𝑪𝒓𝒐𝒔𝒔 𝑵𝒆𝒕

𝑪𝒓𝒐𝒔𝒔 𝑵𝒆𝒕 Cross Net Company was Found on 19.Jan.2019 with group of people who have so much experience in Telecom Industry, Data-Center Solution & ISP.
(1)

Before start founding, we are giving IT solution & training as Name by “Silent Dimension”(Since 2017).

04/08/2026

Gns3Mobile. ကို Final Paid Version Play Store ပေါ်မတင်ခင် စမ်းသုံးချင်တဲ့ သူတွေအတွက် Apk Demo version ပေးဖို့ရှိပါတယ် စမ်းသပ်ပေးမယ့်သူတွေအနေနဲ့

ယခု​ ဒီ Post ကို Like and share (public နဲ့ Hashtag) လုပ်ပေးပါ
ရှဲထားတာကို Screenshot ရိုက်ပြီး Command မှာ ပုံနဲ့ လို့ မန့်ပေးပါ

ခုကတော့ ကိုယ့်. Innerworks Lab ညီတွေ နဲ့ အချောသပ်နေတုန်းမို့

August 11 ကျရင် စစ်ဆေးပြီး Message ကနေ လင့်ပို့ပေးထားပါ့မယ် ခင်ဗျာ့ အသုံးပြုပုံ နဲ့ UI interface အကြောင်းရှင်းပြထားတဲ့ video ကို လဲ command. မှာ ပေးထားပါတယ် ဗျာ

ကျေးဇူးပါ ခင်ဗျာ့

31/07/2026

GNS3 ကို ဖုန်းပေါ်မှာ RUN မယ်?? ဖြစ်နိုင်ပါ့မလား??
မယုံရင် ပုံပြင်မှတ် 😎 စတာပါ တစ်ကယ်ပါပြီ !! အောက်က Video မှာ လက်တွေ့ရှင်းပြထားပါတယ် ဗျာ

Network Engineer ဝန်ထမ်းဘဝတုန်း ကတည်းက GNS3 ကို Mobile Device တွေပေါ်မှာ Run ချင်ခဲ့တာ.. ခုတော့ ကိုယ်ဖာသာပဲ ရေးပြီး အကောင်အထည်ဖော်ဖြစ်ခဲ့ပြီ

ခုလက်ရှိ GNS3 ကို Mobile version အနေနဲ့ ရအောင် ရေးထားတဲ့ APP မှာ Network Engineer တွေ Labs လုပ်ဖို့လိုတာတွေ ကို ထည့်ပြီး စမ်းသပ်ပြထားပါတယ်

နောက်ပြီး ထည့်ပေးစေချင်တဲ့ အသုံးဝင်တဲ့ Feature တွေရှိရင်လဲ မန့်ခဲပေးပါဦးဗျာ့ .. တစ်ခုတော့ ရှိိတယ် ကျွန်တော်က Table user မို့ mobile versionနဲ့ဆို ပိုအလုပ်တွင်တာလဲ ပါတယ် ဖုန်းနဲ့ဆိုရင်တော့ Screen က Original ရှိသလောက်ပဲ ရမှာပါ။



14/07/2026

Seminar in Mandalay 👉👉👉 SME လုပ်ငန်းအများစုမှာ ပြဿနာက Marketing မလုပ်ချင်တာ မဟုတ်ပါဘူး။
📌 နေ့တိုင်း Content တင်ချင်တယ်၊
🛍️ Product ကို Customer နားလည်အောင် ပြောချင်တယ်၊
📣 Promotion တွေကို ပိုဆွဲဆောင်မှုရှိအောင် ကြော်ငြာချင်တယ်။

ဒါပေမယ့် တကယ်လုပ်တော့…
✍️ ဘာရေးရမလဲ မသိ၊
🎨 ဘယ်ပုံသုံးရမလဲ မသိ၊
🎬 Video ဘယ်လိုစမလဲ မသိ၊
📢 Ads ကို ဘယ် Message နဲ့ Run ရမလဲ မသိတာကြောင့် Marketing က ရပ်ရပ်သွားတတ်ပါတယ်။

