21/02/2016
ဖေဖော်ဝါရီ ၂၁ ရက်နေ့ညက Samsung မှတရားဝင်မိတ်ဆက်ပြသလိုက်ပြီဖြစ်တဲ့ Samsung Galaxy S7 နှင့် S7 Edge ။ Samsung Galaxy S7 ဟာ Screen မျက်နှာပြင်အကျယ် ၅.၁ လက်မ ရှိပြီး၊ Samsung Galaxy S7 edge ကတော့ ၅.၅ လက်မ ရှိပါတယ်။ Samsung Galaxy S6 edge တုန်းက Screen size ၅.၁ လက်မသာရှိတာကြောင့် ယခု S7 edge ဟာ S6 edge ထက် Screen size ပိုကြီးပြီးထုတ်လုပ်ထားတာကိုတွေ့ရပါတယ်။ Samsung Galaxy S7 နဲ့ S7 Edge တို့ရဲ့ Screen ၂ ခုလုံးကို 2560x1440 pixel အရည်အသွေးရှိတဲ့ Super AMOLED screen တွေတပ်ဆင်ပေးထားတာကြောင့်ရုပ်ထွက်အလွန်ကြည်လင်ပြတ်သားနေမှာသေချာပါတယ်။ ဖုန်းရဲ့ system ပိုင်းအနေနဲ့ Latest Android OS ဖြစ်တဲ့ Android 6.0 Marshmallow ကိုအသုံးပြုထားပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ Samsung Galaxy S7 နဲ့ S7 edge တို့ဟာ IP68 ရေစိုခြင်းနဲ့ဖုန်ဝင်ခြင်းကို ကာကွယ်ပေးထားပြီး
အထူးခံနိုင်ရည်ရှိတာကိုတွေ့ရပါတယ်။ ယခင် S6 နှင့် S6 edge မှာတုန်းက Micro SD Card ထည့်ဖို့ Slot ထည့်သွင်းမပေးခဲ့သော်လည်း ယခု Galaxy S7 နဲ့ S7 edge တို့မှာ microSD Slot ကိုလည်း ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် Storage မလုံလောက်မှာကိုစိတ်ပူစရာမလိုဘဲ 200GB Storage ပမာဏရှိတဲ့ SD Card အထိထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Samsung Galaxy S7 နှင့် S7 Edge ၂ မျိုးလုံးမှာ Internal Storage အနေနဲ့ကတော့ 32 GB ပါဝင်မှာဖြစ်ပါတယ်။ Samsung Galaxy S7 နဲ့ S7 edge ၂ မျိုးလုံးမှာ RAM 4GB တပ်ဆင်ထားပါတယ်။ Processor အနေနဲ့ US မှာဆိုရင် Octa-core Snapdragon Processor တပ်ဆင်ထားသော S7 , S7 edge တို့ကိုရောင်းချမှာဖြစ်ပြီး ကျန်တဲ့နေရာဒေသတွေမှာတော့ Samsung ရဲ့နောက်ဆုံးထုတ် Exynos Chip တပ်ဆင်ထားတဲ့ S7,S7 Edge တို့ကိုရောင်းချမှာပါ။ Camera ပိုင်းအနေနဲ့လည်းအပြောင်းအလဲတွေတော်တော်လုပ်ထားတာကိုတွေ့ရပါတယ်။ ယခင်ဖုန်းတွေလို Camera အိမ်ကရှေ့ထွက်နေတာမျိုးမဟုတ်တော့ဘဲ ဖုန်းကိုယ်ထည်နဲ့တသားတည်းအဖြစ်ဒီဇိုင်းပြန်လုပ်ပေးထားတာကိုလည်းတွေ့ရပါတယ်။ Samsung Galaxy S7 နဲ့ S7 Edge မှာ ရှေ့ကင်မရာ 5MP(f/1.7) နှင့် နောက်ဘက်ခြမ်းကင်မရာ 12MP (f/1.7) တပ်ဆင်ထားပါတယ်။ 12 Megapixel ဆိုပေမယ့် ပိုမိုများပြားတဲ့ Pixel ပမာဏကို သုံးစွဲပေးထားလို့ ဓာတ်ပုံရိုက်ရာမှာ ယခင် Samsung ဖုန်းတွေထက်ရုပ်ထွက်ပိုကောင်းမယ်လို့သိရပါတယ်။ အလင်းရောင်အားနည်းနေချိန်မှာ ရုပ်ထွက်ကောင်းမွန်တဲ့ ဓါတ်ပုံတွေရိုက်ကူးနိုင်ဖို့ F1.7 Lenses ကို အသုံးပြုပေးထားပြီး အသစ်ထည့်သွင်းပေးလိုက်တဲ့ Camera feature သစ်ဖြစ်တဲ့ Motion Panorama ဖြင့် သက်ဝင်နေသော မြင်ကွင်းကျယ်ပုံရိပ်များကို ရိုက်ကူးနိုင်မှာပါ ။Professional Camera တွေမှာပါဝင်တဲ့ Dual-Photodiode ကိုလည်းထည့်သွင်းပေးထားပြီး ယင်းစနစ်ကြောင့် အလွန်လျင်မြန်စွာ Focus ချိန်ညှိပေးနိုင်မှာပါ။ Battery အနေနဲ့ Samsung Galaxy S7 မှာ 3,000 mAh Battery နဲ့ S7 edge မှာ 3,600 mAh Battery တို့ကိုတပ်ဆင်အသုံးပြုထားပါတယ်။ သုံးနေစဉ်ဖုန်းပူလာခြင်းကိုလျော့နည်းစေဖို့Cooling System အသစ်ကို အသုံးပြုထားတယ်လို့လည်းသိရပါတယ်။ ဖုန်းကို Wireless ပဲအားသွင်းသည်ဖြစ်စေ၊ အားသွင်းကြိုးနဲ့ပဲအားသွင်းသည်ဖြစ်စေ Fast Charging စနစ်နဲ့အားအမြန်သွင်းပေးမှာပါ။ အရောင်အနေနဲ့ကတော့ Samsung Galaxy S7 ကို Black Onyx ၊ Gold Platinum စတဲ့အရောင် ၂ မျိုးနဲ့ထုတ်လုပ်ပေးထားပြီး Samsung Galaxy S7 Edge ကိုတော့ Black Onyx, Gold Platinum , Silver Titanium စတဲ့အရောင် ၃ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ Samsung Galaxy S7 နဲ့ S7 Edge ကို မတ်လ ၁၁ ရက်နေ့မှာစတင်ရောင်းချမယ်လို့သိရပါတယ်။