TechDynamo

TechDynamo Learn for your future.

"CD📀 ,DVD💿 နဲ့ BD🔵 တို့ရဲ့ အလုပ်လုပ်ပုံ"သီချင်းတွေ ရုပ်ရှင်တွေ နဲ့ Data တွေကို သိမ်းဆည်းပေးတဲ့ အခွေ(Disc) တွေအကြောင်းစဉ်...
11/07/2024

"CD📀 ,DVD💿 နဲ့ BD🔵 တို့ရဲ့ အလုပ်လုပ်ပုံ"

သီချင်းတွေ ရုပ်ရှင်တွေ နဲ့ Data တွေကို သိမ်းဆည်းပေးတဲ့ အခွေ(Disc) တွေအကြောင်းစဉ်းစားဖူးကြလား။ ဒီနေ့မှာတော့ Storage Disc တွေဖြစ်တဲ့ CD,DVD နဲ့ BD တွေအကြောင်းကို ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။💁💁

🎶Compact Disc (CD)
CDs က 80s နဲ့ 90s ကြားမှာ သီချင်းတွေကိုသိမ်းဆည်းပြီးနားထောင်တဲ့ နည်းစနစ်ကိုပြောင်းလဲပေးခဲ့တဲ့နည်းပညာ တစ်ခုဖြစ်ပါတယ်။ Disc ရဲ့မျက်နှာပြင်မှာရှိတဲ့ "Pits" လို့ခေါ်တဲ့ အဖုအထစ်လေးတွေနဲ့ "Lands" လို့ခေါ်တဲ့အချိုင့်လေးတွေကို Infrared Laser နဲ့ဖတ်ပြီး Data တွေကို ထုတ်ပေးပါတယ်။ အဲ့ဒီ "Pits" နဲ့ "Lands" လေးတွေက Binary Data ဖြစ်တဲ့ "1" နဲ့ "0" ကို ကိုယ်စားပြုပါတယ်။ Storage ပိုင်းမှာဆိုရင် CDs က 700Mb ရှိတဲ့ Data ဒါမှမဟုတ် 80 မိနစ်စာရှိတဲ့ အသံတွေကို သိမ်းဆည်းပေးနိုင်ပါတယ်။

🎥Digital Versatile Disc (DVD)
DVDs က ရုပ်ရှင်တွေနဲ့ Data တွေသိမ်းဆည်းဖို့အတွက် Storage အများကြီးကို ထောက်ပံ့ပေးလို့ 1990 နောက်ပိုင်းမှာနာမည်ကြီးလာပါတယ်။ DVDs ရဲ့အလုပ်လုပ်ပုံက CDs တွေရဲ့အလုပ်လုပ်ပုံနဲ့ တူတယ် ဒါပေမဲ့ ပိုမိုသေးငယ်ပြီးသိပ်သည်းတဲ့ "Pits" နဲ့ "Lands" တွေကို Red Laser နဲ့ဖတ်တဲ့အတွက်ကြောင့် Storage ပိုင်းမှာ CDs ထက်ပိုပြီးတော့များပါတယ်။ Storage ပိုင်းမှာဆိုရင် DVDs က Single layer နဲ့ Dual layer ဆိုပြီး နှစ်မျိုးရှိပါတယ်။ Single layer က Data 4.7Gb ကို Store လုပ်နိုင်ပြီး Dual layer က Data 8.5Gb ကို Store လုပ်နိုင်ပါတယ်။

🎞️Blu-ray Dics(BD)
BD က HD Video နဲ့ကြီးမားတဲ့ Data တွေကိုသိမ်းဆည်းပေးရာမှာသင့်တော်တဲ့ 2000ပြည့်နှစ်အစောပိုင်းပါ ပေါ်ပေါက်လာတဲ့ Dics အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ BD မှာ အရမ်းကို‌သေးငယ်သိပ်သည်းတဲ့ "Pits" ‌and "Lands" တွေကြောင့် CDs နဲ့ DVDs မှာအသုံးပြုတဲ့ Red Laser ထက်ပိုပြီး လှိုင်းအလျားတိုတဲ့ Blue-Violet laser ကိုအသုံးပြုပြီး Data တွေကိုဖတ်ရပါတယ်။ Storage ပိုင်းမှာလဲ DVDs လိုပဲ Single layer နဲ့ Dual layer ဆိုပြနှစ်မျိုးရှိပြီး Single layer က 25Gb ကို store လုပ်နိုင်ပြီး Dual layer က 50Gb ထိ store လုပ်နိုင်ပါတယ်။

TechDynamo
အခုလို technical နဲ့ပတ်သတ်တာတွေကို အမြဲတင်ပေးနေမှာမလို့ Page ကို Like and Follow လေးလုပ်ပေးခဲ့ပါဦးနော် 😜

"ပိုမိုကောင်းမွန်သောသောနေ့တစ်နေ့အတွက် လုပ်ရမဲ့အချက်များ"💁💁🗒️Plan your Dayတစ်နေ့တာ လုပ်ဆောင်ရမဲ့အလုပ်များကို အကြမ်းဖျင်း ...
08/07/2024

"ပိုမိုကောင်းမွန်သောသောနေ့တစ်နေ့အတွက် လုပ်ရမဲ့အချက်များ"💁💁

🗒️Plan your Day
တစ်နေ့တာ လုပ်ဆောင်ရမဲ့အလုပ်များကို အကြမ်းဖျင်း ချရေးထားပါ။ ကောင်းမွန်စွာ Plan ချထားတဲ့ နေ့တစ်နေ့မှာ လုပ်ရတဲ့ကိစ္စတိုင်းနီးပါက စည်းစနစ်ကျပြီး ပိုမိုတိုးတက်‌စေမှာဖြစ်ပါတယ်။

