Mandalay Online Store by Wave

Mandalay Online Store by Wave Wave Mandalay Online Store is a local business based in Mandalay, that offers a range of products.

Sub-branching from our physical store Wave Electronics, the online store provides cheaper pricing with delivery service available across Myanmar. (Wave) Mandalay Online Storeမှာ အိမ်သုံးပစ္စည်း၊ မီးဖိုချောင်ပစ္စည်းမျိုးစုံ၊ Projector၊ အားကစားပစ္စည်းအမျိုးမျိုးနှင့် အခြားသော ပစ္စည်းမျိုးစုံကို ရောင်းချပေးနေပါပြီ။

စျေးသက်သာပြီး အရည်အသွေးပြည့်ပစ္စည်းများကို ဝန်ဆောင်မှုအပြည့်နဲ့ လူကြီးမင်းတို့ စိတ်တိ

ုင်းကျဆောင်ရွက်ပေးမှာမို့ စိတ်ချစွာဝယ်ယူနိုင်ပါသည်။ 💯

📦 အနယ်နယ်အရပ်ရပ်ကို Delivery Systemဖြင့် ပို့ဆောင်ပေးအုံးမှာ ဖြစ်သည့်အတွက် ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။

25/09/2021

ဆိုင်ပြန်ဖွင့်ထားပါတယ်ရှင့်။

မျက်နှာကိုအုပ်ပြီး အောက်ဆီဂျင်ပေးတဲ့ဟာနဲ့ နှာခေါင်းထဲပိုက်ထည့်ပြီး အောက်ဆီဂျင်ပေးတဲ့ဟာ ဘာကွာလဲဆိုတာကို ပြောပြပါ့မယ်မျက်န...
06/08/2021

မျက်နှာကိုအုပ်ပြီး အောက်ဆီဂျင်ပေးတဲ့ဟာနဲ့ နှာခေါင်းထဲပိုက်ထည့်ပြီး အောက်ဆီဂျင်ပေးတဲ့ဟာ ဘာကွာလဲဆိုတာကို ပြောပြပါ့မယ်

မျက်နှာအုပ်အောက်ဆီဂျင်အအုပ်နဲ့ နှာခေါင်းထည့်အောက်ဆီဂျင်ပိုက်ကို ဘယ်လိုခေါ်လဲ
ဒါကိုတော့ နှာခါင်းနဲ့ပါးစပ်ကို အုပ်ထားတဲ့အတွက် (oral nasal mask) လို့ခေါ်သလို မျကနှာတစ်ခုလုံးနီးပါးကို အုပ်ထားတဲ့အတွက် (full-face mask) လို့လည်းခေါ်ပါတယ်။ ဒါတွေကို အများအးဖြင့် ပလတ်စတစ်၊ ရာဘာ၊ ဆီလီကွန် စတာတွေနဲ့ လုပ်လေ့ရှိပါတယ်။
နှာခေါင်းထဲထည့်တဲ့ပိုက်ကိုတော့ (Nasal Cannula - နေဆယ်ကနျူလာ) လို့ခေါ်ပါတယ်။ ဒါကိုတော့ အများအားဖြင့် ဆီလီကွန်နဲ့လုပ်တာများပါတယ်။ ဒါပေမယ့် ပလတ်စတစ်ပိုက်တွေလည်းတွေ့ရတတ်ပါတယ်။

အောက်ဆီဂျင်ရှူတဲ့ဟာချင်းအတူတူ
ဘာကြာလို့လဲ
Oral Nasal Mask က မျက်နှာတစ်ခုလုံးကို အုပ်နိုင်ပြီးတော့ အောက်ဆီဂျင်ပိုပေးနိုင်ပါတယ်။ အောက်ဆီဂျင်ကို (40% to 60%) (5L to 10L) ပေးနိုင်ပါတယ်။
Nasal Cannula ကတော့ အောက်ဆီဂျင်လိုအပ်ချက်နည်းပါတဲ့သူတွေကိုသာ ပေးနိုင်ပါတယ်။ အောက်ဆီဂျင်နည်းနည်းပဲလိုတဲ့သူတွေက ဒီဟာနဲ့အသင့်တော်ဆုံးဖြစ်ပါတယ်။ အောက်ဆီဂျင်ကို (24% to 40%) (below 5L) ပေးနိုင်ပါတယ်။ ဒီနေရမှာ သတိပြုမိဖို့က ဒီထက်ကျော်ပေးလို့မရပါဘူး။ လူနာရဲ့ အောက်ဆီဂျင်လိုအပ်ချက်က ပိုက်ရဲ့အောက်ဆီဂျင်ပေးနိုင်အားထက် များနေတယ်ဆိုရင်တော့ လူနာဟာ အောက်ဆီဂျင်ကို ဝဝရှူနိုင်မှာမဟုတ်ပါဘူး။ အဲ့လိုဖြစ်လာရင်တော့ အပေါ်မှာပြောခဲ့တဲ့ (Oral Nasal Mask) ကိုပြောင်းတပ်ပါလို့ အကြံပြုပါရစေ။

Credit

14/07/2021

⚜️ ကျန်းမာခြင်းဟာ လာဘ်တစ်ပါးပါ ⚜️

⚜️ Golden Nest (USA) ရွှေငှက်သိုက် ⚜️ ဟာ ကိုယ်ခံအားစနစ်ကိုကောင်းစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေကာ အအေးမိလွယ်ခြင်း၊ဖျားနာလွယ်ခြင်းမှ ကာကွယ်ပေးပါတယ်။

