Jade PYN -Mobile Mall

Jade PYN  -Mobile Mall Electronic ပစ္စည်းများကို လက်လီ လက်ကား ၀ယ်? မင်္ဂလာပါရှင် မိတ်ဆွေတို့ရဲ့ လိုအပ်နေတဲ့ ယာဥ် များ ဖုန်းနှင့် ဖုန်းAccessrioes များ TV .

Remote နှင့် တခြား Electronic ပစ္စည်းများ ဒါ့အပြင် လူတစ်ယောက်ရဲ့ ရှိရင်းစွဲအလှထက်ပိုမို ပေါ်လွင်စေမည့် အလှအပ ဆိုင်ရာ ပစ္စည်းများကို စျေးနှုန်းမှန်ကန် သက်သာစွာဖြင့် တစ်နေရာထဲတွင် ၀ယ်ယူရရှိနိုင်ပါတယ်ရှင် �

အရင်နဲ့မတူပဲ အလန်းဆုံး Design နဲ့ Luxury ဆန်ဆန်ထုတ်လုပ်လိုက်တဲ့ KIA Sportage 2023 မှာတော့ Engine Power 2.0 L Diesel နဲ့ ...
08/08/2023

အရင်နဲ့မတူပဲ အလန်းဆုံး Design နဲ့ Luxury ဆန်ဆန်ထုတ်လုပ်လိုက်တဲ့ KIA Sportage 2023 မှာတော့ Engine Power 2.0 L Diesel နဲ့ Surround View Camera များပါဝင်လာပြီဖြစ်ပါတယ် 🤩

Wireless Charging ဖြစ်တဲ့အပြင် 6 Speaker Harmon နဲ့ဆိုတော့ Sound System က ပြောစရာမလိုအောင် Perefct ဖြစ်နေမှာ အသေအချာပဲပေါ့ 😎

Traffic Collision - Avoidance Assist နဲ့ Safety System များကိုပါ Update မြှင့်ပေးထားတာမို့ 2023 အတွက် အကောင်းဆုံးရွေးချယ်မှု တစ်ခုကိုဖြစ်စေပြီလေ ✌🏻

🔆Specifications

✅2023 Model
✅XLine Grade
✅2.0 L Diesel Engine
✅8 Speed Auto Transmission
✅Horse Power -181 hp @. 6,000 rpm
✅Fuel Tank Capacity- 16.4 gal@74 liter
✅Alloy 19 inches
✅Full LED head lamps /fog lamp
✅Blind- Spot View Monitor
✅Around View Monitor (AVM)
✅Wireless Charger (phone)
✅Integrated Display 12.3 ‘’ TFT LCD
✅Electric Parking Brake
✅Drive Mode Select

❇️ KIA Sportage
Model : 2023 (Brand New)
Engine Power : 2000 CC
Kilo : 9** Kilo
နံပါတ် : 4S/****
Colour : White

အသေးစိတ် သိလိုပါက 📞📞📞📞 09 770200961

အခုယူသွားနောက်မှ ပေး အခု ၁၂၀ ပေး ကျန်တာ ၂ နှစ်နေရင်း ဖြည်းဖြည်းပေး 🤝လုပ်ငန်းသုံးကားထဲက ပေတိုတာလေးရယ် ပေရှည်တာလေးရယ် Bran...
08/08/2023

အခုယူသွားနောက်မှ ပေး အခု ၁၂၀ ပေး ကျန်တာ ၂ နှစ်နေရင်း ဖြည်းဖြည်းပေး 🤝

လုပ်ငန်းသုံးကားထဲက ပေတိုတာလေးရယ် ပေရှည်တာလေးရယ် Brand New လေးလဲ ရှာနေတယ်ဆိုရင်တော့ တစ်နေရာထဲမှာလာကြည့်လို့ရမယ် 💁‍♀️

ပြီးတော့ဈေးနှုန်းလေးလဲမတက်ထားပဲ အရင်ဈေးအတိုင်းလေးရောင်းချပေးနေတယ်ဆိုတော့ မြန်မြန်လေးသာ လာဝယ်လိုက်တော့နော် 🤩

✅ FOTON GRATOUR T3(Cargo Truck)
Model : 2020
Engine Power : 1500 CC
Capacity Weight : 1500 Kg

