nexcode

nexcode Build up with us လူငယ်များ နေ့စဉ်လူနေမှုဘဝ ပိုမိုလွယ်ကူစေရန် နှင့် Personal Development တိုးတက်အောင် ကူညီပေးရန်မှာ nexcode ရဲ့ Mission ဖြစ်ပါတယ်။

25/12/2025

ပျော်ရွှင်ရတဲ့ ခရစ်စမတ်ပိတ်ရက်လေး ဖြစ်ပါစေလို့ nexcode မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#ခရစ်စမတ်

Nexcode Company လက်အောက်ရှိ လုပ်ငန်းတွေအတွက် 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 (𝗙𝘂𝗹𝗹 𝗧𝗶𝗺𝗲) တစ်ဦးကို ခေါ်ယူနေပါပြီ။လုပ်ရမယ...
25/11/2025

Nexcode Company လက်အောက်ရှိ လုပ်ငန်းတွေအတွက် 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 (𝗙𝘂𝗹𝗹 𝗧𝗶𝗺𝗲) တစ်ဦးကို ခေါ်ယူနေပါပြီ။

လုပ်ရမယ့်တာဝန်တွေကတော့ -
Copywriting၊ Content Writing၊ Content Plan/ Content Strategy ချမှတ်ခြင်း၊ Schedule အလိုက် Post များ တင်ခြင်း၊ Monthly Report ပြုလုပ်ခြင်းနဲ့ Team ကို Assign ချပေးတဲ့ တာဝန်တွေ ယူရမှာပါ။

စကားလုံးကောင်းကောင်းတွေ စဉ်းစားတတ်သူ၊ Brainstorm ကောင်းကောင်း လုပ်တတ်သူဆို အဆင်ပြေပါတယ်။ Work Load အနေနဲ့ အဓိက ကိုင်ပေးရမယ့် Page (3) ခုနှင့် ကျန်သော Page (2) ခု ရှိပါမယ်။

အသေးစိတ်ကိုတော့ အောက်မှာဖတ်ရှုနိုင်ပြီး လျှောက်ထားလိုရင်တော့ [email protected] ကို 𝗖𝗩, 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼, 𝗘𝘅𝗽𝗲𝗰𝘁𝗲𝗱 𝗦𝗮𝗹𝗮𝗿𝘆 အပြည့်အစုံပေးပို့ကာ လျှောက်ထားနိုင်ပါတယ်။

❗ Job Requirements

• Bachelor's degree preferred and at least 2 years experience in marketing.
• Ability to think creatively and innovatively
• Ability to work independently while maintaining confidentiality
• Creativity and an ability to produce innovative and original ideas
• Manage daily assigns for the team and track their work quality

❗ Job Description

• Develop, manage, and optimize social media marketing campaigns across all platforms (Facebook, Instagram, TikTok, etc.)
• Creating engaging contents, Social Media Campaigns and managing all marketing materials in line with the brand identity
• Supporting both online and offline promotions, including events, media coordination, and in-store marketing (For later)
• Monitoring market trends and competitor activities to improve brand performance and visibility

✅ Salary: 𝗕𝗮𝘀𝗲d 𝗼𝗻 𝗲𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲

✅ Job Type: Full-time
🗓️Working Days: Mon to Friday - 𝟵𝗔𝗠 𝘁𝗼 𝟱𝗣𝗠 (𝗦𝗮𝘁, 𝗦𝘂𝗻 & 𝗣𝘂𝗯𝗹𝗶𝗰 𝗛𝗼𝗹𝗶𝗱𝗮𝘆𝘀 𝗢𝗙𝗙)
📍Location: Hlaing Tsp, Yangon.

