15/11/2022
Computer ဝယ်တော့မယ်ဆို...ဘာတွေသိထားဖို့လိုပါသလဲ.. ❓
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
(1️⃣️️️) Speed & Performance
ဒါကတော့ အရေးကြီးဆုံး အပိုင်းပါ။ သင် အသုံးပြုလိုတဲ့ Software တွေ၊ Game တွေ ကို မထစ်မငေါ့ အသုံးပြုနိုင်မယ့် Performance မျိုးကိုပဲ သင်လိုချင်မှာပါ။
- ဒါအတွက်တော့ အသုံးပြုထားတဲ့ Processor, Processor Generation, RAM ပမာဏ (DDR3 လား DDR4 လား) ဒါတွေကို သေချာကြည့်ရပါမယ်။
- သင့် အသုံးပြုလိုတဲ့ Software တွေက Graphic အသုံးပြုစရာလိုတဲ့ Software တွေလား ဆိုတာလည်း စဉ်းစားသင့်ပါတယ်။
ဥပမာ - သင် အသုံးပြုလိုတဲ့ Software တွေက AutoCAD, Photoshop နဲ့ Engineering Software တွေ၊ Graphic Design Software တွေ၊ Video Editing Software တွေ အသုံးပြုတော့မှာ ဆိုရင်တော့ Graphic Card အနည်းဆုံး 2GB ပါဝင်တာကို သင်ရွေးချယ်မှ အဆင်ပြေပါလိမ့်မယ်။
- သာမန် Internet သုံး၊ Standard Software တွေ ဖြစ်တဲ့ Word, Excel, Adobe Reader, Movie ကြည့်ရုံလောက်ပဲ ဆိုရင်တော့ Celeron, Pentium လောက်ဆိုရင် အဆင်ပြေပါတယ်။
- Programming သမားတွေ၊ Graphic Designer တွေ ၊ Engineering Software တွေ အသုံးပြုလိုတယ်ဆိုရင်တော့ Core i3, Core i5 Processor အနည်းဆုံး နဲ့ Graphic Card အနည်းဆုံး 2GB ပါတဲ့ ကွန်ပျူတာမျိုးကို ရွေးချယ်သင့်ပါတယ်။
- အခုနောက်ပိုင်းဆို Gaming Series Notebook တွေကို Game ကစားဖို့ အတွက် တခုတည်းအသုံးမပြုကြတော့ပဲ Performance မြင့် ကွန်ပျူတာ တလုံးလို့ အသုံးများလာတာလည်း တွေရပါတယ်။
- Screen Size ကြီးကြီး Performance က ကောင်းကောင်း ဒါအပြင် Gaming ကွန်ပျူတာ တော်တော်များများက Resolution ပိုင်းမှာ ပိုမိုကောင်းမွန်အောင် ဖန်တီးထားတာ ဖြစ်လို့ Graphic Designer, Video Editing လုပ်တဲ့သူတွေနဲ့ Engineering Software အသုံးပြုသူ တော်တော်များ ရွေးချယ်ကြပါတယ်။
🔹 Processor Speed, Processor's Generation
🔹 RAM
🔹 HDD or SSD
🔹 GPU (Graphic Processing Unit)
🔹 Screen Size
🔹 Resolution
- တော်တော်များများက ဒီအချက်လေးတွေကို ကြည့်ကြပါတယ်။ တစ်ချို့တွေကတော့ ကွန်ပျူတာတစ်လုံး ရဲ့ Audio System ကိုပါ ကြည့်ကြပါတယ်။ အသံထွက် အရည်အသွေးက Video Editing သမားတွေနဲ့ Gamer တွေ အတွက် အရေးအကြီး ဖြစ်ပါတယ်။
(2️⃣) Design & Color
နောက်ပြီးတော့ Design ကလည်း အရေးပါပါတယ်။ သင့် ဝယ်မယ် ကွန်ပျူတာက Plastic သုံးထားတာလား၊ Aluminum သုံးထားတာလား။ Weight လေးလား ပေါ့လား ကိုကြည့်ကြပါတယ်။ (သယ်ဆောင်သွားလို့ အဆင်ပြေလား မပြေလား)။
- ဒါတွေအပြင် အရောင် (တစ်ချို့ က Greyကြိုက်ပင်မယ် အချို့က Gold ကြိုက်တာမျိုး) ဒါကတော့ ကိုယ်အကြိုက်နဲ့ ကိုယ်ပါ။ သင့် ဝယ်လိုက်တဲ့ ကွန်ပျူတာကို သင့်မျက်လုံးထဲမှာ သင်သဘောကျ နှစ်သက်ဖို့ပဲ လိုပါတယ်... XD
(3️⃣) Price
ဒါကတော့ မကြည့်တဲ့သူမရှိတဲ့ အရာပါ.. XD။ အသုံးပြုထားတဲ့ Design Material, Hardware တွေ အပေါ်မူတည်ပြီးတော့ ဈေးက အမျိုးမျိုး ရှိပါတယ်။
- Notebook မှာ သာမန် Consumer Notebook အမျိုးအစားနဲ့ Commercial Notebook အမျိုးအစားဆိုပြီး ကွဲပါသေးတယ်။ သာမန် Consumer Notebook ထပ် Commercial Notebook က Performance ပိုကောင်းပါတယ်။ Performance ပိုကောင်းသလို ဈေးလည်း ပိုကြီးတက်ပါတယ်။
- အဲ့တော့ သင်အသုံးပြုလိုတဲ့ Budget နဲ့ သင်လိုချင်တဲ့ Performance နဲ့ Notebook ကို ချိန်ကြည့်ပြီးမှ ဝယ်ယူသင့်ပါတယ်။ (ဈေးသက်သာတယ်ဆိုပြီး ဝယ်လိုက်ပြီးတော့မှ အသုံးပြုလိုတဲ့ Software တွေ အသုံးပြုလို့ မရလို့ ပြန်ရောင်းတာမျိုးတွေလည်း တွေခဲ့ဘူးလို့ အသုံးပြုလို့ ရမရ သေချာစစ်ဆေးကြည့်ပြီးမှ ရွေးချယ် ဝယ်ယူသင့်ပါတယ်)