ပညာဒါန - မြန်မာ

ပညာဒါန - မြန်မာ Available to learn Management, Language and Computer for Business uses.

04/02/2022

စု တု ပြု ပါ အင်္ဂလိပ်စာ

ကျွန်တော်အရင် post တွေမှာ ခဏခဏရေးခဲ့ အကြံပြုခဲ့ပါတယ်။ အင်္ဂလိပ်စာကို အရေးရော အပြောပါ fluent ဖြစ်ချင်သူဟာ "စု" ရပါမယ်။ collect လုပ်ပါ။

📍စု collect; gather

ဘာကို "စု" ရမှာလဲ..... မှတ်စု စာအုပ်ထဲမှာ စာဖတ်ရင်းနဲ့တွေ့ရတဲ့ စကားလုံးအသစ်တွေ၊ အသုံးအနှုန်းအသစ်တွေ၊ ပြန်ပြီးသုံးလို့ရမယ့် လှပတဲ့ အသုံးဝင်မယ့် ဝါကျတွေ sentence pattern တွေ ကို အဲဒီမှတ်စု စာအုပ်ထဲ ကူးရေး၊ ထပ်ခါထပ်ခါပြန်ဖတ်ပေးသင့်ပါတယ်။

📍တု emulate; mimic

"တု" ဆိုတာက အဲဒီလိုမျိုး ဝါကျလေးတွေကို ကိုယ်တိုင်ပြန်ပြီး တုပ ရေးကြည့် ပြောကြည့်တာ။

📍ပြု produce; do it by yourself

"ပြု" ကတော့ လေ့လာတာအရှိန်ရလာတာနဲ့အမျှ ကိုယ်တိုင်လည်း တီထွင်ရေးကြည့် ပြောကြည့် တွေးကြည့်ဖို့ပါ။

စု တု ပြု ဟာ ရှေးရိုးဆန်သော်လည်း အထိရောက်ဆုံးသော language learning approach တစ်ခုဖြစ်ပါတယ်။ ကိုယ်တိုင်အပင်ပမ်းခံလုပ်မှ တကယ်တတ်မြောက်မှာဖြစ်တယ်။ English is easy to learn, but hard to master. လို့ပြောကြတာ ကြားဖူးကြမှာပါ။ Most of the learned people are self-made people. ဆိုတာလည်း သတိချပ်စေချင်တယ်။ self-made တဲ့။ ကိုယ်တိုင်လုပ်မှ ကြိုးစားမှ တကယ်ခရီးရောက်မှာပါ။

ဘာကြောင့် ဒီလို လေကြောရှည်နေရတာလဲ....

notes တွေကူးရေး။ အလွတ်မှတ်မိအောင် ပြန်ပြန်ဖတ်။ imagination ကိုသုံး။ ဒါလေးဆိုရင်တော့ ဒီလို situation မှာ ဘယ်လိုသုံးလို့ ရေးလို့ ပြောလို့ရနိုင်တယ်ဆိုတာ စိတ်ကူးကြည့်။ အသံထွက်ပြီး လေ့ကျင့်။ လက်ကလည်းချရေးကြည့်။ language ကိုအသုံးချဖို့ opportunities ကိုလည်းရှာပါ။ shyness ဟာ ဘာသာစကားလေ့လာရာမှာ မရှိသင့်။ တခြားမဟုတ်တာလုပ်ရမှာသာရှက်၊ English လိုပြောဖို့တော့ အရှက်နဲပါစေ။ စိတ်ထက်သန်မှု နဲ့ ဘာသာစကားကို မြတ်နှိုးမှု လည်းရှိမယ်၊ ဆရာကောင်းသမားကောင်းရဲ့ လမ်းညွှန်မှုရမယ်၊ ကိုယ်ကလည်း အချိန်ပေးပြီး ပုံမှန်လည်း လေ့လာနေမယ်ဆိုရင် native speaker တစ်ယောက်လို တချိန်မှာဖြစ်လာစေရမယ် လို့ပြောရဲပါတယ်။

ကဲ "စု တု ပြု" idea လေး နဲ့ အောက်မှာ တင်ပြပေးထားတွေကို လေ့လာကြပါစို့။

1.***I have been longing to ask you about that girl.

ဒီဝါကျမှာ long အကြောင်းကို ရှင်းပြချင်တယ်။
short story ဝတ္ထုတို long story ဝတ္ထုရှည်
long ဟာ Adjective ဆိုရင် ရှည်သော
long ဟာ Verb ဆိုရင် to feel a strong desire or craving တစ်ခုခုကို လုပ်ချင်စိတ်ပြင်းပြသည်။ craving ချဉ်ခြင်းတက်သလို အရမ်းလုပ်ချင်စိတ်ပေါ်လာတာ။

ဆိုတော့ အပေါ်က ဝါကျမှာ I have been longing to + Verb ပုံစံကိုမှတ်ပါ။
I have been longing to ask you about that girl.
မင်းကို အဲဒီကောင်မလေးအကြောင်း ငါမေးချင်နေခဲ့တာ။

ဒါမျိုးလုပ်ချင်နေတာကြာပြီဆိုတဲ့ situation တွေမှာသုံးပေါ့။

The boarding students have been longing to go back home to see their parents.
ဘော်ဒါတက်နေတဲ့ ကျောင်းသားတွေ အိမ်ပြန်ပြီး မိဘတွေနဲ့ တွေ့ချင်နေကြပြီ။

He has been longing for this kind of spicy Indian curry.
ဒီလို ကုလားဟင်းစပ်စပ်လေးမျိုး သူစားချင်နေတာကြာပြီ။
(ဒီဝါကျမှာတော့ long နောက်မှာ for + Noun သုံးပုံကိုမှတ်ပါ)
longing ကို Noun လိုလည်းသုံးလို့ရတယ်။ craving နဲ့ အတူတူပဲ။
The pregnant woman has a longing/craving for some spicy salad.
ကိုယ်ဝန်သည်ဟာ အသုပ်စုံစပ်စပ်လေးကို ချဉ်ခြင်းတက်နေတယ်။

2. *** He is not as bad as he was painted.
သူဟာ လူတွေပြောသလောက်လည်း မဆိုးလှပါဘူး။

ဒီဝါကျကို နားလည်ဖို့ "The devil is not so black as he is painted." ဆိုတဲ့ မူရင်း စကားပုံလေး သိထားသင့်တယ်။
မင်းတို့တွေပြောနေကြသလောက်လည်း သူဟာမဆိုးပါဘူး လို့ဆိုလိုတယ်။

I don't know why most of the friends speak ill of Ko Ko. He seems like a nice guy once you get to know him. He is not as bad/black as he is/was painted.
သူငယ်ချင်းတွေက ကိုကို မကောင်းကြောင်းဘာကြောင့်ပြောကြသလဲမသိဘူး။ သေသေချာချာပေါင်းကြည့်တော့ မဆိုးပါဘူး။ လူတွေပြောသလောက်လည်း မဆိုးပါဘူးကွာ။

