06/09/2022
မိတ်ဆွေတို့ရဲ့ Data ဖိုင် Name တွေရဲ့နောက်မှာcovm တို့ .crypto တို့ စတဲ့ ဘာမှန်းမသိတဲ့စာနဲ့
_readme.txt ဖိုင်လေးတွေ့ပြီး ဖိုင်ဖွင့်မရတော့ရင်တော့
ဂုဏ်ယူပါတယ် သင် Ransomware Virus ကိုက်ခံရပါပြီ။
🔷 RANSOMWARE ဆိုတာကဘာလဲ ⁉️
Ransom malware သို့မဟုတ် ransomware သည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာဖိုင်များကို ဝင်ရောက်ကြည့်ရှုခြင်းမှ တားဆီးပေးပြီး ပြန်လည်ဝင်ရောက်နိုင်ရန် ငွေပေးချေမှုကို တောင်းဆိုသည့် malware အမျိုးအစားဖြစ်သည်။
အချို့လူများက "ဗိုင်းရပ်စ်သည် ကျွန်ုပ်၏ကွန်ပြူတာကို လော့ခ်ချထားသည်" ဟု ထင်ကောင်းထင်နိုင်သော်လည်း၊ ransomware သည် ပုံမှန်အားဖြင့် ဗိုင်းရပ်စ်နှင့် မတူညီသော malware ပုံစံတစ်ခုအဖြစ် အမျိုးအစားခွဲခြားထားသည်။
Ransomware ၏ အစောဆုံးမျိုးကွဲများကို 1980 ခုနှစ်နှောင်းပိုင်းတွင် တီထွင်ခဲ့ပြီး ငွေပေးချေမှုကို ခရုမေးလ်မှတစ်ဆင့် ပေးပို့ရမည်ဖြစ်သည်။
ယနေ့တွင်၊ ransomware ရေးသားသူများသည် ငွေပေးချေမှုကို cryptocurrency သို့မဟုတ် ခရက်ဒစ်ကတ်မှတစ်ဆင့် ပေးပို့ခိုင်းပြီး တစ်ဦးချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းအမျိုးမျိုးတို့ကို ပစ်မှတ်ထားကြသည်။
Ransomware-as-a-Service သို့မဟုတ် RaaS ဟုခေါ်သော အခြားဆိုက်ဘာတိုက်ခိုက်သူများထံသို့လဲ ransomware ရေးသားသူများက ရောင်းချတတ်ကြပါသေးတယ်။
🔷 ထို Ransomware Virus ကိုက်ခံရလျှင် ⁉️
ထို Ransomware Virus ကိုက်ပြီဆိုတာနဲ့
စက္ကန့်အနည်းငယ်အတွင်းမှာ မိတ်ဆွေတို့ရဲ့
စာဖိုင်တွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ
စတဲ့ဖိုင်တွေအကုန်လုံးက (Windows နဲ့ Software ဖိုင်မပါ)
File Extension တွေပြောင်းကုန်ပြီးတော့
_readme.txt ဆိုတဲ့ Data တွေ ပြန်လိုချင်ရင် $980 တောင်းပြီး
72 နာရီအတွင်း ငွေပေးပါက 50% Disc နဲ့ ငွေတောင်းခံတဲ့
Text ဖိုင်လေးပါ တွေ့လာရပါလိမ့်မယ်။
ဥပမာ - Myproject.docx ဆိုတဲ့ word file ဆိုလျှင်
Myproject.crinf ဆိုပြီးပြောင်းသွားတာပါ
ပြောင်းသွားတဲ့ File Extension တွေက ပုံသေမရှိပဲecc, .ezz, .exx, .zzz, .xyz, .aaa, .abc, .ccc, .vvv, .###, .ttt, .micro, .encrypted, .locked, .crypto, _crypt, .crinf, .r5a, .XRNT, .XTBL, .crypt, .R16M01D05, .pzdc, .good, .LOL!, .OMG!, .RDM, .RRK, .encryptedRSA, .crjoker, .EnCiPhErEd, .LeChiffre, .keybtc@inbox_com, .0x0, .bleep, .1999, .vault, .HA3, .toxcrypt, .magic, .SUPERCRYPT, .CTBL, .CTB2, .locky, .covm စသဖြင့် Extension တွေက ဒီထက်ပို၍ အများကြီးရှိတတ်ပါတယ်။
