STH Innovation

STH Innovation A software firm specializes in System, Technology and Human resource innovation to move your busines

အသက်မွေးဝမ်းကြောင်းပညာ (Career) ဆိုတာနဲ့ အလုပ် (Job)ပထမဆုံး ကျနော်တို့ စကားလုံး အဓိပ္ပါယ် ဖွင့်ဆိုချက် ကွာခြားတာကို လေ့လ...
20/11/2022

အသက်မွေးဝမ်းကြောင်းပညာ (Career) ဆိုတာနဲ့ အလုပ် (Job)

ပထမဆုံး ကျနော်တို့ စကားလုံး အဓိပ္ပါယ် ဖွင့်ဆိုချက် ကွာခြားတာကို လေ့လာကြည့်ရအောင်။ အသက်မွေးဝမ်းကြောင်းပညာရပ် တစ်ခုကို Career လို့ ပြောကြပါတယ်။ Job ဆိုတာကတော့ လက်တလော ဝင်ငွေရဖို့ လုပ်ရတဲ့ အလုပ် လို့ အဓိပ္ပါယ် ဖွင့်ကြတာပေါ့။ အဲ့တော့ Career နဲ့ Job မတူဘူးဆိုတာတော့ ကွဲကွဲပြားပြား နားလည်ဖို့ လိုပါမယ်။ ကျနော်တို့ဆီက လူငယ်တွေမှာ အခုလောလောဆယ် ပြသနာက career နဲ့ job ကို မကွဲကြဘူးလို့ ထင်ပါတယ်။

လူငယ် ဆိုတဲ့ စကားလုံးသုံးလိုက်တာကတော့ ကျနော်ဟာ 50+ အရွယ်ရောက်နေလို့ပါ။ ဒါပေမဲ့ “အသက်ကြီးလို့ လူကြီးဖြစ်တယ်” ဆိုတဲ့ အယူ အဆကိုလဲ လက်မခံသူပါ။ အသက်ငယ်သူတွေထဲမှာ ကျနော့်ထက် အမြင်ရှိတဲ့၊ တော်တဲ့ တတ် တဲ့ သူတွေ ရှိမှာ မလွဲပါဘူး။

စကားပြန်ဆက်ရရင် ဒီ group လေးထဲမှာ ပညာရှာခြင်သူတွေ လေ့လာခြင်သူတွေ အများအပြားတွေ့ရတာ ဝမ်းသာပါတယ်။ ကူညီနိုင်မယ့်သူတွေ က ဖြေကြားရှင်းလင်းပြ ကြတာလဲ အားရစရာပါ။

ဒါပေမဲ့ ကျနော် အကြံပြုလိုတာက လူငယ်တွေ အနေနဲ့ career နဲ့ job နဲ့ ကို သေသေချာချာ နားလည်ရင် ပိုပြီးကောင်းမှာပါ။ ဆိုလိုတာက Singapore မှာ အလုပ် ရဖို့ (အဲ့ဒါက job ပါ) web development ကို ဘယ်လိုလေ့လာရမလဲဆိုတာ ထက် ကျနော်/ကျမတို့ Web Developer (as a career) စဖို့ အတွက် (ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့) ဘာတွေ “စ” လေ့လာရမလဲ ဆိုတာ စ စဉ်းစားသင့်ပါတယ် လို့ အကြံပြုလိုပါတယ်။

အဓိကက ဘယ် ပညာရပ်မဆို “အစ” ပဲ ရှိပါတယ် ပညာ “ဆုံးခန်းတိုင်” သွားပြီဆိုတာ မရှိပါ။

Coding နဲ့ Programming ဘာကွာသလဲပြီးခဲ့တဲ့ နှစ်အနည်းငယ်ထဲက software developer community တွေထဲမှာ coding နဲ့ programming က...
16/11/2022

Coding နဲ့ Programming ဘာကွာသလဲ

ပြီးခဲ့တဲ့ နှစ်အနည်းငယ်ထဲက software developer community တွေထဲမှာ coding နဲ့ programming ကွာ၊ မကွာ ငြင်းခုံမှုတွေများများလာတယ်။ ဒီ post မှာတော့ အဲ့ ၂ ခုကို ကွဲကွဲပြားပြားနားလည်ထားဖို့ရှင်းပေးထားပါတယ်။ ဒါမှလဲ ခုမှစလေ့လာမဲ့သူတွေ အတွက်အကြိုးရှိပါမယ်။

