KoPyae Movies

KoPyae Movies Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KoPyae Movies, Maymyo.

Permanently closed.
The Bodyguard ( 2024 )CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြင်တွေ့နေကျကိုယ်ရံတော်မျိုးမဟုတ်တဲ့ အမျိုးသမီး ကိုယ်ရံ...
10/11/2024

The Bodyguard ( 2024 )

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြင်တွေ့နေကျ
ကိုယ်ရံတော်မျိုးမဟုတ်တဲ့ အမျိုးသမီး ကိုယ်ရံတော်ကိုအဓိကထားပြီး
ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် နာမည်ကြီး ဇီဝဆေးဝါးလုပ်ငန်းစုရဲ့
တစ်ဦးတည်းသောသားဖြစ်သူကဖော်မြူလာအသစ်တစ်ခုကို
စမ်းသပ်သုတေသနလုပ်နေရင်း အောင်မြင်လုဆဲဆဲမှာတော့
အဲ့ဒီဆေးဝါးသုတေသနအချက်အလက်ကိုလိုချင်တာကြောင့်
လိုက်လံနှောင့်ယှက်နေတဲ့လူတစ်စုရန်ကနေကာကွယ်ပေးဖို့ အဖေဖြစ်သူက
ကိုယ်ရံတော်ငှားပေးခဲ့ရာကနေမှ လင်သခင်လေးနဲ့
ကိုယ်ရံတော်မလေး ‌ကျုံးရှောင်နန်တို့ဆုံတွေ့ခဲ့ကြပါတယ်
လင်သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဒေသခံရဲစခန်းကတာဝန်ခံခဲ့ပြီး
ရဲမှူးကိုယ်တိုင်ကလည်းလိုက်လံကာကွယ်ပေးနေပေမယ့် စခန်းမှူးကိုယ်တိုင်က
မသမာသူဘက်ကဖြစ်နေခဲ့တာမို့လို့ သူတို့ဘယ်ပဲသွားသွားလုပ်ကြံခံခဲ့ရပါတယ်
အဲ့လိုနဲ့နောက်ဆုံး ဘယ်သူမှမသိတဲ့နေရာကို အရောက်သွားပြီးတော့
ဆေးဝါးစမ်းသပ်မှုကို အပြီးသတ်နိုင်ခဲ့တဲ့အချိန်မှာတော့ သူတို့ဆီကို
မသမာသူအုပ်စုကရောက်ရှိလို့လာပါတော့တယ် ယုံကြည်ရသူတွေကြီးပဲသိတာမို့လို့
ဘယ်သူက သစ္စာဖောက်သွားတာလဲဆိုတာကို
ဒီအက်ရှင်ကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်နော်.......

https://t.me/kopyaemovies/601?single

https://t.me/kopyaemovies/609?singleအကြည်ဗားရှင်းဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့တောင်ပိုင်းမင်းသား N.T.Rama Rao ...
09/11/2024

https://t.me/kopyaemovies/609?single
အကြည်ဗားရှင်း

ဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့
တောင်ပိုင်းမင်းသား N.T.Rama Rao Jr၊
ဟင်ဒီမင်းသားကြီး ဆေ့ဖ်အလီခန်းတို့ရဲ့
ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

တစ်လအတွင်း အိန္ဒိယက ခရစ်ကတ်ကမ္ဘာ့ဖလားပွဲကို
လက်ခံကျင်းပရတော့မယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့
ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုရှိတာကို သတင်းရထားခဲ့ရော။ဒီမှာပဲ သံသယတရားခံတွေကို လိုက်ဖမ်းတဲ့အချိန် တကယ့်ခေါင်းဆောင်ကို ဘယ်မှာမှရှာလို့မရ။
သတင်းရဖို့အတွက်သွားရမဲ့နေရာက ပင်လယ်နီလို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်တစ်နေရာက ရွာတစ်ခု။
ရန်သူရဲ့သွေးတွေနဲ့ ရဲရဲနီနေခဲ့လို့ ပင်လယ်နီလို့ခေါ်တဲ့နေရာ။အဲဒီနေရာက ဒေသခံတွေချစ်ကြတဲ့ ဒေဗာရာဆိုတဲ့လူတစ်ယောက်အကြောင်း။
ဘောလိ၀ုဒ်အက်ရှင်ဇာတ်ကြမ်းနှစ်ခြိုက်သူတွေ သဘောတွေ့စေမှာမို့ ခံစားကြည့်ရှုကြပါဦး။

