HRDC Electronic

HRDC Electronic Shopping Electronic

23/11/2025

မြောင် လေး တွေ ရှိတယ် ၊@
Wai Hlan Kyaw

15/07/2025
15/07/2025

ကျောက်ကပ်ရောဂါ အတွက် နေ့စဥ်နေထိုင်စားသောက်သင့်သော ဆောင်ရန်၊ရှောင်ရန်များ

06/05/2025

#အရညကင်တောရဆောက်တည်လိုသူအရှင်မြတ်တို့ဘုရား
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အရှင်ကောင်း အရှင်မြတ်များအတွက် နိဿဂ္ဂိကင်းသော ဝိနည်းနှင့်အညီ ကျင့်သုံးတော်မူသော တောရတချို့၏လိပ်စာများကိ ရှာဖွေ၍ တစုတစည်းတည်း တင်ပြလိုက်ပါသည်ဘုရား ။

#နိဿဂ္ဂိကင်းစင်ပြီး သပ္ပါယမျှတစွာ သီတင်းသုံးနိူင်သော တောရများဖြစ်ပါတယ်ဘုရား။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
၁။ #အလံတောင်တောရ
ဇီးဖြူပင်ကျေးရွာအနီး
ပေါင်းလောင်းဆည်၊ နေပြည်တော် ပျဉ်းမနား။
ပရိဝတ်ပြုနိူင်ပါသည်။ တပါးကျောင်းနှင့် ဖြစ်ပါသည်။
ကားလက်မှတ်ဖြင့် အကြိုအပို့ လုပ်ပေးနိူင်ပါသည်။
ဆက်သွယ်ရန်။ 09799265821

၂။ #အောင်သပြေတောရ
ပဲခူးတိုင်း ဆွာမြို့အနောက်ဖက် ၃ မိုင်ခန့်
တောင်ကြားရွာအနီး
ရဟန်းများသာမက အမျိုးသားများပါ လာရောက်နိူင်သည် ။
ဖုန်း ။ 09429412355/09799265821

၃။ #ဘုရားတောင်တောရ
အောင်သပြေတောရနှင့် နာရီဝက်ခန့် လျှောက်ရ၏။
တောပိုနက်၏။ ဆွာမြို့အနောက်ဖက် ၃မိုင်ခန့်
ဝါးကပ်တန်းကျေးရွာကို မေးလျှင်ရ၏။
ဖုန်း။ 09799265821

၄။ #မှန်တောင်တောရ
သာဂရမြို့အနီး
ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်း။

၅။ #လဲဘူးတောရ
မကွေးတိုင်း နတ်မောက်မြို့နယ်
လဲဘူးရွာတောင်ဖက်တွင်ရှိသည်။
နတ်မောက် - ပျော်ဘွယ် ရထားလမ်းနှင့် မလှမ်းမကမ်းတွင် ရှိသည် ။ လဲဘူးဆရာတော်ဘုရားကြီးသည် သက်တော် ၉၇နှစ် ဝါတော် ၇၀ကျော်ပြီဖြစ်သော်လည်း ကျန်းမာလျှက်ရှိနေကာ ဝိနည်း ဓူတင်နှင့် ရှေးဆရာတော်ကြီးများ၏ ကျင့်ဝတ် စရဏများကို သိလိုပါက မေးမြန်းနိူင်ပါသည်။

၆။ #ဘကြီးတောင်တောရ
ပရိဝတ်ပြုလုပ်ပေးပါသည်။
မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ်
သဲတောကျေးရွာတွင် ရှိပါသည်။
၀၉၄၂၉၀၀၈၉၅၅
၀၉၇၇၉၁၃၀၆၄၅

၇။ #နတ်လမ်းတောင်တောရ
ရွာသစ်ကျေးရွာ
မလှိုင်မြို့နယ် တောင်ဖက်
မန္တလေးတိုင်း ။

၈။ #ဆပ်ပြာတောရ
ဆရာတော် ဦးတေဇာသီရိ
ရွှေစက်တော်ဘုရားနှင့် နီးသည်။
အထက်မင်းလှမြို့နယ်နှင့် ပဒါန်းမြို့နယ်ကြား
ပဲခူးဖားအောက်ဆရာတော်၏ ဇာတိရွာဖြစ်သည်။
ဖုန်း ။ 09402281128

