PDO Computer Training Center

PDO Computer Training Center PDO Computer Training & Services Center

ဒီနှစ်မှာတော့ ဖော်တော်ဦးအိုင်တီဌာနရဲ့ 2019 - ခုနှစ်ကနေ 2025 - ခုနှစ် ဆိုတဲ့ အချိန်ကာလတစ်ခုအတွင်းThe Best Student of PDO-...
07/07/2025

ဒီနှစ်မှာတော့ ဖော်တော်ဦးအိုင်တီဌာနရဲ့
2019 - ခုနှစ်ကနေ 2025 - ခုနှစ် ဆိုတဲ့ အချိန်ကာလတစ်ခုအတွင်း
The Best Student of PDO-IT ဆုအား ရွေးချယ်စီစစ်တဲ့အခါမှာ
မသန္တာစိုးနဲ့ မမေသူဝင်းအား သွားရောက်တွေ့ရှိဖြစ်ပါတယ်။

ဒါကြောင့်မို့လို့
ဖောင်တော်ဦးကျောင်းတိုက်ရဲ့ အဓိပတိဆရာတော်ဘုရားကြီး ဖြစ်တော်မူသော
ကျေးဇူးတော်ရှင် ဆရာသခင်ဖြစ်တော်မူတဲ့ ဘဒ္ဒန္တနာယက ရှင်သူမြတ်မထေရ်နှင့်တူ အဆိုပါ
မသန္တာစိုး နဲ့ မမေသူဝင်းအား The Best Student of PDO-IT ဆုအား
ပေးအပ်ချီးမြင့်ဖြစ်မိပါတယ်။

အဆိုပါ ထူးချွန်ထက်မြတ်တဲ့ ကလေးတွေကို
ဖောင်တော်ဦးအိုင်တီဌာနမှ အထူးမော်ကွန်းမှတ်တမ်း ရေးထိုးထားပါတယ်။
ကလေးများအားလုံး ပြုံးပျော်ကြပါစေ...
သတ္တဝါအားလုံးလည်းပဲ ပြုံးပျော်နိုင်ကြပါစေ...

မကြာမီ လာမည် မျှော်ပေါ့ဗျာ================Online ပေါ်ကနေ တစ်နေရာထဲမှာ ဘာသာစကား အဆုံအလင်ကို အခမဲ့ လေ့လာသင်ယူလိုသူများအတွက...
23/01/2025

မကြာမီ လာမည် မျှော်ပေါ့ဗျာ
================
Online ပေါ်ကနေ တစ်နေရာထဲမှာ ဘာသာစကား အဆုံအလင်ကို အခမဲ့ လေ့လာသင်ယူလိုသူများအတွက် ရည်ရွယ်ပြီး PDO Online Education ဆိုတဲ့ Platform လေးတစ်ခုကို တပည့်ကျော်တွေနဲ့အတူ စတင်ကာ စနစ်တကျ ပြင်ဆင်နေပါပြီ။

PDO Online Education ဆိုတဲ့ Platformမှာ သင်ကြားစီမံ ဆရာ/ဆရာမအနေနဲ့ ပါဝင်လိုပါက မိမိတို့ကျွမ်းကျင်တဲ့ ဘာသာစကားများကို ပညာဒါနအနေဖြင့် ပါဝင်သင်ကြားပို့ချနိုင်ပါကြောင်း အမိကျောင်းတော်ရာကြီးထဲက ဆရာ/ဆရာမများကို ဖိတ်ခေါ်အပ်ပါတယ်။

ဆက်သွယ်ရန် = အရှင်ဝဏ္ဏသီရိ ၊ ဖောင်တော်ဦးအိုင်တီဌာန၊ ဖုန်း-၀၉၇၉၇၁၈၈၃၂၄

အားလုံး ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါအခုအမိကျောင်းတော်ကြီးရဲ့ PDO Channel ကို ပြန်လည်ကောင်းမွန်လာအောင် စီမံပြီးသွားပါပြီက...
26/10/2024

အားလုံး ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါ
အခု
အမိကျောင်းတော်ကြီးရဲ့ PDO Channel ကို ပြန်လည်ကောင်းမွန်လာအောင် စီမံပြီးသွားပါပြီ