တစ်နေ့တစ်ပုဒ် Content ထုတ်ဖို့တောင် ခက်နေတဲ့အချိန်မှာ
🗓️ Campaign တစ်ခုကို Plan ချဖို့၊
🖼️ Photo / Visual ဖန်တီးဖို့၊
🎥 Short Video Idea ထုတ်ဖို့၊
📝 Ads Copy ရေးဖို့၊
📊 Ads Result ကို Analysis လုပ်ဖို့ဆိုတာ SME လုပ်ငန်းရှင်တွေအတွက် ပိုပြီးခက်ခဲလာပါတယ်။

ဒီလိုအခြေအနေမှာ Digital Marketing Team တစ်ဖွဲ့လုံး ငှားနိုင်ရင်ကောင်းပေမယ့်
SME လုပ်ငန်းအများစုအတွက်တော့—
✍️ Content Writer
🎨 Designer
🎬 Video Editor
📢 Ads Runner
📊 Analyst
စတဲ့ Team အပြည့်အစုံ ငှားနိုင်ဖို့ မလွယ်သေးပါဘူး။

ဒါပေမယ့် AI ကို မှန်မှန်ကန်ကန် အသုံးချတတ်ရင်
ဒီပြဿနာတွေကို—
💡 Content Idea
✍️ Caption
🖼️ Photo Prompt
🎬 Video Script
📣 Ads Angle
📊 Ads Analysis
အဖြစ် စနစ်တကျ ပြောင်းလဲထုတ်နိုင်ပါတယ်။

AI က Digital Marketing Team တစ်ဖွဲ့လုံးကို အစားထိုးဖို့ မဟုတ်ပါဘူး။
ဒါပေမယ့် Team မပြည့်စုံသေးတဲ့ SME လုပ်ငန်းတွေ၊ Marketing ကို ကိုယ်တိုင်တာဝန်ယူနေရတဲ့ Business Owner တွေ၊ Content ထွက်နှုန်းမတည်ငြိမ်သေးတဲ့ Page တွေအတွက် AI က Marketing Workflow ကို စတင်စနစ်တကျ လည်ပတ်နိုင်အောင် ကူညီပေးနိုင်တဲ့ အရေးကြီးတဲ့ Assistant တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်—
🏢 SME လုပ်ငန်းရှင်များ
🛒 Online Shop Owner များ
🏬 Retail / Wholesale လုပ်ငန်းရှင်များ
📱 Marketing ကို ကိုယ်တိုင်တာဝန်ယူနေရသူများ
အတွက်

𝙎𝙢𝙖𝙧𝙩 𝙎𝙈𝙀 𝘽𝙡𝙪𝙚𝙥𝙧𝙞𝙣𝙩: 10𝙭 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙈𝙖𝙧𝙠𝙚𝙩𝙞𝙣𝙜 𝙬𝙞𝙩𝙝 𝘼𝙄 𝙋𝙡𝙖𝙮𝘽𝙤𝙤𝙠𝙨 ဆိုတဲ့
1-Day Seminar ကို Genuine Fusion မှ စီစဉ်ထားပါတယ်။

ဒီ Seminar ဟာ AI Tools တွေကို Button ဘယ်နားနှိပ်ရမလဲဆိုတာ တစ်ခုချင်းစီပြောပြတဲ့ Tutorial ပုံစံမဟုတ်ပါဘူး။
SME လုပ်ငန်းတစ်ခုရဲ့ Marketing Workflow ထဲမှာ AI ကို ဘယ်လိုထည့်သုံးနိုင်မလဲ၊ Content ကနေ Ads Analysis အထိ ဘယ်လို PlayBook တစ်ခုလို စနစ်တကျ လည်ပတ်နိုင်မလဲဆိုတာကို လက်တွေ့မြင်သာအောင် ပြသသွားမယ့် Practical Seminar ဖြစ်ပါတယ်။

💡 **ဒီ Seminar မှာ ဘာတွေမြင်တွေ့နိုင်မလဲ?**

🧠 **AI နဲ့ Marketing Strategy စဉ်းစားပုံ**
ကိုယ့်လုပ်ငန်းရဲ့ Customer, Product, Competitor, Brand Voice ကို AI နဲ့ ဘယ်လိုခွဲခြမ်းစိတ်ဖြာနိုင်မလဲ၊ Content Direction ကို ဘယ်လိုတည်ဆောက်နိုင်မလဲဆိုတာကို Practical Flow အနေနဲ့ မြင်တွေ့နိုင်ပါမယ်။

