11/05/2026
Joshua Van -ဂျော့ရူဝါဗန်
နဲ့ ကျွန်တော့်အတွေးများ
**********************
အခု အချိန် မှာ ဆို လို့ ရှိ ရင် ကျွန်တော်တို့ မြန်မာနိုင်ငံ က ဘယ် လို ဖြစ် ရ မှာ လဲ ဆို တော့ Joshua Van -ဂျော့ရူဝါဗန် က လေယျာဉ်နဲ့ ရန်ကုန်ရောက်လာမယ်။ အဲ့တာ UFC ရိုက်ကူးရေး သမားတွေ ကလည်း ပါလာ မယ် ။ Documentary မှတ်တမ်းရုပ်ရှင် ရိုက်ဖို့ ပါလာမယ်။ ရန်ကုန် မြို့ ကြီး က အဲဒီ အချိန် မှာ နိုင်ငံတကာ မီဒီယာ ပေါင်းစုံ၊ မြန်မာနိုင်ငံ media တွေရော၊
ပရိတ်သတ်တွေရော
အစည်ကားဆုံး ဖြစ်နေမယ်။
ဂျော့ရူဝါဗန်က လေယာဉ်ပေါ်ကနေ UFC champion ခါးပတ်ကြီး ပခုံးပေါ်တင်ပြီး ပြုံးပြုံးကြီးနဲ့ မိန့်မိန့်ကြီး ထွက်လာမယ်။ နောက်ပြီး လေယာဉ် ပေါ် ကဆင်းပြီတာနဲ့ Premier league တို့ ဘာတို့ မှာ အောင်ပွဲခံတဲ့ နှစ်ထပ်ကားကြီးလို
ကားပေါ် အမိုးဖွင့်ပြီး တက်သွားမယ်။
ပြီးတော့ မင်္ဂလာဒုံ လေဆိပ်ကနေ တဆင့် ဆယ်မိုင်ကုန်း၊ ဆယ်မိုင်ကုန်းကနေ ၈ မိုင်၊ ပြည်လမ်း ကနေတစ်ဆင့် လှည်းတန်း တို့ မြေနီကုန်း တို့ ဆူးလေတို့
ပြည်လမ်းတစ်လျှောက် လူတွေ အလံဝှေ့ပြီး “Van! Van!” လို့ အော်နေကြတာ…
ကားပေါ်ကနေ လက်လှမ်းပြတဲ့အချိန် လူတွေရဲ့ မျက်လုံးထဲမှာ ဂုဏ်ယူမှုတွေ ပြည့်နေတာ… တောက်လျှောက် တစ်နေကုန်လုံး ဂျော့ရူဝါဗန် က အောင်ပွဲခံမယ်။
အချိန်က မိုးတွင်းကြီး။
အဲ့ အချိန်မှာ မိုးမင်းက မိုး မရွာဘဲ Van ရဲ့ အောင်ပွဲကို ဂုဏ်ပြုနေမယ်။
ပြီးတော့ ခေတ်ကာလကောင်းတဲ့ အချိန် ဆိုရင်ပေါ့။ မြန်မာနိုင်ငံအစိုးရကလည်း အဲ့ဒီနေ့ကို ငါတို့ မြန်မာနိုင်ငံရဲ့ နေ့ပဲကွာ ဆို ပြီးတော့ ရုံးတွေ ပိတ်ထားမယ်။ အဲ့လို မျိုး ပေါ့ နော် အဲ့တော့ ရှိ သမျှ လူ တွေ အကုန် လုံး က အဲ့ဒီ လမ်း တစ်လျှောက်လုံး မှာ အပြင်ကို ထွက်လာပြီး အောင်ပွဲခံကြမယ်။ အဲအချိန်မှာ Van က ကား ကြီး နဲ့ ဝင် လာ မယ်.
ဗန် ကို ဩဘာပေးတဲ့အသံ၊ အားပေးတဲ့ အသံ တွေ က လည်း ကျွန်တော်တို့ တစ်လမ်းလုံး မှာ ဆူညံ နေ မယ်.
ဘယ်လောက် မိုက်လဲ။
အဲ့ဒီမြင်ကွင်းဟာ မြန်မာပြည်သူတွေအတွက်တော့ သမိုင်းဝင်ပြီး အမှတ်တရအဖြစ်ဆုံး နေ့တစ်နေ့ ပေါ့။
ပြီးလို့ရှိရင် အဲ့ဒီနေ့ တစ်နေ့လုံး ဗန် အနားယူပြီးသွားပြီဆိုလို့ရှိရင် နောက်နေ့ မှာဆိုရင် မြို့ကြီးတွေဆီ သွားမယ်။ မန္တလေး၊ မကွေး၊ တို့ ဘာညာပေါ့ဗျာ။
မော်လမြိုင် ပဲခူး တို့ တောင်ကြီး တို့ အဲ့လို သွားမယ်။ အဲ ပြီး သွား လို့ ရှိ ရင် သူ့ ရဲ့ မွေးရပ်မြေ ချင်းပြည်နယ်ကို သွားမယ်.
