Top Mobile

Top Mobile Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Top Mobile, Mobile Phone Shop, Mandalay.

realme က 320W SuperSonic Charge စနစ်ဖြင့် အမြန်အားသွင်စနစ်တီထွင်မှုအပိုင်းတွင် ကမ္ဘာကိုဦးဆောင်ကာ “အံ့အားသင့်ဖွယ် ၄မိနစ်...
15/08/2024

realme က 320W SuperSonic Charge စနစ်ဖြင့် အမြန်အားသွင်စနစ်တီထွင်မှုအပိုင်းတွင် ကမ္ဘာကိုဦးဆောင်ကာ “အံ့အားသင့်ဖွယ် ၄မိနစ်အားသွင်းအစွမ်း” ကို ဖန်တီးပေးလိုက်ပြီ

ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ realme က ၄င်းတို့ရဲ့နောက်မျိုးဆက် 320W အားသွင်းနည်းပညာကိုချပြမိတ်ဆက်ပေးကာ နည်းပညာလောကရဲ့စံသတ်မှတ်ချက်များကို ပြန်လည်ဆန်းသစ်ပေးလိုက်ပြီဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပြသပေးလိုက်တဲ့ 320W SuperSonic Charge အားသွင်းစနစ်က ပါဝါစွမ်းအင်၊ လုံခြုံစိတ်ချရမှုနဲ့ ထိရောက်မြန်ဆန်မှုအပိုင်းတွေမှာ တစ်ကြိမ်တစ်ခါမှမကြုံဖူးသေးတဲ့စံချိန်တင်ဆန်သစ်မှုမျိုးကို ရယူပေးနိုင်လိုက်ပြီဖြစ်သလို အားအမြန်သွင်းနည်းပညာကို နောက်ထပ်အဆင့်သစ်တစ်ခုဆီပို့ဆောင်ပေးနိုင်ခဲ့ကာ နည်းပညာနယ်ပယ်တစ်ခုလုံးမှာရှိတဲ့ သုံးစွဲသူအတွေ့အကြုံကိုပါ ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အံ့အားသင့်ဖွယ်ရာ ၄မိနစ်အားသွင်းအစွမ်း _ အားသွင်းအတွေ့အကြုံများကို ပြန်လည်ဆန်သစ်လိုက်ပေးပြီ

320W SuperSonic Charge အားသွင်းစနစ်က အားအမြန်သွင်းနည်းပညာနယ်ပယ်မှာ realme အတွက် နောက်ထပ်မကြုံဖူးသေးတဲ့မှတ်တိုင်သစ်တစ်ရပ်ကို ကိုယ်စားပြုပေးနိုင်ခဲ့ပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတုန်းက realme GT3 စမတ်ဖုန်းနဲ့အတူ မိတ်ဆက်ပေးခဲ့တဲ့ စံချိန်တင် 240W အားသွင်းနည်းပညာဖန်တီးပေးမှုနောက်ကို ဆက်လက်လိုက်ပါလျှောက်လှမ်းခဲ့တယ်လို့လည်း ဆိုနိုင်မှာဖြစ်ပါတယ်။

အခုလိုရှေ့ပြေးဦးဆောင်ထားတဲ့နည်းပညာက လက်ရှိအချိန်မှာ ကမ္ဘာ့အမြန်ဆုံးအားသွင်းစွမ်းဆောင်နိုင်တဲ့ 320W ကိုပေးအပ်ထားတာဖြစ်ပြီး ကြီးမားတဲ့အောင်မြင်မှုကို ရယူပေးလိုက်တာဖြစ်သလို ၄မိနစ်နဲ့ စက္ကန့် ၃၀ အတွင်းမှာပဲ စမတ်ဖုန်းတစ်လုံးကို အားအပြည့်သွင်းနိုင်ဖို့ ဖြစ်နိုင်စေတာပဲဖြစ်ပါတယ်။ တစ်မိနစ်အတွင်းမှာဆိုရင် 320W Charger က အားပမာဏ ၂၆ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ပြီး အား ၅၀ရာခိုင်နှုန်းသွင်းပေးနိုင်ဖို့အတွက် ၂မိနစ်အောက်သာ ကြာမြင့်စေမှာဖြစ်ပါတယ်။ ကမ္ဘာ့မီဒီယာကိုယ်စားလှယ်များ၊ အားပေးသူအမာခံပရိသတ်တွေ၊ မိုဘိုင်းနယ်ပယ်မှ ပရော်ဖက်ရှင်နယ် ၁၀၀ ကျော်တို့ဟာ တရုတ်နိုင်ငံ၊ ရှန်းကျန့်မှာရှိတဲ့ realme ရဲ့ရုံးချုပ်မှာ အခုလို “အံ့အားသင့်ဖွယ်ရာ ၄မိနစ်အားသွင်းအစွမ်း” မွေးဖွားပေးလိုက်တာကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ကြပြီဖြစ်ပါတယ်။