⚜️ ပျိုပျိုမေတို့ရဲ့ အရေပြားကိုလည်း အထောက်အကူပေးနိုင်တာကြောင့် အသားအရည်ကို ကြည်လင်ဝင်းပစေပြီး အိုမင်းခြင်းကိုနှောင့်နှေးစေပါတယ်။

⚜️ Golden Nest (USA) ရွှေငှက်သိုက်ကမောပန်းနွယ်နယ်ခြင်းကို ပြေပျောက်စေကာ စိတ်ဖိအားကိုလည်း လျော့နည်းစေနိုင်တာကြောင့် အလုပ်ပင်ပန်းစိတ်ပင်ပန်းလို့
ကုန်ဆုံးသွားသော ခွန်အားများကိုလည်းပြန်လည်ပြည့်ဖြိုးစေပါတယ်။ အစာစားချင်စိတ်ပျောက်နေပါက အစာစားချင်စိတ်ကိုပြန်လည်ဖြစ်စေပါတယ်။

⚜️ ခွဲစိတ်ပြီး လူနာများ၊ဖျားနာနေသောလူနာများကိုလည်း မြန်မြန်နလန်ထူစေနိုင်ပါတယ်။
ရွှေငှက်သိုက်ထဲမှာပါတဲ့ Sialic acid ဟာအာရုံကြောကောင်းဖို့နဲ့ ဦးနှောက်ကြည်လင်ပြီး မှတ်ဉာဏ်ကောင်းဖို့အထောက်အကူပေးပါတယ်။

⚜️ ရွှေငှက်သိုက်ဟာ သွေးနဲ့အသက်ရှုလမ်းကြောင်းကို သန့်ရှင်းစင်ကြယ်စေနိုင်တယ်လို့ ရေးထားတဲ့အတွက် တရုတ်လူမျိုးအတော်များများဟာ ငှက်သိုက်ကို အထူးနှစ်ခြိုက်စွာသောက်သုံးလေ့ရှိပါတယ်။

⚜️ ဒါ့ကြောင့် ရွှေငှက်သိုက်ကိုပုံမှန်သောက်သုံးပေးခြင်းဖြင့် ကုန်ဆုံးသွားသောအင်အားများပြန်လည်ပြည့်ဖြိုးနိုင်ခြင်း၊ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေခြင်း၊ကိုယ်ခံအားကောင်းကာကျန်းမာကြံ့ခိုင်စေခြင်း၊အသားအရေတင်းရင်းဝင်းပစေကာ အရွယ်တင်စေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။

🏆 Golden Nest company သည် 🏆 1996 🏆 ခုနှစ်ကတည်းမှစပြီး 🇺🇸 USA 🇺🇸 ဈေးကွက်ထဲတွင် နာမည်တစ်လုံးနှင့်ရပ်တည်ခဲ့ပါသည်။

Gold Nest က 🇲🇨 Indonesia 🇲🇨 နိုင်ငံတွင် ဒေသခံ လယ်သမားများကိုယ်တိုင် Swallow ငှက်များအတွက် သဘာဝဆန်ဆန်ပတ်ဝန်းကျင်တွေ ဖန်တီးပေးပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

🏆 ရွှေရောင် ငှက်သိုက်က ယခုလိုရှာဖွေဖို့နဲ့ ထုတ်လုပ်ဖို့ ခက်ခဲသည့်အတွက် ဈေးကွက်မှာ အလွန်ရှားပါးပါတယ်။

🇺🇸 USA 🇺🇸 တွင်လည်းတရားဝင်ရောင်းချဖြန့်ဖြူးခွင့်ကိုရရှိထားပြီး ဈေးကွက်ထဲတွင် လူကြိုက် အများဆုံးနှင့် ပေါ်ပြူလာအဖြစ်ဆုံး အမှတ်တံဆိပ်ဖြစ်ပါတယ်။

🏆 သောက်သုံးပြီးသူတိုင်းကို ကြိုက်နှစ်သက်စေတဲ့..
ရွှေဝါရောင်သန်းနေပြီးတကယ့်အနစ်အရသာနှင့်ပြည့်စုံတဲ့..
သဘာဝရွှေငှက်သိုက်ကိုသာ အသုံးပြုထားတဲ့..
Golden Nestအမှတ်တံဆိပ် (USA )ရွှေ ငှက်သိုက်ကို အခုဘဲမှာယူလိုက်ပါ။

🎯🎯 Price:- 🎯🎯
💲 Original- 7100 Ks (240 ml)
💲 Sugar Free - 7200 Ks (240ml)

📞ဆက်သွယ်မှာယူရန်-
Chat box (သို့) ဖုန်း
09407349966
09974566440
09797279352


of USA
Supplement
#ဌက်သိုက်

02/07/2021

မြို့နယ်တိုင်းမှာ COVID ဖြစ်တဲ့ လူဦး​ရေက တစ်​နေ့တစ်ခြား ပိုပိုတိုး​နေပါတယ်။

အခု ပျံ့​နေတဲ့ COVID မျိုးစိတ် အသစ် ( SARS CoV2 - Delta variant - India mutant) က
🚩ကူးစက်မှုနှုန်း ၅၀-၆၀% ပိုမြန်ပါတယ်။
🚩ကူးစက်ခံရပြီဆိုရင်လဲ ​ပိုပြင်းထန်ပါတယ်။
🚩ကာကွယ်​ဆေးနဲ့ လွှမ်းခြုံနိုင်မှု (herd immunity) မရ​သေးတဲ့ ​ဒေသ​တွေမှာ ပိုပျံ့ပါတယ်။
🚩ကာကွယ်​ဆေးထိုးရင်လဲ အရင်က ဖြစ်တဲ့ COVID Alpha ထက် ​​ဆေးရဲ့ အောင်မြင်မှု ​လျော့ပါတယ်
ဒါ​ကြောင့်လဲ CDC က October 2020 ကတည်းက "Varient of Concern" ပိုပြီးသတိထားရမယ့် မျိုးစိတ်လို့ သတ်မှတ်ထားခဲ့တာပါ

