Amrta Artificial Intelligence

Amrta Artificial Intelligence Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amrta Artificial Intelligence, Computer Company, No-553, Mandalay-Lashio Road, Yay Nge, Maymyo.

13/03/2022

💚The Easiest Way to Install and Use MEDVIEW System📹

💡အလွယ်ကူဆုံးနည်းလမ်းဖြင့် MEDVIEW အလိုအလျောက် အပူချိန်တိုင်းစက်ကို တပ်ဆင်ပြီး အသုံးပြုနိုင်ပုံကို ဗီဒီယိုတွင် အဆင့်လိုက် ရှင်းလင်းတင်ပြထားပါသည်ခင်ဗျာ။

☎️MEDVIEW Automatic Body Temperature Measurement System ကို ဝယ်ယူလိုတယ်ဆိုရင်တော့ မက်ဆင်ဂျာမှ ဖြစ်စေ ဖုန်းနံပါတ် (09-444 910 910) (09-688 162 068) (09-690 800 246) တို့ကိုဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🙏အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။🇲🇲

💡အမတဥာဏ်ရည်တုနည်းပညာ🇲🇲

🚚 MEDVIEW အော်ဒါများပြင်ဆင်ပို့ဆောင်ပြီးဖြစ်💡အမတဥာဏ်ရည်တုနည်းပညာကို ယုံကြည်စွာဖြင့်လားရှိုးမြို့မှ မှာယူအားပေးထားပါသော ဂ...
09/03/2022

🚚 MEDVIEW အော်ဒါများပြင်ဆင်ပို့ဆောင်ပြီးဖြစ်

💡အမတဥာဏ်ရည်တုနည်းပညာကို ယုံကြည်စွာဖြင့်လားရှိုးမြို့မှ မှာယူအားပေးထားပါသော ဂုဏ်သရေရှိလူကြီးမင်းထံသို့ MEDVIEW အလိုအလျောက်အပူချိန်တိုင်းစက် ၁၀ လုံးအနက်မှ ၇ လုံးယနေ့ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည်ခင်ဗျာ။

🪴အမတဥာဏ်ရည်တုနည်းပညာ၏ ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူအားပေးကြသူများအားလုံးနှင့် မြန်မာပြည်သူများအားလုံး ကိုဗစ်ဘေးရန်မှ အမြန်ဆုံးလွတ်ကင်းနိုင်ကြပါစေခင်ဗျာ။

🙏🙏🙏

မြန်မာတွေကိုယ်တိုင်လုပ်တဲ့စက်၊ အမေရိကန် Hardware နှင့် မြန်မာ Software ကို ဟန်ချက်ညီပေါင်းစပ်အသုံးပြုထားပြီး တိကျမှန်ကန်...
19/12/2021

မြန်မာတွေကိုယ်တိုင်လုပ်တဲ့စက်၊ အမေရိကန် Hardware နှင့် မြန်မာ Software ကို ဟန်ချက်ညီပေါင်းစပ်အသုံးပြုထားပြီး တိကျမှန်ကန်တဲ့ အပူချိန်တိုင်းတာခြင်းရလာဒ်တွေကို ဥာဏ်ရည်တုနည်းပညာနဲ့ လူ ၁၀ ယောက်စာ ချက်ချင်းအဖြေထုတ်ဖော်ပြပေးနိုင်တဲ့စက်။

🍏ဘာတွေက ကျွန်တော့်ကို တွန်းအားဖြစ်စေခဲ့တာလဲ? 🍎🍏တီထွင်ဖန်တီးမှုတွေ အများကြီးလုပ်သွားတဲ့ လူတော်တော်များများကသူတို့ထက်အရင် ...
12/12/2021

🍏ဘာတွေက ကျွန်တော့်ကို တွန်းအားဖြစ်စေခဲ့တာလဲ? 🍎

🍏တီထွင်ဖန်တီးမှုတွေ အများကြီးလုပ်သွားတဲ့ လူတော်တော်များများကသူတို့ထက်အရင် လူတွေလိုအပ်တာတွေကို တီထွင်ဖန်တီးပေးသွားကြတဲ့ သူတွေကြောင့် နောက်ထပ်အသစ်တွေ ထပ်ပြီးဖန်တီးတီထွင်ခွင့်ရတာကိုပဲ ကျေးဇူးစကား ပြောကြလိမ့်မယ်ထင်ပါတယ်။

🍎ဘာသာစကားကို ကျွန်တော်တီထွင်ခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ သုံးနေတဲ့ သင်္ချာပညာဟာ ကျွန်တော်တီထွင်ထားတာမဟုတ်ဘူး။ ကျွန်တော်စားဖို့ ကိုယ့်အစားအသောက်ကို စားဖြစ်အောင်နဲနဲပါးပါးတော့လုပ်တတ်ပါတယ်။ ပြောရရင်တော့ ဒီနေ့ကျွန်တော့်ရှင်သန်ရပ်တည်မှုအားလုံးဟာ လူ့လောကအသိုင်းအဝိုင်းတစ်ခုလုံးမှာ ရှိတဲ့ တစ်ခြားလူတွေလုပ်ပေးထားတာတွေနဲ့ ဆက်စပ်ပြီးအပြန်အလှန် မှီခိုနေရတာတွေချည်းပါပဲ။

🍏အဲဒီအတွက်လည်း ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်တတ်နိုင်တာ တစ်ခုခုနဲ့ ကောင်းအောင် ပြန်လုပ်ပေးချင်တဲ့စိတ်ဆိုတာ လူအတော်များများမှာ အနည်းနဲ့အများဆိုသလို ရှိကြမှာပါ။ ဒါကျွန်တော်တို့ သိတဲ့ လူ့သိက္ခာ၊ လူ့တန်ဖိုးတွေထဲက လောကကောင်းကျိုးဆောင်ရွက်တာပါပဲ။ ဘာလို့လဲ ဆိုတော့ Bob Dylan လိုမျိုး လူတိုင်းသီချင်းမရေးနိုင်သလို၊ Tom Stoppard လိုမျိုး ပြောင်မြောက်တဲ့ ပြဇာတ်တွေလည်း လူတိုင်းမဖန်တီးနိုင်ကြလို့ပါ။

🍎အဲဒီလို လောကအကျိုး တတ်နိုင်တဲ့ဘက်က ပြုပေးချင်တဲ့ ခံစားချက်၊ ကိုယ့်ထက်အရင် ကိုယ့်လောကကို ကောင်းကျိုးပြုသွားကြသူတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြဖို့အတွက် ကိုယ့်မှာပါလာတဲ့ ပါရမီစွမ်းရည်တစ်ခုခုကို သုံးပြီးတော့ အုတ်တစ်ချပ်၊ သဲတစ်ပွင့်စာပဲ ဖြစ်ဖြစ် ပိုကောင်းတဲ့ လူ့လောကကြီး ဖြစ်လာစေဖို့ ရည်ရွယ်ပြီး ကျွန်တော် အလုပ်တွေလုပ်ဖြစ်ခဲ့တာပါ။ အဲဒီတစ်ချက်ကပဲ ကျွန်တော့်ကို တစ်ချိန်လုံးအတွက် တွန်းအားတွေဖြစ်​စေခဲ့တာပါ။

📌ကောက်နှုတ်ချက်
စတိဂျော့ဗ် အထုပ္ပတ္တိစာအုပ်
ဝေါ်လ်တာ အိုင်ဇက်ဆင်



📎https://www.amazon.com/Steve-Jobs-Walter-Isaacson/dp/1451648537

🍏Ask App Not to Track ဟုဆိုသော်လည်း❌📲Apple ကုမ္ပဏီထုတ် အိုင်ဖုန်း၊ အိုင်ပဒ် စတာတွေမှာ ATT လို့ အတိုကောက်ခေါ်တဲ့ App Trac...
09/12/2021

🍏Ask App Not to Track ဟုဆိုသော်လည်း❌

📲Apple ကုမ္ပဏီထုတ် အိုင်ဖုန်း၊ အိုင်ပဒ် စတာတွေမှာ ATT လို့ အတိုကောက်ခေါ်တဲ့ App Tracking Tranparency ခေါ် အသုံးပြုသူက ခွင့်ပြုချက်ပေးမှ သူ့စမတ်ဖုန်းထဲက သူရဲ့ ဒေတာတွေကို ဆိုရှယ်နက်ဝါ့ခ်တွေက ထောက်လှမ်းစုဆောင်းလို့ ရမယ့် ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒ (Privacy Policy) တစ်ခုကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလက စတင်သတ်မှတ် ထည့်သွင်းလာခဲ့ပါတယ်။

⚠️Apple Company ရဲ့ အဲဒီ ဆောင်ရွက်ချက်ကြောင့် User Data တွေနဲ့ စီးပွားဖြစ်နေကြတဲ့ Facebook, Snap, Youtube နှင့် Twitter လူမှုကွန်ယက် ကုမ္ပဏီများဟာ ၆ လအတွင်း ဒေါ်လာ ၁၀ ဘီလီယံလောက် နစ်နာဆုံးရှုံးခဲ့ကြကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ဒီနေရာမှာ (https://www.facebook.com/amrtaimm/posts/129239716178022)
ဆောင်းပါးတစ်စောင်ရေးသားတင်ပြခဲ့ပါတယ်။

🧑🏻‍💻Finicial Time ရဲ့ ဒီနေ့ရက်စွဲပါ သတင်းတစ်ပုဒ်အရ အခုတော့ အဖြေထွက်လာပါပြီ။ အဲဒီဆုံးရှုံးမှုတွေကို ကုစားဖို့အတွက် အိုင်ဖုန်း၊ အိုင်ပဒ် အသုံးပြုသူ User တွေရဲ့ ဒေတာတွေကို "Ask App Not to Track" လို့ လုပ်ထားပေမယ့်လည်း အရင်အတိုင်းပဲ Facebook, Twitter တို့က စုဆောင်းခြင်းပြုနိုင်ပါတယ်၊ စုဆောင်းခြင်း၊ ရောင်းချခြင်းတွေလည်း ပြုလုပ်လျက်ရှိကြပါတယ်တဲ့။ [၁] [၂]