အခုလိုကြီးမားတဲ့ပြောင်းလဲမှုနည်းပညာဟာ စမတ်ဖုန်းသုံးစွဲသူတွေအတွက် အားသွင်းအတွေ့အကြုံပိုင်းကို ပြန်လည်ဆန်းသစ်ပေးလိုက်တာဖြစ်ပြီး အချိန်ကြာကြာအားသွင်းရတဲ့အဖြစ်မျိုးတွေကို အတိတ်မှာချန်ထားခဲ့နိုင်ပြီဖြစ်ပါတယ်။ “အံ့အားသင့်ဖွယ်ရာ ၄မိနစ်အားသွင်းအစွမ်း” နဲ့အတူ သုံးစွဲသူတွေအနေနဲ့ ကော်ဖီတစ်ခွက်ဖျော်ချိန်၊ သီချင်းတစ်ပုဒ်နားထောင်ချိန်လောက်သာကြာမယ့် အချိန်အတွင်းမှာပင် မိမိတို့ရဲ့ ဖုန်းတွေကို အားအပြည့်သွင်းနိုင်စေမှာပဲဖြစ်ပြီး စောင့်စရာမလိုတော့တဲ့အားသွင်းခေတ်သစ်တစ်ခုကို ကြိုဆိုပေးလိုက်တယ်လို့လည်း ဆိုနိုင်မှာဖြစ်ပါတယ်။ realme ရဲ့ 320W SuperSonic အမြန်ဆုံးအားသွင်းနည်းပညာက အားသွင်းမြန်ဆန်ထိရောက်မှုအတွက် စံနှုန်းသစ်တစ်ရပ်ကိုချမှတ်ပေးလိုက်တာဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးက သုံးစွဲသူတွေရဲ့နေ့စဥ်ဘဝကို တိုးတက်မြင့်မားသွားစေမှာပဲဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး ခေါက်ဘက်ထရီနဲ့ အဆင့်မြင့်လုံခြုံရေးဆိုင်ရာရှာဖွေဖြေရှင်းချက်များ

နှစ်ပေါင်းများစွာကြာတဲ့အထိ မိုဘိုင်းနယ်ပယ်တစ်ခုလုံးဟာ အရွယ်အစားသေးပြီး မြင့်မားတဲ့စွမ်းအင်အားပမာဏမှာ ဟန်ချက်ညီမှုရရှိစေဖို့အတွက် ဖြစ်နိုင်ဖို့ခက်ခဲတဲ့ကြိုးစားအားထုတ်ချက်တွေကို လုပ်ဆောင်ခဲ့ကြရသလို အမြန်အားသွင်းစနစ်အတွက် လုံခြုံရေးအပိုင်းကိုပါ သေချာစေဖို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ realme အနေနဲ့ အခုလို မိုဘိုင်းလောကရဲ့စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ ၂နှစ်တာကြာမျှ သုတေသနလုပ်ငန်းတွေကို အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 320W SuperSonic Charge နည်းပညာက ရှေ့ပြေးနည်းပညာများကိုပေါင်းစပ်အသုံးချကာ ကြုံတွေ့ခဲ့ရတဲ့အားသွင်းနည်းပညာဆိုင်ရာအခက်အခဲများကို အလုံးစုံဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