3. *** curl up
အိပ်ယာထဲမှာကွေးနေတာ
I want to curl up with a book.
စာအုပ်ဖတ်ပြီးအိပ်ယာထဲကွေးချင်နေတာ။
curl up ဆိုတာ လှဲနေတာလည်းရတယ်။ ဆိုဖာပေါ်မှာထိုင်နေတာလည်းရတယ်။ ကွေးကွေးလေးတော့ဖြစ်နေရမယ်။

4. *** to set foot in a place
ခြေချဖူးသည်၊ ရောက်ဖူးသည်

Some students have seldom set foot in the library.
တချို့ကျောင်းသားတွေများ စာကြည့်တိုက်ထဲကို ယောင်လို့တောင်ခြေမချဖူးဘူး။
Some students have never set foot in the library.
ဒီလိုလည်းရေးလို့ရပါတယ်။ အတူတူပါ။

5. *** at will= to your heart's content
မင်းစိတ်သဘောကျ၊ စိတ်ကြိုက်၊ ကြိုက်သလောက် သဘောရှိသလောက်

There are so many good books in the library; you can borrow them at will.
စာကြည့်တိုက်မှာ စာအုပ်ကောင်းတွေအများကြီး။ မင်းစိတ်ကြိုက်သာ ငှားပေတော့။
You can do something at will သုံးပုံကိုမှတ်ပါ။

***စု တု ပြု .... အရေးအကြီးဆုံးက ပေးထားတဲ့နမူနာတွေကိုကြည့် အတုယူပြီး ကိုယ်ပိုင်ဝါကျတွေ ပြောဖို့ ရေးဖို့ လေ့ကျင့်ဖို့ဖြစ်တယ်။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

05/01/2022

ဝန်ထမ်း အမျိုးမျိုး ရှိပါတယ်။

၁။ #အလုပ်ချိန် ပုံမှန် ဝင်တယ်၊ အလုပ် မပျက်ပါ။ သို့သော် ကိုယ့်အလုပ်ကလွဲရင် ကျန်တာ မကူတတ်ဘူး။ အလုပ် မပြုတ်နိုင်ဘူး။

၂။ #အလုပ်ချိန် နောက်ကျတယ်။ ခဏခဏလည်း အလုပ် ပျက်တယ်။ ကြိုက်တဲ့ အလုပ်ကိုခိုင်း၊ အကုန်လုပ်တယ်။ သို့သော် ကြာလာရင်တော့ အလုပ် ပြုတ်နိုင်တယ်။

၃။ #လစာ တိုးပေးတဲ့အခါမှ လုပ်ပြတယ်။ လစာမတိုးရင် ပညာပြတယ်။ လိုချင်တာရမှ လုပ်တတ်တယ်။ အခွင့်အရေးသမား ဝန်ထမ်း။

၄။ အလုပ်ရှင် ရှေ့မှာ ကြိုးစားပြတယ်။ မမြင်သာတဲ့ အချိန်မှာ ဘာမှ မလုပ်တာ၊ ရှေ့တစ်မျိုး နောက်တစ်မျိုး ဟန်ပြ သရုပ်ဆောင် တတ်တာ #လူပါးဝ ဝန်ထမ်း။

၅။ လစာလည်း တိုးမတောင်းဘူး။ အလုပ်လည်း မကြိုးစားဘူး။ ဘာမှလည်း မပြောဘူး။ #ဝန်ထမ်း ငပျင်း။

၆။ သူများ ကြိုးစားနေတာကိုလည်း မနာလိုဘူး။ ကိုယ်ကိုယ်တိုင်းလည်း မလုပ်နိုင်ဘူး။ ဟိုလူကို အတင်းပြော ၊ ဒီလူကို အတင်းပြော၊ ကြားကနေ ရန်တိုက်ပေးနေတာ၊ #ဝန်းထမ်း ကလိမ်ကကျစ်။

၇။ အလုပ်ရှင် အားနည်းချက်ကို အမြဲချောင်းနေတတ်ပြီး၊ အခွင့်အရေး ပေါ်တာနဲ့ တစ်ခုမကျန် ကိုယ့်ဘက်ကိုပဲ အမြဲယက်၊ ငါ အဆင်ပြေဖို့ အဓိက၊ မင်း ဘာပဲဖြစ်ဖြစ်၊ ငါ မရှိရင်၊ မင်း ဒုက္ခရောက်မယ်၊ အမြဲ ကြံနေတတ်တဲ့ #လူယုတ်မာ ဝန်ထမ်း။

၈။ အခြေခံကနေ အလုပ်ဝင်လာတယ်၊ တတ်သွားတဲ့အခါ ဆရာ အထာ ကိုင်တယ်။ အခွင့်အရေးတောင်းတယ်၊ မပေးနိုင်ရင် ရန်လုပ်ပြီး အလုပ် ထွက်တယ်။ ငယ်မွေးခြံပေါက် #ကျေးဇူးကန်း ဝန်ထမ်း။

၉။ တစ်ခြား အလုပ်က ဒီအလုပ်ထက် ပိုကောင်းတယ်။ ဟိုဘက်က အခွင့်အရေး ပိုရတယ်။ လစာပိုကောင်းတယ် ဆိုပြီး၊ ခနဲ့ သလိုလို၊ ရွဲ့ သလိုလို အလုပ် ပြောင်းခွင့်တောင်းတယ်။ ဟိုဘက်က အဆင်မပြေလာတဲ့အခါ မျက်နှာငယ်လေးနဲ့ အလုပ် ပြန်ခန့်ခွင့်တောင်းတာ #အရှက်မရှိတဲ့ ဝန်ထမ်း။

၁၀။ ဆရာကို ဖားတယ်၊ အောက်ကို ဖိတယ်။
ကိုယ်တိုင်း ကလည်း၊ ဆရာ ခိုင်းရင် ဘာပဲလုပ်ရလုပ်ရ ကျန်တဲ့ကောင်တွေကို ဂရုမစိုက်တတ်တာ #ဖိနပ်တိုက် ဖားဝန်ထမ်း။

၁၁။ ခိုင်းစရာမလို၊ အလိုက်သိတယ်။ သာသည်နာသည် မတွက်။ အလုပ်မှန်သမျှ မိမိနဲ့ဆိုင်သည်ဟု အကုန် လုပ်တတ်တာ #လိမ္မာတဲ့ ဝန်ထမ်း။

၁၂။ စေတနာပါတယ်။ ကြိုးစားတယ်။ အပြန်အလှန် လေးစားမှု နားလည်တယ်။ လေ့လာသင်ယူမှု အသစ်ကို အမြဲရှာတယ် အလိုက်သိတယ်။ မှတ်ဥာဏ် ကောင်းတယ်။ မာန မရှိဘူး။ ကိုယ်ချင်းစာတရား ရှိတယ်။ အနာဂတ် အတွက် တော်တဲ့ #ခေါင်းဆောင်ကောင်း ဝန်ထမ်း။

(လုပ်ငန်းရှင်များနဲ့ တစ်ချိန်မှာ လုပ်ငန်းရှင်ဖြစ်လိုသူများ အတွက် တန်ဖိုးရှိတဲ့ ဖော်ပြချက်လေးတွေဖြစ်ပါတယ်)