COVID မျိုးစိတ် အသစ်ရဲ့ လက္ခဏာ​တွေဟာ အရင် COVID alpha လိုပဲ
🔸️ဖျားတာ
​🔸️ချောင်းဆိုးတာ
🔸️အနံ့​ပျောက်တာ
🔸️အသက်ရှူကြပ်ပြီး ​မောတာ တူပါတယ်

Delta variant ဖြစ်တဲ့အတွက် တုပ်​ကွေးမိသလို
🔶️ ခေါင်းကိုက်တာ
🔶️ လည်​ချောင်းနာတာ
🔶️ နှာရည်ယိုတာ ပိုခံစားရပါတယ်

ပြီး​တော့
🔶️ ဝမ်းပျက်ဝမ်း​လျှောတာ
🔶️ မျက်စိနီတာ
🔶️ အ​ရေပြားမှာ အနီကွက်ဖြစ်တာ
​🔶️ ခြေ​ချောင်းလက်​ချောင်း အ​ရောင်​ပြောင်းတာတွေလဲ ဖြစ်တတ်ပါတယ်

ဒါ​ကြောင့် ပိုကူးမြန် ပိုပြင်းထန်တဲ့ COVID အသစ်ကို ပိုပြီး တိတိကျကျ ကာကွယ်ဖို့ လိုပါတယ်

ကာကွယ်နည်း​တွေက​တော့ အရင်လိုပါပဲ
➡️ Mask ၂ထပ်တပ်ပါ
( Surgical + အဝတ် mask)
➡️ လက်​​ဆေးပါ
➡️ ၆​ပေအကွာ​နေပါ
➡️ ကိုယ်ခံအား​ကောင်း​အောင်
အာဟာရမျှတစွာ စားသုံးပါ
လုံ​လောက်စွာ အိပ်စက်ပါ
➡️ အိမ်တွင်း ​လေဝင်​လေထွက်​ကောင်း​အောင်
ပြတင်း​ပေါက်များ ဖွင့်ထားပါ
➡️ အိမ်မှာ နာတာရှည် ​ဝေဒနာသည်​တွေရှိရင်
အထူး ဂရုစိုက်ပါ
➡️ အောက်ဆီဂျင်အိုး ငှားလို့ရမယ့်​နေရာ​တွေ
ကြို​စုံစမ်းထားပါ

ကိုးကားချက်
- WHO
- CDC

ပြည်သူများအ​ပေါင်း ကပ်​ဘေးမှ ကင်း​ဝေးနိုင်ကြပါ​စေ
အားလုံးပဲအထူးဂရုစိုက်ကြပါနော် 🙏🏻

Credit

Covid တွေလည်းပေါလာပြီဆိုတော့ အိမ်မှာတစ်​ယောက်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုပြုစုကုသပေးလဲဆိုတာ 💪🏼WHO က လမ်းညွှန်စာရွက်က်ု မြန်မာလ...
02/07/2021

Covid တွေလည်းပေါလာပြီဆိုတော့ အိမ်မှာတစ်​ယောက်ယောက်ဖြစ်ခဲ့ရင် ဘယ်လိုပြုစုကုသပေးလဲဆိုတာ 💪🏼
WHO က လမ်းညွှန်စာရွက်က်ု မြန်မာလို ပြန်လည်ရေးသားထားပေးပါတယ် 👩🏻‍⚕️
လိုသလိုယူသုံးနိုင်ပါတယ်❣️



မူရင်း အဂ်လိပ်လိုနဲ့ link က်ုဒီမှာကြည့်နိုင်ပါတယ် ↘️
https://www.who.int/images/default-source/health-topics/coronavirus/infographics/home_care_covid_eng.tmb-1920v.jpg

21/06/2021

#ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏
ကျန်းမာရေးကောင်းကျိုးများ
***************************************
တန်ဖိုးထားရပါသောမိတ်ဆွေများအား
မိမိတို့၏ခံတွင်းကို အုန်းဆီ နှမ်းဆီ
သံလွင်ဆီတစ်မျိုးမျိုးဖြင့်
တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့်
ပလုတ်ကျင်းပေးခြင်းဖြင့်

ပြန်လည်ရရှိမည့်
ကျန်းမာရေး အကျိုးကျေးဇူးများနှင့်

ခံတွင်းက အာပုတ်ရည်များ
အစာအိမ်သို့ မရောက်ရှိတော့ဘဲ
အစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါ
ကာကွယ်ပြီးသားဖြစ်ပါကြောင်း
ပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ

ကျွန်တော်တို့ငယ်ငယ်တုန်းကမြန်မာပြည်မှာ
မြန်မာဆရာဝန်များနှင့်အတူ
အိန္ဒိယနိုင်ငံကပန်ချာဘီဆရာဝန်တွေပါ
ဆေးရုံ ဆေးပေးခန်းတွေမှာ
အများအပြားတွေ့ရှိရတတ်တာကို
ကောင်းစွာ မှတ်မိနေပါသေးတယ်