၉။ #ဝိနယဝိသုဒ္ဓိတောရ
ပိန်းပြစ်ရွာ ၊ မိုးကုတ်မြို့နှင့် ၆မိုင်အကွာ
ရဟန်းများသာမက အမျိုးသားများပါ လာနိူင်သည်။
ဖုန်း ။ 09452608116/09799265821

၁၀။ #အင်းကြီးတောရ
အင်းကြီးကျေးရွာ
ကော့ကရိတ်မြို့နယ် ကရင်ပြည်နယ်။
ဖုန်း ။ 09799265821

၁၁။ #ဓမ္မဝိနယာလင်္ကာရကျောင်းတိုက် ဇင်းကျိုက်။ ရွှေဇင်းကျိုက်ဆံတော်ရှင်တောင်တက်ကားလမ်းဘေး 09893336868

၁၂။ #ရွှေဂူဆည် - ကျောက္ကာ ဖားအောက်တောရ
ကျောက္ကာမြောက်ရွာ
မုံရွာမြို့နယ်၊ ဆရာတော် ဦးဝိသိဋ္ဌ
ကမ္မဌာန်းပြ အလွန်ကောင်း၏။

၁၃။ #ရှမ်းသောက်တောရ
ကိုးပင်ကျေးရွာအနီး
အောင်လံ - ဆင်ပေါင်ဝဲကားလမ်း
မကွေးတိုင်း ။

၁၄။ #ရန်ကင်းတောရ
မြောင်းဦးကျေးရွာ
မင်းဘူး စကု မြို့နယ်။

၁၅။ #နဘူးကျင်းတောရ
နဘူးကျင်းဆရာတော်ကြီး၏ မူလဘူတ တောရ။
ရမည်းသင်းမြို့နယ်၊ မန္တလေးတိုင်း ။

၁၆။ #ဝင်းကြိုင်တောရ
အင်းတကော်မြို့၊ ပဲခူးမြို့နယ် ၊
ရန်ကုန် မန္တလေး လမ်းဟောင်း
ဓမ္မသိုက် မှတ်တိုင် ။

၁၇။ #ဟိုပင်ဖားအောက်တောရ
ဟိုပင်မြို့၏ သုဿာန်အနီး
ချောင်းကလေး တဖက်ကမ်း တောင်ကြောကလေး
ပေါ်တွင် ရှိသည့် ဆိတ်ငြိမ် အေးချမ်းသော
တောရကလေး ဖြစ်ပါသည်။

၁၈။ #ကျင်ဂနိူင်တောရ
အနီးစခန်းအနီး မိုင်တိုင် ၃၁မိုင် ၆ဖာလုံ
ပြင်ဦးလွင်မြို့နယ်။
တစ်ပါးကျောင်းကလေးများနှင့် နေရပါသည်။
ကိုယ့်ဆွမ်းကိုယ် ခံစားရပါသည်။
အရုဏ် နေ့ဆွမ်း နှစ်ထပ် ဘုန်းရပါသည်။
ပြင်ဦးလွင်မှာမို့ ရာသီဥတု အလွန်ကောင်းသည် ။
ယခုလောလောဆယ် သံဃာ ၁၀ပါးသာ ရှိသည်။

09259048291

၁၉။ #ပုတွင်းတောရ
ပုတွင်းရွာ ရွှေဘိုမြို့နယ်။
စစ်ကိုင်းတိုင်း။
ပရိဝါသ် မာရ်နတ်ကံဆောင်များ ပြုလုပ်ပေးပါသည်။

၂၀။ #ထန်းတပင်တောရ
တော်ဝင်ရတနာလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။
(ရွှေကြာပင်ရပ်ကွက်နှင့် ဟော်တယ်ဇုံကြား)
ဖုန်း - ၀၉၅၀၅၂၄၉၃

၂၁။ #ငမောက်ကျတောရ..
ကျောက်ထုမြို့၊မင်းကြည့်ရွာအနီး
256138676

၂၂ #ကျောက်ဘီလူးတောရ
စကားတောင် တောရဟုလည်းခေါ်သည်။
ပြည်မြို့နှင့် အောင်လံမြို့အကြား
ပြလို့ရွာ အနီးတွင်ရှိ၏။
ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိ၏။
အလွန်ကြီးမားသည့် ကျောက်ဖြာ
ကြီးအောက်မှာ ဂူကျောင်းဆောက်လုပ်ထားကြသည်။
ဆရာတော်သည် ကမ္ဘောဒီယား, လာအို,ထိုင်း,ဗီယမ်နမ်,အာသံ
မဏိပူရနှင့်မြန်မာနိုင်ငံ၏ ဒေသ
တော်တော်များ၌ ဆွမ်းခံလှည့်လည်
ခြင်း,ဒေသန္ဒရရှာမှီးခြင်း,တောရ
အတွေ့အကြုံများသင်ယူလေ့လာခြင်း
များကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။