Crd - အလုပ်အကိုင်ရှာဖွေရေး page တစ်ခုမှကူးယူဖော်ပြသည်။

နှစ်သစ်မှာ ပြည်သူအပေါင်းလိုချင်တဲ့ လိုအပ်နေတဲ့ အရာများပြည့်စုံဖို့ မျှော်လင့်ရင်း၊ ကြိုးစားရင်း ရှေ့ဆက်လျက်
25/12/2021

နှစ်သစ်မှာ ပြည်သူအပေါင်းလိုချင်တဲ့
လိုအပ်နေတဲ့ အရာများ
ပြည့်စုံဖို့ မျှော်လင့်ရင်း၊ ကြိုးစားရင်း
ရှေ့ဆက်လျက်

စဉ်းစားမိသမျှMarketing/ Service မှာ customer က king 👑ပဲ။ဟုတ်တယ်။ ဒါပေမယ့်  မှာ money က king 👑.  မှာ stakeholders က king ...
05/11/2021

စဉ်းစားမိသမျှ

Marketing/ Service မှာ customer က king 👑ပဲ။
ဟုတ်တယ်။ ဒါပေမယ့်

မှာ money က king 👑.
မှာ stakeholders က king 👑.
မှာ SOP, Procedure က king 👑.
စသဖြင့်

ဘာမှမသိခင်က သင့်သလို လုပ်ဆောင်လှုပ်ရှားသွားနိုင်ပေမယ့် သိတာများလေ လမ်းတွေများလေပါ။ ဒီလိုကနေ မှားနိုင်လေ၊ ဝေဝါးလေ ဖြစ်လာစရာရှိသလို တစ်ဖက်ကလဲ အမှန်ကိုပိုမြင်နိုင်‌စေပါတယ်။ အမြော်အမြင်ဆိုတာ ပိုတွေးနိုင်သူအတွက်ပဲလေ။

နဲနဲပဲ သိတဲ့သူက သူသိသမျှနဲ့ အတင်း အငြင်းသန်နိုင်ကြပေမယ့် များများသိတဲ့ ပညာရှိများ နှုတ်ဆိတ်လာကြခြင်းက ဘယ်ဘက်ကကြည့်ကြည့် မှန်တာကို သိနေကြလို့ပါ။

အငြင်းတွေနဲ့ အပြောကိုလျော့ပြီး ကသာ အရေးပါဆုံးဆိုတာ သိဖို့လိုပါတယ်။

.

ဒီစကားကတော့ အတော်များများကြားဖူးသိဖူးပြီးသားပါ။ ခု 21ရာစုကတော့ ပြောင်းသွားပါတယ်။

တဲ့။

များများလေ့လာ သင်ယူ ကျက်မှတ် တီထွင်ကြမှ ခေတ်နဲ့အမှီလိုက်နိုင်မှာပါ။ ခေတ်ရှေ့မပြေးချင်နေဦး၊ နောက်က တရွတ်တိုက်လိုက် နေလို့ မဖြစ်ပါဘူး။

ဒီမှာလဲ မှားတတ်တာရှိပါတယ်။
ပါ။ အကုန်သိချင်လို့ အကုန် လိုက်လေ့လာ။ အကုန် လျှောက်ပြီး စီးပွားရေးတွေ လက်တည့်စမ်းရင် ဘယ်ဟာမှ မအောင်မြင်ပဲ ဖြစ်တတ်ပါတယ်။ ရေတွင်းတူးတဲ့ ဥပမာလို 10 ပေ 10နေရာတူးတာထက် 1နေရာ ပေ 100 တူးတာက ပိုသေချာဖို့ရှိပါတယ်။

လက်တည့်စမ်းရင်း တည့်သွားရင် အောင်မြင်လိမ့်မပေါ့လို့ စောဒကတက်စရာရှိပါတယ်။ အောင်မြင်လဲ ကံကြောင့် ခဏသာ တည်မြဲဖို့ ရှိတာ ပြောပါရစေ။ ဘယ်နေရာ ရေရှိလဲဆိုတာ တိုင်းတာတဲ့ နည်းလဲသိမယ်။ လုံ့လောက်တဲ့ ဝီရိယလဲ ထားမယ်။ ကံလဲ လိုက်ရင်တော့ အောင်မြင်ဖို့မုချပါ။

ရှေ့ဆက်အောင်မြင်ဖို့ဆိုရင်တော့ ဒီနေ့ခေတ်ရဲ့
နည်းပညာ ( )
မိတ်ဆွေ ( )
သတင်းအချက်အလက် ( )
သုတေသန နဲ့ ဖွံ့ဖြိုးရေး ( and )
ဉာဏ်ပညာ (Wisdom from skills, , )
လေ့လာသင့်ယူမှု ( and )
စီမံမှုနှင့် ခေါင်းဆောင်မှာ ( , , )
စတာတွေ လိုပါတယ်။ မကုန်သေးပါဘူး။

အောင်မြင်အောင် လုပ်ဖို့ မလွယ်ပါဘူး။ အောင်မြင်မှုကို ထိန်းသိမ်းထားဖို့က ပိုမလွယ်ပါဘူး။

တွေ ပြောတာတွေက မှန်တာလဲရှိတယ်။ မှားတာတွေလဲ ရှိပါတယ်။ အဲ့လိုပဲ တချို့ #ဆရာဆရာမတွေ သင်ကြားမှုမှာလဲ ဝမ်းစာမပြည့်ရင် အမှားတွေ သင်မိတာတွေ ရှိတာလဲ သတိချပ်သင့်ပါတယ်။

ကံ၊ဉာဏ်၊ ဝီရိယကို အားကိုးသင့်ပေမယ့် အစွန်းမထွက်ဖို့လဲ လိုအပ်ပါကြောင်း

စေတနာဖြင့်

Thet Aung

Consistency ရှိဖို့£££££££££££££တစ်ရက်တည်း gym ဆော့ရင်ဘာမှ မထူးလာပေမယ့် နေ့တိုင်း gym ဆော့ရင်တော့ အချိန်အတိုင်းအတာတစ်ခုမ...
17/10/2021

Consistency ရှိဖို့
£££££££££££££

တစ်ရက်တည်း gym ဆော့ရင်ဘာမှ မထူးလာပေ
မယ့် နေ့တိုင်း gym ဆော့ရင်တော့ အချိန်အတိုင်းအတာတစ်ခုမှာ ကိုယ့်ခန္ဓာကိုယ် သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရပါ လိမ့်မယ်။

အကျင့်တစ်ခုမွေးမြူဖို့အတွက်ဆိုရင် အနည်းဆုံး 21 ရက်ကြာပါတယ်။ ကောင်းမွန်တဲ့အကျင့်ကို တည်ဆောက်နေရင်း အကျင့် မစွဲမြဲခင် ဒုံရင်း ပြန်ရောက်သွားတတ်ပါတယ်။

တော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာတွေကလည်း consistency မရှိလို့ ဖြစ်နေတာတွေများပါတယ်။ တပွဲထိုး အတင်းကာရော ကြိုးစားပြီး မရပါဘူး ညီးတတ်ကြပါတယ်။ ခုရေတွင်းတူး ခုရေကြည် သောက်မရပါ။ လဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ် စတဲ့ ဆိုရိုးစကားများလဲ ရှိပါတယ်။

▪️လူတော်များများက consistency ထားရှိရာမှာ ဘာလို့အခက်အခဲတွေနဲ့ တွေ့ကြုံရ တတ်လည်း ဆိုတာက အောက်က အချက်တွေကြောင့် ဘဲဖြစ်ပါတယ်။

✔Lack of patience - တစ်ခုခုကို စိတ်ရှည်လက်ရှည်လုပ်တတ်တဲ့အကျင့် မရှိခြင်း။
✔Desire for Instant Results - ချက်ချင်းဆိုသလို ရလဒ်မြန်မြန် ရလိုခြင်း။
✔Lack of focus - အရာတစ်ခုခုပေါ် ရေရှည် အာရုံစူးစိုက်မှု အားနည်းခြင်း။

▪️ဒါဆို ဒီအခက်အခဲတွေကို ဘယ်လို ဖြတ်ကျော်နိုင်အောင် ဘယ်လိုလုပ်မလဲ?