👤ဘယ်လိုလဲဆိုတော့ Apple ကသတ်မှတ်ခဲ့တဲ့ မူဝါဒမှာ ပါရှိတာက “မည်သူမည်ဝါဟု တစ်ခါတည်း ခွဲခြားသိရှိနိုင်သော အသုံးပြုသူ တစ်ဦးချင်းရဲ့ ကိုယ်ရေးအချက်အလက်များကို အိုင်ဖုန်း၊ အိုင်ပဒ် အသုံးပြုသူ User မှ “Ask App Not to Track” လုပ်ထားလျင်သာ ကောက်ခံခြင်းမပြုနိုင်တာဖြစ်ပြီး မည်သူမည်ဝါဟု တစ်ဦးချင်း ခွဲခြားသတ်မှတ်ခြင်း မပြုနိုင်သော ဒေတာများ၊ အုပ်စုတစ်ခုစီအလိုက်ဒေတာတွေကိုတော့ ကောက်ခံနိုင်တယ်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုပြီး စုဆောင်းကောက်ခံနေတာလို့ ဆိုပါတယ်။

👥ဥပမာပြောရရင်တော့ ချယ်လ်ဆီးအသင်းအားပေးသူ ဦးကျော် လို့ တန်းသိနိုင်သူရဲ့ ဒေတာတွေကို တိုက်ရိုက်စုဆောင်းကောက်ယူခွင့် မရှိတာဖြစ်ပြီး ချယ်လ်ဆီးအသင်းအားပေးသူများဆိုတဲ့ ခေါင်းစဥ်အောက်ကနေတော့ သူ့ရဲ့ အချက်အလက် ဒေတာတွေကို စုဆောင်းကောက်ယူနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

🤷🏻အဓိပ္ပါယ်ကတော့ အတူတူပါပဲ။ ဘာဘူကြီးနှင့် အရာကြီးဆိုသလိုပါ။ လက်ရှိမှာတော့ Apple ကုမ္ပဏီဘက်ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

👀၆ လအတွက် ဆုံးရှုံးမှု ပမာဏ ဒေါ်လာ ၁၀ ဘီလီယံ၊ လပေါင်း ၆၀၊ ဒေါ်လာ ဘီလီယံ ၁၀၀ ဆိုတဲ့ ငွေပမာဏနဲ့ Apple ကုမ္ပဏီ ရဲ့ မူဝါဒ ရှေ့လျှောက်ဘယ်လို ထိပ်တိုက်တွေ့ကြဦးမလဲ။
ဆက်စောင့်ကြည့်ကြပါဦးစို့။

အနန္တကျော်
၉.၁၂.၂၀၂၁
ကြာသပတေးနေ့ (၁၀၄၅)



Ref;

[၁] https://www.idownloadblog.com/2021/12/08/facebook-app-tracking-new-report/
[၂] https://www.ft.com/content/69396795-f6e1-4624-95d8-121e4e5d7839
[၃] https://appleinsider.com/articles/21/12/08/apples-privacy-rules-cant-stop-carriers-tracking-users

💵 ကုဋေတစ်သန်းတန်သော ခြေလှမ်းများ👣၁။ ကျွန်တော်တို့ မြန်မာစကားမှာ “ခြေတစ်လှမ်း ကုဋေတစ်သန်း” ဆိုတဲ့စကားတစ်ခုရှိပါတယ်။ မြန်မ...
08/12/2021

💵 ကုဋေတစ်သန်းတန်သော ခြေလှမ်းများ👣

၁။ ကျွန်တော်တို့ မြန်မာစကားမှာ “ခြေတစ်လှမ်း ကုဋေတစ်သန်း” ဆိုတဲ့စကားတစ်ခုရှိပါတယ်။ မြန်မာမိန်းမပျိုလေးများရဲ့ အိန္ဒြေသိက္ခာကို ချီးမွမ်းပြောဆိုရာမှာ တင်စားသုံးနှုံးကြတယ်လို့ ရိုးရိုးလေးပြောနိုင်ပါတယ်။

၂။ ဒီနေ့ ပြောချင်တဲ့အကြောင်းကတော့ မိန်းကလေးတွေအတွက် သီးသန့်ပဲ တင်စားပြောချင်တာ မဟုတ်ပါ။ မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ၊ အပျိုဖြစ်စေ၊ အိမ်ထောင်ရှင်ဖြစ်စေ၊ တစ်ခုလပ်ဖြစ်စေ၊ အဘိုးဖြစ်စေ၊ အဘွားဖြစ်စေ. ဘယ်သူမဆို၊ ဘယ်အသက်အရွယ်မဆို၊ ဘယ်အလုပ်ကိုပဲ လုပ်လုပ် စမတ်ဖုန်းကိုင်ပြီး ဒီနေ့ သွားလာလှုပ်ရှားနေကြသူ အားလုံးရဲ့ ခြေလှမ်းတိုင်း၊ ခြေလှမ်းတိုင်းဟာ ကုဋေတစ်သန်းမက တန်နေတဲ့အကြောင်း လက်တွေ့ အထောက်အထားများနဲ့ တင်ပြလိုတာဖြစ်ပါတယ်။

💹Location Data Market - တည်နေရာအချက်အလက်များ ရောင်းဝယ်ဖောက်ကားရေး စျေးကွက်📍

၃။ ဒီနေ့ခေတ်မှာ လုပ်ငန်းရော လည်ပတ်နေတဲ့ ငွေကြေးပမာဏပါ အလွန်ကြီးမားပေမယ့် လူသိအလွန်နည်းလှတဲ့ "စီးပွားရေးစျေးကွက်"တစ်ခုဟာ မြန်မာအပါအဝင် တစ်ကမ္ဘာလုံးက လူတွေရဲ့ "သွားလာလှုပ်ရှား ခြေလှမ်းများ" (Foot Terrific) ကို နေ့ညမပြတ် စောင့်ကြည့်ထောက်လှမ်းလျက် ရှိနေပါတယ်။ [၁]

၄။ ဘာစျေးကွက်လဲဆိုတော့ ခင်ဗျားတို့၊ ကျွန်တော်တို့ စမတ်ဖုန်းအားလုံးမှာ ပါတဲ့ GPS, Internet, WiFi နဲ့ Bluetooth တို့လို Sensor တွေကနေရတဲ့ "သွားလာလှုပ်ရှား ခြေလှမ်းများ" (Foot Terrific) နှင့် "ရွှေ့လျားနေထိုင်မှု အချက်အလက်" (Location Data) တွေကို နည်းမျိုးစုံနဲ့ စောင့်ကြည့်ထောက်လှမ်းစုဆောင်းရယူပြီး ခန့်မှန်း စျေးကွက်တန်ဖိုး ၁၂ ဘီလီယံဒေါ်လာ (ဒေါ်လာသန်းပေါင်း ၁၂၀၀၀) ကျော်ရှိတဲ့ စီးပွားရေးစျေးကွက်ကြီးအတွင်း ပုံစံမျိုးစုံနဲ့ ရောင်းဝယ်ဖောက်ကားခြင်း ပြုနေကြတဲ့ နေရာပါ။ [၂]

၅။ Location Data Market - "တည်နေရာအချက်အလက်များ ရောင်းဝယ်ဖောက်ကားရေး စျေးကွက်"လို့ အတိုကောက်မှတ်ထားနိုင်ပါတယ်။

📌ဘယ်သူတွေ ပါဝင်ပတ်သက်နေသလဲ❓

၆။ စျေးကွက်မှာပါဝင်ပတ်သက်ကြသူတွေကတော့ ကဏ္ဍစုံ၊ နယ်ပယ်အစုံကလူတွေ၊ အဖွဲ့အစည်းတွေပါ။ App Developer များ၊ ဒေတာစုဆောင်းသူ၊ ရောင်းချသူ၊ ဒေတာပွဲစားမှ အစ Marketing Company များ၊ Retail Store များ၊ Fast Food ကုမ္ပဏီများ၊ ကော်ပိုရေးရှင်းကြီးများနဲ့ နိုင်ငံရေးပါတီများ၊ ထောက်လှမ်းရေးအဖွဲ့အစည်းများ၊ အစိုးရရုံးများ၊ ရဲနှင့် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရများအထိ ပါဝင်ပတ်သက်နေကြပါတယ်။

၇။ The Markup သတင်းဝဘ်ဆိုက်က ထောက်လှမ်းတင်ပြထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်အရ Global Location Data Market အတွင်း ဒေတာစုဆောင်းရောင်းဝယ်ရေးများလုပ်ဆောင်နေသူ အဓိက ကုမ္ပဏီပေါင်း ၄၇ ခုထိ ရှိနေတာကို တွေ့ရှိရပါတယ်။ [၂]

၈။ အဲဒီ Location Data စုဆောင်းရောင်းဝယ်ဖောက်ကားရေး ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ “Near” ရဲ့ ဖော်ပြအရ ကုမ္ပဏီဟာ လက်ရှိကမ္ဘာ့လူသားများရဲ့ ပြုမူနေထိုင်မှုဆိုင်ရာ အချက်အလက်များ (The World’s Largest Dataset of People’s Behavior in the Real-World) စုဆောင်းထားရှိမှုမှာ ပမာဏ အကြီးမားဆုံးပိုင်ဆိုင်ထားပြီး စုစုပေါင်း နိုင်ငံ ၄၄ နိုင်ငံမှာရှိတဲ့ လူဦးရေ ၁.၉ ဘီလီယံရဲ့ အချက်အလက်တွေ သူတို့မှာရှိတယ်လို့ ဆိုပါတယ်။

