ICreate Computer Training Centre

ICreate Computer Training Centre ရုံးချိန်​၊​ကျောင်းချိန်​လွတ်​သင?

💻 Basic Computer Learner's Courseတက္ကသိုလ်​ဝင်​တန်း​ဖြေဆိုထားသည့်​​ကျောင်းသား​၊​ကျောင်းသူများအတွက်​ တန်းခွဲသစ်​ထပ်​မံ...
24/04/2018

💻 Basic Computer Learner's Course

တက္ကသိုလ်​ဝင်​တန်း​ဖြေဆိုထားသည့်​​ကျောင်းသား​၊​ကျောင်းသူများအတွက်​ တန်းခွဲသစ်​ထပ်​မံဖွင့်​လှစ်​မည်​ဖြစ်​သည်​။

📆 1.5.2018 တွင်​စတင်​ဖွင့်​လှစ်​မည်

📆Mon ~ Wed (4:00 p.m. - 5:30 p.m.)

✅April 30 အတွင်းအပ်​နှံသူများ 10% Discount ရရှိပါမည်

✅သင်​တန်း​ကြေးကို ၂ ခါခွဲ၍​ပေးသွင်းနိုင်​ပါသည်​။

အ​သေးစိတ်​သိရှိလိုပါက
============================
Page Message Box (သို့) 09402606848 သို့ ​ဆက်​သွယ်​​မေးမြန်းနိုင်​ပါသည်​။

မနက်ဖန်ကြွလာမယ့် စာသင်သား ဘုန်းကြီးအပါး ၁၁၀ အတွက် လှူဒါန်းရန် Master Thesis ကျောင်းသူ ချစ်တပည့်များနှင့် ပစ္စည်းတွေထုပ်နေ...
14/08/2017

မနက်ဖန်ကြွလာမယ့် စာသင်သား ဘုန်းကြီးအပါး ၁၁၀ အတွက် လှူဒါန်းရန် Master Thesis ကျောင်းသူ ချစ်တပည့်များနှင့် ပစ္စည်းတွေထုပ်နေပါပြီ
iCreate Computer Training Centre ရဲ့ ကျောင်းသူ ကျောင်းသားများအားလုံးရဲ့ စုပေါင်းအလှူပါ
အားလုံးသာဓုခေါ်နိုင်ကြပါစေ :)

💻 Basic Computer Learner's Course👍 ပထမဆုံးအကြိမ် ပညာဒါနသင်တန်းiCreate Computer Training Centre မှ တက္ကသိုလ်​ဝင်​တန်း​ဖြေ...
03/07/2017

💻 Basic Computer Learner's Course

👍 ပထမဆုံးအကြိမ် ပညာဒါနသင်တန်း

iCreate Computer Training Centre မှ
တက္ကသိုလ်​ဝင်​တန်း​ဖြေဆိုထားသည့်​​ကျောင်းသား​၊​ကျောင်းသူများအတွက် ကွန်ပျူတာအခြေခံသင်တန်းကို ပထမဆုံးအကြိမ် ပညာဒါနသင်တန်းအဖြစ် ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

📝 စာရွက်စာတမ်းကြေး ၂၀၀၀၀ ကျပ်သာပေးသွင်းရမည်ဖြစ်ပါသည်။

📆 date : Mon - Wed
⏰ time : 6:00-7:00 p.m

👉 သင်တန်းသား ၁၀ ဦးသာ ကန့်သတ်ထားပါသဖြင့် 9.7.2017 နောက်ဆုံးထား၍ စာရင်းပေးသွင်းပါရန်

အ​သေးစိတ်​သိရှိလိုပါက
============================
Page Message Box (သို့) 09402606848 သို့ ​ဆက်​သွယ်​​မေးမြန်းနိုင်​ပါသည်​။

Recommend TOP 20 Online Learning Sites Credit : Heavenly Moeလေ့လာလိုတဲ့ Programming, Design,ဘာသာစကား အစရှိတဲ့  အကြောင်းအ...
19/06/2017

