09/02/2025
၂၀၀၄ခုနှစ်တုန်းက နာမည်ကြီး မဟာဂန္ဓာရုံကျောင်းတိုက် ထဲမှာ Alpha အနေနဲ့ ကျောင်းဆောင်တစ်ဆောင် လှူတန်းဖြစ်ခဲ့တယ်။
ဖြစ်ပုံကဒီလိုပါ ဆရာတော်ကြီးရဲ့ အခြေပြုပဋ္ဌာန်း တရားတော် တိတ်ခွေ ၁၉ခွေကို အဲဒီခေတ်မှ စသုံးကြတဲ့mp3 လုပ်ဖို့ စခဲ့တာပါ။ အဲဒီအချိန်လောက်မှာဘဲ ဆရာတော်ကြီး ရာပြည့်က စာအုပ်ထွက်တယ်၊ သူဘဝဇာတ်ကြောင်းတွေသူပြုစုခဲ့တဲ့ ကျမ်းတွေစာအုပ်တွေ ဟောတရားတွေ နဲ့ ဆုံးမတာတွေနဲ့ အတူ အမှတ်တရ ပုံရိတ်တွေ သတင်းတွေ ဆောင်းပါးတွေ အမြင်တွေနဲ့ စုံလင်တဲ့ စာအုပ်ပါ။
အဲဒီစာအုပ်တွေ့တော့ Multimedia CD သဘောမျိုး လုပ်ဖို့ အကြံရခဲ့တယ်။ အဲဒီစာအုပ်ထဲကဟာတွေပါမယ်။ ကျမ်းစာအုပ်တွေ အကြာင်းနဲ့ ဆရာတော်ကြီးအကြောင်းတွေအပြင်ကျောင်းတိုက်မြေပုံကအစ အလှူရှင်နဲ့ လှူတဲ့ခုနှစ်တွေပါတွဲပြီးလုပ်ကြတယ်။ အခြေပြုပဋ္ဌာန်း ၁၉ ခွေကိုလည်း ကျောင်းတိုက်မှာက ပုံနှိပ်စက်ရှိပြီး စာရိုက်တဲ့ Apple ကွန်ပျူတာတွေ ရှိတော့ အဲဒီစာအုပ်က စာနဲ့ အသုံချိတ်ဖို့ လုပ်ဖြစ်တယ်နောက်ပိုင်း ပုံပါထည့်ဖို့ ဘုရားကြီးထဲက ရှေးပဋ္ဌာန်းသရုပ်ဖော်ပန်းချီကားတွေ ထည့်ဖို့ ဆက်စီစဉ်ဖြစ်တယ်။ ဒီလိုနဲ့ CD ထုတ်ချိန်မှာ ၂၄ပစ္စည်း တစ်ချပ်၂၄၀၀ နဲ့ ရောင်းပြီး ရောင်းရငွေကို တရားတော်တွေ Digitalization လုပ်ဖို့ ရည်ရွယ်ဖြန့်ခဲ့တယ်။
ရလာတဲ့ငွေကို မတည်ပြီး ကျောင်းတိုက်မှာ ကျောင်းဆောင်ဆောက် ကွန်ပျူတာတွေထား သံဃာတော်တွေ သင်ကြရိုက်ကြနဲ့ ecosystem တစ်ခုလိုဖြစ်အောင် ရှိပြီး ပုံနှိပ်စက်အတွက်ရည်ရွယ်ပြီး ကျောင်းအတွက် CD ရောင်းရငွေမတည်ပြီး တည်ဆောက်ဖြစ်ခဲ့တာပါ။
ဆရာတော်ကြီးတွေကလည်း စိတ်ပါအားပေးတော့ နာရီစင်ရှေ့ အဝင်နေရာကောင်း သူဌေးကြီးတွေ လာကျောင်းဆောက်တာတောင် မပေးဘဲထားတဲ့ နေရာကောင်းပေးတယ်။ ကူညီကြတယ်။ ဒီလိုနဲ့ ၂၀၀၅ နိုဝင်ဘာမှာ ရေစက်ချလှူဖြစ်ခဲ့တယ် ကဗျည်းထိုးမထားတဲ့ ကွန်ပျူတာကျောင်းလို့ခေါ်တဲ့ကျောင်းဖြစ်လာခဲ့တယ်။
