Family Life

Family Life 8:00am to 9:00 pm monday tuesday and wednesday

11/04/2023

ဒီပုံကိုမြင်ရင်အားလုံးကံကောင်းကြပါလိမ့်မယ်။ များများ Share ပေးကြပါ။

🙏ပါမောက္ခချုပ်ဆရာတော်တရား🙏 *အသက်ငါးးဆယ်ကျော်လာရင်ကိုယ့်ဘဝဟာ ပွဲပြီးခါနီးမှာ အချိန်ပိုကန် ကစားနေရတာနဲ့တူတယ် ။*နိုင်အောင်ပ...
30/09/2022

🙏ပါမောက္ခချုပ်ဆရာတော်တရား🙏

*အသက်ငါးးဆယ်ကျော်လာရင်
ကိုယ့်ဘဝဟာ ပွဲပြီးခါနီးမှာ အချိန်ပို
ကန် ကစားနေရတာနဲ့တူတယ် ။

*နိုင်အောင်ပဲ ကန်ကြမလား။
သရေပဲ ကန်ကြမလား ။
ဒါမှမဟုတ် အရှုံးပဲပေးမလား ။
မကြာခင် ခရာကမှုတ်တော့မယ် ။

*ဒီအတိုင်းပါပဲ။
ဘဝကလည်းမကြာခင်မှာသေမင်း
ခရာ မှုတ်တော့မယ် မဟုတ်လား ။

*အနိုင်ရချင်တယ်ဆိုရင်
ဝိပဿနာတရားအလုပ် အားထုတ်ပါ ။

*သရေကျချင်တယ်ဆိုရင်
ဒါန သီလလောက်ပဲအားထုတ်ပါ ။

*ရှုံးချင်တယ်ဆိုရင်တော့
ကုသိုလ်ကို ရှောင်ပြီးနေလိုက်ပါ ။

*ကိုယ့်ကြိုးစားအားထုတ်မှုရဲ့
အပေါ်မှာမူတည်သလောက်
ဘဝက လွတ်မြောက်သွားမယ် ။

*ကိုယ်ကုသိုလ်ပြုနိုင်သလောက်
ဘဝက ချမ်းသာသွားမယ် ။

*ကိုယ်မိုက်မဲသလောက်
ဘဝက နစ်နာသွားတတ်ပါတယ် ။

*ဒါကြောင့် အချိန်ပိုဆိုတာ
ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးအချိန်
လို့နားလည်သဘောပေါက်ပြီးတော့.....

*အမြတ်စားတရားတွေကို
ရှာဖွေအားထုတ်ပြုလုပ်ဖို့လိုပါတယ် ။

*ပေးရသောအချိန်နှင့် တန်သော
အသိဥာဏ်ဗဟုသုတများ
ရရှိနိုင်ကြပါစေ။
🙏🙏🙏🙏🙏

original writer

28/09/2022

အိုမီခရွန်အတွက်သဘာဝဆရာဝန် ၇ယောက်
=================================
၁ ။ Dr Sun ( ဒေါက်တာနေ )
========================
နေရောင်ခြည်ကို တစ်နေ့လျှင် ၁နာရီခံယူပါ ၊ နေပူဆာလှူံပါ ၊ အကောင်းဆုံးအချိန်မှာ မနက် ၇ မှ ၉ခွဲ ဖြစ်ပါသည် ၊ Vitamin D ရစေသည် ၊ ( Vitamin Dများသောက်ကြလျှင် တစ်နေ့လျှင် 3000 အားထက်မပိုစေရန် သတိပြုပါ အချို့ဆေးများတွင် ၅၀၀၀ ကျော် ၁သောင်းများဖြစ်၍ ကျောက်ကပ်ပျက်စီးစေနိုင်သည် ) သဘာဝဖြင့်ရသော Vitamin D သည် အကောင်းဆုံးဖြစ်ပါသည် ။

၂ ။ Dr Water ( ဒေါက်တာ ရေ )
===========================
ရေသန့်အား တစ်နေ့လျှင် ၂လီတာ (ဖန်ခွက် ၆ခွက်မှ ၈ခွက် )သောက်ပါ ရေအစားရေနွေးကြမ်း ( ကျကျ ခါးခါး မဟုတ်ပါ ) လည်းသောက်၍ ရပါသည်

၃ ။ Dr Air ( ဒေါက်တာ လေ )
=========================
သန့်ရှင်းလတ်ဆတ်သောလေကိုရိူက်ရူပြီး အသက်ရူလေ့ကျင့်ခန်းလုပ်ပါ ၊ နှာခေါင်းဖြင့် ရိူက်ရူပြီး ၁၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ရေ၍ ၅စက္ကန့်လောက်ထိန်းထားပြီးမှ အားရပါးရ ပါးစပ်မှ ပြန်ရူထုတ်ပါ ၊ တစ်ကြိမ်လျှင် အခါ ၂၀ မှ ၂၅ ခါ တစ်နေ့လျှင် ၄ကြိမ် စုစုပေါင်း အခါ ၁၀၀ အသက်ရူလေ့ကျင့်ခန်းလုပ်ပါ။

၄ ။ Dr Sleep ( ဒေါက်တာ အိပ် )
==========================
ကောင်းမွန်စွာ အိပ်စက်အနားယူပါ အသက် ၁၂ အောက်ကလေးများ တစ်နေ့လျှင် ၁၀နာရီ လူကြီးများ တစ်နေ့လျှင် ၈နာရီ ကောင်းစွာအိပ်စက်၍ ခန္ဓာကိုယ်မှ Cell များအား အနားပေးကာ ပြင်ပမှဝင်ရောက်လာမည့် ရောဂါပိုးများ အန္တရယ်ကို ကိုယ်ခံအားမြင့်စွာ ခုခံအားကောင်းစွာ ကာကွယ်နိုင်ကြပါစေ ။

၅ ။ Dr Exercise ( ဒေါက်တာ လှုပ်ရှားမှု )
==============================
ကိုယ်လက်လှူပ်ရှား လေ့ကျင့်ခန်းလည်း သင့်တော်သလို နေ့စဉ်ပြုလုပ်ပါ ၊ Gym သွားကစားခြင်း ပြင်းထန်သော အားကစားများ လေ့ကျင့်ခန်းများ မလုပ်နိုင်သော်ငြား မိမိခြံအတွင်း မိမိအိမ်အတွင်း လမ်းဖြည်းဖြည်းလျှောက်ခြင်း မြန်မြန်လှောက်ခြင်း jogging ရွရွပြေးခြင်းတို့ လုပ်ပေးခြင်းဖြင့် ပို၍ ကျန်းမာပါလိမ့်မည် ။

၆ ။ Dr Diet ( ဒေါက်တာအဟာရ )
===========================
မိမိတို့ နေ့စဉ် စားသောက်ကြရာတွင် ခန္ဓာကိုယ်မှ လိုအပ်သော ကယ်လိုရီ လူတစ်ယောက်အတွက် အနည်းဆုံး ၂၅၀၀ အား ၅၀၀ အပိုဆောင်း၍ ၃၀၀၀ calorie စားရန်လိုပါသည် ၊ အချိုဓာတ် အသားဓာတ် အဆီဓာတ်တို့ကို သင့်တော်ရုံစားရမည် အလွန်အကျွံ လိုသည်ထက်ပိုကာ ဘေးဖြစ်အောင်လည်း မစားရပါ ၊ အသီးအရွက်များ လတ်ဆတ်သောအသီးများကို စားသုံးခြင်းဖြင့် လုံလောက်သော vitamin ဗိုက်တာမင်များကို ဆေးများဖြင့်မဟုတ် သဘာဝဖြင့် ပြန်လည်ဖြည့်ဆည်းပါ ၊ အသီးအရွက်များကို အကြမ်းဖျဉ်း တစ်နေ့လျှင် အရောင် ၅မျိုး ပါအောင်စားခြင်းဖြင့် ( ဥပမာ အစိမ်းရောင် အရွက် ၊အနီရောင်ခရမ်းချဉ်သီး ၊လိမ္မော်ရောင် မုန်လာဥနီ ၊အဖြူရောင် မုန်လာဥ အဖြူ ဘူးသီး ပန်းဂေါ်ဖီ စသည်ဖြင့် ) ဗိုက်တာမင် A to Z များပြည့်ဝနိုင်ပါသည် ။

