Theo.Tech

Theo.Tech Our page is sharing about Information Technology and Network Solutions

22/05/2026

The ultimate Singapore Job Hack you need to know! 🇸🇬✨

Stop applying to jobs blindly. If you want Singapore HR to actually open your resume on LinkedIn, JobStreet, Indeed, or Foundit, timing is everything.

Watch the video to find out the exact peak active hours to submit your application! ⏰👇

Drop a comment if you want help optimizing your professional resume! 💬








22/05/2026

🇸🇬✨ Singapore မှာ အလုပ်ရှာနေတဲ့သူတွေအတွက် HR တွေ ကိုယ့် Resume ကို အဓိက သတိထားမိသွားစေမယ့် **"ရွှေရောင်အချိန် (Optimal Times)"** တွေကို မျှဝေပေးလိုက်ပါတယ်။ 🇸🇬✨
အခုလို ဒစ်ဂျစ်တယ်ခေတ်မှာ Indeed, LinkedIn, JobStreet နဲ့ Foundit တို့လို Platform တွေကနေ အလုပ်လျှောက်တဲ့အခါ အချိန်ကိုက် လျှောက်နိုင်ဖို့ကလည်း အလုပ်ရနိုင်ခြေကို ပိုပြီး အခွင့်အလမ်းများစေပါတယ်။ အောက်က အချက်လေးတွေကို သေချာမှတ်ထားပြီး အသုံးချကြည့်ရအောင် 👇
# # # ⏰ ဘယ်အချိန်တွေမှာ အလုပ်လျှောက်ရင် အကောင်းဆုံးလဲ?
* **ရက်သတ္တပတ်ရဲ့ အစောပိုင်းရက်များ (တနင်္လာ၊ အင်္ဂါ):** HR တွေ Weekly Plan ဆွဲပြီး အလုပ်စလုပ်တဲ့ ရက်တွေဖြစ်လို့ ကိုယ့်ရဲ့ Apply လုပ်ထားတဲ့ Notification ကို အစောဆုံး မြင်တွေ့နိုင်ပါတယ်။
* **မနက်ခင်း အချိန် (9:00 AM - 11:00 AM):** HR တွေ ရုံးစတက်ပြီး Email စစ်ဆေးတဲ့ အချိန်ဖြစ်တာကြောင့် ကိုယ့် Resume က အပေါ်ဆုံးမှာ ရောက်နေဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။
* **နေ့လယ်ခင်း အချိန် (2:00 PM - 4:00 PM):** နေ့လယ်စာ စားပြီး အလုပ်ပြန်စတဲ့ အချိန်ဖြစ်လို့ Email တွေကို သေချာအာရုံစိုက်ပြီး ပြန်လည်စစ်ဆေးတတ်တဲ့ အချိန် ဖြစ်ပါတယ်။
> 💡 **Tip:** ကိုယ့်ရဲ့ Professional Resume ကိုလည်း အလုပ်ခေါ်စာရဲ့ Responsiblities နဲ့အညီ သေချာ Update ဖြစ်အောင် အရင်ဆုံး ပြင်ဆင်ထားဖို့ မမေ့ပါနဲ့ဦးနော်။
> ဒီအချက်လေးတွေကို အသုံးချပြီး ကိုယ်ဖြစ်ချင်တဲ့ Career Goal ဆီကို အခုပဲ လှမ်းတက်ကြည့်လိုက်ရအောင်! အားလုံးပဲ အဆင်ပြေကြပါစေ။ 💪🎯

#မြန်မာပြည်ကနေစင်ကာပူအလုပ်လျှောက်နည်း #အလုပ်အကိုင်လမ်းညွှန်

06/12/2024

Local User Accounts တွေ create လုပ်ပုံလုပ်နည်းလေးတွေ ပြောပြပေးထားပါတယ်။
📘📗📕
user accounts

Video Editing Class📽📽📽မိတ်ဆွေကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုလေးတွေကို ကိုယ်မလိုအပ်တဲ့အပိုင်းတွေဖျက်ထုတ်တာတွေ၊ ...
03/02/2024

