MCC Amarapura

MCC Amarapura Professional ICT Training Center

သစ်ကိုင်းပေါ်မှာ နားတဲ့ ငှက်တစ်ကောင်ဟာ ဘယ်တော့မှ သစ်ကိုင်းကျိုးမှာကို မကြောက်ပါဘူး။ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ ယုံကြည်မှ...
06/06/2024

သစ်ကိုင်းပေါ်မှာ နားတဲ့ ငှက်တစ်ကောင်ဟာ
ဘယ်တော့မှ သစ်ကိုင်းကျိုးမှာကို မကြောက်ပါဘူး။

ဘာကြောင့်လည်းဆိုတော့
သူ့ရဲ့ ယုံကြည်မှုက သစ်ကိုင်းပေါ်မှာမရှိပဲ
သူပိုင်ဆိုင်တဲ့ အတောင်ပံတွေမှာ ရှိတဲ့အတွက်ကြောင့်ပါပဲ

ဒါကြောင့် အမြဲတမ်း ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိပါ။

ချစ်ခြင်းအားဖြင့်
ပြေခိုင်

Credit .

ခင်ပွန်းကြီး (၁၀) ပါး ကန်တော့နည်း ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်(၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရ...
20/01/2024

ခင်ပွန်းကြီး (၁၀) ပါး
ကန်တော့နည်း

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်

(၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးတို့အပေါ်၌လည်းကောင်း

(၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ်စကေဗုဒ်ဓါအရှငျ
ကိုယ်တော်မြတ်ကြီးတို့အပေါ်၌လည်းကောင်း

(၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊
မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌လည်းကောင်း

(၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီး
တို့အပေါ်၌လည်းကောင်း

(၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌လည်းကောင်း

(၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့အပေါ်၌လည်းကောင်း

(၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်
ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌လည်း
ကောင်း

(၈) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊
သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် ၊မိမိထက် သိက္ခာအရွယ်ကြီးမားသူတို့၏အပေါ်၌လည်းကောင်း

(၉) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟော
ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌
လည်းကောင်း

(၁၀) ထမင်းတစ်လုပ်၊ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်
ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့၏အပေါ်၌လည်း
ကောင်း

ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့်
ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း
အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော
ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ
အန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်
ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို
ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား
အရှင်ဘုရား။

အလုံးစုံသောလောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း
တောင့်တတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍၊ နှလုံးစိတ်ဝမ်း
အေးချမ်းရပါစေသားအရှင်ဘုရား ။

မျှဝေ ပူဇော်ပါသည်
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
ပဋ္ဌာန်း ပူဇော်ကြသူများ
https://pahtanpuzawkyathumya.blogspot.com

#ခင်ပွန်းကြီး(၁၀)ပါး
#ကန်တော့နည်း

ဟာ! _ ဟင်! 😲ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သည်။ရထားပေါ်မှာပါလာတဲ့ ခရီးသည်တစ်ဦးရဲ့ လက်ထဲမှာ ဟောင်းနွမ်းနေ...
03/01/2024

ဟာ! _ ဟင်! 😲

ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင်
ဖြစ်သည်။

ရထားပေါ်မှာပါလာတဲ့ ခရီးသည်တစ်ဦးရဲ့ လက်ထဲမှာ ဟောင်းနွမ်းနေတဲ့ ၂၀၀တန်အစုတ် လေး တစ်ရွက်။

သူက လာသမျှ စျေးသည်တွေကို အဲဒီပိုက်ဆံ လေးနဲ့ လိုက်ဝယ်နေတယ်။

ဒါပေမယ့်...
စျေးသည် တော်တော်များများက
"ဒီပိုက်ဆံလေး ပြန်လဲပေးပါဦး"ဆိုပြီး လဲခိုင်း တယ်။

ဒီတော့ သူစဉ်းစားနေတယ်
"အင်း" ဒီအတိုင်းဝယ်နေလို့ကတော့ အဆင်ပြေမှာ မဟုတ်ဘူး ။ ငါ နောက်ဘူတာကို ရောက်ရင် ရထားထွက်ခါနီးမှဘဲ ဝယ်မယ်။ ဒီလိုဆိုရင်သူတို့ ပြန်လဲခိုင်းလို့ရမှာမဟုတ်တော့ ဘူး" သူ့အကြံနဲ့သူကတော့ ဟုတ်လို့ပေါ့။

နောက်လာမဲ့ဘူတာမှာလည်း စျေးသည် တစ်ယောက်

သူကတော့ ရောင်းလို့မကုန်တဲ့ထမင်းသိုး တွေကို ရထားထွက်ခါနီးမှ အပြေးအလွှား လိုက်ရောင်းတာ။

ဘူတာကိုလဲရောက် ရထားပြန်ထွက်ခါနီး ဥသြလဲစွဲရော

ရထားဘီးတွေကလဲ တစ်လိမ့်ချင်း လိမ့်စပြုလို့ ဒီတော့မှ စျေးသယ်က

"ထမင်းတွေရမယ် ထမင်းတွေရမယ် ပူပူနွေးနွေးလေးနော် !
တစ်ထုပ်မှ ၂၀၀ ဘဲ၊ယူကြဦးမလား ? "

နှစ်ရာတန်အစုတ် ကိုင်ထားတဲ့ ခရီးသည်ကလဲ "လာဦးဗျို့ ... တစ်ထုပ်လောက်ပေးပါ"
"ဟုတ်ကဲ့...ရော့ရော့... ပိုက်ဆံချပေးလိုက်လေ"

"အေး အေး"
ခရီးသည်ကလဲ ပိုက်ဆံအစုတ်လေး ထွက်သွားပြီး ထမင်းထုပ်လေး ရလာတော့ သူ့ကိုသူ ဟုတ်လှပြီပေါ့။

စျေးသည်ကလဲ ထမင်းသိုးတစ်ထုပ်က ပိုက်ဆံနှစ်ရာ ရှာပေးတယ်ဆိုတော့ ဝမ်းသာ လို့လေ...

ရထားပေါ်ကပစ်ချလိုက်လို့ လေထဲဝဲနေတဲ့ ပိုက်ဆံလေးကို အမိအရ ဖမ်းပြီးတော့မှ ...

"ဟင်" !

ခရီးသည်ကလဲ စျေးသည်ကို လှမ်းကြည့် သနားပါတယ်ဆိုတဲ့ သဘောပေါ့ !

ပြီးတော့မှ ထမင်းစားမယ်ဆိုပြီး အိတ်ဖွင့် လိုက်တော့မှ...

"ဟာ" !!