06/11/2024

KoPyae DVD Movies Store & KP Phone Accessories and Phone Service

ဇာတ်ကား 🔗 🖇️🔗 Link 👇👇👇https://t.me/kopyaemovies/592အက်ဒီ ဘရော့ တစ်ယောက် No way Home ကြောင့် အခြား universe ကိုရောက်သွားရ...
06/11/2024

ဇာတ်ကား 🔗 🖇️🔗 Link 👇👇👇
https://t.me/kopyaemovies/592

အက်ဒီ ဘရော့ တစ်ယောက် No way Home ကြောင့် အခြား universe ကိုရောက်သွားရာကနေ မိမိ universe ကိုပြန်ရောက်သွားတဲ့ အခါမှာတော့ ရာဇဝတ်သားအနေနဲ့ Fbi agent လက်ထဲကနေ ပြေးနေရပါတယ် ။ တစ်ဖက်မှာ ဇီဝမျိုးစိတ် တွေရဲ့ ဖန်းတီးရှင်ဖြစ်သူ နူးလ် ဟာ သူ အကျဉ်းကျရာကနေ လွတ်မြောက်ဖို့အတွက် ဗီနွန် ဆီက Cortex ဆိုတဲ့သော့ကို ယူဖို့ ဂြိုလ်သားတွေကို ကမ္ဘာပေါ် စေလွှတ်လိုက်ပါတယ် ။ထိုအချိန်မှာ Fbi လက်ထဲကနေ ထွက်ပြေးနေရတဲ့ အက်ဒီဘရော့ နဲ့ ဗီနွန် တို့နှစ်ယောက် ကမ္ဘာမြေပေါ် ကျူးကျော်လာတဲ့ ဂြိုလ်သားတွေနဲ့ ဘယ်လိုရင်ဆိုင်ကြရမလဲ ။

10/03/2024

ဆိုင်ဖွင့်ပါသေးတယ်

အရင်ဆိုင်ရဲ့ဘေးလေးမှပါပဲ..

 #အားလုံးစောင့်မျှော်နေတဲ့ဝန်းကြီးချုပ်မင်းသားရဲ့ဇာတ်ကားသစ်မြန်မာစာတန်းထိုးရပါပြီGuntur Kaaram (2024)  #ဇာတ်ကားသစ်  #အိန...
25/01/2024

#အားလုံးစောင့်မျှော်နေတဲ့ဝန်းကြီးချုပ်မင်းသားရဲ့ဇာတ်ကားသစ်မြန်မာစာတန်းထိုးရပါပြီ
Guntur Kaaram (2024) #ဇာတ်ကားသစ် #

အိန္ဒိယဘစိုင်းလို့ နံမည်ကျော်တဲ့ ဝန်ကြီးချုပ်မင်းသား
မဟေ့ရှ်ဘာဘူးရဲ့၂၀၂၄ ထွက် Guntur Kaaram
ရုံတင်ကားသစ်ကို မဟေ့ရှ်ဘာဘူးပရိသတ်တွေအတွက်
B-Town က ဘာသာပြန်တင်ဆက်လိုက်ပါတယ်။