ကျေးဇူးပြုပြီး
YouTube Monetization Policies နဲ့ YouTube's Community Guidelines ကို သေချာမသိပဲ
PDO Channel နဲ့ပတ်သက်ပြီး ကြံပေးခြင်းများ တစ်စုံတစ်ရာ ဝင်ရောက်စွပ်ဖက်ခြင်းများ မပြုလုပ်ကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။

ခုလို PDO Channel ကို ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်ဖို့ဆိုတာ
လွယ်လင့်တကူနဲ့တော့ မရပါဘူး။
ခက်ခဲမှုပေါင်း မြောက်များစွာနဲ့ ကာယအား ဉာဏအားတွေနဲ့ နည်းပညာအားတွေနဲ့ပါ
အချိန်ပေးပြီး ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်ထားခဲ့ရတာပါ။

အမိကျောင်းတော်ကြီးရဲ့ PDO Channel ကို ပြန်လည်ကောင်းမွန်လာနိုင်ရေးအတွက် ဝိုင်ဝန်းကူညီပြီး အားဖြည့်ပေးပါသော ဆရာအောင်ပြည့်ဖြိုးအား ကျောင်းတော်ကြီးကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း မော်ကွန်းမှတ်တမ်း ရေးထိုးအပ်ပါသည်။

PDO Channel ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆရာအောင်ပြည့်ဖြိုးကိုပါ Channel ရဲ့အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကျောင်းတော်ကြီးအတွက် အလုပ်အကျွေးပြုနိုင်ရန် ကမ်းလှမ်းထားပါတယ်။
မကြာမီ
အမိကျောင်းတော်ရာကြီးရဲ့ PDO Channel ကို Monetization ပြန်လည်လျှောက်ဖြစ်ပါလိမ့်မယ်

အားလုံး ပြုံးပျော်နိုင်ကြပါစေ...

သီတင်းကျွတ်လပြည့်ကျော်(၄)ရက်နေ့တွင် ဦးဇင်းရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲ ပြလုပ်မှာဖြပါတယ်။ အဆိုပါပွဲမှာတပည့်မျာ...
20/10/2024

သီတင်းကျွတ်လပြည့်ကျော်(၄)ရက်နေ့တွင် ဦးဇင်းရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲ ပြလုပ်မှာဖြပါတယ်။ အဆိုပါပွဲမှာ
တပည့်များအားလုံး ပြန်လည်ပြီး ပျော်ပျော်ရွှင်ရွှင် ဆုံဆည်းရလေအောင် စီမံထားပါတယ်။

အဆိုပါပွဲတွင်----
၁။ ကြည်သား/ဝက်သား ခေါက်ဆွဲကြော်
၂။ Coca Cola အအေးများနှင့်
၃။ ကိတ်မုန့်များဖြင့် ကျွေးမွေးဧည့်ခံပြီး ကုသိုလ်ပြုသွားပါမည်။

ရက်စွဲ = 21-10-2024
အချိန် = ညနေ(၅)နာရီမှ (၇)နာရီအထိ
နေရာ = သုတကာမီကျောင်းဆောင်၊ ဒုတိယထပ် ၊ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်၊ မန္တလေးမြို့။

မွေးနေ့
=====

၁၃၅၀-ခုနှစ်ပြက္ခဒိန်
အဿယုဇမာသ
အဿဝဏီနက္ခတ်
တူရာသီ
ကျီးတာရာ
ချိန်ခွင်ရာသီရုပ်
ကြာရာသီပန်း
မီးထွန်းပွဲ
ဆရာကန်တော့ပွဲ
ပဝါရဏာပွဲကျင်းပတဲ့လ
ရက်ရာဇာအလွတ်
ပြဿဒါးခပ်ဝေးဝေး
လပြည့်ဝန်းရဲ့ တာထွက် စတုတ္ထရက်
ဆင်မင်းနေ့စွဲ
နံနက်ခင်း နာရီတစ်လုံးရဲ့ အသိပေးသံ ငါးချက်မှာ
ဘဝက ငိုသံတွေနဲ့အတူ
လောကကို ကိုယ်ထင်ပြတယ်။