စမတ်ဖုန်းများအတွက် ကမ္ဘာ့ပထမဆုံးခေါက်ဘက်ထရီ

realme က အလုံးစုံတိုးတက်ပြောင်းလဲစေမယ့် ခေါက်ဘက်ထရီကို ချပြမိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး ကြီးမားတဲ့ဘက်ထရီအားပမာဏ 4420mAh အထိ ရရှိအောင် စွမ်းဆောင်ပေးထားတာဖြစ်ပါတယ်။ ခေါက်ဖုန်းတွေရဲ့လုပ်ဆောင်ချက်ကို အဓိကအခြေပြုရယူထားတာဖြစ်ပြီး သူ့မှာပါဝင်တဲ့ cell လေးကွက်ပါဘက်ထရီမှာ သီးသန့် cell ၄ခုကိုပေါင်းစပ်ထည့်သွင်းပေးထားကာ ၄ခုလုံးကို တစ်ပြိုင်တည်းအားသွင်းပေးနိုင်စေတာဖြစ်ပါတယ်။ cell တစ်ခုစီဟာ ၃မီလီမီတာအထူသာရှိစေတာဖြစ်ပေမယ့် လက်ရှိသုံးစွဲနေကြတဲ့ ဘက်ထရီဒီဇိုင်းတွေထက် အားပမာဏပိုင်းမှာ ၁၀ရာခိုင်နှုန်းအထိ ပိုမိုပေးစွမ်းစေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီအချက်က ကမ္ဘာ့ပထမဆုံး cell ၄ခုပါဝင်တဲ့စမတ်ဖုန်းဘက်ထရီအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့သလို ပိုမိုမြန်ဆန်တဲ့အားသွင်းနှုန်းကိုပေးစွမ်းနိုင်ချိန်မှာ စမတ်ဖုန်းတစ်လုံးလိုက်ဖက်ညီအံဝင်စေမယ့် ပါးလွှာတဲ့ဒီဇိုင်းအသွင်းကိုပါ ရယူပေးထားဦးမှာဖြစ်ပါတယ်။ အခုလိုတိုးတက်လာခြင်းနဲ့အတူ realme ဟာ ဘက်ထရီစွမ်းဆောင်ရည်နဲ့ အသွင်ဒီဇိုင်းသေးငယ်မှုတို့အတွက် သုံးစွဲသူတွေရဲ့မျှော်လင့်ချက်ကို ပြန်လည်ဆန်းသစ်ပေးလိုက်ပြီဖြစ်ပါတယ်။

AirGap Voltage Transformer စနစ်ပါဝင်တဲ့ ပြိုင်စံရှား လုံခြုံရေးစနစ်

စွမ်းအားမြင့်အားသွင်းစနစ်အတွက် သုံးစွဲသူတွေရဲ့ဘေးကင်းလုံခြုံမှုအပိုင်းကိုထည့်သွင်းအလေး ထားကာ realme အနေနဲ့ မိုဘိုင်းလောကရဲ့ပထမဆုံးဖြစ်တဲ့ “AirGap” Voltage Transformer စနစ်ကို စိတ်ချစွာသုံးနိုင်စေဖို့ မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။ အခုဆန်းသစ်တီထွင်လိုက်တဲ့ AirGap နည်းပညာဟာ စမတ်ဖုန်းအတွက် အဆင့်မြင့် “ထိတွေမှုကင်းလွတ်”တဲ့လျှပ်စစ်သံလိုက်ဓာတ်ပြောင်းလဲ ပေးတဲ့စနစ်ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ “ဆားကစ်ဘရိတ်ဒေါင်း”ဖြစ်တဲ့အခြေအနေမျိုးလို ကြီးမားတဲ့ပြစ်ချက်တွေဖြစ်ပေါ်တဲ့အခါမျိုးမှာ AirGap စနစ်က ဗို့အားမြင့်မားမှုကို သက်ဆိုင်ရာဘက်ထရီကနေ သီးခြားရှိနေတာမျိုးအဖြစ်သေချာအောင်ပြုလုပ်ပေးကာ ပုံရိပ်ယောင်အသွင်မျိုးအဖြစ် အန္တရာယ်ကင်စေမယ့်အားသွင်းချိတ်ဆက်မှုကို ဖန်တီးပေးစေတာပဲဖြစ်ပါတယ်။ မူပိုင်ခွင့်တင်ထားတဲ့တီထွင်ဆန်းသစ်မှုတွေကနေ ထောက်ပံ့ပေးထားပြီး ဒီဗို့အားပြောင်းကိရိယာဟာ အထူးသေးငယ်ကာ လက်ချောင်းထိပ်ထက်ပိုမိုသေးငယ်တဲ့အရွယ်အစားအတိုင်းအတာသာရှိတာဖြစ်ပါတယ်။ ဒီကိရိယာက ဗို့အားပမာဏကို 20V အထိလျှော့ချပေးပြီး ဘက်ထရီကိုကာကွယ်ပေးထားသလို အထူးမြင့်မားတဲ့စွမ်းအင်ပြောင်းလဲမှုနဲ့ အပူထိန်းချုပ်လုပ်ဆောင်မှုတို့ကို ထိန်းသိမ်းပေးထားဦးမှာဖြစ်ပါတယ်။ ဒီအချက်က 320W SuperSonic Charge အတွက် ၉၈ရာခိုင်နှုန်းနီးပါအထိ အံ့အားသင့်စရာကောင်းတဲ့စွမ်းအင်ထိရောက်မှုကို ရယူပေးနိုင်စေဖို့လုပ်ဆောင်ပေးစေတာပဲဖြစ်ပါတယ်။

