14/10/2026
📢 အတွေ့အကြုံရှိ QA Tester 📢
📍 အလုပ်တည်နေရာ- မော်လမြိုင်မြို့
👨💻 အလုပ်တာဝန်များ
✅Website များနှင့် Mobile Application များကို စမ်းသပ်စစ်ဆေးခြင်း။
✅ Test Case များအတိုင်း စမ်းသပ်စစ်ဆေးပြီး စမ်းသပ်မှုရလဒ်များကို မှတ်တမ်းတင်ခြင်း။
✅ Bug များရှာဖွေပြီး Bug Report ပြုလုပ်ခြင်း။
✅Bug ဖြစ်ပေါ်သည့်အခြေအနေ၊ Reproduction Steps နှင့် Expected / Actual Result များကို ရှင်းလင်းစွာရေးသားခြင်း။
✅ Functional Testing၊ Regression Testing နှင့် Smoke Testing အပါအဝင် စမ်းသပ်မှုအမျိုးမျိုးကို လုပ်ဆောင်ခြင်း။
✅ စမ်းသပ်မှုရလဒ်များနှင့် တွေ့ရှိရသော ပြဿနာများကို Team Lead ထံ တင်ပြခြင်း။
🎯 လိုအပ်ချက်များ
✔️ Software Testing လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး 1 year ရှိရမည်။
✔️ Website နှင့် Application များကို စမ်းသပ်စစ်ဆေးရာတွင် အခြေခံအတွေ့အကြုံရှိသူ။
✔️Bug များကို ရှာဖွေဖော်ထုတ်နိုင်ပြီး ရှင်းလင်းတိကျသော Bug Report များ ရေးသားနိုင်သူ။
✔️ Functional Testing နှင့် Regression Testing အခြေခံနားလည်သူ။
✔️ လုပ်ငန်းလိုအပ်ချက်များ (Requirements) နှင့် သတ်မှတ်ချက်များ (Specifications) ကို ဖတ်ရှုနားလည်ပြီး ၎င်းတို့နှင့်အညီ စမ်းသပ်စစ်ဆေးနိုင်သူ။
✔️ ဆက်သွယ်ပြောဆိုမှုနှင့် အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်မှု ကောင်းမွန်သူ။
✔️ အသေးစိတ်စစ်ဆေးနိုင်ပြီး အမှားအယွင်းများကို သတိထားနိုင်သူ။
✔️ခေါင်းဆောင်မှုစွမ်းရည်ကောင်းမွန်ပြီး ကိုယ်တိုင်ဦးဆောင်ကာ လိုအပ်သည့်လုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်နိုင်သူ။
✔️အငယ်တန်းဝန်ထမ်းများကို သင့်လျော်စွာ လမ်းညွှန်သင်ကြားပေးနိုင်ပြီး လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရန် ကူညီပေးနိုင်သည့် အတွေ့အကြုံရှိသူ။
※ Japanese Level : N3 သို့မဟုတ် N3 အထက်ရှိပါက (လစာ ညှိနှိုင်းနိုင်ပါသည်။)
(မရှိသူများလဲ လျှောက်ထားနိုင်ပါသည်။)
💰 လစာနှင့် ခံစားခွင့်များ
🌟 Training ကာလ လစာ - USD 150 (မြန်မာကျပ်ငွေ 600,000 ဝန်းကျင်)
🎓 Training ကာလ 3 လ - Training ကာလပြီးပါက လစာ USD 180 (မြန်မာကျပ်ငွေ 700,000 ကျော်) ရရှိပါမည်။
📈 တစ်နှစ်လျှင် (၂) ကြိမ် လစာတိုးမြှင့်ရန် အခွင့်အရေးရှိပါသည်။
🏖️ စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။
📋 Interview Process (Interviewများကို online ဖြင့်ပြုလုပ်နိုင်သည်)
1️⃣ CV Screening
2️⃣ IQ Test
3️⃣ 1st Interview
4️⃣ 2nd Interview
📩 လျှောက်ထားရန်
📞 09-949035646
📄 Google Form မှတစ်ဆင့် CV တင်ရန်
https://forms.gle/fu3jMfF6LQYW29Aq6
📍 မော်လမြိုင်နှင့် အနီးပတ်ဝန်းကျင်မြို့နယ်များသာမက မော်လမြိုင်တွင် လာရောက်အလုပ်လုပ်ကိုင်နိုင်သူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။