Video Editing Class
📽📽📽
မိတ်ဆွေကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုလေးတွေကို ကိုယ်မလိုအပ်တဲ့အပိုင်းတွေဖျက်ထုတ်တာတွေ၊ လိုချင်တဲ့ effect လေးတွေ အသံလေးတွေ ကိုထပ်ပေါင်းထည့်တာတွေ၊ ဗီဒီယိုကို ထပ်ပြီးပေါင်းထည့်တာတွေ စသဖြင့်
စိတ်တိုင်းကျပြုပြင်မွန်းမံပြီး အကောင်းဆုံး Video တစ်ပုဒ်လေးဖြစ်အောင် ဖန်တီးချင်တဲ့သူတွေအတွက် Neural.Tech ကနေ Video Editing Class လေးတစ်ခုထပ်မံဖွင့်လှစ်ပေးထားပါတယ်။
🎬🎞📹
အခြေခံကနေစပြီး အသေးစိတ်တစ်ဆင့်ချင်း သင်ကြားပေးမှာမို့ Video Editing ကိုစိတ်ဝင်စားတဲ့သူဖြစ်နေဖို့ပဲ လိုပါတယ်။ ကိုယ်နားမလည်လိုက်တဲ့အပိုင်းတွေကိုပြန်လည်မေးမြန်းလို့ရပါတယ်။
🤹‍♂️
လိုအပ်တာတွေကတော့ Video Editing အတွက်ကောင်းကောင်းအလုပ်လုပ်နိုင်မယ့် Computer တစ်လုံးရယ် Internet ရယ်ရှိဖို့ပဲလိုအပ်ပါတယ်။ Zoom Class ကနေသင်ခန်းစာတွေကိုပို့ချပြီး သင်တန်းမပြီးဆုံးခင် Final Own Project လေးတစ်ခုကို Assignment အနေနဲ့လုပ်ဆောင်ပေးရပါမယ်။
🔬
ကိုယ်ရဲ့စိတ်ကူးစိတ်သန်းအလိုက် လိုအပ်သလို Edit လုပ်နိုင်သွားမှာမို့ အသေအချာလေး လိုက်လုပ်ဖို့ပဲလိုအပ်ပါတယ်။

🙋‍♂️
Early Birds လေးတွေအတွက် Cash Back လည်းရှိပါတယ်။ Neural.Tech Page Messenger အသေးစိတ်မေးမြန်းနိုင်ပါတယ်။
m.me/neural.tag/
📝
White Board Animation Class လေးကိုလည်းဝင်ရောက်လေ့လာလို့ရပါတယ်။
https://fb.watch/p_8SY4lMQh/

.Tech

Filmora
Animation

DDoS Attack အကြောင်းအနည်းငယ်****Dustrubyted Debtuak of Service (DDoS) Attack ဆိုတာ ကျနော်တို့ Data Center ထဲက network de...
30/01/2024

DDoS Attack အကြောင်းအနည်းငယ်
****
Dustrubyted Debtuak of Service (DDoS) Attack ဆိုတာ ကျနော်တို့ Data Center ထဲက network devices (Router, Switch, Servers,..) တွေ၊ Branch office တွေမှာရှိတဲ့ Server တွေကို ကောင်းကောင်းအလုပ်မလုပ်နိုင်တော့အောင် အကြိမ်ဖန်များစွာ malicious traffic တွေပို့လွှတ်ပြီး တိုက်ခိုက်တဲ့နည်းလမ်းပါ။ Attacker ရဲ့ PC တလုံးကနေ session တွေခွဲပြီး Victim ဆီကို multiple request တွေပေးပို့ပြီး Server Crash/Harm သွားအောင်လုပ်ဆောင်နိုင်ပါတယ်။ DDoS မှာ attack ပုံစံပေါ်မူတည်ပြီး Volume based, Protocol based, Appication Layer based ဆိုပြီးသုံးမျိုးရှိတယ်။
1️⃣
Volume Based DDoS Attack : သူက ကျနော်တို့ server နဲ့ client ကြားမှာရှိနေတဲ့ physical link ရဲ့ Bandwidth ကို overload ဖြစ်အောင် Server ဆီ UDP flooding, ICMP packet တွေအကြိမ်ကြိမ်ပေးပို့ရင်းတိုက်ခိုက်တဲ့နည်းလမ်းပါ။
2️⃣
Protocol Based DDoS Attack : ဒီမှာတော့ Actual Server Resources (Web, E-mail, DHCP, ...) တွေကို SYN flooding, fragment packet attack, Ping of Death တွေအသုံးပြုပြီး တိုက်ခိုက်တဲ့နည်းလမ်းပါ။
3️⃣
Application Layer Based DDoS Attack : ဒီနည်းလမ်းကတော့ Web Server တွေ Windown Server တွေရဲ့ ယိုပေါက်တွေကို sniff လုပ်ပြီး server crash/down သွားတဲ့အဓိကို တိုက်ခိုက်နိုင်ပါတယ်။
🚫
Attacker ရဲ့ goal ကတော့ ကိုယ်ရည်ရွယ်တဲ့ victim ကိုနည်းလမ်းအမျိုးမျိုးနည်း Crash ဖြစ်အောင်တိုက်ခိုက်နေတာပါ။
🦸‍♂️
Secure ဖြစ်ဖို့အတွက်ဆိုရင်တော့ ကိုယ့် network ဆီကိုရောက်လာတဲ့ packet တွေမူမှန်မမှန် Monitoring လုပ်တာ၊ Web app: Firewall တွေ၊ Security features တွေကို update အမြဲတမ်းလုပ်ပြီး စောင့်ကြည့်သင့်ပါတယ်။