၇ ။ Dr Energy ( ဒေါက်တာ စွမ်းအင် )
===============================
မိမိခန္ဓာကိုယ်အတွက် စွမ်းအင်များ အားများကို ရုပ်ပိုင်းဆိုင်ရာ အစားအသောက်များ အိပ်စက်ခြင်း ကိုယ်လက်လှူပ်ရှားခြင်းတို့သာမက စိတ်ပိုင်းဆိုင်ရာ စွမ်းအားများဖြည့်တင်းရန် ကုသိုလ်စိတ်များနှင့်ပျော်မွေ့ပါ ၊ နေ့စဉ်ဘုရားရှိခိုးပါ ၊ သီလဆောက်တည်ပါ ၊ တရားထိုင်ပါ ၊ မိမိ၏ စိတ်အစဉ်ကို ငြိမ်းအေးရန် စိတ်စွမ်းအင်ကို လေ့ကျင့်ပါ ။

Dr မိုးမြတ်အောင်
10.2.2022

https://m.facebook.com/story.php?story_fbid=1575662679471231&id=100010825416937

💥လွန်စွာကူးစက်လွယ်သော " #ခရမ်းချဉ်သီးတုပ်ကွေး"ဗိုင်းရပ်စ်အသစ် ပေါ်ပေါက်နေသဖြင့် ဆရာဝန် တို့က သတိပေး 💥COVID-19 ဗိုင်းရပ်စ...
20/08/2022

💥လွန်စွာကူးစက်လွယ်သော " #ခရမ်းချဉ်သီးတုပ်ကွေး"ဗိုင်းရပ်စ်အသစ် ပေါ်ပေါက်နေသဖြင့်
ဆရာဝန် တို့က သတိပေး 💥

COVID-19 ဗိုင်းရပ်စ်နှင့် မျောက်ကျောက်ဗိုင်းရပ်စ်တို့ပေါ်ပေါက်ပြီးနောက် ယခုအခါ ခရမ်းချဉ်သီးတုပ်ကွေး(Tomato flu)ဟု အမည်ပေးထားသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးပေါ်ပေါက်နေသဖြင့် သတိပြုကြရန် ဆရာဝန် များက သတိပေးလျှက်ရှိသည်။

အဆိုပါ ခရမ်းချဉ်သီးတုပ်ကွေးကူးစက်နေသည့် အသက် ၅ နှစ်အောက်ကလေးငယ် ၈၂ ဦး အိန္ဒိယနိုင်ငံတွင် ရှိနေပြီဖြစ်ကြောင်း မေလ ၆ ရက်နေ့ကတည်းက အတည်ပြုထားပြီးဖြစ်သည်ဟု Lancet Respiratory Medicine Journal တွင် ဖေါ်ပြထားသည့် သုတေသနစာတမ်းတစ်စောင်ကဆိုထားသည်။

ယင်းကလေးငယ် ၈၂ ဦးအပြင် အသက် ၁၀ နှစ်အထိရှိသော အခြား ကလေးငယ် ၂၆ ဦးတွင်လည်း ခရမ်းချဉ်သီးတုပ်ကွေးဖြစ်ပွားသည့် သံသယလက္ခဏာများတွေ့ရှိရသည်ဆို၏။

အရေပြားပေါ်တွင် ခရမ်းချဉ်သီးအရောင်ရှိသည့် အနီစက်ကလေးများပေါ်ပေါက်လာတတ်သည့်အတွက် ယင်းနှင့်လိုက်ဖက်ညီသည့် အမည်ပေးထားသော ထိုဗိုင်းရပ်စ်အသစ်သည် အဖျားတက်ခြင်းနှင့် အဆစ်အမြစ်နာကျင်ခြင်းတို့ကိုလည်းဖြစ်ပွားစေတတ်ကြောင်း ကနဦးသိရှိထားသည်။

အချို့ကူးစက်ခံရသူများတွင် အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်းနှင့် ခန္ဓာကို နာကျင်ကိုက်ခဲခြင်းများဖြစ်ကြသလို၊ ခြေလက်များအသားရောင်ပြောင်းလဲသူလည်း အနည်းငယ်ရှိကြောင်းသိရသည်။

"လက်ရှိသိရသမျှ အချက်အလက်များအရ အစုလိုက်အပြုံလိုက် ကူးစက်ခြင်းမျိုး မရှိသလောက်ရှားပါးပြီး၊ အသက်အန္တရာယ်မရှိဟု ယူဆပါသည်။ သို့သော် COVID-19 ကပ်ရောဂါ၏ ကြောက်မက်ဖွယ်အတွေ့အကြုံများကြောင့် နောက်ဆက်တွဲဖြစ်ပွားမှုများအား ကြိုတင်ကာကွယ်ရန်အတွက် နိုးနိုးကြားကြား စီမံကွပ်ကဲရန် လိုအပ်ပါသည်"ဟု သုတေသီများက အကြံပြုထားသည်။

ယခုအချိန်အထိ ယင်းဗိုင်းရပ်စ်အသစ်ကို အိန္ဒိယနိုင်ငံ Kerala ပြည်နယ်၏ Kollam ခရိုင်၊ Aryankavu နှင့် Neduathur ဒေသတို့တွင်တွေ့ရှိထားသည်။

"ကလေးငယ်တွင် ဗိုင်းရပ်စ်ကူးစက်မှုအဖြစ်များပြီး၊ အနီးကပ်ထိတွေ့မှုမှ ကူးစက်နိုင်သဖြင့် ယင်းအချက်ကို သတိပြုသင့်သည် ဟုလည်း Lancet Respiratory Medicine Journal မွ သုတေသနစာတမ်းတွင်ဆိုထားသည်။

"ဒါဟာ သေစေနိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ကူးစက်တတ်ပြီး၊ လူလူချင်းလဲ ကူးစက်နိုင်ပေမယ့် ကူးစက်ပျံ့နှံ့ပုံအသေးစိပ်ကို လေ့လာနေဆဲပါ"ဟု အိန္ဒိယနိုင်ငံ Amrita ဆေးရုံ Internal Medicine ဌာနမွ လက်ထောက်ပါမောက္ခ ဒေါကတာ Subhash Chandra ကပြောကြားသည်။

"ခရမ်းချဉ်သီးတုပ်ကွေးဖြစ်တဲ့သူဟာ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး၊၊ တခြားအဖျားဗိုင်းရပ်စ်တွေကူးစက်တဲ့အခါ အကြံပြုထားသလိုပဲ ကောင်းကောင်းအနားယူဖို့လိုပါတယ်"ဟုလည်း သူကပြောသည်။

လက်ရှိတွင် ယင်းဗိုင်းရပ်စ်ကူးစက်ခံရသူများကို ၅ ရက်မှ ၇ ရက်အထိ သီးခြားခွဲ၍ နေထိုင်စေကြောင်းသိရသည်။

ယင်းတုပ်ကွေးအတွက် သီးသန့်ကုသရန် ဆေးဝါး လက်ရှိအချိန်အထိ မရှိသေးကြောင်းသိရသည်။

Ref: What is tomato flu? Very contagious virus detected in kids, docs warn.