အမြင့်ဆုံးစွမ်းအင်သိပ်သည်းဆနဲ့ ပြိုင်ဘက်ကင်းတွဲဖက်သုံးစွဲနိုင်မှု

Pocket Cannon လို့ခေါ်ဆိုထားတဲ့ 320W SuperSonic Charge ရဲ့အားသွင်းခေါင်းဟာ အံ့အားသင့်စရာကောင်းတဲ့စွမ်းအင်သိပ်သည်းဆအဖြစ် ကျုဗစ်စင်တီမီတာ တစ်ခုအတွက် 3.3W ကိုပေးစွမ်းစေတာဖြစ်ပါတယ်။ ဒီအချက်က realme 240W အားအမြန်သွင်းစနစ်ကချမှတ်ထားတဲ့ စံချိန်စံညွှန်းကို ကျော်လွန်သွားစေခဲ့သလို အရွယ်အစားမှာဆိုရင်လည်း 240W Charger ခေါင်းရဲ့အရွယ်အစားအတိုင်း အိတ်ဆောင်အရွယ်အဖြစ်ဆက်လက် ရယူပေးထားပါတယ်။ အားသွင်းစနစ်တွဲဖက်သုံးစွဲမှုနဲ့ပတ်သက်တဲ့အဟန့်အတားတွေကိုလျှော့ပေးနိုင်စေမယ့်ဒီဇိုင်းမျိုးအဖြစ် ဖန်တီးထားပြီး အခုလိုသေးငယ်ထိရောက်တဲ့အားသွင်းခေါင်းက အဆင့်မြင့်အသုံးများတဲ့အားသွင်းစနစ်တွေဖြစ်တဲ့ UFCS (up to 320W)၊ PD နဲ့ SuperVOOC အပါအဝင် အသုံးများတဲ့အားအမြန်သွင်းစနစ်တွေကို ထောက်ပံ့ပေးထားလို့ ထုတ်ကုန်များစွာအတွက် ပြိုင်စံရှာတဲ့တွဲဖက်သုံစွဲမှုစနစ်ကိုပါ ပေးအပ်ထားစေတာပဲဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း အမြန်အားသွင်းနိုင်စေဖို့ USB-C output ၂ခုနဲ့အတူ realme ဖုန်းတွေအတွက် (150W) နဲ့ အခြားသောတွဲဖက်သုံးနိုင်တဲ့ laptop တွေအတွက် (65W) ကိုထောက်ပံ့ပေးနိုင်စေမှာဖြစ်တဲ့ 320W SuperSonic charge အမြန်ဆုံးအားသွင်းစနစ်က ထိရောက်လွယ်ကူစေနိုင်မယ့် သင့်ရဲ့အကောင်းဆုံးဖြေရှင်းချက် (Solution) အဖြစ်ရပ်တည်နေမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ်နည်းပညာ ၆မျိုး _ စမတ်ဖုန်းတီထွင်ဆန်းသစ်မှုကို အဆင့်တိုင်းမှာ မြှင့်တင်ပေးလိုက်ပြီ

ကမ္ဘာ့အမြန်ဆုံးအားသွင်းနည်းပညာအပြင် realme အနေနဲ့ ကဏ္ဍ၃ရပ်ဖြစ်တဲ့ AI၊ စွမ်းဆောင်ရည်နဲ့ ပုံရိပ်ရိုက်ယူခြင်းတို့အတွက် နည်းပညာသစ် ၆မျိုးကိုချပြမိတ်ဆက်ကာ ခေတ်ရှေ့ပြေးမိုဘိုင်းတီထွင်ဆန်းသစ်တိုးတက်မှုလမ်းကြောင်းကို ဂုဏ်ယူစွာနဲ့ ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။

