Code2

Code2 အင်တာနက်ရှိသည့် မည်သည်နေရာကမဆို နည်းပညာနဲ့ ပတ်သတ်သည့်ဘာသာရပ်များကို သင်ယူတတ်မြောက်ဖို့က Code2 ရဲ့ အဓိက Mission ပါ။

“နည်းပညာနယ်ပယ်မှ လူငယ်တိုင်းရဲ့ အိပ်မက်တွေကို တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးပေးနေမဲ့ CODE2”အားလုံးပဲမင်္ဂလာပါ။ CODE2 ကန...
17/01/2024

“နည်းပညာနယ်ပယ်မှ လူငယ်တိုင်းရဲ့ အိပ်မက်တွေကို တစ်ထောင့်တစ်နေရာကနေ ကူညီပံ့ပိုးပေးနေမဲ့ CODE2”

အားလုံးပဲမင်္ဂလာပါ။ CODE2 ကနေ မြန်မာနိုင်ငံမှ နည်းပညာနယ်ပယ်ကို စိတ်ဝင်စားတဲ့ လူငယ်များအတွက် နည်းပညာဆိုင်ရာ ဆောင်းပါးတွေ၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် Roadmap များနှင့်အတူ အောင်မြင်သူတွေရဲ့ ဇာတ်လမ်းလေးတွေကိုလည်း မျှဝေပေးခဲ့ရာ စောင့်မျှော်ဖတ်ရှုပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

CODE2 အနေနဲ့ အဆိုပါ နည်းပညာဆိုင်ရာ အကြောင်းအရာအစုံအလင်ကို အချိန်နှင့် တစ်ပြေးညီ မျှဝေပေးရင်း နည်းပညာနယ်ပယ်မှ လူငယ်များရဲ့ အိမ်မက်ခရီးလမ်းမှာ အထောက်အကူဖြစ်စေဖို့ ကြိုးစားလျက်ရှိပါတယ်ခင်ဗျာ။

ဒါကြောင့်မို့လို့ CODE2 ကနေ ပုံမှန်မျှဝေပေးနေတဲ့ ဆောင်းပါးလေးတွေကို ဖတ်ရှုလေ့လာရင်း ယခုထက် ပိုမိုကောင်းမွန်တဲ့ အကြောင်းအရာများကိုလည်း ကူညီပံ့ပိုးနိုင်ဖို့အတွက် ကြိုးစားသွားပါမယ်။

နည်းပညာနယ်ပယ်မှ လူငယ်တိုင်းရဲ့ အိမ်မက်တွေအတွက် အသစ်အသစ်တွေမျှဝေပေးရင်း တစ်ထောင့်တစ်နေရာကနေ အတူရှိနေပေးပါမယ်ခင်ဗျာ။

CODE2 မှ တစ်နှစ်တာ တင်ခဲ့သမျှ အလုပ်အကိုင် နဲ့ပက်သက်တဲ့ လေ့လာစရာများ စုစည်းမှု။အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့တော့ နည်းပညာနယ်ပ...
14/01/2024

CODE2 မှ တစ်နှစ်တာ တင်ခဲ့သမျှ အလုပ်အကိုင် နဲ့ပက်သက်တဲ့ လေ့လာစရာများ စုစည်းမှု။

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့တော့ နည်းပညာနယ်ပယ်ကို စတင်ဝင်ရောက်မဲ့ လူငယ်တွေရော၊ ရောက်နှင့်ပြီးသား စီနီယာတွေအတွက်ပါ လေ့လာဖတ်ရှုနိုင်ဖို့ စုစည်းမှုလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

အဲ့ဒါလေးကတော့ CODE2 ကနေ ၂၀၂၃ ခုနှစ်အတွင်း တစ်နှစ်တာ မျှဝေပေးခဲ့သမျှ အကြောင်းအရာတွေထဲက ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် သီးသန့်လေ့လာဖတ်ရှုနိုင်ဖို့ စုစည်းဖော်ပြလိုက်ပါတယ်။

(1) ငယ်ရွယ်စဉ် နည်းပညာပညာရပ်များ လေ့လာသင်ယူတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်မလဲ။
https://www.facebook.com/share/p/KbhpCiiMnajJo5KY/?mibextid=WC7FNe

(2) နည်းပညာနယ်ပယ်ကို အခုမှစတင်ဝင်ရောက်မယ့် လူငယ်တစ်ယောက်အနေဖြင့် ဘယ်လိုအချက်တွေ ပြင်ဆင်သင့်လဲ။
https://www.facebook.com/share/p/C7NFndTv4A6vqyvN/?mibextid=WC7FNe

(3) မိမိနဲ့သင့်တော်မယ့် နည်းပညာဘာသာရပ်တစ်ခုကို ဘယ်လို ဆုံးဖြတ်ရွေးချယ် လေ့လာသင့်လဲ။
https://www.facebook.com/story.php?story_fbid=649443097193163&id=100063824354920

(4) Web Development ပိုင်း စတင်ဝင်ရောက်မယ့်လူငယ်များအတွက် အကြံပြုစာ။
https://www.facebook.com/story.php?story_fbid=655059023298237&id=100063824354920

(5) Web Developer တစ်ယောက်အတွက် အလုပ်အကိုင်အခွင့်အလမ်းပေါများတဲ့ အရှေ့တောင်အာရှ နိုင်ငံ (၃) ခု။
https://www.facebook.com/story.php?story_fbid=656368849833921&id=100063824354920

(6) နည်းပညာနယ်ပယ်မှ Startup Founder တစ်ဦးဖြစ်လာဖို့ ဘယ်အရာတွေ ပြင်ဆင်ထားသင့်လဲ။
https://www.facebook.com/story.php?story_fbid=669577995179673&id=100063824354920

(7) Data Science ကို လေ့လာနေတဲ့ လူငယ်များအတွက် မရှိမဖြစ်လိုအပ်တဲ့ နည်းလမ်း 3 ခု။
https://www.facebook.com/story.php?story_fbid=708443051293167&id=100063824354920

(8) Data Science ကို စိတ်ဝင်စားတဲ့ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ။
https://www.facebook.com/story.php?story_fbid=709602907843848&id=100063824354920

(9) အလုပ်အင်တာဗျူးဝင်ကြမယ့် နည်းပညာလူငယ်များအတွက် မဖြစ်မနေသိထားသင့်တဲ့အရာများ။
https://www.facebook.com/story.php?story_fbid=719732116830927&id=100063824354920

(10) ၂၀၂၃ ခုနှစ်မှာ Programmer များအတွက် ဝင်ငွေရရှိနိုင်မယ့် အကောင်းဆုံး Freelance Platform များ။
https://www.facebook.com/story.php?story_fbid=728984909238981&id=100063824354920

(11) 2023 ခုနှစ်မှာ Programming အတွက် အသင့်တော်ဆုံး Budget Laptop များ။
https://www.facebook.com/story.php?story_fbid=731435008993971&id=100063824354920

(12) လူငယ်များသိထားသင့်တဲ့ Singapore နိုင်ငံရှိ နည်းပညာနယ်ပယ်မှ အလုပ်အကိုင်အခွင့်အလမ်းများ။
https://www.facebook.com/story.php?story_fbid=732686978868774&id=100063824354920