✅ Dongfeng C51L ( Single Cab )
Model : 2021
Engine Power : 1500 CC
Capacity Weight : 1500 Kg


"Cash Down" ဖြင့်ဝယ်ယူနိုင်သလို "အရစ်ကျစနစ်" နဲ့လည်းဝယ်ယူရရှိနိုင်ပါတယ်ရှင်❣️

အသေးစိတ်သိရှိလိုပါက -

☎️ 09 770200961

(သို့) chat box 💬 တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ရှားပါး တဲ့ Ford တစ်ခန်းခွဲ ကား အဖြူလေးကို လုံး၀ မထင်မှတ်ထားတဲ့ စျေးနဲ့အတန်ဆုံး ရောင်းပေးရင် စိတ်ဆိုးမှာလားပြော ...  အကု...
08/09/2022

ရှားပါး တဲ့ Ford တစ်ခန်းခွဲ ကား အဖြူလေးကို လုံး၀ မထင်မှတ်ထားတဲ့ စျေးနဲ့အတန်ဆုံး ရောင်းပေးရင် စိတ်ဆိုးမှာလားပြော ... အကုန်ဆင်ပြီး သားနော် CBU အလုံးလေးမို့ စိတ်၀င်စားရင် Hello 📲📲📲

Ford Rab Cab XLT 👇

- 6000 Kilo
- 17'' Alloy wheels
- 4.2" Color display
- Outside temperature display
- Electronic Power Assisted Steering (EPAS)
- Rearview camera with rear park assist
- Cruise control
- Projector headlamp
-Rain Sensing Wiper / Sport Styling Pack
- Audio System - 6 speaker with USB
- SYNC voice commands
- ABS and ESP with Hill launch Assist (HLA)
- Electronic Stability Program (ESP)
- Torque Vectoring Control
- Audio control steering wheel
- 6 Airbag with driver , passenger , side
and curtain airbags
- Fog lamp with chrome

BODYSTYLES 🚙
- Rap Cab XLT

ENGINES 🔋⛽
- 2.2 L Diesel 150 HP/375 NM
6 speed Manual with 4x4

#အခုလိုချိန်မှာ ရွှေမစုနဲ့ ငွေမစုနဲ့ မြေမစုနဲ့ ကားစုနော် မရှုံးစေရဘူး

📲📲📲📲 09987922574
Price - 11**
ကားကြည့်ရန် - မရမ်းကုန်း ရန်ကုန်

12/07/2022

တိုနာသုံးပြီး အသားအရည်ထိန်းသိမ်းရအောင်

Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို တိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။ ပုံမှန်လူ့အရေပြားက အက်ဆစ်ဖက် နည်းနည်းကဲလေ့ရှိပြီး pH 6-7 ကြားရှိတယ်။ မျက်နှာသစ်ဆပ်ပြာ သုံးပြီးတဲ့အခါ pH ပြောင်းလဲပြီး အယ်လ်ကာလီဖက် ရောက်သွားတယ်။ အဲလိုအချိန်မျိုးမှာ toner သုံးစွဲခြင်းကအရေပြား pHကို ပြန်လည်ထိန်းညှိပြီး ပုံမှန်အတိုင်း ဖြစ်စေတယ်။

Toner အများစုဟာ အဆီပြန်တဲ့အသားရေနဲ့ အထူးသင့်တော်တယ်။မျက်နှာအဆီပြန်ရင်ဝက်ခြံထွက်တာ လူတိုင်းသိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဆီတွေက လေထုထဲမှာ ရှိတဲ့ ဖုန်မွှားတွေကို တွယ်ကပ်စေတယ်။ အဲဒီဖုန်မွှားတွေက တဆင့် အဆီဂလင်းကိုသွားပိတ်ရင်း အထဲမှာ ဗက်တီးရီးယားပေါက်ဖွားပြီး ဝက်ခြံကို ဖြစ်စေတယ်။ တိုနာသုံးစွဲခြင်းက အဆီပြန်ခြင်း ကင်းစင်စေတယ်။