ကျွန်တော်ငယ်ငယ်ကနေ့ယနေ့တိုင်း
ကောင်းကောင်းမှတ်မိနေသေးတာက

ကျွန်တော့်အမေဒူးအရမ်းနာနေ၍
ပခုက္ကူမြို့ထင်းတန်းရပ်မှာ
ဆေးခန်းဖွင့်ထားတဲ့
ပန်ချာဘီဆရာဝန်ကြီး
ဒေါက်တာမာဒေးထံသို့
သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ်

အမေ၏ဒူးတစ်ဘက်ကရောင်ကိုင်းနေပြီး
လမ်းတောင်မလျှောက်နိုင်လို့
ဆေးခန်းသွားမယ်ဆိုရင်လည်း
အမေကိုဦးလေးတွေကချီမပြီး
ခေါ်သွားလေ့ရှိပါတယ်

ဆရာဝန်ကြီးဒေါက်တာမာဒေးမှအမေကို
သေသေချာချာ စစ်ဆေးပြီးနောက်
သွားတွေကောင်းရဲ့လားလို့မေးတော့
အမေမျက်နာအမူအရာက
ဒူးနာတာနဲ့သွားကောင်းတာမကောင်းတာ
ဆိုင်လို့လားဟုထင်နေဟန်တူပါတယ်

ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့
အံသွားပေါက်တွေကိုတွေ့သွားပါတယ်
အံသွားတွေကပြည်ပုပ်တွေဟာ
ဒူးကိုရောက်သွားပြီး
ဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါပဲ

ထိုသွားတွေကိုဖာထေးပြုပြင်လိုက်တော့
အမေဒူးနာလည်းကောင်းသွားတာကို
လက်တွေ့မြင်တွေ့ခဲ့ရဘူးပါတယ်

ဆက်လက်၍ဒေါက်တာမာဒေးမှ
အမေအားနေ့စဉ် နှမ်းဆီ ဟင်းစားဇွန်းတစ်ဇွန်းဖြင့်
ပလုတ်ကျင်းခိုင်းရာ
အမေဒူးနာပြန်မဖြစ်တော့တာကိုလည်း
သတိထားမိပါတယ်

နောက်တစ်ယောက်ကတော့
သိုင်းရွိုက်ရောဂါဖြစ်တဲ့
ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲ
သူ့ရဲ့သိုင်းရွိုက်ဂလင်းကနေ
ဟိုမုန်းအထွက်နဲတော့
လူကလေးလံထိုင်းမှိုင်းပြီး
ကိုယ်အလေးချိန်လည်းတက်လာတယ်

ရုပ်ပါပြောင်းသွားလို့သူ့ကိုမမှတ်မိနိုင်ပါဘူး
ခံတွင်းကဗက်တီးရီးယားနဲ့အဆိပ်တွေက
သိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို
blockလုပၴားလို့
ဟိုမုန်းကောင်းကောင်းမထွက်တဲ့အတွက်
သွားဆရာဝန်ဆီမှာ
သေချာကုသလိုက်တဲ့နောက်မှာတော့
ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်

သူလည်းသံလွင်ဆီကို
နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့်
ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာ
ပြန်ပြီးရောဂါမဖြစ်တော့တာကို
လေ့လာတွေ့ရှိရပါတယ်

ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့
သူတစ်ယောက်အကြောင်းကို
ပြောပြဆွေးနွေးလိုပါသေးတယ်

သူ့မှာကျောက်ကပ်က
ကောင်းကောင်းအလုပ်မလုပ်တော့လူကဖောသွပ်သွပ်ဖြစ်လာပြီး
မျက်ခွံပါမို့ပြီးရုပ်ပါပြောင်းသွားပါတယ်

ခြေထောက်တွေကလည်း
ဖောပြီးရောင်ကိုင်းနေပါတော့တယ်
ကျောက်ကပ်ဆေးတွေသောက်လည်း
လူကသိပ်မသက်သာရှာပါဘူး
တစ်နေ့ သူသွားအရမ်းနာနေလို့

သွားဆရာဝန်ကိုသွားရောက်ပြသတဲ့
အခါကြတော့မှ သွားဆရာဝန်တွေက
သူ့ပါးစပ်ထဲမှာပျက်စီးနေတဲ့သွားနဲ့
သွားဖုံးတွေကိုပြန်ကောင်းအောင်
ကုပေးလိုက်တော့မှ
ကျောက်ကပ်လည်းပြန်ကောင်း
သွားတာကိုတွေ့ရှိရပါတယ်

သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာ
နေ့စဉ်ပလုတ်ကျင်းတယ်ဟုသတိရပါတယ်

ကျွန်တော်နဲ့အရမ်းခင်မင်တဲ့
ငယ်သူငယ်ချင်းတစ်ယောက်လည်း
ငယ်ငယ်ကတည်းက
ပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲ

ဘယ်လောက်တောင်းနံသလည်းဆိုရင်
မျက်နှာချင်းဆိုင်စကားပြောလို့တောင်
အဆင်သိပ်မပြေချင်ပါဘူး

ခံတွင်းအနံ့ကဆိုးဝါးတာလည်းမပြောနဲ့.
သွားတိုက်လည်းအတော်လေး
ပျင်းသူဖြစ်တဲ့အတွက်
နှစ်တွေကြာလာတော့
ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ်

ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာ
ငယ်ငယ်ကတည်းကလည်း
သိပ်မကျန်းမာရှာတဲ့အတွက် အသက်(၄၅)နှစ်လောက်မှာဘဲ
ဆုံးသွားတာကိုတွေ့ခဲ့ရဘူးပါတယ်

ယခုအချိန်အခါမှာလည်း
ရာသီဥတုအစားအသောက်
အပြုအမူအနေအထိုင်တွေကြောင့်
လူတော်တော်များများဖြစ်နေတဲ့
ရောဂါဝေဒနာတွေကတော့
အသည်းရောဂါ အဆုတ်ရောဂါ
အစာအိမ် ကျောက်ကပ် နှလုံး
အူလမ်းကြောင်း၊ဆီးချိုနှလုံးသွေးကြော
ဦးနှောက်၊အသက်ရှူလမ်းကြောင်း၊
ဆီးလမ်းကြောင်းနဲ့ကင်ဆာရောဂါမျိုးစုံ
အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာ
ခံတွင်းမှာရှိနေတဲ့
ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေ
ထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့်
အများဆုံးဖြစ်နေကြတာကို
အားလုံးသတိထားမိစေချင်ပါတယ်

ခံတွင်းမသန့်လေ
ရောဂါထူလေဘဲဖြစ်ပြီး
ပါးစပ်နံလေရောဂါများလေ
အသက်တိုလေပဲဖြစ်ပါတယ်

သွားဖုံးအရင်းမှာ
အစိမ်းရောင်အဝါရောင်ရှိတဲ့
ပြည်တွေထဲမှာအလွန်အဆိပ်ပြင်းတဲ့
ရောဂါပိုးတွေရှိပါတယ်

ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကို
အမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်

ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကို
ဖယ်ထုတ်ရှင်းလင်းဖို့
အကောင်းဆုံးနည်းကတော့
အုန်းဆီ နှမ်းဆီ သံလွင်ဆီတို့ဖြင်
ပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ်

ဘာကြောင့်လည်းဆိုတော့
ဆီကအဆိပ်စုပ်အားကောင်းပြီး
သွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာ
အိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကို
ဆီကဆွဲထုတ်ပေးနိုင်လိုဘဲဖြစ်ပါတယ်

နံနက်စောစောအိပ်ယာထတာနဲ့
ဆီတစ်ငုံစာကို၁၀မိနစ်လောက်ငုံထားပြီး
ပလုတ်ကျင်းပေးပါက
ရောဂါပိုးတွေထွက်သွားလိမ့်ပါမယ်

ထိုကဲ့သို့ဆီဖြင့်ပလုပ်ကျင်းပြီးမှ
သွားတိုက်တာသည်အကောင်းဆုံးပါပဲ

ပလုပ်ကျင်းပြီးရင်တော့
ရေနွေးနွေးလေးဖြင့်ပါစပ်ကို
ပြန်လည်ဆေးကြောပေးရင်ဖြင့်
အကောင်းဆုံးပါပဲခင်ဗျာ

ပလုတ်ကျင်းဖို့အကောင်းဆုံးဆီကတော့
မြန်မာနိုင်ငံမှာအလွယ်တကူဝယ်လို့ရတဲ့
အုန်းဆီဘဲဖြစ်ပါတယ်

အုန်းဆီအပြင်သံလွင်ဆီ၊
နှမ်းဆီတွေနဲ့လည်း
ပလုတ်ကျင်းလို့လည်းရပါတယ်

ပဲဆီ နေကြာဆီ စားအုန်ဆီတွေနဲ့တော့
ပလုတ်မကျင်းစေချင်ပါဘူး

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့်
ဆီဖြင့်ပလုပ်ကျင်းတာကို
နေ့စဉ်မလုပ်နိုင်ရင်တောင်မှ
တစ်ပတ်ကို(၂)ခါ(၃)ခါလောက်
လုပ်ပေးသင့်တယ်ဟုအကြံပေးလိုပါတယ်

ယခုအခါဆီနဲ့ပလုပ်ကျင်းပြီး
ခံတွင်းသန့်ရှင်းအောင်ပြုလုပ်ကာ
ကျန်းမာနေထိုင်တဲ့နည်းကို
နိုင်ငံတော်တော်များများအထူးသဖြင့်
ထိုင်နိုင်ငံမှာလက်ခံကျင့်သုံးနေတာကို
သိရှိရပါတယ်ခင်ဗျာ

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့်
ခံတွင်းမသန့်လေ
ကျန်းမာရေးထူလေဆိုတာကိုသတိပြုပြီး
ခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက်
ခံတွင်းကိုသန့်ရှင်အောင်ထားပြီး
ကျန်ရှိနေသော အချိန်ခဏလေးကို
ကျန်းမာစွာဖြင့်ရှင်သန်
နေထိုင်ကြရအောင်ပါခင်ဗျာ

Credit.......
ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ

Original Uploader

ဒါလေးဝယ်လို့ရပါပြီရှင်။ 🌈ခေတ်မှီကမ္ဘာတွင် အိမ်တိုင်းမှာ မရှိမဖြစ်          ဆောင်ထားရမည့်ရှေးဟောင်း                    သဘ...
18/04/2021