မေထုန် မှီဝဲခြင်း အကြောင်း ဒီအသက်ဒီအရွယ်မှ တစ်ခု ထပ်သိရတယ်။ မေထုန်ငယ် (၇) ပါး ဆိုတာ ရှိသေးသတဲ့ယောက်ျားမိန်းမ ဆက်ဆံမှုလော...
21/07/2022

မေထုန် မှီဝဲခြင်း အကြောင်း ဒီအသက်ဒီ
အရွယ်မှ တစ်ခု ထပ်သိရတယ်။

မေထုန်ငယ် (၇) ပါး ဆိုတာ ရှိသေးသတဲ့

ယောက်ျားမိန်းမ ဆက်ဆံမှုလောက်ကိုပဲ
မေ ထုန်ခေါ်တာ မဟုတ်သေးဘူး။

မေထုန်ငယ်(၇)ပါးဆိုတာ

နံပါတ် (၁)
ဥစ္ဆာဒန = နံ့သာရည်ဖြင့် လိမ်းပေးခြင်း။

ပရိမဒ္ဒန = ဆီလေးနဲ့ လိမ်းပေး
နှိပ်နယ်ပေးခြင်း။ဆီလိမ်း ၊နှိပ်နယ်ခြင်းကို
ခံယူခြင်း

နှာပန = ရေချိုးပေးခြင်း။

သမ္ဗာဟန = ပွတ်သပ်ပေးခြင်း
အဲဒါတွေမှာ သဘောကျ သာယာနေတာမျိုး။

နံပါတ် (၂)
သဉ်ဇဂ်ဃတိ သံကီဠတိ သံကလောယတိ =
တစ်ယောက်နဲ့ တစ်ယောက်
ပြောလိုက်ဆိုလိုက် ရယ်လိုက်မောလိုက်
နောက်လိုက်ပြောင်လိုက် နေတယ်။

ပြုံးပြုံး ပြုံးပြုံးနဲ့ ထိုင်ပြီး စကားပြောနေကြတယ်။

အဲဒါကို သဘောကျနေတာမျိုး။

နံပါတ် (၃)
စက္ခုနာ စက္ခုံ ဥပနိဇ္ဈာယတိ ပေက္ခတိ =
သူ့မျက်စိနဲ့ ကိုယ့်မျက်စိ တည့်တည့်လေး
ကြည့်ပေးတယ်။
မကြည့်ရရင် မမြင်ရရင် မနေနိုင်ဘူး။
ဘာမှ လုပ်တာတော့လည်း မဟုတ်ဘူး။
ဒီအတိုင်း တစ်ယောက်နဲ့တစ်ယောက်
ကြည့်နေရရင် ကျေနပ်နေတယ်ဆို
ဒါလည်း မေထုန်ငယ်တစ်ခုဖြစ်သတဲ့။

နံပါတ် (၄)
တစ်ယောက်နဲ့ တစ်ယောက်တော့ မမြင်ဘူး။
ဒါပေမဲ့ အသံလေးကြားရရင်
သဘောကျတယ်။
သူငိုတဲ့အသံပဲဖြစ်စေ၊ သီချင်းဆိုတဲ့ အသံ
ပြောဆိုနေတဲ့ အသံပဲဖြစ်စေ၊
ရယ်မောနေတဲ့ အသံပဲဖြစ်စေသဘော
ကျတယ်။ ဒါလည်း မေထုန်ငယ် မှီဝဲတာပဲ။

နံပါတ် (၅)
တစ်ယောက်နဲ့ တစ်ယောက် မြင်လည်း
မမြင်ရဘူး။
ကြားလည်းမကြားရဘူး။
ဒါပေမဲ့ တစ်ချိန်တုန်းက တစ်ယောက်နဲ့
တစ်ယောက် စကားပြောဆိုဖူးတာ …
နောက်ပြောင်ဖူးတာ… ပျော်ပါးခဲ့ဖူးတာ
တွေကို အမှတ်ရပြီးတော့ သဘောကျ
နေတာမျိုး။

နံပါတ် (၆)
အပေါ်က ဟာမျိုးတွေ ဘာမှမဖြစ်ဘူး။
ကိုယ့်မှာလည်း ဘာမှတော့ မရှိဘူး။
ဒါပေမဲ့ သူတစ်ပါးတွေ အိုးနဲ့အိမ်နဲ့
တိုက်နဲ့တာနဲ့ ကာမဂုဏ်တွေ ခံစားပြီး
ပျော်ပါးနေတာကို သဘောကျတယ်။
သူတို့လို နေချင်တဲ့ စိတ်မျိုးတွေ
ပေါ်လာတာမျိုး။
ဒါလည်း မေထုန်ငယ်တစ်ခုပဲ။

နံပါတ် (၇) ဒါသိပ်အရေးကြီးတယ်လို့
မြင်ပါတယ်။
သူက အပေါ်ကဟာတွေ တစ်ခုမှကို
မဖြစ်ဘူး။
ဒါပေမဲ့ ဘာဖြစ်နေသလဲဆိုတော့
နတ်ပြည်နတ်လောက တစ်ခုခုကို
ရည်မျှော်ပြီးတော့ သီလကျင့်စဉ်
သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို
ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်
နေတာမျိုး။
အဲဒါတွေကနေတစ်ဆင့် ရလာမဲ့
တပ်မက်စရာ စည်းစိမ် ချမ်းသာနဲ့
ကာမဂုဏ်တွေကို လှမ်းမျှော်ပြီး
သဘောကျနေတာမျိုးဟာလည်း
မေထုန်ငယ်တစ်ခုပဲတဲ့။

ဒီမေထုန်ငယ် (၇)မျိုးမှာ တစ်မျိုးမျိုးနဲ့
မွေ့လျော်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း
အိုနာသေရေး ဘယ်ဒုက္ခဘေးမှ
ဘယ်နည်းနဲ့မှ မလွတ်မြောက်နိုင်ဘူးလို့
ဘုရားက ဟောပါတယ်တဲ့။

တစ်ခါက ဇာနုသောဏိပုဏ္ဏားကြီးဟာ
မြတ်စွာဘုရားဆီ ချဉ်းကပ်ပြီးတော့
အရှင်ဘုရားဟာဗြဟ္မစာရီ = မြတ်သော
အကျင့်ကိုကျင့်နေတဲ့ သူတော်ကောင်း
အဖြစ်နဲ့၀န်ခံပါသလားဆိုပြီး
ဒီမေးခွန်းကို ပြန်ဖြေပေးရာက
အနဲငယ်မျှသော မေထုန်ကို မမှီဝဲသည်နဲ့
တ်သက်ပြီး ဒီမေထုန်ငယ် ၇ပါးကို
ဟောတော်မူခဲ့ပါသတဲ့။

ခုတော့ လူထဲက လူချင်းအတူတူ
ကိုယ်တော့ သိပ်ကံကောင်းလို့ သိခွင့်တော့
ရခဲ့ပြီ။
ကျင့်ကြံနိုင်ဖို့ တော်တော်ကြိုးစားရဦးမှာ
သိလိုက်ရပြီမို့ အဟောင်းရှိလက်စလည်း
ဖြတ်နိုင်ဖို့ ဘာအသစ် အသစ်မှလည်း
ထပ်မသာယာမိအောင် ပိုသတိ
ကပ်တတ်သွားတဲ့အတွက် လိုချင်သူ
Credit...
ယူနိုင်ကြအောင် ပြန်မျှဝေလိုက်ပါတယ်။

Covid 19 Update ‼️‼️နောက်ဆုံး ပေါ် အိုမီခရွန် Omicron BA.4 and BA.5 အိုမီခရွန် ပိုးအသစ် ကိုဗစ်လှိုင်းအသစ် ပြန်စနေပါပြီ 🚨...
13/07/2022

Covid 19 Update ‼️‼️

နောက်ဆုံး ပေါ် အိုမီခရွန်
Omicron BA.4 and BA.5

အိုမီခရွန် ပိုးအသစ် ကိုဗစ်လှိုင်းအသစ်
ပြန်စနေပါပြီ 🚨🚨🚨

BA.4 နဲ့ BA.5 လို့ခေါ်တဲ့ ကိုဗစ်ပိုးအသစ်ဟာ
ကာကွယ်ဆေး ၂ လုံး ထိုးထားသူတွေရော၊
ကိုဗစ်ဖြစ်ပြီးသားသူတွေမှာလဲ ထပ်မံဖြစ်ပေါ်
နိုင်ကြောင်း သိရှိရပါတယ်။

BA.4 ကို တောင်အာဖရိက၊ ဘော့စဝါးနား၊
ဒိန်းမတ်၊ စကော့တလန်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့ကြပြီး
BA.5 ကိုတော့မေလမှာ ပေါ်တူဂီနိုင်ငံမှာ
တွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။

ဇွန်လမှာတော့ BA.4 နဲ့ BA.5 ကိုပါ
အင်္ဂလန် နဲ့ ဂျာမဏီနိုင်ငံမှာ တွေ့ရှိခဲ့ပြီး
ပြင်သစ်နိုင်ငံမှာလဲ ထပ်မံ တွေ့ ရှိခဲ့ကြောင်း
သိရှိရပါတယ်။