၂၀၀၈ ခုနှစ်မှာ Bill Gates ရဲ့ ဖေါင်ဒေးရှင်းက ဦးစီးဦးဆောင်ပြုပြီး အထက်တန်း (သူတို့ဆီမှာတော့ ၁၂ တန်း K12) ကျောင်းသားတွေကို အခြေခံ computer science သင်ကြားပေးဖို့ ဆိုပြီး Code.org ကိုစတင်တည်ထောင်ခဲ့တယ်။ အဲ့ကစပြီး computer science ဘာသာရပ်တွေဟာ အတန်းတော်တော်များများကို ဆင်းလာကြတယ်။ အဲ့မှာပဲ သာမန်လူတွေကြားမှာ ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်မှုတွေနဲ့ အတူ ဒီ Coding vs Programming ပြသနာ ကြီးထွားလာခဲ့တာပါ။ ဥပမာပြောရရင် သူတို့ဟာ Coding ဆိုတာနဲ့ Programming ဆိုတဲ့စကားလုံး ကို လွယ်လွယ်နဲ့ အစားထိုးသုံးလာတာပါပဲ။

Software companies တွေမှာ Coding နဲ့ Programming ဆိုပြီး အဓိက လုပ်ငန်း ၂ ခု ရှိကြတယ်။ Coding လုပ်သူတွေကို Coders လို့ခေါ်ပြီး Programming လုပ်သူတွေကိုတော့ Programmers လို့ ခေါ်နိုင်တာပေါ့။ Coding ဆိုတာကတော့ language တစ်ခုကနေ တစ်ခြားတစ်ခု ကို ပြောင်းလဲရေးသားခြင်းကို ဆိုလိုတာပါ။ ဥပမာ - Photoshop နဲ့ ဆွဲထားတဲ့ layout တစ်ခုကို HTML အဖြစ် ပြောင်းရေးတာမျိုးပေါ့။ နောက် ဥပမာ ကတော့ Flow Chart တစ်ခုကို JavaScript နဲ့ function အဖြစ် ပြောင်းရေးပေးတာမျိုး။​ အဲ့တော့ Coding ကို Programming ရဲ့ တစ်စိပ်တစ်ပိုင်း (subset) လို့ပြောလို့ရတာပေါ့။ ဘာလို့လဲဆို Coding ဆိုတာ language တစ်ခုနဲ့ code တွေရေးသားခြင်းဖြစ်နေလို့ပဲ။

Programming ဆိုတာကတော့ computer တစ်ခုမှာ run လို့ရမဲ့ program ကို အနဲဆုံး language တစ်ခု သုံးပြီး ရေးသားခြင်းလို့ဆိုကြပါတယ်။ အဲ့ဒီတော့ ဘာကွာသလဲ? အောက်မှာ ဆက်ဖတ်ကြည့်ပါ။

Coding က ပေးထားချက်ကနေ language တစ်ခု သုံးပြီး ကွန်ပြူတာနားလည်အောင်ရေးပေးရပြီး Programming ကတော့ ဆော့ဝဲ တစ်ခုလုံး ကို အစကနေ စပြီး ကွန်ပြူတာမှာ run လို့ရတဲ့ အထိ တည်ဆောက်ရတဲ့ လုပ်ငန်းပါ။

Coding က code တွေပဲရေးနေရတာများတော့ သိပ်အပန်းမကြီးဘူးပေါ့။ Programming ကတော့ computer ကို တိုက်ရိုက် instruction ပေး ပြီး control လုပ်ရတာဆိုတော့ ပိုဂရုစိုက်ရပါတယ်။

Coders တွေက ဆော့ဝဲ အတွက် ပေးထားတဲ့လိုအပ်ချက် နဲ့ logic တွေကို computer နားလည်မဲ့ code အဖြစ်ရေးပေးရတယ်။ Programers တွေကတော့ ဒီ ဆော့ဝဲအတွက် analyze လုပ်ရ ရေးရ ပြီး ဒီ ဆော့ဝဲနဲ့ တခြား လိုအပ်မဲ့ system တွေ (ဥပမာ Database server, messenging server, စသည်) နဲ့ ချိတ်ဖို့လုပ်ရတာတွေပါ အားလုံးပါဝင်ပါတယ်။