၉။ အလားတူ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Location ကုမ္ပဏီ တစ်ခုဖြစ်တဲ့ "Mobilewalla" ဆိုရင်လည်း နိုင်ငံပေါင်း ၄၀ ကျော်၊ Devices ပေါင်း ၁.၉ ဘီလီယံကျော်နှင့် နေ့စဥ် မိုဘိုင်းဖုန်းဆက်သွယ်မှုမှတ်တမ်း ၅၀ ဘီလီယံကျော်ကို ၅ နှစ်ကျော်စုဆောင်းထားရှိတဲ့ ဒေတာတွေဆိုပြီး စျေးကွက်တင်ရောင်းချနေကြောင်း သိရှိရပါတယ်။ X-Mode Website ကတော့ သူတို့ဆီမှာ အမေရိကန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူအားလုံးရဲ့ ၂၅ ရာနှုန်းသော ဒေတောကို လစဥ်စုဆောင်းရောင်းချလျက်ရှိတယ်လို့ ဆိုပါတယ်။

🧑🏻‍💻Location Data တွေကို ဘယ်လိုစုဆောင်းကြသလဲ❓

၁၀။ မိမိရဲ့ တည်နေရာ (သို့မဟုတ်) ရွေ့လျားနေထိုင်မှု အချက်အလက်များ (Location Data) လို့ ဆိုလိုက်တာနဲ့ အရင်ဆုံး သတိရကြမှာက Google Map ဖြစ်မယ်ထင်ပါတယ်။ မှန်ပါတယ် Google Map ဟာ ဒီနေ့ Location-Based Application တွေအနက် ကမ္ဘာမှာ လူသိအများဆုံး၊ လူသုံးအများဆုံး App တစ်ခု၊ Service တစ်ခုဖြစ်ပါတယ်။

၁၁။ ဒီနေ့ စမတ်ဖုန်းကိုင်သူ အတော်များများကလည်း မိမိစမတ်ဖုန်းမှာပါတဲ့ GPS ကို Google Map ကဖွင့်ပေးဖို့ တောင်းဆိုတယ်ဆိုရင် လွယ်လင့်တကူဖွင့်ပေးမိပြီးသား ဖြစ်နေကြတာများပါတယ်။ အဲဒီလို ဖွင့်ပေးလိုက်မှလည်း Google Map ကိုသုံးပြီး ကိုယ့်တည်နေရာကို ရှာတာ၊ ကိုယ်သွားချင်တဲ့ နေရာတစ်ခုခုရဲ့ လိပ်စာကို ရှာတာ၊ လမ်းညွှန်ကိရိယာ (Navigation) အနေနဲ့ အသုံးပြုတာတွေမှာ ချောချောမွေ့မွေ့ အသုံးပြုနိုင်လို့ ဖြစ်ပါတယ်။

၁၂။ လက်ရှိမှာ Google, Facebook တို့လို အလွန်ကြီးမားတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေ အနေနဲ့ သူတို့ရဲ့ Service တွေကို ချောချောမောမော သုံးနိုင်ဖို့အတွက်ဆိုပြီး အသုံးပြုသူတွေ ထံကနေ Location Data တွေကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ရယူစုဆောင်းနေကြပါတယ်။ ရရှိလာတဲ့ Data ကို စျေးကွက်ထဲမှာ တစ်ခြား ကုမ္ပဏီတွေကို တိုက်ရိုက် ထုပ်ပိုးရောင်းချခြင်းအစား သူတို့ရဲ့ Eco System အတွင်းမှာပဲ နည်းမျိုးစုံနဲ့ လှည့်ပတ်သုံးစွဲကြပါတယ်။

၁၃။ Google, Facebook တို့လို လူသိများထင်ရှားခြင်းမရှိဘဲ အသုံးပြုသူ (User) တွေထံကနေ Location Data တွေကို နည်းလမ်းမျိုးစုံနဲ့ ရယူစုဆောင်းပြီး ရောင်းဝယ်ဖောက်ကားနေကြတဲ့ ကုမ္ပဏီတွေလည်း များစွာရှိကြပါသေးတယ်။

၁၄။ အဲဒီ ကုမ္ပဏီတွေကတော့ အသုံးပြုသူတွေထံကနေ သူတို့လိုချင်တဲ့ Location Data တွေရဖို့အတွက် အသုံးပြုသူတွေ အကြိုက်တွေ့မယ့် Game App, Travel, Lifestyle, Intertainment, Social Network, News, Maps & Navigation, Shopping, Messaging, Dating App စတဲ့ Application မျိုးစုံကို ဝန်ဆောင်မှု ကောင်းကောင်းနဲ့ အခမဲ့သုံးနိုင်အောင် App Store, Play Store တို့ကတစ်ဆင့် အခမဲ့ ဒေါင်းလုဒ်ပေးပြီး ကြော်ငြာအားကောင်းကောင်းနဲ့ အသုံးပြုသူ (User) အရေအတွက်များများတိုးပွားစေရေးကို ပထမအဆင့်ဆောင်ရွက်ကြပါတယ်။

၁၅။ အဲဒီအဆင့်အောင်မြင်လို့ မိမိ App ကို အသုံးပြုသူ သန်းချီရှိလာပြီဆိုရင်တော့ App ကနေတစ်ဆင့် ယုံလောက်စရာ အကြောင်းပြချက်တစ်ခုခုပေးပြီး အသုံးပြုသူ (User) ရဲ့ အင်တာနက် (သို့) Wifi (သို့) Bluetooth (သို့) GPS ကို အမြဲဖွင့်ထားစေပြီး App အသုံးပြုသူရဲ့ Location Data ကိုတစ်နည်းနည်းနဲ့ စတင်စုဆောင်းရယူပါတော့တယ်။ ပိုအဆင့်မြင့်ပြီး ငွေကြေးအင်အားတောင့်တင်းတဲ့ ကုမ္ပဏီတွေကတော့ App Developer တွေအလွယ်သုံးနိုင်ဖို့ ကုမ္ပဏီပိုင် SDK (Software Development Kits) တွေကို အခမဲ့ဖြန့်ချိပြီး အဲဒီ SDK ကိုသုံးပြီးရေးထားတဲ့ App တွေကတစ်ဆင့်လည်း Location Data တွေကို ရယူစုဆောင်းနေကြပါတယ်။

၁၆။ အဲဒီလို နည်းလမ်းမျိုးစုံနဲ့ စုဆောင်းရရှိပြီးတဲ့ ဒေတာတွေကို စုဆောင်းတဲ့ ကုမ္ပဏီအတွက် စျေးကွက်နဲ့ စားသုံးသူဆိုင်ရာ ခွဲခြမ်းစိစစ် Analysis လုပ်ခြင်း၊ ပစ်မှတ်ထားကြော်ငြာခြင်း (Targeted Advertising) နှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်း စတာတွေကို စိတ်ကြိုက်လုပ်ဆောင်ကြပါတယ်။ စမတ်ဖုန်းတစ်လုံးထဲကနေ ဒေတာတွေစုဆောင်းတာ၊ ရောင်းချတာ၊ အသုံးပြုတာ စတဲ့ လုပ်ငန်းအဆင့်ဆင့်ကို သရုပ်ပြပုံမှာ တွေ့နိုင်ပါတယ်။ [၃]

၁၇။ မှတ်သားစရာ တစ်ခုကတော့ အဲဒီလို စုဆောင်းရရှိပြီးတဲ့ Location Data တွေကို စျေးကွက်ထဲမှာ တစ်ကြိမ်ရောင်းချလိုက်ရုံနဲ့ ပြီးသွားတာ၊ ကုန်သွားတာ၊ ထပ်ရောင်းလို့ မရတော့တာမျိုး မဟုတ်ဘဲ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ အကြိမ်ကြိမ်အခါခါ ထပ်မံရောင်းချမှု ပြုလုပ်နိုင်ခြင်းပါပဲ။ ထမင်းအိုးတစ်ခါတည်လိုက်ရုံနဲ့ ကြိုက်သလောက် ခူးခပ်ပြီးစား၊ ဘယ်တော့မှ ကုန်ခမ်းမသွားတဲ့ မြောက်ကျွန်းက ထမင်းအိုးပမာ အလားသဏ္ဍန်တူပါတယ်။ ဒေတာတွေ များများစုမိလေ များများခူးခပ်စားနိုင်လေလေပါပဲ။❗️ [၄]

📍Location Data တွေရဲ့ စျေးနှုန်းကဘယ်လောက်ရှိလဲ❓

၁၈။ နယူးယောက်တိုင်းမ် သတင်းစာပါ အချက်အလက်တွေအရ လစဥ် Unique User အရေအတွက် ၁၀၀၀ ရဲ့ Location Data စျေးနှုန်း ၂ ဒေါ်လာကနေ ၂၀ ဒေါ်လာအထိ အရောင်းအဝယ်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ [၃]

၁၉။ Outlogic Company (Formerly known as X-Mode) က “Cyber Security Location data” ခေါင်းစဥ်နဲ့ ရောင်းချတဲ့ စျေးနှုန်းကတော့ ၁ နှစ်စာကို အမေရိကန်ဒေါ်လာ ၂၄၀,၀၀၀ ဖြစ်ပါတယ်။ ရောင်းချတဲ့ ဒေတာတွေထဲမှာ မိုဘိုင်းဖုန်းတွေရဲ့ GPS ကနေ တိုက်ရိုက်စုဆောင်းရရှိထားတဲ့ ခိုင်မာတိကျတဲ့ Location Data အကြမ်းထည်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ [၂]