ဇာတ်အိမ်က ကြည့်ကြည့်ချင်းမှာ လူတွေအများကြီး
ပါလာ‌တာမလို့ အနည်းငယ်ရှုပ်သွားစေနိုင်တာကြောင့်
Review ဖတ်ပြီးမှကြည့်ကြဖို့ အကြံပေးချင်ပါတယ်။
Guntur Kaaram က comedy, action,
drama တို့ကို အချိုးကျပါအောင် ရိုက်ကူးထားပြီး
IMDB rating 7.8 ရထားကာ ရုံတင်တော့လည်း
တပတ်အတွင်း ကုဋေ ၂၀၀ ကျော် ရခဲ့ပါတယ်။

ရာမနာ (မဟေ့ရှ်ဘာဘူး) က ဂပ်တာမြို့သားဖြစိပြီး
ဆယ်နှစ်ကတည်းက သူတို့မိသားစုပိုင် ဂိုထောင်ကြီး
မီးလောင်မှုကိစ္စ ပြီးကတည်းက မိခင်က စွ့န်ပစ်တာ
ခံထားရသူလေးပါ။ မိန်းမဖြစ်သူရဲ့ ကွာရှင်းခြင်းကို
ခံလိုက်ရတဲ့ ဖခင်ဖြစ်သူကလည်း နောင်တတွေရ
စိတ်ထိခိုက်ပြီး သားဖြစ်သူကို ဂရုမစိုက်ဘဲ အမြဲ
ပြတင်းပေါက်ကိုသာငေးမောပြီး ကြည့်နေပါတယ်။
အဖေအနားမှာရှိပေမယ့် ဖခင်မေတ္တာလည်းမရ၊
အမေကလည်း ပစ်ပယ်သွားတဲ့ မိဘမေတ္တာ
ငတ်မွတ်နေတဲ့ ရာမနာလေးဟာ သူ့အဒေါ်ဘူဂျီနဲ့
အတူပဲနေရရှာပါတယ်။ အရွယ်ရောက်လာတော့
သူတို့မြို့မှာပဲ ငရုတ်သီးကုန်လုပ်ငန်းကို ဦးစီး
လုပ်ကိုင်နေပါတယ်။ တစ်ဖက်မှာလည်း အမေ
ဖြစ်သူက အဖိုးပေးစားတဲ့ အဖိုးရဲ့တူနဲ့ယူပြီး
ကလေးတစ်ယောက်မွေးထားပါတယ်။ အဖိုး
ကတော့ သူ့သမီးနဲ့ သူ့ရဲ့နောက်မြေးတို့ကို
ဝန်ကြီးဖြစ်စေချင်နေပါတယ်။ ဒါပေမယ့်
သူ့သမီးရဲ့ ပထမဆုံးသားဖြစ်သူ ရာမနာ
ရှိနေရင် ဝန်ကြီးဖြစ်မယ့်တက်လမ်းကို
ပိတ်နိုင်တာကြောင့် ရာမနာကို မိသားစုနဲ့
မသက်ဆိုင်ကြောင်း လက်မှတ်အတင်း
ထိုးခိုင်းနေပါတယ်။ ရာမနာက အမေဖြစ်သူနဲ့
တွေ့ချင်ပြီး အမေ့ရဲ့ဂရုစိုက်မှု၊ ထွေးပွေ့ယုယမှု
တို့ကို လိုချင်ပေမယ့် သူ့အမေကတော့ သူ့ကို
ခက်ခက်ထန်ထန်ပဲ ဆက်ဆံပြီး သူစိမ်းလိုသာ
ဆက်ဆံပါတယ်။ ရာမနာလည သူ့အမေ သူ့ကို
ထားသွားရတဲ့အကြောင်းရင်းရဲ့ နောက်ကွယ်မှာ
ကြိုးကိုင်သူရှိနေမှန်း သိလိုက်ရချိန်မှာတော့....