အဲဒီထဲမှာ အာခီတက်မိတ်ဆွေ လုပ်ပေးတဲ့ စာအုပ်စင်နဲ့ ဆရာတော်ကြီး ပြုစုခဲ့သမျှကျမ်းတွေနဲ့ဟောတရားထဲက စာအုပ်ဖြစ်တာတွေ နံနက်ခင်းဩဝါဒတွေကအစ တစ်စုတစ်စည်းထဲ ပြဖို့လုပ်ခဲ့တယ်။ ကျောင်းတိုက်အပြင်မှာ ကျောင်းတိုက်အညွန်းမြေပုံနဲ့ ကျောင်းတိုက်အတွင်း လာရှာသူတွေအတွက် ထားပေးဖြစ်တယ်။ ဆယ်နှစ်ကြာ ၂၀၁၄ လောက်မှာ Drone တွေပေါ်လာတော့ ကျောင်းတိုက်သစ်တေတွေတိုးတာကို မြေပုံအသစ်အတွက် အပေါ်ကနေ ပုံ ၄၀၀-၅၀၀ ရိုက် ချိတ်ဆက်ပြီး မြေပုံသစ်ထပ်လုပ်ပေးခဲ့ရတယ်။
မူလရည်ရွယ်တဲ့ ကွန်ပျူတာတွေထားတာ သင်တာ စာတွေရိုက်တာ ထုတ်တာ စစ်တာ ပြင်တာတွေအပြင် ကျောင်းတိုက်တွင်း နာမည်ကြီး လူသိများ အားကိုးတာကတော့ အဲဒီထဲမှာထည့်ပေးထားတဲ့ ဖုန်းအိပ်ချိန်းစက်ပါ။အဲဒီခေတ်က မိုဘိုင်းဖုန်းတွေကဈေးခေါ်င်ခိုက် လိုင်းဖုန်းကရှားတော့ ကျောင်းတိုက်ထဲမှာ တခုခုဆို လမ်းလျောက်သွားပြောဆိုကြဆွမ်းဖိတ်ကြ တရားပွဲပင့်ကြတွေလုပ်ကြရတော့ မိုးရွာချိန် မိုးချုပ်ချိန် ဘာညာ အဆင်မပြေသလိုအပြင်နဲ့ချိတ်ဆက်ဖို့ဖုန်းရှိတဲ့ ကျောင်းလာကြရတယ် ဖုန်းလာရင် လိုက်ခေါ်ကြရတယ်။
အဲဒီထဲမှာ ကျောင်းက လိုင်းဖုန်းရှိတာ၂လုံးလာထည့်ထားပေးပြီးကျောင်းတိုက်တွေကိုကြိုးသွယ် PABXချိတ်လိုက်တော့ ဖုန်း လာရင်ခေါ်ရင် အဆင်ပြေတဲ့အပြင် အချင်းချင်း ဖုန်းခမကုန်ဘဲ ဆက်သွယ်လို့ပါရသွားတော့ အားလုံးသိကြတာပေါ့။အခုခေတ် ဖုန်တွေပေါချိန်မှာတော့ ဒီအရေးပါမှု့က ဘယ်သူမှမသိနိုင်တော့ပေမဲ့အမှတ်တရတစ်ခုပါဘဲ။
အဲဒီကျောင်းတိုက်မှာဘဲ ကိုရီးယားက ပညာလာသင်တဲ့ ဦးဇင်းကျေးဇူးနဲ့ စခဲ့တဲ့ ကုသိုလ်တော် ကျောက်စာကလည်း DVD အဖြစ်ထုတ်နိုင်ခဲ့တယ် Buddhist Standardization တစ်ခုအပြင် Roma Paliတွေ မြန်မ ပြန်တွေအထိ လုပ်နိုင်ခဲ့တာမှာ အဓိက ကျတဲ့ စာတွေစစ်တာ အမှားရှာတာ ရိုက်ကြတာတွေကအစအအဲဒီက သာသနာအာဇာနည်တွေ လက်ရာပါဘဲ။ နောက်ပိုင်း အိတ်ဆောင်တိပိဋက ရဲ့ အစပါဘဲ။
အဲဒီကျောင်းတိုက်လေး အခုနှစ် ၂၀ ကျော်ခဲ့ပြီ စာမေးပွဲစစ်တာတွေဘာတွေလည်း ယနေ့တိုင်အဲဒီမှာလုပ်လေ့ရှိတယ်။ Alpha က လှူခဲ့တယ်ဆိုတာထက် အများစု ပါဝင်ပတ်သက်ခဲ့တယ် စီမံမတည်ခဲ့တယ် ရည်ရှည်ကုသိုလ်အတွက် မျိုးစေချနိုင်ခဲ့တဲ့ ကျောင်းတိုက်လေးပါ။