➡Start small

ပြောင်းလဲမယ်လို့ကြံပြီး ပထမအဆင့်မှာတင် ကြီးကြီးကျယ်ကျယ်တွေကို စလုပ်မယ်ဆိုရင် အဲ့ဒီ load နဲ့ ဆက်လုပ်ဖို့တော်တော်ခက်ခဲ နိုင်ပါတယ်။ ဒါ့ကြောင့် အသေးအမွှား ကိစ္စ တစ်ခုခုကစလုပ်ပါ။ အဲ့ဒီ အသေးအမွှားလေး ကိုဘဲ consistent ဖြစ်အောင်စကြိုးစားပါ။ အစကောင်းမှ အနှောင်းသေချာမှာပါ။

➡Make a plan

Plan တစ်ခုထားရှိခြင်းအားဖြင့် ကိုယ်လုပ် နေတဲ့အရာပေါ်မှာ focus အပြည့်ထားဖြစ် ပါလိမ့်မယ်။ ကိုယ်တကယ်လိုက်လုပ်နိုင်တဲ့ plan မျိုးတော့ဖြစ်နေဖို့လိုပါတယ်နော်။ plan ကသပ်သပ် လုပ်တာက တခြားဆိုလဲ မဖြစ်ပါဘူး။

➡Give yourself rewards

ဥပမာ ကိုယ်ချမှတ်ထားတဲ့ goal တစ်ခုကို 7 ရက်တိတိ ဆက်တိုက်လုပ်နိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် စားချင်တာ ဝယ်ကျွေးတာမျိုး လုပ်မယ်ဆိုရင် ပျော်ပျော် နဲ့ consistent ဖြစ်အောင်ကြိုးစားယူနိုင် ပါတယ်။ self rewarding လုပ်ပြီး intrinsic motivation ယူတာပါ။

ဒီတော့ 6လ ဖြစ်ဖြစ် 1 နှစ်ဖြစ်ဖြစ် ကာလတစ်ခုသတ်မှတ်ပြီး အဲ့ကာလအတွင်း အရာတခုခု အပေါ် အသေအချာလုပ်ပြီးတော့ consistent ဖြစ်အောင် ကြိုးစားနေရင် အိပ်မက်တွေ လက်တွေ့ဖြစ်လာပါလိမ့်မယ် ...... လို့

Credited

Thet Aung

ကန်တော့ကြတဲ့အခါ... # # #№№ # # # # # #№ကန်တော့ခံရတဲ့အခါ စဉ်းစားမိလာတာက လူဆိုတဲ့ personal ကိုခင်လို့လား? လေးစားလို့ respe...
15/10/2021

ကန်တော့ကြတဲ့အခါ...
# # #№№ # # # # # #№

ကန်တော့ခံရတဲ့အခါ စဉ်းစားမိလာတာက လူဆိုတဲ့ personal ကိုခင်လို့လား? လေးစားလို့ respect ကြောင့်လား? ဓလေ့ထုံးစံ tradition/ culture မို့ပဲ ကန်တော့တာလား ပြန်စဉ်းစားလာမိတယ်။

အဲ့လိုပဲ တပည့်တွေကရော ကန်တော့လိုက်တာနဲ့ တာဝန်ကျေသွားပြီလား? ပြည့်စုံသွားလား ပြန်ဆန်းစစ်မိတယ်။ တချို့က ပညာရပ်မှာ ထူးချွန်လာတယ်၊ တချို့က အောင်မြင်လာတယ်၊ တချို့က ခုထိ ဒုံရင်းပဲ။ ဒါဆို ဘာလိုအပ်နေလဲ စဉ်းစားပေးပြီးဘယ်လိုလုပ်သင့်တယ် ဩဝါဒပေးမိတယ်။ ထူးချွန် အောင်မြင်နေလဲ အောက်ခြေမလွတ်သွားစေဖို့၊ တဖက်ပိတ် မဖြစ်စေဖို့ ပြောပြ ဆုံးမပေးလိုက်တယ်။

ဒါဆို ကိုယ်တိုင်ကရော?
ကန်တော့ခံ‌လောက်တဲ့ သီလ၊ သမာဓိ၊ ပညာ၊ သိက်ခါ စတာတွေ ပြည့်စုံရဲ့လား၊ ဘာလိုအပ်နေလဲ စဉ်းစားတယ်။ လိုတာတွေ ဖြည့်ဖို့ ကိုယ့်ကိုယ်ကို ဆုံးမတယ်။ မလိမ် မညာ၊ အထင်မကြီးမသေးပဲ ဆန်းစစ်ရပါတယ်။ ကန်တော့ခံလောက်တဲ့ အရေအချင်းမရှိပဲ‌နဲ့ ခပ်တည်တည် ကန်တော့ မခံကြပါနဲ့။ တပည့်တွေကလဲ ဓလေ့မို့ ကန်တော့တာပေမယ့် ဘယ်ဆရာ ဘယ်လိုဆိုတာ သိကြပါတယ်။

နောက်ဆုံးကတော့ ကန်တော့ပစစည်းပါ။
တပည့်အတွက် အရမ်းခက်ခဲစေနေလား၊ သူ့ဝန် (သူ့အခြေအနေနဲ့ ဟန် (အဆင်မှပြေ)ရဲ့လား။ ကိုယ်က ဘာပြန်ပေးလို့ရလဲ ပြန်ကြည့်ဖြစ်ပါတယ်။ သူ့စေတနာပဲဆိုပီး ပေးတိုင်းယူလို့ မဖြစ်ပါဘူး။ ငြင်းရမယ်မဆိုလိုပါဘူး။ အရမ်းတန်ဖိုးများရင် မုန့်ဖိုးပြန်ပေးတာမျိုးကို ဆိုလိုတာပါ။ တစ်ခုခုပြန်စီစဉ်တာမျိုးပါ။
နောက်တစ်ခုက ကန်တော့တာက လာဘ်ထိုးတာလား၊ လိုတာရှိလို့ ပေးတာမျိုးလား၊ အဂတိ4ပါး ကင်းရဲ့လား စိစစ်ရပါသေးတယ်။

ကန်တော့ခံကြ ကန်တော့ကြတာက အင်မတန် ဝမ်းသာပီတိဖြစ်ရပြီး လှပတဲ့ ဓလေ့ဆိုပေမယ့် အကျည်းတန်စေနိုင်တာလဲ ရှိနေတာမို့ သတိပြုနိုင်ကြပါစေ....