မောင်ဝဏ္ဏ(မန္တလေး)
သောင်းပြောင်းထွေလာရာယ်စရာမဂ္ဂဇင်းမှ ပြန်လည်ကောက်နုတ်ဖော်ပြ

ဦးဇင်းရဲ့ကျန်းမာရေးအခြေအနေအရယနေ့မှ စပြီးProgramming Class ကို (၁)ပတ်ခန့် ပိတ်ပါမယ်။ဦးဇင်းရဲ့ မျက်စိက ကွန်ပျူတာ Screen ကိ...
20/09/2024

ဦးဇင်းရဲ့ကျန်းမာရေးအခြေအနေအရ
ယနေ့မှ စပြီး
Programming Class ကို (၁)ပတ်ခန့် ပိတ်ပါမယ်။
ဦးဇင်းရဲ့ မျက်စိက ကွန်ပျူတာ Screen ကို
ကောင်းကောင်း မကြည့်နိုင်သလို ဖြစ်နေတဲ့အတွက်ကြောင့်ပါ။
မကြာမီ ပြန်ကောင်းသွားမှာပါ။

ခုလို သင်တန်းပိတ်ထားတဲ့ အခိုက်အတန့်အတွင်းမှာ
Programming Class ကို
တက်ရောက်ပညာသင်ယူလိုသူများကိုလည်းပဲ
စာရင်းပေးသွင်းထားနိုင်ပါတယ်။
မျက်စိ ပြန်ကောင်းလာတဲ့အခါ အတန်းစပါမယ်။
Ph : 09-797188324

မှတ်ချက်။ ။ Photography & Videography Class ကိုတော့ မပိတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Programming Class လို ကွန်ပျူတာ Screen ကို သိပ်ကြည့်စရာမလိုသောကြောင့်ပင် ဖြစ်ပါတယ်။

03/09/2024

"အတန်းသစ်ဖွင့်ဖြစ်ပါမည်"
---------------------------
သင်တန်းမှာ သင်ကြားမဲ့ ပညာရပ်တွေကတော့--
၁။ Script ရေးသားမှုဆိုင်ရာ ပညာရပ်များ
၂။ Photography & Videography ဆိုင်ရာ ပညာရပ်များ
၃။ Video Editing ပညာရပ်များကို သင်ကြားသွားပါမည်။

ရက်စွဲ = September 4, 2014
အချိန် = 2:00 PM to 4:00 PM
နေရာ = PPG အနောက်ရုံးခန်း၊ ၀၉-၇၉၇၁၈၈၃၂၄

--ရည်ရွယ်ချက်--
သင်တန်းသား/သူများအားလုံး ကိုယ်ပိုင်ဇာတ်လမ်းများကို ရေးသားနိုင်ပြီး ရိုက်ကူးတည်းဖြတ်နိုင်ရမည်။
မှတ်ချက်။ ။
သင်တန်းသား/သူများရဲ့ ဖန်တီးမှုဆိုင်ရာ ဇာတ်လမ်းတိုများကို PDO Entertainment YouTube Channel မှာ မျှဝေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ Channel သည် ဇာတ်လမ်းတို သီသန့်ကိုသာ မျှဝေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

အခမဲ့ Programming Class မှာတက်ရောက်ပညာသင်ယူဖို့ စိတ်အားထက်သန်စွာနဲ့ လာရောက်ပြီး စာရင်းပေးသွင်းထားသူ ၅၇ဦးထဲမှ(၉)ဦးကိုသာ...
25/06/2024

အခမဲ့ Programming Class မှာ
တက်ရောက်ပညာသင်ယူဖို့ စိတ်အားထက်သန်စွာနဲ့ လာရောက်ပြီး စာရင်းပေးသွင်းထားသူ ၅၇ဦးထဲမှ
(၉)ဦးကိုသာ ရွေးချယ် စီစစ်ထားဖြစ်ပါတယ်။
အဆိုပါ ရွေးချယ်ခြင်းခံထားရသော သင်တန်းသားများကို မနက်ဖန် (1:00 to 2:00) နာရီတွင် စတင်လေ့ကျင့်သင်ကြားပေးဖြစ်ပါမယ်။

