AK Offset Printing & Handmade Invitation Card

AK Offset Printing & Handmade Invitation Card offset, computer graphic, plastic lamination
wedding & invitation cards, present fan

စောင်ရေ 20000 အမှာလေး🤩
01/05/2026

စောင်ရေ 20000 အမှာလေး🤩

ခုထိ အကြိုက်များဆဲ ၁၂:၃ခေါက် 🤩
29/04/2026

ခုထိ အကြိုက်များဆဲ ၁၂:၃ခေါက် 🤩

၁၆: မင်္ဂလာကတ်အမှာလေးများ🤩
27/04/2026

၁၆: မင်္ဂလာကတ်အမှာလေးများ🤩

25/04/2026

🤩

မင်္ဂလာအပါး🤩
24/04/2026

မင်္ဂလာအပါး🤩

အလှူlegal အမှာလေးများ🤩
23/04/2026

အလှူlegal အမှာလေးများ🤩

အမောပြေလေးတွေ🤍
20/04/2026

အမောပြေလေးတွေ🤍

မင်္ဂလာရှိသောနှစ်သစ်လေးပါ🤩
18/04/2026

မင်္ဂလာရှိသောနှစ်သစ်လေးပါ🤩

🙏
17/04/2026

🙏

အတာအိုး မှ မေတ္တာအိုး ပရိတ်အိုး ဆီသို့~~~~~~~~~~~~~~~~~~~~~သိကြားမင်းကို အတာအိုး ဖြင့်ကြိုသောအလေ့မှာလည်း သင်္ကြန်နှင့်တသ...
10/04/2026