Thet Aung

05/10/2021

* ဆရာများနေ့သို့ ဦးညွှတ်လျှက် *

ဒီနေ့ဟာ နိုင်ငံတကာ ဆရာများနေ့ ဖြစ်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း မျှဝေသူတစ်ယောက်ဖြစ်လို့ ဆရာနဲ့ပါတ်သက်ပြီး နဲနဲရေးပါရစေ။

ပထမဆုံး ဆရာဆိုတဲ့ ဝေါဟာရပါ၊ ကြားဖူးထားတဲ့အတိုင်း ပြောရယင် ဆရာဆိုတာ အတတ်ပညာ အသိပညာတစ်ခုခု သင်ပေးသူပေါ့၊

မူယင်း ဝေါဟာရ ဆာယာ ကနေ ပြောင်းလာတယ်၊ တပည့်များနားခိုန်ိုင်ရန် အေးမြသောအရိပ် ဖန်တီးပေးနိုင်သူတဲ့။ ထပ်ပြီး ဝိတ္တာချဲ့ရယင် ဆ=စဉ်းစားနှိုင်းဆခြင်း၊ ရာ=အဖိုးသားနား အကဲဖြတ်ခြင်း တဲ့၊

ဒါ့ကြောင့်လဲ သင်္ဂဇာဆရာတော်ကြီးက "အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ "လို့ စပ်ဆိုခဲ့တာဘဲ၊ ကျင့်ဝတ်တစ်ခုချင်းစီ ရှင်းမပြတော့ဘူး သေချာစွာ တွေးကြည့်ပေတော့။

ဒီနေရာမှာ ဆရာ ၅ မျိုးရှိတာလဲ မမေ့စေချင်ပါ၊
၁၊ ပဗ္ဗဇ္ဇာစရိယ =ဥပဇ္စျယ်ဆရာ။
၂၊ သပသမ္ဗဒါစရိယ=ကံဆောင်ပေးသောဆရာ။
၃၊ နဿယာစရိယ=နိဿရည်းပေးသောဆရာ။
၄၊ ဥဒ္ဒေသာစရိယ= စာသင်ပေးသောဆရာ။
၅၊ သြဝါဒါစရိယ=ဆိုဆုံးမပေးသောဆရာ တဲ့။

ပြောချင်တာက လောကီအတွက်ရော လောကုတ္တရာအတွက်ပါ အကျိုးပြုသူများလို့ပြောချင်တာပါ။ အကျိုးအပြုဆုံး ဆရာကတော့ အားလုံးသိပြီးသား တုနှိုင်းဖွယ်မရှိသော ဗုဒ္ဓမြတ်စွာပေါ့။

ကျနော်တို့တတွေ အသိတရား မရှိတရှိ အချိန်ကတည်းက အစစ အရာရာ အနစ်နာခံသင်ပေးခဲ့တဲ့ လက်ဦးဆရာကတော့ မိဘ ပေါ့။

နဲနဲစပြီးသိတတ်တော့ မိဘရင်ခွင်ကနေ ပြောင်းလဲခိုဝင်လိုက်တဲ့ ရင်ခွင်သစ်ကတော့ စာသင်ယင်း အလုံးစုံ သွန်သင်ပေးခဲ့တဲ့ ဆရာပေါ့။

အရွယ်အတော်ရလာတော့မှ လောကီအပြင် သံသရာအတွက်ပါ ဆိုဆုံးမ သင်ကြားလေ့ကျင့်ပေးသူများကတော့ ဆရာတော်များလေ။

ဆရာဆိုတာ " ရှေးရှုမေတ္တာ ကရုဏာနှင့်၊ နာနာကျင်ကျင် အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော့" လို့ မာဃဒေဝလင်္ကာမှာ ဆိုထားပြန်ပါတယ်။

ကျနော်တို့ ဖြတ်သန်းကျင်လည်လာခဲ့တဲ့ သက်တမ်းအတွင်း တခါတရံမှာ ကိုယ့်စိတ်ဆန္ဒနဲ့ မကိုက်ညီလို့ စေတနာမပါသော်လည်း စိတ်ထဲကပြန်ပြောမိတာလေးတွေ၊ ပါးစပ်က စောဒကတက်ခဲ့မိတာလေးတွေလောက်တော့ ရှိခဲ့ကြမလားဘဲ။

ကိုယ်က ဘာကောင်မှမဟုတ်သေးတော့ စေတနာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ "ကျောက်ခဲရေချ "ပမာ အပြစ်တွေ ရှိနိုင်ကြပါတယ်။

ဒါ့ကြောင့် ဒီနေ့ဆရာများနေ့ဆိုတော့ အဲလိုလေးတွေတွေးမိပြီး အခုလို ကန်တော့ယင်း ဘဝမှာ ကြုံဆုံခဲ့သမျှသော လက်ဦးဆရာဖြစ်သောမိဘ ၂ ပါး၊ ကန့်ကူလက်လှည့် ပမာ သင်ဆရာ မြင်ဆရာ ကြားဆရာ နဲ့ လောကုတ္တရာ ဆရာများလုံးကို မာန်စွယ်ကျိုး ဦးချကန်တော့လိုက်ပါသည်၊

" စေတနာမဲ့ ဆိုမိနှုတ်လွန် ပြောမိလျှင်လည်း လွန်ပြီးတစ်ခါ ရိုသေစွာဖြင့် စိတ်ကျန်းမာန်လျော့ ကျွန်ကန်တော့သည် သည်းခံခွင့်လွှတ်ပေးပါလော့ "
အပြစ်ရှိခဲ့ယင် သည်းခံခွင့်လွှတ်ပေးတော်မူကြပါ ဆရာအပေါင်းတို့ခင်ဗျား။

ကာယစိတ္တံ သုခါဝဟံ ( ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ )

ကိုဗစ်ကပ်ဘေးမှလည်း ချမ်းသာစွာ လွန်မြောက်ကျော်လွှားနိုင်ကြပါစေ

Credit to ဆရာပေါက်ပေါက်

03/10/2021

ပညာဟူသည် အမြီး
*******************

ပညာဟူသည် မိမိပိုင်ဆိုင်‌‌သော တတ်သိ လိမ်မာကျွမ်းကျင်ရာဖြစ်ပါသဖြင့် အကျိုးရှိရာနေရာမှာ ကောင်းစွာ အသုံးချနိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ ပညာကို အမြီးနဲ့ နှိုင်းယှဉ် ဥပမာ ပေးပါရစေ။

မြန်မာစကားတွင် “ခွေးမြီးကောက် ကျည်တောက်စွပ်” ဆိုသည့် စကားလည်းရှိသည်။

ခွေးမြီးကို ကြည့်လိုက်လျှင် ကောက်ကောက်လေးနှင့် ထောင်နေတတ်သည်။ ထိုသို့ ကောက်ထောင်ရင်းက ခွေးတွေမှာ ကိုယ့်အရှက် ကိုယ်ဖုံးရကောင်းမှန်းမသိ -ဟောင်းလောင်း ဖြစ်နေကြရသည်။