ဒီတော့ ဒီ software or web development တွေဘက်ကို စိတ်ဝင်တစား လေ့လာတော့မယ်ဆိုရင် beginner level အနေနဲ့ Coding အပိုင်းကို HTML, CSS, JavaScript တို့နဲ့ စ ရင်းနှီးအောင်လုပ်သင့်တာပေ့ါ။ အဲ့ဒီကနေမှ တဆင့် တခြား programming language တွေနဲ့ algorithms တွေ logic တွေ data structure တွေဘက်လိုက်ရမှာပါ။ အဲ့အဆင့်မှာပဲ မရှိမဖြစ်လိုလာမှာက database တွေပေ့ါ။ SQL or NoSQL စသည်ဖြင့်လေ့လာရတော့မယ်။


Database တွေသုံးပြီး application တွေရေးတတ်လာပြီးတဲ့နောက် နောက်တဆင့်ထပ်တက်ရမှာက Design Pattern တွေအကြောင်းပေ့ါ။ Repository Pattern, Inversion of Control, RESTFul API, တွေကစပြီး Clean Architecture နဲ့ Micro services တွေအကြောင်း၊ ဒါတွေတွေ့ရမှပဲ။ Learning is life-long process ဆိုတာ software သမားတွေအတွက် ပိုမှန်တယ်လေ။

2019 အတွက် Stackoverflow မှ developer တွေအတွက် survey မေးခွန်းများမေးခဲ့ပြီး မေးခွန်းတစ်ခုမှာတော့ web အတွက် framework အသ...
14/02/2020

2019 အတွက် Stackoverflow မှ developer တွေအတွက် survey မေးခွန်းများမေးခဲ့ပြီး မေးခွန်းတစ်ခုမှာတော့ web အတွက် framework အသုံးပြုမှုများကို မေးခဲ့ပါတယ်။ ဒီ ၂၀၁၉ မှာတော့ React.js နဲ့ Angular နေရာခြင်းလဲသွားပါတယ်။ ၂၀၁၈ မှာ Angular က နံပါတ် ၁ ဖြစ်ခဲ့ပြီး React က ဒုတိယနေရာပါ။ ဒီနှစ်မှာတော့ React က နံပါတ် ၁ နေရာရောက်ခဲ့ပြီး Angular က ဒုတိယနေရာရောက်ခဲ့ပါတယ်။

လူကြီးမင်းတို့ လုပ်ငန်းအတွက် digitization များလုပ်မယ်ဆိုရင် STH Innovation ကို ဆက်သွယ်လိုက်ပါ။

The power of 5G============Nanyang polytechnic မှ Star Hub telecom provider နှင့် ပူးပေါင်း၍ 5G application Center သစ်တစ...
13/01/2020

The power of 5G
============
Nanyang polytechnic မှ Star Hub telecom provider နှင့် ပူးပေါင်း၍ 5G application Center သစ်တစ်ခု ဖွင့်လိုက်တဲ့အကြောင်း Channel News Asia မှာတင်ဆက်ထားပါတယ်။

4G ထက် အဆ ၁၀၀ ကျော် ပိုမ့န်တဲ့ 5G ကိုသုံးပြီး စင်ကာပူ ဆေးရုံ Accident and Emergency မှာ လူနာဝင်လာရင် facial recognition ကိုသုံးပြီး လူနာရဲ့ ဝေဒနာခံစားနေရမှု အပေါ် တွက်ချက်ပြီး အမြန်ဆုံး ဆရာဝန်နှင့် တွေ့ရန် ဆုံးဖြတ်ပေးသွားမှာ ဖြစ်လို့ အမှားနဲစွာ ဝန်ဆောင်မှုပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Retail shopping center BGH အတွက် ဆိုင်ထဲဝင်လာသူတွေကို video မှ တဆင့် သူတို့ ရဲ့ စိတ်ဝင်စားမှုအတိုင်းအတာ ကို real time တွက်ဃူနိုင်မှာ ဖြစ်ပါတယ်။ Nanyang မှ နှစ်စဉ် ကျောင်းသား ၁၀၀ ကျော် 5G app develop အတွက် မွေးထုတ်သွားမယ်လို့ ဆိုပါတယ်။

Companies keen on testing 5G solutions can now do so at the NYP-StarHub Application & Experience Centre for 5G. The new centre, which was launched on Jan 7 b...