Recommend TOP 20 Online Learning Sites
Credit : Heavenly Moe

လေ့လာလိုတဲ့ Programming, Design,ဘာသာစကား အစရှိတဲ့ အကြောင်းအရာ တခုခု ရှိနေပါသလား..?
သင်ခန်းစာ ပြီးဆုံးမှု.. အသိမှတ်ပြု Certificate ရရှိ
လိုပါသလား..? Internet အသုံးပြုလို့ ရမယ်…
Self-study လုပ်လိုတယ် ဆိုတဲ့ လူတွေအတွက်...
သင်ခန်းစာတွေကို အသေးစိတ် Video Tutorial တွေနဲ့ ရှင်းပြထားတဲ့... Recommend လုပ်လိုတဲ့ Top 20 Online Learning Sites List ရှိပါတယ်..။

Sites တွေ ကို List ထုတ်ပြီး … လေ့လာလို့ရတဲ့
အကြောင်းအရာအလိုက် အပိုင်းခွဲ ပြောပြချင်ပါတယ်…။

Website တွေရဲ့ အချို့ Course တွေက Free ပေးထားပြီး Certificate ကိုတော့ Printed Copy လိုချင်ရင် ၀ယ်ရတာမျိုး ရှိသလို … အပြီးအစီး Free Course တွေလည်း
ရှိပါတယ်..။

▪️Design, Web Design/ Development

1. HOW Design University – (How U ) လို့ အသိများတဲ့ How Design University မှာ Graphic နဲ့
Interactive Design Course တွေကို Free အနေနဲ့ရော Paid Lessons တွေ အနေနဲ့ လေ့လာနိုင်ပါတယ်…။

Design တခုကို ရေးဆွဲဖို့... အသေးစိတ် သိသင့်တဲ့ Principle တွေ… Business တခုရဲ့ Branding ကို
ပုံဖော်ပေးတဲ့ အခါ သိသင့်တာတွေနဲ့ အခြေခံ
Logo ရေးဆွဲနည်းက စလို့ လေ့လာနိုင်ပါတယ်…။

Link: https://www.howdesignuniversity.com/

2. HTML Dog — Web development ကို အဓိက ထားတဲ့ website တခု ဖြစ်ပြီး HTML, CSS နဲ့ JavaScript coding skills တွေကို အသုံးပြု သင်ပြထားတဲ့ tutorials အမြောက် အများကို လေ့လာနိုင်ပါတယ်…။

Link: http://htmldog.com/

3. Skillcrush – Professional Web Design နဲ့ Web Development ကို စိတ်ဝင်စားတဲ့ မည် သူမဆို
အလွယ် တကူလေ့လာနိုင်စေဖို့ အတွက် လိုရင်း
တိုရှင်း သင်ပြချက်တွေအပြင် Register လုပ်ပြီးတာနဲ့ Classmates တွေ, Instructors တွေ… Coach တွေ နဲ့ အတူ လေ့လာရမှာ ဖြစ်ပါတယ်…။

3-month Career Blueprints လို့ခေါ်တဲ့…
မိမိ လုပ်လိုတဲ့ အလုပ်အကိုင်နဲ့ ပက်သက်ပြီး
Step-by-Step ညွှန်ကြားချက်တွေအပြင်…
Skill Crush မှာ သင်ကြားခဲ့တဲ့ ဘာသာ ရပ်တွေ … လေ့လာ လုပ်ဆောင်ခဲ့တဲ့ Live Projects တွေကို
မိမိ အလုပ်လျှောက်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ်…။

Link: http://skillcrush.com/

4. Hack Design - အားလုံးကို Free လေ့လာရမှာ ဖြစ်ပြီး… လုပ်သက် အတွေ့အကြုံများနဲ့ နိုင်ငံတကာက Skilled Designers တွေ စုပေါင်းပြီး တည်ထောင်ထားတဲ့ Website တခုဖြစ်ပါတယ်...။

သင်ပြပေးမယ့် Designer အယောက် စီတိုင်းဟာ Web, mobile apps designs တွေအပြင် blogs, books, games, and videos Creations အစရှိတဲ့ နယ်ပယ်စုံက Design အကြောင်းတွေကို ပြောပြထားပါတယ်...။