 #ခုလက်တလောမျှော်နေတဲ့ဇာတ်ကားသစ်Devil: The British Secret Agent (2023)=============================RRR မင်းသား Jr.NTR ညီ...
15/01/2024

#ခုလက်တလောမျှော်နေတဲ့ဇာတ်ကားသစ်
Devil: The British Secret Agent (2023)
=============================
RRR မင်းသား Jr.NTR ညီ Nandamuri ရဲ့
Devil: The British Secret Agent က
ရိုမန်တစ်၊ အက်ရှင်၊ တော်လှန်ရေး၊ plot twist
ရသမျိူးစုံနဲ့ ဖန်တီးထားလို့ ရုံတင်ပြီး၂လကြာတဲ့ထိ
IMDb rating 8.5 ကနေ ဆင်းမသွားသေးဘူး။
ဗြိတိသျှ လက်အောက်ခံ အိန္ဒိယအရာရှိတစ်ယောက်
သူ့ကိုတာ‌ဝန်ပေးထားတဲ့ အမှုကိုစုံစမ်းရင်း အချစ်နွံထဲ
နစ်ဝင်သွားတဲ့ အကြောင်း သဘာဝကျကျ ရိုက်ထားတဲ့
Devil ရုပ်ရှင်ဟာ ရုံတင်ကတည်းက ရီဗြုးကောင်းတွေ
ရထားလို့ ဒီနေ့ OTT ထွက်လာတာနဲ့ B-Town က
ဘာသာပြန် တင်ဆက်လိုက်ပါတယ်။

Devil ရဲ့ ဇာတ်အိမ်ကို အိန္ဒိယနိုင်ငံ ဗြိတိသျ ကိုလိုနီ
လက်အောက်ရောက်နေချိန် ၁၉၄၀ ကာလကို ဇာတ်အိမ်
တည်ထားပါတယ်။ Devil က ဉာဏ်နီဉာဏ်နက်များတဲ့
ဗြိတိသျှလျှိ့ဝှက်စုံစမ်းရေးရဲ့ အရာရှိတစ်ယောက်ပါ။
Devil နေတဲ့ မြို့လေးက အိမ်ရှင်ကြီးရဲ့သမီးဖြစ်သူ
အသတ်ခံလိုက်ရပါတယ်။ ဗြိတိသျှတွေလည်း အမှုကို
စုံစမ်းဖို့အတွက် Devil ကို တာဝန်ပေးလိုက်ပါတယ်။
Devil လည်း အမှုရဲ့ တရားခံကို ရှာဖွေနေရင်းကနေ
သူ့ကို အမြင်မကြည်တဲ့ အိမ်ပိုင်ရှင်ရဲ့ တူမလေး နီရှာဒါ (Samyuktha) နဲ့ တဖြည်းဖြည်း သံယောဇဉ်ညိပြီး
ချစ်ကြိုးသွယ်မိကြပါတယ်။ အဲ့အချိန်မှာ ဗြိတိသျှကို
တော်လှန်ဖို့ဖွဲ့စည်းထားတဲ့ မျိုးချစ်တပ်မတော် INA
ခေါင်းဆောင် နီတာဂျီ အိန္ဒိယထဲ ဝင်လာမဲ့ သတင်းကို
ကြားဖြတ်ရလိုက်ပါတယ်။ ဒါပေမယ့် ဘယ်နေရာကို
လာမယ်ဆိုတဲ့ ကုဒ်ကိုတော့ ဖြေမရလို့ အခက်ကြုံနေ
ရပါတယ်။ အဲ့တာကြောင့် INA ရဲ့သတင်းပေးအဖြစ်
လုပ်နေတဲ့ နီရှာဒါ ဆီကနေ ရအောင် သတင်းနှိုက်ဖို့
နီရှာဒါနဲ့ ရင်းနှီးတဲ့ Devil ကို တာဝန်ပေးခံရတယ်။
Devil တစ်ယောက် ချစ်ရသူနဲ့ အထက်အမိန့်ကြားမှာ
တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ပြီး ကုဒ်ဖြေလို့
ရအောင် လုပ်နိုင်ပြီးနောက် ဗြိတိသျှတွေက သူ့ချစ်သူ
နီရှာဒါကို နှုတ်ပိတ်လုပ်ကြံဖို့ အမိန့်ထပ်ပေးချိန်မှာတော့