၂၀။ ​Location Data တွေရဲ့ စျေးနှုန်းက ပုံသေသတ်မှတ်ချက်မရှိဘဲ ရောင်းချသူမည်သူမည်ဝါ၊ ဝယ်ယူအသုံးပြုသူ မည်သူမည်ဝါနဲ့ ဒေတာအမျိုးအစားတိကျမှု တွေအပေါ်မူတည်ပြီး ဒေါ်လာ သိန်းဂဏန်း၊ သန်းဂဏန်း တန်ဖိုးအထိ အရောင်းအဝယ်ပြုနေကြခြင်းပဲ ဖြစ်ပါတယ်။

၂၁။ ထင်ရှားတဲ့ Location Data Company တွေဖြစ်ကြတဲ့ Anomaly 6 နဲ့ X-Mode (OutLogic) တို့ဆိုရင် အမေရိကန် အစိုးရနဲ့ အမေရိကန်စစ်ဘက်တို့ကို လိုအပ်တဲ့ Location Data တွေကို အကြီးအကျယ်တင်သွင်းရောင်းချနေကြသူတွေ အဖြစ် လူသိများပါတယ်။ [၅]

🥷🏻Location Data တွေကို ဘယ်နေရာတွေမှာ သုံးနေကြလဲ❓

၂၂။ ဝယ်ယူတဲ့သူရဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ဘိုးဘိုးအောင်ဓာတ်လုံးလိုပဲ Location Data ကို လိုရာဖြစ်စေနိုင်ပါတယ်။ ရင်းနှီးမြှပ်နှံသူတွေ အနေနဲ့ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ စျေးကွက်လားရာ၊ ဝေစုနဲ့ စားသုံးသူတွေ ဝယ်ယူသုံးစွဲမှု အခြေအနေတွေ၊ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေမဲဆွယ်စည်းရုံးတဲ့ နေရာတွေ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ စစ်ဘက်ပစ်မှတ်နဲ့ စောင့်ကြည့်စိစစ်ရတဲ့ လူပုဂ္ဂိုလ်တွေရဲ့ နေရာတွေ စသဖြင့် လားရာများစွာ ရှိနိုင်ပါတယ်။

၂၃။ သာဓကတစ်ခုအနေနဲ့ ပြရရင် Fast Food Restaurant တစ်ခုဖြစ်တဲ့ Burger King ဟာ သတ်မှတ်ဧရိယာအတွင်းမှာရှိတဲ့ ပြိုင်ဘက် McDonalds ဆိုင်တွေရဲ့ Location Data တွေနဲ့ Potential Customer တွေရဲ့ Location Data တွေကို ဝယ်ယူထားပြီး အဲဒီ ဧရိယာအတွင်းက တစ်ယောက်ယောက်ဟာ McDonalds ဆိုင်နဲ့ ကိုက် ၂၀၀ အကွာကိုရောက်တာ၊ ဖြတ်သွားတာမျိုးလုပ်မိတာနဲ့ တစ်ပြိုင်နက် Burger King က Whopper လို့ခေါ်တဲ့ အသားညှပ်ပေါင်မုန့်တစ်လုံးကို ၁ ဆင့် (၁ ပြား) တည်းနဲ့ ဝယ်လို့ ရတယ်ဆိုတဲ့ ကြော်ငြာ သို့မဟုတ် သတိပေးချက် (Notification) ကို အဲဒီတစ်ယောက်ယောက်ရဲ့ စမတ်ဖုန်းမှာ အလိုအလျောက် ပြသစေပြီးအသိပေးတဲ့ စျေးကွက်မြှင့်တင်ရေး ဆောင်ရွက်ချက်မျိုးဖြစ်ပါတယ်။

၂၄။ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ Cambridge Analytica Scandal ကိစ္စဆိုရင်လည်း Facebook ကတစ်ဆင့် ရယူစုဆောင်းထားတဲ့ Location Data အပါအဝင် အသုံးပြုသူတွေရဲ့ ဒေတာအချက်အလက်တွေကို အလွဲသုံးစားပြုလုပ်ပြီး ဆန္ဒမဲတွေရရှိအောင်ပြုလုပ်ခဲ့တဲ့ ကိစ္စတစ်ခုအဖြစ် ထင်ရှားပါတယ်။ [၆]

၂၅။ အမေရိကန် ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဌာနနှင့် နယ်စပ်ကာကွယ်ရေးဌာန၊ အမေရိကန် စစ်ဘက်တို့ဟာ စမတ်ဖုန်းကိုင်သူ လူအများအပြားရဲ့ Location Data နဲ့ Foot Terrific တွေကို စုဆောင်းရောင်းချတဲ့ ကုမ္ပဏီတွေဆီကနေ ဝယ်ယူအသုံးပြုနေတဲ့အကြောင်းတွေကို The Wall Street Journal ကလည်း အကျယ်တဝင့်ရေးသားခဲ့တာတွေကို ဒီနေရာတွေမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ [၇] [၈] [၉]

🧑🏻‍⚖️Location Data များဆိုင်ရာ မူဝါဒနှင့် ဥပဒေများ👮🏼‍♀️

၂၆။ Duke Tech Policy Lab ရဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ဖြန့်ချိခဲ့တဲ့ ဆောင်းပါးတစ်စောင်အရ လက်ရှိ အမေရိကန်ဥပဒေတွေမှာ အမေရိကန် ကုမ္ပဏီတစ်ခုကို ဒေတာအရောင်းအဝယ်ပြုလုပ်တာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာမျိုးတွေ မရှိဘူးလို့ ဆိုပါတယ်။ အဲဒီအတွက် စျေးကွက်ထဲမှာ ရှိတဲ့ ဒေတာဖောက်သည် ၂ သန်းကျော်ကို ဒေတာကုမ္ပဏီတစ်ခုက ကြိုက်စျေးနဲ့ ကြိုက်သလို ရောင်းဝယ်နိုင်ပါတယ်။ ဖောက်သည်တွေထဲမှာ ရုရှားအစိုးရရဲ့ မျက်နှာဖုံး ဖြစ်တဲ့ ရုရှားကုမ္ပဏီတွေလည်း ပါနိုင်တယ်လို့ ဆိုပါတယ်။ [၁၀]

၂၇။ ဥရောပသမဂ္ဂရဲ့ အထွေထွေ အချက်အလက်ကာကွယ်ရေး စည်းမျဥ်းစည်းကမ်းများ (European Union’s General Data Protection Regulation) ကတော့ ပိုပြီးတင်းကျပ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် သူ့စည်းမျဥ်းတွေအရ စုဆောင်းရရှိထားတဲ့ ဒေတာအချက်အလက်တွေကို တစ်ခုခုလုပ်ဖို့ (သို့မဟုတ်) တစ်ယောက်ယောက်ထံကို ထပ်ဆင့်လွှဲပြောင်းဖို့ လုပ်မယ်ဆိုရင် မူလ ဒေတာပိုင်ရှင်ဖြစ်သူ (Users) များကို အသိပေး အကြောင်းကြားမှု ပြုလုပ်ရမယ်လို့ ပါတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ [၁၁]

၂၈။ ဒါပေမယ့်လည်း များသောအားဖြင့် အသုံးပြုသူ User တွေအနေနဲ့ အဲဒီလိုဖြစ်လာခဲ့ရင်တောင် ကိုယ့်ဒေတာတွေနဲ့ ပတ်သက်ပြီး ဘာမှသိပ်ပြီး တုံ့ပြန်မှုတွေ လုပ်လေ့မရှိကြပါဘူးလို့ အမေရိကန် Federal Trade Commission က ကိုယ်ရေးအချက်အလက်မူဝါဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Ashkan Soltani ကပြောပါတယ်။

၂၉။ Digital Privacy လို့ခေါ်တဲ့ "ဒီဂျစ်တယ် ကိုယ်ရေးအချက်အလက်များဆိုင်ရာမူဝါဒ" ဟာ အမေရိကန်အထက်လွှတ်တော်မှာ အထူးဦးစားပေးဆွေးနွေးနေကြရတဲ့ ခေါင်းစဥ်တစ်ခုဖြစ်လာခဲ့တာ ကြာပါပြီ။ မကြာသေးခင်ကပဲ Facebook whistle blower တစ်ဦးဖြစ်သူ Frances Haugen ရဲ့ Facebook အတွင်းသတင်း ဖွင့်ချမှုတွေကြောင့် Facebook CEO - Mark Zuckerberg တစ်ယောက် အမေရိကန်လွှတ်တော်အမတ်တွေနဲ့ ရော ဥရောပသမဂ္ဂ တာဝန်ရှိသူတွေနဲ့ပါ ဖြေရှင်းပြောဆိုရမှုတွေ များစွာ လုပ်ခဲ့ရပါသေးတယ်။

🇲🇲မြန်မာနိုင်ငံအတွက် အမျိုးသားအချက်အလက်ကာကွယ်ရေးမူဝါဒ (Myanmar National Data Protection Policy)🧑🏻‍⚖️

၃၀။ ပြန်ချုပ်ရရင် ဒီဆောင်းပါးက ပြောချင်တာ အဓိက အချက် (၃) ချက်ပဲ ရှိပါတယ် —

⚠️ သဘာဝအလျောက်ဖြစ်ပေါ်လာပြီး နိုင်ငံရဲ့ တည်နေရာအနေအထားအရ တူးဖော်ရရှိနေတဲ့ အဖိုးတန် သဘာဝသယံဇာတ (Natural Resources) တွေဟာ အချိန်တန်ရင် လျော့နည်းကုန်ခမ်းသွားနိုင်ဆိုတာ အားလုံးသိကြပါတယ်။