(13) နိုင်ငံခြားမှ အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိစေနိုင်ဖို့ LinkedIn ပလက်ဖောင်းကို ဘယ်လိုအသုံးချမလဲ?
https://www.facebook.com/story.php?story_fbid=734015115402627&id=100063824354920

(14) အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းများအတွက် ကိုယ်ပိုင် Project တွေကို ဘယ်လို တည်ဆောက်ရမလဲ?
https://www.facebook.com/story.php?story_fbid=736728245131314&id=100063824354920

(15) နည်းပညာနယ်ပယ်မှာ Full Stack Developer တွေကဝင်ငွေအကောင်းဆုံး အလုပ်အကိုင်တစ်ခုလား?
https://www.facebook.com/story.php?story_fbid=743381224466016&id=100063824354920

(16) Ebook တွေ ဖတ်ပြီး‌ လေ့လာနေပေမယ့် ထိရောက်မှုမရှိဘူးလို့ ခံစားနေရပါသလား?
https://www.facebook.com/story.php?story_fbid=748042940666511&id=100063824354920

(17) “နည်းပညာနယ်ပယ်မှာ Computer Science Degree မရှိဘဲ အလုပ်ရနိုင်လား?”
https://www.facebook.com/story.php?story_fbid=752527963551342&id=100063824354920

(18) Programmer အများစုက နိုင်ငံခြားအလုပ်အကိုင်များဆိုရင် Singapore ကို ဘာကြောင့် ရွေးချယ်ကြတာလဲ?
https://www.facebook.com/story.php?story_fbid=755076239963181&id=100063824354920

(19) အခြေခံကို လုံးဝမသိသေးသူကနေ အောင်မြင်တဲ့ Programmer တစ်ယောက်ဖြစ်ချင်တဲ့ လူငယ်များအတွက် လမ်းညွှန်။
https://www.facebook.com/story.php?story_fbid=756298529840952&id=100063824354920

(20) Programmer တစ်ယောက်အနေနဲ့ ဝင်ငွေပိုတိုးလာအောင် ဘယ်လိုလုပ်မလဲ?
https://www.facebook.com/story.php?story_fbid=792671899536948&id=100063824354920

(21) Coding လေ့လာတဲ့အခါ “ကိုယ့်ကိုယ်ကို တိုးတက်မှုရှိမရှိ” ဆိုတာကို ဘယ်လိုသိနိုင်မလဲ?
https://www.facebook.com/story.php?story_fbid=815303987273739&id=100063824354920

(22) UI\UX Designer တွေရဲ့ နောက်လာမဲ့ အနာဂတ်အခွင့်အလမ်းက ဘယ်လိုဖြစ်လာမလဲ?
https://www.facebook.com/story.php?story_fbid=816631830474288&id=100063824354920

(23) Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?
https://www.facebook.com/story.php?story_fbid=820079720129499&id=100063824354920

(24) Front-End Developer တွေရဲ့ အနာဂတ်မှာ ကျယ်ပြန့်လာမဲ့ ခြေလှမ်းသစ်များ။
https://www.facebook.com/story.php?story_fbid=821452886658849&id=100063824354920

(25) Programmer များအတွက် လာမဲ့နောက် (6) လမှာ Career Development Plan တစ်ခု ဘယ်လိုဖန်တီးမလဲ?
https://www.facebook.com/story.php?story_fbid=825527506251387&id=100063824354920

(26) Back-end Developer တွေရဲ့ အနာဂတ်အခွင့်အလမ်းများအတွက် ကြိုတင်ပြင်ဆင်မှုများ။
https://www.facebook.com/story.php?story_fbid=826419812828823&id=100063824354920

နည်းပညာနယ်ပယ်အတွင်းမှ အောင်မြင်သူတို့ရဲ့ ဇာတ်လမ်းများစုစည်းမှု။အားလုံးပဲမင်္ဂလာပါ။ CODE2 မှ နည်းပညာနယ်ပယ်မှ လူငယ်တို့ကို...
11/01/2024

နည်းပညာနယ်ပယ်အတွင်းမှ အောင်မြင်သူတို့ရဲ့ ဇာတ်လမ်းများစုစည်းမှု။

အားလုံးပဲမင်္ဂလာပါ။ CODE2 မှ နည်းပညာနယ်ပယ်မှ လူငယ်တို့ကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ချက်ဖြင့် နည်းပညာဆိုင်ရာ အကြောင်းအရာမျိုးစုံကို စဥ်ဆက်မပြတ် မျှဝေပေးခဲ့ရာ ဖတ်ရှုအားပေးကြသူအားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ဒီနေ့တော့ နည်းပညာနယ်ပယ်မှ လူငယ်များ လေးစားအတုယူနိုင်စေဖို့အတွက် CODE2 မှ ၂၀၂၃ တစ်နှစ်တာလုံး မျှဝေခဲ့သမျှ အောင်မြင်တဲ့ Programmer တို့ရဲ့ ဇာတ်လမ်းလေးများကို ပြန်လည်စုစည်းဖော်ပြပေးလိုက်ပါတယ်။

(1) အထက်တန်းကျောင်းကတည်းက Programming ကို စိတ်ဝင်စားခဲ့ပြီး Startup Founder တစ်ဦးဖြစ်လာသူ Drew Houston, Dropbox
https://www.facebook.com/story.php?story_fbid=668325308638275&id=100063824354920

(2) ကိုယ်တိုင် Lead Programmer အနေဖြင့်အားဖြည့်ရင်း Twitter ကို စတင်တည်ထောင်ခဲ့တဲ့ Jack Dorsey, co-founder of Twitter
https://www.facebook.com/story.php?story_fbid=673849998085806&id=100063824354920

(3) “Software Development နယ်ပယ်မှတဆင့် အောင်မြင်တဲ့ Startup Founder တစ်ဦးအဖြစ်သို့ - Stewart Butterfield, Co Founder of Slack”
https://www.facebook.com/story.php?story_fbid=677997914337681&id=100063824354920

(4) “Yahoo မှတဆင့် Engineer ပိုင်း တာဝန်ယူလုပ်ကိုင်ခဲ့ရာမှ Whatsapp တည်ထောင်သူအဖြစ်သို့ “ Jan Koum, co-Founder of Whatsapp.
https://www.facebook.com/story.php?story_fbid=683246593812813&id=100063824354920

(5) Class project တစ်ခုကနေ စတင်ခဲ့ရာမှ ပြီးပြည့်စုံတဲ့ Social Media Platform တစ်ခုအဖြစ်သို့ “- Evan Spiegel, Co-Founder of Snapchat “
https://www.facebook.com/story.php?story_fbid=687642576706548&id=100063824354920

(6) လူမှုပတ်ဝန်းကျင်အတွက် ဆန်းသစ်တီထွင်မှုများစွာကို ဖော်ဆောင်လာရင်း Software Engineer ကနေ Startup Founder ဖြစ်လာသူ Mark Zuckerberg, Co-Founder of Meta Platforms
https://www.facebook.com/story.php?story_fbid=692584262879046&id=100063824354920