အတာအိုး မှ
မေတ္တာအိုး ပရိတ်အိုး ဆီသို့
~~~~~~~~~~~~~~~~~~~~~
သိကြားမင်းကို အတာအိုး ဖြင့်ကြိုသောအလေ့မှာလည်း သင်္ကြန်နှင့်တသားထည်းပင်ဖြစ်သည်။
အတာဟူသည် လောကီအလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် အန္တ-အဆုံးဟူသော ပါဠိပုဒ်မှ အတာ ဖြစ်လာသည်ဟုလည်း ကြံဆကြပါတယ်။ ယင်းအလိုအားဖြင့် အတာ ဟူသည် နောက်ဆုံးကာလ၊ အကျပိုင်းကာလကို ဆိုလိုပါတယ်။

အတာအိုးဖြင့် ကြိုသည်ဆိုရာ၀ယ် အတာအိုးချည်းမဟုတ်ဘဲ ခုနှစ်နေ့ ခုနှစ်နံပါသော ပန်းများထိုး၍ ကြိုကြပါတယ်။ ထိုပန်းကိုတော့ အတာပန်းလို့ ခေါ်ပါတယ်။

ခုနှစ်နေ့ပန်းများဆိုသည်မှာ
တနင်္ဂနွေ > အ၊ ဣ၊ ဥ။ (အုန်းရွက် ၊ သြဇာရွက်)
တနင်္လာ > က၊ ခ၊ ဂ၊ ဃ၊ င။(ကံကော်ပန်း ၊ ခရေ)
အင်္ဂါ > စ၊ ဆ၊ ဈ၊ ဇ၊ ည။(ဇီးရွက်)
ဗုဒ္ဓဟူး > လ၊ ဝ။(ရွက်လှ ၊ ရေတမာ)
ကြာသပတေး > ပ၊ ဖ၊ ဗ၊ ဘ၊ မ။(မြေဇာ၊ မာလကာရွက်)
သောကြာ > သ၊ ဟ။(သပြေပန်း)
စနေ > တ၊ ထ၊ ဒ၊ ဓ၊ န။(တမာရွက် ၊ ဒန်းပန်း)
စသည်တို့ဖြင့် နာမည်အစရှိသောအပင်တို့မှ ပန်းများ အရွက်များဖြင့် မျက်စိပဒေသာဖြစ်ဖွယ် ထိုးတတ်ကြပါတယ်။

အတာအိုးကို သင်္ကြန်အကြိုနေ့ကထည်းက စထားပြီး နှစ်ဆန်းတစ်ရက်မှာတော့ ပရိတ်ရွတ်ဖတ်သောနေရာသို့ ထိုပန်းအိုးများယူ၍ သဲ၊ ဆန်၊ ရေမန်း၊ အပ်ချည်များထည့်၍ ထားပါတယ် ။
ပရိတ် ရွတ်ပြီးနောက် အတာအိုး အတာပန်း အစား
ပရိတ်အိုး ပရိတ်ပန်းဟု ခေါ်ဝေါ်ကြပါတယ်။ ထိုပန်းများတွက် ခြံစည်းရိုးများ အိမ်အ၀များတွင် ထားခြင်း ပရိတ်ဆန် ပရိတ်သဲများ ဖြူးခြင်းယစည်းချခြင်းဖြင့် မကောင်းသော ဒုက္ခပေးနိုင်သော နာနာဘာ၀များ သရဲ တစ္ဆေများကို၀င်မလာနိုင်အောင် အဟန့်ဖြစ်စေသည်ဟုလည်း အယူရှိကြပါသည်။

"အတာအကြိုပန်းအိုး ထိုးသည်ာအခါ ခုနှစ်နေ့နံပန်းများတင်မကသာသနာ့အလံတော် ရွှေထီး ငွေထီး တံခွန်လုံး အလံ ယပ် တို့ကိုလည်း ထည့်သွင်းကြပါသည်။ပန်းများနွမ်းခြောက်ပါကလည်း လဲလှယ်ပေးနိုင်ပါသည်။

အတာအိုးကို ပြင်ဆင်နေရာချပြီးပါက
ဘုရားရှိခိုး ကန့်တော့ ငါးပါးသီလခံယူပြီး
မေတ္တာသုတ် သုံးကြိမ် ရွတ်ဆိုပူဇော်ပါ ပြီးနောက်
သိကြားမင်းမှ အစပြု၍ ဂြိုလ်ရှစ်ခွင် နတ်မင်းများကို မေတ္တာပို့သပေးပါ။

နတ်တို့သနင်း သိကြားမင်းကြီးသည်
စိတ်၏ ဆင်းရဲခြင်း ကင်းပါစေ။
ကိုယ်၏ ဆင်းရဲခြင်းကင်းပါစေ။
ဘေးရန်ခပ်သိမ်း ကင်းပါစေ။
မိမိကိုယ်ကို မိမိ ချမ်းသာစွာ စောင့်ရှောက်နိုင်ပါစေ။
ပို့သသော မေတ္တာကို ရရှိ၍ ခုနှစ်ရက်သားသမီးများ အပေါ်၌ မုန်းမာန်မျက်ပွား ငါးပါးရန်ဘေး ကင်းဝေးလေအောင် စောင့်ရှောက်၍ ကာကွယ်ပေးပါစေသတည်း ။
စိတ်ကောင်း ဓာတ်ကောင်း ကိန်းအောင်းလာအောင် ဖွင့်နိုး၍ ပေးပါစေသတည်း။
ကြောင့်ကြပူဆာ ဗျာပါဒကင်းစင် ကြည်လင်အေးမြခြင်းသို့ရောက်အောင် ကူညီနိုင်ပါစေသတည်း။

၁။ ဂဠုန်ကိုစီး တနင်္ဂနွေဂြိုလ်စောင့် နတ်မင်းကြီးသည်
စိတ်၏ ဆင်းရဲခြင်း ကင်းပါစေ။
ကိုယ်၏ ဆင်းရဲခြင်းကင်းပါစေ။
ဘေးရန်ခပ်သိမ်း ကင်းပါစေ။
မိမိကိုယ်ကို မိမိ ချမ်းသာစွာ စောင့်ရှောက်နိုင်ပါစေ။
ပို့သသော မေတ္တာကို ရရှိ၍ မိမိတို့ဂြိုလ်ခွင်ဆိုင်ရာ တနင်္ဂနွေ သားသမီးများ အပေါ်၌ မုန်းမာန်မျက်ပွား ငါးပါးရန်ဘေး ကင်းဝေးလေအောင် စောင့်ရှောက်၍ ကာကွယ်ပေးပါစေသတည်း ။
စိတ်ကောင်း ဓာတ်ကောင်း ကိန်းအောင်းလာအောင် ဖွင့်နိုး၍ ပေးပါစေသတည်း။
ကြောင့်ကြပူဆာ ဗျာပါဒကင်းစင် ကြည်လင်အေးမြခြင်းသို့ရောက်အောင် ကူညီနိုင်ပါစေသတည်း။ (*)

၂ ။ ကျားကိုစီး တနင်္လာဂြိုလ်စောင့်
(*)
၃ ။ ခြင်္သေ့ကိုစီး အင်္ဂါဂြိုလ်စောင့်
(*)
၄ ။ ဆင်ကိုစီး ဗုဒ္ဓဟူးဂြိုလ်စောင့်
(*)