realme အနေနဲ့ နည်းပညာလောကရဲ့ပထမဆုံး solid-state button ခလုပ်ကိုမိတ်ဆက်ပေးလိုက်ပြီး သူ့မှာ ဘေးပွတ်ဆွဲကာလုပ်ဆောင်နိုင်မယ့် function လုပ်ဆောင်ချက်တွေပါဝင်ကာ ချော့မွေ့ပြေပြစ်စွာလုပ်ဆောင်အသုံးပြနိုင်စေဖို့ ဆန်းသစ်ဖန်တီးထားတာဖြစ်ပါတယ်။ တကယ့်ကိုချောမွေ့ပြေပြစ်တဲ့ထိန်းချုပ်အသုံးပြုမှုမျိုးအဖြစ် Zoom ဆွဲယူတာတွေ၊ ဓာတ်ပုံရိုက်တာတွေ၊ ဖုန်းကို ကင်မရာအဖြစ်ပြောင်းလဲပစ်စေတာတွေအတွက် လုပ်ဆောင်နိုင်စေမှာြဖစ်ပါတယ်။

ဒါ့အပြင် စမတ်ဖုန်းတွေအတွက် ကမ္ဘာ့ပထမဆုံး အလင်းပြန်မှုသက်သာစေတဲ့ anti-reflective display နဲ့အတူ မျက်နှာပြင်အလင်းပြန်ခြင်းကို နှုတ်ဆက်နိုင်စေမှာြဖစ်ပြီး ဒီနည်းပညာက ညဘက်မှာထွက်တဲ့မီးစုန်းကောင်းရဲ့မျက်လုံးအသွင်းပုံစံကိုအမှီပြုကာဖန်တီးထားတာပဲဖြစ်ပါတယ်။ အခုလိုတီထွင်ဆန်းသစ်ထားတဲ့ မျက်နှာြပင်ဟာ အလင်းပြန်ခြင်းကို ၈၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပြီး တောက်ပတဲ့နေအလင်းရောင်အောက်မှာဆိုရင်တောင် မျက်လုံးကိုသက်သောင့်သက်သာဖြစ်စေဖို့အတွက် စက္ကူလိုမျိုး texture မျက်နှာပြင်ကို ထောက်ပံ့ပေးစေမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ အလင်းအားပမာဏနည်းတဲ့အဆင့်မျိုးမှာ ကြည်လင်ပြတ်သားမှုကို ရရှိစေနိုင်မှာြဖစ်သလို ပါဝါသုံးစွဲမှုကိုလည်း လျှော့ချပေးစေဦးမှာဖြစ်ပါတယ်။

နောက်တစ်ခါ NEXT AI နည်းပညာထောက်ပံ့ပေးထားတဲ့ realme ရဲ့ AI Motion Picture နည်းပညာဟာမှာပါတဲ့ဆိုရင် ဓာတ်ပုံတစ်ခုကို သက်ဝင်လှုပ်ရှားစေမယ့် ပုံ၂၅ပုံပါတဲ့ video file အဖြစ်ပြောင်းလဲပေးကာ သင့်ရဲ့ကြည်နူးစရာအမှတ်တရတွေကို အသက်ဝင်သွားအောင်လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံဟောင်းတွေမှာကွယ်မြှုပ်ထားတဲ့ဇာတ်လမ်းတွေကို ပြန်လည်ရှင်သန်စေကာ ရုပ်သေပုံရိပ်ကနေ လှုပ်ရှားမြူးကြွတဲ့ဇာတ်ကြောင်းပြန်အဖြစ် ပြောင်းလဲပေးစေမှာပဲဖြစ်ပါတယ်။