(7) Computer တွေရဲ့ခေတ်သစ်တစ်ခုကို ယူဆောင်လာရင်း အောင်မြင်တဲ့ Startup Founder တစ်ဦးအဖြစ်သို့ Bill Gates, Co-Founder of Microsoft
https://www.facebook.com/story.php?story_fbid=697195989084540&id=100063824354920

(8) သာမန်ကျောင်းသားတစ်ဦးကနေ Google AI ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်လာသူ - Jeff Dean
https://www.facebook.com/story.php?story_fbid=707154868088652&id=100063824354920

(9) စိန်ခေါ်မှုများစွာကြားထဲကနေ အိမ်မက်ကို အကောင်ထည်ဖော်နိုင်ခဲ့သူ Max Rosett, Google Software Engineer
https://www.facebook.com/story.php?story_fbid=712060757598063&id=100063824354920

(10) ကြိုးစားမှုနှင့် ဇွဲ့လုံ့လရှိမှုများကြောင့် Facebook ရဲ့ Software Engineer အဖြစ်ကနေ CTO ဖြစ်လာသူ - Andrew Bosworth
https://www.facebook.com/story.php?story_fbid=716080697196069&id=100063824354920

(11) စိန်ခေါ်မှု‌တွေကို တစ်ဆင့်ချင်းကျော်ဖြတ်ကာ အောင်မြင်လာခဲ့တဲ့ Software Engineer - Mark Russinovich
https://www.facebook.com/story.php?story_fbid=721751506628988&id=100063824354920

(12) Google ရဲ့ Software Engineer တစ်ယောက်ဖြစ်ခဲ့တဲ့ James Damore ရဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတစ်ပုဒ်။
https://www.facebook.com/story.php?story_fbid=744826400988165&id=100063824354920

(13) အမျိုးသမီး Computer Scientist တစ်ဦးဖြစ်တဲ့ Daphne Koller ရဲ့ အတုယူစရာ ဘဝဇာတ်လမ်းလေး။
https://www.facebook.com/story.php?story_fbid=749339283870210&id=100063824354920

(14) Freelancer အဖြစ်လုပ်ကိုင်ရင်းမှ အောင်မြင်တဲ့ Founder တစ်ဦးဖြစ်လာခဲ့တဲ့ Web Developer - Chris Coyier
https://www.facebook.com/story.php?story_fbid=753776293426509&id=100063824354920

(15) အမျိုးသမီး Developer တစ်ယောက်ရဲ့ ခရီးစဉ်တစ်လျှောက် ဖြတ်သန်းခဲ့တဲ့ အတုယူစရာပုံရိပ်များ - Simona Cotin
https://www.facebook.com/story.php?story_fbid=757533696384102&id=100063824354920

(16) စဥ်ဆက်မပြတ် ကြိုးစားလေ့လာမှုတွေကြောင့် အောင်မြင်လာတဲ့ Google ရဲ့ အမျိုးသမီး Software Engineer - Adriana Porter Felt
https://www.facebook.com/story.php?story_fbid=762190902585048&id=100063824354920

(17) တက္ကသိုလ်တက်ရင်း Freelance လုပ်ရာမှ အောင်မြင်တဲ့ CEO တစ်ယောက်ဖြစ်လာသူ - Austen Allred
https://www.facebook.com/story.php?story_fbid=767339375403534&id=100063824354920

(18) နည်းပညာနယ်ပယ်ကို စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးရင်း အောင်မြင်လာတဲ့ အမျိုးသမီး Freelance Programmer - Lydia Hallie
https://www.facebook.com/story.php?story_fbid=772824698188335&id=100063824354920

(19) “နည်းပညာနယ်ပယ်ကို ပြောင်းလဲနိုင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ အိမ်မက်”
https://www.facebook.com/story.php?story_fbid=776825977788207&id=100063824354920

(20) အမေရိကန်နိုင်ငံမှ ရပ်ကွက်ငယ်လေးကနေ Spotify ရဲ့ Engineering Manager ဖြစ်လာခဲ့တဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်။
https://www.facebook.com/story.php?story_fbid=781557720648366&id=100063824354920

(21) ရောင်းအားအကောင်းဆုံး ဗီဒီယိုဂိမ်းဖြစ်တဲ့ Minecraft ဖန်တီးသူ Markus Persson ရဲ့ ကြမ်းတမ်းခဲ့တဲ့ ဘဝခရီးလမ်း။
https://www.facebook.com/story.php?story_fbid=786608956809909&id=100063824354920

(22) အသက် (၁၆) နှစ်အရွယ်မှာ ကိုယ်ပိုင်ဒီဇိုင်းဖြင့် VR Headsets ကို စတင် ဖန်တီးနိုင်ခဲ့သူ - Palmer Luckey
https://www.facebook.com/story.php?story_fbid=791233623014109&id=100063824354920

(23) ကမ္ဘာ့ပထမဆုံး ကွန်ပြူတာကို တီထွင်ဖို့ လမ်းပြနိုင်ခဲ့သူ - Charles Babbage
https://www.facebook.com/story.php?story_fbid=796582585812546&id=100063824354920

(24) နည်းပညာနယ်ပယ်မှာ အသက်သွေးကြောလို အရေးပါတဲ့ JavaScript ကို စတင်ဖန်တီးခဲ့သူ - Brendan Eich
https://www.facebook.com/story.php?story_fbid=800569178747220&id=100063824354920

(25) ကမ္ဘာ့ပထမဆုံး UX အသုံးအနှုန်းကို စတင်ဖန်တီးခဲ့တဲ့ ဖခင် - Donald Norman
https://www.facebook.com/story.php?story_fbid=804973344973470&id=100063824354920

(26) ကမ္ဘာ့ပထမဆုံး Virtual Reality (VR) ကို စတင်ဖန်တီးခဲ့သူ - Ivan Sutherland
https://www.facebook.com/story.php?story_fbid=810061191131352&id=100063824354920

(27) Programming Language တွေထဲမှ တစ်ခုဖြစ်တဲ့ Ruby ရဲ့ ပဲ့ကိုင်ရှင် - Yukihiro Matsumoto
https://www.facebook.com/story.php?story_fbid=818749200262551&id=100063824354920

(28) ကျွန်တော်တို့အားလုံးရဲ့ နှလုံးသားထဲမှာရှိတဲ့ GTA ဂိမ်းကို ဖန်တီးသူ - Sam Houser, Co-founder of Rockstar Games
https://www.facebook.com/story.php?story_fbid=824199963050808&id=100063824354920

(29) ပထမဆုံး Web Browser ကို ဘယ် Programmer က စတင်ဖန်တီးခဲ့တာလဲ သိကြလား?
https://www.facebook.com/story.php?story_fbid=829330535871084&id=100063824354920

CODE2 ကနေ အခုလို နည်းပညာဆိုင်ရာ အကြောင်းအရာများကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

နည်းပညာနယ်ပယ်အတွက် မျှော်လင့်ချက် တံခါးပေါက်တစ်ချပ်ကို ဖန်တီးပေးခဲ့တဲ့ Founder of freeCodeCamp - Quincy Larsonအားလုံးပဲမ...
09/01/2024

နည်းပညာနယ်ပယ်အတွက် မျှော်လင့်ချက် တံခါးပေါက်တစ်ချပ်ကို ဖန်တီးပေးခဲ့တဲ့ Founder of freeCodeCamp - Quincy Larson