✍️ **AI နဲ့ Content ထုတ်ပုံ**
Facebook Post, Product Content, Promotion Content, Storytelling Content, Sales Caption, Campaign Copy တွေကို AI နဲ့ ဘယ်လိုထုတ်နိုင်မလဲ၊ ကိုယ့် Brand Tone နဲ့ ကိုက်အောင် ဘယ်လိုပြန်ညှိနိုင်မလဲဆိုတာကို လက်တွေ့ပြသသွားပါမယ်။

📅 **Content Calendar & Campaign Plan တည်ဆောက်ပုံ**
နေ့တိုင်း “ဘာတင်ရမလဲ” စဉ်းစားနေရတဲ့အခြေအနေကနေ လွတ်မြောက်ပြီး Weekly / Monthly Content Plan ကို AI နဲ့ ဘယ်လိုစနစ်တကျ တည်ဆောက်နိုင်မလဲ မြင်တွေ့နိုင်ပါမယ်။

🎨 **AI နဲ့ Product Photo / Advertising Visual ဖန်တီးပုံ**
Product Photo, Promotion Poster, Social Media Visual, Background Concept, Campaign Image တွေကို AI နဲ့ ဘယ်လိုဖန်တီးနိုင်မလဲ၊ Designer ကို Brief ပေးတဲ့အခါ ဘယ်လိုပိုတိကျအောင်ပြောနိုင်မလဲဆိုတာ ပြသသွားပါမယ်။

🎬 **AI နဲ့ Video Content ဖန်တီးပုံ**
Reels / TikTok / Short Video အတွက် Script, Scene Idea, Voice-over, Storyboard, Video Prompt တွေကို AI နဲ့ ဘယ်လိုထုတ်နိုင်မလဲ၊ ကြော်ငြာ Video Concept တွေကို ဘယ်လိုမြန်မြန်ဖန်တီးနိုင်မလဲဆိုတာကို Demonstration ပုံစံနဲ့ မြင်တွေ့နိုင်ပါမယ်။

📣 **AI နဲ့ Ads Idea & Campaign Angle ထုတ်ပုံ**
Boost Post / Facebook Ads အတွက် Target Audience, Hook, Offer, Creative Angle, Primary Text, Headline, CTA တွေကို AI နဲ့ ဘယ်လိုစဉ်းစားနိုင်မလဲ၊ Promotion တစ်ခုကို Angle မတူတဲ့ Ads မျိုးစုံအဖြစ် ဘယ်လိုခွဲထုတ်နိုင်မလဲ ပြသသွားပါမယ်။

📊 **AI နဲ့ Ads Analysis လုပ်ပုံ**
Ads Result တွေကိုကြည့်ပြီး ဘာကြောင့်မရလဲ၊ ဘာပြင်သင့်လဲ၊ ဘယ် Creative ကောင်းလဲ၊ ဘယ် Audience ပိုသင့်တော်လဲဆိုတာကို AI အကူအညီနဲ့ ဘယ်လိုသုံးသပ်နိုင်မလဲ မြင်တွေ့နိုင်ပါမယ်။

🤖 **AI ကို Marketing Assistant တစ်ယောက်လို အသုံးချပုံ**
Content Writer, Designer Assistant, Video Script Writer, Campaign Planner, Ads Analyst တို့လို AI ကို Marketing Workflow ထဲမှာ ဘယ်လိုထည့်သွင်းအသုံးချနိုင်မလဲဆိုတာကို PlayBook ပုံစံနဲ့ မြင်သာအောင် ပြသသွားပါမယ်။

ဒီ Seminar ကို တက်ရောက်ပြီးတဲ့အခါ
Content တစ်ပုဒ်ရေးတတ်ရုံမဟုတ်ဘဲ—
💡 ကိုယ့်လုပ်ငန်းအတွက် Content Idea ထုတ်ပုံ
🎨 Visual Direction ပေးပုံ
🎬 Video Script စဉ်းစားပုံ
📣 Ads Angle ခွဲပုံ
📊 Ads Result သုံးသပ်ပုံ
တွေကို AI နဲ့ ပိုမြန်မြန်၊ ပိုစနစ်ကျကျ လည်ပတ်နိုင်တဲ့ Marketing PlayBook တစ်ခုအဖြစ် မြင်နိုင်လာမှာ ဖြစ်ပါတယ်။