✅ 𝗔𝗹𝗹𝗼𝘄𝗮𝗻𝗰𝗲𝘀: Free Coffee + Transportation Allowance + Attendance Allowance + Punctuality Allowance


အောင်မြင်နေတဲ့ လူတွေကို မြင်တဲ့အခါ သူတို့ရဲ့ တောက်ပနေတဲ့ လက်ရှိအချိန်ကိုပဲ မြင်တတ်ကြပါတယ်။📲 Apple ဖုန်းတွေ၊ Microsoft ကွ...
24/11/2025

အောင်မြင်နေတဲ့ လူတွေကို မြင်တဲ့အခါ သူတို့ရဲ့ တောက်ပနေတဲ့ လက်ရှိအချိန်ကိုပဲ မြင်တတ်ကြပါတယ်။

📲 Apple ဖုန်းတွေ၊ Microsoft ကွန်ပျူတာတွေ၊ Harry Potter ရုပ်ရှင်တွေနဲ့ KFC ကြက်ကြော်ဆိုင်တွေ... ဒါပေမဲ့ ဒီအရာတွေရဲ့ နောက်ကွယ်မှာ၊ ကမ္ဘာကြီးက မသိခဲ့တဲ့ "အမှောင်မိုက်ဆုံး အချိန်ကာလတွေ" ရှိခဲ့ဖူးပါတယ်။

သူတို့ဟာ တစ်ချိန်တုန်းက ပုံမှန်လူတွေမှာ ကြုံရတာတွေထက် ဆိုးရွားတဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးသူတွေပါ။

- "ကိုယ့်ကုမ္ပဏီကနေ ကိုယ် အထုတ်ခံခဲ့ရသူ" - 𝗦𝘁𝗲𝘃𝗲 𝗝𝗼𝗯𝘀 (စတိဗ်ဂျော့)

ကမ္ဘာကျော် Apple ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Steve Jobs (စတိဗ်ဂျော့) ကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ပြန်ပြီး အလုပ်ထုတ်ခံခဲ့ရဖူးပါတယ်။

လူတစ်ယောက်အတွက် ဒီထက်အရှက်ရစရာကောင်းတဲ့၊ နာကျင်ရတဲ့ ကျရှုံးမှုမျိုး ရှိဦးမလား။ ဒါပေမဲ့ သူ အရှုံးမပေးခဲ့ပါဘူး။ NeXT ဆိုတဲ့ ကုမ္ပဏီသစ်တစ်ခုကို ထပ်လုပ်တယ်။ နောက်ဆုံးမှာ Apple ဆီကို ပြန်ရောက်လာပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီဖြစ်အောင် လုပ်ပြသွားခဲ့ပါတယ်။

- "ထုတ်ဝေသူ ၁၂ ယောက် ငြင်းပယ်ခံရတဲ့ စာမူ" - 𝗝.𝗞. 𝗥𝗼𝘄𝗹𝗶𝗻𝗴 (ဂျေကေရိုးလင်း)

သူမဟာ Harry Potter စာအုပ်မထွက်ခင် ကွာရှင်းထားတဲ့ Single Mother တစ်ယောက်၊ အစိုးရထောက်ပံ့ကြေးနဲ့ ရပ်တည်နေရတဲ့ အလုပ်လက်မဲ့တစ်ယောက်၊ စိတ်ဓာတ်ကျရောဂါ ခံစားနေရသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။

သူရေးထားတဲ့ Harry Potter စာမူကို ထုတ်ဝေသူ ၁၂ ယောက်တိတိက "အဆင်မပြေပါဘူး" ဆိုပြီး ငြင်းလွှတ်ခဲ့ကြတယ်။ အကယ်၍ ၁၃ ယောက်မြောက် ထုတ်ဝေသူဆီ မသွားဘဲ သူလက်လျှော့လိုက်ရင်... ဒီနေ့ခေတ်မှာ Harry Potter ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။

- "အသက် ၆၀ ကျော်မှ စတင်ခဲ့သူ" - 𝗖𝗼𝗹𝗼𝗻𝗲𝗹 𝗦𝗮𝗻𝗱𝗲𝗿𝘀 (ကာနယ်ဆန်းဒါးစ်)