ဇွန်၂၈ရက်မှာတော့ အမေရိကား
မှာတွေ့ရှိရပြီး ယခုအချိန်တွင် နယူးယောက်နဲ့
ကယ်လီဖိုးနီးယားမှာ BA.4 နဲ့ BA.5
စပြန့်နေပြီဖြစ်ပါတယ်။

အာရှမှာဆိုရင် ယိုးဒယား နဲ့ မလေးရှား မှာ
ပြန့် နေ ပြီဖြစ်တာကြောင့် မြန်မာပြည်ကိုလဲ
အနှေးနဲ့အမြန် ကူးစက်ပျံ့နှံ့လာနိုင်တာကြောင့်
တစ်ဦးတစ်ယောက်ချင်းစီ သတိထားကြဖို့
လိုအပ်ပါတယ်။

မျိုးကွဲအသစ်ဖြစ်တာကြောင့်
ရောဂါပိုးပြင်းထန်မယ်၊ ပျော့မယ်ဆိုတာ
ဘယ်သူမှမခန့်မှန်းနိုင်သေးပါဘူး။

ပိုးရှိပေမယ့် Rapid test kits မှာ Negative
ပြနိုင်ကြောင်း ထပ်မံသိရှိရပါတယ်။

ရှန်ဟိုင်းမှာလည်း အခြေနေဆိုးနေကြောင်း
ထပ်မံသိရှိရပါတယ်။

Dr William Aye post မှမှီငြမ်း
ကိုးကားဖော်ပြလိုက်ပါသည်။

🚨မျိုးကွဲအသစ်ဖြစ်တာကြောင့် ...

✅မပေါ့ဆကြပါနဲ့ ။
✅အကြောက်လဲမလွန်ကြပါနဲ့။
✅Mask တပ်ပါ။
✅လက်မကြာခဏဆေးပါ။
✅လူစုလူဝေးနေရာတွေရှောင်ပါ။
✅ အာဟာရပြည့်ဝအောင်စားသုံးပါ။
✅ လေ့ကျင့်ခန်းလုပ်ပါ။
✅ အိပ်ရေးဝအောင် အိပ်ကြပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို မိမိမှစပြီး
ကာကွယ်လိုက်ရအောင်နော် 🙏🙏

.BA5
#ကိုရိုနာမျိုးစိတ်အသစ်
#ကာကွယ်ခြင်းသည်ကုသခြင်းထက်ပို​ကောင်းသည်

 ျိုးကွဲအသစ်ပေါ်လာပြီ #ကိုဗစ်ပဥ္စမလှိုင်းမမိဖို့_ကြိုတင်ကာကွယ်ရမည် BA.4 နှင့် BA.5 📌Covid-19 Omicron မျိုးကွဲအသစ် BA.4 န...
13/07/2022

ျိုးကွဲအသစ်ပေါ်လာပြီ
#ကိုဗစ်ပဥ္စမလှိုင်းမမိဖို့_ကြိုတင်ကာကွယ်ရမည်

BA.4 နှင့် BA.5

📌Covid-19 Omicron မျိုးကွဲအသစ် BA.4 နှင့် BA.5 ဟာ ကူးစက်နှုန်း ပိုပြီးမြန်ဆန်ပါတယ်။
📌အရင် ကိုဗစ်ဖြစ်ဖူးသူတိုင်းလည်း ပြန်ဖြစ်နိုင်တဲ့ ပိုးမျိုးကွဲသစ်ပါ။
📌ကာကွယ်​ဆေးထိုးထားခြင်းက ​သေဆုံးနှုံးကို ​လျှော့ချ​ပေး​နေဆဲ ဖြစ်ပါတယ်။
📌အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ဘင်္ဂလား​ဒေ့ရှ်၊ အိန္ဒိယ၊တရုတ်၊စင်္ကာပူ မှာ ကူးစက်နှုန်းပြန်လည်မြင့်တက်နေတာကြောင့် မြန်မာပြည်မှ ပြည်သူများကို အထူး ဂရုစိုက်စေချင်ပါတယ်။

🦠ကိုဗစ်​ရောဂါ မျိုးကွဲ BA4 and BA5 တွင်​တွေ့နိုင်​သော​ရောဂါလက္ခဏာများ🦠

📌 #ဖျားခြင်း

📌 #အဆက်မပြတ်ချောင်းဆိုးခြင်း။

📌 #အသက်ရှုကြပ်ခြင်း။

📌 #မောပန်းခြင်းသို့မဟုတ်ပင်ပန်းနွမ်းနယ်ခြင်း။

📌 #ခေါင်းကိုက်ခြင်း။

📌 #ခန္ဓာကိုယ်အနှံ့ကြွက်သားများနာကျင်ကိုက်ခဲခြင်း။

📌 #လည်ချောင်းနာခြင်း

📌 #နှာရည်ယိုနှာပိတ်ခြင်း။

📌 #ဝမ်းပျက်ခြင်း

📌 #ပျို့ခြင်းသို့မဟုတ်အော့အန်ခြင်း။

📌 #အစာစားချင်စိတ်မရှိခြင်း။

📌 အနံ့ အရသာ​ပျောက်ခြင်းနှင့် ​ပြောင်းခြင်းများသည် ကိုဗစ်​ရောဂါလက္ခဏာများထဲမှ တစ်ခုဖြစ်​သော်လည်း အိုမီခရွန်မျိုးကွဲတွင် ​တွေ့ရခဲသည်။

👉 သို့​သော် အယ်လ်ဖာ နှင့် ဒယ်တာမျိုးကွဲ​တွင် ဌင်း လက္ခဏာအား​အများဆုံး​တွေ့နိုင်သည်။

💥 ကိုဗစ်မျိုးကွဲ ဘာပဲ လာလာ အနိုင်တိုက်နိုင်ဖို့ရာအတွက် သိပြီးသားလည်း ထပ်ပြီး မ​မေ့​မလျော့​ သတိ​ကပ်ကာ

✅ #အပြင်ထွက်တိုင်းmaskတပ်ဖို့
✅ #လူစုလူဝေးတွေရှောင်ပြီး
✅ #ကာကွယ်ဆေးထိုးဖို့နဲ့
✅ #လက်ကိုသေချာဆေးဖို့
✅ #ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်ကြဖို့
✅ #အိပ်ရေးဝအောင်အိပ်ဖို့

🎀 အကြံပြုရင်း ကျန်းမာ​အောင်​နေကြစို့လား 💪💪

🙏ကပ်ကြီးသုံးပါး​ဘေး​ဝေးကြပါ​စေ🙏


Credit to Happy Life Clinic.

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။ #တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ   ကူးစက်ခံရပြီး (၁) ...
12/07/2022

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။


#တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျ င်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

11/07/2022
10/07/2022

ကာကွယ်ဆေး၂ကြိမ် ထိုးပြီးသားတွေမှာဖြစ်နိုင်တဲ့ Covid လှိုင်းအသစ်ထပ်လာပြီ အားလုံးMaskတပ်လို့သတိနဲ့နေကြပါ။ လူစုလူဝေးရှောင်ရှားကြပါ။

 ===========ကိုးဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ ။နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅ Omicron BA.4  and BA.5 မအား တ...
10/07/2022


===========

ကိုးဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ ။
နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅
Omicron BA.4 and BA.5

မအား တာ နဲ့ လက် ရှိ ရေး လက်စ
စာလေး တောင် ရပ် ထား ရ ပါတယ်။
ခု တော့ ကြားဖြတ် အရေး တကြီး ကိုးဗစ် လှိုင်း အသစ် ဖြစ် ပေါ် မှု အကြောင်း
သတိ ပေး ရေး ပါရ စေ။

အား လုံး သိ ကြတဲ့ အတိုင်း ကိုးဗစ်
ဒယ်လ်တာ delta ပိုး လှိုင်း ကြောင့်
ကမ္ဘာ တဝှမ်း လူ ပေါင်း များ စွာ
အသက် ဆုံး ခဲ့ ကြ ရ ပါတယ်။