မိတ်ဆွေတို့ရေ
ဒီ( ဟာ နဲ့ ဟင် ) ကိုအနှစ်ချုပ်ရင်
အစုတ်ပေးရင်_အပုပ်ရတယ်။
အပုပ်ပေးရင်_အစုတ်ရတယ် ဆိုတဲ့သဘောပါ။

စိတ်ထားလေးတွေ မကောင်းသရွေ့ အကျိုးပေးလဲ ညံ့တတ်တယ်ဆိုတာ သတိရစေချင်လို့ပါ။

လူအချင်းချင်းလှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ။

Credit by Uplaoder

ညအိပ်မပျော်လျှင်..ဒီ(၅)နည်းကိုလုပ်ကြည့်ပါဖတ်ချိန်၃၀စက္ကန့်+++++++++++၁. ဖီးကြမ်းငှက်ပျောသီး မှည့်စားပါ ။အိပ်စက်ခြင်းတွက်...
08/12/2023

ညအိပ်မပျော်လျှင်..
ဒီ(၅)နည်းကိုလုပ်ကြည့်ပါ
ဖတ်ချိန်၃၀စက္ကန့်
+++++++++++

၁. ဖီးကြမ်းငှက်ပျောသီး မှည့်စားပါ ။
အိပ်စက်ခြင်းတွက် အထူးကောင်းမွန်းပြီး အားရှိသည်။
ဂယ်ရလွယ်ကူ
၂. နွားနို့သောက်ခြင်းက အရိုးအဆစ်သန်မာသည့်အပြင် အိပ်စက်ခြင်းကို မြန်ဆန်စေပါသည် ။

၃. ကြက်သွန်ဖြူခေါင်းအုံးအောက်၃တက်ထားအိပ်ပါ ။ဦးနှောက်မှ အဆိ-ပ်အတောက်များကို ဖယ်ရှားပေးပြီး အိပ်စက်မှုကို မြန်ဆန်စေသည် ။

၄. ကြက်သွန်နီထက်ခြက်ခွဲပြီး ညအိပ်ခါနီး ခြေဖဝါး အလည်တည့်တည့်ကပ်အိပ်ပါ ။ တစ်ကိုယ်လုံးမှ အဆိ-ပ်အတောက်များကို စုပ်ယူပါလိမ့်မယ်။လူကြီးတွေပြောခဲ့တဲ့စကားတွေကအမှန်ပေ

အအေးမိနာစေးသူ ကလေး လူကြီးမရွေး လုပ်ပေးပါက သက်သာပျောက်ကင်းစေပါမည် ။

၅. ရေနွေးထဲကို ပူတီနာ(ပူစီနံ) အရွက် ၅ရွက် ၆ရွက်ကိုထည့်ပြီး ခပ်နွေးနွေးလေးအနေအထားရောက်ရင်သောက်ပြီး အိပ်ယာထဲဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။

++++++++++++

မျက်စိကျန်းမာရေးအတွက် မရှိမဖြစ် အသီးအရွက်များ1. မုန်လာဥနီ- မုန်လာဥနီတွင် ဗီတာမင် A အဖြစ်သို့ ပြောင်းလဲပေးသော beta-carote...
10/11/2023

မျက်စိကျန်းမာရေးအတွက် မရှိမဖြစ် အသီးအရွက်များ

1. မုန်လာဥနီ- မုန်လာဥနီတွင် ဗီတာမင် A အဖြစ်သို့ ပြောင်းလဲပေးသော beta-carotene ကြွယ်ဝစွာ ပါဝင်ပါသည်။ ဗီတာမင်အေသည် အမြင်အာရုံကောင်းမွန်ရန်အတွက် မရှိမဖြစ်လိုအပ်ပြီး အသက်အရွယ်နှင့်ဆိုင်သော macular degeneration (AMD)၊ အတွင်းတိမ်နှင့် ညဘက်မျက်စိကွယ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။

2. ဟင်းနုနွယ်ရွက် - ဟင်းနုနွယ်ရွက်တွင် lutein နှင့် zeaxanthin အပါအဝင် antioxidants များပါ၀င်ပြီး AMD နှင့် အတွင်းတိမ်ကဲ့သို့သော နာတာရှည်မျက်စိရောဂါများဖြစ်နိုင်ချေကို လျှော့ချပေးနိုင်သည်။

3. ကိုက်လန် - ဟင်းနုနွယ်ရွက်ကဲ့သို့ပင် ကိုက်လန်တွင် lutein နှင့် zeaxanthin ကြွယ်ဝသောကြောင့် မျက်စိကျန်းမာရေးအတွက် အထူးကောင်းမွန်ပါသည်။ ကိုက်လန်ကို ပုံမှန်စားသုံးပေးခြင်းဖြင့် မျက်လုံးကို ဓာတ်တိုးစေသော စိတ်ဖိစီးမှုနှင့် အန္တရာယ်ရှိသော အပြာရောင်အလင်းတန်းများမှ ကာကွယ်ပေးနိုင်သည်။

4. Broccoli: Broccoli သည် ဗီတာမင် C၊ beta-carotene နှင့် lutein တို့၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်သည်။ မျက်စိအတွင်းတိမ်ဖြစ်နိုင်ချေကို လျှော့ချပေးပြီး အလုံးစုံမျက်စိကျန်းမာရေးကို အထောက်အကူပြုပါတယ်။

5. ငရုတ်ကောင်း အထူးသဖြင့် အနီရောင် ငရုတ်သီးတွေမှာ ဗီတာမင် C နဲ့ beta-carotene ပမာဏ မြင့်မားစွာ ပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးကို ထိန်းသိမ်းရာမှာ အရေးပါပါတယ်။ ၎င်းတို့သည် အတွင်းတိမ်ဖြစ်နိုင်ချေကို လျှော့ချရာတွင် ကူညီပေးနိုင်ပြီး အမြင်အာရုံကောင်းမွန်စေပါသည်။

6. ကန်စွန်းဥ ကန်စွန်းဥမှာ ဘီတာကာရိုတင်းနဲ့ ဗီတာမင် E ကြွယ်ဝတာကြောင့် မျက်စိကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ကန်စွန်းဥကို ပုံမှန်စားသုံးပေးခြင်းဖြင့် အသက်အရွယ်ကြောင့် အမြင်အာရုံဆုံးရှုံးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

7. Brussels ပင်ပေါက်များ - Brussels ပင်ပေါက်များသည် ဗီတာမင် C နှင့် ဗီတာမင် K ၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး ၎င်းသည် ကျန်းမာသောမျက်လုံးများကို ထိန်းသိမ်းရန်အတွက် အရေးကြီးပါသည်။ ဖရီးရယ်ဒီကယ်တွေကြောင့် မျက်စိပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ antioxidants တွေ ပါဝင်ပါတယ်။

#လွတ်လပ်စွာ Share နိုင်ပါသည်

အနှစ် (၃၀) ဂရန်၊ အနှစ်(၆၀) ဂရန်များ ပျောက်ဆုံးသွားပါက #ဂရန်ပျောက်ကိုပြန်လည်လျှောက်ထားနိုင်သောနည်းလမ်းများ ______________...
01/11/2023

အနှစ် (၃၀) ဂရန်၊ အနှစ်(၆၀) ဂရန်များ ပျောက်ဆုံးသွားပါက
#ဂရန်ပျောက်ကိုပြန်လည်လျှောက်ထားနိုင်သောနည်းလမ်းများ
_____________________

အိုးအိမ်ဂရန်လား၊ စည်ပင်ဂရန်လား ခွဲခြားသိပါ

- မိမိပျောက်ဆုံးတဲ့ မြေငှါးဂရန်မိတ္တူကို အိုးအိမ်ဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်လား၊ ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့ ဂရန်လား အသေအချာကြည့်ရပါမယ်။ ရန်ကုန်မြို့ပြမြေစီမံခန့်ခွဲမှုဌာနက ထုတ်ပေးထားတဲ့ ဂရန်မှာတော့ (၂) မျိုး ခွဲခြားပြီး သိရပါမယ်။