Link: https://hackdesign.org/

▪️IT and Software Development

5. Udacity — Building an online university,
"by Silicon Valley", ဆိုတဲ့ ဆောင်ပုဒ် နဲ့အတူ
Silicon Valley မှာရှိတဲ့ Google, AT&T, Facebook, Sales-force, Cloud-era, etc... အစရှိတဲ့ Technical Companies တွေကနေပြီး လက်ရှိ လုပ်ငန်းခွင် တွေမှာ အသုံးချ နည်းပညာတွေနဲ့ ပက်သက်လို့ပို့ချပေးထားတဲ့ Course တွေ အများအပြား လေ့လာနိုင်ပါတယ်…။

အချို့ Course တွေက လစဉ်ကြေးပေးပြီး လေ့လာဖို့လို သလို Free ပေးထားတဲ့ Courses များလည်း ရှိပါတယ်..။

Link: https://www.udacity.com/

6. Pluralsight - (previously PeepCode) ရဲ့
အတိုကောက် နာမည် ဖြစ်ပါတယ်…။ Business ပိုင်း နဲ့ အသက်မွေး ၀မ်းကျောင်း ပညာရပ်ဆိုင်ရာ ဘာသာ ရပ်တွေကို လေ့လာနိုင်ပြီး အဓိက အားဖြင့် IT ပိုင်းဆိုင်ရာ Programming , Web development, data visualization စတဲ့ Development အပြင် …

game design, 3D animation, နဲ့
video editing ပိုင်းတွေကို ပါ လေ့လာနို်င်ပါတယ်…။ Free Course အချို့ရှိပြီး အချို့က Paid Course တွေ
ဖြစ်ပါတယ်…။

Link: https://www.pluralsight.com/

7. Aquent Gymnasium – Free ရတဲ့ Web နည်းပညာ
ပိုင်းဆိုင်ရာ Coding, Design နဲ့ User Experience
ပိုင်းတွေကို လေ့လာနိုင်ပါတယ်…။ သူ့ဆီမှာ ရှိတဲ့
Course တိုင်းမှာ Skilled Cover နဲ့ This Course is For ဆိုပြီး ဖော်ပြချက်ရှိပါတယ်…။

Skilled Cover က မိမိက Course ကို Enroll မလုပ်ခင်
တတ်မြောက်နားလည် ထားရမယ့် အခြေခံ Skills တွေကို ဖော်ပြထားတာဖြစ်ပြီး ထို နားလည် ထားရမယ့် အခြေခံSkill Test ဖြေကြည့်လို့ 70% ရမှ သာ Enroll Access ရတာ ဖြစ်ပါတယ်…။

Link: http://gymnasium.aquent.com/

8. Mozilla Developer Network – MDN (Mozilla Developer Network) မှာဆိုရင် Beginner ပဲဖြစ်ဖြစ်... Expert ပဲ ဖြစ်ဖြစ် … မိမိဟာ Mozilla’s Firefox အသုံးမပြုဘူးဆိုရင်တောင် Web နဲ့ ပက်သက်တဲ့ HTML, CSS, JavaScript စတာတွေအားလုံးရဲ့ အခြေခံတွေနဲ့ Web Development Tools တွေ… API တွေကစလို့… လေ့လာစရာ အများကြီး တွေ့နိုင်ပါတယ်…။

Link: https://developer.mozilla.org/en-US/

9. Apple Developer Site – Apple Developer Site မှာဆိုရင် iOS Mobile, Mac OS X desktop နဲ့ Safari Web apps တွေရေးသားတဲ့အခါ လိုက်နာ သိရှိသင့်တဲ့ Documentations တွေနဲ့ Tutorials တွေကို free
ရယူလေ့လာနိုင်ပါတယ်…။

Link: https://developer.apple.com/

10. Google Code – Google ရဲ့ Products တွေဖြစ်တဲ့ Android, Cloud Platform, Fire base, Google Maps, Web, AdMob အစရှိတဲ့ နည်းပညာတွေ နဲ့ ပက်သက်တဲ့ Documentations တွေ Tutorials တွေကို Free ရယူ လေ့လာနိုင်ပါတယ်…။