ဒါလေးဝယ်လို့ရပါပြီရှင်။

🌈ခေတ်မှီကမ္ဘာတွင် အိမ်တိုင်းမှာ မရှိမဖြစ်
ဆောင်ထားရမည့်ရှေးဟောင်း
သဘာဝလိမ်းဆေး 🌈

သင့်မိသားစု၏အရေပြားကျန်းမာရေး
အတွက်ဓာတုဆေးဝါးများမသုံးချင်၍ အစား
ထိုးကုသချင်သည်ဆိုပါက အိုဇုန်းသံလွင်ဆီ
သည်သာလျင်အန္တရာယ်အကင်းဆုံး
အသင့်တော်ဆုံးဖြစ်ပါလိမ့်မည် ✅✅✅
အိုဇုနိးသံလွင်ဆီကို အထူးသန့်စင်ထားသော
သံလွင်ဆီစစ်စစ် ထဲ့သို့ အိုဇုန်းဓါတ်ပမာဏ
များများကို ထည့်သွင်းခြင်းဖြင့် ပြုလုပ်ပါ
သည်။ အိုဇုန်းဓါတ်၏ စွယ်စုံရကုသနိုင်စွမ်း
များနဲ့ သံလွင်ဆီ၏ အစိုဓါတ်ထိန်းပေးနိုင်စွမ်း
နှင့် အသားအရေ ချောမွေ့စေနိုင်စွမ်းများကို
ပေါင်းစည်းပေးထားခြင်းကြောင့် အာနိသင်
ရှိနေုခြင်းဖြစ်ပါသည်။

အိုဇုန်းဆီသည် ရေကဲ့သို ကြည်လင်သောအ
ရောင်ရှိပြီး ပြင်ပအပူချိန် အလိုက်ပျော့ပြောင်း
သွားတတ်ပါသည်။
အိုဇုန်းဆီသည် အင်မတန်အစွမ်းထက်သော
ပိုးသတ်ဆေး တမျိုးဖြစ်သော်လည်း အရေ
ပြားပေါ်တွင် ယားယံစေခြင်း မဖြစ်စေဘဲ
ချောမွေ့ခြင်းသာ ဖြစ်စေပါသည်။
အိုဇုန်းဆီသည်ခန္ဓာကိုယ် အပြင်ပိုင်းတွင်ဖြစ်
စေ အတွင်းပိုင်းတွင်ဖြစ်စေအသုံးပြုရာတွင်
ဘက်တီးရီးယား၊ဗိုင်းရပ်စ်နှင့် မှိုရောဂါများ၊
ကပ်ပါးပိုး (prion) များကို ဖယ်ရှားပေးနိုင်
သည့် ထိရောက်သောပိုးသတ်ဆေးတခုဖြစ်ပါ
သည်။ အိုဇုန်းဆီသည် အနာများ၊ သွေးကြော
ဆက်ခြင်း( fistula )၊ စအိုကွဲနာ၊ လိပ်ခေါင်းနာ၊
အဖုအပိန့်ထခြင်း၊ပွန်းပဲ့ခြင်း၊ ပိုးဝင်ခြင်း၊ ပါး
သတ်နာ၊အနီကွက်ထခြင်း (dermititis)၊မှိုဆိုင်
ရာ ပိုးဝင်ခြင်းများနှင့် သွားဖုံးအပေါက်
များ( periodontal pocket) ၊ ပါးစပ်တွင်း
အနာ( aphthous ulcer)၊
သွားဖုံးရောင်နာ၊ နှုတ်ခမ်းကွဲ အနာများအ
တွက် ရောဂါ ကာကွယ်ပေးသော၊ဝေဒနာ
သက်သာစေသော ၊တက်ကြွသော သဘာဝကု
သမှုကို ဖြစ်စေပါသည်။

အိုဇုန်းသည် အောက်ဆီဂျင်မလုံလောက်
၍အချဉ်ပေါက်နေသော အနာများကို
အောက်ဆီဂျင်ကြွယ်ဝသော အနေအထား
သို့ ရောက်စေပြီး ဆဲလ်အသစ်များဖြစ်ပေါ်
ခြင်းကို အားပေးကာ ရောဂါပိုးမွှားများကို
သေဆုံးစေပါသညိ။ အိုဇုန်းသံလွင်ဆီကို ခန္ဓာ
ကိုယ်ပြင်ပတွင်လည်းကောင်း၊ ခန္ဓာကိုယ်တွင်း
(ပါးစပ်၊ မအင်္ဂါ၊စအို တို့မှတဆင့်) ဆေးဝါး
ပစ္စည်း အစားထိုး သဘာဝကုထုံးတစ်ရပ်အ
ဖြစ်အသုံးပြုနိုင်ပါသည်။ မျက်လုံးကဲ့သို့နူး
ညံ့သောနေရာကိုထိပါကအထိမခံစပ်ပါသည်။

📍မျက်လုံးထံသို့ မဝင်အောင်လိမ်းရန် အထူး

ဂရုစိုက်ရပါမည်။📍

Reference👇👇👇
https://www.wholehealthdds.com/ahhhhh-ozonated-olive-oil/

📦 ကောင်းမွန်မြန်ဆန်သည့် Delivery Systemဖြင့် အနယ်နယ်အရပ်ရပ်ကို ပို့ဆောင်ပေးအုံးမှာ ဖြစ်သည့်အတွက် ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။ 🚛

📞ဆက်သွယ်မှာယူရန်-
Chat box (သို့) ဖုန်း
09974566440

𝗥𝗮𝗱𝗶𝗼 𝗪𝗶𝗳𝗶 လိုင်းများ ပျက်ခဲ့ရင် ရေဒီယိုနားထောင်ပေးဖို့ပြောပါ။ ရေဒီယိုတွေမှာ 𝗙𝗠 နဲ့ 𝗔𝗠 ဆိုပြီးရှိတယ်။ မြို့ထဲလွှင့်တဲ့ 𝗖...
10/04/2021