🙆Stay Positive
သာမန်လူတွေအတွက် အရာရာတိုင်းကိုအကောင်းဘက်ကတွေးပေးနိုင်ဖို့က ‌အတော်လေးခက်ခဲပါတယ်။
ဒါပေမဲ့ အကောင်းဘက်ကနေ့ အတတ်နိုင်ဆုံးတွေပေးဖို့ကြိုစားသင့်ပါတယ်။ အကောင်းဘက်ကနေတွေးပေးခြင်းက မိမိကိုစည်းစနစ်ကျစေပြီး ပိုမိုတိုးတက်စေဖို့ အလားအလာကောင်းတွေ ရှိလာစေပါတယ်။

🍜 Eat Breakfast
မနက်စာကို မစားဘဲ ဘယ်တော့မှမနေပါနဲ့။ မနက်စာက ကျွန်တော်တို့ ခန္ဓာကိုယ်ကိုစွမ်းအင်တွေ ပေးရုံသာမက တစ်နေ့တာလုပ်ဆောင်ရမဲ့ကိစ္စတွေကို အာရုံစူးစိုင်နိုင်အောင်လဲ ကူညီပေးပါတယ်။

🛏️Get Enough Sleep
အိပ်ရေးဝအောင်အိပ်ဆိုတာက ညဘက်မှာအိပ်ရေးဝအောင်အိပ်တာကိုပြောတာပါ။ နေ့ဘက်မှာအိပ်ရေးဝနေခြင်းက ညဘက်မှာအိပ်နေသလောက် Energy တွေကိုမပေးစွမ်းနိုင်ပါဘူး။ ‌ညဘက်မှာကောင်းမွန်စွာအိပ်စက်အနားယူခြင်းက မိမိရဲ ကိုယ်ရောစိတ်ပါ ကျန်းမာမှုအတွက် အလွန်အရေးပါပါတယ်။

🫂 Spends Time With Loved Ones
တစ်နေ့တာမအားလပ်တဲ့အချိန်လေးတွေထဲကနေလဲ မိမိချစ်ရတဲ့သူတွေကို အချိန်ပေးရပါမယ်။ အဲ့လို Quality time လေးတွေဖန်တီးခြင်းက မိမိအတွက်သာမက မိမိချစ်ရတဲသူတွေအတွက်ပါ ‌ကောင်းမွန်စေပြီး ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ရရှိစေမှာဖြစ်ပါတယ်။

အခုလို technical နဲ့ပတ်သတ်တာတွေကို အမြဲတင်ပေးနေမှာမလို့ Page ကို Like and Follow လေးလုပ်ပေးခဲ့ပါဦးနော် 😜

🚀🚀"Programming က Arrays ဆိုတာဘာလဲ"🚀🚀ဒီနေ့မှာကျွန်တော် Sharing လုပ်ပေးချင်တာကတော့ Arrays အတွက် Quick and Easy guide လေးပဲ...
05/07/2024

🚀🚀"Programming က Arrays ဆိုတာဘာလဲ"🚀🚀

ဒီနေ့မှာကျွန်တော် Sharing လုပ်ပေးချင်တာကတော့ Arrays အတွက် Quick and Easy guide လေးပဲဖြစ်ပါတယ်။ Array က Programming မှာအခြေခံကျတဲ့ Concept တစ်ခုဖြစ်ပါတယ်။ 🤓

🤔🤔Array ဆိုတာဘာလဲ???👉

Array ကအမျိုးအစားတူညီတဲ့ Element တွေကိုပုံသေသတ်မှတ်ထားတဲ့ Number တွေနဲ့ Container ထဲမှာသိမ်းဆည်းထားတာနဲ့ တူပါတယ်။ Array ကို အံဆွဲတွေအထပ်လိုက်ပါတဲ့ ဗီဒိုကြီးတစ်ခုအဖြစ်တွေးကြည့်လိုက်ပါ။ အံဆွဲတစ်ခုစီမှာ Item တစ်ခုစီထည့်ထားတယ်ဆိုပါဆို့ အဲ့တာဆိုရင် ကျွန်တော်တို့လိုချင်တဲ့ Item ရဲ့အံဆွဲတည်နေရာကိုလိုက်ပြီး ဆွဲလိုက်မယ်ဆိုရင် Item ကိုလွယ်လွယ်ကူကူရလာမှာပဲဖြစ်ပါတယ်။ ဇွန်းလိုချင်ရင် ဇွန်းထည့်ထားတဲ့အံဆွဲကိုဆွဲပြီး ပန်းကန်လိုချင်ရင် ပန်းကန်ထည့်ထားတဲ့ အံ့ဆွဲကိုဆွဲလိုက်ရုံပါပဲ။

👉👉Arrays ရဲ့ Features အချို့📢📢

- Array ကိုတစ်ကြိမ်ဖန်တီးပြီးသွားရင် အဲ့ Array ရဲ့ Size ကို ပြန်လဲပြောင်းလဲလို့မရပါဘူး
- Array ထဲမှာ Elements တွေကို Position Number(starting from '0') နဲ့သိမ်းဆည်းရတာဖြစ်တဲ့အတွက် လိုချင်တဲ့ Element ကိုသူရဲ့ Position Number နဲ့အလွယ်တကူ Index လုပ်လို့ရပါတယ်။
- Array ထဲမှာရှိတဲ့ Element တွေရဲ့ အမျိုးအစားက တူညီနေရပါမယ်

👉👉ဘာကြောင့် Arrays ကို အသုံးပြုသင့်တာလဲ???🧐

- Index or Position Number ကိုအသုံးပြုပြီးမည်သည့် Element ကိုမဆို ချက်ခြင်းခေါ်ယူလို့ရခြင်း၊ ဒါဟာ Array ရဲ့ကြီးမားတဲ့အကျိုးကျေးဇူး တစ်ခုပဲဖြစ်ပါတယ်
- Array ဟာရိုးရှင်းပြီး အသုံးပြုရလွယ်ကူတာကြောင့် စတင်သင်ကြားနေတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်
- Array က Contiguous Memory ကိုအသုံးပြုတာဖြစ်တဲ့အတွက် Element တွေကို လက်ခံတာနဲ့ ထုတ်ပေးတာမှာ အလွန်မြန်ဆန်ပါတယ်