ထိုအကြောင်းနှင့် ပတ်သက်ပြီး အမတ်ကြီးဦးပေါ်ဦးကိုလည်း သတိရမိသည်။
တစ်နေ့တွင် ဘိုးတော်မင်းတရားကြီးက ပေါ်ဦးကို မိန့်တော်မူလေသည်

“ဟဲ့ ပေါ်ဦး”

“ဘုရား”

“မိုးတားစား အမတ်ကြီးက ပညာဂုဏ်ထ … သူ့မာန်စွယ်ကို ထုတ်ပြလွန်းတယ်ထင်ရသကွယ်”

“မှန်လှပါ … မိုးတားစားကား ပညာတည်းဟူသော အမြီးထောင်နေခြင်းဖြစ်ပါတယ်ဘုရား … သူထောင်နေသော အမြီးမှာ ရိုးရိုးအမြီးမဟုတ် ခွေးမြီးဖြစ်ကြောင်းပါ”

“အလို ပေါ်ဦးရယ် ဘာကြောင့်များ မိုးတားစားကို ခွေးမြီးနဲ့ နှိုင်းရသလဲ … ရှင်းစမ်း”

“တိရစ္ဆာန်တွေထဲမှာ တန်ဖိုးမဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ဖော်၊ မသူတော်ခွေးနဲ့ နှိုင်းရတာ အကြောင်းမဲ့ မဟုတ်ပါဘုရား”

“ရှင်းစမ်း”

“ဆင် မြင်း နွား ခြင်္သေ့ တို့မှပေါက်သော အမြီးသည် မှက် ခြင် ယင်တို့ကိုခြောက်ရပါတယ်ဘုရား။ ထို့ပြင် မိမိ ဒွါရပေါက်နှင့် အင်္ဂါစပ်တို့ကိုလည်း ဖုံးလွှမ်းထားပါတယ်ဘုရား”

“အေးလေ”

“ခွေးမျိုးတွေကတော့ အမြီးသာပေါက်တယ် တယ်ထောင်တာကိုးဘုရား … သူတို့ထောင်တာက အရေး မကြီးဘူး -င် ဟောင်းလောင်း ဖြစ်လို့ဖြစ်မှန်းမသိ အရှက်တယ်နည်းကြသကိုးဘုရား … အမြီးရှိပြီး ဘယ်အန္တရာယ်ကိုမှလည်း မကာကွယ်နိုင်တဲ့အပြင် ကိုယ့်အရှက်တောင် ကိုယ်လုံအောင်မဖုံးနိုင်တဲ့ ခွေးတွေလိုပဲ မိုးတားစားဟာ ပညာမာန်မြီးကိုထောင်ထောင်ပြီးပြနေတာကြောင့် ပညာရှိတို့အတွက်တော့ ရယ်ဖွယ်သာဖြစ်ကြောင်းပါဘုရား”

ဦးပေါ်ဦး၏ ချက်ကျသော လျှောက်ထားချက်ကြောင့် မင်းတရားကြီးနှင့်တကွ ပရိသတ်အပေါင်း ရယ်ကြသည်။

ခေတ်သစ်တွင်လည်း မာန်မြီးတထောင်ထောင်နှင့် မာန်စွယ်ပြကာ ဟောင်နေကြသော - ဟောင်းလောင်း သတ္တဝါတွေကား ပေါများလှပါဘိတော့သည်။

တင်ညွန့်
၃.၁၀.၂၀၂၁

ပညာတည်းဟူသော အမြီးကိုသင့်ရာမှာ အသုံးပြုရင် အကျိုးရှိပြီး အလကား ပညာသာ ပြပြီး အသုံးမချတတ်ရင် ဟောင်းလောင်းသာ ဖြစ်တတ်ပါကြောင်း။။

Thet Aung

 #အလှူဒါနပြုရင်းပညာရှာဖို့ စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူများကို ကူညီရန် ယခုသင်တန်းကို စီစဉ်ခြင်းဖြစ်ပါတယ်။ ကိုယ်တိုင်လ...
31/03/2021

#အလှူဒါနပြုရင်းပညာရှာဖို့


စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူများကို ကူညီရန် ယခုသင်တန်းကို စီစဉ်ခြင်းဖြစ်ပါတယ်။ ကိုယ်တိုင်လှူထားရင် free တက်ပါ။ မလှူရသေးရင် ပူးပေါင်း လှူကြရအောင်ပါ။

🌟 🌟
ဘဝအတွက်အရေးပါတဲ့ ပညာရပ် 3 ခုကို တစ်ပြိုင်တည်း တစ်သက်တာ လေ့လာခွင့်ရဖို့ အချိန်မှီတက်ထားပါ။

💪တစ်သက်တာ လေ့လာရမှာပါ။ ပြီးဆုံးတယ် မရှိပါဘူး။ အသစ်အသစ်များ လေ့လာနေရမှာဖြစ်ပါတယ်။ 🦾

👌Certificate လိုချင်ရင်တော့ certificate ရောင်းစားတာမဟုတ်တဲ့အတွက် သက်မှတ်ထားတဲ့ စစ်ဆေးမှုကို ခံယူရမှာဖြစ်ပါတယ်။

💌ဘယ်လို Certificate အတန်းတွေတက်ရောက်လို့ရမှာလဲဆိုရင်တော့

1. MMS
- Management Principle
(စီမံခန့်ခွဲမှုအခြေခံမူများ)
- Marketing Management
(ဈေးကွက်ရရှိတိုးတက်ရန်စီမံခြင်း)
- Sales Management
(အရောင်းတိုးတက်ရန်စီမံခြင်း)

2. MHA
- Management Principle
(စီမံခန့်ခွဲမှုအခြေခံမူများ)
- Human Resource Management
(လူသားအရင်းအမြစ်စီမံခန့်ခွဲခြင်း)
- Administrative Management
(စီမံအုပ်ချုပ်မှု)

3. LPS
- Leadership
(ခေါင်းဆောင်မှာပညာ)
- Personal Development
(မိမိကိုယ်ကိုယ် တိုးတက်အောင် ပျိုးထောင်ခြင်း)
- Softskill Development
(တိုးတက်ဖို့ အရေးပါသော အခြေခံအရည်အချင်းပျိုးထောင်ခြင်း)

4. BEP
- Business English
(စီးပွားရေးဆိုင်ရာ English)
- English 4 skills
(လူတိုင်းအတွက် English)
- Pronunciation
(အသံထွက်မှန်ကန်ဖို့ပြင်ဆင်ခြင်း)

5. PPP
- Public Speaking
(အများရှေ့မှာ ထိရောက်သော စကားပြောနည်း)
- Presentation
(ထိရောက်သော တင်ဆက်ပြသမှု)
- Personal Grooming
(ကိုယ်ရည်ကိုယ်သွေးတောက်ပြောင်ဖို့)

6. Office Use
- Meeting Management
(အစည်းအဝေးများ စီမံခန့်ခွဲမှု)
- Equipment and lay out
(အသုံးအဆောင်ပစည်းများ ခင်းကျင်းထားသိုမှု)
- Mail and Documentations
(Mail ပို့ခြင်းနှင့် စာရွက်စာတမ်းများ စီမံမှု)

ထပ်လာပါဦးမယ်‌နော် ။

💌ဘယ်လိုသင်ကြားပေးမှာလဲ?????