.Tech

TCP/UDP အကြောင်း*********************TCP/UDP ဟာ Transport Layer မှာ အလုပ်လုပ်ပါတယ်။ 💻TCP*****TCP က Host တစ်လုံးနဲ့ Host ...
05/01/2024

TCP/UDP အကြောင်း
*********************
TCP/UDP ဟာ Transport Layer မှာ အလုပ်လုပ်ပါတယ်။
💻
TCP
*****
TCP က Host တစ်လုံးနဲ့ Host တစ်လုံးကြား data တွေ ပေးပို့တဲ့ အခါမှာ data information မပျောက်ပျက်အောင် လုပ်ဆောင်ပေးတယ်, Connection Oriented။ Source Host ကနေပေးပို့လိုက်တဲ့ Data က လက်ခံတဲ့ host ဘက်မှာ ရောက်ရဲ့လားဆိုတဲ့ guarantee, အာမခံချက်ရှိတယ်။ Destination host ဆီကို ပို့လိုက်တဲ့ Data ရောက်လား၊ မရောက်ဘူးလား ဆိုတာ Acknowledgement ဆိုတဲ့ confirmation ကိုအသုံးပြုတယ်။ Data ကို sequence အလိုက် order စီးပြီးပို့တယ်။ တကယ်လို့ ပို့လိုက်တဲ့ Data ကလမ်းခုလတ်မှာ error တစ်စုံတစ်ရာဖြစ်ခဲ့ရင် Retransmission ပြန်လုပ်ပေးတယ်။
Data ကိုစပြီး transmit မလုပ်ခင် မှာ Reliable connection တစ်ခုကိုစတင်တည်ဆောက်တယ်။
Step1: Sender ကနေ SYN ဆိုတဲ့ Synchronization ကို Receiver ဘက်ကို Request လုပ်တယ်။
Step2: Receiver ဘက်ကနေ Request ရောက်ပါတယ်ဆိုတဲ့အကြောင်း SYN ACK အနေနဲ့ Sender ဘက်ပြန်ပို့တယ်။
Step3: အဲ့နောက် Sender က Receiver ကတော့ ကိုယ်ပေးပို့လိုက်တဲ့ Request ကိုလက်ခံနေပြီ၊ Data ပို့လို့ရပြီဆိုတဲ့တာကိုသိသွားပြီး ACK အနေနဲ့ Reciever ဆီကိုပြန်ပို့တယ်။
အဲ့ဒီ‌နောက် Sender နဲ့ Receiver အကြားမှာ Reliable Connection တစ်ခုကိုတည်ဆောက်ပြီး Data တွေအပြန်အလှန်ပေးပို့ကြတယ်။ ဒီလို Sender/Receiver အကြား Reliable Connection တခုတည်ဆောက်တာကို Three Way Hand Shake လုပ်တယ်လို့ခေါ်တယ်။
TCP ကို file transfer, Email or Texting, Web Browsing တွေမှာအသုံးပြုတယ်။
UDP
*****
UDP မှာတော့ ဒီလိုမျိုး guarantee မရှိဘူး။ No Ack, No Three Way Hand Shake။ ပေးပို့လိုက်တဲ့ Data ကတစ်ဖက် host ဆီရောက်ရဲ့လားဆိုတာ ဂရုမစိုက်ဘူး။ Request ရပီဆိုတာနဲ့ Data ကိုစပို့ပြီ။ ပို့လိုက်တဲ့ Data က Destination ဆီကိုရောက်ရဲ့လားဆိုတာကို မကြည့်တော့ဘူး။ Data Sequence မလုပ်သလို Data loss လို့လည်း Retransmission မလုပ်ဘူး။
UDP ကိုတော့ Live Streaming, Online Gaming, Video Chatting စတဲ့နေရာတွေမှာအသုံးပြုတယ်။
Live stream လွှင့်တဲ့ချိန်မှာ UDP ကိုသုံးထားတော့ Internet line တွေကျတဲ့အခါ ပုံရိပ်တွေဝါးသွားတာ၊ အသံတွေပြတ်တောင်းသွားတာတွေ ဖြစ်ပေါ်လာတာပါ။
အချုပ်အနေနဲ့ TCP က Reliable ဖြစ်တယ်၊ Data Sequence အလိုက်စီရတော့ အချိန်ကြာတယ်၊ သို့ပေမယ့် sender နဲ့ receiver အကြားမှာ Data အပြည့်အစုံးရတယ်။ UDP မှာတော့ connection တည်ဆောက်နေစရာမလိုဘူး၊ Broadcast, Multicast traffic တွေပို့ရင်မြန်တယ်၊ Data complete မဖြစ်သေးတောင် ချက်ချင်းတန်းပို့တယ်၊ သို့ပေမယ့် Unreliable မဖြစ်ပါဘူး။
ခု‌လောက်ဆို TCP/UDP connection တွေအကြောင်း အကျဥ်းဖျဥ်းသဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ Next Contents တွေမှာပြန်တွေ့ကြမယ်နော်။ ☺️😊
/UDP