👉👉သတိပြုစရာအချက်အချို့⭕❌

- Array ရဲ့ Size ကပြန်လည်ပြုပြင်လို့မရတဲ့ အတွက် မိမိရဲ့ Array Size ကိုဂရုတစိုက် ကြိုတင် Plan ချထားဖို့လိုပါတယ်
- Continuous Block memory ကိုလိုအပ်ခြင်း၊ အဲ့တာကလဲ အရွယ်အစားကြီးမားတဲ့ Array တွေအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်

TechDynamo
အခုလို technical နဲ့ပတ်သတ်တာတွေကို အမြဲတင်ပေးနေမှာမလို့ Page ကို Like and Follow လေးလုပ်ပေးခဲ့ပါဦးနော် 😜

"👩‍🔧📱အီလက်ထရွန်နစ်အင်ဂျင်နီယာ နှင့် လျှပ်စစ်အင်ဂျင်နီယာ ကွာခြားချက်များ 🔋⚡"ဒီနေ့မှာတော့ တူသလိုလိုနဲ့မတူတဲ့ Electronic En...
02/07/2024

"👩‍🔧📱အီလက်ထရွန်နစ်အင်ဂျင်နီယာ နှင့် လျှပ်စစ်အင်ဂျင်နီယာ ကွာခြားချက်များ 🔋⚡"

ဒီနေ့မှာတော့ တူသလိုလိုနဲ့မတူတဲ့ Electronic Engineering နဲ့ Electrical Engineering အကြောင်းလေးကို နည်းနည်းပြောပြချင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာသာ Electronic Engineering ကသက်သက် Electrical Engineering သက်သက်ခွဲပြီး‌သင်ပေမဲ့ တခြားနိုင်ငံအများစုမှာတော့ Electronic and Electrical Engineering ဆိုပြီးပြီး major တစ်ခုတည်းအဖြစ်တူတူသင်ပါတယ်။ Electronic ရော Electrical ရောကကျွန်တော်တို့နေ့စဉ်လူနေမှုဘဝ (Modern Life) မှာ မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍကနေပြီးတော့ပါဝင်ပါတယ်။

📱🛰️Electronic Engineering:
▫️သေးငယ်တဲ့ Electronic circuit တွေကနေ ကြီးမားတဲ့ Electronic devices တွေကို ဖန်တီးထုတ်လုပ်ရာမှာ အရေးကြီးတဲ့ Major ဖြစ်ပါတယ်။
▫️အဆင့်မြှင့်ထားတဲ့ integrated circuit တွေ၊ Microchips တွေနဲ့ ယနေ့ခေတ်‌နည်းပညာတွေမှာ မရှိမဖြစ်လိုအပ်လာတဲ့ semiconductor တွေကို Design ဆွဲတာနဲ့ Develop လုပ်‌တာတွေပါဝင်ပါတယ်။
▫️နေ့စဉ်အသုံးပြုနေတဲ့ Computers 💻 တွေ Smartphones 📱 တွေအပြင် ဆေးပညာနဲ့သက်ဆိုင်နဲ့ စက်ပစ္စည်းတွေကိုပါ ဖန်တီးထုတ်လုပ်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။

⚡🔋Electrical Engineering:
▫️ပမာဏကြီးမားတဲ့ Electrical system တွေနဲ့ စွမ်းအင်ထုတ်လှုပ်မှုတွေမှာ Electrical Engineering တွေကအရေးကြီးတဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။
▫️မြင့်မားတဲ့ Voltage ရှိတဲ့ electricity တွေ Power grids တွေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ စွမ်းအင်အရင်းအမြစ်တွေနဲ့ ဆက်စပ်နေပါတယ်။
▫️လူနေအဆောက်အဦးတည်ဆောက်တာတွေမှာ လျှပ်စစ်လိုင်းပြောင်းတာတွေနဲ့ အိမ်တွေမှာ လျပ်စစ်နဲ့ပတ်သတ်တာတွေ တပ်ဆင်ပေးတာမှာလိုအပ်ပါတယ်။
▫️Electrical Engineering က ကျွန်တော်တို့နေ့စဉ်ဘဝ power supply အတွက် အဓိကကျော်ရိုးအနေနဲ့ ပါဝင်ပါတယ်။

Extra.....
Career Goals 👉👉👉
▫️ Electronic Engineering က နည်းပညာကုမ္ပဏီတွေ၊ research labs တွေနဲ့ နေ့စဉ်သုံး Electronic ပစ္စည်းများကို ထုတ်လုပ်တဲ့ Company တွေမှာအလုပ်ရနိုင်ပါတယ်။

▪️ Electrical Engineering တွေကတော့ စွမ်းအင် company တွေနဲ့ Construction 🏗️ တော်တော်များများမှာလဲ မရှိမဖြစ် လိုအပ်တဲ့ Engineer တွေပဲဖြစ်ပါတယ်။

TechDynamo
အခုလို technical နဲ့ပတ်သတ်တာတွေကို အမြဲတင်ပေးနေမှာမလို့ Page ကို Like and Follow လေးလုပ်ပေးခဲ့ပါဦးနော် 😜

📷 Image File Extensions တွေဆိုတာ ကျွန်တော်တို့ images တွေကို Storingလုပ်တာ နှင့် Displaying လုပ်တဲ့နေရာတွေမှာ အရေးကြီးတဲ...
30/06/2024

📷 Image File Extensions တွေဆိုတာ ကျွန်တော်တို့ images တွေကို Storingလုပ်တာ နှင့် Displaying လုပ်တဲ့နေရာတွေမှာ အရေးကြီးတဲ့အရာတွေပဲဖြစ်ပါတယ်။ အထင်ရှားဆုံးသော Extension အမျိုးအစားတွေကတော့ -