အားလုံးပဲမင်္ဂလာပါ။ CODE2 ရဲ့ လူငယ်တွေ အတုယူလေးစားနိုင်စေဖို့ နည်းပညာနယ်ပယ်မှာ အောင်မြင်သူတို့ရဲ့ ဘဝဇာတ်လမ်းလေးတွေကို မျှဝေဖို့ အချိန်ပြန်လည်ရောက်ရှိလာပါပြီ။

ဒီနေ့တော့ နည်းပညာနယ်ပယ်မှသူအားလုံးနီးပါး သိကြတဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်တဲ့ freeCodeCamp ကို တည်ထောင်ခဲ့တဲ့ Quincy Larson ရဲ့ အကြောင်းလေးကို မျှဝေပေးချင်ပါတယ်။ ဒါဆိုရင် သူ့ရဲ့ ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်မလဲ? ဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

Quincy Larson အနေနဲ့ ကျောင်းဒါရိုက်တာတစ်ဦးဖြစ်ခဲ့ပြီး ကျောင်းတွေကို ပိုမိုထိရောက်စေဖို့အတွက် Tools များကို ဖန်တီးနိုင်ဖို့ ကုဒ်ရေးနည်းကို စတင်မလေ့လာမီ ခြောက်နှစ်ကြာခဲ့ပါတယ်။ သူဟာ Coding သင်ယူခြင်းကနေ အဆိုပါခရီးလမ်းဟာ အလွန်ရှည်လျားပြီး အခက်အခဲများစွာနှင့် စတင်လေ့လာမဲ့ Developer ဖြစ်သူများအတွက် Single-track သင်ရိုးညွှန်းတမ်းလိုအပ်ကြောင်းကို သတိပြုမိခဲ့ပါတယ်။

ဒီလိုနဲ့ US မှာရှိတဲ့ Coding Boot Camps ဆိုင်ရာ ဒေတာကို ခွဲခြမ်းစိတ်ဖြာပြီး လူအများအတွက် လက်လှမ်းမမီနိုင်တဲ့ Coding ပညာရေးကို သိရှိနားလည်လာတဲ့အခါမှာ၊ Quincy က နည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်များရဲ့ Coding လေ့လာခြင်းအတွက် အပြည့်အဝ-အွန်လိုင်း အခမဲ့ပလပ်ဖောင်းတစ်ခုကို ဖန်တီးဖို့ စီစဉ်လာခဲ့ပါတယ်။ ရလဒ်အနေနဲ့ လက်ရှိကျွန်တော်တို့ အသုံးပြုနေတဲ့ freeCodeCamp ရဲ့ ဇာတ်လမ်းအစဖြစ်လာခဲ့ပါတယ်။

အဆိုပါခရီးလမ်းမှာဆိုရင်လည်း စိန်ခေါ်မှုတွေ မကင်းပါဘူး။ Quincy ရဲ့ Vision ကို မယုံကြည်တဲ့ သံသယများနှင့် အတားအဆီးများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူအနေနဲ့ ဇွဲမလျှော့ခဲ့ပဲ Quincy ရဲ့ ဖန်တီးမှုက လူတိုင်းအတွက် လွတ်လပ်စွာ ရရှိနိုင်တယ်လို့ ယုံကြည်တဲ့ ရည်မှန်းချက်ဖြင့် အဟန့်အတားဖြစ်နေတဲ့ အတားအဆီးတွေအားလုံးကို ဖြိုဖျက်နိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ Quincy ဟာ freeCodeCamp ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ တရားဝင်မိတ်ဆက်နိုင်ခဲ့ပါတယ်။
မကြာခင်မှာပဲ freeCodeCamp ဟာ ကမ္ဘာတစ်ဝှမ်းရှိ နည်းပညာကို သင်ယူသူများ၊ လမ်းညွှန်ပေးသူများနှင့် ပံ့ပိုးပေးသူများကြားမှာ လျင်မြန်စွာ ပျံ့နှံ့လာခဲ့ပါတယ်။ Quincy ရဲ့ ဖန်တီးမှုဟာဆိုရင် နည်းပညာနယ်ပယ်ကို စိတ်ဝင်စားပြီး လေလာလိုပေမဲ့ ငွေကြေးအခက်အခဲ ရင်ဆိုင်နေရသူတွေအတွက် မျှော်လင့်ချက်တံခါးပေါက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

freeCodeCamp ပလက်ဖောင်းဟာ အားလုံးသိကြတဲ့အတိုင်း Interactive Coding Challenges တွေ၊ လက်တွေ့ Projects များနှင့် သင်ယူသူတွေအချင်းချင်း ချိတ်ဆက်ပူးပေါင်းနိုင်တဲ့ အသိုက်အဝန်းတစ်ခုကို ပေးဆောင်ထားပါတယ်။ Quincy ရဲ့ အိပ်မက်ဟာဆိုရင် Coding လေ့လာနိုင်ဖို့အတွက်သာမက၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ မျှဝေခြင်းနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူမှုစိတ်ဓာတ်ကိုပါ မွေးမြူပေးနိုင်ဖို့အထိ ရည်ရွယ်ထားပါတယ်။

အခုဆိုရင် freeCodeCamp ပလက်ဖောင်းမှာ တစ်လကို ဝင်ရောက်လေ့လာသူ 350,000 ခန့် နှင့် နိုင်ငံပေါင်း 160 ကျော်မှ ကျောင်းသားတွေ အသုံးပြုလျက်ရှိပါတယ်။ ဒါကြောင့် freeCodeCamp ရဲ့ တည်ထောင်သူ Quincy Larson ရဲ့ ဇာတ်လမ်းလေးဟာ မျိုးဆက်သစ် နည်းပညာဝါသနာရှင်များအတွက် လှုံ့ဆော်မှု အရင်းအမြစ်တစ်ခုလို ဖြစ်လာခဲ့ပြီး သူရဲ့ လမ်းညွှန်မှုဖြင့် နည်းပညာအနာဂတ်ကို ပုံဖော်နေတဲ့ Developer များအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဒါကတော့ freeCodeCamp ရဲ့ တည်ထောင်သူ Quincy Larson ရဲ့ ဘဝဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ဒီကနေတဆင့် CODE2 ရဲ့ လူငယ်များလည်း မိမိရဲ့ ဘဝခရီးလမ်းမှာ လေးစားအတုယူနိုင်မယ်လို့ ယုံကြည်ပါတယ်။

နောက်နေ့မှာလည်း နည်းပညာနယ်ပယ်မှ လူငယ်များအတွက် အထောက်အကူဖြစ်စေဖို့ မတူညီတဲ့ အကြောင်းအရာများဖြင့် ပြန်လာခဲ့မှာမို့လို့ CODE2 ကို စောင့်မျှော်အားပေးနိုင်ပါတယ်ခင်ဗျာ။

နှစ်သစ်မှာ Project အစမ်းရေးကြည့်လို့ရမဲ့ အခမဲ့ Website များ။အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့အနေနဲ့ Programming Languag...
06/01/2024