အဲ့ဒါပြောင်းရုံတင်မကပဲ Data တွေကို Encrypted လုပ်လိုက်ပါတယ်။
Encrypt ဆိုတာက အလွယ်ကူဆုံးပြောရမယ်ဆိုရင်
Data File ကို ကုဒ်နံပါတ်နဲ့အတူ ဖိုင်အစစ်အမှန်ကို
ဖျက်ပစ်လိုက်တာပါပဲ။
ထိုဖိုင်ကို ပြန်ပြင်ဖို့ဆိုရင် ကုဒ်နံပါတ်နဲ့ Decryptor tools လိုအပ်ပါတယ်။
ကုဒ်နံပါတ်မှာလဲ Online Code နဲ့ Offline Code ကွဲပါသေးတယ်။
ထိုကုဒ်ရရှိရန်အတွက်က အဆိုပါ Ransomware Virus ဖြန့်သူထံသို့
ငွေပေးချေရန်နည်းတစ်မျိုးထဲသာ လောလောဆယ်ရှိပါသေးတယ်။
🔷 ဘယ်လိုဖြေရှင်းမလဲ ⁉️
Data ဖိုင်တွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။
ထို Data တွေကို Recovery ပြန်ယူဖို့ နည်းလမ်းတွေ အမျိုးမျိုး ကြိုးစားကြပေမယ့် ယခုထိ အဖြေကောင်းကောင်းမတွေ့သေးပါဘူး။ တစ်ချို့ ဖိုင်တွေ ပြန်ရတာရှိပေမယ့် များသောအားဖြင့် မရတာကများပါတယ်။ ပိုက်ဆံပေးနိုင်ရင်တော့ ရနိုင်ပေမယ်။ အခြားနည်းလမ်းကတော့ မရှိသလောက် ရှားဆဲပါပဲ။
(ယခုလက်ရှိ Admin ကိုယ်တိုင်တောင်မှ မရသေးပါ 😢)
ထို Virus ကို Antivirus တွေနဲ့ ပြန်ရှင်းနိုင်ပေမယ့် အကောင်းဆုံးကတော့ မိမိ Data လဲ ပြန်မရနိုင်မယ့်အတူတူ အကုန်လုံး ဖျက်ပြစ်ပြီး Windows အသစ်ပြန်တင်လိုက်တာက အကောင်းဆုံးနဲ့ စိတ်အချရဆုံးပါပဲ။
တကယ်လို့ ရလိုရငြား ထားကြည့်ချင်တယ်ဆိုရင်တော့ Data တွေကို External HDD မှာ သိမ်းထားနိုင်ပါတယ်။
💢 💢 💢 Recovery Tool တွေကိုလဲ
နောက်အလျင်းသင့်သလို တင်ပေးသွားပါ့မယ်။
🔷 ဘယ်လိုကာကွယ်မလဲ ⁉️
"ကမ္ဘာမှာအရေးကြီးဆုံးကမိဘပဲ"
စတာပါ အရေးကြီးဆုံးအချက်က မိမိစက်ထဲမှာ
💢 Antivirus Software တစ်ခုက အမြဲတမ်း Activate ဖြစ်နေဖို့ပါပဲ။
Windows 10 နဲ့ Windows 11 တွေမှာ ပါဝင်တဲ့ Windows Security တစ်ခုနဲ့တင်ကို ထို Virus မဝင်နိုင်အောင် ကောင်းကောင်းကြီး တားနိုင်ပါတယ်။
💢 အဲ့ဒီအောက်က Windows Version တွေကတော့ Antivirus Software
Kaspersky, MSE, McAfee စသဖြင့် တစ်မျိုးမျိုးတော့ လိုအပ်ပါလိမ့်မယ်။
💢 ထို Virus က Webpage တွေကတဆင့်ဝင်ရောက်တာဖြစ်လို့
မိမိနဲ့ မရင်းနှီးတဲ့ Website တွေ ဝင်ရောက်တာတွေ၊ Download ဆွဲတာတွေ၊
မိမိမသိတဲ့ Software တစ်ခုကို Run တာတွေကို အထူးရှောင်ရပါလိမ့်မယ်။
💢 ဒါပြင့် မိမိ install လုပ်မယ့် software က
Windows Security (သို့) Antivirus Software ကို ပိတ်ဖို့လိုမယ်ဆိုရင်
Internet ကို ခဏ Off ထားပြီး အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
💢 ပြန်ဖွင့်ရင်လဲ Windows Security (သို့) Antivirus Software ကို အရင်ဖွင့်ပြီးမှ Internet ကိုပြန်ဖွင့်ပါလို့။
ကိုယ်တိုင် လက်လှမ်းမှီသမျှ လေ့လာထားရုံမျှဖြစ်လို့
အချို့ အမှားအယွင်းလေးများကိုလဲ
ဝေဖန်ထောက်ပြပေးပါအုံးနော် 💢