🌇 JPEG (JPG): Photosများ နှင့် Gradient ပါဝင်တဲ့ images များအတွက် လူသိများပြီး popular ဖြစ်တဲ့ JPEG/JPG filesများကိုအသုံးပြုပါတယ်။ JPG files များက quality ပျက်စီးမှုကို အနည်းဆုံးအထိလျှော့ချပေးနိုင်ပါတယ်ဗျ။ နောက်ပြီး JPG files တွေက file size သေးငယ်သောကြောင့် Internet ပေါ်မှာ အသုံးပြုမယ်ဆိုရင်လည်းအထူးသင့်တော်ပါတယ်။

🏝️ PNG: PNG ကတော့ transparent ဖြစ်ပြီး high quality ဖြစ်ဖို့လိုအပ်တဲ့ image များအတွက် အထူးသင့်တော်ပါတယ်။ အထူးသဖြင့် Logo များနှင့် Graphics များအတွက် သင့်တော်ပါတယ်။ PNG file ေတွက များသောအားဖြင့် JPG/JPEG တွင်ထက်ပိုကြီးပါတယ်ဗျ။

🌀 SVG: Quality မပျက်စီးဘဲ images များကို size ပြောင်းလဲနိုင်သော Scalable Vector Graphics SVG files များသည် icons, logos နှင့် complex graphics များအတွက် အထူးသင့်တော်ပါတယ်ဗျ။

🚴🏻‍♂️ GIF: Simple Animations တွေအတွက် အသုံးပြုတဲ့ GIF ကကျတော့ အရောင် ၂၅၆ ခုထိ ထောက်ပံ့ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့် color palettes ကန့်သတ်ထားတဲ့ images များအတွက် သင့်တော်ပါတယ်ဗျ။

အထက်မှာ ကျွန်တော်ပြောပြသွားတဲ့ Image file format / extension တွေကို မိတ်ဆွေတို့အနေနဲ့ အသုံးပြုလိုတဲ့ရည်ရွယ်ချက် storage and display စတဲ့လိုအပ်ချက်တွေပေါ်အခြေခံပြီး သင့်တော်တာတွေကိုအသုံးပြုကြနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျ

လိုအပ်ချက်လေးတွေကို commentမှာဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်ဗျ

ဒီလို technology နဲ့ပါတ်သတ်တဲ့ knowledge လေးတွေကို ကျွန်တော်တို့ pageကနေ နေ့စဉ် တင်ပေးနေမှာမို့လို့ follow လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျ
ပျော်ရွှင်စရာနေ့ရက်ကောင်းလေးတွေပိုင်ဆိုင်နိုင်ကြပါစေဗျာ…..🙏🏻

Happy Learning…😇📖

Peace...✌🏻

"Programming နဲ့ Coding နဲ့ တူလား???" 🤔💻"Programming" နဲ့ "Coding" ကိုအများအားဖြင့်တူတယ်လို့ထင်ကြပေမဲ့ တကယ်တမ်းတော့ သဘော...
29/06/2024

"Programming နဲ့ Coding နဲ့ တူလား???" 🤔💻

"Programming" နဲ့ "Coding" ကိုအများအားဖြင့်တူတယ်လို့ထင်ကြပေမဲ့ တကယ်တမ်းတော့ သဘောတရား ကကွာခြားပါတယ်။ ဒီနေ့မှာတော့ Programming နဲ့ Coding ရဲ့ ကွာခြားချက်လေးတွေကို ပြောပြပေးပါမယ်။👉👉

🔹🔹🔹Programming🔹🔹🔹

🔹 Software projects တွေကို Design ရေးဆွဲခြင်း၊ စီစဉ်ခြင်းနဲ့ ထိန်းသိမ်းခြင်းတွေကို လုပ်ဆောင်ပေးပါတယ်။
🔹 Programming က Idea ကနေ Deployment တဲ့အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို လွှမ်းခြုံထားပါတယ်။
🔹 Algorithm တွေ Data Structure တွေနဲ့ Software Architecture တွေထိ နားလည်ဖို့ လိုအပ်ပါတယ်။

🔸🔸🔸Coding🔸🔸🔸

🔸 Coding ကတော့ Programming languages (Python, Java, C++, etc.) တွေကို အသုံးပြုပြီး Program Logic တွေကို code ရေးသားခြင်းပဲ ဖြစ်ပါတယ်။
🔸 Programming ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Logic တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် Code ရေးရပါတယ်။
🔸 အသုံးပြုတဲ့ Programming languages ရဲ့ Syntax နဲ့ Language-specific commands တွေကို နားလည်မှ ရပါမယ်။

Extra 🧐

ရိုးရိုးပြောရရင်တော့ "Coding" က "Programming" ရဲ့အစိတ်အပိုင်း တစ်ခုသာဖြစ်ပါတယ်။ ဥပမာ Coding က စာပိုဒ်တစ်ပိုဒ်ရေးထားတယ် ဆိုရင် Programming ကတော့ စာအုပ်တစ်အုပ်လုံးကိုရေးထားတာပဲ ဖြစ်ပါတယ်။

TechDynamo

အခုလို technical နဲ့ပတ်သတ်တာတွေကို အမြဲတင်ပေးနေမှာမလို့ Page ကို Like and Follow လေးလုပ်ပေးခဲ့ပါဦးနော် 😜

⬛ Random Access Memory (RAM) နှင့် Read-Only Memory (ROM)  ဆိုသည်မှာ ကျွန်တော်တို့အခုလက်ရှိ အသုံးပြုနေကြတဲ့ PC, Laptop, ...
28/06/2024