🗣️ကြိုတင်ရိုက်ကူးထားတဲ့ ဆရာ/ဆရာမများရဲ့ဘာသာရပ်လိုက်ဆိုင်ရာ Lecture videoများ/ power point videoများကို Online Class Facebook Private Groupမှတစ်ဆင့် လေ့လာသင်ယူရမှာဖြစ်ပါသည်။

🤳ဖုန်းတစ်လုံး Facebook Account တစ်ခုရှိရုံဖြင့်နေရာမရွေးအချိန်မရွေးစာသင်ကြားလေ့လာနိုင်မှာဖြစ်ပါသည်။

💃နားမလည်သောသင်ခန်းစာများ/သင်ခန်းစာတစ်ခုကိုအကြိမ်ကြိမ်အဖန်ဖန်လေ့ကျင့်သင်ယူလိုသည့်သူများအတွက်ထပ်ခါတလဲလဲကြည့်လို့ရနိုင်ခြင်း။
ကျောင်းသားကျောင်းသူများအားဆရာ/ဆရာမများနှင့်စာဆွေးနွေးနိုင်စေရန် Facebook group များဖွဲ့ပေးခြင်း/ viber group များဖွဲ့ပေးခြင်းစသည့်ဖြင့် နားမလည်သည်များကိုအချင်းချင်းတိုင်ပင်ဆွေးနွေးလို့ရအောင်ပြုလုပ်ပေးထားပါသည်။🕺

✍️🌊 #အထူးသတိပြုရန်
🔐 ယခုpost ကို များများ share ပါ။ ကိုယ်တိုင်လှူထားပြီးကြောင်း သက်သေပြနိုင်ရင် အခမဲ့တက်ပါ။ မလှူရသေးရင် ကျနော်တို့က တဆင့်လှူနိုင်ပါတယ်။

💌သင်တန်းဘယ်လိုအပ်ရမလဲ
👋 course အမည်ကို comment တွင်ရေးပါ။ လှူထားကြောင်းပို့ပါ။ သို့မဟုတ်
🤙 hotline 09 760740246 ကို ခေါ်လိုက်ရုံပါပဲ။

#ပညာဒါန_မြန်မာ
်တန်းများ




တက်နိုင်သော အတန်းများက ပုံပါအတိုင်းပါပဲ။

"They can because they think they can." တဲ့ ... ​အောင်မြင်မှုဟာ ယုံကြည်မှုက​နေ စတင်တယ်! ပန်းတိုင်ကို မ​ရောက်​သေး​ပေမယ့် ...
29/03/2021

"They can because they think they can." တဲ့ ...

​အောင်မြင်မှုဟာ ယုံကြည်မှုက​နေ စတင်တယ်!

ပန်းတိုင်ကို မ​ရောက်​သေး​ပေမယ့် ကိုယ်ဟာတစ်ကယ်​ရောက်​အောင်လုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အပြည့်​အဝယုံကြည်ထားတယ်ဆိုရင် ပန်းတိုင်ကို ၅၀% ​ရောက်​နေပြီးသားပါ။

ကျွန်မတို့ငယ်ငယ်က မတ်တပ်​သေချာမရပ်တတ်ခင် ယိုင်တိယိုင်တိုင်​လေးကတည်းက လူကြီး​တွေက ရပ်နိုင်​ပေ့လို့ ​အော်ပြီးအား​ပေးခဲ့ကြတဲ့အတွက် ကိုယ့်ကိုယ်ကို တကယ်ရပ်နိုင်တယ် ထင်လာတယ်။
ဒီလိုနဲ့ကြိုးစားပြီး ရပ်တယ်။
ဒီလိုနဲ့ အမှန်တကယ် ရပ်နိုင်လာတာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ဆိုရင် ကိုယ်ကျင်လည်​နေတဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်က သိပ်ကိုအ​ရေးကြီးပါတယ်။
​ကြောက်တတ်တဲ့သူ​တွေနဲ့ ဝန်းရံထားရင် ကိုယ်ပါ​ကြောက်တတ်လာမယ်။
ရဲရင့်တဲ့သူ​တွေနဲ့ ဝန်းရံထားရင် ကိုယ်ပါ ရဲရင့်လာမယ်။
​တွေ​ဝေတတ်တဲ့သူ​တွေနဲ့ ဝန်းရံထားရင် ကိုယ်ပါ ​တွေ​ဝေတတ်လာပါတယ်။

အခုအချိန်က လူငယ်​တွေအ​နေနဲ့ လူအင်အား​ရော၊ စိတ်ဓါတ်ခွန်အားနဲ့ပါ အားကြိုးမာန်တက်နဲ့ တိုက်ပွဲဝင်​နေကြတဲ့အချိန် ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ကိုယ့်ရဲ့ပန်းတိုင်ကို ​ဝေဝါး​​အောင်​ပြောတဲ့သူ​တွေ၊ မဖြစ်နိုင်ပါဘူး လို့ ​ပြောတဲ့သူ​တွေ၊ ​ကြောက်တတ်တဲ့သူ​တွေနဲ့ ​ဝေး​​ဝေး​နေပါ။
အတူ​နေ​နေကြတဲ့ မိသားစုထဲမှာ ​ကြောက်တတ်တဲ့သူ​တွေပါ​နေရင်လည်း သူတို့ရဲ့ Energy ကို ကိုယ့်ကိုမကူးစက်​အောင် ​နေပါ။

⚫️ သင်ဟာ လုပ်နိုင်စွမ်းအပြည့်အဝရှိတဲ့သူဖြစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကို ၁၀၀%ယုံကြည်ထားပါ။
⚫️ ကိုယ့်လိုပဲ ယုံကြည်မှုရှိသူ၊ စိတ်ဓါတ်ပြင်းပြသူ၊ strong ဖြစ်တဲ့သူ​တွေနဲ့ အမြဲချိတ်ဆက်ပါ။ အဆက်အသွယ်ပြု​နေပါ။

ကိုယ့်ကိုယ်ကို မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ ထင်လာတဲ့အခါ "They can because they think they can " ဆိုတဲ့စကား​ကို သတိရလိုက်ပါ။

သင်လိုချင်တဲ့ပန်းတိုင်ကို ​သေချာ​ပေါက်ကို ​ရောက်မှာပါ 💪

🌟   🌟ဘဝအတွက်အရေးပါတဲ့ ပညာရပ် 3 ခုကို တစ်ပြိုင်တည်း တစ်သက်တာ လေ့လာခွင့်ရဖို့ အချိန်မှီတက်ထားပါ။🤝မိမိကိုယ်ကို တိုးတက်ဖို့ ...
25/01/2021

🌟 🌟
ဘဝအတွက်အရေးပါတဲ့ ပညာရပ် 3 ခုကို တစ်ပြိုင်တည်း တစ်သက်တာ လေ့လာခွင့်ရဖို့ အချိန်မှီတက်ထားပါ။