KoPyae DVD Movies Store & KP Phone Accessories and Phone Service
#ကုလား
#အိန္ဒိယသရဲကားသစ်

Devil The British Secret Agent (2023)CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ကြည့်ချင်စိတ်ပေါက်သွားမယ်လို့...
14/01/2024

Devil The British Secret Agent (2023)

CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ကြည့်ချင်စိတ်ပေါက်သွားမယ်လို့ ယူဆပါတယ်

တကယ့်ကို ဆားပုလင်းနှင်းမောင် အိန္ဒိယဗားရှင်းပါပဲ

ဒါပေမဲ့ ကိုနှင်းမောင်လိုတော့ စုံထောက်ပဲသက်သက်လုပ်ပြီး လူသတ်မှုပဲစုံစမ်းနေတာတော့ မဟုတ်ပါဘူး

စုံထောက် အက်ရှင် အချစ်ဇာတ်ကြမ်းလေးပေါ့ဗျာ အဲ့လိုရေးထားလို့ ကြည့်မကောင်းဘူး ပေါမယ်မထင်လိုက်ပါနဲ့

တကယ့်ကို အိန္ဒိယကားပီပီ အချိတ်အဆက်မိမိနဲ့ အက်ရှင်ဒရာမာအချိုးအစားစားကျကျ တင်ဆက်ပေးထားတာပါ

ဇာတ်လမ်းအစမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ် အဲ့ဒါကို ဗြိတိသျှအစိုးရက အထူးအေးဂျင့်ဒေဗယ်(နတ်ဆိုး)ကို ဖြေရှင်းဖို့တာဝန်ပေးလိုက်ပါတယ်

လူသတ်မှုကသပွတ်အူလိုရှုပ်ထွေးနေတာကို ဒေဗယ်တစ်ယောက်အသေးစိတ်စုံစမ်းရင်း လူသတ်မှုသံသယတရားခံရဲ့တူမလေး ဒေဗီကို ချစ်မိသွားပါတော့တယ်

လူသတ်မှုကလည်း နောက်ကွယ်က လျှို့ဝှက်ချက်မြှပ်ကွက်ပေါင်းများစွာနဲ့
ထင်ထားတာထက်ပိုနက်နဲပြီး ဒါကိုစုံစမ်းခိုင်းတဲ့ ဗြိတိသျှအစိုးရကိုယ်တိုင်က
အခြားရည်ရွယ်ချက်တွေ ရှိနေတဲ့အခါမှာတော့…

အေးဂျင့်ဒေဗယ်တစ်ယောက် ဘာတွေကြုံတွေ့ရပြီး ဘာဆက်ဖြစ်ကြမလဲဆိုတာ

စုံစမ်းရေးနောက်ခံဇာတ်ကားပေမဲ့ လူသတ်မှုစုံထောက်တာလေးနဲ့ အချစ်ဇာတ်လေးကို ကျောရိုးယူထားတော့
ကြည့်ရတာမပျင်းစေမဲ့ ဗြိတိသျှခေတ်
စတိုင် အက်ရှင်ကားအလန်းလေးကို ပရိသတ်တို့ ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်

အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်

Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး)  #ဇာတ်ကားသစ်  ့်Action/ Drama/ FamilyIMDb 8/10ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်...
14/01/2024

Antony 2023 (အသည်းနုတဲ့လူကြမ်းကြီး) #ဇာတ်ကားသစ် ့်
Action/ Drama/ Family
IMDb 8/10

ဇာတ်လမ်းအစမှာ အန်တိုနီဆိုတဲ့လူတစ်ယောက်ဟာ ဇေဗီယာရဲ့ခြေထောက်ကို
ဓားနဲ့ အညှာအတာမရှိ ခုတ်နေခဲ့ပါတယ်။ ဇေဗီယာသေသွားပြီးတဲ့နောက်မှာ
ဇနီးဖြစ်သူဂျက်စီနဲ့ သမီးဖြစ်သူ အန်းမာရီယာကျန်ရစ်ခဲ့ပါတယ်။