⬛ Random Access Memory (RAM) နှင့် Read-Only Memory (ROM) ဆိုသည်မှာ ကျွန်တော်တို့အခုလက်ရှိ အသုံးပြုနေကြတဲ့ PC, Laptop, Mobile phones အစရှိတာတွေနဲ့ အခြားသော electronic devices များတွင် အဓိက အသုံးပြုတဲ့ memory devices အမျိူးအစားနှစ်ခုပဲဖြစ်ပါတယ်ဗျ။ RAM နှင့် ROM တို့သည် အခြား devices များနှင့် မတူဘဲ ၄င်းတို့၏ လုပ်ဆောင်ချက်များနှင့် လုပ်ငန်းစဉ်များက ကွဲပြားပါတယ်ဗျ။

⬛ Random Access Memory (RAM) သည် အလွန်အရေးကြီးသော memory အမျိုးအစားတစ်ခုဖြစ်ပြီး volatile memory ဖြစ်တာကြောင့် မီးပျက်သွားလျှင် ကျွန်တော်တို့အသုံးပြုနေတဲ့ desktop screen ပေါ်က data များအားလုံးပျက်သွားနိုင်ပါတယ်ဗျ။ အဆိုပါ memory ကို Computer ၏ Functions များနှင့် Processing များကို ပြုလုပ်နေစဉ်တွင် အချိန်ပြည့်အသုံးပြုရပါတယ်ဗျ။ RAM ပမာဏပိုမိုများလျှင် Computer က data များကို ကောင်းကောင်း handle လုပ်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့် software အမြင့်ပိုင်းများကိုအသုံးပြုတဲ့အခါ နှင့် multitasks များဖြင့်အလုပ်လုပ်တဲ့ ပိုမိုမြန်ဆန်ပြီးအဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်ဗျ။

⬛ Read-Only Memory (ROM) ကတော့ မီးပျက်သွားလျှင် data များပျောက်ပျက်မသွားနိုင်သော non-volatile memory အမျိုးအစားတစ်ခုဖြစ်သည်။ ROM ကို store firmwares များ နှင့် hardware initialization များကို စတင် runတဲ့အခါတွင် အသုံးပြုပါတယ်။ RAM နှင့် မတူဘဲ ROM ရဲ့ data တွေက modify or rewrite ပြုလုပ်ဖို့ရန် အလွန်ခက်ခဲပါတယ်ဗျ။ ROM ကို data များ reading လုပ်ဖို့အတွက်သာ အသုံးပြုကြပါတယ်ဗျ။
အချုပ်အားဖြင့် RAM က processes များနှင့် Temporary storage အတွက် အရေးကြီးတဲ့ memory ဖြစ်ပြီး ROM ကတော့ permanent storage အတွက် အခြေခံလုပ်ဆောင်ချက်များကို လက်ခံထားရှိတဲ့ memory ပဲဖြစ်ပါတယ်ဗျ။

⬛ RAM နဲ့ ROMအကြောင်းကို ကျွန်တော်အကြမ်းဖျင်းပြောပြပေးသွားတာပဲဖြစ်ပါတယ်
လိုအပ်ချက်လေးတွေကို commentမှာဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်ဗျ

ကျွန်တော့်အနေနဲ့ သူငယ်ချင်းတို့ ဒီစာလေးကိုဖတ်ပြီး ဗဟုသုတ အနည်းငယ်တော့ရသွားမယ်လိုတော့မျှော်လင့်မိပါတယ်ဗျ🙏🏻

ဒီလို technology နဲ့ပါတ်သတ်တဲ့ knowledge လေးတွေကို ကျွန်တော်တို့ pageကနေ နေ့စဉ် တင်ပေးနေမှာမို့လို့ follow လေးလုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျ
ပျော်ရွှင်စရာနေ့ရက်ကောင်းလေးတွေပိုင်ဆိုင်နိုင်ကြပါစေဗျာ…..🙏🏻

Happy Learning…😇📖

Peace...✌🏻

Photo

🤷"သိကိုသ်ိသင့်တဲ့ Python ရဲ့ အသုံးများတဲ့ Library များ"Python က ရိုးရှင်းပြီးလူသုံးများတဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့တာနဲ့အညီ ...
25/06/2024

🤷"သိကိုသ်ိသင့်တဲ့ Python ရဲ့ အသုံးများတဲ့ Library များ"

Python က ရိုးရှင်းပြီးလူသုံးများတဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့တာနဲ့အညီ Web Development, Data science, Machine Learning and Automation စတယတွေအတွက် Libraries ပေါင်းများစွာ ရှိလို့ Python Developer တွေရဲ့ဘဝကို ပိုပြီးတော့လွယ်ကူစေပါတယ်။ ဒီနေ့မှာတော့ Python Developer တိုင်းသိသင့်တဲ့ နာမည်ကြီး Libraries တွေထဲကမှ အချို့ကို ဖော်ပြပေးလိုက်တယ်။

🌐 Web Development
👉 1. Django က Web page ကိုရှင်းလင်းပြီးလက်တွေ့ကျဖို့နဲ့ လျှင်လျှင်မြန်မြန် develop လုပ်ဖို့အတွက်သုံးတဲ့ High-Level Web framework ဖြစ်ပါတယ်။ အားကောင်းတဲ့ web ကိုတည်ဆောက်ရမှာသင့်တော်တဲ့ Library တစ်ခုဖြစ်ပါတယ်။
👉 2. Flask က လေ့လာရလွယ်ကူပြီး အသုံးပြုရလွယ်ကူတဲ့ Micro Web Framework ဖြစ်ပါတယ်။ သေးငယ်တဲ့အသုံးပြုမှုတွေနဲ့ Micro service တွေအတွက် ရည်ရွယ်ပြီးလုပ်ထားတာပဲဖြစ်ပါတယ်။
📊 Data Science
👉 1. Pandas ကတော့ Data Manipulation နဲ့ Analysis အတွက်မရှိမဖြစ်လိုအပ်တဲ့ Library တစ်ခုဖြစ်ပါတယ်။ ၎င်းက DataFrame ကဲ့သို့သော Data တည်ဆောက်ပုံတွေကို ဝေမျှထားပြီးတော့ ကြီးမားတဲ့ Datasets တွေကိုကိုင်တွယ်ရာမှာ ပိုပြီးတော့လွယ်ကူစေပါတယ်။
👉 2. Matplotlib က Python မှာ Static, Animated နဲ့ Interactive Visualization တွေ ဖန်တီးရာမှာသုံးတဲ့ Plotting library တစ်ခုဖြစ်ပါတယ်။