၅ ။ နဂါးကိုစီး စနေဂြိုလ်စောင့်
(*)
၆ ။ ကြွက်ကိုစီး ကြာသပတေးဂြိုလ်စောင့်
(*)
၇ ။ ဟိုင်းဆင်ကိုစီး ရာဟုဂြိုလ်စောင့်
(*)
၈ ။ ပူးကိုစီး သောကြာဂြိုလ်စောင့်
နတ်မင်းကြီးသည်
စိတ်၏ ဆင်းရဲခြင်း ကင်းပါစေ။
ကိုယ်၏ ဆင်းရဲခြင်းကင်းပါစေ။
ဘေးရန်ခပ်သိမ်း ကင်းပါစေ။
မိမိကိုယ်ကို မိမိ ချမ်းသာစွာ စောင့်ရှောက်နိုင်ပါစေ။

ပို့သသော မေတ္တာကို ရရှိ၍ မိမိတို့ဂြိုလ်ခွင်ဆိုင်ရာ သောကြာ သားသမီးများ အပေါ်၌ မုန်းမာန်မျက်ပွား ငါးပါးရန်ဘေး ကင်းဝေးလေအောင် စောင့်ရှောက်၍ ကာကွယ်ပေးပါစေသတည်း ။
စိတ်ကောင်း ဓာတ်ကောင်း ကိန်းအောင်းလာအောင် ဖွင့်နိုး၍ ပေးပါစေသတည်း။
ကြောင့်ကြပူဆာ ဗျာပါဒကင်းစင် ကြည်လင်အေးမြခြင်းသို့ရောက်အောင် ကူညီနိုင်ပါစေသတည်း ။

ယနေ့ကမ္ဘာလောကကြီးသည်
လောဘ ဒေါသ မောဟ မာန်မာနတရားတွေ ဖုံးလွှမ်းပြီး" အတ္တတရား " ကြီးမားပြီး ကိုယ့်ဘို့ တစ်ဘို့တည်းသာကြည့်၍ ဘယ်သူသေသေ ငတေ မာပြီးရော ဆိုသည့် အတ္တဝါဒများပြီး မေတ္တာတရား ခေါင်းပါး စိတ်ဓါတ် စာရိတ္တ သီလ ဗြဟ္မာစိုရ်တရား အရာရာ ပျက်ဆီးကာ လောဘ ဒေါသ မောဟ စသောမီးတွေကြောင့် ကမ္ဘာကြီး ပူလောင်လာပြီး ရာသီဥတုတွေ ဖေါက်ပြန်၊ မိုးတွေကြီး ရေတွေလွှမ်း မြေတွေပြို၊ ကောက်ပဲသီးနှံတွေ အထွက်မမှန်၊ ငလျင်တွေလှုပ် တိုက်တာ အဆောက်အဦးတွေပြို လူတွေသေကြေ ပျက်ဆီး၊ စစ်မီးလျံတွေတောက်လောင်၊ အယူဝါဒတွေ အစွန်းရောက်ကာ၊ ခိုး ဆိုး လုယက် လူတွေသတ်နဲ့ ဘယ်မှာကောင်းနိုင်ပါအံ့နည်း ။

တိုင်းပြည် ဘာသာ လူမျိုး ဘယ်လိုပင် ကွဲပြားခြားနာပါစေ အားလုံး,၏ တူညီသောဆန္ဒသည် အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်း မပူမပင် မကြောင့်မကြ နေထိုင်စားသောက် နေလိုခြင်းပင် ဖြစ်လေသည်။

အဲလိုဖြစ်ဖို့ကတော့
တစ်ဦးနဲ့တစ်ဦး၊ တစ်မိသားစုနဲ့တစ်မိသားစု၊ တစ်အိမ်နဲ့တစ်အိမ်၊ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက်၊ တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့နဲ့တစ်မြို့၊ တစ်တိုင်းနဲ့တစ်တိုင်း၊ တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည် ဒေါသမပွား မေတ္တာထား ။

အားကြီးသူက အားငယ်သူ အား ညှာတာ၊ ဂရုဏာ ထား၊ သူများကြီးပွားချမ်းသာတာကို မနာလိုမဖြစ်၊ အဘိဇ္ဈာ မပွား၊ မုဒိတာထား၊ ချစ်ခြင်းလည်း မဖြစ်၊ မုန်းခြင်းလည်း မဖြစ်၊ သူ့သဘောသူ ဆောင်တာဘဲဟု သဘောပေါက်ကာ ဥပေက္ခာတရား မုဒိတာတရား လက်ကိုင်ထား၍ ဗြဟ္မစိုရ်တရား ထွန်းကားလာအောင် ဝိုင်းဝန်းပြုပြင် မေတ္တာတရားပွား မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်း မေတ္တာဓာတ်တွေ ဖုံးလွှမ်း၍ အေးချမ်းအောင် အနည်းက အများဖြစ်အောင် ယခုကစ၍ မေတ္တာပွားကြကာ ယခုကျရောက်သော အတာ သင်္ကြန်ပွဲကို ဒါန သီလ ဘာဝနာတို့ပါ ပေါင်းစပ် ဆင်နွဲရင်း လာမယ့် " ၁၃၈၄ ခု " နှစ်သစ်ကြီးကို ကြိုဆိုကြပါစို့ ။

ကမ္ဘာ့ကပ်ဘေး ကပ်သုံးပါးဘေး မှလွတ်ကင်းအောင် ငါးပါးပဉ္စသီ ခါးမှာ ချည်လျက် မပျက်စောင့်ထိမ်း မွှမ်းထုံ မေတ္တာ ဘာဝနာပါဆင့်ကာ အားထုတ် ကြိုးကုတ်ပါမှ “ယက်သဲ့ကြား ငါးတင် တင်တဲ့ငါး ကြောင်စား”တဲ့ အထဲ မပါကြမှာမို့ သူတော်ကောင်းတရား လက်ကိုင်ထားနိုင်ကြပါစေ ဟု နှစ်သစ်ဆုမွန်ကောင်း ပို့သလိုက်ပါတယ်။

Address

89 Street , Bet 29&30 Street, Mdy
Mandalay

Telephone

+959265475300

Website

Alerts

Be the first to know and let us send you an email when AK Offset Printing & Handmade Invitation Card posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share