(က) ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းမှာ နေထိုင်သူများရဲ့ မြေဂရန်တွေကို ယခင်က ရန်ကုန်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးခဲ့ပါတယ်။ ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းလက်ခံဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် အိမ်ဂရန် ပျောက်တာ ဆိုလျှင်တော့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက် လျှောက်ထားရပါမယ်။ ဂရန်ပျောက် စတင်လျှောက်ထားတဲ့ နေရာကတော့ ရန်ကုန်မြို့တော်ခန်းမ (၄၆-လမ်း) မှာ လျှောက်ရမှာဖြစ်ပါတယ်။ ရုံးဖွင့်တဲ့ သတ်မှတ်နေ့ရက်မှာ လျှောက်လို့ ရပါတယ်။

(ခ) ဒုတိယအချက်ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ စက်မှုဇုန်မြေကွက် ဂရန်တွေကိုတော့ နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြေငှါးစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးရင် ဂရန်မိတ္တူထုတ်ပေးရန်လျှောက်ထားရာမှာ ယူဆောင်သွားရမယ့် လိုအပ်ချက်များကတော့
အနှစ် (၃၀) / အနှစ် (၆၀) / မြေငှါးစာချုပ် / အိမ်ဂရန်လျှောက်ရင် လိုအပ်ချက်များ
(၁) နိုင်ငံသားကတ်ပြားမိတ္တူ / အမျိုးသားမှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) အမည်ပေါက်ကိုယ်တိုင်လျှောက်ထားခြင်း
(၃) မြေငှါး (ဂရန်) စာချုပ်အမှန်တကယ် ပျောက်ဆုံး / ပျက်စီးကြောင်း တရားရုံးကျမ်းကျိန်လွှာ (မူရင်း) နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ (မူရင်း)
(၄) မှတ်ပုံတင် စာချုပ်စာတမ်းများ
(၅) တရားစွဲလို့ အနိုင်ရခဲ့တဲ့ ဂရန်ဖြစ်ရင် တရားရုံး အမိန့်ဒီဂရီတို့အပြင် အိမ်မြေ မြေငှါး ဂရန်ပျက်စီးသွားကြောင်း မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မှန်ကန်ကြောင်း ထောက်ခံချက် ထုတ်ပေးပါတယ်။
(၆) အဲ့ဒီမှန်ကန်ကြောင်း ထောက်ခံချက်ကို မိမိနေထိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှာ သွားရောက်ပြီး မှန်ကန်ကြောင်း ထပ်ဆင့် ထောက်ခံချက် လက်မှတ်ရေးထိုးပေးရန် လျှောက်ထားရပါမယ်။
(၇) ပျောက်ဆုံးခြင်းဖြစ်ပါက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးထောက်ခံချက် ပါရှိရပါတယ်။ အဲဒီထောက်ခံချက်များ ရပြီးရင် ရန်ကုန်မြို့တော်စည်ပင်မှာ ဆက်လျှောက်ရပါမယ်။

ရှင်းလင်းချက်

(အမည်ပေါက်သေဆုံးရင် ကျန်ရစ်သူ ဇနီး/ ခင်ပွန်း (သို့မဟုတ်) ဇနီး / ခင်ပွန်း သေဆုံးရင် သား(သို့) သမီး များက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် လိုအပ်ပါတယ်။ မြို့တော်စည်ပင်မြေယာဌာနမှာ အမှဆေကျခံပျိုငျဆိုငျကွောငျး မြေပုံ/ မြေရာဇဝင် ကူးရပါမယ်။ အဲဒီလို မြေပုံကူးတဲ့အခါ ။ မြေအမည်ပေါက်သူရဲ့ ဇနီး (သို့) ခင်ပွန်းတို့အား အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးက တရားသူကြီးရှေ့မှာ ကျမ်းကျိန်လုပ်ရပါတယ်။ ထို့အတူ ခြေရင်းခေါင်းရင်း (သို့) တစ်လမ်းတည်းနေ သူတို့ကလည်း မြေအမည်ပေါက်သူနှင့် ဇနီး / ခင်ပွန်းတော်စပ်ကြောင်း သေဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံးမှာ ကျမ်းကျိန်ပြုလုပ်ပေးရပါမယ်။ မြေအမည်ပေါက်သူ မိဘနှစ်ပါးလုံးမရှိလျှင် ကျန်ရစ်သော သားသမီးများက အထက်ပါတိုင်း ကျမ်းကျိန်ရပါမယ်။

ကျမ်းကျိန်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာ ဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်နှင့် မွတ်စလင်ဘာသာဝင်များအတွက်တော့ ကျမ်းကျိန်လို့မရပဲ ကတိသစ္စာပြုလွှာ လို့ရေးပါမယ်။ ဒါ့အပြင် မြေအမည်ပေါက်ကွယ်လွန်သူဟာ သူသေရင် ဘယ်သူ့ကို ပေးပါဆိုတဲ့ သေးတမ်းစာရေးသားခဲ့ခြင်း မရှိဘူးဆိုတာ ထည့်သွင်း ကတိသစ္စာပြုရပါမယ်။ ယခုရှင်းပြနေတာတွေကတော့ အမည်ပေါက် ကိုယ်တိုင်သေဆုံးခဲ့ရင် ကျန်ရစ်သူများက လျှောက်ထားပုံကို ရှင်းပြတာ ဖြစ်ပါတယ်။

စီစစ်ထုတ်ပေးခြင်း တရားဝင်သေတမ်းစာရေးခဲ့ရင် သေတမ်းစာမှာပါအရ အမွေဆက်ခံသူက အထက်ပါအတိုင်း ကတိပြုရမယ်။ မြေငှါးဂရန်စာချုပ် မိတ္တူကို မူလအမည်ပေါက်ဖြင့်ပင် ထုတ်ပေးပါတယ်။ မြေငှါး ဂရန်မိတ္တူထုတ်ပေးရာမှာ မြေယာဌာနက အောက်ပါအတိုင်းဆောင်ရွက်ပေးပါတယ်။

ဆောင်ရွက်ပုံအဆင့်ဆင့်

သတ်မှတ်ထားသော ပုံစံကို အိမ်ဂရန်ပျောက်လျင် ရန်ကုန်မြို့တော်ခန်းမ မြေယာဌာန သွားရမယ်။
စက်မှုဂရန်ပျောက်ဆုံးပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန (မြေနှင့်အခွန်) ဌာနတို့မှာ ပုံစံဝယ်ယူပြီး ယင်းပုံစံမှာ ဖြည့်သွင်းရပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ သက်ဆိုင်ရာစာချုပ်စာတမ်း အထောက်အထားများကို တင်ပြရမယ်။ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းများ ပြည့်စုံမှုရှိ မရှိ သက်ဆိုင်ရာမြေငှါးဂရန် မိတ္တူ လျှောက်တဲ့ မြို့နယ်က ဌာနစုမှူးက မှန်ကန်မှုရှိ မရှိ မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။ မှန်ကန်မှုရှိရင် မူရင်းများကို ပြန်ပေးပြီး အမှုတွဲကို လက်မှတ်ထိုးပြီး လက်ခံပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှာ ကြော်ငြာကပ်ရမယ် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာစာရွက် (၄)ရွက်ကိုပါ တစ်ပါတည်းထည့်ပေးလိုက်ပါတယ် ။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပြီး စည်းတံဆိပ်နှိပ်ပေးပါလိမ့်မယ်။