⚠️ ဒီဂျစ်တယ်ခေတ်မှာ ဒီဂျစ်တယ် ပစ္စည်းတစ်မျိုးမျိုးကို ကိုင်ဆောင်ထားပြီး နေထိုင်၊ လုပ်ကိုင်၊ သွားလာလှုပ်ရှား နေ့တဓူဝ ဒီဂျစ်တယ် ခြေရာလက်ရာတွေ (Digital Footprint) တွေကို အချိန်နှင့်အမျှ ထုတ်လုပ်နေတဲ့ နိုင်ငံသားတွေဆီက “ဒေတာသယံဇာတ” (Data Resources) တွေကတော့ နိုင်ငံကြီး ရှိနေသ၍၊ နိုင်ငံသားတွေ ရှိနေသရွေ့ တိုးတက်များပြားလာဖို့ပဲ ရှိပြီး လျော့နည်းကုန်ခမ်းသွားတယ်ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒီ Digital Footprint တွေအများကြီးထဲက Location Data ဆိုတဲ့ "ရွှေ့လျားနေထိုင်မှု အချက်အလက်" တစ်မျိုးတည်းကတင် ကမ္ဘာ့စျေးကွက်မှာ ခန့်မှန်း ဒေါ်လာ ၁၂ ဘီလီယံ တန်ကြေးရှိနေပါတယ်။

⚠️နိုင်ငံသားတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုကနေ နိုင်ငံရဲ့ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုံခြုံမှုတွေအထိ အရေးပါနေတဲ့၊ ဆက်ပြီးတော့လည်း အရေးကြီးလာဦးမယ့် ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိနေပြီဖြစ်တဲ့ နိုင်ငံသားတွေရဲ့ “ဒေတာသယံဇာတ” (Data Resources) များကာကွယ်ရေး၊ ထိုက်တန်သော အခွန်အခများရရှိရေး၊ အလွဲသုံးစားအပြုမခံရစေရေးကို “အမျိုးသားအဆင့် အချက်အလက်ကာကွယ်ရေးမူဝါဒ” (Myanmar National Data Protection Policy) တစ်ရပ်အနေနဲ့ အဆောတလျင် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သင့်နေပြီဆိုတဲ့အကြောင်းများပဲ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

အနန္တကျော်
၈.၁၂.၂၀၂၁
ဗုဒ္ဓဟူးနေ့ (၁၄၁၀)



Ref;

[၁] https://themarkup.org/privacy/2021/12/06/the-popular-family-safety-app-life360-is-selling-precise-location-data-on-its-tens-of-millions-of-user
[၂] https://themarkup.org/privacy/2021/09/30/theres-a-multibillion-dollar-market-for-your-phones-location-data
[၃] https://www.nytimes.com/interactive/2019/12/20/opinion/location-tracking-smartphone-marketing.html
[၄] https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8
[၅] https://www.vice.com/en/article/epdkze/muslim-apps-location-data-military-xmode
[၆] https://www.vox.com/policy-and-politics/2018/3/23/17151916/facebook-cambridge-analytica-trump-diagram
[၇] https://www.wsj.com/articles/irs-used-cellphone-location-data-to-try-to-find-suspects-11592587815
[၈] https://www.vice.com/en/article/n7wakg/cbp-dhs-location-data-venntel-apps
[၉] https://www.vice.com/en/article/jgqm5x/us-military-location-data-xmode-locate-x
[၁၀] https://sites.sanford.duke.edu/techpolicy/report-data-brokers-and-sensitive-data-on-u-s-individuals/
[၁၁] https://ec.europa.eu/info/law/law-topic/data-protection_en

👣ခြေတစ်လှမ်းကို ကုဋေတစ်သန်းတန်နေတဲ့ အကြောင်းများ မကြာမီတင်ဆက်ပေးသွားပါမည်။
07/12/2021

👣ခြေတစ်လှမ်းကို ကုဋေတစ်သန်းတန်နေတဲ့ အကြောင်းများ
မကြာမီတင်ဆက်ပေးသွားပါမည်။

🇪🇺 ဥရောပသမဂ္ဂသည် နိုင်ငံများအတွင်းသို့ဒုက္ခသည်များ တရားမဝင် ဝင်ရောက်မှုကို တားဆီးကာကွယ်ရန်အတွက် ဥာဏ်ရည်တုနည်းပညာသုံး ဒရု...
06/12/2021

🇪🇺 ဥရောပသမဂ္ဂသည် နိုင်ငံများအတွင်းသို့ဒုက္ခသည်များ တရားမဝင် ဝင်ရောက်မှုကို တားဆီးကာကွယ်ရန်အတွက် ဥာဏ်ရည်တုနည်းပညာသုံး ဒရုန်းများ၊ စီစီတီဗီကင်မရာများနှင့် အာရုံခံကရိယာများပါဝင်သော ထိန်းချုပ်စောင့်ကြည့်ရေးစင်တာအများအပြားကို ယူရိုငွေ သန်းရာပေါင်းများစွာသုံးစွဲ၍ တည်ဆောက်အသုံးပြုနေခြင်း။

သတင်းအပြည့်အစုံဖတ်ရန်

➡️ https://www.theguardian.com/global-development/2021/dec/06/fortress-europe-the-millions-spent-on-military-grade-tech-to-deter-refugees

Big Data နှင့် မှော်ဝင်စမတ်ဖုန်းများ📲 သင်ကိုင်နေတဲ့ စမတ်ဖုန်းက သင့်အကြောင်း အသေးစိတ်ကို သင့်ထက်ပိုသိနေတယ်ဆိုတာ သင်သိပါသလ...
04/12/2021

Big Data နှင့် မှော်ဝင်စမတ်ဖုန်းများ

📲 သင်ကိုင်နေတဲ့ စမတ်ဖုန်းက သင့်အကြောင်း အသေးစိတ်ကို သင့်ထက်ပိုသိနေတယ်ဆိုတာ သင်သိပါသလား❓

✅ အခြေခံအကျဆုံး မေးခွန်းလေးတစ်ခုနဲ့ ကျွန်တော်တို့ စကြည့်ရအောင်။

👤လူတစ်ယောက်အကြောင်းကို သိဖို့ ဘာတွေလိုအပ်သလဲ❓

🗒 နာမည်၊ အသက်၊ မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ အလုပ်အကိုင်၊ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ သွေးအုပ်စု၊ မိဘအမည်၊ နေရပ်လိပ်စာ — ဒီအခြေခံအချက်တွေလောက်ကို ဖြေနိုင်တယ်ဆိုရင်ပဲ လူတစ်ယောက်အကြောင်းကို သိပြီလို့ ပြောလို့ရနေပါပြီ။

📝 ဒီ့ထက်ပို အသေးစိတ်ရရင် သူကြိုက်တတ်တဲ့ စာအုပ်၊ သီချင်း၊ ရုပ်ရှင်၊ ကြိုက်တတ်တဲ့ အဝတ်အစား၊ အစားအသောက်၊ အားပေးတဲ့ ဘောလုံးအသင်း၊ ထောက်ခံတဲ့ နိုင်ငံရေးပါတီ၊ ဘဝနဲ့၊ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ခံယူချက်သဘောထား၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ သဘောထားအမြင်၊ ပေါင်းသင်းဆက်ဆံရေး စတာတွေအထိ သိရရင်တော့ အဲဒီလူအကြောင်းကို သင်ကောင်းကောင်းသိပါတယ်လို့ ရဲရဲကြီး အာမခံနိုင်ပါပြီ။

❌လူတစ်ယောက်က နောက်လူတစ်ယောက်အကြောင်းကို သိဖို့ အထက်ပါအချက်တွေ သိရုံနဲ့ လုံလောက်ပြီလို့ ဆိုလို့ရပေမယ့် ကျွန်တော်တို့ ကိုင်နေတဲ့ စမတ်ဖုန်းတွေအတွက်၊ စမတ်ဖုန်းထဲက လူမှုကွန်ယက်တွေ (Facebook, Instagram, Twitter, Youtube..etc) အတွက်တော့ ဒီလောက်နဲ့ လုံးဝမလုံလောက်သေးပါဘူး။[၁]