🚀 **ဘယ်သူတွေ တက်သင့်လဲ?**
🏢 SME Business Owner များ
🛒 Online Shop Owner များ
🏬 Retail / Wholesale လုပ်ငန်းရှင်များ
📱 Marketing ကို ကိုယ်တိုင်တာဝန်ယူနေရသူများ
👥 Content Team ရှိပေမယ့် Result မမြင်သာသေးသူများ
📣 Ads Run နေပေမယ့် Analysis မလုပ်နိုင်သေးသူများ
🤖 AI ကို Marketing အတွက် လက်တွေ့အသုံးချချင်သူများ
AI ကို အသုံးချနိုင်တဲ့ လုပ်ငန်းတွေက—
⚡ Content ထုတ်တာ ပိုမြန်လာမယ်။
📣 Ads စမ်းသပ်တာ ပိုမြန်လာမယ်။
👥 Customer Insight သိတာ ပိုမြန်လာမယ်။
📊 Marketing Decision ချတာ ပိုတိကျလာမယ်။
အဲ့ဒီအချိန်မှာ သမရိုးကျနည်းလမ်းတွေနဲ့ပဲ Marketing လုပ်နေသေးတဲ့ လုပ်ငန်းတွေကတော့ အချိန်၊ ငွေကြေး၊ လူအင်အားတွေ ပိုကုန်ပြီး ပြိုင်ဘက်နောက်ကျသွားနိုင်ပါတယ်။

💯 **Seminar Fee – အခမဲ့ 100%**
ဒီ Seminar ကို SME လုပ်ငန်းရှင်များအတွက် အမှန်တကယ်အသုံးချနိုင်တဲ့ AI Marketing PlayBook များကို မြင်တွေ့နိုင်စေရန် Genuine Fusion မှ စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။

သို့သော် ဖြစ်သည့်အပြင် အမှန်တကယ်တက်ရောက်မည့် Business Owner များအတွက်သာ ထိုင်ခုံနေရာများကို သေချာစွာ စီစဉ်ပေးနိုင်ရန် ဖြင့် စာရင်းသွင်းမှုကို အတည်ပြုသွားမည်ဖြစ်ပါသည်။

💰 **Money Back System အကြောင်း** 💰

📝 **Step 1 – Register Form ဖြည့်သွင်းခြင်း**
ပထမဦးစွာ ယခု​ ဒီ Original Post ကို Like and share လုပ်ပြီး Registration Form ဖြည့်သွင်းပေးရပါမည်။

📞 **Step 2 – Team မှ ဆက်သွယ်အတည်ပြုခြင်း**
Team ဘက်မှ စစ်ဆေးပြီး တက်ရောက်ခွင့်ရရှိသူများကို Genuine Fusion Team မှ ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပြီး Seat Confirmation အတွက် **Money Back Fee 100,000 Ks** ကို လွှဲပေးရပါမည်။

🎯 **Step 3 – Seminar ပြီးဆုံးချိန်တွင် ပြန်လည်အမ်းပေးခြင်း**
Seminar နေ့တွင် အမှန်တကယ်လာရောက်တက်ရောက်ပြီး Seminar ပြီးဆုံးချိန်တွင် Money Back Fee ကို ပြန်လည်အမ်းပေးမည်ဖြစ်ပါသည်။

ဆိုလိုတာက တကယ်လာရောက်တက်ရောက်သူများအတွက် ဒီ Seminar ဟာ **အခမဲ့ 100%** ဖြစ်ပါတယ်။

Money Back System ကို ထည့်သွင်းထားရခြင်းရဲ့ ရည်ရွယ်ချက်က အခမဲ့ Seminar ဖြစ်သည့်အတွက် စာရင်းသွင်းပြီး မလာရောက်သူများကြောင့် ထိုင်ခုံနေရာများ အလဟဿဖြစ်ခြင်းကို လျှော့ချရန်နှင့် အမှန်တကယ်လေ့လာအသုံးချမည့် Business Owner များအတွက် Seat များကို ထိရောက်စွာ စီစဉ်ပေးနိုင်ရန် ဖြစ်ပါသည်။