🤖 Machine Learning
👉1. Scikit-learn က Machine Learning အတွက် အားကောင်းတဲ့ Library တစ်ခုဖြစ်ပါတယ်။ Data Mining နဲ့ Data Analysis တွေအတွက်ရိုးရှင်းပြီးအသုံးဝင်တဲ့ tools တွေကိုလဲ ထောက်ပံ့ပေးထားပါတယ်။
👉 2. TensorFlow က Machine Learning အတွက် open source platform တစ်ခုဖြစ်ပြီး၊ အထူးသဖြင့် Natural network တွေကို training နဲ့ deploying လုပ်ဖို့အတွက်သုံးပါတယ်။

🧪 Scientific Computing
👉 1. Numpy က Python ကိန်းကဏန်းတွက်ချက်ခြင်းတွေမှာ အခြေခံကျတဲ့ Library တစ်ခုဖြစ်ပါတယ်။ Mathematical Functions, Arrays တွေနဲ့ Matrices တွေကို ထောက်ပံ့ပေးထားပါတယ်။
👉 2. SciPy က Numpy ကိုအခြေခံပြီး Scientific နဲ့ Technical တွက်ချက်ခြင်းတွေဖြစ်တဲ့ optimization နဲ့ integration တွေအတွက်အထူးလိုအပ်တဲ့ လုပ်ဆောင်မှုတွေကို ပံ့ပိုးပေးထားပါတယ်။

🔧 Automation and Scripting
👉 1. Requests က HTTP request များကို လွယ်ကူပြီးစိတ်ချယုံကြည်စွာပြုလုပ်နိုင်တဲ့ simple and elegant HTTP Library တစ်ခုဖြစ်ပါတယ်။
👉 2. BeautifulSoup က HTML နဲ့ XML documents များကိုခွဲခြားခြင်းနဲ့ Web scraping tasks များအတွက်အထူးသင့်တော်တဲ့ Library တစ်ခုဖြစ်ပါတယ်။

အခုလို technical နဲ့ပတ်သတ်တာတွေကို အမြဲတင်ပေးနေမှာမလို့ Page ကို Like and Follow လေးလုပ်ပေးခဲ့ပါဦးနော် 😜

Happy Coding! 🎉

TechDynamo

Networks 🛜 တွေက ယနေ့ခောတ်မှာ Data တွေကို transfer လုပ်ပေးတဲ့နေရာ နဲ့ Communication တွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ မှာပါဝင်...
23/06/2024

Networks 🛜 တွေက ယနေ့ခောတ်မှာ Data တွေကို transfer လုပ်ပေးတဲ့နေရာ နဲ့ Communication တွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ မှာပါဝင်နေပါတယ်။ ဒါကြောင့် အခုခေါတ်မှာ အသုံးပြုနေကြတဲ့ Networks အမျိုးအစား( ၁၀ )မျိုးအေကြာင်းကို အောက်မှာအကြမ်းဖျင်းရှင်းပြပေးလိုက်ပါတယ်ဗျ။👇🏻

🌐 1. Personal Area Netwok (PAN): Handphone, Laptop & Tablet စတဲ့ Personal devices များကြား ဆက်သွယ်မှုအတွက် သေးငယ်သော network ဖြစ်ပြီး အနည်းဆုံး မီတာအနည်းငယ်အတွင်းကနေပဲ အသုံးပြုနိုင်ပါတယ်ဗျ။

🌐 2. Local Area Network (LAN): Home, School or Office ကဲ့သို့ သတ်မှတ်ဧရိယာအတွင်းရှိ Computerများကို ချိတ်ဆက်သည့် Network ဖြစ်ပြီး မြန်ဆန်ခြင်းနှင့် သက်သာသော Fees များဖြင့် အသုံးပြုနိုင်ပါတယ်ဗျ။

🌐 3. Wireless Area Network (WLAN): LAN နှင့်တူပေမယ့်လည်း Wireless Technology ကို အသုံးပြု၍ Devices များကို ကြိုးများမလိုအပ်ဘဲ ချိတ်ဆက်ပြီးအသုံးပြုတဲ့ network အမျိုးအစားပဲဖြစ်ပါတယ်ဗျ။

🌐 4.Campus Area Network (CAN): University or Corporate Campusကဲ့သို့သော Campus အတွင်းရှိ အဆောက်အအုံများစွာအကြားရှိ network ဖြစ်ပါတယ်။ ထို Area အတွင်းရှိ LAN အများကြီးကို ချိတ်ဆက်ပြီးအသုံးပြုတာပဲဖြစ်ပါတယ်ဗျ။

🌐 5.Wide Area Netwotk (WAN): နိုင်ငံတစ်နိုင်ငံ or ခရိုင်တစ်ခုအတွင်းရှိ network ဖြစ်ပြီး မြောက်များလှစွာသော LAN များနှင့် CAN များကို ချိတ်ဆက်ထားပါတယ်ဗျ။

🌐 6. Metropolitan Area Network (MAN): မြို့တစ်မြို့ သို့မဟုတ် ကြီးမားကျယ်ပြန်သော campus အတွက် network ဖြစ်ပြီး LAN နဲ့ WAN ထက်လည်းပိုမိုကျယ်ပြန့်ပါတယ်ဗျ။

🌐 7. Storage Area Network (SAN): storage device များကို ထိန်းချုပ်ထားတဲ့ မြန်နှုန်းမြင့် network ဖြစ်ပြီး Devices များ၏ ပုံမှန်ဆက်သွယ်မှုနှင့် လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်ဗျ။

