14/09/2026
မြန်မာနိုင်ငံ အတွက် iPhone 18 series ရဲ့ Part no က ဘာ ဖြစ်မလည်း ?
တစ်ကမ္ဘာလုံး က iPhone အသုံးပြုသူများ စောင့်ဆိုင်းခဲ့ရတဲ့ New iPhone က 12 September2026 မှာ Online က နေ စတင် Booking လုပ်ပြီး Order မှာယူ နိုင်ပါပြီ
Apple က Apple products အားလုံးကို Region တွေ ပေါ်လိုက်ပြီး အရည်အသွေး ကွာခြားသွား တာ မရှိသလို နိုင်ငံတော်တော်များများ မှာလည်း မြန်မာလူမျိူး များ သိထားတဲ့ Region code ( တစ်ကယ် က Part no ) ကို နှစ်ပေါင်းများစွာ မပြောင်းလဲပေမဲ့ Asia နိုင်ငံ အချို့ ကို တစ်နှစ်တစ်ခါ ပြောင်း လဲ နေတာ တွေ့နေရပါတယ် ။
မြန်မာနိုင်ငံ အတွက် မနှစ် က Apple မှ ခွဲတမ်း ချ ပေး တဲ့ Part no က X/A ဖြစ်ခဲ့ပေမဲ့ ယ္ခုနှစ် 2026 New iPhone မှာတော့ ZA/A ကိုပြောင်းလဲ ပြီး သတ်မှတ်ပေးလိုက်ပါတယ် , Sim Card slot က တော့ ပြောင်းလဲခြင်း မရှိဖဲ Physical Nano Sim + eSim ဖဲ ဆက်လက်သုံးစွဲ နိုင်မှာ ဖြစ်တဲ့ အတွက် Physical sim တွေ ကို eSim ပြောင်းစရာ မလိုဖဲ ဆက်လက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ် ။
Apple မှ Physical Dual Sim ( Sim Card ၂ ခု) စတင်ထုတ်လုပ်ရောင်းချပေးစဉ်က ကမ္ဘာတစ်ဝှန်း နဲ့ မြန်မာပြည် မှာ iPhone သုံးစွဲကြသူအားလုံး နစ်ချိုက် စွာ သုစွဲခဲ့တဲ့ Hong Kong Region ရဲ့ Part no က တော့ အရင်အတိုင်း မပြောင်းလဲဖဲ ZA/A ဖြစ်နေဆဲ မို့ ယခုနှစ် မြန်မာနိုင်ငံကို ဖြန့်ချီမဲ့ Part no နဲ့ အတူတူ ဖြစ်သွားပါပြီ
တရုပ်နိုင်ငံ ( China ) ကတော့ ကမ္ဘာပေါ် မှာ တစ်ခုတည်း သော Physical Sim ၂ ကဒ် သုံးစွဲ နိုင်တဲ့ နိုင်ငံအဖြစ် Apple က ဆက်လက် ထုတ် ပေးထားပါတယ် , ဒီ ၂၀၂၆ ခု နှစ် မှာတော့ China မှာ Physical Sim + eSim ကို ပါ ထပ်တိုး ရောင်းချမှာ ဖြစ်တဲ့ အတွက် နောင် နှစ်များမှာ Physical Dual Sim ရောင်းချမူ ရပ်တန့်သွားမလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ် ။
iPhone အသစ် ထွက်တိုင်းမြန်မာလူမျိူးအများစု သွားဝယ်တဲ့ ယိုးဒယားနိုင်ငံကတော့ ယ္ခင်နှစ်အတိုင်း Part no က ZP/A ဖဲ ဆက်လက်သတ်မှတ် ပေးထားပြီး Physical Sim + eSim ဖဲ ဖြစ်ပါတယ် ။ Taiwan 🇹🇼နိုင် ငံ အတွက်လည်း ယိုးဒယား နှင့် အတူ ZP/A ကို Apple မှ သတ်မှတ် ပေးထားပါတယ် ။
iPhone 17 Series မှာ Myanmar Region လို့ လူသိများခဲ့တဲ့ X/A ကို တော့ Australia , Malaysia , Vietnam & Singapore နိုင်ငံတွေအတွက် Apple မှ သတ်မှတ်ပေးထားပါတယ် ၊ ဒီ နိုင်ငံတွေက မနှစ်က လည်း X/A ဖဲ ဖြစ်တာ ကြောင့် ပြောင်းလဲ မူ မရှိခဲ့ဖဲ မြန်မာ နိုင်ငံ အတွက် သတ်မှတ်ချက် သာ ပြောင်းလဲခဲ့ပါတယ်
ဒါကြောင့် မို့ မြန်မာနိုင်ငံ မှာ မကြာခင် ဖြန့်ချီ တော့မဲ့ iPhone 18 Pro , 18 Pro Max & iPhone DUO အားလုံး Part no ZA/A ဖြင့်သာ ဝယ်ယူ နိုင်ပါမယ် ။
Source : NAKZ GROUP