၂၃။ #ဟိုင်‌းတောင်တောရ
မြို့လှနှင် သာဂရ အကြား
ရဲတပ်ရင်းအနီး ရှိပါတယ်။

၂၄။ #ဓမ္မအေးရိပ်တောရ
ကက်သာရွာအနီး ဟုမ္မလင်းမြို့နယ်

၂၅။ #ဥရုဝေလ တောရ.
ကံသာကျေးရွာ အနီး နေပြည်တော် လယ်ဝေး

၂၆။ #သစ္စာဂုဏ်ရည်တောရကျောင်း
ပဲခူး၊ဆယ်မိုင်ကုန်း
ထန်ပင်ချောင်းကျေးရွာ
ဘောလုံးကွင်းရှေ့

၂၇။ #ကံ့ကော်တောဘုရားအနီး
ဒက္ခိဏဒိသာ အေးဓမ္မရိပ်သာ
သိမ်တောင်တောရ ကျောက်ဖြူမြို့နယ်။

၂၈။ #ကျားတတ်တောင်တောရ
ရမည်းသင်းနှင့် တပ်ကုန်းမြို့ အရှေ့
ဘက်- ရှမ်းကုန်းမြင့် အစပ်မှာတည်ရှိသည်။
ဝိနည်း၌ ကျွမ်းကျင်စွာ ပို့ချနိုင်၏။
ကြီးမားကျယ်ပြန့်ပြီး ကျောက်တုံး,
ကျောက်ဆောင်ပေါများ၏။
ဆရာတော်များသည် ငါ့ကျောင်း,
ငါ့တောရဟု အစွဲမထားပဲ မြင်းမထိ
တောရ, ရှမ်းမငယ်တောရ,
ညောင်တုန်းတောရ,ဝါးဖြူတောင်တောရ,
ရွှေတောင်ဦးတောရ အစရှိတဲ့
တောရများကို လှည့်လည်သီတင်းသုံးတော်မူ၏။

၂၉။ #ရှမ်းမငယ်တောရ
ရှမ်းမငယ်ရေလှောင်တမံအနီး
မိတ္ထီလာနှင့် ကျောက်ပန်းတောင်းအကြားရေဝေကျေးရွာအနီး။

၃၀။ #ဝိနယဝိသုဒ္ဓိတောရ(မိုးကုတ်အနီး)နှင့်
တချို့သောဝိနည်းတောရများ
09452608116
09799265821
09402281128
0973203173 သို့ စုံစမ်းနိုင်ပါသည်ဘုရား။

၃၁။ #

၃၂။ #နတ်ရေကန်တောရ
သံတွဲမြို့နယ် ငပန်ရွာအနီးမှာရှိ၏။
ဂွ -သံတွဲ ကားလမ်းအနီးမှာရှိ၏။
သံတွဲမှ မိနစ်၃၀ခန့် ငပလီမှ ကျီးကန်းရဲရွာသို့ စက်လှေဖြင့်
လည်းကြွရောက်နိုင်သည်။နိဿဂ္ဂိ ကင်းစင်၏။

၃၃။ #ရွှေဂူဆည်‌-‌ကျောက္ကာဖား‌အောက်‌‌တောရ
‌ကျောက္ကာ‌မြောက်‌ရွာ၊ မုံရွာမြို့နယ်‌၊ စစ်‌ကိုင်‌းတိုင်‌း
ဆရာတော် အရှင်‌ဝိ‌သိဋ္ဌ။
ကမ္မဌာန်းပြ အလွန်ကောင်းတော်မူ၏။
နိဿဂ္ဂိကင်းသူများ,ကင်းအောင်ကြိုးစားမည်ဟု
ဆုံးဖြတ်ထားသူများ ဆက်သွယ်နိုင်ပါတယ်။
အသေးစိတ်ကိုတော့ ၀၉၇၉၉၂၆၅၈၂၁
စုံစမ်းနိုင်ပါတယ်။