Link: https://developers.google.com/

▪️Data Science , Analysis , Math and Engineering

11. Stanford Engineering Everywhere – (SEE) လို့ လူသိများပါတယ်...။ Stanford University Campus မှာ သင်ရသလိုမျိုး Course syllabi , assignments, quizzes, examinations, lecture videos and slides,Homework, reading lists and handouts စတဲ့ Course Outlines နဲ့ Facility အပြည့်အစုံ ရရှိမည့် အပြင်…. အစစ Free ပေးထားတဲ့ Website တခုပါ...။

Link: https://see.stanford.edu/

12. Codecademy - Codecademy ဆိုတဲ့ Website မှာ... Data science နဲ့ Programming နဲ့
ပက်သက်တာတွေ အထူးအားဖြင့် Web ပိုင်းဆိုင်ရာ Course တွေ အများဆုံး လေ့လာနိုင်ပြီး အချို့ Course တွေက စမ်းသပ်ရေးသား လို့ရတဲ့ Web Browser Console ပါရှိပါတယ်။

Link: https://www.codecademy.com/

13. Big Data University - System တိုင်းမှာ အဓိက ကျတဲ့ Data တွေကို Analysis ခွဲခြမ်း လေ့လာပြီး
စနစ်တကျ တည်ဆောက်ထားတဲ့ System တိုင်းအတွက် သိဖို့လိုအပ်တဲ့ Data Science Course တွေကို လေ့လာနိုင်ပါတယ်...။

Link: https://bigdatauniversity.com/

14. Better Explained - သင်္ချာဆိုင်ရာ Formula တွေ algebra အယ်ဂျီဗရာ စတဲ့ အငယ်တန်း သင်္ချာ က စလို့… တက္ကသိုလ်တွေမှာ သင်ရတဲ့ calculus, statistics စတဲ့ အခြား အမျိုးမျိုးသော သင်္ချာ ပိုင်းဆိုင်ရာ အကြောင်း
အရာတွေကို မြင်လွယ်တဲ့ ဥပမာ တွေနဲ့ ရှင်းရှင်း လင်းလင်း သင်ပြထားတဲ့ Website တခု ဖြစ်ပါတယ်…။

Link: https://betterexplained.com/

▪️General

15. Udemy – Udemy က Free Course တွေလည်း
ရရှိနိုင်သလို … အဓိကအားဖြင့် Paid Lessons တွေကို ရောင်းချထားတာဖြစ်ပါတယ်…။

ဒီ Website မှာ Language ဘာသာစကား အမျိုးမျိုး…အခြား Music, Health, Marketing, Lifestyle , Photography, Personal Development , Software Development… အစရှိတဲ့ အမျိုးစားပေါင်း အများအပြားကို လေ့လာသင်ယူနိုင်ပါတယ်…။ မိမိ က Instructor တယောက်အနေနဲ့ ပါဝင်သင်ကြားလိုတယ် … မိမိရဲ့ Course ကို ရောင်းလိုတယ်ဆိုလည်း ဒီ Website ကို
အသုံးပြုလို့ရပါတယ်…။

Link: https://www.udemy.com/

16. Alison – Course အားလုံးက Free ပေးထားတာ ဖြစ်ပြီး Diploma ပေးတဲ့ Course တွေနဲ့ Certificated ပေးတဲ့ Course တွေ အများအပြားရှိပါတယ်…။ Certificate / Diploma ကို Printed Copy အနေနဲ့ လိုချင်ရင်တော့ သတ်မှတ်ထားတဲ့ Fees ကို ပေးပြီး ၀ယ်ယူရမှာ
ဖြစ်ပါတယ်…။