Toner အများစုမှာ ရေ၊ အရက်ပြန်၊ အလှဆီ၊အစိုဓာတ်ထိန်းဆေး(ရှားစောင်းလက်ပပ်) သို့မဟုတ် ဓာတုပစ္စည်း တမျိုးမျိုးပါလေ့ရှိတယ်။ တိုနာအများစုရဲ့ အခြေခံဟာ Alcohol ဖြစ်လို့ သုံးပြီးခြောက်သွားတဲ့အခါ အရေပြားမှာ စပ်ဖျဉ်းဖျဉ်း အေးစက်စက် ခံစားရတယ်။ Alcohol မပါတဲ့ tonerတွေမှာ witch hazel (သို့) tea tree oil ကို သုံးစွဲကြတယ်။ ခြောကိသွေ့တဲ့အရေပြားတွေမှာ ရေဓာတ်အခြေခံ toner တွေသုံးကြတယ်။ Aloe vera, vitamin E , chamomile extract ပါတာတွေအသုံးများတယ်။ Chamomile နဲ့ marigold extracts ပါဝငိတာတွေက အသားရေကို ဖြူစေပြီး ဝက်ခြံမဲ(blackhead) တွေမှာ အသုံးဝသိတယ်။ဆေးကြာရှည်ခံအောင်ထိန်းသိမ်းတဲ့ parabens ,citric acid , potassium sorbate စတာတွေက ဗက်တီးရီးယားပေါကိဖွားမှုကို ကာကွယ်ပေးတယ်။ Polysorbate-20 နဲ့ castor oilတွေက toner တော်တော်များများမှာပါလေ့ရှိတာ တွေ့ရတယ်။

Toner တွေကို အမျိုးစားခွဲရင် စုစုပေါင်း (၃)မျိုး ရှိတယ်။
(1) Fresheners - ခြောက်သွေ့တဲ့အသားအရေတွက်သင့်တော်တယ်။ glycerin နဲ့ hyaluronic acid ပါရင် အစိုဓာတိထိန်းပြီး အရေပြားခြောက်သွေ့တာကို ကာကွယ်တယ်။ ပုံမှန်အားဖြင့် အယ်ကိုဟောသိပ်မပါပဲ ရေဓာတ်သာအဓိကထည့်ထားတယ်။ယေဘုယျ alcohol 10%အောက်မှာသာပါတယ်။
(2) Tonics - ပုံမှန် (သို့) အဆီပြန်တဲ့အသားရေမှာ သုံးနိုင်တယ်။ အယ်ကိုဟော နညိးနည်းပါတယ်။ alcohol 20% ထိပါနိုငိတယ်။
(3) Astringents - အယ်ကိုဟော အများကြီးပါတယ်။ ပုံမှန်အားဖြင့် alcohol 20-60 % ထိပါလေ့ရှိတယ်။ astringent toners တွေက အဆီပြန်တဲ့ မျက်နှာမှာ အသုံးဝငိတယ်။ နောက်ပြီး ပိုးသတ်တဲ့အာနိသင်ရှိတယ်။

အာနိသင်များ
အရေပြားမှာ ရှိတဲ့အညစ်ကြေးတွေကို ဖယ်ရှားပေးပြီး အဆီပေါက်တွေကို ကျဉ်းစေတယိ။ အဆီပြန်ခြင်း ကင်းစေတယ်။ အရေပြားကို သန့်စင်စေတယ်။ အစိုဓာတ်ကိုထိန်းပေးလို့ မျက်နှာကို ဝင်းပကြည်လင်စေတယ်။မျက်နှာသစ်ဆပ်ပြာက မဖယ်ရှားနိုငိတဲ့ အဆီတွေနဲ့ အညစ်ကြေးတွေကို ဖယ်ရှားပေးတယ်။ နောက်ပြီး ချိုးတဲ့ရေထဲမှာပါတဲ့ မကောင်းတဲ့ဓာတ်တွေကို ကာကွယ်ပေးတယ်။ဒါတင်မက မျက်နှာအရေပြား pHကိုပါ ထိနိးသိမ်းပေးတယ်။

ဘယ်အချိန်သုံးမလဲ
မနက်တကြိမ်၊ ညတကြိမ် သုံးစွဲသင့်တယ်။ ညမှာထွက်တဲ့အဆီတွေကို မအိပ်ခင် ဖယ်ရှားရမှာ ဖြစ်သလို မနက်မှာလည်း တကြိမ် ရှင်းလင်းရမယ်။ တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံး အနှံ့သုံးဖို့လိုတယ်။ ဂွမ်းစလေးနဲ့ပွတ်ပြီး သုံးနိုင်တယ်။ မျကိနှာပေါ်ဖြန်းနိင်တယ်။ မျကိနှာmask အနေနဲ့ အုပ်ပြီးသုံးနိုင်တယ်။