လူအများစု အနားယူကြမယ့် အသက် ၆၀ ကျော်အရွယ်ရောက်မှ သူ့ရဲ့ ကြက်ကြော်လုပ်နည်းကို ရောင်းဖို့ ကြိုးစားခဲ့တာပါ။ ဆိုင်ပေါင်း ၁၀၀၀ ကျော်က သူ့ကို ငြင်းပယ်ခဲ့ကြတယ်။

"ခင်ဗျားကြက်ကြော်က မကောင်းဘူး"၊ "ခင်ဗျား အသက်ကြီးနေပြီ" ဆိုတဲ့ စကားတွေကြားမှာ သူ ဇွဲမလျှော့ခဲ့ပါဘူး။

အခုတော့ KFC ဆိုတာ ကမ္ဘာ့နေရာတိုင်းမှာ ရှိနေပါပြီ။

✅ ဒီဆောင်းပါးကနေ ပေးချင်တဲ့ သတင်းစကားကတော့ 𝗕𝗶𝗹𝗹 𝗚𝗮𝘁𝗲𝘀 တောင်မှ Microsoft မတိုင်ခင်က Traf-O-Data ဆိုတဲ့ ကုမ္ပဏီတစ်ခုလုပ်ပြီး ကျရှုံးခဲ့ဖူးတယ်။ သမ္မတကြီး 𝗔𝗯𝗿𝗮𝗵𝗮𝗺 𝗟𝗶𝗻𝗰𝗼𝗹𝗻 ဟာလည်း ရွေးကောက်ပွဲတွေမှာ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးတယ်။

ကိုယ်တိုင် လုပ်သမျှအဆင်မပြေ၊ ကျရှုံးနေတယ်လို့ ခံစားရရင်၊ လောကကြီးက ကိုယ့်ဘက်မှာမရှိဘူးလို့ ခံစားနေရရင် ဝမ်းမနည်းပါနဲ့။ တစ်ယောက်တည်း မဟုတ်ပါဘူး။

"ကျရှုံးခြင်း" ဆိုတဲ့ လှေကားထစ်တွေကို နင်းပြီးမှ "အောင်မြင်ခြင်း" ဆိုတဲ့ 🏁 ပန်းတိုင်ကို ရောက်သွားကြတာဖြစ်လို့ ကျရှုံးတယ်ဆိုတာ ကိုယ် "ညံ့" လို့ မဟုတ်ပါဘူး။ "ကြိုးစားနေလို့" ဖြစ်လာတဲ့ ရလဒ်တစ်ခုသာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲကြုံရကြုံရ ယုံကြည်ရာကိုဆက်လျှောက်နေဖို့ လူငယ်တွေကို အားပေးစကားပြောလိုက်ချင်ပါတယ်။


🪔Diwali is the time to remove darkness and welcome the light of new beginnings.May this Diwali bring happiness, good hea...
20/10/2025

🪔Diwali is the time to remove darkness and welcome the light of new beginnings.

May this Diwali bring happiness, good health, and endless moments of joy to your home🙏

Happy Diwali!


#ဒီပါဝလီ

ထိထိမိမိ ရင်ထဲငြိမဲ့ Content တွေ၊ ဖတ်တဲ့ Audience အတွက် အကျိုးရှိတဲ့ ဘာသာပြန် Article တွေကို ရေးသားချင်တဲ့ Full Time 𝐂𝐨𝐧...
31/08/2025

ထိထိမိမိ ရင်ထဲငြိမဲ့ Content တွေ၊ ဖတ်တဲ့ Audience အတွက် အကျိုးရှိတဲ့ ဘာသာပြန် Article တွေကို ရေးသားချင်တဲ့ Full Time 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐞𝐫 (၁) ဦးကို ထပ်မံခေါ်ယူနေပါပြီ။

𝗝𝗼𝗯 𝗗𝗲𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻 & 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭

- မြန်မာစာ စာလုံးပေါင်းသတ်ပုံ မှန်ကန်အောင် ရေးသားနိုင်ရမည်။
- Social Media Content အပြင် Article တွေကိုပါ ရေးသားနိုင်ရပါမည်။
- Content Writer အနေနဲ့ Experience (1) Year အနည်းဆုံး ရှိရပါမည်။
- Facebook, Instagram, TikTok, Telegram, YouTube အစရှိတဲ့ Social Media Platform တွေမှာတင်တဲ့ Content တွေအကြောင်း သိထားဖို့လိုအပ်ပါသည်။
- Content Calendar, Content Strategy တို့ကိုနားလည်သဘောပေါက်ပြီး Team နဲ့အတူ Brainstorm လုပ်နိုင်ရပါမည်။
- ChatGPT, Deepseek, Gemini အစရှိတဲ့ AI များကို အသုံးချတတ်ရပါမည်။
- Team နှင့်အတူ Short Video တွေ ရိုက်ကူးတဲ့အခါ အတူပါဝင်ဆောင်ရွက်နိုင်ရပါမည်။

စိတ်ပါဝင်စားလို့ လျှောက်ထားမယ်ဆိုရင်တော့ 📩[email protected] ကို CV, Portfolio အပြည့်အစုံနှင့်တကွ လျှောက်ထားနိုင်ပါတယ်။

❗ရန်ကုန်ရုံးတွင် Full Time လာရောက်လုပ်ကိုင်ရမှာဖြစ်လို့ WFH လျှောက်ထားမယ်ဆိုရင် ထည့်သွင်းစဥ်းစားမှာ မဟုတ်ပါဘူး❗

✅Salary: 𝗕𝗮𝘀𝗲d 𝗼𝗻 𝗲𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲
Job Type: Full-time

𝗔𝗹𝗹𝗼𝘄𝗮𝗻𝗰𝗲𝘀: Free Coffee + Transportation Allowance + Attendance Allowance + Punctuality Allowance

📍Location: Hlaing Tsp, Yangon.
🗓️Working Days: Mon to Friday - 𝟵𝗔𝗠 𝘁𝗼 𝟱𝗣𝗠 (𝗦𝗮𝘁, 𝗦𝘂𝗻 & 𝗣𝘂𝗯𝗹𝗶𝗰 𝗛𝗼𝗹𝗶𝗱𝗮𝘆𝘀 𝗢𝗙𝗙)


𝗡𝗲𝘅𝗰𝗼𝗱𝗲 Company ၏ Mandalay Head Office တွင် တာဝန်ထမ်းဆောင်ရန် F&B/Retail အပိုင်းတွင် အတွေ့အကြုံရှိတဲ့ Junior Accountant ...
28/07/2025

𝗡𝗲𝘅𝗰𝗼𝗱𝗲 Company ၏ Mandalay Head Office တွင် တာဝန်ထမ်းဆောင်ရန် F&B/Retail အပိုင်းတွင် အတွေ့အကြုံရှိတဲ့ Junior Accountant တစ်ဦးကို ခေါ်ယူနေပါပြီ။

လျှောက်ထားလိုသူများအနေဖြင့် 𝗵𝗿@𝗻𝗲𝘅𝗰𝗼𝗱𝗲𝗺𝗺.𝗰𝗼𝗺 သို့ 𝗖𝗩 နှင့်တကွ မျှော်မှန်းလစာတို့ကို ပေးပို့လျှောက်ထားနိုင်ပြီး အသေးစိတ်ကိုတော့ အောက်တွင်ဖတ်ရှုနိုင်သလို မေးမြန်းလိုရာများရှိပါက Message Box တွင် မေးမြန်းထားခဲ့နိုင်ပါတယ်။

- - - - - - - - - - - - - - - - - - - - - - - -

Job Title : 𝗝𝘂𝗻𝗶𝗼𝗿 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗮𝗻𝘁 (𝗠𝗗𝗬 𝗛𝗲𝗮𝗱 𝗢𝗳𝗳𝗶𝗰𝗲)
Department : Finance & Account
Reporting Person : CEO & Senior Accountant