စာရွက် (၄) ရွက်ကတော့ မိမိလက်ခံက တစ်စောင် ၊ ရပ်ကွက်ရုံးတစ်စောင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကြော်ငြာကပ်ဖို့ (တစ်စောင်) ရန်ကုန်မြို့တော်စည်ပင်မြေယာဌာနကို ပြန်ပို့ပေးရမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က စည်းတံဆိပ်နဲ့ လက်မှတ်ပါတဲ့ ကန်ကွက်နိုင်ကြောင်း တစ်စောင် ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီး ကြော်ငြကို (၇) ရက်ပြည့်ရင် မြို့တော်ခန်းမ မြေယာဌာနကို ပြန်ပို့ရပါတယ်။

ကြေးမုံ/ မြန်မာ့အလင်း သတင်းစားများတွင် (၇)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာပေးခြင်း ကို ပြုလုပ်ရပါတယ်။ မြေယာဌာနက မြေတိုင်းဆင်းပြီး ကွင်းဆင်းကြည့်ရှုမယ်။ မြေပြင်တွေ့ရှိချက်နဲ့ လျှောက်ထားမှုက မှန်ကန်မှုရှိ မရှိ အဆင့်ဆင့်တင်ပြပါတယ်။ နေ့စဉ်ထုတ်မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာလည်း မြေငှါးဂရန် မိတ္တူလျှောက်ထားမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်သူ ရှိမရှိ ကြော်ငြာပေးရပါတယ်။ ကန့်ကွက်သူရှိမရှိ စောင့်ကြည့်ရပါတယ်။ တရားရုံးတွင် အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတစ်ရာမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းရပါတယ်။

ကန့်ကွက်သူမရှိရင် မြေငှါးဂရန် မိတ္တူထုတ်ပေးဖို့ အဆင့်ဆင့်ဆောင်ရွက်ပေးပါတယ်။ ကန့်ကွက်သူရှိရင်လည်း ဘာကြောင့်ကန့်ကွက်ရကြောင်း အထောက်အထားခိုင်လုံစွာနဲ့ မြို့တော်ခန်းမမှာ လာရောက် လျှောက်ထားရပါတယ်။ လိုအပ်ရင် မြေယာ ဌာနမှူးက နှစ်ဘက်ခေါ်ယူတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်သာယာ မြေနည်းဥပဒေ အပိုဒ် (၂၅) အရ ကန့်ကွက်ရန်ကြော်ငြာ တစ်လထုတ်ရခြင်း ဖြစ်ပါတယ်။

တိုက်ဆိုင်စစ်ဆေးပြီး ဂရန်ထုတ်ပေးခြင်း

(က) တစ်လထုတ်ပြန်ပြီးပါက မြေစာရင်းနှင့် လျှောက်ထားသူရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ တိုက်ဆိုင်စစ်ဆေးခြင်း တရားရုံးက အနိုင်ရသူဖြစ်ပါက တရားရုံး အမိန့်ဒီဂရီ များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း

(ခ) ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းကန့်သတ်သည့် ဥပဒေနင့် ငြိစွန်းမှု ရှိ/ မရှိ စစ်ဆေးခြင်း။

(ဂ) ပြည့်စုံမှန်ကန်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ဂရန်ထုတ်ပေးရေး ဘုတ်အဖွဲ့သို့ တင်ပြရပါတယ်။ ပြည့်စုံမှန်ကန်ကြောင်း ဘုတ်အဖွဲ့က ခွင့်ပြုချက်ရရှိရင် မြေငှါးဂရန် စာချုပ်မိတ္တူ ထုတ်ပေးနိုင်ရန် ဌာနတွင် သတ်မှတ်သည့် မြေငှါးခငွေ ပေးသွင်းပြီးရင် မြေငှါးဂရန် မိတ္တူ ထုတ်ယူလို့ရပါပြီ။

ဒါကြောင့် မြေငှါးဂရန် ပျောက်ရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနနှင့် ရနျုကုနျ/ နေပြည်တော် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှာ မြေငှါးဂရန်မိတ္တူကို ကိုယ်တိုင်သွားရောက်လျှောက်လို့ရပါပြီ။

Credit to လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

အနှစ် (၃၀) ဂရန်၊ အနှစ်(၆၀) ဂရန်များ ပျောက်ဆုံးသွားပါက
#ဂရန်ပျောက်​ကိုပြန်လည်လျှောက်ထားနိုင်သောနည်းလမ်းများ
_____________________

အိုးအိမ်ဂရန်လား၊ စည်ပင်ဂရန်လား ခွဲခြားသိပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
- မိမိပျောက်ဆုံးတဲ့ မြေငှါးဂရန်မိတ္တူကို အိုးအိမ်ဦးစီးဌာနက ထုတ်ပေးထားတဲ့ မြေဂရန်လား၊ ဒါမှမဟုတ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပေးထားတဲ့ ဂရန်လား အသေအချာကြည့်ရပါမယ်။ ရန်ကုန်မြို့ပြမြေစီမံခန့်ခွဲမှုဌာနက ထုတ်ပေးထားတဲ့ ဂရန်မှာတော့ (၂) မျိုး ခွဲခြားပြီး သိရပါမယ်။

(က) ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းမှာ နေထိုင်သူများရဲ့ မြေဂရန်တွေကို ယခင်က ရန်ကုန်မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးခဲ့ပါတယ်။ ယခုအခါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းလက်ခံဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် အိမ်ဂရန် ပျောက်တာ ဆိုလျှင်တော့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက် လျှောက်ထားရပါမယ်။ ဂရန်ပျောက် စတင်လျှောက်ထားတဲ့ နေရာကတော့ ရန်ကုန်မြို့တော်ခန်းမ (၄၆-လမ်း) မှာ လျှောက်ရမှာဖြစ်ပါတယ်။ ရုံးဖွင့်တဲ့ သတ်မှတ်နေ့ရက်မှာ လျှောက်လို့ ရပါတယ်။