နှစ်သစ်မှာ Project အစမ်းရေးကြည့်လို့ရမဲ့ အခမဲ့ Website များ။

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့အနေနဲ့ Programming Language တွေကို လေ့လာပြီးပြီဆိုရင် Project လေးတွေ စပြီးရေးချင်ကြတဲ့သူများစွာရှိပါတယ်။ ဒါပေမဲ့ ဘယ်မှာလေ့ကျင့်လို့ရမယ်ဆိုတဲ့နေရာလေးတွေလိုက်ရှာရင်း လမ်းပျောက်နေသူတွေလည်း ရှိပါတယ်။

ဒါကြောင့်မို့ အခုလို ကြုံနေရတဲ့ လူငယ်များအတွက် ကိုယ်နှစ်သက်ရာ အမျိုးအစာကို ရွေးချယ်ပြီး Project တွေ စမ်းရေးရင်း လေ့ကျင့်လို့ရမဲ့ အခမဲ့ Website (3) ခု ကို CODE2 မှ ဖော်ပြပေးလိုက်ပါတယ်။

(1) LeetCode - https://leetcode.com/

LeetCode မှာ မျိုးစုံသော ပရိုဂရမ်းမင်းဘာသာစကားများနှင့် Topics များအတွက် Coding Challenges များစွာကို ပံ့ပိုးပေးထားတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာ အင်တာဗျူးပြင်ဆင်မှုတွေအတွက်လည်း အင်မတန် အသုံးပြုဝင်ပါတယ်။ ဒါကြောင့် စပြီးလေ့ကျင့်မယ့် လူငယ်တွေအတွက် ဝင်ရောက်လေ့လာဖို့ အကောင်းဆုံးပေါ့။

(2) Codewars - https://www.codewars.com/

Codewars ကတော့ အနည်းငယ်ပိုအဆင့်မြှင့်တဲ့ Projects များကို လေ့ကျင့်ရင်း Problems များကို ယခင်ကထပ် ဖြေရှင်းနိုင်ပြီး Coding စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့ “kata” လို့ခေါ်တဲ့ Coding Challenges များကို လေ့လာသင်ယူနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်မှုကို မြှင့်တင်လို့တဲ့ လူငယ်တွေအတွက် တကယ်အသုံးဝင်တဲ့ Website တစ်ခုပါပဲ။

(3) Topcoder - https://www.topcoder.com/

TopCoder ကတော့ ထူးထူးခြားခြားအနေနဲ့ Coding ပြိုင်ပွဲတွေနှင့် Challenges များကို ပေးဆောင်နေတဲ့ အရင်တည်းက တည်ရှိနေတဲ့ အပြိုင်အဆိုင် ပရိုဂရမ်းမင်းပလက်ဖောင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ ဒီကနေ ကိုယ့်ရဲ့ Coding Skill ကို မြှင့်တင်ဖို့နှင့် Problem-solving Skill ကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံးနေရာထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒါဆိုရင်တော့ နှစ်သစ်မှာ ကိုယ့်ရဲ့ Coding Skill တွေကို မြှင့်တင်နိုင်ဖို့ Project တွေ လေ့ကျင့်လို့ရမဲ့ Website တွေကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။

နောက်နေ့မှာလည်း အခုလို နည်းပညာနယ်ပယ်ကို စတင်ဝင်ရောက်မဲ့ လူငယ်တွေအတွက် အထောက်အကူဖြစ်စေဖို့ လိုအပ်တဲ့ လေ့လာစရာ အရင်းအမြစ်တွေကို မျှဝေပေးသွားမှာဖြစ်တာကြောင့် CODE2 ကို ဆက်လက်စောင့်မျှော်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Coding ကို လေ့လာထားသူတွေ ဖြေနိုင်မဲ့ မေးခွန်းလေးတစ်ခု အားလုံးပဲ မင်္ဂလာပါ။ CODE2 ကနေ နည်းပညာနယ်ပယ်မှ လူငယ်များအတွက် ကိုယ...
04/01/2024

Coding ကို လေ့လာထားသူတွေ ဖြေနိုင်မဲ့ မေးခွန်းလေးတစ်ခု

အားလုံးပဲ မင်္ဂလာပါ။ CODE2 ကနေ နည်းပညာနယ်ပယ်မှ လူငယ်များအတွက် ကိုယ်လေ့လာထားတဲ့ Programming Language တွေကို ပြန်လည်ဆန်းစစ်တဲ့အနေနဲ့ မေးခွန်းလေးတစ်ခုကို ယူဆောင်လာပါပြီ။

ဒီနေ့တော့ Python ကို လေ့လာထားသူတွေ ဖြေနိုင်မဲ့ ဥာဏ်စမ်းမေးခွန်းလေးတစ်ခုကို စမ်းကြည့်ပါမယ်။

မေးခွန်းလေးကတော့ -

Python loops နှစ်မျိုးကို ဘယ်လိုခေါ်လဲ?
1. Else and while
2. If and Then
3. For and while
4. If and Else

ကိုယ်လေ့လာထားတဲ့ အဖြေလေးကို အားလုံးနှင့်အတူ Comment မှာ ရွေးချယ်ဖြေဆိုနိုင်ပါတယ်ခင်ဗျာ။

🎉 Programmer များအတွက် CODE2 မှ နှစ်သစ်ဆုတောင်းစကား။ 🎊နည်းပညာနယ်ပယ်မှ လူငယ်များအနေနဲ့ ယခုရောက်ရှိတဲ့ 2024 ခုနှစ်ကစ၍ စိတ်...
01/01/2024

🎉 Programmer များအတွက် CODE2 မှ နှစ်သစ်ဆုတောင်းစကား။ 🎊

နည်းပညာနယ်ပယ်မှ လူငယ်များအနေနဲ့ ယခုရောက်ရှိတဲ့ 2024 ခုနှစ်ကစ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြည့်စုံပြီး ချစ်ရသူတွေနဲ့လည်း ပျော်ရွှင်စွာဖြတ်သန်းရင်း ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင် အိပ်မက်များဆီသို့ အောင်မြင်စွာ ရောက်ရှိနိုင်ကြပါစေလို့ CODE2 မှ ဆုမွန်တောင်းကောင်းပေးလိုက်ပါတယ်ခင်ဗျာ…🙏

#2024

📢 တစ်နှစ်တာ မျှဝေခဲ့သမျှ ဆောင်းပါးများစုစည်းမှုလေး မကြာခင် ရောက်ရှိလာပါတော့မယ်။အားလုံးပဲမင်္ဂလာပါ။ မကြာခင်မှာဆိုရင်လည်း ...
30/12/2023

📢 တစ်နှစ်တာ မျှဝေခဲ့သမျှ ဆောင်းပါးများစုစည်းမှုလေး မကြာခင် ရောက်ရှိလာပါတော့မယ်။

အားလုံးပဲမင်္ဂလာပါ။ မကြာခင်မှာဆိုရင်လည်း ၂၀၂၄ ဆိုတော့ နှစ်သစ်တစ်နှစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ နည်းပညာနယ်ပယ်မှ လူငယ်များလည်း ၂၀၂၄ ခုနှစ်မှာ ကိုယ်လိုချင်တဲ့ အိပ်မက်ပန်းတိုင်တွေဆီကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါကြောင်း CODE2 မှ ကြိုတင်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