တိုနာ အသုံးပြုနည်း
အရင်ဆုံးမျက်နှာကို ရေခပ်နွေးနွေးသုံးပြီး မျက်နှာသစ်ဆပ်ပြာတမျိုးမျိူးနဲ့ သန့်စင်ပါ။ ပြီးရင် မျက်နှာ ခြောက်သွေ့အောင်ထားပါ။ ငါးမိနစ်ခန့်ကြာတဲ့အခါ မျက်နှာပြင်အနှံ့ Toner ကို စတင်လိမ်းလို့ရပါပြီ။လိမ်းတဲ့အခါ နူးညံ့တဲ့ cotton pad ဂွမ်းစလေးနဲ့ပွတ်ပြီး သုံးရတယ်။ ပြီးရင် သုံးမိနစ်ခန့် ခြောက်သွေ့အောင်ထားပါ။ အဆီပြန်တဲ့အသားရေမှာ အပေါ်က AHA ပါတဲ့ လိမ်းဆေးတမျိုး ထပ်လိမ်းပါ။ ပြီးရင် serum တခု အပေါ်က ထပ်လိမ်းပါ။ နောက်ဆုံးကျမှ moisturizier ကို လိမ်းသင့်ပါတယ်။ သတိပြုရမှာက moisturizier ဆိုတာ အစိုဓာတ်ထိန်း ပစ္စည်းတမျိုးဖြစ်ပြီး မျက်နှာမှာ အလွှာပါးတခုအနေနဲ့ ဖုံးကွယ်ပြီး ရေဓာတ်မဆုံးရှုံးအောင် ကာကွယ်ပေးမှာ ဖြစ်တယ်။ ဒါ့ကြောင့် အဲဒီအပေါ်မှာ ဘာပစ္စည်းမှထပ်မလိမ်းသင့်တော့ပါ။ တချို့ အဆီပြန်လွန်းတဲ့ အသားအရေမှာ အစိုဓာတ်ထိန်းပစ္စည်း moisturizier ကြောင့် ပိုဆိုးလာတာလည်း ရှိနိုင်တယ်။ ဒါ့ကြောင့် သတိထားသုံးစွဲသင့်တယ်။

ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်

Customer များအတွက်အရမ်းရောင်းအားသွက်နေတဲ့ Products အသစ်လေးကိုဒီတစ်ခေါက်မိတ်ဆက်ပေးလိုက်ပါတယ်💁Water boost  Essenceလေးက ဘာအ...
11/07/2022

Customer များအတွက်အရမ်းရောင်းအား
သွက်နေတဲ့ Products အသစ်လေးကိုဒီတစ်ခေါက်မိတ်ဆက်ပေးလိုက်ပါတယ်

💁Water boost Essenceလေးက ဘာအတွက်ကောင်းလည်းဆိုတော့ မျက်နှာအသားရည်ကို ဖြူဖွေးဝင်းပစေပါတယ်

💁Water Boostပါဝင်တာကြောင့် လိမ်းပြီးတစ်နေကုန် စိုစိုအိအိလေးနဲ့ဝင်းပစေပြီး ရေဓါတ်ဖြည့်ပေးတဲ့အပြင်

💁အဆီပြန်တာကို ထိန်းညှိပေးတာကြောင့်
ဝက်ခြံကိုသက်သာ ပျောက်ကင်းစေပါတယ်ရှင့်
အမဲစက် နဲ့ တင်းတိတ်များကို လည်းသက်သာပျောက်ကင်းစေပါတယ်

💁မျက်နာအရမ်းအဆီပြန်ပြီး ဝက်ခြံ အထွက်များတဲ့သူတွေ အတွက် အထူးသင့်တော်ပါတယ်

💁Essence လေးက အရေပြား (၃)လွာထိ စိမ့်ဝင်စေနိုင် တာကြောင့် မျက်နာကို နှစ်ဆ သန့်စင်ပေးပါတယ်ရှင့်တမျိုးတည်းသုံးမယ်ဆိုရင်တောင် အရမ်းထိရောက်ပါတယ်