(ခ) ဒုတိယအချက်ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ စက်မှုဇုန်မြေကွက် ဂရန်တွေကိုတော့ နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြေငှါးစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးရင် ဂရန်မိတ္တူထုတ်ပေးရန်လျှောက်ထားရာမှာ ယူဆောင်သွားရမယ့် လိုအပ်ချက်များကတော့
အနှစ် (၃၀) / အနှစ် (၆၀) / မြေငှါးစာချုပ် / အိမ်ဂရန်လျှောက်ရင် လိုအပ်ချက်များ
(၁) နိုင်ငံသားကတ်ပြားမိတ္တူ / အမျိုးသားမှတ်ပုံတင်မိတ္တူ (မူရင်းပြရမည်)
(၂) အမည်ပေါက်ကိုယ်တိုင်လျှောက်ထားခြင်း
(၃) မြေငှါး (ဂရန်) စာချုပ်အမှန်တကယ် ပျောက်ဆုံး / ပျက်စီးကြောင်း တရားရုံးကျမ်းကျိန်လွှာ (မူရင်း) နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ (မူရင်း)
(၄) မှတ်ပုံတင် စာချုပ်စာတမ်းများ
(၅) တရားစွဲလို့ အနိုင်ရခဲ့တဲ့ ဂရန်ဖြစ်ရင် တရားရုံး အမိန့်ဒီဂရီတို့အပြင် အိမ်မြေ မြေငှါး ဂရန်ပျက်စီးသွားကြောင်း မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မှန်ကန်ကြောင်း ထောက်ခံချက် ထုတ်ပေးပါတယ်။
(၆) အဲ့ဒီမှန်ကန်ကြောင်း ထောက်ခံချက်ကို မိမိနေထိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှာ သွားရောက်ပြီး မှန်ကန်ကြောင်း ထပ်ဆင့် ထောက်ခံချက် လက်မှတ်ရေးထိုးပေးရန် လျှောက်ထားရပါမယ်။
(၇) ပျောက်ဆုံးခြင်းဖြစ်ပါက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးထောက်ခံချက် ပါရှိရပါတယ်။ အဲဒီထောက်ခံချက်များ ရပြီးရင် ရန်ကုန်မြို့တော်စည်ပင်မှာ ဆက်လျှောက်ရပါမယ်။

ရှင်းလင်းချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(အမည်ပေါက်သေဆုံးရင် ကျန်ရစ်သူ ဇနီး/ ခင်ပွန်း (သို့မဟုတ်) ဇနီး / ခင်ပွန်း သေဆုံးရင် သား(သို့) သမီး များက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် လိုအပ်ပါတယ်။ မြို့တော်စည်ပင်မြေယာဌာနမှာ အမွေဆက်ခံပ်ိုင်ဆိုင်ကြောင်း မြေပုံ/ မြေရာဇဝင် ကူးရပါမယ်။ အဲဒီလို မြေပုံကူးတဲ့အခါ ။ မြေအမည်ပေါက်သူရဲ့ ဇနီး (သို့) ခင်ပွန်းတို့အား အမွေဆက်ခံပိုင်ဆိုင်ကြောင်း တရားရုံးက တရားသူကြီးရှေ့မှာ ကျမ်းကျိန်လုပ်ရပါတယ်။ ထို့အတူ ခြေရင်းခေါင်းရင်း (သို့) တစ်လမ်းတည်းနေ သူတို့ကလည်း မြေအမည်ပေါက်သူနှင့် ဇနီး / ခင်ပွန်းတော်စပ်ကြောင်း သေဆုံးသည်မှာ မှန်ကန်ကြောင်း တရားရုံးမှာ ကျမ်းကျိန်ပြုလုပ်ပေးရပါမယ်။ မြေအမည်ပေါက်သူ မိဘနှစ်ပါးလုံးမရှိလျှင် ကျန်ရစ်သော သားသမီးများက အထက်ပါတိုင်း ကျမ်းကျိန်ရပါမယ်။

ကျမ်းကျိန်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာ ဖြစ်တယ်။ ခရစ်ယာန်ဘာသာဝင်နှင့် မွတ်စလင်ဘာသာဝင်များအတွက်တော့ ကျမ်းကျိန်လို့မရပဲ ကတိသစ္စာပြုလွှာ လို့ရေးပါမယ်။ ဒါ့အပြင် မြေအမည်ပေါက်ကွယ်လွန်သူဟာ သူသေရင် ဘယ်သူ့ကို ပေးပါဆိုတဲ့ သေးတမ်းစာရေးသားခဲ့ခြင်း မရှိဘူးဆိုတာ ထည့်သွင်း ကတိသစ္စာပြုရပါမယ်။ ယခုရှင်းပြနေတာတွေကတော့ အမည်ပေါက် ကိုယ်တိုင်သေဆုံးခဲ့ရင် ကျန်ရစ်သူများက လျှောက်ထားပုံကို ရှင်းပြတာ ဖြစ်ပါတယ်။

စီစစ်ထုတ်ပေးခြင်း တရားဝင်သေတမ်းစာရေးခဲ့ရင် သေတမ်းစာမှာပါအရ အမွေဆက်ခံသူက အထက်ပါအတိုင်း ကတိပြုရမယ်။ မြေငှါးဂရန်စာချုပ် မိတ္တူကို မူလအမည်ပေါက်ဖြင့်ပင် ထုတ်ပေးပါတယ်။ မြေငှါး ဂရန်မိတ္တူထုတ်ပေးရာမှာ မြေယာဌာနက အောက်ပါအတိုင်းဆောင်ရွက်ပေးပါတယ်။

ဆောင်ရွက်ပုံအဆင့်ဆင့်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သတ်မှတ်ထားသော ပုံစံကို အိမ်ဂရန်ပျောက်လျင် ရန်ကုန်မြို့တော်ခန်းမ မြေယာဌာန သွားရမယ်။
စက်မှုဂရန်ပျောက်ဆုံးပါက မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန (မြေနှင့်အခွန်) ဌာနတို့မှာ ပုံစံဝယ်ယူပြီး ယင်းပုံစံမှာ ဖြည့်သွင်းရပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ သက်ဆိုင်ရာစာချုပ်စာတမ်း အထောက်အထားများကို တင်ပြရမယ်။ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းများ ပြည့်စုံမှုရှိ မရှိ သက်ဆိုင်ရာမြေငှါးဂရန် မိတ္တူ လျှောက်တဲ့ မြို့နယ်က ဌာနစုမှူးက မှန်ကန်မှုရှိ မရှိ မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။ မှန်ကန်မှုရှိရင် မူရင်းများကို ပြန်ပေးပြီး အမှုတွဲကို လက်မှတ်ထိုးပြီး လက်ခံပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှာ ကြော်ငြာကပ်ရမယ် ကန့်ကွက်ရန် ရှိ မရှိ ကြော်ငြာစာရွက် (၄)ရွက်ကိုပါ တစ်ပါတည်းထည့်ပေးလိုက်ပါတယ် ။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့က လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပြီး စည်းတံဆိပ်နှိပ်ပေးပါလိမ့်မယ်။

စာရွက် (၄) ရွက်ကတော့ မိမိလက်ခံက တစ်စောင် ၊ ရပ်ကွက်ရုံးတစ်စောင် နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကြော်ငြာကပ်ဖို့ (တစ်စောင်) ရန်ကုန်မြို့တော်စည်ပင်မြေယာဌာနကို ပြန်ပို့ပေးရမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က စည်းတံဆိပ်နဲ့ လက်မှတ်ပါတဲ့ ကန်ကွက်နိုင်ကြောင်း တစ်စောင် ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီး ကြော်ငြကို (၇) ရက်ပြည့်ရင် မြို့တော်ခန်းမ မြေယာဌာနကို ပြန်ပို့ရပါတယ်။