ဒယ်လ်တာ ပြီး တော့ အိုမီခရွန် ဆို ပြီး
လှိုင်း တခု ထပ် အ လာ မှာ တော့
ပိုး က အဆ ပေါင်း များစွာ ပိုမို
ပြန့် ပွား နိုင် ပေမဲ့ ဒယ်လ်တာ ပိုး လို
လူ မသေ ခဲ့ ပါ ဘူး။

ကာကွယ် ဆေး တွေ ထိုး ထား ခဲ့ တဲ့
နောက် ပိုင်း အိုမီခရွန် လဲ ညိမ် သွား ခဲ့ ပါ တယ် ။

အခု အိုမီခရွန် ပိုးသစ် တွေ နဲ့
လှိုင်း အ သစ် တခု လာ ပြန် ပါပြီ။

* အိုမီခရွန် ပေါ် စ မှာ ဘီအေ ၁ လို
နာ မယ် ပေး ခဲ့ ပြီး သူ က ရောဂါ ပိုး ပြန့် တာ အရမ်း မြန်ပေ မဲ့ လူ သိပ် မသေ ခဲ့ ပါ။

* ပြီး တော့ ဘီအေ ၂ ပေါ် လာ တယ် ။
ဘီအေ ၂ က ဘီ အေ ၁ ထက် ပိုး
အကူး မြန် ပြီး ပို ဆိုး ပါ တယ် ။
ခု တော့ ဘီအေ ၁ နဲ့ ၂ က
ညိမ် သွား သ လောက် ဖြစ် ပါ ပြီ။

* နောက် ဘီအေ ၃ လဲ ခဏ ပေါ် လာ ပြီး
သူ က မရှိ သလောက် ရှား ပါ တယ် ။

* ခု တော့ ဘီအေ ၄ နဲ့ ၅ ပေါ် လာ ပြီး
ကာကွယ် ဆေး ၂ လုံး ထိုး ထား သူ တွေ ရော
ကိုးဗစ် ဖြစ် ပြီး သူ တွေ ပါ ထပ် ဖြစ် နိင် လို့
သတိ ပေး တဲ့ အ နေ နဲ့ အ မြန်
ရေး သား လိုက် ရ ပါ တယ်။

ဘီအေ ၄ နဲ့ ၅ က ပေါ် တာ
သိပ် မ ကြာ သေး ပါ။

ဒီနှစ် ပြီး ခဲ့ တဲ့ ဧပြီ လ က မှ
ကမ္ဘာ့ ကျမ်းမာ ရေး အဖွဲ WHO က
ဘီအေ ၄ နဲ့ ၅ ပိုး တွေ ကို
နောက်ရောင် ခံ လိုက် ခဲ့ တာ ပါ။
ဘီအေ ၄ ပိုး ကို
တောင်အာဖရိက ဘော့စဝါးနား
ဒိန်းမတ် စကော့တလန် နဲ့ အင်္ဂလန် တွေ မှာ
ဖြစ် နေ တာ တွေ့ ခဲ့ တယ် ။

ဘီအေ၅ ကို တော့ မေလ ထဲ မှာ
ပေါ်တူကီ နိုင်ငံ မှာ တွေ့ ခဲ့ တယ်။

ဂျွန် လ မှာ တော့ ဘီအေ၄ ရော
ဘီအေ၅ ပါ ယူကေ ခေါ် အင်္ဂလန် နဲ့
ဂျာမဏီ မှာ တွေ့ ခဲ့ တယ် ။

ဂျွန် လ မှာ ဘဲ ပြင်သစ် မှာ
ဘီအေ ၅ ပိုး တွေ တွေ့ တယ်။

ဂျွန် ၂၈ရက် မှာ တော့ အမေရိကား မှာ
ရောက် နေ ပါ ပြီ။

ခု နယူးရောက် နဲ့ ကယ်လီ ဖိုးနီးယား မှာ
ဘီအေ၄ ဘီအေ၅ စ ပြန့် နေ ပါ ပြီ။

ဘီအေ ၄ နဲ့ ၅ ပေါ် လာ သလို
ဘီအေ ၂ က လဲ ဆက် ရှိ နေ ပါတယ်။

အမေရိကား မှာ ခုလ ထဲ မှာ
ဘီအေ ၅ က ၅၄%
ဘီအေ ၂ က ၂၇%
ဘီအေ ၄ က ၁၇%
ဖြစ်တာတွေ့ ရ ပါတယ် ။

အာရှ မှာ လဲ ယိုးဒယား နဲ့
မလေးရှား မှာ ပြန့် နေ ပြန် ပါ ပြီ။

မြန်မာပြည် ကို လဲ ဘီအေ၄ နဲ့ ၅
မကြာမီ လာ ပါ တော့ မယ်။

ကာကွယ် ဆေး ၂ လုံး
ထိုး ထား သူများ
အရင် ရော ဂါ ဖြစ် ပြီးသူ များ လဲ
ကူး နိုင် ပါသည်။

ဘယ် လို ကာ ကွယ် မ လဲ ဆို တာ
ကမ္ဘာ မှာ အဖြေ ရှာ နေ ပါ တယ်။

ကာကွယ် ဆေး တတိယ တ လုံး အပြင်
စတ္တုထ တလုံး ထိုး ရင် ရ မ လား?

သေခြာ တာ က တော့
မတ် mask ပြန်တပ်
လူ များ တဲ့ နေရာ မလို အပ်ရင် ရှောင် ပါ။

လက်ဆေး ပါ။

အရက် ပျံ ပွတ်။

ဘီအေ၄ နဲ့ ၅ က ထူးခြား တဲ့
ရောဂါ လက္ခဏာ အသစ် တွေ
ခု ထိ တော့ မတွေ့ ပါ

ဖြစ် တာ လဲ မကြာ သေး တော့
သိပ် မသိ ကြ သေး ပါ။

နှာဆေး နှာခြေ
နှာရည်ယို
ချောင်းဆိုး
လည် ချောင်း နာ
ခေါင်းကိုက်
ကိုယ် လက် ကိုက်
လူနှုံး
နေမကောင်း

လူ အသေအပျောက်
ဘယ် လောက် ထိ ဖြစ် နိုင် တယ် ဆို တာ က လဲ ပြော ဖို့ စော လွန်း ပါသေး ကြောင်း ။

အားလုံး ကိုးဗစ် သတိ ရှိ ကြ ပါစေ။

#မေတ္တာဖြင့်
MD
USA

Credit....Dr.WilliamAye

နာမ် နာမ်ချင်းကျေးဇူးပြုပုံ___________( ပြန်တင်ပေးလိုက်ပေ၏။ ){ ဗဟုသုတ အတွက် }နာမ်က နာမ်ကို ကျေးဇူးပြုနေတဲ့ ပဋ္ဌာန်းပစ္စည...
05/07/2022

နာမ် နာမ်ချင်း
ကျေးဇူးပြုပုံ
___________

( ပြန်တင်ပေးလိုက်ပေ၏။ )

{ ဗဟုသုတ အတွက် }

နာမ်က နာမ်ကို ကျေးဇူးပြုနေတဲ့ ပဋ္ဌာန်းပစ္စည်းတွေက ဘယ်သူတွေများတုန်း ဆိုတော့
``နံ၊ နံ၊ သေ၊ သံ၊ နတ်၊ ဝိဂ´´ လို့ အတိုကောက်မှတ်လိုက်ပေတော့နော်။

သူတို့၏ အကျယ်ကတော့ အနန္တရပစ္စည်း၊ သမနန္တရပစ္စည်း၊ အာသေ၀နပစ္စည်း၊ သမ္ပယုတ္တပစ္စည်း၊ နတ္ထိပစ္စည်းနဲ့ ဝိဂတပစ္စည်းတို့ပဲ ဖြစ်၏။
ယခင် (၂၄)ပဋ္ဌာန်တရားတော်မြတ်ကို သင်ကြားစဉ်က ခုလိုလေး ခွဲသိချင်ခဲ့၏။

ကဲ သူတို့တွေရဲ့ ပဋ္ဌာန်းပစ္စည်းတရားများ မည်သို့ မည်ပုံ ကျေးဇူးပြုနေသလဲ ဆိုတာလေးကို စိတ်ဖြစ်စဉ် ``ဝီထိစဉ်´´လေးချလို့ လေ့လာကြည့်ကြရအောင်နော်။