၃၄။ #ဝေဠုဝန်တောရ
ရွေဘို။ခင်ဦးလမ်းဆုံ

၃၅။ #ဝေနေယျသုခရိပ်သာတောရ
ကောလင်းမြို့နယ် ကျောက်တန်းအနီး။
နိဿဂ္ဂိ လုံးဝမရှိပါဘုရား။

၃၆။ #ဖားအောက်တောရ
မှော်ဘီ ဝါးနက်ချောင်းရွာနား ( ရန်ကုန် )

၃၇။ #ငွေတောင်တောရ
ပျဉ်းမနားမြို့အရှေ့ဘက်

၃၈။ #ဣစ္ဆာသယကျောင်းတိုက်
ကော့ကရိတ်မြို့နယ်။

၃၉။ #ရွှေကံ့ကော်တောင်တောရ
ရွာငံနယ် ဘုရားတောင်ကြိုးဝိုင်းအတွင်း

#အွန်လိုင်းစာကြည့်တိုက်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်_မြင်းခြံမြေ

06/05/2025

အပိုင်း (၁) ခန္ဓာဉာဏ်ရောက် အချစ်မီး ငြိမ်းတရားတော်

04/05/2025

အားမထုတ်ရသေးလို့ မယုံတဲ့သူကိုတော့
ဘုန်းကြီးတို့က အပြစ်မတင်ပါဘူး ... ။

ဘာကြောင့်တုန်းဆိုတော့
သူကမှ ကိုယ်တိုင် မတွေ့ရသေးဘဲဟာကို ၊
မတွေတော့ မယုံဘဲလဲရှိပေမှာပေါ့ ၊
ပွင့်ပွင့် လင်းလင်းပြောရရင် ...
ဘုန်းကြီးတို့ ကိုယ်တိုင်လဲ အစက မယုံခဲ့ပါဘူး ...။

သထုံမြို့မှာ မင်းကွန်း
ဇေတဝန် ဆရာတော်ဘုရားကြီးက
ဒီသတိပဋ္ဌာန် ကမ္မဋ္ဌာန်း‌ဟောကြား ညွှန်ပြနေတယ်ဆိုတာကို ...
ဘုန်းကြီးရဟန်း ရှစ်ဝါ (၁၂၉၃-ခုနှစ်)တုန်းက ကြားသိရပါတယ် ... ။

အဲဒီတုန်းက
ဘုန်းကြီး စဉ်းစားဝေဖန် ကြည့်ခဲ့ပါတယ် ၊

သွားလျှင် သွားတယ်လို့ မှတ်ရ မယ်ဆိုပါကော ၊
ရပ်လျှင်လဲ ရပ်တယ် ၊
ထိုင်လျှင်လဲ ထိုင်တယ် ၊
အိပ်လျှင်လဲ အိပ်တယ်လို့ မှတ်ရမယ်ဆိုပါကော ၊
ကွေးလျှင်လဲ ကွေးတယ် ၊
ဆန့် လျှင်လဲဆန့်တယ် ၊
စားလျှင်လဲစားတယ်လို့ မှတ်ရမယ်ဆိုပါကော ၊

ရုပ်တရားနာမ်တရားဆိုတဲ့
သဘာဝဓမ္မအမည်လဲ မပါဘူး ၊
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဆိုတာတွေလဲမပါဘူး ၊
တော်တော်ဆန်းတာပဲလို့ ဝေဖန်ပြီးတော့
မယုံကြည်ဘဲရှိနေခဲ့ပါတယ် ... ။

သို့ပေမယ့် နောက်ထပ်လဲ စဉ်းစားဆင်ခြင်
မိပြန်တယ် ၊
“ တရားအားထုတ်ပုံက ဆန်းတော့ဆန်းတာပဲ ၊
ဒါပေမယ့် ဒီဆရာတော်ကြီးဟာ
စာတတ်ပေတတ်ပဲ ၊
သူကိုယ်တိုင် ကျကျနန အားထုတ်ပြီးမှ
ဟောတာဆိုတော့ ...
ဟုတ်ချင်လဲဟုတ်ပေလိမ့်မယ် ၊
အဲဒီတော့ စမ်းကြည့်ပြီး ဆုံးဖြတ်မှတော်မယ် ”လို့ အကြံရလာခဲ့တယ် ... ။
ဒါနဲ့ ဘုန်းကြီးက အစမ်းသဘောနဲ့ ... အဲဒီ
ဆရာတော်ဘုရားကြီးထံမှာ ကပ်ရောက်ပြီး အားထုတ်ခဲ့ပါတယ် ... ။