ဒါကြောင့် လူကြီးမင်းရဲ့လုပ်ငန်း Marketing ကို AI နဲ့ ပိုမြန်၊ ပိုစနစ်ကျ၊ ပိုတိုင်းတာလို့ရတဲ့အဆင့်တစ်ခုဆီ ပြောင်းလဲချင်တယ်ဆိုရင်
**Smart SME Blueprint: 10x Digital Marketing with AI PlayBooks**
1-Day Seminar ( )ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

📅 ရက်စွဲ – ဇူလိုင်လ ၂၂ ရက်၊ 2026 ခုနှစ်
⏰ အချိန် – မနက် 9:00 မှ ညနေ 5:00 အထိ
📍 နေရာ – ၁၀၇ လမ်း ၆၀ x ၆၁ ကြား။ Amara Nadi Hotel, Mandalay.
📝 **Registration Link** – https://forms.gle/c17LGfhxeE6ViNaaA

Organized by
Genuine Fusion — Intelligence for Business Transformation

25/06/2026

Binance တို့ usdt တို့ ဘယ်ကနေ ဝယ်တာ အဆင်ပြေမလဲဗျာ့ paypal ဖြစ်ဖြစ်ပေါ့ ပစ္စည်း​ဝယ်တာ visa မရလို့ 😅

📡 မန္တလေးမှာ Network လောကထဲ စတင်ချင်သူတွေအတွက် Cisco Official Blueprint အတိုင်း သင်ကြားပြီး Real Device တွေနဲ့ Lab လုပ်ရ...
14/06/2026

📡 မန္တလေးမှာ Network လောကထဲ စတင်ချင်သူတွေအတွက် Cisco Official Blueprint အတိုင်း သင်ကြားပြီး Real Device တွေနဲ့ Lab လုပ်ရမယ့် CCNA In-Person အတန်း! July 26 မှာ ဖွင့်ပြီဗျာ! 🚀

CCNA Certificate တစ်စောင် လက်ထဲရှိရုံ သီအိုရီ ကို အပေါ်ယံလောက် သိရုံနဲ့ Network Engineer အစစ် တစ်ယောက် ဖြစ်မလာသေးပါဘူး။

ကျွန်တော်တို့ Cross Net က CCNA ဆိုတဲ့ 'စာမေးပွဲအောင်လက်မှတ်' ကို ရောင်းတာမဟုတ်ပါဘူး။ တကယ့် Real Device တွေ၊ Router တွေ၊ Switch တွေကို ကိုယ်တိုင် Configuration ချနိုင်အောင်။ လက်တွေ့လုပ်ငန်းခွင်မှာလိုပဲ Remote ကနေ လှမ်းပြီး Manage လုပ်တတ်အောင် လေ့ကျင့်ပေးမယ်။ ဒါမှသာ လုပ်ငန်းခွင်ဝင်တဲ့အခါ သင့်ဆီမှာ အလိုလိုရှိနေမယ့် "ယုံကြည်မှု၊ Professional ဆန်မှု နဲ့ Network Engineer ကောင်းတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ" ကို တည်ဆောက်ပေးတာပါ။ စာတွေ့သက်သက် အလွတ်ကျက်ထားသူနဲ့ တကယ့် Device တွေကို နေ့စဉ် ကိုင်တွယ်ဖြေရှင်းထားသူရဲ့ မျက်လုံးအကြည့်၊ အဆုံးအဖြတ်ပေးနိုင်စွမ်းတွေက ဘယ်တော့မှ မတူနိုင်ပါဘူး။

လုပ်ငန်းခွင်ထဲ ဝင်ရောက်တဲ့အခါ Router၊တွေ Switch တွေကို ယုံကြည်မှုရှိရှိ Configure လုပ်နိုင်ဖို့၊ Network Error တွေကို Troubleshoot လုပ်နိုင်ဖို့နဲ့ လက်တွေ့အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ Hands-on Practical Labs တွေ များများလုပ်ဖူးဖို့ လိုအပ်ပါတယ်။

ဒါကြောင့် Cross Net ရဲ့ မန္တလေး CCNA In-Person အတန်းသစ်မှာ—
📘 Cisco Official Blueprint အတိုင်း စနစ်တကျသင်ကြားပေးသွားမယ့်အပြင်
🖥️ Cisco Router၊ Switch နဲ့ Real Devices တွေကို ကိုယ်တိုင်ကိုင်တွယ်ပြီး Lab လုပ်ရမှာဖြစ်ပါတယ်။