1️⃣မနေ့က ခင်ဗျားလမ်းလျှောက်တာ စုစုပေါင်း ခြေလှမ်းဘယ်နှစ်လှမ်းရှိခဲ့သလဲ? ခင်ဗျားလမ်းလျှောက်တဲ့ အမြန်နှုန်းကရော တစ်နာရီကို ဘယ်နှစ်မိုင်နှုန်း ရှိလဲ?
2️⃣ဒီနေ့မနက်က ခင်ဗျား အပြေးလေ့ကျင့်တုန်း သွေးခုန်နှုန်း ဘယ်လောက်ရှိခဲ့သလဲ?
3️⃣ပြီးခဲ့တဲ့ တစ်ပတ်ကျော်က Facebook ပေါ်က ပို့စ်တစ်ခုနဲ့ ပတ်သက်ပြီး ခင်ဗျားဒေါသထွက်ခဲ့ရတာရော မှတ်မိသေးလား?
3️⃣ခင်ဗျား ဖုန်းထဲမှာ ထည့်ထားတဲ့ App ပေါင်း ရာဂဏန်းကျော်ထဲက ခင်ဗျားအများဆုံး သုံးဖြစ်တဲ့ App ၁၀ ခုကို အစဥ်လိုက်ခင်ဗျား သိလား?
4️⃣ဘယ် App ကို တစ်ခါသုံးရင် အချိန်ဘယ်လောက် ကြာကြာသုံးဖြစ်တယ်ဆိုတာရော သတိထားမိလား?
5️⃣တစ်ပတ်အတွင်း၊ တစ်လအတွင်း Facebook ပေါ်မှာ ရေးခဲ့တဲ့ Status နဲ့ Comment တွေ၊ Share လုပ်ခဲ့တဲ့ ပို့စ်တွေ၊ ပေးခဲ့တဲ့ Love, Care, Angry, Sad, Wow, Haha - Reaction တွေ အရေအတွက်ကရော ဘယ်လောက်များလဲ?
6️⃣ခင်ဗျား နေတဲ့ နေရာရဲ့ နေ့စဥ်ပြောင်းလဲနေတဲ့ နေဝင်နေထွက်၊ အလင်းအမှောင်၊ အပူအအေးနဲ့ စိုထိုင်းဆပမာဏတွေ ထူးခြားချက်တွေကိုရော သတိပြုမိရဲ့လား?
7️⃣ပို့ဖြစ်တဲ့ မက်ဆေ့ချ်နဲ့ အီးမေးလ်တွေ၊ တစ်လအတွင်း အများဆုံးကြည့်ဖြစ်တဲ့ ဗီဒီယိုအရေအတွက်နဲ့ အများဆုံးနားထောင်ဖြစ်တဲ့ သီချင်းတွေကိုရော မှတ်မိရဲ့လား?
8️⃣ခင်ဗျား ရောက်တတ်တဲ့နေရာတွေ၊ သွားလေ့ရှိတဲ့ လမ်းကြောင်း၊ ဝယ်လေ့ရှိတဲ့ စျေးဆိုင်နဲ့ ရိုက်လေ့ရှိတဲ့ ဓာတ်ပုံတွေကိုရော သတိထားမိရဲ့လား?
9️⃣နောက်ဆုံး ခင်ဗျားကိုင်တဲ့ ဖုန်းကို တစ်နေ့အတွင်း ဒေါင်လိုက်ဘယ်နှစ်ခါကိုင်ပြီး အလျားလိုက်ဘယ်နှစ်ခါ ကိုင်သုံးဖြစ်တယ်ဆိုတာမျိုးကိုရော သတိထားမိတာ ရှိလား?

👀အဲဒီလို မေးခွန်းတွေကိုတော့ ကျွန်တော်တို့ ရုတ်တရက်ဖြေနိုင်ဖို့ မလွယ်ပါဘူး။ ဖြေနိုင်ဖို့ အတွက်ဆိုရင်လည်း လူတစ်ယောက်ယောက်က နောက်လူတစ်ယောက်ယောက်ကို မိုးလင်းကမိုးချုပ်၊ သူအိပ်ပျော်ပြီး နောက်နေ့ ပြန်နိုးတဲ့အထိ ၂၄ နာရီနဲ့ ၇ ရက်ပတ်လုံး၊ နာရီ၊ စက္ကန့်မလပ် မျက်လုံးဒေါက်ထောက်စောင့်ကြည့်နိုင်မှပဲ ရမှာပါ။

📲 ခေတ်ပေါ်စမတ်ဖုန်းတစ်လုံးမှာ မိုက်ခရိုဖုန်း၊ စပီကာ၊ ကင်မရာနှင့် Touch Sensor အစပြုတဲ့ အခြေခံ အာရုံခံ Sensor ၄ မျိုးက စလို့ Bluetooth, GPS, Gyroscope, Accelerometer, Magnetometer, Temperature, Pressure, CMOS, Proximity, Ambient, Light, Finger Print, Face Recognition နှင့် Humidity Sensor တွေအထိ အာရုံခံပစ္စည်း အမျိုး ၂၀ ခန့်ပါရှိနိုင်ပါတယ်။ [၂]

🔬ကျွန်တော်တို့ ကိုင်နေကြတဲ့ စမတ်ဖုန်းထဲမှာပါတဲ့ အာရုံခံ Sensor အမျိုး ၂၀ ကျော်နဲ့ ၂၄ နာရီနဲ့ ၇ ရက်ပတ်လုံးစောင့်ကြည့်ပြီး ကျွန်တော်တို့ အကြောင်းအသေးစိတ်ကို ကျွန်တော်တို့ကိုယ်တိုင်ထက် ကျွန်တော်တို့ စမတ်ဖုန်းတွေက သိရှိနေကြပါပြီ။ [၃]

📍ကျွန်တော်တို့ ရဲ့ တည်နေရာတွေ၊ အိုင်ဒီကဒ်၊ ဘဏ်ကဒ်နဲ့ ပါတ်စဝါ့ဒ်တွေ၊ ကျွန်တော်တို့ ပို့သမျှ အီးမေးလ်နဲ့ မက်ဆေ့ချ်တွေအပြင် ကျွန်တော်တို့ သွေးခုန်နှုန်းကအစ ကျွန်တော်တို့ စမတ်ဖုန်း၊ စမတ်နာရီတွေက သိနေကြတဲ့အပြင် ကျွန်တော်တို့ ဘယ်အချိန်မှာ ပျော်ပြီး ဘယ်အချိန် ဝမ်းနည်းတတ်သလဲ၊ ဘာကိုမြင်ရင် ဝမ်းသာပြီး ဘာကိုကြားရင် ဒေါသထွက်တတ်သလဲ ဆိုတဲ့ ကျွန်တော်တို့ စိတ်ခံစားမှု (Emotion) တွေအထိပါ စမတ်ဖုန်းထဲက Social Network တွေက သိရှိနေကြပြီဖြစ်ပါတယ်။ [၄]

📲 တန်ဖိုးကြီးတဲ့ စမတ်ဖုန်း၊ နောက်ဆုံးပေါ်ဖုန်း ဖြစ်လေလေ အာရုံခံ Sensor အရေအတွက်များများ ပါလေလေ၊ ကျွန်တော်တို့ အကြောင်း အသေးစိတ်ကို အဲဒီစမတ်ဖုန်းက ပိုမိုထောက်လှမ်းသိရှိနိုင်လေလေဖြစ်ပါတယ်။

🎯အဲဒီလိုနည်းနဲ့ ထောက်လှမ်းစုဆောင်း ရရှိသွားတဲ့ ဒေတာတွေ၊ အချက်အလက်တွေကို Big Data (သို့မဟုတ်) Business Intelligence လို့ ခေါ်ပါတယ်။

✅ Big Data တွေကို ဘယ်သူတွေက စုဆောင်းနေကြတာလဲ❓
✅ စုဆောင်းပြီးတဲ့ Big Data တွေကို ဘယ်လိုနေရာတွေမှာ အသုံးချနေကြသလဲ❓
✅ Big Data တွေရဲ့ ကာလပေါက်စျေး ဘယ်လောက်ရှိသလဲ❓

📌 နောက်ဆောင်းပါးတစ်ပုဒ်မှာ အဲဒီမေးခွန်းတွေကို ဖြေကြည့်ကြရအောင်ပါ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အနန္တကျော်
၄.၁၂.၂၀၂၁
စနေနေ့ (၁၄၁၇)



Ref;
[၁] https://www.ncbi.nlm.nih.gov/pmc/articles/PMC6539461/
[၂] https://gizmodo.com/all-the-sensors-in-your-smartphone-and-how-they-work-1797121002
[၃] https://www.theatlantic.com/technology/archive/2011/04/what-does-your-phone-know-about-you-more-than-you-think/237786/
[၄] https://www.rd.com/list/things-smartphone-knows-about-you/

📌ဖားကန့်လိုအတူးခံနေရတဲ့တစ်နိုင်ငံလုံးက ဒေတာသယံဇာတွေ🇲🇲၁။ အိုးမကွာ၊ အိမ်မကွာ အလုပ်ရင်း အပိုဝင်ငွေရနိုင်တဲ့ အွန်လိုင်းရှော့...
03/12/2021

📌ဖားကန့်လိုအတူးခံနေရတဲ့တစ်နိုင်ငံလုံးက ဒေတာသယံဇာတွေ🇲🇲

၁။ အိုးမကွာ၊ အိမ်မကွာ အလုပ်ရင်း အပိုဝင်ငွေရနိုင်တဲ့ အွန်လိုင်းရှော့ပင်းဆိုင်လေး Facebook မှာ ဖွင့်တာအစ၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းများ၊ ကုမ္ပဏီများ၊ ကော်ပိုရေးရှင်းကြီးများ လုပ်ကိုင်လည်ပတ်တာအလယ်၊ နိုင်ငံအုပ်ချုပ် အစိုးရလုပ်တာ၊ အင်္ဂါဂြိုလ်သွားဖို့ ဒုံးပျံလွှတ်တာ အဆုံး လုပ်ငန်းဆောင်တာမှန်သမျှမှာ “ဒေတာ” လို့ခေါ်တဲ့ “အချက်အလက်” တွေဟာ ဒီနေ့ခေတ်ရဲ့ မရှိမဖြစ် “အသက်” တစ်ခုဖြစ်လာနေပါပြီ။

၂။ သတ္တဝါတွေ အသက်ရှင်ဖို့ အသက်ရှုဖို့ "လေ" ကို "မရှိမဖြစ်" လိုအပ်သလိုပဲ ဒီနေ့ခေတ်မှာ ဘာအလုပ်ပဲ လုပ်ချင်လုပ်ချင် ခိုင်မာတိကျပြီး၊ စနစ်တကျခွဲခြမ်း စိတ်ဖြာထားတဲ့ "ရှင်သန်နေတဲ့" "ဒေတာ" (Dynamic Data) တွေမရှိဘဲ ဘယ်လုပ်ငန်းမှ ရေရှည်ရှင်သန်ရပ်တည်ဖို့ မလွယ်ကူတော့ပါ။

၃။ ရှေးဦးလူသားတွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀၀၀၀ လောက်က တောင်အာဖရိကဒေသရဲ့ မြေအောက်မှာရှိတဲ့ ကျောက်မီးသွေးတွေကို တူးဖော်အသုံးပြုနိုင်ခဲ့ကြတာကစလို့ [၁] ဒီနေ့ခေတ်မှာတော့ မြေအောက်၊ ရေအောက်က ရသမျှအခြားအဖိုးတန်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ စတာတွေကို အဆင့်မြင့်နည်းပညာတွေသုံးပြီး တူးဖော်ရောင်းချ အသုံးပြုခြင်းဟာ ကမ္ဘာနှင့်အဝှမ်း ဘီလီယံဒေါ်လာပေါင်းများစွာ တန်ဖိုးရှိတဲ့ “Mining Industry” ကြီးတစ်ခုအဖြစ် နိုင်ငံအသီးသီးမှာ၊ ယနေ့ခေတ်လူတွေရဲ့ နေ့စဥ်ဘဝတွေမှာ မရှိမဖြစ် ခိုင်မာစွာဖြစ်တည်လျက် ရှိနေကြပြီ ဖြစ်ပါတယ်။

၄။ လတ်တလော ဆွေးနွေးစရာဖြစ်နေတဲ့ သတင်းတစ်ခုကတော့ Apple ကုမ္ပဏီကထုတ်လုပ်ရောင်းချတဲ့ အိုင်ဖုန်းတွေ၊ အိုင်ပဒ်တွေမှာ အသုံးပြုသူတွေရဲ့ အချက်အလက် "ဒေတာ" တွေကို အသုံးပြုသူက ခွင့်ပြုချက်ပေးမှ စုဆောင်းအသုံးပြုလို့ရမယ့် လုပ်ဆောင်ချက် (Ask app not to track or Allow) တစ်ခုကို ပြီးခဲ့တဲ့ ဧပြီလတုန်းက Apple ကုမ္ပဏီက မိတ်ဆက်ထည့်သွင်းခဲ့တဲ့[၉] အတွက်ကြောင့် Facebook, Snap, Youtube နှင့် Twitter စတဲ့ လူမှုကွန်ယက်ကြီးတွေမှာ ဧပြီလကနေ နိုဝင်ဘာလအထိ ၆ လအတွင်း ဒေါ်လာ ၁၀ ဘီလီယံကျော် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရတယ် ဆိုတဲ့ သတင်းပါပဲ။[၂]

၅။ “ဒေတာ” ဆိုတဲ့ “အချက်အလက်” ဟာ ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်းကြီးတွေအတွက် “လေ”လို“အသက်” ဖြစ်နေပြီဆိုတာရဲ့ အကောင်းဆုံးသက်သေတစ်ခုပါပဲ။

၆။ ဆိုတော့..."ဒေတာ" ဆိုတဲ့ထဲမှာ ဘာတွေပါသလဲ။ ဘယ်လိုဟာတွေကို အချက်အလက်လို့ ပြောတာလဲ။ များသောအားဖြင့် ကျွန်တော်တို့ ပြေးမြင်တတ်ကြတာက ဒေတာ ဆိုတာနဲ့ ကိုယ့်ရဲ့ မွေးနေ့၊ မွေးလ၊ မွေးရက်၊ မှတ်ပုံတင်နံပါတ်၊ ဖခင်နာမည် စတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်မျိုး၊ ဒါမမဟုတ် ကုမ္ပဏီတွေ၊ ရုံးတွေ၊ ဌာနတွေရဲ့ အင်အားစာရင်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာနှစ်ချုပ်တွေ လို့ပဲဖြစ်ကြမယ်ထင်ပါတယ်။

၇။ မမှားပေမယ့်အပြည့်အဝမမှန်ပါဘူး။ အထက်ပါ အချက်အလက်တွေဟာ Static Data လို့ခေါ်တဲ့ ပြောင်းလဲခြင်းမရှိတဲ့ "အချက်အလက်သေ” တွေဖြစ်ပြီး ဒီနေ့ခေတ် "ဒေတာ" ဆိုတဲ့ အသုံးအနှုန်းမှာ ပါတဲ့အဓိပ္ပါယ်ကတော့ အထက်ပါ ပြောင်းလဲခြင်းမရှိတဲ့ “အချက်အလက်သေ” Static Data များတင်မကတော့ဘဲ အချိန်နှင့်အမျှ ပြောင်းလဲ ရှင်သန်နေတဲ့ ဒီနေ့ခေတ်လူတွေ အားလုံးနီးပါးလက်ထဲမှာ ရောက်နေတဲ့ စမတ်ဖုန်း အမျိုးအစားနဲ့ သူရဲ့ အသေးစိတ်အချက်အလက်တွေ၊ ဖုန်းထဲမှာ ထည့်ထားတဲ့ App တွေနဲ့ အသုံးအများဆုံး App တွေ၊ Facebook ဖွင့်ရင် ပေးမိတဲ့ Like, Share နဲ့ Love, Wow - Reaction တွေ၊ ဝင်ထားတဲ့ ဂရုပ်တွေ၊ မက်ဆင်ဂျာမှာ ပြောသမျှ စကားတွေ၊ Youtube နဲ့ Tiktok ဖွင့်ရင် ကြည့်မိသမျှ ဗီဒီယိုတွေ၊ ဖုန်းနဲ့ရိုက်မိသမျှ ဓာတ်ပုံမှတ်တမ်းနဲ့ ရောက်ခဲ့တဲ့နေရာတွေ၊ မြေပုံဖွင့်ပြီး သွားဖို့ ကြည့်တတ်တဲ့ နေရာ၊ ရှာမိတဲ့၊ Checkin ဝင်မိနေရာတွေ၊ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ကိုယ်အလေးချိန်၊ အရပ်၊ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်း၊ သွေးထဲက ကိုလက်စထရောပမာဏ၊ အီးစီဂျီအချက်အလက်တွေ၊ အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်လေ့ကျင့်တာတွေရဲ့ ကြာမြင့်ချိန်နဲ့ အခြားအချက်အလက်တွေ၊ Workout လုပ်ရင်ဖြစ်ပေါ်တဲ့ နှလုံးခုန်နှုန်းနဲ့ သွေးခုန်နှုန်းတွေ၊ နောက်ဆုံး မီးပျက်ချိန် မိုးရွာရင်ဖြစ်တတ်တဲ့ Feeling ခံစားချက်မျိုးတွေ၊ မိသားစု၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး Thinking တွေးတောကြံစည်မိတာတွေ အားလုံးအထိ ပါဝင်တဲ့ "အချက်အလက်ရှင်" Dynamic Data တွေအထိပါဝင်ပါတယ်။

၈။ ဒီနေ့ခေတ် ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတွေအားလုံးက အဲဒီလို Static Data ရော Dynamic Data တွေရောပါဝင်တဲ့ အဖိုးတန် အချက်အလက်တွေ အားလုံးကို မြေအောက်၊ ရေအောက်ထဲကနေ အဖိုးတန်တွင်းထွက်ပစ္စည်းတွေကို နည်းပေါင်းစုံသုံးပြီး ထုတ်ရသလိုပဲ အဆင့်မြင့် စမတ်ဖုန်း၊ တက်ဘလက်တွေနဲ့ အဆင့်မြင့်နည်းပညာတွေ သုံးပြီး စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့တိုင်း ညတိုင်း ၂၄နာရီနှင့် ၇ ရက်ပတ်လုံး လူတိုင်းလူတိုင်းဆီက ထောက်လှမ်းစုဆောင်းလျက်ရှိကြပါတယ်။

၉။ သဘောကတော့ တန်ဖိုးအကြီးဆုံး၊ အဆင့်အမြင့်ဆုံး နောက်ဆုံးပေါ် စမတ်ဖုန်း သို့မဟုတ် တက်ဘလက် တစ်မျိုးမျိုးကို အချိန်ကြာကြာကိုင်နိုင်လေလေ သင့်ထံက သင့်ရဲ့ အဖိုးတန် ဒေတာအချက်အလက်တွေကို နည်းပညာကုမ္ပဏီကြီးတွေက များများထောက်လှမ်း စုဆောင်းခံရနိုင်လေလေပါပဲ။

၁၀။ ဒီနေ့မှာ စမတ်ဖုန်းကိုင်ပြီး အင်တာနက်၊ ဆိုရှယ်နက်ဝါ့ခ်တွေ သုံးနေကြတဲ့ လူတိုင်းထံကနေ အဲဒီလို အဖိုးတန်အချက်အလက်တွေ ကို ထောက်လှမ်းစုဆောင်းတာကိုလည်း Data Mining - သို့မဟုတ် "ဒေတာတူးဖော်ခြင်း" လို့ တင်စားသုံးနှုန်းကြပါတယ်။ (Data Mining ရဲ့ မူရင်းအဓိပ္ပါယ်က KDD (Knowledge Discovery in Data) ဖြစ်ပြီး အသေးစိတ်သိရှိလိုသူတွေ အနေနဲ့ Google ကြည့်ပြီး လေ့လာနိုင်ပါတယ်။) [၃]

၁၁။ ကမ်းလွန်ရေနံလုပ်ကွက်က ရတဲ့ ရေနံနှင့် သဘာဓာတ်ငွေ့တွေကို တူးဖော်တဲ့နိုင်ငံမှာ လိုသလောက်လည်းသုံး၊ ကိုယ်သုံးလို့ပိုတာတွေကို တစ်ခြားနိုင်ငံတွေကို ပုံစံမျိုးစုံနဲ့ ထုပ်ပိုးရောင်းချ စတဲ့နည်းလမ်းတွေနဲ့ စီးပွားဖြစ်ကြသလိုပဲ စမတ်ဖုန်း၊ တက်ဘလက်၊ ဆိုရှယ်နက်ဝါ့ခ်တွေကနေ တူးဖော်စုဆောင်းရရှိတဲ့ ဒေတာတွေကိုလည်း နည်းပညာကုမ္ပဏီကြီးတွေက ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ထုပ်ပိုး စျေးကွက်တင်ရောင်းချနေကြပါတယ်။ ဥပမာပြောရရင် Facebook မှာ Post တစ်ခုကို Boost လုပ်တော့မယ်ဆိုရင် Boost လုပ်မယ့် Post နဲ့ သက်ဆိုင်တဲ့ ဒေတာတွေကို Facebook က ရွေးခိုင်းပါတယ် (Target Audience ရဲ့ ကျား၊ မ၊ အသက်ရွယ်၊ တိုင်းဒေသကြီး၊ မြို့နယ်.. စသဖြင့်အစုံပါပဲ) ။ အရွေးခိုင်းတဲ့ ဒေတာတွေ အားလုံးဟာ အထက်ပါနည်းလမ်းနဲ့ လူတိုင်းထံကနေ စုဆောင်းထားတဲ့ ဒေတာတွေပါပဲ။