.Tech

DELL PowerEdge HDD Bad Sectors were fixed for the Bank's drive bay.Thank you for joining with us. ☺️   Sector  .Tech
05/01/2024

DELL PowerEdge HDD Bad Sectors were fixed for the Bank's drive bay.

Thank you for joining with us. ☺️


Sector

.Tech

What is FTP (File Transfer Protocol)? 💻File Transfer Protocol ဆိုတာ Network ပေါ်မှာရှိတဲ့ Hosting Server ဆီကနေ လိုအပ်တဲ့...
04/01/2024

What is FTP (File Transfer Protocol)? 💻

File Transfer Protocol ဆိုတာ Network ပေါ်မှာရှိတဲ့ Hosting Server ဆီကနေ လိုအပ်တဲ့ Data files တွေကို ကိုယ့်ရဲ့ Clients (PC, Phone, ...) မှာဆွဲယူအသုံးပြုလို့ရအောင် File Transfer လုပ်ပေးတဲ့ standard network protocol ဖြစ်ပြီး TCP/IP connection ကနေတဆင့်အလုပ်လုပ်ပါတယ်။ ဒီလို File တွေရယူနိုင်ဖို့ Server နဲ့ Clients တွေ အချင်းအချင်း အဆက်အသွယ် လုပ်နိုင်ရန်အတွက် FTP က Open Connection ၂ ခုနဲ့လုပ်ဆောင်ပါတယ်။ ပထမ connection က Server နဲ့ client ကြားအပြန်အလှန်ဆက်သွယ်နေတဲ့ commands, replies တွေအတွက်သုံးပြီး TCP port 21 ကိုအသုံးပြုပါတယ် (controlling the conversation)။ ဒုတိယ connection က data transfer လုပ်နိုင်ဖို့အတွက်သုံးပြီး TCP port 20 ကိုအသုံးပြုပါတယ် (data channel)။ File တွေ transfer လုပ်တဲ့အခါ FTP က block, stream and compressed ဆိုတဲ့ mode သုံးမျိုးကိုအသုံးပြုတယ်။ Stream mode က data information တွေကိုအကြားအလပ်မရှိ တစ်ဆက်တည်း သိမ်းထားနိုင်အောင် အသုံးပြုတယ်၊ Block mode မှာတော့ data တွေကို block လိုက်အပိုင်းလေးတွေနဲ့ သိမ်းဆည်းပေးတယ်။ Data size များတဲ့ information တွေကိုတော့ compress လုပ်ပြီး Compressed mode အနေဲ့သိမ်းပေးနိုင်အောင် အသုံးပြုတယ်။
FTP Transfer ကဘယ်လိုအလုပ်လုပ်လဲ?
Step 1: User (client) ကနေ FTP server ဆီကို Run box ကနေ //ftp-server-ip နဲ့သွားတာဖြစ်ဖြစ်၊ ftp server ရဲ့ domain ကနေသွားတာပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ရောက်အောင်သွားရပါတယ်။