ကြေးမုံ/ မြန်မာ့အလင်း သတင်းစားများတွင် (၇)ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာပေးခြင်း ကို ပြုလုပ်ရပါတယ်။ မြေယာဌာနက မြေတိုင်းဆင်းပြီး ကွင်းဆင်းကြည့်ရှုမယ်။ မြေပြင်တွေ့ရှိချက်နဲ့ လျှောက်ထားမှုက မှန်ကန်မှုရှိ မရှိ အဆင့်ဆင့်တင်ပြပါတယ်။ နေ့စဉ်ထုတ်မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာလည်း မြေငှါးဂရန် မိတ္တူလျှောက်ထားမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်သူ ရှိမရှိ ကြော်ငြာပေးရပါတယ်။ ကန့်ကွက်သူရှိမရှိ စောင့်ကြည့်ရပါတယ်။ တရားရုံးတွင် အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာတစ်စုံတစ်ရာမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းရပါတယ်။

ကန့်ကွက်သူမရှိရင် မြေငှါးဂရန် မိတ္တူထုတ်ပေးဖို့ အဆင့်ဆင့်ဆောင်ရွက်ပေးပါတယ်။ ကန့်ကွက်သူရှိရင်လည်း ဘာကြောင့်ကန့်ကွက်ရကြောင်း အထောက်အထားခိုင်လုံစွာနဲ့ မြို့တော်ခန်းမမှာ လာရောက် လျှောက်ထားရပါတယ်။ လိုအပ်ရင် မြေယာ ဌာနမှူးက နှစ်ဘက်ခေါ်ယူတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ ဒါကြောင့် ရန်ကုန်စည်ပင်သာယာ မြေနည်းဥပဒေ အပိုဒ် (၂၅) အရ ကန့်ကွက်ရန်ကြော်ငြာ တစ်လထုတ်ရခြင်း ဖြစ်ပါတယ်။

တိုက်ဆိုင်စစ်ဆေးပြီး ဂရန်ထုတ်ပေးခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(က) တစ်လထုတ်ပြန်ပြီးပါက မြေစာရင်းနှင့် လျှောက်ထားသူရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ တိုက်ဆိုင်စစ်ဆေးခြင်း တရားရုံးက အနိုင်ရသူဖြစ်ပါက တရားရုံး အမိန့်ဒီဂရီ များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း

(ခ) ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းကန့်သတ်သည့် ဥပဒေနင့် ငြိစွန်းမှု ရှိ/ မရှိ စစ်ဆေးခြင်း။

(ဂ) ပြည့်စုံမှန်ကန်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ဂရန်ထုတ်ပေးရေး ဘုတ်အဖွဲ့သို့ တင်ပြရပါတယ်။ ပြည့်စုံမှန်ကန်ကြောင်း ဘုတ်အဖွဲ့က ခွင့်ပြုချက်ရရှိရင် မြေငှါးဂရန် စာချုပ်မိတ္တူ ထုတ်ပေးနိုင်ရန် ဌာနတွင် သတ်မှတ်သည့် မြေငှါးခငွေ ပေးသွင်းပြီးရင် မြေငှါးဂရန် မိတ္တူ ထုတ်ယူလို့ရပါပြီ။

ဒါကြောင့် မြေငှါးဂရန် ပျောက်ရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှု ဌာနနှင့် ရန်ုကုန်/ နေပြည်တော် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှာ မြေငှါးဂရန်မိတ္တူကို ကိုယ်တိုင်သွားရောက်လျှောက်လို့ရပါပြီ။

Credit​ to လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

ဒိဝါ တပတိ ဂါထာ   (သီတင်းကျွတ်လပြည့်)အတွက်ရည်စူးသီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့မှာဘုရားဟောခဲ့တဲ့ ဂါထာဖြစ်ပါတယ်။တစ်ခုသော သီ...
25/10/2023

ဒိဝါ တပတိ ဂါထာ (သီတင်းကျွတ်လပြည့်)အတွက်ရည်စူး

သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့မှာ
ဘုရားဟောခဲ့တဲ့ ဂါထာဖြစ်ပါတယ်။

တစ်ခုသော သီတင်းကျွတ်လပြည့်နေ့ရဲ့
ညနေ နေဝင်ဆည်းဆာ အနေအထားမှာ

နေမင်းကြီးကလည်း အဝင်၊
လမင်းကြီးကလည်း အတက်၊
ဒီလိုအနေအထားလေးမှာ
ပသေနဒီကောသလမင်းကြီးကလည်း
မင်းမြှောက်တန်ဆာများ ဝတ်ဆင်လျှက်
ဘုရားဖူးဖို့ ရောက်လာပါတယ်။

အရှင်ကာဠုဒါယီဆိုတဲ့
ရဟန္တာအရှင်မြတ်ကြီးကလည်း
ပရိသတ်ရဲ့အစွန်ဖျားမှာ စျာန်သမာပတ်ဝင်စားပြီး
ထိုင်နေတော်မူတယ်တဲ့။

ဒီအနေအထားကိုကြည့်ပြီး
အရှင်အာနန္ဒာက စဉ်းစားတယ်။

သြော် နေမင်းဟာ နေ့အခါမှာပဲ တင့်တယ်တောက်ပတယ်။

လမင်းဟာ ညအခါမှာပဲ တင့်တယ်တယ်။

ရှင်ဘုရင်ကလည်း မင်းမြှောက်တန်ဆာတွေ
ဆင်မြန်းထားမှ တင့်တယ်တယ်။

ရဟန္တာအရှင်မြတ်ကလည်း စျာန်ဝင်စားနေမှ
တင့်တယ်တယ် လို့ တွေးမိပါတယ်။

အဲဒီအတွေးကိုပဲ
မြတ်စွာဘုရားကို လျှောက်တဲ့အခါမှာ

မြတ်စွာဘုရားက...
အရှင်အာနန္ဒာရဲ့စကားကို ထောက်ခံတဲ့အနေနဲ့
ဒိဝါ တပတိဂါထာကို မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။

မြတ်စွာဘုရားက .... မှန်တာပေါ့ အာနန္ဒာ ..

နေမင်းဟာ နေ့အခါပဲ တင့်တယ်တယ်။ ထွန်းလင်းတောက်ပနိုင်တယ်။
ညရောက်ရင် သွားလမ်းတောင်
မထင်ရှားတော့ဘူး။

လမင်းဟာလည်း
ဆီးနှင်း မြူ တိမ် သူရိန် အခိုး ဆိုတဲ့
အတားအဆီးမရှိတဲ့ ညမှာပဲ
တင့်တယ်တောက်ပနိုင်တယ်။

ပြည့်ရှင်မင်းဟာလည်း
မင်းမြှောက်တန်ဆာတွေ ဝတ်ဆင်ထားပြီး
စစ်တပ်ကြီးက ခြံရံထားမှ တင့်တယ်တယ်။
မထင်မရှားနေရင် မတင့်တယ်ဘူး။

ရဟန္တာကလည်း
ဆိတ်ငြိမ်ရာအရပ်မှာ စျာန်သမာပတ်
ဝင်စားနေမှ တင့်တယ်တယ်။

ဘုရားရှင်ကတော့ တန်ခိုးငါးမျိုးနဲ့ နေ့နေညည
အခါခပ်သိမ်း တင့်တယ်တော်မူတယ်။
ထင်ရှားတော်မူတယ်လို့ မိန့်တော်မူပါတယ်။