𝗥𝗮𝗱𝗶𝗼

𝗪𝗶𝗳𝗶 လိုင်းများ ပျက်ခဲ့ရင် ရေဒီယိုနားထောင်ပေးဖို့ပြောပါ။

ရေဒီယိုတွေမှာ 𝗙𝗠 နဲ့ 𝗔𝗠 ဆိုပြီးရှိတယ်။ မြို့ထဲလွှင့်တဲ့ 𝗖𝗶𝘁𝘆 𝗙𝗠 ဘာညာဆိုတာ 𝗙𝗠 ပေါ့။ အကွာအဝေးနည်းနည်းပဲ ရောက်တယ်။

𝗔𝗠 က ပိုဝေးတဲ့နေရာတွေ လွှင့်တယ်။ 𝗔𝗠 မှာ ၂ မျိုးရှိတယ်။ 𝗠𝗪 (လှိုင်းလတ်) နဲ့ 𝗦𝗪 (လှိုင်းတို)။ လှိုင်းတိုမီတာဘယ်လောက်၊ ဘယ်လောက်ကီလိုဟတ်ဇ်တို့မှ ဖမ်းယူနားဆင်နိုင်ပါသည်ဆိုတဲ့အထဲက လှိုင်းတိုဆိုတာ 𝗦𝗪 ကို ပြောတာ။

𝗦𝗪 က ကြိမ်နှုန်းများတော့ ရေဒီယိုပေါ်မူတည်ပြီး ချန်နယ်လေးတွေ ထပ်ခွဲထားတယ်။ ဥပမာ ချန်နယ် ၁ ဆိုရင် ၅၀၀၀ ကီလိုဟတ်ဇ်ကနေ ၇၀၀၀ ကီလိုဟတ်ဇ်ကြားပေါ့။

ရေဒီယိုအများစုမှာက မီဂါဟတ်ဇ် 𝗠𝗛𝘇 နဲ့ ရေးတတ်တယ်။ 𝗞𝗛𝘇 ကို ၁၀၀၀ နဲ့စား။ 𝟭𝟱.𝟭𝟭𝟬 𝗠𝗛𝘇, 𝟭𝟭.𝟴𝟮𝟬 𝗠𝗛𝘇 နဲ့ 𝟵.𝟯𝟯𝟱 𝗠𝗛𝘇 ပေါ့။ ဘယ်ချန်နယ်က ဘယ်လောက် 𝗠𝗛𝘇 ကနေ ဘယ်လောက် 𝗠𝗛𝘇 အထိ ဆိုတာပါလိမ့်မယ်။ အဲ့ဒီအတိုင်း လှည့်ပြီးဖမ်းပေါ့။

ဓာတ်ခဲအပိုပါ ဆောင်ထားဖို့လိုမယ်။
နောက်တခုက လျှပ်စစ်လှိုင်း နှောက်ယှက်မှု။ ရန်ကုန်လို မီးချောင်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ များတဲ့နေရာဆိုရင် လိုင်းမမိ၊ လိုင်းဖမ်းမရ၊ လိုင်းမကောင်း ဖြစ်တတ်တယ်။ နေရာပြောင်းပြီး စမ်းကြည့်။ မီးတွေ၊ လျှပ်စစ်ပစ္စည်းတွေ ပိတ်ပြီး စမ်းကြည့်။

ရေဒီယိုလှိုင်း ထုတ်လွှင့်မှုတွေက နိုင်ငံခြားက လာတာ။ တခြားဆက်သွယ်မှုတွေ အကုန်ပြတ်သွားရင်တောင် ရေဒီယိုကတော့ ဆက်ရနေလိမ့်မယ်။ သတင်းတွေ သိရလိမ့်မယ်။

ဖုန်းထဲ 𝗮𝗽𝗽 ထည့်ပြီး ရေဒီယိုဖမ်းတာမျိုး မရပါ။ အဲ့ဒါတွေက အင်တာနက်ရှိမှ အလုပ်လုပ်ပါတယ်။ ရေဒီယိုတလုံး ဝယ်ဖို့ လိုပါမယ်။

𝗖𝗿𝗲𝗱𝗶𝘁!

မီးပျက်ရင်ပါ စိတ်မပူရမဲ့ ဆိုလာပြား အားသွင်း ရေဒီယိုများကို စျေးနှုန်းသက်သာစွာ ရောင်းပေးနေပါသည်။

01/04/2021

🌹အင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်ခဲ့ပါက လိုအပ်သော ကိစ္စရပ်များအတွက် Admin များကို ဆက်သွယ်လိုပါလျင်-

Ph No:
09974566440
09797279352
09407349966 (Viber Only)
ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

In case the internet connection goes down, please contact us through above numbers for any inquiry. Thank you for your continuous support. 🌹

အသီးအရွက်အသားငါးတွေကို ဘယ်လိုသိမ်းမလဲစျေးခဏခဏမသွားနိုင်တဲ့ကာလမှာ အသားငါး အသီးအရွက်အစုံရေခဲသေတ္တာထဲခံအောင် ကြာကြာထားလို့ရ...
24/03/2021

အသီးအရွက်အသားငါးတွေကို ဘယ်လိုသိမ်းမလဲ

စျေးခဏခဏမသွားနိုင်တဲ့ကာလမှာ
အသားငါး အသီးအရွက်အစုံ
ရေခဲသေတ္တာထဲခံအောင်
ကြာကြာထားလို့ရတဲ့ အာနိသင်လည်းရှိတဲ့
ပြုလုပ်လေ့ရှိတဲ့
နည်းလမ်းလေးတွေပါ 🍐🍎🍏🍐🍉🥭🍑🍒🍓🍇