🙋Essence Price - 35000MMK

# 09988948597 📲📲

မှာယူချင်ပါက chat boxမှာ ဆက်သွယ်မှာယူနိုင်ပါတယ် ရှင်

Mark 2 ရဲ့နောက်မျိုးဆက်သစ် ဖြစ်တဲ့ Toyota ၏ Mark X ကို ၂ဝဝ၄ မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ Mark X မှာ အင်ဂျင်ပါဝါ နဲ့ 2 Wheel-...
28/06/2022

Mark 2 ရဲ့နောက်မျိုးဆက်သစ် ဖြစ်တဲ့ Toyota ၏ Mark X ကို ၂ဝဝ၄ မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ Mark X မှာ အင်ဂျင်ပါဝါ နဲ့ 2 Wheel-drive/4 Wheel-drive ဟူပြီးကွဲပြားသေးပါတယ်။ 2500 cc နဲ့ 3000cc ဟူပြီးနှစ်မျိုးထုတ်လုပ်ပါတယ်။

Classic နံပါတ်အနေနဲ့ ကတော့

· GRX120-2500cc, 2WD

· GRX125-2500cc, 4WD

· GRX121-3000cc, 2WD

Grade အနေနဲ့ Mark X အားလုံးသည် G-Grade တွေဖြစ်ပါတယ်။G-Grade ကိုမှရိုးရိုး G-Grade နဲ့ အခြား Package များလည်းရှိပါတယ်။ GRAX120-2500cc,2WD မှာဆိုရင်...

250G F Package (အနိမ့်ဆုံးဂရိတ်)၊

250 G L Package (အင်တင်နာ၊ CD Charger ၊ ခြေနင်းမီးတန်း တို့ပါ။)

ဝယ်/ရောင်း တွေကျတော့အဓိကအားဖြင့် Push Start ဖြစ်လား၊ Original TV ဖြစ်လားကိုပဲအဓိကထားကျတယ်။ဂရိတ်အပြည့်ဆုံးကတော့ Premium ဖြစ်ပြီး GRX121-3000cc,2WD မှာသာ ထုတ်ပါတယ်။၂ဝဝ၉ ခုနှစ် အောက်တိုဘာလ မှာတော့ Mark X ကို မျိုးဆက်သစ်အဖြစ် ပုံစံပြောင်းလဲပြီး Class no. များကိုလည်းပြောင်းလဲခဲ့ပါတယ်။ GRX130 မှာတင်အခွဲပေါင်း ငါးမျိုးရှိပါတယ်။ 250G F Package, 250G Relax Section, 250G S Package, 250S S Relax Package Selection စသည်ဖြင့်အမျိုးမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ယခုအချိန်မှာ 2004 Model လောက်ဆို စလစ်ဈေးပေါ်မူတည်ပြီး သိန်း ၂၅ဝ ဝန်းကျင်လောက်ရှိပြီး၊ 2009 ရုပ်ပြောင်းဆိုရင်တော့ သိန်း ၄၅ဝ ဝန်းကျင် ရှိနိုင်ပြီး၊ဒီရောက်ပြီးသား အက္ခရာနိမ့်သွားရင်တော့ ဈေးအများကြီးသက်သာသွားနိုင်ပါတယ်။



#09988948597

Honda Insight ကား grade ခွဲနည်း===========================2008 model ကနေ 2011 model အထိ ချက်ဆီနံပါတ် ZE2-118 ကနေ ZE2-139...
27/06/2022

Honda Insight ကား grade ခွဲနည်း
===========================
2008 model ကနေ 2011 model အထိ ချက်ဆီနံပါတ် ZE2-118 ကနေ ZE2-139အထိ Grade 3 မျိုးရှိပါတယ် ။
G Grade . L Grade . LS Grade ပါ။