တစ်ဆက်တည်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း CODE2 မှ မျှဝေပေးခဲ့သမျှ နည်းပညာဆိုင်ရာ အကြောင်းအရာများကို ဖတ်ရှုအားပေးကြသူအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။

CODE2 ကနေ နည်းပညာကို စိတ်ဝင်စားတဲ့ လူငယ်များအတွက် အထောက်အကူဖြစ်စေဖို့ နည်းပညာဆိုင်ရာ ဆောင်းပါးများ၊ အလုပ်အကိုင်အခွင့်အလမ်းများအတွက် Roadmap များ၊ အောင်မြင်သူတွေရဲ့ ဇာတ်လမ်းလေးတွေကိုလည်း မျှဝေပေးခဲ့ပါတယ်။

ဒါ့အပြင် ဘာသာစကားများရဲ့ သမိုင်းကြောင်းတွေနှင့်အတူ လေ့လာစရာ အရင်းအမြစ်တွေ အစရှိတဲ့ စဥ်ဆက်မပြတ် ကြိုးစားမျှဝေခဲ့တာတွေကို သက်ဆိုင်ရာ နယ်ပယ်အလိုက် တစ်စုတစ်စည်းတည်း ပြန်လည်စုစည်းပြီး CODE2 မှ မျှဝေပေးဖို့ရှိတာကြောင့် ဆက်လက်စောင့်ကြည့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

2024 ခုနှစ်ရဲ့ Coding နယ်ပယ်မှာ ပိုမိုကျယ်ပြန့်လာမဲ့ နည်းပညာ (3) ခု။အားလုံးပဲ မင်္ဂလာပါ။ မကြာခင်မှာဆိုရင်လည်း 2023 ဆိုတဲ...
27/12/2023

2024 ခုနှစ်ရဲ့ Coding နယ်ပယ်မှာ ပိုမိုကျယ်ပြန့်လာမဲ့ နည်းပညာ (3) ခု။

အားလုံးပဲ မင်္ဂလာပါ။ မကြာခင်မှာဆိုရင်လည်း 2023 ဆိုတဲ့ ခုနှစ်တစ်ခုဟာကုန်ဆုံးပြီး 2024 အဖြစ်သို့ ကူးပြောင်းရောက်ရှိတော့မှာလည်းဖြစ်ပါတယ်။ နည်းပညာနယ်ပယ်မှာဆိုရင်လည်း 2023 ခုနှစ်အတွင်းမှာ ကျွန်တော်တို့ ထင်မထားတဲ့ ကောင်းမွန်တိုးတက်လာတဲ့ (ဥပမာ - ChatGPT လိုမျိုး) အပြောင်းအလဲတွေဖြစ်လာခဲ့ပါတယ်။

အခုလိုနှစ်တစ်နှစ်တာ ကူးပြောင်းပြီးတဲ့နောက်မှာရော ဘယ်လိုနည်းပညာတွေက ပိုမိုကျယ်ပြန့်လာမလဲ? ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာရော ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲ? ဆိုတာ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီနေ့တော့ အနာဂတ် Coding နယ်ပယ်ထဲကို ကျယ်ပြန့်စွာရောက်ရှိလာမဲ့ နည်းပညာ (3) ခုကို မျှဝေပေးချင်ပါတယ်။

(1) AGI (Artificial General Intelligence)

AGI ဆိုတာ လုပ်ငန်းခွင်တွေမှာ လူသားများရဲ့ စွမ်းဆောင်ရည်ထက် သာလွန်အောင် လုပ်ဆောင်နိုင်တဲ့ မြင့်မားတဲ့ Autonomous စနစ်တစ်ခုဖြစ်ပါတယ်။ ရှင်းအောင်ပြောရမယ်ဆိုရင် လူသားတွေရဲ့ ဥာဏ်ရည်နှင့် ဆင်တူတဲ့ စက်တွေဖြစ်ပါတယ်။

ဥပမာတစ်ခုအနေနဲ့ လူသားတစ်ဦးလုပ်ဆောင်နိုင်တဲ့ အရာတစ်ခုကို ပိုမိုသာလွန်အောင် ဆောင်ရွက်နိုင်တဲ့ Computer Program (သို့) Robotic စနစ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီစနစ်ထဲမှာဆိုရင် ဘာသာစကားတွေကို နားလည်ခြင်း၊ အတွေ့အကြုံကနေ သင်ယူခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ ပြဿနာဖြေရှင်းခြင်းနှင့် အခြေအနေအသစ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ခြင်းတို့ ပါဝင်ပါတယ်။

ဒီလိုမျိုး အဆင့်မြင့်နည်းပညာတစ်ခုဖြစ်တဲ့ AGI ဟာဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝပေါ်မှာရော ဘယ်လိုမျိုး သက်ရောက်မှုရှိလာမလဲဆိုတာ စောင့်ကြည့်သင့်ပါတယ်။

(2) Deepfake

Deepfake ဟာဆိုရင် လက်တွေ့ဘဝမှာ အမှန်တကယ်မဟုတ်တဲ့ အရာတစ်ခုကို ဗီဒီယို (သို့) အသံတို့ဖြင့် ဖန်တီးပုံဖော်နိုင်ဖို့ AI ၊ Machine Learning နှင့် Deep Learning Algorithms များကို အသုံးပြုထားတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။

Deepfake နည်းပညာရဲ့ ဥပမာတစ်ခုကို ပြောရမယ်ဆိုရင် လူတစ်ဦးရဲ့ မျက်နှာသွင်ပြင်နှင့် အမူအရာများကို အခြားသူတစ်ဦးမှာ အစားထိုးထားတဲ့ ဗီဒီယိုများကို ဖန်တီးခြင်းဖြစ်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် Obama နှင့် Zuckerberg တို့ သီချင်းဆိုတာမျိုးတွေ၊ သရုပ်ဆောင်တစ်ဦးရဲ့ ကိုယ်ခန္ဓာပေါ်မှာ အခြားသူတစ်ဦးရဲ့ မျက်နှာသွင်ပြင်ကို ထည့်လိုက်တာမျိုးတွေ စသဖြင့် တကယ်မဟုတ်တဲ့ အရာများကို အမှန်ထင်လာအောင် ဗီဒီယိုအတုတွေ ဖန်တီးနိုင်တာမျိုးတွေဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ပုံမှန်မြင်တွေ့ရတဲ့ ဖျော်ဖြေရေးနယ်ပယ်တွင်သာမကပဲ အခြားသော နယ်ပယ်တွေမှာလည်း ထိုးဖောက်ဝင်ရောက်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ အဆိုပါ Deepfake နည်းပညာဟာဆိုရင် 2024 မှာ ပိုမိုအဆင့်မြှင့်လာနိုင်တာကြောင့် ကျွန်တော်တို့အပေါ် ကောင်းတဲ့ သက်ရောက်မှုတစ်ခု ဖြစ်လာမှာလား? (ဒါမှမဟုတ်) ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