ဒီအတန်းက ဘယ်သူတွေအတွက်လဲ? 🤔
✅ စာတွေ့တွေ နားလည်ထားပေမယ့် Real Device နဲ့တွေ့ရင် ယုံကြည်မှုပျောက်နေသူများ
✅ Certificate ရဖို့သက်သက်ထက် လုပ်ငန်းခွင်မှာ တကယ်ယုံကြည်မှုရှိရှိ လုပ်နိုင်ချင်သူတွေ
✅ Network Engineer တစ်ယောက်ဖြစ်လာဖို့ ရည်ရွယ်ထားသူများ
✅ CCNA ကို Self-Study လုပ်နေပြီး သင်ခန်းစာတွေ နားလည်ဖို့ခက်ခဲနေသူများ
✅ Theory သိပေမယ့် Router၊ Switch တွေကို လက်တွေ့မကိုင်ဖူးသေးသူများ
✅ Cisco Router နဲ့ Switch တွေကို ကိုယ်တိုင် Configure လုပ်ပြီး Lab လုပ်ချင်သူများ
✅ လုပ်ငန်းခွင်အတွက် Practical Skill နဲ့ Troubleshooting Skill တည်ဆောက်ချင်သူများ
✅ CCNA အပြင် Network Automation နဲ့ Network Security Skill တွေပါ လေ့လာချင်သူများ
အတွက် အထူးသင့်တော်တဲ့ အတန်းဖြစ်ပါတယ်ဗျာ။

ဒီအတန်းမှာ ဘာတွေထူးခြားမလဲ? 🔥
✅ Real Devices Access
Rack၊ Cisco Router နဲ့ Cisco Switch တွေကို ကိုယ်တိုင်ကိုင်တွယ်ပြီး Configuration နဲ့ Troubleshooting Lab တွေ လက်တွေ့စမ်းသပ်နိုင်မယ်။
✅ Practical-Based Learning
သင်ယူထားတဲ့ Theory တွေကို လက်တွေ့ပြန်လည်အသုံးချနိုင်ဖို့ Packet Tracer၊ GNS3 နဲ့ PNETLab/Eve-ng တွေကို အသုံးပြုပြီး Real-World Network Scenario တွေအတိုင်း လေ့ကျင့်ရမယ်။
✅ Cisco Official Blueprint
CCNA Exam အတွက် လိုအပ်တဲ့ Network Fundamentals၊ Network Access၊ IP Connectivity၊ IP Services၊ Security Fundamentals နဲ့ Automation အပိုင်းတွေကို Cisco Official Blueprint အတိုင်း စနစ်တကျသင်ကြားပေးသွားမယ်။
✅ 10+ Years Industry Experience
Huawei၊ MPT၊ Telenor/ATOM Data Center တွေမှာ Core Network Engineer အဖြစ် လုပ်ကိုင်ခဲ့ပြီး Network နယ်ပယ်အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိတဲ့ ဆရာ ကိုယ်တိုင်သင်ကြားပေးမှာပါ။
✅ Modern Network Engineering Skills
ခေတ်မီ Network Engineer တွေအတွက် လိုအပ်လာတဲ့ Network Automation ပိုင်းကို Python၊ Ansible တို့အသုံးပြုပြီး Router နဲ့ Switch တွေကို Automate လုပ်နည်းတွေ လေ့လာရမယ်။
✅ Network Security Labs
DAI – Dynamic ARP Inspection၊ DHCP Spoofing၊ ARP Spoofing စတဲ့ Network Security အပိုင်းတွေကို လေ့လာရမှာဖြစ်ပြီး Kali Linux ကို Attack Side အဖြစ်အသုံးပြုကာ Attack နဲ့ Defense အခြေအနေတွေကို Lab လုပ်ရမယ်။