🌐 8.Virtual Private Network (VPN): Internet ပေါ်တွင် သီးသန့်နေရာ network သို့ လုံခြုံတဲ့ Data Transmission ကို လုပ်ဆောင်ပေးသော‌ network ပဲဖြစ်ပါတယ်ဗျ။

🌐 9. Enterprise Area Network (EAN): စီမံခန့်ခွဲမှုနှင့် network အတွင်းရှိ လုပ်ငန်းများ၏ လုံခြုံရေးနှင့် ရိုးရှင်းသော ဆက်သွယ်မှုအတွက် အသုံးပြုပါတယ်ဗျ။

🌐 10. Passive Optical Local Area Network (POLAN): လုပ်ဆောင်ချက်များကို ကုန်ကျစရိတ်နည်းသော wire များကို အသုံးပြု၍ မြန်နှုန်းမြင့် data transmission အတွက် အသုံးပြုတဲ့ network ပဲဖြစ်ပါတယ်ဗျ။

အထက်ပါ network ( ၁၀ ) မျိုးထဲမှာမပါဝင်တဲ့ network များအကြောင်းသိတယ်ဆိုရင်လည်း comment မှာ ဝင်ရောက်ဆွေးနွေးသွားပါအုံးဗျို့💯

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါခင်ဗျ🙏🏻

အကျိုးတစ်စုံတစ်ရာရတယ်ဆိုရင် ကျွန်တော်တို့ရဲ့ page လေးကို follow လုပ်ပြီး သူငယ်ချင်းတွေကို invite/sharingပေးခြင်းအားဖြင့်ကူညီပေးဖို့တောင်းဆိုချင်ပါတယ်ဗျ 🙏🏻

ကောင်းသောနေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေဗျာ🙏🏻

keep learning 📖

peace✌🏻


👉👉"Type of Network and it's Long form"👈👈Networking အကြောင်းပြောကြပြီဆိုရင် ကျွန်တော်တို့ဟာ အခြားသူများအား နည်းလမ်းအမျိုး...
22/06/2024

👉👉"Type of Network and it's Long form"👈👈

Networking အကြောင်းပြောကြပြီဆိုရင် ကျွန်တော်တို့ဟာ အခြားသူများအား နည်းလမ်းအမျိုးမျိုးဖြင့်ဆက်သွယ်ခြင်းလို့ပြောလို့ရပါတယ်။ Network အမျိုးအစားတစ်ခုစီတိုင်းက ကျွန်တော့တို့ရဲ့ Digital Lives မှာအရေးကြီးတဲ့ အခန်းကဏ္ဍ ကနေပါဝင်ပါတယ်။ ဒီနေ့မှာတော့ Network အမျိုးအစားများနဲ့ ၎င်းတို့ရဲ့ Long form များကိုဖော်ပြပေးလိုက်ပါတယ်။

TechDynamo
အခုလို technical နဲ့ပတ်သတ်တာတွေကို အမြဲတင်ပေးနေမှာမလို့ Page ကို Like and Follow လေးလုပ်ပေးခဲ့ပါဦးနော် 👆🍀

"2024 မှာ ဘယ် Programming Languages တွေကိုလေ့လာသင့်လဲ" 🧐🧐(Part - 2)ဘယ် Programming Languages ကိုလေ့လာသင့်လဲဆိုရင်တော့ မိ...
21/06/2024

"2024 မှာ ဘယ် Programming Languages တွေကိုလေ့လာသင့်လဲ" 🧐🧐(Part - 2)

ဘယ် Programming Languages ကိုလေ့လာသင့်လဲဆိုရင်တော့ မိမိရဲ့စိတ်ဝင်စားမှုနဲ့လုပ်ဆောင်လိုတဲ့ Project အမျိုးအစားတွေပေါ်မှာ မူတည်ပါတယ်။ ဒီနေ့မှာတော့ အထူးအသုံးများတဲ့ Programming Languages တွေနဲ့ ၎င်းတို့ကိုလေ့လာသင့်တဲ့ သူများကိုဖော်ပြပေးလိုက်ပါတယ်။

⏊⏊6. Swift

Swift က Apple က တရားဝင်ထုတ်လုပ်ထားတဲ့ ဘာသာစကားဖြစ်ပြီး IOS နဲ့ MacOS applications များအတွက် အထူးသင်တော်ပါတယ်။ သူရဲ့ Syntax ကလဲရိုးရှင်းပြီးတော့ Modern ဖြစ်ပါတယ်။

လေလာသင့်သူများ : IOS/MacOS applications Developer

⏊⏊7. SQL

SQL ကတော့ Database management နဲ့ Data Analysis အတွက် အထူးကျယ်ပြန့်စွာသုံးတဲ့ Language ဖြစ်ပါတယ်။ Structured Query Language ဖြစ်ပြီး Database များရဲ့ Data ကို Querying, Updating နဲ့ Managing ပြုလုပ်နိုင်ပါသည်။

လေ့လာသင့်သူများ : Data Analysis နဲ့ Database Administration များ

⏊⏊8. Go (Golang)

Go Golang ကတော့ High performance နဲ့ Concurrency လုပ်ငန်းများအတွက် အထူးပြုလုပ်ထားတာ ဖြစ်ပါတယ်။ Google မှာဖန်တီးထားပြီး Cloud Services များနဲ့ Micro service များအတွက် အထူးသင့်တော်ပါတယ်။

လေ့လာသင့်သူများ : System Programmers နဲ့ Scalable Application Developer များ

⏊⏊9. Rust
Rust က memory safety နဲ့ performance ကိုအထူးပြုပြီး System Programming မှာ အသုံးပြုပါတယ်။ High performance application များအတွက် မရှိမဖြစ် လိုအပ်တဲ့ ဘာသာစကားဖြစ်ပါတယ်။

လေ့လာသင့်သူများ : System Programmers များ Performance-Critical application developer များ

⏊⏊10. Kotlin

Kotlin က Android development အတွက် Java ကို အစားထိုးထားပြီး Google မှာ တရားဝင်ထောက်ခံထားတဲ့ ဘာသာစကားလဲဖြစ်ပါတယ်။ Modern Syntax ဖြင့်လဲရေးသားထားပါတယ်။

လေ့လာသင့်သူများ : Android Developers များ

"2024 မှာ ဘယ် Programming Languages တွေကိုလေ့လာသင့်လဲ" (Part - 1)

https://www.facebook.com/share/p/LBvBbSssA3aUZPfN/?mibextid=oFDknk

Tips..............