မိမိတို့၏ စိတ်အစဉ် ဝီထိစဉ်လေးကို ချရေးလိုက်တော့...
``တီ န ဒ ပ စ သံ ဏ ဝု ဇ ဇ ဇ ဇ ဇ ဇ ဇ ရုံ ရုံ ´´ ဒီလိုဖြစ်လာ၏။
ဒါက မြင်သိစိတ်ကလေးရဲ့ အစဉ်လေးပါဘဲ။
---------~------------~------------~-------------

ဒီထဲက ပထမသုံးခုက ဘ၀င်အမျိုးအစားမို့ သူတို့ကို ဖယ်လိုက်တော့ ဝီထိစိတ်ရဲ့ အစသည် “ပ” ဆိုတဲ့ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ဆိုတာလေး ပေါ်လာ၏။
အဲဒီစိတ်ကလေးရဲ့ ကကွက်လေးကို အရင်ဆုံး ကြည့်ရှုဝေဖန်ဆန်းစစ်လိုက်တဲ့အခါ….
အော် သူ့မှာက ကိုယ်ရံတော်(၁၀) ယောက်တောင်ရှိသကိုး။

အဲဒီကိုယ်ရံတော်တွေကို မိတ်ဆက်ပေးမယ်နော်။
စိတ်ဖြစ်တိုင်းမှာ ပါတဲ့ အမြဲယှဉ်တဲ့ သဗ္ဗစိတ္တစေတသိက်က (၇)ပါး ပါဘဲ။

အဲ့(၇)ပါးက ဘာတွေလဲဆိုတော့ ...
ဖသ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒ၊ မနသိကာရ။ သူကတော့ essential မို့ သူမပါရင် ပွဲမစည်တော့ဘူးနော်။
အဲတော့ သူ့ကိုတော့ ပင်တိုင်စံအရံ(၇)ယောက်လို့ မြင်ထားလိုက်ပေတော့။
အဲဒီ (၇)ပါးထဲမှာကိုဘဲ နောက်ထပ် ဘာတွေ ထပ်တိုးလာသလဲဆိုတော့ ပကိဏ်းစေတသိက်(၆)ပါးထဲကမှ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ ဆိုတဲ့ စေတသိက်(၃)ပါးက တွဲဆက်ပြီး
ပါလာပြန်တယ်။
ဒီတော့ စုစုပေါင်း စေတသိက် (၁၀)ပါးတောင် ခြံရံလျှက် ပဉ္စဒွါရ၀ဇ္ဇန်းဆိုတဲ့ စိတ်ကလေးသည် ထွက်ပေါ်လာတော့၏။

ဒါကို ခန္ဓာဖွဲ့ကြည့်ကြရအောင်နော်။ ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ကလေးသည် ဝိညာဏခန္ဓာ။
သူ့ကို ဝန်ရံထားတာကတော့ စေတသိက်(၁၀)ပါးထဲက ဝေဒနာက ဝေဒနာက္ခန္ဓာ။ သညာက သညာက္ခန္ဓာ။ ဝေဒနာ၊သညာမှကြွင်းသော ကျန်တဲ့စေတသိက်(၇)ပါးကတော့ သင်္ခါရက္ခန္ဓာပါဘဲ။
ဒါဆိုတော့ စုစုပေါင်း နာမက္ခန္ဓာ(၄)ပါးရတာပေါ့နော်။
---------~-----------~-----------~-----------

အင်း ဒါကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတုန်း …
သူ့ကမှာ `ဖြတ်´ဆို ပျက်သွားပေ၏။
ဟော .. ကြည့်စမ်း ဘယ့်နှယ့် ဖြစ်ပါလိမ့်။ သူတင် ပျက်သွားတာလားဆိုတော့ မဟုတ်ဘူး .. ဒီ ``ပဉ္စဒွါရ၀ဇ္ဇန်းစိတ်´´ နဲ့အတူ တွဲပါလာတဲ့ စေတသိက်(၁၀)ပါးလည်း ပျက်သွားတာပေါ့နော်။
ခုမှ ကြည့် ကောင်းတုန်း ရှိသေး။
မရှိတော့ဘူး။
----------~-----------~-----------~--------

ဟာ..ပြောရင်းဆိုရင်း တစ်စိတ်ပျက်လို့မှ မကြာသေးဘူး နောက်စိတ်တစ်မျိုးက ဘွားဆို ပေါ်လာပေပြီ။
အင်း .. သူ့နာမည်က ဘယ်သူတဲ့။
အော် စက္ခုဝိညာဏ်တဲ့လား။
ဒါပေမယ့် သူ့ကျတော့ အရံတော် အခြံအရံ စေတသိက်က ဟိုရှေ့စိတ်လောက် မများဘူးနော်။
သူ့ကျ ပါလေရာစေတသိက်လေး(၇)ပါးနဲ့ ခပ်အေးအေးလေး ဖြစ်လာရပေ၏။
အင်း ဒါကလည်း ``ရူပါရုံနဲ့ စက္ခုပသာဒ´´တို့ တိုက်တဲ့အခိုက် ဖြစ်ခွင့်ရတဲ့ မြင်စိတ်ကလေးပါလားလို့ သိလိုက်ရတယ်။ သူ့ကို အနီးကပ် ကျေးဇူးပြုသွားတဲ့ ကျေးဇူးရှင်က အခြားမဟုတ်ပါ ဘူးနော်။ ရှေ့စိတ်ကလေးဖြစ်တဲ့ ``ပဉ္စဒွါရ၀ဇ္ဇန်းစိတ်ပါဘဲ။
ဖြစ်ခွင့်ရတဲ့ စက္ခုဝိညာဏ်စိတ်က အရင်ဆုံး ရှေ့စိတ်ကလေးရဲ့ ကျေးဇူးဂုဏ်ကို ဖော်ထုတ်ရင်း မိတ်ဆက်လိုက်တာပါဘဲ။
ဒါနဲ့ ဘယ်လိုများ ကျေးဇူးပြုသွားတာလဲလို့ ဆက်လိုက်တော့ ရှေ့စိတ် ``ပဉ္စဒွါရ၀ဇ္ဇန်းစိတ်´´သည် သူချုပ်ပြီးမှ ဖြစ်ခွင့်ရမယ့် ``စက္ခုဝိညာဏ်စိတ်´´ကို အနန္တရသတ္တိဖြင့် ကျေးဇူးပြုသွားတာဘဲလို့ ရှင်းလင်းသွားရတော့၏။
သူ့ကိုလည်း လာခဲ့ ခန္ဓာဖွဲ့ကြမယ်။
စက္ခုဝိညာဏ်စိတ်သည် ဝိညာဏခန္ဓာ။
သူ့ကိုရံထားတဲ့ စေတသိက် (၇)လုံးထဲက ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ။
သညာစေတသိက်သည် သညာက္ခန္ဓာ။
ဝေဒနာ၊ သညာမှကြွင်းသော ကျန်သောစေတသိက် ၅ပါးကတော့ သင်္ခါရက္ခန္ဓာ။
ဒီလိုဆိုတော့သူတို့လည်း နာမက္ခန္ဓာလေးပါးအနေနဲ့ ဖွဲ့ထားတယ်လို့မြင်ပြီပေါ့နော်။
အင်း လက်စသပ်တော့ သူတို့က ပဋ္ဌာန်းဆက်တွေကိုးနော်။

ဒီလိုလေးသိလိုက်ရတုန်း ``ဖြတ်´´ဆို ပျက်သွားပြီ။ ခုလေးတင်မှ ဖြစ်ခွင့်ရတဲ့ စက္ခုဝိညာဏ်စိတ်ကလေး။ သူ့အပေါင်းအပါ (၇)ဦးနဲ့အတူ လက်ပြနှုတ်ဆက် ထွက်ခွာ သွားရှာပြန်ပြီပေါ့။
-----------~----------~-----------~------------