အဲဒီ အချိန် မှာ နောက် က UFC ရဲ့ မီဒီယာ သမားတွေ ကလည်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့အတွက် ထပ်ချပ်မကွာ ပါလာမယ်။
ပရိသတ် တွေ ရဲ့ ခံစားချက်တွေ ကို မေးမယ်။ ပြီးရင် ချင်း တိုင်းရင်းသားတွေ ရဲ့ သဘာဝ အလှတရားတွေကို ရိုက်ပြမယ်။ကမ္ဘာကို ဖြန့်ပြီးသား ဖြစ်သွားမယ်။
ရန်ကုန်မှာဆိုလို့ရှိရင် ရန်ကုန် မြို့ ကြီး က ဘယ်လောက် လှကြောင်း၊
ရွှေတိဂုံဘုရားဟာ တန်ခိုးကြီးသပ္ပယ်ကြောင်း၊ မြန်မာပြည် သားတွေ ရဲ့ ယဉ်ကျေးမှု၊ မြန်မာပြည်သားတွေရဲ့ အားပေးမှုတွေ၊
မြန်မာရိုးရာ အဝတ်အစားတွေက နိုင်ငံတကာ မီဒီယာသမားတွေ ဒီကောင် တွေ အမြင်ဆန်းနေမယ်။
ပြီးလို့ရှိရင် အဲ့ဒီ နိုင်ငံတကာ မီဒီယာတွေက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အကြာ ကြီး နေရမှာ။ အဲ့ မှာ မြန်မာ အစားအစာ ကို စား သွားမယ်။ အစားအစာတွေ ဘယ်လောက် ကောင်းကြောင်း food vlogs ရိုက် သွားမယ်။
ဘယ်လောက် မိုက်လဲ။
မန္တလေးဆို ကျုံးမြို့ရိုး၊ တောင် ကြီး၊ ကလော၊ ဘယ်လောက်ထိ မိုက်တယ်။ ဘယ်လောက်ထိ လှတယ်။ ကချင် ပြည်နယ်ပြီး သွားကြည့်လိုက်မယ်ဆိုလို့ရှိ ရင်လည်း ရေခဲတောင်တွေ ဘာတွေနဲ့ ဘယ်လောက် ထိ မိုက် လဲ။
ဗန်ရဲ့ မွေးရပ်မြေ ချင်ပြည်နယ်ဆို တောင်ဇလပ်နဲ့ အောက်ချင်းငှက် ၊ ကဲဘာလိုသေးလဲ? ကျွန်တော် မြန်မာနိုင်ငံရဲ့ နယ်ပယ် ပေါင်းစုံက လှပတဲ့အရာတွေ အကုန်လုံးကို ဂျော့ရူဝါဗန်ကို အမှိသဟဲပြုပြုပြီးတော့ တစ်ကမ္ဘာလုံး ကို တစ်ပြိုင်နက်တည်း ပြပြီးသား ဖြစ်သွားမယ်။ UFC ရဲ့ Documentary ကနေတစ်ဆင့် ကမ္ဘာက မြင်သွားမယ့်အရေးကို စဉ်းစားကြည့်တာနဲ့တင် တကယ်ကို ကျောချမ်းလောက်အောင် မိုက်ပါတယ်။ မြန်မာ့အစားအစာတွေနဲ့ ယဉ်ကျေးမှုတွေကို ကမ္ဘာသိအောင် ချပြနိုင်မယ့် အခွင့်အရေးဆိုတာလည်း တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ အရာပါ။
ခုက အဲ့လိုဖြစ်ရမယ့် အချိန်။
ကမ္ဘာမှာ မြန်မာဆိုတာ ဘယ်လိုလဲဆိုတာ ချပြခွင့်ရတဲ့အချိန်။
ဒါပေမယ့် တကယ်တော့ ကံမကောင်းစွာနဲ့ပဲ ဗန်က မြန်မာနိုင်ငံကို မလာဘဲ
မလေးရှားကိုတော့ သွားမယ်လို့တော့သိထားပါတယ်။ မလေးရှား ထက်စာရင် ကျွန်တော်တို့ နိုင်ငံ ပိုပြီး ဖြစ် သင့်တာ ပေါ့။
ဗန် မြန်မာနိုင်ငံ မလာတာကိုလည်း အပြစ် မမြင်ပါဘူး။ နိုင်ငံကိုက လာချင်စရာ
ကောင်းနေတဲ့ နိင်ငံမဟုတ်ဘူး။
ကျနော်ဆိုလည်း မလာဘူး။
ပျော်ရွှင်စရာမရှိတဲ့ နိုင်ငံသားတွေဟာ
ဗန်ကြောင့် ပျော်ရွှင်ခဲ့ရတယ်။
အဲ့ဒါ ကျွန်တော့ အတွေးထဲမှာ ကျွန်တော် က ပျော်ကြည့်တာပါ။
ခုန အတွေးလေး တွေးတာတောင်မှ
တော်တော်ကြီးကို ပျော်ရွှင်မိပါတယ်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျနော် စိတ်ကူးယဉ်ထားတဲ့အတိုင်း "ဗန်" တစ်ယောက် မြန်မာပြည်ကို ပြန်လာပြီး ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနိုင်မယ့်နေ့မျိုး ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
🇲🇲🇲🇲🇲🇲
Congratulations ပါ ဗန် 😍
#မြန်မာတစ်နိုင်ငံလုံးလည်းမင်းနဲ့ထပ်တူအရမ်းကိုပျော်ရွင်ခဲ့ကြရပါတယ်
#ဒီထက်မကအများကြီးအောင်မြင်ပါစေ
#ဂျော့ရူဝါဗန်