ဂိမ်းကစားသူတွေအတွက်ဆိုရင် realme က AI Gaming Super Resolution နည်းပညာနဲ့အတူ ထိတွေ့မှုပုံစံကို အဆင့်မြှင့်တင်ပေးမှာဖြစ်ပြီး device AI စနစ်ကိုအခြေပြုကာ ပိုးသားလိုချောမွေ့ပြီး သလင်းကျောက်လိုကြည်လင်တဲ့ရုပ်ထွက်မျိုးရယူပေးစေမှာြဖစ်သလို Chipset ရဲ့ဝန်အားကိုလည်း သက်သာအောင်လျှော့ချပေးစေမှာဖြစ်ပါတယ်။ အဆင့်မြှင့်တင်ပေးထားတဲ့ 4D Game Vibration စနစ်က ဂိမ်းတွင်းပါဝင်တဲ့ သေနပ်ပစ်တာ၊ skill သုံးတာ၊ အပြန်အလှန်ဝင်တိုက်မိတာ၊ ခြေသံတွေ အပါအဝင် Action လုပ်ဆောင်ချက် ၁၀၀ကျော်အတွက် လိုသလိုပြောင်းသုံးနိုင်စေမယ့် “Haptics” စနစ်ကိုထောက်ပံ့ပေးထားမှာြဖစ်လို့ Honor of Kings အပါအဝင် အမာခံပရိသတ်တွေ၊လူကြိုက်များတဲ့ ဂိမ်းများစွာကို ချောမွေ့လိုက်ဖက်ညီစွာအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် “Realme Holo Audio” စနစ်နဲ့အတူ အသံလာရာနေရာကို ချိန်ညှိပြောင်းလဲကာ ဂိမ်းကစားနေစဥ်အချိန်မှာ ဖုန်းဝင်လာတဲ့အသံကြောင့်အနှောင့်အယှက်ဖြစ်တာမျိုးမရှိစေဖို့လုပ်ဆောင် ထားနိုင်တဲ့အတွက် ဂိမ်းထဲမှာစိတ်အပြည့်နှစ်ကာ ဆော့ကစားနိုင်စေမှာပဲဖြစ်ပါတယ်။
သုံးစွဲသူတွေရဲ့အချက်အလက်များကိုအတွင်းကျကျလေ့လာဆန်းစစ်ပြီး နည်းပညာဆိုင်ရာတီထွင်ဆန်းသစ်မှုတွေပေါင်းစပ်ခြင်းနဲ့အတူ realme အနေနဲ့ သုံးစွဲသူတွေရဲ့အတွေ့အကြုံကို မြှင့်တင်ပေးနိုင်စေမယ့် စွမ်းဆောင်ရည်မြင့်ထုတ်ကုန်တွေကိုဖန်တီးထုတ်လုပ်ကာ တစ်ကမ္ဘာလုံးမှာရှိတဲ့လူငယ်တွေကို ၄င်းတို့မျှော်လင့်ထားတာထက်ပိုမိုတဲ့ အသာလွန်ဆုံးသောနည်းပညာနဲ့အတူ စွမ်းအားမြှင့်တင်ပေးသွားစေဖို့ ရည်ရွယ်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

Redmi Note Series ရဲ့ မင်းသားတစ်ပါး😍Global Rom Changed လက်တင်သုံးရုံပဲ / ဘူးစုံ Original Cable ပါ😎✅ Redmi Note 11 SE (5G...
16/07/2024

Redmi Note Series ရဲ့ မင်းသားတစ်ပါး😍
Global Rom Changed လက်တင်သုံးရုံပဲ / ဘူးစုံ Original Cable ပါ😎

✅ Redmi Note 11 SE (5G)
✅ Ram - 8
✅ Storage - 128
✅ All Find / No Error
▪ Price - 365000Ks MM
---------------------------------------
🔷အာမခံ ၁၀ ရက်ဖြင့်ရောင်းချပေးပါသည်။

♦Top Mobile Brand New & Second Shop♦
🏡 Address 76 လမ်း / 1 × 2 လမ်းကြား / မန္တလေးမြို့။
လင်းလက်တော်ဝင် ကိုယ်ပိုင်ကျောင်းအနောက်ဘက်။

☎ Ph - 09402699796 / 09978241493 / 09796624153

လူကြီးပဲ သုံးမလား / လက်ဆောင်ပဲ ပေးမလား Social Media ကတော့အေးဆေး အမုန်းဆွဲ ကောင်ဇိုးလေး✌ကောင်😎✅ Oppo A5s✅ Ram - 3✅ Storag...
12/07/2024

လူကြီးပဲ သုံးမလား / လက်ဆောင်ပဲ ပေးမလား Social Media ကတော့အေးဆေး အမုန်းဆွဲ ကောင်ဇိုးလေး✌ကောင်😎

✅ Oppo A5s
✅ Ram - 3
✅ Storage - 32
✅ All Find / No Error
▪ Price - 165000Ks MM
---------------------------------
✅ Oppo A5
✅ Ram - 3
✅ Storage - 64
✅ All Find / No Error
▪ Price - 155000Ks MM
---------------------------------
🔷အာမခံ ၁၀ ရက်ဖြင့်ရောင်းချပေးပါသည်။