နောက်တစ်ယောက်...အလှည့်ကျတဲ့သူကတော့ ``သမ္ပဋိစ္ဆိုင်းစိတ်´´ပါဘဲနော်။ ကြေငြာလိုက်တဲ့အခါမှဘဲ။
သူ့ရဲ့ကိုယ်ရံတော်(၁၀)ပါးနဲ့အတူ ငွားငွားစွင့်စွင့်ကြီး ပေါ်လာတဲ့ ``သမ္ပဋိစ္ဆိုင်းစိတ်´´ကို တွေ့ရပြန်ပါပြီ။ အင်းကြည့်ရင်း သတိထားမိတာက သူ့ဘေးက ကိုယ်ရံတော်တွေက မြင်ဖူးသလို လို့ ထင်နေတာ။
အမှန်တော့ အစောပိုင်းက ဖြစ်ပြီးပျက်သွားတဲ့
``ပဉ္စဒွါရ၀ဇ္ဇန်းစိတ်´´ရဲ့ ကိုယ်ရံတော်(၁၀)ပါးနဲ့ တူတူပဲဆိုတာ ခုမှ မှတ်မိသွားပြီ။
အင်းသူလည်း ...
သဗ္ဗစိတ္တ(၇)ပါးရယ်၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ စတဲ့ ပကိဏ်း စေတသိက်(၃)ပါးရယ် ပေါင်း (၁၀)ပါးပဲကိုးလို့ သိလိုက်ရပြီလေ။
သူ့ကိုလည်း ခန္ဓာဖွဲ့ကြည့်ပါ။ နာမက္ခန္ဓာ(၄)ပါးဘဲ ရမှာနော်။
------------~------------~-----------~----------

ဘာပဲပြောပြော ရှေ့ရှေ့စိတ်တွေက နောက်နောက်စိတ်တွေကို
``အနန္တရသတ္တိ´´နဲ့ ကျေးဇူးပြုသွား ကြသလို ဒီစိတ်ကလေးလည်း သမိုင်းပေးတာ၀န်ဖြစ်တဲ့ ``အနန္တရသတ္တိ´´တွေနဲ့ နောက်ဖြစ်မယ့်စိတ်ကို ကျေးဇူးပြုရမှာပဲဆိုတာ ဇာတ်လမ်းမဆုံးခင် သဘောပေါက်နေပါပြီ။
ဒါဆိုတော့ ဒီဇာတ်ကားက ဘာများထူးမှာ မို့လဲလို့။ တစ်ယောက်လာလည်း ကိုယ်ရံတော်တွေနဲ့ ပြုံးပြနှုတ်ဆက်ပြီး နောက်နောက်ကို ကျေးဇူးပြုပြုသွားတာ ပါဘဲလို့ ထင်ပြီး ကြည့်နေလိုက်တာ။
ထင်ထားတဲ့အတိုင်းတော့ ဟုတ်ပါရဲ့။ ဒါပေမယ့် မမြင်မိတဲ့ အကွက်ကိုလည်း တစ်ကွက်တိုးပြသွားတာ ခုမှ သဘောပေါက်မိပါတယ်။
အဲဒါဘာလဲဆိုတော့ ကြည့်လေ ရှေ့ရှေ့ နာမ်တရားတို့သည် နောက်နောက် နာမ်တရားတို့ ဖြစ်ခွင့်ရ စေဖို့ ``အနန္တရသတ္တိ´´ဖြင့် ကျေးဇူးပြုနေရုံတင်
ဘယ်ကမလဲ။ သူတို့နဲ့ အတူဖြစ်ဖက်၊ အတူချုပ်ဖက်တွေဖြစ်တဲ့ ဘေးက ယှဉ်ဖက် စေတသိက်တွေကိုလည်း ယှဉ်ဖက်တရားအချင်းချင်း ပစ္စုပ္ပန်မှာ ``သမ္ပယုတ္တသတ္တိ´´နဲ့ ကျေးဇူး ပြုနေပါလားလို့ တစ်ချက်တိုး နားလည်ရပြန်ပြီ။
တော်လိုက်တဲ့ သရုပ်ဆောင်ချက်။
အသံတိတ်နဲ့ကို ကျေးဇူးပြုပုံတွေကို မြင်သာစေအောင်၊ နားလည်စေအောင် သရုပ်ဆောင်ပြနေလိုက်တာ။
----------~-----------~------------~---------------

ဆက်ကြဦးစို့နော် …
``သမ္ပဋိစ္ဆိုင်းစိတ်´´လည်းချုပ်ရော နောက်ဖြစ်လာမယ့် စိတ်ကတော့ ``သန္တီရဏ´´ တဲ့။
သူကလည်း ရှေ့စိတ်လိုဘဲ ကိုယ်ရံတော်စေတသိက်က (၁၀)ပါး။ ခုထိတော့ ဘေးက အရံ စေတသိက်တွေလည်း သိပ်မများတော့ မှတ်မိနေတာပေါ့။ စိတ်ကလေးတစ်ခုဖြစ်တိုင်း ဘေးက စေတသိက်တွေက အတူဖြစ်၊ အတူချုပ်ဖက်တွေအနေနဲ့ နာမ်ခန္ဓာလေးပါးဟာ တစ်ပါးနဲ့တစ်ပါး ``သမ္ပယုတ္တသတ္တိ´´နဲ့
ကျေးဇူးတွေပြုနေတာပါဘဲ။
သူ့ကို ခန္ဓာဖွဲ့သော် နာမက္ခန္ဓာလေးပါးဘဲ
ရလာပြန်ရော။
နာမ်တရားအချင်းချင်း ကျေးဇူးပြုနေပုံလေးတွေပါဘဲနော်။
----------~-----------~-----------~--------------

``သန္တီရဏ´´ပြီးတော့ နောက်ဖြစ်မယ့်စိတ်က ``ဝုဋ္ဌော´´တဲ့။ သူရော ကိုယ်ရံတော်တွေတူတူပဲလားဆို တော့ သူ့ကျ ကိုယ်ရံတော်စေတသိက်က (၁၁)ပါးတောင်ပါလား။
ဘယ်တစ်ယောက် ပိုလာပါလိမ့်ဆိုတော့ ရှေ့စိတ်တွေတုန်းကလို (၁၀)ပါးထဲမှာမှ ဝီရိယစေတသိက်လေးတစ်ခု တိုးလာတာကိုး။
ဒါလည်း မှတ်သား စရာပါဘဲ။
သူ့ကို ခန္ဓာဖွဲ့ကြည့်ပါဦး။ နာမက္ခန္ဓာ(၄)ပါးပဲ ရလာမှာပါနော်။
------------~------------~----------~--------------

``ဒီဝုဋ္ဌော´´ဆိုတဲ့ မနောဒွါရ၀ဇ္ဇန်းစိတ်လည်း ချုပ်ရော။ ပြကွက် တစ်မျိုးပြောင်းလို့ ဇောစိတ် ကလေးတွေ (၇)ကြိမ်တောင် ဖြစ်ပြနေတာ တွေ့ရပြန်ပါတယ်။
အော်... ဇော ဇော… ဆိုတဲ့ ဇော(၇)ကြိမ်ဆိုတာ ဒါ ပြောတာကိုးလို့ မြင်လိုက်ရပေပြီ။
အင်း ဇောဆိုတဲ့နေရာမှာ ကုသိုလ်၊ အကုသိုလ်၊ ကြိယာဇောရယ်လို့ သုံးမျိုးသုံးစားကွဲသွားတာလေးကိုလဲ ပြသွားပြန်ပြီနော်။
ကုသိုလ်စိတ်ကလေး ဖြစ်ချိန်မှာ ကုသိုလ်စိတ်နဲ့အတူ ဖြစ်ဖော်ပျက်ဖက် စေတသိက်တွေက စုစုပေါင်းဆို အများဆုံးယှဉ်မှာက ၃၈ပါးတောင်နော်။ ဒီနာမ်တရားတွေကလည်း ကုသိုလ်ဇောတွေအနေနဲ့ ခုနှစ်ကြိမ်တောင် လက်ဆင့်ကမ်းဖြစ်နေလိုက်တာ။ အကုသိုလ်လည်း တူတူပါဘဲနော်။ အကုသိုလ်စိတ်ဖြစ်ခိုက် ယှဉ်ဖက်စေတသိက်တွေက (၂၇)ပါးပေါ့။ ကြိယာဇောကတော့ ရဟန္တာတို့သန္တာန်မှာသာဖြစ်တာမို့
မိမိတို့နဲ့ မဆိုင်ပေမယ့် ကြိယာဇော စောချိန်မှာ မဟာကြိယာစိတ်နဲ့အတူ ယှဉ်ဖက်စေတသိက်ကို ရေတွက်ကြည့်တော့ စုစုပေါင်း(၃၅)ပါးယှဉ်ကြမှာပေါ့နော်။
ဒီဇောစိတ်ကလေးတွေကို ခန္ဓာဖွဲ့ကြည့်ရင်လည်း စိတ်သည် ဝိညာဏခန္ဓာ။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ။
သညာစေတသိက်သည် သညာက္ခန္ဓာ။
ဝေဒနာသညာကို ချန်ပြီး ကျန်တဲ့စေတသိက်တွေ အားလုံးပေါင်းသည် သင်္ခါရက္ခန္ဓာရပေမည်။