Step 2: Client အနေနဲ့ ဘယ်လို data တွေလိုချင်တယ်၊ ဘာတွေ upload တင်ချင်တယ်၊ download ချချင်တယ် ဆိုတဲ့ Request တွေ Server ဆီရောက်တဲ့အခါ server နဲ့ client အကြား communication စဖြစ်တယ်။ (controlling the conversation)
Step 3: Conversation ဖြစ်ပြီးတဲ့နောက် မှာ FTP ကိုသုံးပြီး client တွေက file upload, download, delete, rename, move, copy စတာတွေကို server ကနေတဆင့်အသုံးပြုလို့ရတာဖြစ်ပါတယ်။ (data channel)
ဥပမာ. ကျနော်တို့ Google drive, Terabox, Filezilla, Dropbox အစရှိတဲ့ drive တွေပေါ် File တွေတင်တာ, download လုပ်ချင်တာမျိုးတွေက FTP ကိုအဓိကအသုံးပြုနေတာပဲဖြစ်ပါတယ်။
ကျနော်တို့ computer ကနေ တည်ဆောက်နေတဲ့ TCP connection တွေကိုလည်းကြည့်လို့ရပါတယ်။ netsat -a ဆိုတဲ့ command လေးကိုအသုံးပြုပြီး PC ကနေ "ဘယ် TCP connection ကို port ဘယ်လောက်နဲ့ establishment လုပ်နေသလဲ" ဆိုတာကြည့်လို့ရပါတယ်။
ဒီလောက်ဆို FTP ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်လဲ၊ ဘယ်လိုနေရာတွေမှာတွေ့ရလဲဆိုတာ အကျမ်းဖျဥ်း နားလည်လောက်ပြီလို့ထင်ပါတယ်။
မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာတွေကိုလည်းလာရောက် မေးမြန်းလို့ရသလို၊ နောက်လာမယ့် contents တွေမှာလည်း ဘယ်လိုအကြောင်းအရာမျိုးတွေသိချင်လဲဆိုတာ ပြောပြပေးလို့ရပါတယ်။ ☺️

Transfer Protocol
.Tech

မိမိတို့အိမ်မာ ပိုနေတဲ့ Router (WiFi စက်) အဟောင်းလေးတွေကို Customer စိတ်တိုင်းကျ WiFi Extend (On-site, Remote) ခွဲပေးနေပ...
19/11/2023

မိမိတို့အိမ်မာ ပိုနေတဲ့ Router (WiFi စက်) အဟောင်းလေးတွေကို Customer စိတ်တိုင်းကျ WiFi Extend (On-site, Remote) ခွဲပေးနေပါပြီ။
အိမ်တိုင်အရောက် ဆောင်ရွက်ပေးသလို၊ Online ကတဆင့်လည်းလုပ်ဆောင်ပေးပါတယ်။ (Online ကလုပ်ဆောင်ပေးဖို့ရန်အတွက် customer တို့ဘက်ကနေ computer အခြေခံလေးရှိထားဖို့တော့လိုအပ်ပါတယ်) 👨‍💻
Online ကတဆင့်ယုံယုံကြည်ကြည်ဆက်သွယ်ဆောင်ရွက်ပေးတဲ့ Customer များကိုလည်းကျေးဇူးအထူးတင်ပါတယ်။ 💓💓💓

.Tag

Extend

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Theo.Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share