♦Top Mobile Brand New & Second Shop♦
🏡 Address 76 လမ်း / 1 × 2 လမ်းကြား / မန္တလေးမြို့။
လင်းလက်တော်ဝင် ကိုယ်ပိုင်ကျောင်းအနောက်ဘက်။

☎ Ph - 09402699796 / 09978241493 / 09796624153

Redmi Note 8 ( Ginkgo )✅MIUI 10.3.4 | Stable ကို MIUI V12.5 ထိ Update  ပေး❗No need to remove the back cover ⚠Bootloader ...
11/07/2024

Redmi Note 8 ( Ginkgo )✅
MIUI 10.3.4 | Stable ကို MIUI V12.5 ထိ Update ပေး❗
No need to remove the back cover ⚠
Bootloader Unlock with Any Paid Tool✅
Finally📲 Global firmware flash📲
All Done✅ No Error❌
------------------------------------------
♦Top Mobile Brand New & Second Shop♦
🏡 Address 76 လမ်း / 1 × 2 လမ်းကြား / မန္တလေးမြို့။
လင်းလက်တော်ဝင် ကိုယ်ပိုင်ကျောင်းအနောက်ဘက်။

☎ Ph - 09402699796 / 09978241493 / 09796624153

ဂိမ်း မှ ဂိမ်း ဆော့မဲ့ကိုကို / မောင်မောင်များ😎 "Price to Performance" ထဲကလဲလိုချင်ရင် "Redmi K40 Gaming" လေးက ပေးရတဲ့စျေ...
10/07/2024

ဂိမ်း မှ ဂိမ်း ဆော့မဲ့ကိုကို / မောင်မောင်များ😎 "Price to Performance" ထဲကလဲလိုချင်ရင် "Redmi K40 Gaming" လေးက ပေးရတဲ့စျေးနဲ့ တန်စေရမယ်ဗျာ😱

✅ Redmi K40 Gaming
✅ Ram - 12
✅ Storage - 256
✅ All Find / No Error
▪Price - 690000Ks MM
----------------------------------------
🔷အာမခံ ၁၀ ရက်ဖြင့်ရောင်းချပေးပါသည်။

♦Top Mobile Brand New & Second Shop♦
🏡 Address 76 လမ်း / 1 × 2 လမ်းကြား / မန္တလေးမြို့။
လင်းလက်တော်ဝင် ကိုယ်ပိုင်ကျောင်းအနောက်ဘက်။

☎ Ph - 09402699796 / 09978241493 / 09796624153

Redmi 13C ( gale )✅Xiaomi HyperOS / Frp Remove✅All Done✅ No Error❌------------------------------------------♦Top Mobile ...
10/07/2024

Redmi 13C ( gale )✅
Xiaomi HyperOS / Frp Remove✅
All Done✅ No Error❌
------------------------------------------
♦Top Mobile Brand New & Second Shop♦
🏡 Address 76 လမ်း / 1 × 2 လမ်းကြား / မန္တလေးမြို့။
လင်းလက်တော်ဝင် ကိုယ်ပိုင်ကျောင်းအနောက်ဘက်။

☎ Ph - 09402699796 / 09978241493 / 09796624153

မိန်းကလေး ကိုင်ကိုင် /  ယောကျ်ားလေး ကိုင်ကိုင် ဆင်ပြေစေတဲ့ကောင်ဇိုးလေး ML / PUBG / အေးဆေးကြိတ်😕✅ Oppo A36✅ Ram - 6✅ Stor...
09/07/2024

မိန်းကလေး ကိုင်ကိုင် / ယောကျ်ားလေး ကိုင်ကိုင် ဆင်ပြေစေတဲ့ကောင်ဇိုးလေး ML / PUBG / အေးဆေးကြိတ်😕

✅ Oppo A36
✅ Ram - 6
✅ Storage - 128
✅ All Find / No Error
▪ Price - 328000Ks MM
--------------------------------------
🔷အာမခံ ၁၀ ရက်ဖြင့်ရောင်းချပေးပါသည်။

♦Top Mobile Brand New & Second Shop♦
🏡 Address 76 လမ်း / 1 × 2 လမ်းကြား / မန္တလေးမြို့။
လင်းလက်တော်ဝင် ကိုယ်ပိုင်ကျောင်းအနောက်ဘက်။