𝗝𝗼𝗯 𝗥𝗲𝘀𝗽𝗼𝗻𝘀𝗶𝗯𝗶𝗹𝗶𝘁𝗶𝗲𝘀
• Accurately record all cash and non-cash daily sales, purchases, and expenses in accounting systems
• Perform daily reconciliation of cash on hand, bank balance, accounts receivable and accounts payable
• Collect cash from stores and record and verify all cash collections accurately in the accounting system
• Assist the Senior Accountant in conducting physical stock counts at stores and warehouse
• Handle banking activities such as deposits, withdrawals, and reconciliations of bank statements with accounting records
• Organize and file accounting documents, vouchers, and receipts. Assist senior accountant as needed
• Carry out other finance or administrative duties as assigned by management
• Prepare and generate daily, weekly, monthly cash summary reports for management review
• Coordinate with store and operational staff from stores to ensure smooth cash handling procedures

𝗝𝗼𝗯 𝗦𝗽𝗲𝗰𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀
• B.com or Any Graduate with other qualifications in LCCI I,II or LCCI III
• Minimum 1–2 years of relevant experience in cash handling, cashiering or basic accounting. (F&B/retail experience preferred).
• Familiarity with POS systems, basic accounting, and MS Excel.
• Positive attitude, good personality and good communication skill
- - - - - - - - - - - - - - - - - - - - - - - - - - -
💸Salary: 𝗕𝗮𝘀𝗲 𝗼𝗻 𝗲𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲

Job Type: Full-time

𝗔𝗹𝗹𝗼𝘄𝗮𝗻𝗰𝗲𝘀: Free Coffee + Transportation Allowance

📍Location: Mandalay
🗓️Working Days: Mon to Friday - 𝟵𝗔𝗠 𝘁𝗼 𝟱𝗣𝗠 (𝗦𝗮𝘁, 𝗦𝘂𝗻 & 𝗣𝘂𝗯𝗹𝗶𝗰 𝗛𝗼𝗹𝗶𝗱𝗮𝘆𝘀 𝗢𝗙𝗙)


#အလုပ်အကိုင်

၁၉ ဇူလိုင် မမေ့နိုင် ဆိုတဲ့အတိုင်းပါပဲ. . .ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီး (၉) ဦး ကျဆုံးခဲ့တဲ့ အာဇာနည်နေ...
19/07/2025

၁၉ ဇူလိုင် မမေ့နိုင် ဆိုတဲ့အတိုင်းပါပဲ. . .

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီး (၉) ဦး ကျဆုံးခဲ့တဲ့ အာဇာနည်နေ့က ဒီနေ့ဆိုရင် (၇၈) နှစ်မြောက် ရောက်လာပါပြီ။

တိုင်းပြည်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်ခဲ့တဲ့ ဒီနေ့ဟာ သူတို့ရဲ့ စွန့်လွှတ်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတွေကို အတုယူပြီး မမေ့မလျော့ သတိရသင့်သလိုဘဲ ခေါင်းဆောင်မှုအရည်အချင်း၊ တိုင်းပြည်အပေါ်ထားတဲ့ စေတနာတွေကို အတုယူရမှာပါ။

(၇၈) နှစ်မြောက် အာဇာနည်နေ့မှာ ကျဆုံးခဲ့လေသော အာဇာနည်ခေါင်းဆောင်ကြီးမားကို အစဥ်လေးစား ဂုဏ်ပြုလျက်...


#အာဇာနည်နေ့

ကိုယ့် Professional Field မှာ "မိုက်" ပါတယ်ဆိုတဲ့သူတွေ "ထွက်ခဲ့"😎ဘာလို့လဲဆိုတော့ Nexcode မှာ ကိုယ့် Skill တွေပြဖို့ ချက်...
10/07/2025