အန်တိုနီလည်း ဒီအမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။ တကယ်တော့ အန်တိုနီဟာ ဇေဗီယာရဲ့အပြစ်အတွက်
ပညာပေးလိုက်ရုံသာဖြစ်ပြီး သေစေဖို့ မရည်ရွယ်ခဲ့ပါဘူး။ အန်တိုနီက လူမိုက်ဖြစ်ပေမယ့်
အမှန်တရားရဲ့ဘက်တော်သားတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူပါ။

အန်တိုနီလွတ်မြောက်လာတဲ့အခါမှာ ဇေဗီယာရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုကို
တာဝန်ယူပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့အမှုကမပြီးသေးတဲ့အတွက် အန်တိုနီဘာတွေထပ်ပြီး ရင်ဆိုင်ရဦးမလဲ။...
KoPyae DVD Movies Store & KP Phone Accessories and Phone Service

ညိုကြီးတိူ့ မြင့်မြတ်ကားေတွအများကြီး ကြည့်ချင်လာဆိုင်လာခဲ့ေလ😜😜😀
08/01/2024

ညိုကြီးတိူ့ မြင့်မြတ်ကားေတွအများကြီး ကြည့်ချင်လာ
ဆိုင်လာခဲ့ေလ😜😜😀

၂၀၂၃ ရဲ့ ဘောလိဝုဒ်ရုပ်ရှင်ကောင်းတစ်ကား | 12th Fail (2023)ဇန်နဝါရီ ၄၊ ၂၀၂၄။ ရုပ်ရှင်ကားကောင်းမကောင်းကို ဘာနဲ့တိုင်းကြလဲ။ ...
06/01/2024

၂၀၂၃ ရဲ့ ဘောလိဝုဒ်ရုပ်ရှင်ကောင်းတစ်ကား | 12th Fail (2023)

ဇန်နဝါရီ ၄၊ ၂၀၂၄။

ရုပ်ရှင်ကားကောင်းမကောင်းကို ဘာနဲ့တိုင်းကြလဲ။ ပိုက်ဆံနဲ့ပဲတိုင်းလို့မရသလို critics review တွေနဲ့လဲ တိုင်းလို့မရဘူး။ အဲဒီနှစ်ခုနဲ့တိုင်းပြီး ရလဒ်မကောင်းပေမယ့်လည်း ကောင်းတဲ့ရုပ်ရှင်ကတော့ ကောင်းကိုကောင်းနေတာပါပဲါ

12th Fail

10 တန်းကို ပထမနဲ့ အောင်တဲ့ကောင်လေးတစ်ယောက်က 12 တန်းကို တစ်နှစ်ကျတယ်၊ ဘာလို့ကျတာလဲဆိုတော့ စာခိုးချခွင့်မရခဲ့လို့ကျတာ။

ဒါပေမယိ့ သူ့ဘဝမှာ ဘာဖြစ်ချင်တယ်ဆိုတဲ့ ပန်းတိုင်တစ်ခုရှိလာပြီးနောက် သူကြိုးစားဖို့လုပ်တယ်၊ မဟုတ်သေးဘူး၊ သူဖြစ်အောင်ကြိုးစားတာ။

လဲကျတယ်၊ ပြန်စတယ်၊ လဲကျတယ်၊ ပြန်စတယ်၊ လဲကျတယ်၊ ပြန်စတယ် ... Restart.