1. G grade. Base Grade
အချက်ပြမီး ပါးခြမ်းမှာ။ ရှေ့လက်တင် နောက်လက်တင်မပါ။ 15 လက်မ ဘီးဖုံး သံခွေ။ Economy Grade.

2. L Grade
ဘက်မှန်မီးခြောက် ၊ ရှေ့လက်တင် နောက်လက်တင်ပါမယ်။စီယာတိုင် လယ်သာကြိုးချုပ် ဖြစ်မယ်။

3.LS Grade အမြင့်ဆုံး Grade
L Grade မှာ ပါတာအကုန်ပါမယ် ။ ရှေ့ဘန်ဘာမှာ Fog Lights ပါမယ် ။ စီယာတိုင်မှာ Paddle Shifter +- ပါမယ် ။ ဂီယာ 7 ချပ် ။ အနောက် Cabin မီးပါမယ်။ ဂီယာအုံမှာ P R N D S အထိပဲပါမယ်။ L မပါ။ 16 လက်မ LS Alloy ဖြစ်ရမယ်။ Optional ပါ တာအနေနှင့် camera 4 လုံး Airbag 8 လုံးဖြစ်တာတွေလည်းတင်သွင်းခဲ့ဖူးတယ်။ LS တိုင်းမပါပါ။
ချွင်းချက် Japan က အရင် Owner ရဲ့
ဝယ်ယူမှုကြောင့် G နှင့် L grade မှာလည်း Fog Lights မီးပါတက်ပါသည်။
Honda Internavi HDD TV က grade နှင့်မဆိုင်ပါ ။ နောက်ဝိုက်ပါ နှင့် Smart Key ဖြစ်တာကလည်း Grade နှင့်မဆိုင်ပါ ။ အကယ်၍ ဒါတွေပါခဲ့ရင် ဒီ မှာ fully grade လို့ ပြောကြတယ် ။ အချို့က fully လို့ပြောလည်း မပါတက်တာ သတိပြုပါ။
ချက်ဆီ 130 နှင့်စရင် grade 3 ခုလုံး Side cover အနက် ဒတ်ခ်ျဘုတ်အနက်ဖြစ်ပြီး aircon ထွက်ပေါက်မှာ နီကယ် ring တွေ ပါတယ် ။ သာမန် G grade တောင် ရှေ့လက်တင်ပါပါတယ်။

2012 model ချက်ဆီ ZE2-140 မှာ ကားပုံပြောင်းပါတယ် ။ G grade နှင့် L grade ပဲ လာပါတယ် ။ ထိုင်ခုံက ရှမွိုင်းအနုစားဖြစ်သွားတယ် ။ Civic ရဲ့ အမြင့်ဆုံး grade MXST လို ထိုင်ခုံပါ။ ။ grade ခွဲနည်းက အရင် model တွေရဲ့ G နှင့် L grade လိုပါပဲ။

Modulo နှင့် Mugen က G. L .LS grade တိုင်းမှာပါလာတက်တယ်။ ရှားတော့ရှားတယ် ။ ဒါပေမယ့်ရှိတယ်။

Example Photo My Car G grade Modulo Body Kit ပတ်လည်။ 2011 model ။

Ko Ko


#09988948597

, #ကားစမောင်းသူတိုင်းမေးလေ့ရှိတဲ့မေးခွန်း  အော်တိုဂီယာ ကားကို ခြေထောက်နှစ်ဖက်အသုံး ပြုပြီး မောင်းသင့်သလား......?အော်တိုဂ...
25/06/2022

, #ကားစမောင်းသူတိုင်းမေးလေ့ရှိတဲ့မေးခွန်း အော်တိုဂီယာ ကားကို ခြေထောက်နှစ်ဖက်အသုံး ပြုပြီး မောင်းသင့်သလား......?

အော်တိုဂီယာ ကားကို မောင်းမယ်ဆိုရင် ဘယ်ဘက်ခြေထောက်ကို လုံးဝမေ့ထားသင့်ပါတယ်။ ညာဘက် ခြေထောက်တစ်ဖက်တည်းနဲ့ပဲ လီဘာ (Acce- lerator Pedal) နဲ့ ဘရိတ် (Brake Pedal) ကို အသုံးပြုသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဘာမှာ KD (Kick Down Switch) လို့ခေါ်တဲ့ ဂီယာအချိန်းအပြောင်းကို အင်ဂျင်အပတ်ရေ (RPM) နဲ့ ထိန်းချုပ်ထားပြီး