🔥 Special Promotion – First Come, First Served 🔥
ဒီအတန်းအတွက် သင်တန်းကြေး အထူးခံစားခွင့်ကို လူဦးရေကန့်သတ်ပြီး စီစဉ်ပေးထားပါတယ်။
💰 Normal Fee – 350,000 MMK
🚀 Tier 1 Promotion
ပထမဆုံး အမြန်ဆုံးအပ်နှံသူ (၅) ဦးအတွက် သင်တန်းကြေး 290,000 MMK သာ ကျသင့်မှာဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး—
🎁 တန်ဖိုး 100,000 MMK ရှိတဲ့ Linux Server Administration (recorded Class) – LSA102 Course ကိုပါ FREE လက်ဆောင်ပေးမှာပါ။
CCNA သင်တန်းကြေး Discount ရရှိမယ့်အပြင် Linux Server Administration Course ကိုပါ Free ရရှိမယ့် Double Bonus Promotion ဖြစ်ပါတယ်ဗျာ။ 🔥

သင်တန်းအပ်ပြီးတာနဲ့ ရရှိမယ့် သင်ထောက်ကူများ 💯
🎥 CCNA Video Record Paid Group Access
CCNA သင်ခန်းစာတွေအပြင် Network Professional Level အကြောင်းအရာတချို့ပါ ထည့်သွင်းတင်ပေးထားတဲ့ သီးသန့် Video Record Group ဖြစ်ပါတယ်။
👉 Packet Tracer – Simulator Mode Training
👉 GNS3 / EVE-NG
👉 Cisco L2/L3 Images
👉 Huawei eNSP
👉 MikroTik QEMU
👉 GNS3 Appliance for Network Automation
👉 PNETLab Ready-Made Lab Packages
👉 Lab Topology များ
👉 Configuration နဲ့ Practice Resources များ
Lab လုပ်တဲ့အခါ Topology ပြန်ဆွဲရတာ၊ IP Address တွေ ပြန်သတ်မှတ်ရတာတွေကြောင့် Lab လုပ်ဖို့ ပျင်းသွားတာမျိုး မဖြစ်စေဖို့ အသင့်တည်ဆောက်ထားတဲ့ PNETLab Package တွေကိုလည်း ကိုယ်တိုင် Create လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

🗓️ အတန်းစတင်မည့်ရက် – July 26, 2026
📅 သင်တန်းရက် – စနေ၊ တနင်္ဂနွေ
⏰ သင်တန်းချိန် – 1:00 PM မှ 3:00 PM အထိ
📍 သင်တန်းနေရာ – 34B လမ်း၊ 81 လမ်းနှင့် 82 လမ်းကြား၊ မန္တလေးမြို့
📞 ဖုန်း – 09 442 329 009

Cross Net ရဲ့ သင်ကြားမှုပုံစံ၊ Network Training တွေနဲ့ သင်ခန်းစာများကို ပိုမိုလေ့လာချင်ရင်—
🕸️ Website – www.crossnetmm.com
📺 YouTube – Cross Net Learning Hub
Network လောကထဲကို စာတွေ့သက်သက်မဟုတ်ဘဲ Real Device၊ Real Lab၊ Real Skill တွေနဲ့ လက်တွေ့ကျကျ ခြေလှမ်းစချင်တယ်ဆိုရင် ဒီအတန်းက သင့်အတွက်ပါဗျာ။ 📡🚀
ပထမဆုံးအပ်နှံသူ (၅) ဦးသာ Promotion ရရှိမှာဖြစ်လို့ အခွင့်အရေးကို လက်မလွှတ်လိုက်ပါနဲ့။

📩 Data Center ထဲမှာ Console Cable ကိုင်ထားချိန်ပဲဖြစ်ဖြစ်၊ SSH နဲ့ Remote လှမ်းဝင်ပြီး Troubleshoot လုပ်ရချိန်ပဲဖြစ်ဖြစ်... သင့်ဆီက ယုံကြည်မှုတွေ အပြည့်အဝ ထွက်ပေါ်နေဖို့... သင်တန်းစုံစမ်းအပ်နှံရန် Page Messenger သို့ “CCNA” ဟု ပို့ပေးပါဗျာ။

ရောက်ရှိ မနက်ဖြန် ပွဲ အတွက် ပြင်ဆင်
28/04/2026

ရောက်ရှိ မနက်ဖြန် ပွဲ အတွက် ပြင်ဆင်

Address

34B, 81 X 82.
Mandalay
05011

Alerts

Be the first to know and let us send you an email when 𝑪𝒓𝒐𝒔𝒔 𝑵𝒆𝒕 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝑪𝒓𝒐𝒔𝒔 𝑵𝒆𝒕:

Shortcuts

Share