12/02/2026
ပိုက်ဆံမရှိလို့ မဝယ်နိုင်တာထက်၊ ပိုက်ဆံရှိလျက်နဲ့ ကိုယ့်အတွက်သုံးဖို့ နှမြောနေမိတာက အမျိုးသမီးတွေရဲ့ မပြင်နိုင်တဲ့ အကျင့်ပါပဲ။
သတိထားမိလား... ကိုယ့်ချစ်သူ၊ ကိုယ့်မိဘ၊ ကိုယ့်သားသမီးအတွက်ဆိုရင် ဘယ်လောက်စျေးကြီးကြီး ဝယ်ပေးဖို့ ဝန်မလေးပေမယ့်၊ ကိုယ့်အတွက် အင်္ကျီလေးတစ်ထည်၊ ဖိနပ်လေးတစ်ရံ ဝယ်ခါနီးရင် လိုမှ မလိုသေးတာ၊ နောက်လမှ ဝယ်တော့မယ် ဆိုပြီး ပြန်ချထားခဲ့တာ ခဏခဏပဲ။ ဈေးဝယ်ထွက်ရင်လည်း သူများတွေအတွက် အရင်ကြည့်ပြီးမှ နောက်ဆုံးပိုက်ဆံပိုမှ ကိုယ့်အတွက် ကြည့်တတ်ကြတယ်။ ငါက ဘာဖြစ်ဖြစ် နေလို့ရပါတယ် ဆိုတဲ့ စိတ်က ကိုယ့်တန်ဖိုးကို ကိုယ်တိုင် လျှော့ချနေသလို ဖြစ်နေတတ်တယ်။
တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဆုချခြင်း (Self-reward) ဆိုတာ အရမ်းအရေးကြီးပါတယ်။ တစ်လလုံး၊ တစ်နှစ်လုံး ပင်ပန်းခံရှာထားတဲ့ ငွေထဲကနေ ကိုယ့်စိတ်ချမ်းသာမှုအတွက် နည်းနည်းလောက် သုံးလိုက်တာ အပြစ်မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ နှုတ်ခမ်းနီအရောင်လေး ဝယ်လိုက်ရလို့၊ ကိုယ်စီးချင်တဲ့ ဖိနပ်လေး စီးလိုက်ရလို့ ရလာတဲ့ ပျော်ရွှင်မှုက မျက်နှာကို ပိုလင်းလက်စေပါတယ်။ အမေတစ်ယောက်၊ ဇနီးတစ်ယောက်၊ သမီးတစ်ယောက် မဖြစ်ခင်၊ ကိုယ်ဟာ မိန်းမလှလေးတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ ဒီနေ့ပဲ ကိုယ့်အတွက် တစ်ခုခု ဝယ်လိုက်ပါ၊ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ မုန့်လေး တစ်ခုခု ဝယ်စားလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှ သူများကိုလည်း ပြည့်ပြည့်ဝဝ ချစ်နိုင်မှာမို့လို့ပါ။
#မိန်းမသားတို့အတွက်
#သျှင်ယွန်း