ကိုယ့် Professional Field မှာ "မိုက်" ပါတယ်ဆိုတဲ့သူတွေ "ထွက်ခဲ့"😎

ဘာလို့လဲဆိုတော့ Nexcode မှာ ကိုယ့် Skill တွေပြဖို့ ချက်ချင်းလိုအပ်နေတဲ့ Position တွေအတွက် ခေါ်ယူနေတာကြောင့် လူငယ်အသိုက်အဝန်းမှာ 🧠Brainstorm အတူတူလုပ်ချင်တဲ့သူတွေအတွက် Warmly Welcome ပါ။

သက်ဆိုင်ရာ Job Description တွေကို Position အလိုက် အောက်မှာဖတ်ရှုပြီး စိတ်ဝင်စားလို့ လျှောက်ထားမယ်ဆိုရင်တော့ 📩[email protected] ကို CV, Portfolio အပြည့်အစုံနှင့်တကွ လျှောက်ထားနိုင်ပါတယ်။

၂ ယောက်အတူ တွဲဖက်လုပ်ကိုင်ရမှာဖြစ်တဲ့အတွက် Position ၂ခုလုံးကို မိန်းကလေးသာ ခေါ်ယူသွားမှာပါ။

✍️𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐞𝐫 (𝘅𝟭 𝗣𝗼𝘀𝗶𝘁𝗶𝗼𝗻)

𝗝𝗼𝗯 𝗗𝗲𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻
* Content Strategy & Planning တွေအကြောင်း သိရှိပြီး အသုံးချနိုင်ရမယ်။
* ရေးရမှာကတော့ Social Meida Channel တွေနဲ့ Blog Post, Article တွေ ပါပါမယ်။
* Content Writer ဖြစ်တာနဲ့အညီ စာလုံးပေါင်းသတ်ပုံ မှန်ကန်ရပါမယ်။
* ရေးရမဲ့ Industry တွေကတော့ စာအုပ်တိုက်၊ Social Publihsing Platform နှင့် Software Development Agency တို့အတွက် ရေးသားရပါမယ်။

Job Requirement

* Marketing အကြောင်း အခြေခံကစပြီး သိထားဖို့ လိုပါတယ်။
* အနည်းဆုံး (၁)နှစ် အတွေ့အကြုံရှိထားဖို့လိုပါတယ်။
* Social Media Content အပြင် Article, Blog Post တွေကိုပါ ကြိုးစားပြီး ရေးသားရပါမယ်။
* Facebook, Instagram, TikTok, Telegram, YouTube အစရှိတဲ့ Social Media Platform တွေမှာတင်တဲ့ Content တွေအကြောင်း သိထားဖို့လိုပါတယ်။
* Content Calendar, Content Strategy တို့ကိုနားလည်သဘောပေါက်ပြီး Team နဲ့အတူ Brainstorm လုပ်နိုင်ရပါမယ်။

📸𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗖𝗿𝗲𝗮𝘁𝗼𝗿 (𝘅𝟭 𝗣𝗼𝘀𝗶𝘁𝗶𝗼𝗻)

Job Description
* Business Unit အလိုက် Social Media Channel များတွင်တင်ရန် Short Video, Photography Creation ပြုလုပ်ရမည်။
* Content Writing အတွေ့အကြုံ ရှိရမည်။
* Short Video, Photo များ ကို Mobile Phone ဖြင့် ရိုက်ကူးပြီး Capcut ဖြင့် Edit ပေးရမည်။
* Marketing ကို စိတ်ပါဝင်စားပြီး အခြေခံရှိရမည်။
* TikTok, Facebook, YouTube, Instragram အစရှိတဲ့ Social Media Platform တွေမှာ Team နှင့်အတူ Video, Photo Creation တွေကို Idea မှ Edit အထိ အတူဆောင်ရွက်ရပါမည်။

- - - - - - - - - - - - - - - - - - - - - - - - - - -

💸Salary: 𝗕𝗮𝘀𝗲 𝗼𝗻 𝗲𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲
Job Type: Full-time

𝗔𝗹𝗹𝗼𝘄𝗮𝗻𝗰𝗲𝘀: Free Coffee + Travel Allowance + Attendance Allowance + Punctuality Allowance