နောက်ပြီး စိတ်မကောင်း ဖြစ်မိတာနဲ့
ရွေးချယ်ချင်း မခံရတဲ့သူတွေထဲမှာ
(၇)ဦးကို ထက်မံ ရေးချယ်ဖြစ်မိပါတယ်။
သူတို့လေးတွေကိုတော့ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာသာ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အချိန်ကတော့ 9:00 to 11:00 နာရီဖြစ်ပါတယ်။

အခြား ရွေးချယ်ခြင်းမခံရတဲ့ သူများလည်း
ဒီ Programming Classမှာ တပ်ရောက်ခွင့်မရပေမယ့်
ဖောင်တော်ဦးအိုင်တီဌာနမှာ အခြေခံကွန်ပျူတာများ စာရင်းပေးသွင်းပြီး အခမဲ့ သင်ယူနိုင်ပါတယ်။

မကြာမှီအခမဲ့ Programming Class စတင်ဖွင့်လှစ် သင်ကြားပို့ချသွားပါမည်။သင်တန်းလက်ခံစာရင်းကတော့ ၂၄-ရက် နေ့လယ် ၁၂-နာရီမှာ ပိတ...
21/06/2024

မကြာမှီ
အခမဲ့ Programming Class စတင်ဖွင့်လှစ် သင်ကြားပို့ချသွားပါမည်။

သင်တန်းလက်ခံစာရင်းကတော့ ၂၄-ရက် နေ့လယ် ၁၂-နာရီမှာ ပိတ်သိမ်းပါမည်။
လာရောက်ပြီး စာရင်းပေးထားတဲ့ သင်တန်းသား/သူများထဲမှ
အမှန်တကယ် လိုချင်တဲ့သူကိုသာ
ရွေးချယ်ပြီး သင်ကြားပို့ချသွားမယ် ဖြစ်ပါတယ်။

၂၄ ရက် ကိုရင်စောင် ၄-ထပ် ဟောခန်းမှာ
၄ နာရီခွဲအချိန်မှာ လူရွေးပါမည်။
စာရင်းပေးသွင်းထားသော ဆရာ/ဆရာမ နဲ့ ဦးဇင်း ကိုရင်များ
လာရောက်ပေးဖို့ ပြောကြားလိုပါတယ်။

မှတ်ချက်
======
အွန်လိုင်းပေါ်ကနေ လေ့လာသင်ယူလိုသူများအတွက်တော့
https://www.youtube.com/ ရဲ့ Private Group ကနေ သင်တန်းကြေးပေးသွင်းပြီး လေ့လာသင်ယူနိုင်ပါသည်။
သင်တန်းကိစ္စနဲ့ပတ်သက်ပြီး
တစ်စုံတစ်ရာ မေးမြန်းလိုပါက အောက်ပါဖုန်းနံပတ်ကို ခေါ်ယူမေးမြန်းနိုင်ပါသည်။
09797188324

ဘုန်းဆရာရဲ့ တောင်းဆိုမှုကြောင့် Programming Class သီးသန့်ဖွင့်ဖြစ်ပါမည်။Programming Language ဆိုင်ရာ သင်တန်းဆိုတော့ကွန်ပ...
17/06/2024

ဘုန်းဆရာရဲ့ တောင်းဆိုမှုကြောင့် Programming Class သီးသန့်ဖွင့်ဖြစ်ပါမည်။
Programming Language ဆိုင်ရာ သင်တန်းဆိုတော့
ကွန်ပျူတာ ကောင်းကောင်းလိုအပ်တာကြောင့်မို့ ခုဆိုရင်
သင်တန်းသား/သူများအတွက် အဆင်ပြေစေရန်
i5 ကွန်ပျူတာ (9)လုံးကို စီမံထားပါတယ်။