#ကိုယ်တိုင်အားထုတ်ကြည့်တဲ့အခါ
------------------------------------------

အဲဒီလို
အားထုတ်ကြည့်တဲ့ အခါမှာလဲ
အရက် ( ၂၀ ) ကျော် တစ်လလောက်
အတွင်းမှာတော့ ဘုန်းကြီးက
တရားအကြောင်း သဘော မပေါက်သေးပါဘူး ၊
ဘယ်သဘောပေါက်မှာလဲ ကောင်းကောင်းမှ
အားမထုတ်သေးပဲဟာကို ... ။

ယခု ဘုန်းကြီးများထံမှာ
လာပြီးအားထုတ်ကြတဲ့ ဒကာ ၊ ဒကာမတွေဟာ
အချို့က ဘာမှ ဗဟုသုတ မရှိရှာကြပါဘူး ... ။
ဒါပေမယ့် သူတို့မှာ အားထုတ်လို့
လေးငါးခြောက်ရက်လောက်ဆိုရင်
သမာဓိဉာဏ် တွေ အတော်တက်ကုန်ပြီ ၊
ရုပ်နာမ်သဘောတွေ ၊
အဖြစ်အပျက် အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ
သဘောတွေကို သူတို့ တော်တော် သိကုန်ပြီ ... ။

ဘုန်းကြီးမှာဖြင့် ...
အဲဒီအားထုတ်ခါစတုန်းက
ဒီလို လေးငါးခြောက်ရက် မပြောနဲ့ တစ်လလောက်ကြာတာတောင် ...
ဘာမှ ဉာဏ်က မတက်သေးဘူး ၊
သုညကပဲ ရှိသေးတယ် ၊
ဘာကြောင့်တုန်းဆိုရင် ကောင်းကောင်းမယုံလို့ ၊
ကောင်းကောင်း အားမထုတ်လို့ ပါပဲ .. ။

မယုံတာက
ယုံမှားမှု ဝိစိကိစ္ဆာ နီဝရဏပဲ ၊
သူက ဝိပဿနာဉာဏ်ပညာမဖြစ်နိုင်အောင် ၊
မဂ်ဖိုလ်ကိုမရောက်နိုင်အောင်
တားမြစ်တတ်ပါတယ် ၊ အဲဒါကို ပယ်ရှားနိုင်ဖို့ရာ အလွန်အရေးကြီးပါတယ် ... ။

ဘုန်းကြီးမှာတော့ ...
အဲဒီတုန်းက ယုံမှားမှုကို
အကောင်းထင်နေလို့ လျှောက်ပြီး
တွေးတောနေခဲ့ပါတယ် ၊
သွားတယ် ၊ ကွေးတယ် ၊ ဆန့်တယ် -
ဒီလို မှတ်နေရတာတွေက ပညတ်တွေပဲ ၊
အထည်ဒြပ် ပညတ်တွေကို ရှုနေတာပဲ၊
ပရမတ်ကို မရောက်သေးပါဘူး ၊ ဒါတွေကိုမှတ်ဖို့ ဆရာတော်ကြီးက ပေးထားတာဟာ ...
အခြေခံအနေနဲ့ ပေးထားတာဖြစ်မှာပဲ ၊

နောက်ကျတော့မှ ...
ရုပ်တွေ ၊ နာမ်တွေ
အသေးစိတ်ခွဲပြဦးမှာနဲ့ တူတယ် စသည်ဖြင့် မျှော်တွေး စဉ်းစားနေခဲ့ပါတယ် ... ။

ကောင်းကောင်းလဲ အားမထုတ်ခဲ့ပါဘူး ၊
ဒါကြောင့် အရက်(၂၀)ကျော်
တစ်လလောက်ကြာပေမယ့်လို့ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ဖူး ၊
နောက်ကျမှ
အားထုတ်ရင်း ၊ အားထုတ်ရင်းနဲ့
အလိုလိုသဘော ပေါက်လာတယ် ... ။

