10/09/2026
Apple ရဲ့ September 9 မှာ မိတ်ဆက်သွားသမျှ Apple Products အသစ်များ
iPhone Duo
Apple ရဲ့ ပထမဆုံး ခေါက်လို့ ရတဲ့ foldable iPhone ဖြစ်ပြီး 7.6’’ အရွယ် Screen နဲ့ ထုတ်လုပ်ပါတယ်။ 2000US$ ကနေ စတင်ရောင်းချမှာဖြစ်လို့ 256gb ကို မြန်မာငွေ သိန်း (၁၀၀) လောက်ကနေ စတင်မှာဖြစ်ပါတယ်။ A20 Pro chip ကို အသုံးပြုထားပါတယ်။
iPhone 18 Pro & 18 Pro Max
iPhone 18 လို့ မရှိတော့ပဲ Pro နဲ့ Pro Max Series အဖြစ်ထုတ်လုပ်ပါတယ်။ Main Camera က 48MP ဖြစ်ပြီး Professional Camera တွေလို့ Aperture ပြောင်းလဲရိုက်ကူးရပါပြီ။ Siri New Ai Feature နဲ့အတူ မိတ်ဆက်ပြီး A20Pro Chip ကိုပဲ အသုံးပြုပြီး ရောင်းစျေးက Pro -1200$, Pro Max 1300$ စတင်ရောင်းချမှာဖြစ်ပါတယ်။ အခြား iPhone Series များထက်ပိုမိုကြာရှည်တဲ့ Battery ကို အသုံးပြုထားပါတယ်။
Apple Watch Series 12
Design မပြောင်းလဲပေမဲ့ Apple Watch ပတ်ရခြင်းရဲ့အနှစ်သာရဖြစ်တဲ့ Health Sensing System လုံးဝအသစ်နဲ့ ပြုလုပ်လိုက်ပါတယ်။ Health Dataတွေ ဖတ်ရတဲ့ မြင်ကွင်းအသစ် new Readiness Score, S11 Chip, ခါတိုင်း Apple Watch Series တွေထက် 60% ပိုအကြမ်းခံတဲ့ Ceramic Shield 2 ပါဝင်တဲ့ Display တွေကို အသုံးပြုထားပါတယ်။
Apple Watch Ultra 4
Apple Watch Ultra 4 ကတော့ Sports နဲ့ Adventure အတွက်ရည်ရွယ်တဲ့ Series ဖြစ်တာနဲ့အညီ outdoor workout tracking ကို 45 Hours အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Tracking မလုပ်ဘဲ ပုံမှန်အတိုင်းအသုံးပြုမယ်ဆိုရင် နာရီ ၅၀ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ health sensors, GPS, နဲ့ Battery Life တွေတပ်ဆင်ထားပါတယ်။
AirPods 5
AirPods 4 ကို ဆက်ခံတဲ့ Series ဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ Audio Drive, ပိုကောင်းလာတဲ့ Active Noise Cancellation Feature တွေပါဝင်လာပါတယ်။ AirPods 4 တုန်းကလို့ ANC မပါတဲ့ Model လုံးဝမရှိတော့ဘဲ Charging Case ကို Wirelss ပါတဲ့ Version နဲ့ မပါတဲ့ Version တွေဆိုပြီး (၂) မျိုးထုတ်ပါတယ်။ Siri AI နဲ့ Live Translation Feature တွေအသုံးပြုနိုင်မှာဖြစ်ပါတယ်။