12th fail ဇာတ်ကားကတော့ ဒီဇင်ဘာ ၂ ရက်နေ့က Disney + Hostar နဲ့ Hulu တို့မှာ OTT ကနေထုတ်လွှင့်ခဲ့တာပါ။

12th Fail ဟာ လက်ရှိမှာ IMDb rating 9.2 နဲ့ Rotten Tomotos 100% ရရှိထားပြီး IMDb ရဲ့ အမြင့်ဆုံး Rating ကိုရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

Munna Bai M.B.B.S, PK , 3 Idiots စတဲ့ ဇာတ်ကားတွေရဲ့ ထုတ်လုပ်သူ၊ Mission Kashmir ဒါရိုက်တာ Vidhu Vinod Chopra က ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်က Author Anurag Pathak က ရေးသားထုတ်ဝေခဲ့တဲ့ Biography ကို အခြေခံရိုက်ကူးထားတာပါ။

အဓိကဇာတ်ကောင် Manoj Kumar Sharma ကတော့ မြန်မာနိုင်ငံက Bollywood ပရိသတ်တွေနဲ့ Haseen Dillruba ၊ လက်တစ်ဖက်ကို အချစ်အတွက် စတေးခဲ့တဲ့ကားနဲ့ ရင်းနှီးခဲ့တဲ့ မင်းသား Vikrant Masseyပဲ ဖြစ်ပါတယ်။

Manoj Kumar Sharma ရဲ့ကြိုးစားမှုတိုင်းက ကိုယ်တိုင်ပဲဝင်ကြိုးစားနေရသလို ၊ သူ့ရဲ့ ကျရှုံးမှုတိုင်းကိုလည်း ကိုယ်ကပဲ ကျရှုံးသွားသလို ဇာတ်ကားထဲ စီးမျောသွားစေမှာပါ။ သူပျော်ရင်လိုက်ပျော်၊ သူဝမ်းနည်းရင်လိုက်ဝမ်းနည်းရနဲ့၊ ‌Climax မှာ အသည်းက ခဲလိုမာပါတယ်ဆိုတဲ့သူတောင် မျက်ရည်သွင်သွင်ကျပါလိမ့်မယ်။

ဘဝမှာ Sharddha Joshi လို လက်တွဲဖော်တစ်ယောက်၊ Pandey လို သူငယ်ချင်းကောင်းတစ်ယောက်၊ Gauri Baiyar လို ကိုယ်ကျိုးစွန့်အနစ်နာခံပြီးလမ်းပြပေးသူတစ်ယောက်ကို တွေ့နိုင်ဖို့ အင်မတန်မှ ရာခိုင်နှုန်းနည်းပါတယ်။ ဒါပေမယ့်လည်း အဲလိုတွေ့ဆုံခဲ့ရရင်တောင် Manoj လို ပန်းတိုင်အပေါ် ဆာလောင်နေတဲ့ ကြိုးစားမှုတွေလည်းရှိရပါဦးမယ်။

ဖြစ်ရပ်မှန်ကို သဘာဝအဆန်ဆုံးနည်းနဲ့ ရိုက်ကူးထားတဲ့ 12th Fail ကတော့ ၂၀၂၃ ခုနှစ်ထုတ် ရုပ်ရှင်ဇာတ်ကားတွေထဲက အကြည့်သင့်ဆုံး ရုပ်ရှင်တစ်ခုဖြစ်သလို ကြည့်ရှုချိန် 2 နာရီနဲ့ 27 မိနစ်လုံး ရင်ထဲတလှပ်လှပ်နဲ့ မွန်းကျပ်ခံစားနေရမယ့် ဇာတ်ကားမလို့ tissue နဲ့ ရေဘူး ဘေးမှာထားကြည့်ရင် ကောင်းပါတယ်လို့ စာရေးသူအနေနဲ့အကြံပြုလိုက်ရပါတယ်။

ဘဝဆိုတာ လဲကျသွားရင် ပြန်ထဖို့ကအရေးအကြီးဆုံးပဲမဟုတ်လား။

Sub - V ရေးသည်။

Address

Maymyo

Telephone

+959459088812

Website

Alerts

Be the first to know and let us send you an email when KoPyae Movies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share