ဘရိတ်မှာတော့ STP (Stop Light Switch) ရှိနေပါတယ်။ KD မီးကြိုးရော၊ STP မီးကြိုးရော၊ ECU(Engine Control Unit)၊ ECM (Engine Control Module) Box လို့ခေါ်တဲ့ အင်ဂျင်ကွန်ထရိုးဘောက်ထဲကို ဝင်ပါတယ်။ KD မီးရဲ့အလုပ်လုပ်ပုံက လီဘာနင်းချိန် အင်ဂျင်အပတ်ရေပြည့်ရင် မိုင်နှုန်းပြမီတာ (Speed Meter) ရဲ့ထိန်းချုပ်မှု၊ အင်းလက်လေထိန်းတံခါး

ဆင်ဆာ (Throttle Position Sensor) တွေရဲ့ ထိန်းချုပ်မှုနဲ့ လိုသလို ဂီယာအချိန်းအပြောင်းလုပ်ပေးပါတယ်။ STP ကတော့ ဘရိတ်နည်းနည်း နင်းလိုက်လို့ ECU ထဲကို မီးဝင်သွားတာနဲ့ အင်ဂျင်အပတ် ရေ တစ်ထောင်အောက်အထိ ဆီဖြတ်ပစ်ပါတယ်။ ထပ်နင်းလိုက်ရင် Speed Meter ရဲ့ တွက်ချက်မှုအရ ဂီယာကို ဒေါင်းပေးပါတယ်။ နောက်ထပ်

လုပ်ဆောင်ချက်တစ်ခုက Automatic Transmission Lock Up Torque Converter လုပ်ပြီး ကားရဲ့ မောင်းနှင်နေတဲ့ အော်တိုဂီယာစနစ်ကို အမြန်ဆုံး ရပ်ပစ်တာပါ။ အရှိန်ကိုလိုက်ပြီး ဂီယာကို လိုရင်လို သလို တစ်ချက်ချင်းဒေါင်းပေးပြီး အမြန်လိုအပ်ရင် နံပါတ် ၁ ဂီယာအထိ အမြန်တစ်ခါတည်း ဒေါင်းပေး ပါတယ်။ အခုခေတ်မော်ဒယ်မြင့်ကားတွေမှာတော့ Two Step Break Switch တွေကို သုံးပါတယ်။ ဒါကြောင့် ဘယ်ဘက်က ဘရိတ်ပေါ်ခြေထောက်တင်ထားပြီး ညာဘက်က လီဘာနင်းနေရင် ကားရဲ့

အင်ဂျင်ထိန်းချုပ်မှုစနစ် အော်တိုဂီယာထိန်းချုပ်မှု စနစ်တွေ ရှုပ်ထွေးကုန်ပြီး ဂီယာရော အင်ဂျင်ပါနာပြီး ပျက်တတ်ပါတယ်။ အော်တိုဂီယာကားတိုင်းလိုလို ဘယ်ဘက်ခြေထောက်တင်ဖို့ကို ဘရိတ်ဘယ်ဘက် အစွန်မှာထားပေးတတ်ပါတယ်။ ဒါကြောင့် အော်တိုဂီယာကားကို မောင်းနှင်ရင် ညာဘက်ခြေထောက် တစ်ချောင်းတည်းနဲ့ပဲ မောင်းနှင်ရမယ်လို့ ကားကုမ္ပဏီတွေက

အတိအကျညွှန်ကြားထားပါတယ်။ ဒီနေရာမှာ ပြဿနာရှိတာက မန်နျူရယ်ဂီယာ မောင်းနေရာကနေ အော်တိုဂီယာပြောင်းမောင်းတဲ့ သူတွေအတွက်ပါ။ မန်နျူရယ်မောင်းတဲ့ သူတွေအနေနဲ့ ဘယ်ခြေထောက်ကို မဖြစ်မနေအသုံးပြုရ (ဘယ်ဘက်က ကလပ်နင်းရ) တဲ့အတွက် အော်တိုဂီယာ မောင်းရင်လည်း ဘယ်ဘက်ကိုသုံးတဲ့အကျင့် ဆွဲကပ်နေတတ်ပါတယ်။ ဒီလိုဆိုရင်

ဘယ်ဘက်ကို တတ်နိုင်သမျှ မေ့ထားဖို့လိုပါတယ်။ ညာမောင်းကနေ ဘယ်မောင်းပြောင်းမောင်းရင် တွေ့တတ်တဲ့ အခက်အခဲလိုမျိုးပါပဲ။ ဒီပြဿနာဟာလည်း အော်တိုဂီယာအမောင်းကြာသွားလို့ မေ့မေ့ဖျောက်ဖျောက်နဲ့ ဘယ်ခြေထောက် မသုံးမိတော့ရင် ပျောက်သွားမယ့် အကျင့်တစ်ခုပါပဲ။

