အဖွဲ့ကနေ ကလေးတွေကို ကွန်ပြူတာသိပ္ပံအခြေခံတွေသင်ပေးဖို့အတွက် Unit 4 ခုပါတဲ့ coding
website တစ်ခုကိုလည်း လွှင့်တင်ထားပါတယ်။
‌ဘာသာစကားပေါင်းများစွာနဲ့လည်းလေ့လာနိုင်ပါတယ်။ မြန်မာဘာသာစကားကိုပါပါတယ်။
သင်ခန်းစာတစ်ခုချင်းစီရဲ့ အဆုံးပိုင်းမှာဆိုရင် ကလေးတွေဟာ အချင်းချင်းမျှဝေလို့ရတဲ့ Games တွေ
story တွေ ဖန်းတီးနိုင်ပါတယ်။ အခြားကလေးလေ့ကျင့်ထားတဲ့ projects ပေါင်း ၇၄ မီလီယံကျော်
ကိုလည်းတွေ့ရမှာပါ။
သင်ခန်းစာတစ်ခုချင်းစီကို computer science ရဲ့ နောက်ကွယ်က သဘောတရားတွေကို သင်ကြားပေးထားတဲ့
puzzles, videos, activities တွေနဲ့ဖွဲ့စည်းထားပါတယ်။
သင်ခန်းစာ ၁ ကတော့ စလေ့လာမည့် အသက် ၄ နှစ် ၆ ကလေးတွေအတွက်ပါ။
နောက်သင်ခန်းစာတွေကတော့ programming အကြောင်းတွေသင်ဖို့အတွက် block-based
ပုံစံနည်းကို အသုံးပြုထားပါတယ်။ text-based code တွေကို ကြည့်ချင်ရင်လဲကြည့်လို့ရပါသေးတယ်။
ခြုံပြောရရင် သင်ခန်းစာအတန်းလေးတန်းလုံဟာ စာသင်ခန်းတွေမှာသုံးဖို့လုပ်ထားတဲ့ သင်ရိုးညွှန်းတန်းတွေဖြစ်ပြီး
ISTE စံတွေနဲ့အညီ ပြုလုပ်ထားတာတွေပါ။ အဲ့လိုသင်ခန်းစာသင်ရိုးတွေကို အလားကားသင်ခွင့်ရတော့ ပိုကောင်းတာပေါ့ဗျာ။

ကျနော်တို့ Sirius ကနေလည်း ၅ နှစ်ကနေစပြီးလေ့လာလို့ရတဲ့ Programming Knowledges for kids ဆိုတဲ့ သင်ခန်းစာလေး
အသံသွင်းသင်ပြဖြန့်ချီပေးထားပါတယ်။ comment မှာ အသေးစိတ်ကိုလေ့လာနိုင်ပါတယ်။








17/10/2022

သမိုင်းဆရာတွေအဆိုအရ ဒုတိယကမ္ဘာစစ်ကို နှစ်နှစ်လောက်တိုတောင်းစေခဲ့ပြီး
လူပေါင်းများစွာရဲ့ အသက်ကိုကယ်တင်ပေးနိုင်ခဲ့တဲ့သူရဲ့အကြောင်း
စစ်အတွင်းမှာ ဂျာမန်တွေကိုအမြဲတမ်းအသာရစေခဲ့တဲ့ Enigma လို့ခေါ်တဲ့လျိုဝှတ်ကြေးနန်းစာပို့စနစ်ရဲ့
စကားဝှတ်တွေကို ဖေါ်နိုင်ခဲ့တဲ့သူ
နှစ်ဆယ်ရာစုရဲ့ "The Father Of Computer" လို့တင်စား‌ခေါ်ခဲ့ရတဲ့ လူတစ်ယောက်အကြောင်း
ဖြစ်ရပ်မှန်ကိုအခြေခဲ့ပြီးရိုက်ခဲ့တဲ့ဇာတ်ကား The Imitation Game ဆိုတဲ့ဇာတ်ကားလေးကို Review ပြောပြထားပါတယ်။
လူတိုင်းကြည့်ထားသင့်တဲ့ကားလေးပါ။


#နည်းပညာဇာတ်ကား

15/10/2022

Windows 11 Home, Pro, Enterprise, Education စတဲ့
Windows 11 ရဲ့ Editions တွေအကြောင်းကို ပြောပြပေးထားပါတယ်။
ကိုယ်ကွန်ပျူတာနဲ့ ဘယ် Windows Editions က အဆင်ပြေမလဲ? ဘယ် versions ကိုရွေးရမလဲ?
Editions တစ်ခုနဲ့တစ်ခုဘာတွေထူးလဲ? အားနည်းချက် အားသာချက်တွေက ဘာတွေလဲ?

14/10/2022

💻Windows 10 Home, Pro, Enterprise, Education စတဲ့
Windows 10 ရဲ့ Editions တွေအကြောင်းကို ပြောပြပေးထားပါတယ်။
ကိုယ်ကွန်ပျူတာနဲ့ ဘယ် Windows Editions က အဆင်ပြေမလဲ? ဘယ် versions ကိုရွေးရမလဲ?
Editions တစ်ခုနဲ့တစ်ခုဘာတွေထူးလဲ? အားနည်းချက် အားသာချက်တွေက ဘာတွေလဲ?👉👉

12/09/2022

ကွန်ပြူတာပရိုဂရမ်(computer program) ဆိုတာဘယ်လိုမျိုးလဲ??
ကွန်ပြူတာပရိုဂရမ်(computer program) တွေကို ဘာနဲ့ရေးလဲ?
Programming language တွေ ဘယ်လောက်များများရှိလဲ?
Compiled language ဆိုတာ ဘယ် Programming language တွေလဲ?
Interpreted language ဆိုတာ ဘယ် Programming language တွေလဲ?
အဲ့နှစ်ခု ဘာကွာလဲ???
Programming ကို ဘယ်လိုလေ့လာရမလဲ??
အဖြေတွေသိချင်ရင် ဒီ ဗီဒီယိုဖိုင်ကိုလေ့လာပါ။

Programming ကို အစကနေလေ့လာချင်တယ်ဆိုရင်တော့ page messenger မှာ မေးမြန်းမှာယူလေ့လာလို့ရပါတယ်။
Download link, DVD, Stick အဆင်ပြေရာနဲ့ မှာယူလေ့လာလို့ရပါတယ်။

11/09/2022

javaFx webview tutorial

Address

Pyin Oo Lwin
Maymyo
05081

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959798702049

Alerts

Be the first to know and let us send you an email when Teach On Fire posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Teach On Fire:

Share