၁၂။ အထက်မှာ ဆွေးနွေးခဲ့ပြီးသားဖြစ်တဲ့ အချက်ကို ပြန်ကောက်ရရင် Apple ကုမ္ပဏီကထုတ်လုပ်ရောင်းချတဲ့ အိုင်ဖုန်းတွေ၊ အိုင်ပဒ်တွေမှာ အသုံးပြုသူတွေရဲ့ အချက်အလက် "ဒေတာ" တွေကို အသုံးပြုသူက ခွင့်ပြုချက်ပေးမှ စုဆောင်းအသုံးပြုလို့ရမယ့် လုပ်ဆောင်ချက် (Ask app not to track or Allow) တစ်ခုထည့်သွင်းလိုက်ရုံနဲ့ Facebook အပါအဝင် Youtube, Twitter, Snap စတဲ့ လူမှုကွန်ယက်ကြီးတွေဟာ အသုံးပြုသူတွေဆီကနေ အချက်အလက် "ဒေတာ" တွေလိုသလောက်စုဆောင်း ရောင်းချခြင်း မပြုနိုင်ဖြစ်ပြီး တစ်လကို ဒေါ်လာ ၂ ဘီလီယံ နီးပါးနဲ့ ၆ လအတွင်း ဒေါ်လာ ၁၀ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ကြရတယ်ဆိုပြီး အသံတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ [၄]
၁၃။ အလားတူ ၂၀၂၀ မေလတုန်းက သတင်းတစ်ခုမှာ ဆိုရင်လည်း Facebook CEO - Mark Zuckerberg နဲ့ ဥရောပသမဂ္ဂတို့ တွေ့ဆုံဆွေးနွေးကြရာမှာ ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံများအတွင်း နေထိုင်ကြသူ ပြည်သူလူထုရဲ့ ဒေတာများကို အသုံးပြုပြီး အကျိုးအမြတ်အများကြီး ဖြစ်ထွန်းနေတဲ့ Facebook အနေနဲ့ ဥရောပသမဂ္ဂ ကို အခွန်ပိုပေးဖို့၊ ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံများ၊ လူအများရဲ့ စံတန်ဖိုး သတ်မှတ်ချက်တွေကို လေးစားလိုက်နာဖို့၊ အဲဒီလိုမဟုတ်ရင်တော့ Facebook ကို ဥပဒေအရ အရေးယူမှုတွေ ပြုလုပ်ရလိမ့်မယ်ဆိုပြီး အပြင်းအထန်တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ [၅]

၁၄။ ပဲရစ်ကလာတဲ့ ရိုက်တာသတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာတော့ ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အထိ Facebook ရဲ့ ပြင်သစ်နိုင်ငံအတွင်း ကြော်ငြာလုပ်ငန်းလုပ်ငန်းကနေ ရတဲ့ ဝင်ငွေတွေ အပေါ်မှာ အခွန်နဲ့ ဒဏ်ငွေ ယူရို ၁၁၈ သန်းပေးဆောင်ဖို့ ပြင်သစ်အခွန်ဦးစီးဌာနက အမိန့်ချခဲ့တယ်လို့ သိရပါတယ်။ [၆]

၁၅။ မြန်မာနိုင်ငံမှာ တွင်းထွက်သယံဇာတ တူးဖော်ခြင်းလို့ ပြောလိုက်ရင် လူအတော်များများ တွဲမြင်မိကြမှာက ဖားကန့်ဖြစ်မယ်ထင်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ ကမ္ဘာ့စျေးကွက်ဝင် တန်ဖိုးကြီးကျောက်စိမ်းတွေကို နှစ်ပေါင်းများစွာ တူးဖော်ရရှိနေတဲ့ ဖားကန့်ဒေသဟာ ဒီနေ့ ဘယ်လိုအခြေအနေရှိနေသလဲ။ ဖားကန့်ဒေသကထွက်တဲ့ တန်ဖိုးကြီး ကျောက်စိမ်းရတနာတွေရော တစ်ကယ်ထိုက်တန်တဲ့ တန်ဖိုးသတ်မှတ် ရောင်းချခံရသလား။ အဲဒီလို ရောင်းချလိုက်တဲ့ ကျောက်စိမ်းတွေကနေရော နိုင်ငံအတွက် သတ်မှတ်အခွန်အခတွေ အပြည့်ရခဲ့ရဲ့လား။ မေးခွန်းတွေ အများကြီး၊ အဖြေတွေလည်း အားလုံးသိကြပြီး ဖြစ်မှာပါ။

၁၆။ BBC ရဲ့ ၂၀၂၀၊ အောက်တိုဘာလက သတင်းတစ်ပုဒ်မှာ ဧရာမနည်းပညာကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Facebook, Google နှင့် Microsoft တို့ဟာ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခွန် ဒေါ်လာ ၃ ဘီလီယံလောက် ရှောင်တိမ်းနေခဲ့ကြတယ်၊ သက်ဆိုင်ရာနိုင်ငံတွေကို ထိုက်သင့်တဲ့ အခွန်မဆောင်ဘဲ စီးပွားရေးတွေ လုပ်နေကြတယ်၊ အကျိုးအမြတ်တွေများစွာရနေကြတယ်လို့ ဖော်ပြထားပါတယ်။ [၇]

၁၇။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ကောက်ခံရရှိတဲ့ အချက်အလက်များအရ မြန်မာနိုင်ငံ လူဦးရေ ၅၄.၆၁ သန်းအနက် အင်တာနက် အသုံးပြုသူဦးရေ ၂၃.၆၅ သန်း၊ လူမှုကွန်ယက်အသုံးပြုသူ ၂၉ သန်းနှင့် စုစုပေါင်း မိုဘိုင်းဖုန်းဆက်သွယ်မှု ၆၉.၄၃ သန်းရှိတယ်လို့ သိရပါတယ်။ [၈]

၁၈။ မြန်မာနိုင်ငံအတွက် မေးခွန်းများ —

❓စမတ်ဖုန်းနဲ့ အင်တာနက်၊ လူမှူကွန်ယက်အသုံးပြုသူ မြန်မာနိုင်ငံသား သန်း ၃၀ ခန့်ဆီကနေ Facebook, Google, Youtube, Twitter, Instagram, Tiktok တို့ Static Data နှင့် Dynamic Data တွေ ဘယ်လောက် တူးဖော်စုဆောင်းရရှိပြီးသွားပြီလဲ။ ဘယ်လို ထောက်လှမ်းတူးဖော်စုဆောင်းနေကြသလဲ။

❓အထက်ပါ ကုမ္ပဏီကြီးများအနေနဲ့ အဲဒီလို စုဆောင်းတူးဖော်ရရှိတဲ့ မြန်မာလူမျိုးတွေရဲ့ ဒေတာတွေကို ဘယ်လိုနေရာတွေမှာ ဘယ်လောက်စျေးတွေနဲ့ ရောင်းချစျေးကွက်တင် အကျိုးအမြတ်ဖြစ်ထွန်းခဲ့ပြီလဲ။

❓မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေဆီကနေ အဲဒီလို ဒေတာတွေ တူးဖော်တာ၊ စုဆောင်းတာ၊ ရောင်းချတာတွေ အားလုံးအတွက် သက်ဆိုင်ရာ မြန်မာအစိုးရကို အဲဒီကုမ္ပဏီကြီးတွေက အခွန်ဘယ်လောက် ဆောင်ခဲ့ပြီးပြီလဲ။

၁၉။ မေးစရာတွေ အများကြီး၊ တွေးစရာတွေ အများကြီး ဖြစ်နေတဲ့ "ဒေတာ သယံဇာတူးဖော်ခြင်း" (Data Mining) ကိစ္စများကို အားလုံးလည်း တွေးဆ ဆင်ခြင်နိုင်ကြဖို့ ထပ်ဆင့်မျှဝေလိုက်ရပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အနန္တကျော်
၃.၁၂.၂၀၂၁
သောကြာနေ့ (၁၆၁၅)



Ref;

[၁] https://www.earthsystems.com/history-mining/
[၂] https://www.ft.com/content/4c19e387-ee1a-41d8-8dd2-bc6c302ee58e
[၃] https://www.ibm.com/cloud/learn/data-mining
[၄] https://fortune.com/2021/11/01/apple-privacy-policy-costs-facebook-snap-youtube-twitter/
[၅] https://techcrunch.com/2020/05/19/europe-to-facebook-pay-taxes-and-respect-our-values-or-well-regulate/
[၆] https://www.reuters.com/article/us-france-facebook-tax-idUSKBN25K0S5
[၇] https://www.bbc.com/news/business-54691572
[၈] https://datareportal.com/reports/digital-2021-myanmar
[၉] https://www.youtube.com/watch?v=8w4qPUSG17Y

Address

No-553, Mandalay-Lashio Road, Yay Nge
Maymyo
05081

Telephone

+959444910910

Website

Alerts

Be the first to know and let us send you an email when Amrta Artificial Intelligence posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Amrta Artificial Intelligence:

Share