လေ့လာလို့ရတဲ့ အကြောင်းအရာတွေ အနေနဲ့ … Human Resource နဲ့ ပက်သက်တာ…Management , Customer Service , IT Programming , Health, Laws , Microsoft Office( Words, Excels, Access, PowerPoint) etc.…အစရှိတဲ့ အမျိုးမျိုးသော အကြောင်းအရာတွေ အများကြီး လေ့လာ လို့ရနိုင်တဲ့ Website တခု ဖြစ်ပါတယ်…။

Link: https://alison.com/

17. Ed2go – Online Free Course Website တခု ဖြစ်ပြီး အဓိက လေ့လာလို့ရတဲ့ Catalog အနေနဲ့ ... Arts and Design, Business , Computer Applications , Computer Programming Construction and Trades ,Health and Fitness , Hospitality Information Technology , Language Legal Math and Science , Teacher Professional Development ,Test Prep Writing (Grammar, Article etc.) အစရှိ တာတွေ ပါဝင်ပါတယ်…။

Link: https://www.ed2go.com/

18. Instructables - လက်တွေ့လိုက် လုပ်လို့ရမယ့် DIY (do-it-yourself) projects တွေကို Video Lessons တွေ နဲ့ သင်ပြထားတာ ဖြစ်ပါတယ်…။ Projects တွေအနေနဲ့ နည်းပညာ ပိုင်း၊ အစားအသောက်ပိုင်း ၊ Decoration ပိုင်း၊ အ၀တ်အစား Design စတဲ့ အမျိုးအစား စုံပါတယ်…။

ဥပမာ… Robot အသေးစားလေး တည်ဆောက်တာ… Circuit Board လုပ်ကြည့်တာ… မီးအိမ် ပြုလုပ်တာ စတဲ့ Project အသေးစားလေးတွေ လိုက်လုပ်ကြည့်လို့ရပါတယ်…။ Lessons တွေ အနေနဲ့ Free သင်ရမှာ ဖြစ်ပြီး မိမိ လိုက်လုပ်လိုတဲ့ Project လေးတွေ ပေါ်မူတည်ပြီး ၀ယ်ရတဲ့ ပစ္စည်း ဖိုး ကုန်ကျ စရိတ်ပဲ ရှိပါမယ်…။

Link: http://www.instructables.com/

▪️General College and University

19. Cousera - Cousera မှာ လေ့လာနိုင်တဲ့ အဓိက Category အနေနဲ့ Business , Computer science,Data Science,Life Science,Math and Logic, Persoanl Development , Physical Science and Engineering, Social Science နဲ့ ဘာသာစကား စတဲ့ Catalog တွေပါဝင်ပါတယ်…။ လေ့လာမှုပြီးဆုံး၍ Certificate ရရှိလိုလျှင် Payment ပြုလုပ်ဖို့လိုအပ်ပြီး… electronic Certificate အနေနဲ့ရော Printed Paper အနေနဲ့ရော ၀ယ်ယူနိုင်ပါတယ်…။

Link: https://www.coursera.org

20. Khan Academy - အစောဆုံးပေါ်ပေါက်ခဲ့တဲ့ Online Learning Site တွေထဲက တခု ဖြစ်ပြီးတော့ Kindergarten ကစလို့ Professional Level အထိ လေ့လာလို့ရတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်…။ Math , Science Engineering, Arts and Humanities တွေအနေနဲ့ အဓိက ပါဝင်ပြီး SAT Test လိုမျိုး Test Preparation တွေလည်း ပါဝင်ပါတယ်…။

Link: https://www.khanacademy.org/

Post ကို Pdf အနေနဲ့ သိမ်းဆည်းလိုလျှင် - https://my.pcloud.com/publink/show?code=XZWIpNZ6zXX6bjIXqRAGvr3UifvSbou59cV

More Details: http://www.bestcollegereviews.org/50-top-online-learning-sites/

Credit : Heavenly Moe

•••

 Credit : ကို သက်ခိုင်Software development သို့မဟုတ် programming ဆိုတာကြီး အစိမ်းသက်သက်နဲ့ ဘယ်က စရမလဲ ဆိုတာမေးတာတွေများလ...
03/06/2017