📍Location: Yangon
✅Allowances: Tea Allowance + Attendance Allowance
🗓️Working Days: Mon to Friday - 𝟵𝗔𝗠 𝘁𝗼 𝟱𝗣𝗠 (𝗦𝗮𝘁, 𝗦𝘂𝗻 & 𝗣𝘂𝗯𝗹𝗶𝗰 𝗛𝗼𝗹𝗶𝗱𝗮𝘆𝘀 𝗢𝗙𝗙)


ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား...
09/07/2025

ဂေါတမမြတ်စွာဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူတဲ့ ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟု နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ကြပါတယ်။

ယနေ့လို နေ့ထူးနေ့မြတ်မှာ အားလုံးပဲ ကိုယ်စိတ်ကျန်းမာ၊ ဘေးအန္တရာယ်တွေကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်စုံနိုင်ကြပါစေကြောင်း Nexcode မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏


#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့

🇲🇲Myanmar ဖုန်းနံပါတ်တွေဆီကို Google ကနေ OTP အတည်ပြုကုဒ်တွေပို့တာ ရပ်ဆိုင်းလိုက်ကြောင်းသတင်းဟာ မှန်ကန်ပါတယ်။တကယ်တော့ မြန...
27/06/2025

🇲🇲Myanmar ဖုန်းနံပါတ်တွေဆီကို Google ကနေ OTP အတည်ပြုကုဒ်တွေပို့တာ ရပ်ဆိုင်းလိုက်ကြောင်းသတင်းဟာ မှန်ကန်ပါတယ်။

တကယ်တော့ မြန်မာနဲ့ Google တို့ တိုင်ပတ်နေတာ (၂) နှစ်လောက်တောင်ရှိနေပေမယ့် အခုမှသာ တကယ်ပိတ်ပင်ကြောင်း သိလိုက်ရတာပါ။

- Gmail Account ဖွင့်ရင် မြန်မာ SIM ကဒ်နဲ့ မရတော့ဘူး
- Google Account Password မေ့သွားလို့ SMS OTP တောင်းမရတော့သလို
- ရှိပြီးသား Account ကိုဝင်ဖို့ SMS OTP မကျတော့တာကလည်း အခု Official ဖြစ်သွားတဲ့သဘောပါ။

နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ Google နဲ့တွဲထားတဲ့ Facebook, TikTok, Capcut, Instagram အစရှိတဲ့ Account တွေမှာ 2 Factors Authentication ခံထားပြီး SMS Code မကျလာရင် Login ဝင်မရတဲ့ပြဿနာတွေ ကြုံလာရမှာဖြစ်လို့ SMS အစား Authenticator App တွေ အသုံးပြုဖို့ လိုအပ်လာပါပြီ။

အသုံးအများဆုံး App တွေကတော့ Google Authenticator, DUO Mobile, Authy တို့ပါပဲ။

Google ကတော့ မြန်မာနိုင်ငံကို Region ရှာတဲ့နေရာထဲကနေ Completely Remove လုပ်ထားတာကြောင့် နောက်ပိုင်း Google Service တွေရော ဘယ်လိုဖြစ်လာမလဲဆိုတာ မပြောနိုင်ပါဘူး။

အခုလို 2FA အတွက် SMS OTP မကျရခြင်းကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့်လို့လည်း ဆိုကြပါတယ်။

ဒါကြောင့် လက်ရှိ Google Account တွေကို အသုံးပြုတဲ့အခါ Google Account Setting ထဲက "Security" မှာ "Recovery email" (အရန် Email) ထည့်သွင်းထားပါ။