“ အင်း - သွားတယ် ၊
ကွေးတယ် ၊ ဆန့်တယ် စသည်ဖြင့်
ကိုယ်အမူရာ ၊ စိတ်အမူရာတွေကို
ဖြစ်တိုင်းဖြစ်တိုင်း လိုက်မှတ်နေတာဟာ
အစအခြေခံတွင် မဟုတ်ဘူး ၊
အစလဲ ဟုတ်တယ် ၊
အလယ်လဲ ဟုတ်တယ် ၊
အဆုံးထိလဲ ဟုတ်တယ် ၊
သိစရာတွေ အားလုံးကုန်နေပြီ ၊
ဘာမျှမကြံတော့ဘူး ... ။

ဒါကြောင့် ...
မြတ်စွာဘုရားက ဒီသတိပဋ္ဌာန်ကို
“ ဧကာယနော မဂ္ဂါ - တစ်ခုတည်းသောလမ်း ၊
တစ်ကြောင်းတည်းသောလမ်းလို့
ဟောထားပေတာပဲ ” လို့ သဘောပေါက်လာပါတယ် ... ။

#သမာဓိဉာဏ်ရင့်လာတော့
-------------------------------

အားထုတ်ခါစမှာတော့ ...
သွားတယ် ၊ ကြွတယ် ၊ လှမ်းတယ် ၊ ချတယ် ၊
ကွေးတယ် ၊ ဆန့် တယ်စသည်ဖြင့်
ဒီလိုအကြမ်းစား အတိုင်းသာ
ရှုမှတ် နေရပါတယ် ... ။

နောက်သမာဓိဉာဏ်ရင့်လာတော့ ...
ဒွါရခြောက်ပါးက
ပေါ်တိုင်း ပေါ်တိုင်းသော
ရုပ်နာမ်တွေကို အကုန်လုံး သိလာပါတယ် ၊

စိတ်ကလေးတွေများ
တစ်ခုပြီးတစ်ခု ကုန်ကုန် ပျောက်ပျောက်
သွားလိုက်တာဟာ
ပုတီးစေ့ကလေးတွေ တစ်စေ့ပြီးတစ်စေ့
ကျကျ သွားသလိုပဲ ထင်ထင်ရှားရှား သိရပါတယ် ။

အာရုံ တစ်ခုခုက ပေါ်လာလိုက် ၊
အဲဒါကိုသိတဲ့ စိတ်ကလေးက ပေါ်လာလိုက် ၊
အဲဒါကို ရှုမှတ်ပြီး သိတာကလေးက
ပေါ်လာလိုက်နဲ့
ရှေ့ဆင့်နောက်ဆင့် ပေါ်ပေါ်ပြီး
ပျောက်ပျောက်သွားတာကလေးတွေကို
အဆင့်ဆင့် တွေ့သိနေရတယ် ... ။

ရှေ့က အာရုံပျောက်သွား၊
နောက်က အသိကလေး ပျောက်သွား၊
ရှေ့က အာရုံပျောက်သွား၊
နောက်ကအသိကလေးပျောက်သွားနဲ့
အာရုံရော ၊ အသိရော ပျောက်ပျောက်သွားတာကလေးကို
တစ်ချို့က နှစ်ဆင့် ၊ နှစ်ဆင့် တွေ့နေရတယ် ... ။

ဒီတော့ မြဲတယ်လို့လဲ
စွဲလမ်းစရာမရှိဘူး ၊ အတ္တကောင် ၊
ငါကောင်လို့ လဲ စွဲလမ်းစရာ မရှိတော့ဘူး ၊
ဒါဟာ မြတ်စွာဘုရားဟောတော်မူတဲ့
သတိပဋ္ဌာန်လမ်းပဲ ၊
တကယ့်ကို ကောင်းတဲ့လမ်းပါပဲ ... ။

#ကျေးဇူးတော်ရုင်
#မဟာစည်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူသော
အရိယာဝါသ တရားတော်ကြီး (စာ - ၇၄) မှ
ထုတ်နှုတ်၍ ဓမ္မဒါနပြုပါသည် ... ။

သတ္တဝါဟူသရွေ့၊ တရားတွေ့၊
ချမ်းမြေ့သာယာရှိပါစေ ... ။

🌷🙏🌷🙏

Credit... 🙏

01/05/2025

🙏🙏🙏

30/04/2025

ကိုရင်လေး စာကျတ်သံ

Address

30st, 70×71bet
Mandalay
ELECTRONIC

Website

Alerts

Be the first to know and let us send you an email when HRDC Electronic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HRDC Electronic:

Share