Credit : ကို သက်ခိုင်

Software development သို့မဟုတ် programming ဆိုတာကြီး အစိမ်းသက်သက်နဲ့ ဘယ်က စရမလဲ ဆိုတာမေးတာတွေများလို့ပါ။

လက်ရှိ Software developement ကိုအဓိက ခွဲရင် သုံးမျိုးရှိတယ်လို့ပြောရမယ်။

အဲ့ကောင်တွေက
- Enterprise Application Development
- Mobile application development
- Desktop Application
ရယ်လို့ သုံးမျိုး ရပါလိမ့်မယ်။

▪️Enterprise Application developement

Enterprise Application developement ဆိုတာကတော့ business တခုရဲ. function တွေအစုံအလင်ပါဝင်တဲ့ software development မျိုးပါ။ ဒီအပိုင်းကိုဆိုရင်တော့ C #, ASP.NET, Java , JavaEE,Spring အစရှိတာတွေနဲ့ ရေးလေ့ရှိပါတယ်။

C #, ASP.NET သည် Microsoft အောက်က technology ဖြစ်ပြီး Java, JavaEE,Spring အစရှိတာတွေက Oracle အောက်က technology တွေပါ။

Enterprise app development အတွက်ဆို
- C # or
- Java လေ့လာရမှာပါ။

ပြီးတော့မှ
- ASP.NET,
- JavaEE,
- Spring စတဲ့ သက်ဆိုင်တာတွေ ကို ဆက်လေ့လာရမှာပါ။

ခုနောက်ပိုင်းမှာ Node.js ကလဲခေတ်စားလာတော့ Enterprise တွေကို Node.js နဲ့ ပါရေးလာပါတယ်။

အဲ့တော့ JavaScript သုံးပြီးရေးမယ်ဆိုရင်
- JavaScript
- Node.js ကို လေ့လာရမှာပါ။

Node.js ဆို
Express ,
Meteor စတဲ့ framework တွေသိဖို့လဲလိုပါသေးတယ်။

▪️Web Application, Web site

Enterprise application လောက် မဟုတ်ပဲ web application or web site လောက်ပဲဆိုရင်တော့ PHP, CMS (Drupal, wordpress) စတာတွေလေ့လာရမှာပါ။

Web application ရေးဖို.ဆိုရင်တော့ Laravel လို framework တွေလိုပါတယ်။ အခုပြောခဲ့တာတွေက Backend အပိုင်းပါ။

▪️Front End For Web application & Enterprise application

Web application & Enterprise application တွေ အတွက် front end ဆိုရင်တော့

- JavaScript,
- JQuery,
- React,
- Angular အစရှိတဲ့ ဟာတွေလေ့လာရမှာပါ။

အဲ့အပြင် HTML, CSS, Bootstrap, foundation အစရှိတဲ့ CSS framework တွေလဲလေ့လာရမှာပါ။

▪️Desktop Application

Desktop Application ကိုတော့ C #, JavaSE နဲ.ပဲရေးကြပါတယ်။ C # ကတော့ပိုသင့်တော်ပါတယ်။

▪️Mobile application

နောက် ဆုံးကတော့ Mobile application developement ပါ။ သူကတော့ ၂မျိုးပေါ့။

popular ဖြစ်တာက Android နဲ့ IOS ပါ။

Android ဆိုရင် Java , Android လေ့လာရမှာဖြစ်ပြီး IOS ဆိုရင် Objective C, Swift လေ့လာရမှာပါ။

▪️SQL

အပေါ်က ဘယ် application ပဲလုပ်လုပ် မဖြစ်မနေသိထားရမှာကတော့ SQL အကြောင်းပါ။

ဒါလောက်ဆိုဘယ်ကစရမလဲသိလောက်ပြီထင်ပါတယ်။

▪️More details

နောက်ပိုတိကျတဲ့နည်းကတော့ အလုပ်ခေါ်စာတွေမှာ ဘာတောင်းလဲဘာတွေသိဖို.လိုလဲ ဆိုတာကို လိုက်ကြည့်ပါ။
ဒါကတော့အရှင်းဆုံးနည်းပါပဲ။