(3) Autonomous

Autonomous ဆိုတာ လူသားတွေမလိုပဲ လုပ်ဆောင်နိုင်တဲ့ System တစ်ခုရဲ့ စွမ်းဆောင်ရည်ဖြစ်ပါတယ်။ Autonomous စနစ်များက သူတို့ရဲ့ Programming၊ အာရုံခံကိရိယာများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းမှုများအပေါ် အခြေခံပြီး ပြောင်းလဲနေတဲ့ အခြေအနေများကို လိုက်လျောညီထွေဖြစ်စေရန် ဆုံးဖြတ်ချက်များချနိုင်ပါတယ်။

Autonomous နည်းပညာဟာဆိုရင် မော်တော်ယာဥ်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအပြင် ကျန်းမာရေးစောင့်ရှောက်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုကဏ္ဍများအထိ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်။

Autonomous နည်းပညာကို ဥပမာပြရရင် မောင်းသူမဲ့ကားတွေဖြစ်တဲ့ Autonomous Vehicle တွေဖြစ်ပါတယ်။ အဲ့ဒီယာဥ်တွေမှာ အာရုံခံကိရိယာများ၊ ကင်မရာများ၊ ရေဒါ၊ Lidar နှင့် ဆန်းသစ်တဲ့ Algorithms များ ပေါင်းစပ်ထားပြီး ပတ်ဝန်းကျင်မှာ သွားလာရန်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များချရန်နှင့် လူသားတွေကို မလိုအပ်ပဲ ဘေးကင်းစွာ မောင်းနှင်ရန်အတွက် အသုံးပြုပါတယ်။

အဆိုပါယာဥ်များကို Tesla၊ Waymo နှင့် အခြားကုမ္ပဏီများလည်း Autonomous နည်းပညာများကို တီထွင်စမ်းသပ်လျက်ရှိတာကြောင့် ကျွန်တော်တို့ မထင်ထားတဲ့ ဘယ်လိုအရာမျိုးတွေ ထပ်ပေါ်လာမလဲဆိုတာ အတူတူ စောင့်ကြည့်ရအောင်။

အခုကတော့ 2024 ခုနှစ်မှာ ကျယ်ပြန့်စွာ တွေ့လာရမဲ့ နည်းပညာ (3) ခုအကြောင်းကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ Programmer တွေအနေနဲ့လည်း ကိုယ်ရဲ့လက်ရှိအခြေအနေမှာ ရပ်နေလို့မရပဲ ဆက်ပြီးတော့ အသစ်အသစ်တွေကို လေ့လာနေဖို့ CODE2 မှ တိုက်တွန်းလိုက်ရပါတယ်။

🎄 နည်းပညာနယ်ပယ်မှလူငယ်များအတွက် Christmas ဆုတောင်းစကား 🎄🗓️ နှစ်တနှစ်ရဲ့ နောက်ဆုံးလလေးလည်းဖြစ်တဲ့ ဒီဇင်ဘာလရဲ့ ဆောင်းအငွေ့...
25/12/2023

🎄 နည်းပညာနယ်ပယ်မှလူငယ်များအတွက် Christmas ဆုတောင်းစကား 🎄

🗓️ နှစ်တနှစ်ရဲ့ နောက်ဆုံးလလေးလည်းဖြစ်တဲ့ ဒီဇင်ဘာလရဲ့ ဆောင်းအငွေ့အသက်တွေနှင့်အတူ ယနေ့မှာ ကျရောက်တဲ့ Christmas အချိန်အခါလေးမှာ

🚩 Programmer များအားလုံး ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ပန်းတိုင်တွေဆီကို အောင်မြင်စွာလျှောက်လှမ်းရင်း ချစ်ရသောသူများနှင့်လည်း ကျန်းမာပျော်ရွှင်သောဘဝကို တည်ဆောက်နိုင်ကြပါစေလို့

နည်းပညာနယ်ပယ်မှ လူငယ်များအားလုံးအတွက် CODE2 မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။

🎁 Programmer များအားလုံး Merry Christmas ပါ။

CODE2 မှ Programmer များအတွက် ပေါ့ပေါ့ပါးပါး မေးခွန်းလေးတစ်ခုကို ပြန်လည်ယူဆောင်လာပါပြီ။အားလုံးပဲ မင်္ဂလာပါ။ CODE2 ကနေ နည...
22/12/2023

CODE2 မှ Programmer များအတွက် ပေါ့ပေါ့ပါးပါး မေးခွန်းလေးတစ်ခုကို ပြန်လည်ယူဆောင်လာပါပြီ။

အားလုံးပဲ မင်္ဂလာပါ။ CODE2 ကနေ နည်းပညာနယ်ပယ်မှ လူငယ်များအတွက် အကျိုးရှိစေမဲ့ အကြောင်းအရာများစွာကို စဥ်ဆက်မပြတ် မျှဝေပေးလျက်ရှိရာ ဖတ်ရှုအားပေးကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

ဒီနေ့တော့ ကျွန်တော်တို့ Programmer တွေ အနားလည်းယူရင်း အတိတ်ကို ပြန်တမ်းတရင်း ဖြေဆိုနိုင်အောင် မေးခွန်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။

ဒီတစ်ခေါက်‌ မေးခွန်းလေးကတော့…
“ကျွန်တော်တို့ Programmer တွေ Coding လေ့လာတုန်းက ပထမဆုံးသင်ခဲ့ရတဲ့ စကားလုံး (2) လုံး ဆိုရင် ဘာဖြစ်မလဲ?”

ဒါဆို ကျွန်တော်တို့ကိုယ်တိုင် လေ့လာခဲ့ရတဲ့ အဖြေလေးကို Comment မှာ အားလုံးနှင့်အတူ ပျော်ပျော်ပါးပါး ဖြေဆိုလိုက်ရအောင်…

ပထမဆုံး Web Browser ကို ဘယ် Programmer က စတင်ဖန်တီးခဲ့တာလဲ သိကြလား?အခုလို ကျွန်တော်တို့ နေ့စဥ်ဘဝမှာ တွင်ကျယ်စွာ အသုံးပြု...
19/12/2023

ပထမဆုံး Web Browser ကို ဘယ် Programmer က စတင်ဖန်တီးခဲ့တာလဲ သိကြလား?

အခုလို ကျွန်တော်တို့ နေ့စဥ်ဘဝမှာ တွင်ကျယ်စွာ အသုံးပြုနေကြတဲ့ Web Browser တွေကို ဘယ်သူကများ စတင်ဖန်တီးခဲ့တာလဲ။ အဆိုပါ ပုဂ္ဂိုလ်ကတော့ တခြားသူမဟုတ်ပါဘူး၊ နည်းပညာနယ်ပယ်မှာ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်တဲ့ Tim Berners-Lee ဖြစ်ပါတယ်။

သူ့အနေနဲ့ World Wide Web ကို ဘယ်လိုမျိုး ဖန်တီးဖြစ်ခဲ့တာလဲ? သူရဲ့ ဘဝဇာတ်လမ်းလေးကရော ဘယ်လိုရှိမလဲ? ဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