ဒါကြောင့် ဇောစိတ်တွေမှာလည်း ရလာမယ့်ခန္ဓာသည် နာမက္ခန္ဓာ(၄)ပါးသာဖြစ်တယ်ဆိုတာ သိနိုင်ပေပြီ။
----------~----------~----------~----------

ပဋ္ဌာန်းနည်းအရ စဉ်းစားကြည့်လျှင်
စိတ်၀င်စားဖို့ကောင်းသွားတာက ဒီဇော(၇)စိတ်၊ တစ်စိတ်နဲ့ တစ်စိတ် ကျေးဇူးပြုနေပုံကတော့ ``အာသေ၀နသတ္တိ´´နဲ့ ဆိုတဲ့ အချက်လေး ထူးသွားပါပြီ။
ရှေ့ရှေ့ကုသိုလ်စိတ် တို့သည် နောက်နောက် ကုသိုလ်စိတ်တို့ကို အာသေ၀နသတ္တိထူးဖြင့် ကျေးဇူးပြုကာ ပဋ္ဌာန်းတရားတို့ ဆက်ကြ လေကုန်၏။

``အာသေ၀နပဋ္ဌာန်းပစ္စည်း´´ရဲ့ သတ္တိကလည်း ထူးတော့ထူးသား။
သူက မျိုးတူမှ ကျေးဇူးပြုတာကိုး။
ဒီတော့ ပထမဇောသည် - ဒုတိယဇောကို ``အာသေ၀နသတ္တိ´´ဖြင့် ကျေးဇူးပြုလေ၏ဆိုတော့ ...
ပထမဇောကိုကျ သူ့ရှေ့ ``ဝုဋ္ဌော´´က ``အာသေ၀န´´မတပ်ဘူးလားဆိုတော့ မတပ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ သူက ကုသိုလ်လည်း မဟုတ်သလို အကုသိုလ်လည်း မဟုတ်ဘူးလေ။
ဒီတော့ ပထမဇောဆိုတဲ့ ကုသိုလ်(သို့) အကုသိုလ်ဇော ကလေးသည် ``ပစ္စည်း´´သာထိုက်ပြီး
``ပစ္စယုပ္ပန်´´တော့ မထိုက်ဘူးဆိုတာလေး တစ်ချက်သွား သတိထားမိ သွားပါပြီ။
ဒုတိယဇောကတော့ ပစ္စယုပ္ပန်လည်း ထိုက်သလို သူ့နောက်က တတိယဇောကိုလည်း အာသေ၀န သတ္တိဖြင့် ကျေးဇူးပြုနေသော ပစ္စည်းတရားလည်း ဖြစ်နေတယ်နော်။ ဒါဆို ဒုတိယဇော၊ တတိယဇော၊ စတုတ္ထဇော၊ ပဉ္စမဇော၊ ဆဋ္ဌမဇော တို့သည် ပစ္စည်းရော၊ ပစ္စယုပ္ပန်ရော ထိုက်ကြပါလားလို့ ချိတ်မိနေပါပြီ။ ဒါဆို နောက်ဆုံးဖြစ်တဲ့ သတ္တမဇောကရောဆိုတော့ သူ့ကျ ပစ္စယုပ္ပန်သာထိုက်ပြီး ပစ္စည်းအနေနဲ့ မဖြစ်တော့ပြန်ဘူး ပေါ့နော်။
အင်း ဇောခုနှစ်ချက်အတွင်းမှာကိုက အာသေ၀နသတ္တိတွေ ဆက်ကာဆက်ကာဖြစ်နေလိုက်တာ။ ကြည့်စမ်း ... သူတို့တွေလည်း ပဋ္ဌာန်းဆက်တွေကိုးနော်။
--------~----------~----------~----------

`သတ္တမဇော´´ ပြီးလို့ နောက်စိတ် ဖြစ်တဲ့ ``တဒါရုံ´´အလှည့်ရောက်ရော ``အာသေ၀နသတ္တိ´´တို့ အနားယူကုန်ကြပြီ။
ဒါဆို ဘယ်သတ္တိတွေ ဖြစ်နေမှာလဲလို့ ကြည့်လိုက်တော့ ``အနန္တရ´´တို့၊ ``သမနန္တရ´´တို့၊
``သမ္ပယုတ္တ´´တို့၊
``နတ္တိ´´တို့၊
``ဝိဂတပစ္စည်း ပဋ္ဌာန်းတရား´´တို့က နာမ်တရားသည် နာမ်တရားကို ကျေးဇူးပြုလျှက် ပဋ္ဌာန်းတရားတို့ ဆက်ကာ ဆက်ကာ ဖြစ်ကြကုန်၏လို့ ဇာတ်ပေါင်းချုပ်အနေနဲ့ ပြသနေပေ၏။
-----------~----------~----------~-------------

အော ... တစ်ခုကျန်သွားတာက နောက်ဆုံး ``တဒါရုံ´´မှာ ယှဉ်တဲ့စေတသိက်တွေ တွက်ဖို့ ကျန်သွားပေါ့။
``တဒါရုံ´´ဆိုတော့ မဟာဝိပါက်စိတ်(၈)ပါးရယ်၊ သန္တီရဏ(၃)ပါးရယ်၊ ပေါင်း(၁၁)ပါးနော်။ အဲတော့ မဟာဝိပါက်စိတ် (၈)ပါးမှာ ယှဉ်နိုင်တဲ့ စေတသိက်တွေကို တွက်လိုက်တော့ အညသမာန်း(၁၃) + ဝီရတီနဲ့ အပ္ပမညာကြဉ်သော သောဘဏ(၂၀)ရယ် ပေါင်းသော် (၃၃)ပါးယှဉ်ကြမှာပေါ့နော်။ သန္တီရဏ(၃)ပါးထဲက ဥပေက္ခာဆို (၁၀)ပါး ယှဉ်မယ်။ နောက် သောမနဿ ဆိုရင်(၁၁)ပါးယှဉ်မယ်။ ဒါလေးတွေကွာတော့တယ်။
သူတို့တွေကို ခန္ဓာဖွဲ့ကြည့်ရင်လည်း နာမက္ခန္ဓာ(၄)ပါးသာ ရပါလိမ့်မယ်နော်။
----------~----------~---------~----------

အော် တို့တွေရဲ့ ခန္ဓာအစဉ် နာမ်တရားဖြစ်တဲ့ စိတ်ဖြစ်တိုင်းမှာ
`` နံ၊ နံ၊ သေ၊ သံ၊ နတ်၊ ဝိဂ´´လို့ ဆိုတဲ့ အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ သမ္ပယုတ္တ၊ နတ္ထိနဲ့ ဝိဂတ ပစ္စည်း၊
ပဋ္ဌာန်းတရားတို့သည် မိမိရော သူတစ်ပါးခန္ဓာအစဉ်မှာ မပြတ်အောင်ကို ဆက်ပြနေသော ပဋ္ဌာန်းတရားများပါလားလို့ ချိတ်ဆက်ကာ ထိုးထွင်း သိမြင်နိုင်ပြီးလျှင်
အနိုင်းမဲ့မြတ်ဗုဒ္ဓ၏
ဓမ္မတရားအနှစ်များ ရင်တွင်းကိန်းနိုင်ကြပါစေ။
ကိန်းသည့်အတိုင်း ငြိမ်းနိုင်ကြပါစေ။ ။
- Ashin Pan Dita -

Address

Mandalay
05011

Website

Alerts

Be the first to know and let us send you an email when Family Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share