Full Stack Developer ဆိုတာ=====================Web development လောကမှာ အလုပ်အကိုင်အခွင့်အလမ်းရှာတဲ့သူတွေ အများဆုံးတွေ့ကြ...
10/01/2020

Full Stack Developer ဆိုတာ
=====================
Web development လောကမှာ အလုပ်အကိုင်အခွင့်အလမ်းရှာတဲ့သူတွေ အများဆုံးတွေ့ကြုံရမယ့် စကားလုံးပါ။ ကုမ္ပဏီတော်တော်များများ က full stack developer တွေခေါ်လိုကြတယ်။ အလွယ်ဆုံးပြောရရင် full stack developer ဆိုတာ application development တစ်လျှောက်လုံး ရဲ့ process တစ်ခုဆီကို တတ်ကျွမ်းနားလည်သူလို့ ပြောလို့ရမယ်ထင်ပါတယ်။ Web development တစ်ခုကိုစဥ်းစားကြည့်ရင် အောက်ပါအတိုင်း လုပ်စရာကိုင်စရာတွေတွေ့ရမှာ ဖြစ်ပါတယ်။
၁။ user နဲ့တိုက်ရိုက်ထိတွေ့မဲ့ front-end တည်ဆောက်တဲ့ အပိုင်း
၂။ Server ပေါ်ကနေ application ကို ဝန်ဆောင်မှုပေးမဲ့ back-end တည်ဆောက်တဲ့ အပိုင်း
၃။ အချက်အလက်များကို သိမ်းဆည်းမဲ့ database တည်ဆောက်တဲ့ အပိုင်း
၄။ ပြီးသလောက် application ကို စဥ်ဆက်မပျက် ပေါင်းစီးရေး၊ ဖြန့်ဝေရေး (Continuous integration and continuous deployment) အပိုင်း။ ဒီအပိုင်းကို DevOps လို့ Development နဲ့ Operations စာလုံး နှစ်လုံးကို ရောပြီးခေါ်ကြပါတယ်။
၅။ အခုခေတ်မှာ web application တစ်ခုထဲနဲ့ မပြီးကြပါဘူး။ User တော်တော်များများဟာ လက်ကိုင်ဖုန်းနဲ့ tablet များသုံးတာကြောင့် Mobile app ကိုလဲ လုပ်ပေးရပါတယ်။
အပေါ်က ၅ ခုလုံးကို ကျွမ်းကျင်နိုင်နင်းတဲ့ သူကို full stack developer လို့ ခေါ်ကြတယ်။ အခုခေတ် မှာတော့ တစ်ခုထဲကို နိုင်နင်းအောင်လုပ်မယ်ဆိုရင် အဲ့ဒိ တစ်ခုမှာ expert ဖြစ်ဖို့လိုပါလိမ့်မယ်။

10/01/2020

Working on hand-held POS terminals...

09/12/2019

Asp.Net Core 3 ကိုသုံးပြီး web api ရေးသားခြင်းနှင့် API ကို Postman အသုံးပြုပြီး စမ်းသပ်ပုံ ကို step by step ရှင်းပြထားပါတယ်။ Beginner များအတွက် ရည်ရွယ်ထားပါတယ်။ သိလိုသည့် အချက်၊​ မရှင်းလင်းသည့် အချက်များရှိပါက comment ရေးထားနိုင်ပါတယ်။

Working on fleet management system.
20/11/2019

Working on fleet management system.

17/11/2019

Programmer ဖြစ်ဖို့အတွက် မသိရင် မဖြစ်တော့တဲ့ API First Approach အကြောင်း မျှဝေပေးထားပါတယ်။

.Net Core 3 API အတွက်လိုအပ်တဲ့ အခြေခံ package များနဲ့ .Net Core ကနေ CodeFirst design အတွက် ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှင်းဒ...
03/11/2019

.Net Core 3 API အတွက်လိုအပ်တဲ့ အခြေခံ package များနဲ့ .Net Core ကနေ CodeFirst design အတွက် ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှင်းဒီသင်ခန်းစာမှာ ရှင်းပြထားပါတယ်။

.Net Core 3 API ပရောဂျက်တစ်ခု တည်ဆောက်ပုံကို မြန်မာဘာသာဖြင့်ရှင်းလင်းပြထားပါတယ်။

Address

28/B1 Myasandar Lane
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959765350045

Alerts

Be the first to know and let us send you an email when STH Innovation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to STH Innovation:

Share