Sir Timothy John Berners-Lee ကို ၁၉၅၅ ခုနှစ်၊ ဇွန်လ ၈ ရက်၊ လန်ဒန်မှာ မွေးဖွားခဲ့တာဖြစ်ပြီး အများစုကတော့ TimBL လို့ သိကြပါတယ်။ TimBL ရဲ့ မိဘတွေကတော့ သင်္ချာပညာရှင်နှင့် ကွန်ပျူတာ သိပ္ပံပညာရှင် Mary Lee Woods (1924-2017) နှင့် Conway Berners-Lee (1921-2019) တို့ဖြစ်ပါတယ်။ သူရဲ့ မိဘနှစ်ပါးစလုံးဟာ Birmingham ကဖြစ်ပြီး ပထမဆုံး Commercially တည်ဆောက်ထားတဲ့ ကွန်ပျူတာဖြစ်တဲ့ Ferranti Mark 1 မှာ အလုပ်လုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။

TimBL ဟာ Sheen Mount မူလတန်းကျောင်းကို တက်ရောက်ခဲ့ပြီးနောက် 1969 မှ 1973 အထိ Emanuel School ကို တက်ရောက်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက စိတ်အားထက်သန်တဲ့ Trainspotter တစ်ဦးဖြစ်ခဲ့ပြီး မီးရထားပုံစံငယ်ကနေ အီလက်ထရွန်းနစ်ပစ္စည်းတွေအကြောင်းကို လေ့လာခဲ့ပါတယ်။ ဆက်ပြီးတော့ Oxford Queen's College မှာ 1973 ခုနှစ်မှ 1976 ခုနှစ်အထိ ပညာသင်ယူခဲ့ပြီး ရူပဗေဒပထမတန်း BA ကို ရရှိခဲ့ပါတယ်။

အဆိုပါကျောင်းမှာ ပညာလေ့လာနေစဥ် TimBL က ပြန်လည်ပြုပြင်ရေးအဟောင်းဆိုင်မှ ဝယ်ယူခဲ့တဲ့ ရုပ်မြင်သံကြားစက်ဟောင်းကနေ ကွန်ပျူတာတစ်လုံးအဖြစ် ဖန်တီးခဲ့ပါသေးတယ်။ အခုလို စူးစမ်းရှာဖွေမှုများကပဲ ကျွန်တော်တို့ 21 ရာစုရဲ့ အကောင်းဆုံး ဖန်တီးမှုတစ်ခုအတွက် အုတ်မြစ်ဖြစ်နေခဲ့ပါတယ်။

Oxford Queen's College မှာ ရူပဗေဒဘာသာရပ်ကို စိတ်ဝင်စားတဲ့ TimBL ရဲ့ ခရီးလမ်းဟာ သိသာထင်ရှားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့တာကတော့ စတင်ကျယ်ပြန့်လာတဲ့ ကွန်ပြူတာ ပညာရပ်နယ်ပယ်မှာ မိမိကိုယ်မိမိ နှစ်မြှုပ်ခဲ့ပြီး TimBL ရဲ့ မခံချင်စိတ်ပြင်းပြမှုနှင့် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်ကနေ အပြန်အလှန်ချိတ်ဆက်နေတဲ့ သတင်းအချက်အလက်နှင့် နည်းပညာကမ္ဘာကို ပုံဖော်ခြင်းရဲ့ နောက်ကွယ်မှာ အရေးပါတဲ့သူတစ်ဦးဖြစ်လာခဲ့ပါတယ်။

TimBL အနေနဲ့ ဘွဲ့ရရှိပြီးနောက် CERN၊ European Particle Physics Laboratory မှာ အလုပ်လုပ်နေစဥ် အင်တာနက်မှ စာရွက်စာတမ်းများနှင့် ဒေတာများကို ချိတ်ဆက်ရယူနိုင်ဖို့ နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ပါတယ်။ အဲ့ဒီကနေ ကျွန်တော်တို့ဘဝရဲ့ ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် နေ့စဉ်ဘဝရဲ့ ကဏ္ဍအားလုံးနီးပါးကို ပြန်လည်ပုံဖော်ပေးနိုင်ခဲ့တဲ့ World Wide Web စတင်မွေးဖွားလာတဲ့ ဇာတ်လမ်းအစဖြစ်လာပါတယ်။

TimBL အနေနဲ့ အခုလိုဖန်တီးရာမှာ စိန်ခေါ်မှု၊ အခက်အခဲများစွာဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း ဘာအကြောင့်နှင့်မှ ဇွဲမလျှော့တတ်တဲ့ သူရဲ့စိတ်ဓာတ်ကြောင့် 1990 ခုနှစ်၊ ဒီဇင်ဘာ 20 ရက်နေ့မှာ ကျွန်တော်တို့ရဲ့ ကမ္ဘာကို ဒစ်ဂျစ်တယ်ပြောင်းလဲမှုအဖြစ် ပုံဖော်ပေးခဲ့တဲ့ ပထမဆုံး Website ကို စတင်မိတ်ဆက်နိုင်ခဲ့ပါတယ်။

TimBL ဟာဆိုရင် World Wide Web ကို ဖန်တီးနိုင်ခဲ့ရုံသာမက Markup Language ဖြစ်တဲ့ HTML ၊ URL စနစ် နှင့် HTTP တို့ကိုလည်း အောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့
University of Oxford ရဲ့ ပရော်ဖက်ရှင်နယ် သုတေသနပညာရှင်တစ်ဦးဖြစ်ပြီး Massachusetts Institute of Technology (MIT) မှ ပါမောက္ခတစ်ဦးအဖြစ်လည်း လုပ်ကိုင်လျက်ရှိပါတယ်။

ဒါ့အပြင် 2004 ခုနှစ်မှာ Berners-Lee ဟာ သူရဲ့ ရှေ့ဆောင်လုပ်ငန်းများအတွက် ဘုရင်မကြီး Elizabeth II ရဲ့ ချီးမြှင့်ခဲ့ခြင်းကိုလည်း ခံခဲ့ရပါတယ်။ ပြီးတော့ "World Wide Web” ကို တီထွင်ခြင်းအတွက် 2016 Turing Award ကို ရရှိခဲ့ပါတယ်။ ဒါတင်မကသေးပဲ Time မဂ္ဂဇင်းရဲ့ 20 ရာစုအတွင်း အရေးအပါဆုံး လူ 100 စာရင်းမှာလည်း ပါဝင်ခဲ့ပြီး သူရဲ့ ဖန်တီးမှုများအတွက် တခြားသော ချီးကျူးမှုများစွာကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

အခုဆိုရင် ပထမဆုံး Web Browser ကို ဖန်တီးခဲ့တဲ့ Tim Berners-Lee ရဲ့အကြောင်းကို ပြည့်ပြည့်စုံစုံ သိရှိသွားကြပြီဖြစ်လို့ သူရဲ့ ဇာတ်လမ်းလေးကနေ ကျွန်တော်တို့ လူငယ်တွေရဲ့ ရင်ထဲမှာ များစွာ လေးစားအားကျလိမ့်မယ်လို့ ခံစားမိပါတယ်။

နောက်လာမဲ့နေ့တွေမှာလည်း မတူညီတဲ့ နည်းပညာအကြောင်းအရာတွေနှင့် အတူ ပြန်လာခဲ့မှာမို့လို့ CODE2 ကို ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်…

Address

Mandalay

Alerts

Be the first to know and let us send you an email when Code2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share