-
(ဗဟုသုတ အနေဖြင့်ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)
မူရင်းရေးသားမျှဝေသူအားကျေးဇူးတင်ပါသည်။

Exhaust က ထွက်တဲ့ မီးခိုးအရောင် ၃မျိုး ရှိတယ်၁။ Black smoke - မီးခိုးမဲ၂။ Blue smoke - မီးခိုးပြာ၃။ White Smoke - မီးခို...
24/06/2022

Exhaust က ထွက်တဲ့
မီးခိုးအရောင် ၃မျိုး ရှိတယ်
၁။ Black smoke - မီးခိုးမဲ
၂။ Blue smoke - မီးခိုးပြာ
၃။ White Smoke - မီးခိုးဖြူ

🚩Black Smoke
မီးခိုးမဲတွေ ဘာလို့ထွက်လဲ
Nozzle ဘဲ ဖြစ်ဖြစ် injector ဘဲဖြစ်ဖြစ်
ဖြန်းလိုက်တဲ့ ဆီ Complete Combustion
ပြီးပြည့်စုံတဲ့ မီးလောင်ပေါက်ကွဲမှု မရှိလိုဘဲ.....
အဲဒါကြောင့် residual gas အဖြစ်
မီးခိုးမဲတွေလိုက်လာတယ်ဆိုပါတော့.....
EFI-Engine တွေဆို Alarm တက်နေရင်လည်း
မီးခိုးမဲလိုက်တက်တယ်......

🚩Blue smoke
မီးခိုးပြာလိုက်နေပီဆိုရင်
Combustion Chamber ထဲမှာ Engine oil တွေရောက် မီးလောင်ပေါက်ကွဲပီး မီးခိုးပြာအဖြစ်နဲ့ ထွက်
Combustion Chamber ထဲ
Engine oil တွေဘယ်နည်းနဲ့ရောက်လဲ?
Turbo engine တွေမှာ ဆို shaft seal ပေါက်ပီးရောက်တယ် Liner၊ piston ring တွေ မကောင်းရင်ရောက်တယ်
အဲ့တော့ Engine oil မရောက်အောင်
မကောင်း တဲ့ part တွေလဲလိုက်ပေါ့.....

🚩White smoke
ဥပမာ ရေနွေးအိုး ဆူရင် မီးခိုဖြူထွက်သလိုမျိုးပေါ့
Combustion Chamber ထဲကို
ဆီလိုင်းကသော်လည်းကောင်း လေလိုင်းကသော်လည်းကောင်း
ရေ နှင့် ရေငွေ့ များဝင်ရောက်ပြီး မီးလောင်ပေါက်ကွဲပြီးနောက်
မီးခိုးဖြူ အဖြစ် ထွက်လာခြင်းဖြစ်သည်....
စက်အမျိုးအစားပေါ်မူတည်ပြီး
မီးခိုးအရောင် ဖြစ်ပုံဖြစ်နည်း
အမျိုးမျိုးရှိပေမယ့်
မီးခိုးတွေလိုက်လာပီဆိုရင်တော့
၁။ မနိုင်ဝန် သုံးမိလိုလား
၂။ valve ပြန်ချိန်ဖို့လိုနေပီလား
၃။ မီး timing နိမ့်နေလို့လား
၄။ Engine oil စားနပေီလား
၅။ nozzle သို့ injector ကြောင့်လား
၆။ Air Cleaner ပိတ်နေလား
၇။ water separator ရေမဖောက်မိလိုလား
၈။ turboပျက်နေပီလား
၉။ လေလိုင်းပြသာနာရှိနေပီလား
၁၀။ Engine alarm တက်နေလား
၁၁။ Engine liner တွေ ring တွေ ချောင်နေပြီလား
၁၂။ သုံးမိတဲ့ fuel quaility မမီလို့လား
အမျိုးအစုံ ကြိုးခုံဆိုပါတော့......

မူရင်းMyint Thein Aung

-pyn
#09988948597

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when Jade PYN -Mobile Mall posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share