Google လိုပဲ Telegram မှာဆိုရင်လည်း နောက်ထွက်တဲ့ SIM Card တွေမှာ SMS Code မကျတာတွေ ဖြစ်နေတာကြောင့် ဘယ် App ကိုမဆို Account အသစ်ဖွင့်ပြီးတဲ့အခါ၊ ရှိပြီးသား Account မှာ 2FA အတွက် SMS OTP ကိုပဲ ထည့်ထားတဲ့အခါ Authenticator App တွေကို အသုံးပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါပေမယ့် Authenticator App တွေ အသုံးပြုတဲ့အခါ
* Password Option ပါလို့ ထားတဲ့အခါမှာလည်း Password ကိုသေချာမှတ်ထားဖို့
* Backup Code တွေကို သေချာ Save ပြီး စာအုပ်ဖြစ်ဖြစ်၊ Print ဖြစ်ဖြစ် သိမ်းထားဖို့ကလည်း အရေးကြီးပါတယ်။


Facebook ကိုယ်တိုင်လည်း Zawgyi ကို Support မလုပ်ပေးတော့ပါဘူး။“ယူနီကုဒ်စံစနစ်ကို အသုံးပြုနိုင်မှသာ မြန်မာစာနှင့် တိုင်းရင...
13/06/2025

Facebook ကိုယ်တိုင်လည်း Zawgyi ကို Support မလုပ်ပေးတော့ပါဘူး။

“ယူနီကုဒ်စံစနစ်ကို အသုံးပြုနိုင်မှသာ မြန်မာစာနှင့် တိုင်းရင်းသားစာများ ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်လာမည်“ ဆိုတဲ့အတိုင်း

🌎ကမ္ဘာတစ်ဝန်းလုံးက ဘာသာစကား အားလုံးကိုကွန်ပျူတာစနစ်အမျိုးမျိုးမှာ ရေးနိုင်၊ ဖတ်နိုင်ဖို့နဲ့အပြန်အလှန် တွဲဖက်အသုံးပြု‌‌နိုင်ရန် ရည်ရွယ်ပြီးအက္ခရာစာလုံး တစ်လုံးစီတိုင်းအတွက် တိကျတဲ့ နံပါတ် တစ်လုံးတည်းကိုသာ သတ်မှတ်ပေးထားတဲ့ နိုင်ငံတကာ စံချိန်စံညွှန်း(ISO-10646) ဖြစ်ပါတယ်။

ပုံနှိပ်ထားတဲ့ စာအုပ်တွေ၊ သတင်းစာတွေကနေ ကွန်ပျူတာစာလုံးအဖြစ်ပြန်လည်ပြောင်းလဲတဲ့နည်းပညာ၊ မိမိလက်ရေးကနေ ကွန်ပျူတာစာလုံးအဖြစ်ပြောင်းလဲတာ၊ အသံနဲ့စာရိုက်တာတွေကို အသုံးပြုနိုင်ပြီးတော့ မြန်မာလိုပြောတာကို နားလည်တဲ့ AI , Chatbot တို့ကို မြန်မာလို ကောင်းကောင်းအသုံးချနိုင်တဲ့အထိ ဖြစ်လာနိုင်တာကိုလည်း အားလုံးလက်တွေ့ပါပဲ။

🇲🇲မြန်မာစာ Unicode အတွက် 2019-2020 မှာတည်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Telecom Operator တွေ၊ Celebrity တွေအပြင် International Tech Company တွေဖြစ်တဲ့ Google, Facebook တို့ကအစ Unicode Campaign မှာပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး Zawgyi-Unicode အဆင်ပြေပြေ ဖတ်နိုင်အောင် Facebook က ဦးဆုံးပြောင်းလဲပြုပြင်ပေးခဲ့တာပါ။

အခုဆိုရင်လည်း နောက်ထပ်အရွေ့တစ်ခုအနေနဲ့ Zawgyi ကို လုံးဝဖြုတ်ပြီး Unicode တစ်ခုတည်းကိုသာ အသုံးပြုဖို့ဆုံးဖြတ်လိုက်တဲ့ Meta ရဲ့အရွေ့က ဘယ်လိုမျိုး Development တွေ လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။


#မြန်မာဘာသာစကား

Address

78th Street & Sagaing Lan Kwal Street, Mya Nandar Housing Lane(3), Chan Mya Thar Si Township
Mandalay
05041

Alerts

Be the first to know and let us send you an email when nexcode posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share