▪️Message From Author

📌 Framework တွေမသင်ခင် language ကိုလေ့လာတာအကောင်းဆုံးပါ။

✍🏻 JavaEE, Spring ကိုမလေ့လာခင် SE ကိုလေ့လာတာအကောင်းဆုံးပါ။

✍🏻 ASP.NET မလုပ်ခင် C # ကိုအရင်လေ့လာပါ။

✍🏻 Laravel မလုပ်ခင် PHP ကိုအရင်လေ့လာပါ။

✍🏻 jQuery Angular, React မလုပ်ခင် JavaScript ကိုနားလည်အောင်အရင်လုပ်ပါ။

📌 သိလိုသည်များ မူရင်းပို့စ်တွင် မေးပေးပါရန်
https://www.facebook.com/groups/programmingchannel/permalink/1610738822554610/

Credit: ကိုသက်ခိုင်

•••

20/05/2017

မန္တလေး အလုပ်အကိုင်ပြပွဲ မေ ၂၁ တွင်ကျင်းပမည်

မန္တလေး အလုပ်အကိုင်ပြပွဲ ၂၀၁၇ အား မေလ ၂၁ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်ရွှေပြည်သာတွင်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

အလုပ်အကိုင်ပြပွဲတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများက လစ်လပ်နေရာခေါ်ယူသွားမည်ဖြစ်ရာ အလုပ်အကိုင်ရှာဖွေနေသူများ CV နှင့်တကွလာရောက် လျှောက်ထားနိုင်မည် ဖြစ်သည်။

အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် အခမဲ့လေ့လာလျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး အလုပ်အကိုင်ပြပွဲတွင်ပါဝင်သည့် ကုမ္ပဏီပေါင်းများ၏ ဆောင်ပုဒ်များနှင့် ကုမ္ပဏီအကြောင်းအကျဉ်းပါဝင်သည့် ပြပွဲလက်ကမ်းစာစောင်များ ဖြန့်ဝေပေးမည်ဖြစ်သောကြောင့် မိမိနှင့်ကိုက်ညီသော အလုပ်အကိုင်အား လျှောက်ထားရာတွင် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း သိရသည်။

ကျော်ထူး

💻 Basic Computer Learner's Courseတက္ကသိုလ်​ဝင်​တန်း​ဖြေဆိုထားသည့်​​ကျောင်းသား​၊​ကျောင်းသူများအတွက်​ တန်းခွဲသစ်​ထပ်​မံ...
17/05/2017

💻 Basic Computer Learner's Course

တက္ကသိုလ်​ဝင်​တန်း​ဖြေဆိုထားသည့်​​ကျောင်းသား​၊​ကျောင်းသူများအတွက်​ တန်းခွဲသစ်​ထပ်​မံဖွင့်​လှစ်​မည်​ဖြစ်​သည်​။

📆 1.6.2017 တွင်​စတင်​ဖွင့်​လှစ်​မည်

✅May 31 အတွင်းအပ်​နှံသူများ 10% Discount ရရှိပါမည်

✅သင်​တန်း​ကြေးကို ၂ ခါခွဲ၍​ပေးသွင်းနိုင်​ပါသည်​။

အ​သေးစိတ်​သိရှိလိုပါက
============================
Page Message Box (သို့) 09402606848 သို့ ​ဆက်​သွယ်​​မေးမြန်းနိုင်​ပါသည်​။

Learn English
09/05/2017

Learn English

20/04/2017

Online Page တိုင်း Boost လုပ်သင့်ပါတယ်
🔝🔛🔝🔛🔝🔛🔝🔛🔝🔛🔝🔛🔝

🌎🌎🌎 တွင် #ကြေညာခြင်းဖြင့်​🕛 #အချိန်​ကုန်​သက်​သာခြင်း 👪 #လူမပင်​ပန်းခြင်း 🕐 #အချိန်​တိုအတွင်းမိမိ၏ 🛃 #သတင်းအချက်​အလက်​များကို 👪 #လူအများအားလျင်​မြန်​စွာ​ပေးပို့ခြင်း🚵 #၀န်ထမ်းစ၇ိတ်သက်သာခြင်း 🏪 #ဆိုင်ခန်းခမကုန်ခြင်းတို့ကြောင့် လူကြီးမင်းတို့အတွက် များစွာအကျိုးရှိပါသည်။