ဒီဘာသာစကားတွေကတော့ 2024 မှာ နည်းပညာလုပ်ငန်းများအတွက် အထူးထင်ရှားတဲ့ ဘာသာစကားဖြစ်ပြီး တော့ မိမိရဲ့ရည်ရွယ်ချက်နဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်လေ့လာနိုင်ပါတယ်။ Beginner အတွက်တော့ Python က ရိုးရှင်းပြီး အကောင်းဆုံးရွေးချယ်မှု တစ်ခုအဖြစ် အကြံပြုချင်ပါတယ်။

Python ကိုလေ့လာချင်တယ် ဆိုရင်တော့ အောက်က Baeom YouTube channel link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ Beginner များအတွက် က၊ခ သင်သလို သင်ပေးတာဖြစ်တဲ့ အတွက် သင်ရလွယ်ကူပါတယ်။

BAEOM Education Institute

https://youtube.com/playlist?list=PLcj3ozAnKTG4vIcSXwQNVVCKKp0qUBHP5&si=KL-V0wrNzssTWs9l

TechDynamo

အခုလို technical နဲ့ပတ်သတ်တာတွေကို အမြဲတင်ပေးနေမှာမလို့ Page ကို Like and Follow လေးလုပ်ပေးခဲ့ပါဦးနော် 👆🍀

"2024 မှာ ဘယ် Programming Languages တွေကိုလေ့လာသင့်လဲ" 🤔🤔(Part - 1)ဘယ် Programming Languages ကိုလေ့လာသင့်လဲဆိုရင်တော့ မိ...
19/06/2024

"2024 မှာ ဘယ် Programming Languages တွေကိုလေ့လာသင့်လဲ" 🤔🤔(Part - 1)

ဘယ် Programming Languages ကိုလေ့လာသင့်လဲဆိုရင်တော့ မိမိရဲ့စိတ်ဝင်စားမှုနဲ့လုပ်ဆောင်လိုတဲ့ Project အမျိုးအစားတွေပေါ်မှာ မူတည်ပါတယ်။ ဒီနေ့မှာတော့ အထူးအသုံးများတဲ့ Programming Languages တွေနဲ့ ၎င်းတို့ကိုလေ့လာသင့်တဲ့ သူများကိုဖော်ပြပေးလိုက်ပါတယ်။

🔵1. Python

Python ကတော့ အသုံးပြုရလွယ်ကူပြီး Web Development, Data Science, Artificial intelligence(AI), Machine Learning (ML) နဲ့ Automation စသည်တို့မှာကျယ်ပြန့်စွာအသုံးပြုပါတယ်။ ပြီးတော့ ၎င်းရဲ့လွယ်ကူရိုးရှင်းလှတဲ့ Syntax နဲ့ ကျယ်ပြန်တဲ့ Library တွေ‌ေကြာင့်လဲ Python က နာမည်ကြီးပါတယ်။

⏬⏬⏬
လေ့လာသင့်သူများ : Beginners များ၊ Data Scientist များ၊ AI/ML Enthusiasts တွေနဲ့ Web Developer များ

🟡2. JavaScript (and Type Script)

JS က Web Development မှာဆိုရင် အရေးကြီးတဲ့အခန်း ကဏ္ဍ ကနေပါဝင်ပါတယ်။ Type Script က JS ကိုသာမန်ထက်ပိုမိုပြည့်စုံစွာရေးနိုင်အောင်ကူညီပေးပါတယ်။ Node-js ဖြင့် Sever-Side Development မှာလဲအသုံးပြုနိုင်ပါတယ်။

⏬⏬⏬
လေ့လာသင့်သူများ : Web Developer များ၊ Full-Stack Developer များ

🟠3. Java

Java က Android app development, Sever-Side Application နဲ့ Enterprise-Level Application တွေမှာ အထူးအသုံးပြုတဲ့ ဘာသာစကား‌ဖြစ်ပါတယ်။ Object Oriented Programming (OOP) အတွက်လဲ အထူးသင့်တော်ပါတယ်။

⏬⏬⏬
လေ့လာသင့်သူများ : Enterprise Software Developers များနဲ့ Android Developers များ

⚪4. C++
C++ က High Level Programming language ဖြစ်ပြီး System Programming, Game Development, Real-Time Processing Application များတွင် အသုံးပြုပါတယ်။ Memory Management ပိုင်းမှာလဲ Manual Control ပေးသောကြောင့် Performance ပိုင်းကို အထူးထိရောက်စေပါတယ်။

လေ့လာသင့်သူများ : Game Developers များနဲ့ System Programmers များ

🔴5. C #
C # က Windows applications, Game Development (Unity) , Enterprise Application များအတွက် အကောင်းဆုံး Programming languages တွေထဲမှ တစ်ခုဖြစ်ပါတယ်။ .NET framework နဲ့ပေါင်းစပ်အသုံးပြုလို့ရပါတယ်။

⏬⏬⏬
လေ့လာသင့်သူများ : Windows Applications Developers များနဲ့ Game Developers များ

TechDynamo
အခုလို technical နဲ့ပတ်သတ်တာတွေကို အမြဲတင်ပေးနေမှာမလို့ Page ကို Like and Follow လေးလုပ်ပေးခဲ့ပါဦးနော် 👆🍀

Address

Mawlamyaing

Telephone

+959673495647

Website

Alerts

Be the first to know and let us send you an email when TechDynamo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TechDynamo:

Share