အသားဆို ဆားနနွင်းနယ်ပြီး ကော်ဘူးထဲထည့်သိမ်းလို့ရပါတယ် (ကြက် ၀က် အမဲသား ဘဲသား အသားစုံထိုနည်းအတိုင်းပါ)

ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကျက်နေအောင်ပြုပ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်🍤🍤🍤

ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်

ငါးဖယ်ကိုတော့ ချက်မှာဆို မပျော့မမာလေးကြော်ထားပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်

ငါးဖယ်အစိမ်းချက်ဆိုရင်တော့ ရေနွေးဆူထဲ ဆားနည်း၂ထည့် လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာနယ်ဖတ်ဆေးပြီး ရေနွေးအိုးဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်

ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး
စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး
သိမ်းနိုင်ပါတယ်

ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်

ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်

ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး အိုးထဲထည့်ကျိုပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်

မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ် 🥕🥕🥕

မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ်

မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ် 🥬🥬🥬

မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ် ရေစစ်ပြီး အဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီး အခဲကန့်မှာ ထည့်သိမ်းနိုင်ပါတယ်

ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်

ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်

ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီး ရေနွေးဖျောကာ အခဲကန့်ထဲမှာ ဘူးနဲ့သိမ်းနိုင်ပါတယ်

ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီး သိမ်းနိုင်ပါတယ်
အချိန်ရရင် တဖတ်ချင်းစီခွာပြီး သတင်းစာနဲ့ပတ်ပြီးလည်း သိမ်းနိုင်ပါတယ်

နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး
အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်

ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
ပြုတ်မထားဘဲ အစိမ်းထားချင်သူက ဘူးအောက်ခြေမှာ သတင်းစာလေးခံပြီး အညာချွေထားတဲ့ငြုပ်သီးလေးတွေကို ရေစင်အောင်သုတ်
ဖြန့်ထားကာ ထားနိုင်ပါတယ် 🌶🌶🌶

ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်🥦🥦🥦

ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့် အနှစ်ရတဲ့ထိမွှေပြီး အနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီး ဘူးထဲထည့် သိမ်းနိုင်ပါတယ်

ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီ သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ် 🍆🍆🍆

သံပရာသီးကိုတော့ ရေဆေးပြီး ဇကာပေါက်ပါတဲ့ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ် 🍋🍋🍋

သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ သိမ်းနိုင်ပါတယ်

ကြက်ဥ ဘဲဥကိုတော့ ရေစင်အောင်ဆပ်ပြာနဲ့ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်

အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ် 🍎🍇🍊🍋

ဆီခနခနသတ် အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်း ဆီသတ်နွမ်းတဲ့အခါ
အရောင်တင်မှုန့်ထည့်ပြီး
ဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာ
သိမ်းနိုင်ပါတယ်

ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အသီးကတော့ ငှက်ပျောသီးပါ အမှည့်ကြာစေတာမို့
အပြင်မှာဘဲထားစားပါ

ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သား မာဆတ်၂ ဖြစ်စေလို့ပါ

ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဖူး အနံ့တွေနံတတ်လို့ပါ သိမ်းချင်ရင်နွှာပြီး ရေစင်အောင်ဆေးပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်ရှင့်😇

မီးဖိုချောင်အတွက်ပြည့်ပြည့်စုံစုံရေးထားလို့ မူရင်းရေးသူကို credit ပေးပါတယ်နော်။
Credit to Original Writer

ဗူးလေးတွေလဲ ရောင်းပေးနေပါတယ်။

 #အမှုန့်ထည့်ဖန်ပုလင်းဆုံလည် (၆ခုပါ)(Rotating Spice Rack)အိမ်သုံးနှင့် စားသောက်ဆိုင်များအတွက် သင့်လျှော်သော အမှုန့်အစုံထ...
27/01/2021

#အမှုန့်ထည့်ဖန်ပုလင်းဆုံလည် (၆ခုပါ)
(Rotating Spice Rack)

အိမ်သုံးနှင့် စားသောက်ဆိုင်များအတွက် သင့်လျှော်သော အမှုန့်အစုံထဲ့ ဖန်ပုလင်းလေးထဲ ဟင်းခတ်အမွှေးအကြိုင် အမှုန့်မျိုးစုံ စသဖြင့် ဘယ်အမှုန့်မဆို ထည့်ပြီးအလွယ်တကူ သုံးလို့ရပါတယ်နော်။

🧂ဖန်ပုလင်းလေးမို့ ကော်ဘူးတွေနဲ့ ထည့်တာထက် ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ လှည့်လို့လဲရလို့ smartကျတယ်။ ထမင်းစား စားပွဲတိုင်းအတွက် တကယ် လိုအပ်တာမို့ 🏡အိမ်တိုင်းဆောင်ထားသင့်ပါတယ်နော်။

Price-15500 ks

📞ဆက်သွယ်မှာယူရန်-
Chat box (သို့) ဖုန်း
09407349966
09797279352




#ဟင်းခတ်အမွှေးအကြိုင်
#အမှုန့်မျိုးစုံ

Address

26B Road, Between 81st And 82nd Street
Mandalay

Telephone

+959974566440

Website

Alerts

Be the first to know and let us send you an email when Mandalay Online Store by Wave posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mandalay Online Store by Wave:

Share