🚻 #လူကြီးမင်းတို့၏ Facebook မျိုးစုံကို 👪 #လူသိများစေရန် မိမိ Page (သို့မဟုတ်) Post အား 👍 ပိုမိုတိုးတက်လာစေရန်နှင့် 🎁 #ကုန်ပစ္စည်းများပိုမို 📠 ရောင်းချ နိုင်စေရန်အတွက် အကောင်းဆုံး 📡 #ကြော်ငြာဝန်ဆောင်မှုပေးနေပါပြီ ။

✅💲1$ မှစ၍ လုပ်လို့ရပါတယ်။
✅💲1$ကို 💲💲💲 #2000/-💲💲💲 ယူပါတယ်။
✅💲အနည်းအများပေါ်မူတည်၍ 👍 ရသည့် result ကွာပါတယ်။
✅💲များကို တိကျစွာသုံးပေးပါသည်။

👉👉👉သတိပြုရန်။ ။ုပ်ခြင်းသည်ကို #တာဝန်မယူပါ။ ရောင်းအားသည် မိမိရောင်းချသည့်ပစ္စည်းအပေါ်လူစိတ်ဝင်စားမူ့နှင့် ဆိုင်ပါသည်။ 💲💲💲ငွေလွှဲရောက်ပီးတာနဲ့ ပေးပါသည်။

❤❤❤ များအနေဖြင့် Page (သို.) or :📶
☎09-974477586
09-402606848
များသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
https://www.facebook.com/ICreateComputerTrainingCentre/

ရုံးချိန်​၊​ကျောင်းချိန်​လွတ်​သင?

17/04/2017

ဘာသာပြန်ဖို့အတွက်ဖြစ်ဖြစ်၊ အားလပ်ချိန်မှာ တိုးတက်မှုရချင်လို့ဖြစ်ဖြစ် အင်္ဂလိပ်စာလေ့လာတဲ့အခါ အဆင်ပြေတဲ့ အခမဲ့ဝက်ဘ်ဆိုက်တွေကို ဖော်ပြလိုက်ပါတယ်။ အခုဝက်ဘ်ဆိုက်တွေထဲက ကိုယ်ကြိုက်တာတစ်ခုကို စနစ်တကျ အချိန်ပေးလေ့လာရင် နဂိုထက်အများကြီးတိုးတက်မှုရှိလာမယ်လို့ အာမခံနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

www.facebook.com/howtotranslate

17/04/2017
💻 Basic Computer Learner's Courseတက္ကသိုလ်​ဝင်​တန်း​ဖြေဆိုထားသည့်​​ကျောင်းသား​၊​ကျောင်းသူများအတွက်​ တန်းခွဲသစ်​ထပ်​မံ...
04/04/2017

💻 Basic Computer Learner's Course

တက္ကသိုလ်​ဝင်​တန်း​ဖြေဆိုထားသည့်​​ကျောင်းသား​၊​ကျောင်းသူများအတွက်​ တန်းခွဲသစ်​ထပ်​မံဖွင့်​လှစ်​မည်​ဖြစ်​သည်​။

📆 24.4.2017 တွင်​စတင်​ဖွင့်​လှစ်​မည်

✅April 11 အတွင်းအပ်​နှံသူများ 10% Discount ရရှိပါမည်

✅သင်​တန်း​ကြေးကို ၂ ခါခွဲ၍​ပေးသွင်းနိုင်​ပါသည်​။

အ​သေးစိတ်​သိရှိလိုပါက
============================
Page Message Box (သို့) 09402606848 သို့ ​ဆက်​သွယ်​​မေးမြန်းနိုင်​ပါသည်​။

Address

No(7/1); 12 Street; Bet: 86 X 87 Street
Mandalay

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

09402606848

Website

Alerts

Be the first to know and let us send you an email when ICreate Computer Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share