ဒီနေရာမှာ ဘုရားရှင်က ဘာကြောင့် နေ့နေ့ညည အခါခပ်သိမ်း တင့်တယ်ရသလဲဆိုတော့ တန်ခိုးငါးမျိုးကြောင့်ပါတဲ့။

ဒါဟာ ဘုရားရှင်က Guideline ပေးတာ
ကျင့်ရမယ့်လမ်းစဉ်ကို ချပြတာ ဖြစ်ပါတယ်။

သူတော်ကောင်းတို့လည်း
နေ့နေ့ညည တင့်တယ်ချင်တယ်ဆိုရင်
ဒီတန်ခိုး ငါးမျိုးနဲ့ပြည့်စုံအောင် နေကြလို့
ပြောတာပဲ ဖြစ်ပါတယ်။

တန်ခိုးငါးမျိုးက ဘာတွေလဲဆိုတော့

၁။ သီလတေဇ -သီလတန်ခိုး
၂။ ဂုဏတေဇ -ဂုဏ်သိက္ခာတန်ခိုး
၃။ ပုညတေဇ -ကုသိုလ်ကောင်းမှုတန်ခိုး
၄။ ပညာတေဇ -ပညာတန်ခိုး
၅။ ဓမ္မတေဇ -တရားရဲ့တန်ခိုး။

ဒီတန်ခိုး ငါးမျိုးကြောင့်ပဲ
ဘုရားရှင်ဟာ နေ့နေ့ညည
တင့်တယ်တော်မူပါတယ်။

မိမိတို့လည်း နေ့နေ့ညည တင့်တယ်ချင်တယ်
ထင်ရှားကျော်ကြားချင်တယ်ဆိုရင်
ဒီကျင့်စဉ်ငါးမျိုးကို လိုက်နာကျင့်သုံးရမှာပဲ
ဖြစ်ပါတယ်။

သီလလုံအောင်နေရမယ်။
ဂုဏ်သိက္ခာရှိအောင်နေရမယ်။
ကုသိုလ်ကောင်းမှုနဲ့ပြည့်စုံအောင်နေရမယ်။
ပညာနဲ့ပြည့်စုံအောင်နေရမယ်။
ဓမ္မနဲ့ပြည့်စုံအောင်နေရမယ်
နေ့နေ့ညည တင့်တယ်သူတွေ
ထင်ပေါ်ကျော်ကြားသူတွေ
ဖြစ်နိုင်ကြမှာ ဖြစ်ပါတယ်။

# photo & Credit

" #ဘုန်း_ကံမမှိန်စေနဲ့"    လူမှာ... ဘုန်းရှိန်၊ ကံရှိန် ဆိုတာ  ရှိပါတယ်။    သူတစ်ပါးကို  သွားပုပ်လေလွင့်  ပြောတတ်တဲ့သူဟာ...
02/10/2023

" #ဘုန်း_ကံမမှိန်စေနဲ့"

လူမှာ...
ဘုန်းရှိန်၊ ကံရှိန် ဆိုတာ
ရှိပါတယ်။

သူတစ်ပါးကို
သွားပုပ်လေလွင့်
ပြောတတ်တဲ့သူဟာ
ကိုယ့်မှာ ကိုယ်ရောင်
ကိုယ်ဝါတွေ မှေးမှိန်
သွားပါတယ်။

သူတစ်ပါးကို...
ဂုဏ်သတင်း မှေးမှိန်အောင်
သိက္ခာ ကျ သွားအောင်
လုပ်ချင်တဲ့ စေတနာဇော
တွေကြောင့် ကိုယ့်မှာလည်း
ဘုန်းရှိန်၊ ကံရှိန်တွေ
သေးသိမ် မှေးမှိန် သွားစေ
ပါတယ်။

သူများမကောင်းကြောင်း
ပြောလွန်းသူဟာ ကိုယ့်အရှိန်
ဝါတွေ ဆုတ်ယုတ် နေပါ
တယ်။ သူများမကောင်း
ကြောင်း ပြောတတ်သူ
တွေရဲ့ မျက်နှာ၊ ကိုယ်
အမူအရာတွေကို သတိ
ထားပြီး ကြည့်ကြည့်ရင်
သိသာပါတယ်။

"ချမ်းသာ သုခ
မှန်သမျှ လိုချင်ရင် သူများ
အတင်း မပြောနဲ့ တဲ့"
ဘုရားရှင်က
ဒီလို ဆုံးမထားပါတယ်။

သူများအတင်း၊
သူများအကြောင်းထက်
အကုသိုလ် ကင်းလား၊
မကင်းဘူးလား ဆိုတာ
ကိုယ့်ကိုယ်ကိုကြည့်ပြီး
ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး
စီစစ် ဝေဖန်နေတာ
အကောင်းဆုံးပါ။

"သူတစ္ပါးတို့ရဲ့...
မလျော်သော အပြစ်၊
အနာအဆာတို့ကို လိုက်
ကြည့် မနေပါနဲ့"

"သူက ကောင်းတာတွေ
လုပ်နေတာလား?
မကောင်းတာတွေ
လုပ်နေတာလား ဆိုတာ
ကိုယ်နဲ့လည်း မသက်ဆိုင်
တာမို့ လိုက်လံကြည့်ရှု
မနေပါနဲ့"

ကိုယ်ကိုယ်တိုင်က
ကောင်းတာ လုပ်၊မလုပ်ကိုပဲ
အမြဲမပြတ် ကိုယ့်ကိုယ်ကို
သာသုံးသပ်ပါကိုယ့်စိတ်ကို
သာ အမြဲ စစ်ဆေးနေပါ။

ပြီးရင်
အတင်းပြော ဝါသနာပါ
သူကိုလည်း ရှောင်ပါ။
အတင်းအဖျင်း ပြောတတ်တဲ့
အသိုင်းအဝန်းမှလည်း
တတ်နိုင်သမျှ ဝေးဝေးမှာ
ရှောင်နေပါ။

အတင်းအဖျင်း
ပြောနေတဲ့အချိန်မှာ
ဒီ အဆင့်အတန်းနိမ့်တဲ့
စိတ်ကို ပြန်ပြီး စီစစ်ကြည့်၊
သုံးသပ်ကြည့်ပါ...
အေးချမ်း၊ ကြည်လင်
နေသလားလို့။

ကိုယ်က...
အတင်းပြောတဲ့ အချိန်မှာ
တစ်ဖက်လူက...ဂုဏ်တော်
ပွားနေချိန်၊ မေတ္တာ ပွားနေ
ချိန်၊ တရား နာချိန်၊ ပရိတ်
ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်နေ
ချိန်၊ ကောင်းမှု ကုသိုလ်
လုပ်နေတဲ့အချိန်တို့နဲ့များ
ကြုံကြိုက်ခဲ့တယ် ဆိုရင် ...
ကိုယ့်မှာ ပိုပြီး အပြစ်ဖြစ်မှာ
ကြောက်စရာ ကောင်းပါ
တယ်။

#ပါချုပ်ဆရာတော်ကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏
တရားတော်မှ ကောက်နှုတ်ချက်
🙏🙏

 #ဒေါသအပြစ်ခုနစ်မျိုး________________ဒေါသဖြစ်လာရင် ...၁။ ရုပ်ပျက် ဆင်းပျက် ဖြစ်သွားတယ်။ မျက်မှောင်ကြီးက ကုပ်နေမယ်၊ နဖူးက...
23/09/2023

#ဒေါသအပြစ်ခုနစ်မျိုး
________________

ဒေါသဖြစ်လာရင် ...