☎ Ph - 09402699796 / 09978241493 / 09796624153

Redmi 10C ( fog )✅User Lock & Frp Remove✅EDL Mod ကဖြုတ်✅All Done✅ No Error❌------------------------------------------♦To...
09/07/2024

Redmi 10C ( fog )✅
User Lock & Frp Remove✅
EDL Mod ကဖြုတ်✅
All Done✅ No Error❌
------------------------------------------
♦Top Mobile Brand New & Second Shop♦
🏡 Address 76 လမ်း / 1 × 2 လမ်းကြား / မန္တလေး မြို့။
လင်းလက်တော်ဝင် ကိုယ်ပိုင်ကျောင်းအနောက်ဘက်။

☎ Ph - 09402699796 / 09978241493 / 09796624153

2019 / 2020 တုန်းက 𝐁𝐮𝐝𝐠𝐞𝐭 𝐊𝐢𝐧𝐠 နှစ်ပါး😍ခုချိန်ထိလဲ 𝐀𝐥𝐥 𝐑𝐨𝐮𝐧𝐝𝐞𝐫 သုံးလို့ကောင်းပြီး 𝐒𝐞𝐜𝐨𝐧𝐝 𝐌𝐚𝐫𝐤𝐞𝐭 မှာလဲရောက်ကုန်ဖြစ်နေသော ...
07/07/2024

2019 / 2020 တုန်းက 𝐁𝐮𝐝𝐠𝐞𝐭 𝐊𝐢𝐧𝐠 နှစ်ပါး😍
ခုချိန်ထိလဲ 𝐀𝐥𝐥 𝐑𝐨𝐮𝐧𝐝𝐞𝐫 သုံးလို့ကောင်းပြီး 𝐒𝐞𝐜𝐨𝐧𝐝 𝐌𝐚𝐫𝐤𝐞𝐭 မှာလဲရောက်ကုန်ဖြစ်နေသော ဖုန်းနှစ်လုံး✌

✅ Redmi Note 9 Pro (5G)
✅ Ram - 6
✅ Storage - 128
✅ All Find / No Error
▪Price - 388000Ks MM
-----------------------------------
✅ Redmi Note 8
✅ Ram - 6
✅ Storage - 128
✅ All Find / No Error
▪Price - 298000Ks MM
-----------------------------------
🔷အာမခံ ၁၀ ရက်ဖြင့်ရောင်းချပေးပါသည်။

♦Top Mobile Brand New & Second Shop♦
🏡 Address 76 လမ်း / 1 × 2 လမ်းကြား / မန္တလေးမြို့။
လင်းလက်တော်ဝင် ကိုယ်ပိုင်ကျောင်းအနောက်ဘက်။

☎ Ph - 09402699796 / 09978241493 / 09796624153

𝐀𝐥𝐥 𝐑𝐨𝐮𝐧𝐝𝐞𝐫 သုံးလို့ကောင်းတဲ့ကောင်ဇိုးလေးတွေဗျို့😜𝐆𝐚𝐦𝐞 / 𝐒𝐨𝐜𝐢𝐚𝐥 အမုန်းသုံး ထစ်ခြင်းဟန်းခြင်းမရှိ မိုက်နေရော😬✅ Honor X6✅ ...
28/06/2024

𝐀𝐥𝐥 𝐑𝐨𝐮𝐧𝐝𝐞𝐫 သုံးလို့ကောင်းတဲ့ကောင်ဇိုးလေးတွေဗျို့😜
𝐆𝐚𝐦𝐞 / 𝐒𝐨𝐜𝐢𝐚𝐥 အမုန်းသုံး ထစ်ခြင်းဟန်းခြင်းမရှိ မိုက်နေရော😬

✅ Honor X6
✅ Ram - 4
✅ Storage - 64
✅ All Find / No Error
▪Price - 280000Ks MM
-----------------------------------
✅ Redmi K30 (5G)
✅ Ram - 6
✅ Storage - 128
✅ All Find / No Error
▪Price - 390000Ks MM
-----------------------------------
🔷အာမခံ ၁၀ ရက်ဖြင့်ရောင်းချပေးပါသည်။

♦Top Mobile Brand New & Second Shop♦
🏡 Address 76 လမ်း / 1 × 2 လမ်းကြား / မန္တလေးမြို့။
လင်းလက်တော်ဝင် ကိုယ်ပိုင်ကျောင်းအနောက်ဘက်။

☎ Ph - 09402699796 / 09978241493 / 09796624153

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Top Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share