🤝မိမိကိုယ်ကို တိုးတက်ဖို့ စိတ်ပါဝင်စားပြီး လိုအပ်ချက်များကို လေ့လာသင်ကြားလိုသူများအတွက် ကျပ် 7500နဲ့ သက်ဆိုင်ရာဘာသာရပ် 3မျိုးကို လေ့လာနိုင်ပါပြီ။🪞🪟

💫စီမံခန့်ခွဲမှုကို စိတ်ဝင်စားပြီး ဘယ်ဘာသာရပ်တွေ လေ့လာရမှန်း မသိသူများ၊

💫လက်ရှိရာထူးမှ နောက်တဆင့်တက်လိုသူများ၊

💫အခြေခံမှ အဆင့်ဆင့်သေချာ တတ်မြောက်လိုသူများအတွက်

💪တစ်သက်တာ လေ့လာရမှာပါ။ ပြီးဆုံးတယ် မရှိပါဘူး။ အသစ်အသစ်များ လေ့လာနေရမှာဖြစ်ပါတယ်။ 🦾

👌Certificate လိုချင်ရင်တော့ certificate ရောင်းစားတာမဟုတ်တဲ့အတွက် သက်မှတ်ထားတဲ့ စစ်ဆေးမှုကို ခံယူရမှာဖြစ်ပါတယ်။

🔋Lincoln University မှ Advanced Certificate လိုချင်ရင်တော့ Registration Fee သွင်းပြီး စစ်ဆေးမှု ခံယူကာ ဘွဲ့နှင်းသဘင်မှာ တက်ရောက်ယူနိုင်ပါသေးတယ်။ 🥇🥇

💌ဘယ်လို Certificate အတန်းတွေတက်ရောက်လို့ရမှာလဲဆိုရင်တော့

1. MMS
- Management Principle
(စီမံခန့်ခွဲမှုအခြေခံမူများ)
- Marketing Management
(ဈေးကွက်ရရှိတိုးတက်ရန်စီမံခြင်း)
- Sales Management
(အရောင်းတိုးတက်ရန်စီမံခြင်း)

2. MHA
- Management Principle
(စီမံခန့်ခွဲမှုအခြေခံမူများ)
- Human Resource Management
(လူသားအရင်းအမြစ်စီမံခန့်ခွဲခြင်း)
- Administrative Management
(စီမံအုပ်ချုပ်မှု)

3. FVC
- FB marketing
(Facebook ကိုအသုံးပြု၍ ဈေးကွက်ရယူခြင်း)
- Video editing
(Video များပြင်ဆင်တည်းဖြတ်ခြင်း)
- Content Writing
(Post ကောင်းများဖန်တီးခြင်း)

4. LPS
- Leadership
(ခေါင်းဆောင်မှာပညာ)
- Personal Development
(မိမိကိုယ်ကိုယ် တိုးတက်အောင် ပျိုးထောင်ခြင်း)
- Softskill Development
(တိုးတက်ဖို့ အရေးပါသော အခြေခံအရည်အချင်းပျိုးထောင်ခြင်း)

5. BEP
- Business English
(စီးပွားရေးဆိုင်ရာ English)
- English 4 skills
(လူတိုင်းအတွက် English)
- Pronunciation
(အသံထွက်မှန်ကန်ဖို့ပြင်ဆင်ခြင်း)

6. PPP
- Public Speaking
(အများရှေ့မှာ ထိရောက်သော စကားပြောနည်း)
- Presentation
(ထိရောက်သော တင်ဆက်ပြသမှု)
- Personal Grooming
(ကိုယ်ရည်ကိုယ်သွေးတောက်ပြောင်ဖို့)

7. Computer
- Microsoft word
(အခြေခံစာစီစာရိုက်)
- Microsoft Excel
(စာရင်းဇယားများ)
- Microsoft PowerPoint
(ရုံးသုံး၊ အစည်းအဝေးသုံး တင်ဆက်ပြသမှု)

8. Office Use
- Meeting Management
(အစည်းအဝေးများ စီမံခန့်ခွဲမှု)
- Equipment and lay out
(အသုံးအဆောင်ပစည်းများ ခင်းကျင်းထားသိုမှု)
- Mail and Documentations
(Mail ပို့ခြင်းနှင့် စာရွက်စာတမ်းများ စီမံမှု)

ထပ်လာပါဦးမယ်‌နော် ။

📱အိမ်မှာဖုန်းသုံးပြီး တစ်ခါသုံးမုန့်ဖိုးလေးနဲ့ အကျိုးရှိစေမယ့် Certificateအတန်းများကိုတက်လိုက်ပါ။

💌ဘယ်လိုသင်ကြားပေးမှာလဲ?????

🗣️ကြိုတင်ရိုက်ကူးထားတဲ့ ဆရာ/ဆရာမများရဲ့ဘာသာရပ်လိုက်ဆိုင်ရာ Lecture videoများ/ power point videoများကို Online Class Facebook Private Groupမှတစ်ဆင့် လေ့လာသင်ယူရမှာဖြစ်ပါသည်။

🤳ဖုန်းတစ်လုံး Facebook Account တစ်ခုရှိရုံဖြင့်နေရာမရွေးအချိန်မရွေးစာသင်ကြားလေ့လာနိုင်မှာဖြစ်ပါသည်။

💃နားမလည်သောသင်ခန်းစာများ/သင်ခန်းစာတစ်ခုကိုအကြိမ်ကြိမ်အဖန်ဖန်လေ့ကျင့်သင်ယူလိုသည့်သူများအတွက်ထပ်ခါတလဲလဲကြည့်လို့ရနိုင်ခြင်း။
ကျောင်းသားကျောင်းသူများအားဆရာ/ဆရာမများနှင့်စာဆွေးနွေးနိုင်စေရန် Facebook group များဖွဲ့ပေးခြင်း/ viber group များဖွဲ့ပေးခြင်းစသည့်ဖြင့် နားမလည်သည်များကိုအချင်းချင်းတိုင်ပင်ဆွေးနွေးလို့ရအောင်ပြုလုပ်ပေးထားပါသည်။🕺

🤼ဒါကြောင့် ငွေ တစ်သောင်းခွဲထဲနဲ့ online class ကနေအချိန်ကုန် ငွေကုန်သက်သာစွာ ရယူလိုက်ပါ။

✍️🌊 #အထူးသတိပြုရန်
🔐 သူငယ်ချင်း 3ယောက်နဲ့ group 3 ခုမှ ဒီ Postကို Like & Share ပြုလုပ်ပြီး Screenshots ပြန်မန့်တဲ့သူများအတွက် သင်တန်းကြေးတစ်ဝက်တိတိလျော့ပေးပါသည်။)❤️❤️❤️

-👉ဒါဆို Like & Share ပြုလုပ်သူတွေအတွက်
သင်တန်းကြေးက 7,500 လေးပဲ လေ....💚

💌သင်တန်းဘယ်လိုအပ်ရမလဲ
👋 Page chat box ကိုလာ Hi လိုက်ပါ။ course အမည်ကို comment တွင်ရေးပါ။ သို့မဟုတ်
🤙 hotline 09 760740246 ကို ခေါ်လိုက်ရုံပါပဲ။

#ပညာဒါန_မြန်မာ
်တန်းများ


Address

ASMI. . .
Mandalay

Alerts

Be the first to know and let us send you an email when ပညာဒါန - မြန်မာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share