၁။ ရုပ်ပျက် ဆင်းပျက် ဖြစ်သွားတယ်။ မျက်မှောင်ကြီးက ကုပ်နေမယ်၊ နဖူးကြောတွေက တင်းနေမယ်၊ မြင်ရတာ မင်္ဂလာ မရှိတော့ဘူး။

၂။ စိတ်ကလည်း မကြည်တော့ဘူး။ ဒီတော့ ဘယ်တော့မှ အိပ်ကောင်းခြင်း မအိပ်ရဘူး။ စိတ်က မကြည်မှတော့ အမြဲတမ်း မကျေမနပ်ဖြစ်နေတော့တာပဲ။

၃။ အကျိုးမဲ့ကို အကျိုးရှိတယ်လို့ ထင်တယ်။ တချို့က ပြောသေးတယ်။ "ငါက စိတ်ကြီးတယ်၊ မဟုတ်ရင် မခံဘူး" ဆိုပြီး ဂုဏ်ယူတတ်တယ်။ အဲဒါ မဟုတ်တာကို အဟုတ်လုပ်နေတာပါ။

၄။ စီးပွားပျက်တတ်တယ်။ ဒေါသကြီးတော့ အပြော ကြမ်းတယ်။ အပြောကြမ်းတော့ ဘယ်သူနဲ့မှ အဆင်မပြေတော့။ ဒါကြောင့် စီးပွားလုပ်ရင်လည်း အဆင်မပြေဘူး။

၅။ ဂုဏ်သိက္ခာ ကျဆင်းတယ်။ ဒေါသထွက်ရင် လူကြားသူကြားထဲမှာ ဆဲလိုက်ဆိုလိုက် လုပ်တယ်။ ဒီတော့ " ဘယ်လိုကြီးလဲ၊ အာကြမ်း လျှာကြမ်းကြီးပါလား" ဆိုပြီး စက်ဆုပ်သွားကြတယ်။ ဒီတော့ ဂုဏ်သိက္ခာ ကျပြီပေါ့။

၆။ မိတ်ပျက်တတ်တယ်။ ဒေါသကြီးသူနဲ့ အတူနေရင် ဘယ်သူမှ စိတ်မချမ်းသာဘူး။ ဒီတော့ ဒေါသကြီးသူကို ခပ်ခွာခွာ နေကြတယ်။ ဒီလိုနှင့် မိတ်ဆွေတွေ တဖြေးဖြေးနဲ့ ဝေးသွားတယ်။

၇။ ဘဝကောင်း ရဖို့ မလွယ်တော့ဘူး။ " ဒေါသနှင့် သေ ငရဲပြည်" ဆိုတဲ့အတိုင်း ငရဲကျတတ်တယ်တဲ့။

ဒါတွေဟာ ဒေါသရဲ့ အပြစ်တွေပါပဲ။ ဒါကြောင့် ဒေါသကို လျှော့ချနိုင်သမျှ လျှော့ချရမယ်။ ဒေါသ လျှော့ချနိုင်လေ အပြစ်ကင်းလေ၊ အပြစ်ကင်းလေ စိတ်ချမ်းသာလေပါပဲ။

မေတ္တာပို့ပါ
------------

မေတ္တာဆိုတာ သူတပါး အကျိုးစီးပွားကို လိုလားတဲ့ စိတ်ပါပဲ။ ကူညီမယ် စောင့်ရှောက်မယ်ဆိုတဲ့ စိတ်။ အဲဒီစိတ်ကောင်းလေးတွေ ကိုယ့်သန္တာန် ဖြစ်စေဖို့အတွက် ပွားများရတဲ့ ဘာဝနာကို " မေတ္တာဘာဝနာ" လို့ ခေါ်တယ်။

သတ္တဝါတွေကို အာရုံပြုပြီး "လုံးစုံများစွာ, သတ္တဝါ, ချမ်းသာ ကိုယ်စိတ် မြဲပါစေ" လို့ မေတ္တာပို့ပါ။ ဒါ မေတ္တာဘာဝနာ ( သို့မဟုတ်) မေတ္တာကမ္မဋ္ဌာန်းပါပဲ။

တစ်ကြိမ် မေတ္တာပို့ရင် တစ်ကြိမ် ဒေါသ မဖြစ်တော့ဘူး။ နှစ်ကြိမ် မေတ္တာပို့ရင် နှစ်ကြိမ် ဒေါသ မဖြစ်တော့ဘူး။ အကြိမ်ကြိမ် မေတ္တာပို့ရင် အကြိမ်ကြိမ် ဒေါသ မဖြစ်တော့ဘူး။

မေတ္တာဟာ ရေနှင့်တူတယ်။ ဒေါသက မီးနှင့်တူတယ်။ ရေများရေနိုင် မီးများ မီးနိုင်ဆိုသလို မေတ္တာပွားလေ ဒေါသနည်းလေပါပဲ။ တကယ်တော့ မေတ္တာပို့တယ်ဆိုတာ ဒေါသ မဖြစ်အောင် လေ့ကျင့်ခန်း လုပ်နေတာပဲ။ မေတ္တာပို့နေရင် ကိုယ်လည်း ငြိမ်းချမ်းတယ်၊ သူလည်း ငြိမ်းချမ်းတယ်။ ဒါကြောင့် ဒေါသကို ထိန်းနိုင်ဖို့အတွက် မကြာမကြာ မေတ္တာပို့ရမယ်။

ဒါဆိုရင် ဒေါသကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သွားတယ်။ ဒေါသကို ထိန်းချုပ်နိုင်ရင် ပြဿနာလည်း ကင်းသွားတယ်။ ပြဿနာကင်းတဲ့ဘဝကိုပဲ " ငြိမ်းချမ်းတဲ့ဘဝ" လို့ ဆိုပါတယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Credit Original Uploader

အစားအသောက်ရွေးစားတဲ့အခါ  calorie ကိုတွက်ချက်စားပါ။ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။စမူဆာ ...
21/07/2023

အစားအသောက်ရွေးစားတဲ့အခါ calorie ကို
တွက်ချက်စားပါ။
ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပ္တတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------
ကစီဓာတ်( carbohydrate)
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

အသားဓာတ် (protein)
ကြက်ပေါင် - ၁၃၅ ကယျလျုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

အဆီဓာတ် (fat )
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

သစ်သီး
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခွောကျလကျမလောကျပဲရျှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယျလိုရီလောကျပဲရျှပွီး ကိုးလကျမကြောျအရှယျစားရျှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

ဟင်းသီးဟင်းရွက်
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

ဖျော်ရည်နဲ့ ယမကာ
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
ကော်ဖီ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)

Credit> Original Writer

Address

Amarapura Township
Mandalay

Alerts

Be the first to know and let us send you an email when MCC Amarapura posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MCC Amarapura:

Share