သင်တန်းတက်ရောက်လိုသူများ အမည်၊ အတန်းနဲ့ ဖုန်းနံပါတ်တို့ကို ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာရင်းပေးသွင်းထားသော သင်တန်းသား/သူများကို 24-June-2024 ရက်နေ့တွင် စုံညီအစည်းအဝေးပြုလုပ်ပြီး အမှန်တကယ် လေ့လာသင်ယူလိုသော သူများကိုသာ ရွေးချယ်စီစစ်ပြီး သင်ကြားပို့ချသွားပါမည်။ သင်တန်းအချိန်များကို အဆိုပါစုံညီအစည်းအဝေးမှာပင် အားလုံးအဆင်ပြေအောင် ညှိနိုင်းကာ သက်မှတ်သွားမည် ဖြစ်ပါသည်။

ရည်ရွယ်ချက်
--------------
အမိကျောင်းတော်ရာကြီးထဲမျာ ထူးချွန်ထက်မြတ်တဲ့ Programmer များ
များပြားစွာ ပေါ်ထွန််းလာရေးအတွက် ရည်ရွယ်ထားပါသည်။

သင်ကြားသင်ယူမှု
------------------
စာတွေ့မဟုတ်ပဲ လက်တွေ့အနေနဲ့ ကွန်ပျူတာဆော့ဝဲ နဲ့ ဖုန်းဆော့ဝဲများကို
ရေးသားရင်း သင်ကြားသင်ယူမှုများကို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါးနဲ့ပဲ သွားပါမည်။

ပန်းတိုင်
----------
သင်တန်းသား/သူများအားလုံး ကွန်ပျူတာဆော့ဝဲ နဲ့ ဖုန်းဆော့ဝဲများ ကိုယ်တိုင်တွေးခေါ်ပြီး စိတ်တိုင်းကြ ရေးသားနိုင်ရမည်။ ထူးချွန်ထက်မြတ်တဲ့ Programmer ကောင်းများ ဖြစ်တည်စေရမည်။

သင်တန်းကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မေးမြန်းလိုပါက ဖော်ပြပါ ဖုန်းနံပါတ်တွင် ခေါ်ယူမေးမြန်းနိုင်ပါသည်။ 09-797188324 ၊ ဖောင်တော်ဦးကွန်ပျူတာဌာန

သင်တန်းနေရာ : ဘုန်းဘုန်းကြီးရဲ့ အနောက်ရုံးခန်း၊

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပြကချစ်တပည့်လေးတွေရဲ့တောင်းဆိုမှုတွေကြောင့်အွန်လိုင်းသင်တန်းကို အခမဲ့ဖွင့်လှစ်ဖြစ်...
13/03/2024

ရှမ်းပြည်နယ်တောင်ပိုင်း
တောင်ကြီးမြို့ပြက
ချစ်တပည့်လေးတွေရဲ့တောင်းဆိုမှုတွေကြောင့်
အွန်လိုင်းသင်တန်းကို အခမဲ့ဖွင့်လှစ်ဖြစ်ပါမယ်။

ADV Level အတွက် သင်တန်းပေးရမှာဆိုတော့လုပ်ရပြီပေါ့လေABC Level ကို ဘယ်လို ပြီးဆုံးအောင် လုပ်ရင်ကောင်းမလဲခုထိ စဉ်းစားမရသေးဘ...
10/03/2024

ADV Level အတွက် သင်တန်းပေးရမှာဆိုတော့
လုပ်ရပြီပေါ့လေ
ABC Level ကို ဘယ်လို ပြီးဆုံးအောင် လုပ်ရင်ကောင်းမလဲ
ခုထိ စဉ်းစားမရသေးဘူး

Welcome To Mg Wunna (Mandalay)
=======================
Advanced Video Editing Course
Coming Soon

Mg Wunna - Mandalay ရဲ့
YouTube Channel ကို
Subscribed, Like, Comment နဲ့ Share လုပ်ပေးသူများကို
Advanced Video Editing Course မှ သင်ခန်းစာများအား Free ပေးပါမည်။

#ရုပ်သံကြည့်ရန် : https://www.youtube.com/watch?v=ZrA-GjqPhD8

Address

Phaung Daw Oo IT Department, 19-Street, Aungmyaethazan Township, In
Mandalay
05011

Opening Hours

Monday 09:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Alerts

Be the first to know and let us send you an email when PDO Computer Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share