Pro Max

Pro Max Mobile Phone ပြုပြင်နည်း အတတ်သင် သင်တန်းကျောင်း

Charging အခြေခံLinear စနစ်...
31/01/2026

Charging အခြေခံ
Linear စနစ်...

✅ တည်ဆောက်ပုံ အရင်းခံက       ဘယ်လိုမျိုးဖြစ်မလဲ✅ K တစ်လိုင်းပျောက်/ပျက်ရင် 👇📌 iPhone တွေမှာ တစ်ခြမ်းမဲတတ်ပြီး📌 Android တ...
19/12/2025

✅ တည်ဆောက်ပုံ အရင်းခံက
ဘယ်လိုမျိုးဖြစ်မလဲ

✅ K တစ်လိုင်းပျောက်/ပျက်ရင် 👇

📌 iPhone တွေမှာ တစ်ခြမ်းမဲတတ်ပြီး

📌 Android တွေမှာကျ
တစ်ခြမ်းမဲလေ့မရှိပဲ
တစ်မျိုးတစ်ဖုံ error တက်လေ့ရှိတာဟာ

🤔 ဘယ်လိုကြောင့်ဖြစ်မလဲဆိုတာ

သင်တန်းကျောင်းသားတွေအတွက်
ပြေးကြည့်စရာမလိုပဲ
တွေးကြည့်ရုံနဲ့
✅ လွယ်ကူနေပါလိမ့်မယ်ခင်ဗျာ ✅

🍎 iPhone ပဲ ဖြစ်ဖြစ်
🥯 Android ပဲ ဖြစ်ဖြစ်

ပတ်လမ်းတည်ဆောက်ပုံတွေကို
အသေးစိတ် တတ်သိနားလည်လိုပါသလား❓

ဆီကို

✅ အခုစိတ်ကူးပေါ်ရင်
✅အခု လှမ်းလာခဲ့ပါခင်ဗျာ။

ဒီလို ညအချိန်တွေမှာတက်ညီလက်ညီနဲ့ကြိုးစားလေ့ကျင့်နေကြတဲ့မြင်ကွင်းကိုမြင်ရတဲ့ပီတိကအရမ်းကို အားတက်စေတယ်၊ခဏနေရင်၂ထပ် CPU ခွာ...
08/07/2025

ဒီလို ညအချိန်တွေမှာ
တက်ညီလက်ညီနဲ့
ကြိုးစားလေ့ကျင့်နေကြတဲ့မြင်ကွင်းကို
မြင်ရတဲ့ပီတိက
အရမ်းကို အားတက်စေတယ်၊

ခဏနေရင်
၂ထပ် CPU ခွာကပ်လုပ်တာကို
အနုစိပ် လုပ်ပြဦးမှာပါ၊

အဆောင်နေကျောင်းသားတွေရဲ့
အားသာချက်တစ်ခုပေါ့၊

အဆောင်နေဆိုပေမယ့်

ဒီလိုမျိုး
ညအချိန်တွေအထိ
ဆရာနဲ့အနီးကပ်
လေ့လာခွင့် မေးမြန်းခွင့် လေ့ကျင့်ခွင့်တွေကတော့
မှာပဲ ရနိုင်ပါမယ်ခင်ဗျာ 😍

Body က အနာရှိထားတယ်၊မှန်တင်ဖရိန်မှာလဲ ထောင့်တစ်ခုကအတော်လေး ပဲ့ထားတယ်၊Body လိုက် လဲမှ ပိုကြည့်ကောင်းမယ်လို့ပြောပေမယ့်မလဲန...
03/07/2025

Body က အနာရှိထားတယ်၊

မှန်တင်ဖရိန်မှာလဲ ထောင့်တစ်ခုက

အတော်လေး ပဲ့ထားတယ်၊

Body လိုက် လဲမှ ပိုကြည့်ကောင်းမယ်လို့ပြောပေမယ့်

မလဲနိုင်သေးဘူးဆိုလို့

အတက်နိုင်ဆုံး ကြည့်ကောင်းအောင်

မန်းပေးထားတဲ့လက်ရာပါ။

ဘာလေးနဲ့

ဘယ်လိုလုပ်ပေးလိုက်ရင်

အဆင်ပြေနိုင်လောက်မယ် ဆိုတဲ့

ကြံရည်ဖန်ရည်ဉာဏ်ရည်လေးကလဲ

ထုတ်တတ်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။

#သင်တန်းတက်မလား

်မလား

အားလုံး

ဆီမှာ

အကောင်းဆုံး နဲ့ အသပ်ရပ်ဆုံးပါခင်ဗျာ 😍 ။

 ှင့်_လက်ခမိမိရဲ့ဖုန်း error တစ်ခုခုဖြစ်လို့ဆိုင်အပ်ကြရပြီဆိုတဲ့အခါလူအများစုက စျေးသက်သာတာလက်ခသက်သာတာကိုပဲ ကြည့်ကြရွေးချယ...
01/07/2025

ှင့်_လက်ခ

မိမိရဲ့ဖုန်း error တစ်ခုခုဖြစ်လို့
ဆိုင်အပ်ကြရပြီဆိုတဲ့အခါ
လူအများစုက စျေးသက်သာတာ
လက်ခသက်သာတာကိုပဲ ကြည့်ကြရွေးချယ်ကြတာ
များမယ်ထင်ပါတယ်၊

တစ်ချို့ကလဲ
ခမ်းခမ်းနားနားပြင်ဆင်ထားတဲ့ ဆိုင်ကြီးတွေမှ
ကောင်းမယ်လို့ တွေးတတ်ကြတာများပါတယ်၊

၂ မျိူးလုံး မမှန်ကန်ပါဘူးဗျ၊

စျေးတန်း အရမ်းနိမ့်ရင်
သေချာပေါက် လက်ရာမကောင်းပါဘူးဗျာ၊
မိမိဖုန်းက တန်ဖိုးကြီးဖြစ်လေလေ
ပိုပြီးတော့ စျေးတန်းအောက်ကြေး မမက်သင့်လေ
လို့ပဲ ပြောပါရစေ။

Service Level အရမ်းနိမ့်တာမျိုးနဲ့ သွားတိုးခဲ့ရင်
ပြန်ကောင်းသင့်တဲ့ အခြေအနေရှိနေတာကို
ပြန်မကောင်းနိုင်တော့တဲ့အထိ
ထိခိုက်တာ လက်လွန်တာမျိုးတွေ ဖြစ်တတ်ပါတယ်၊

ဒုတိယအချက်ကတော့
ဆားဗစ်သမားနယ်ပယ်ဖြစ်လို့
သိပ်အထွေအထူး မပြောချင်တော့ပါဘူးခင်ဗျာ၊

ဒီအပိုင်းနဲ့ပတ်သက်လို့တော့
မိမိစိတ်ထင်တဲ့ တစ်ဆိုင်ဆိုင်ကို အပ်ကြည့်ပါ၊
စကားအပြောအဆိုကို နားထောင်ကြည့်ပါ၊
လက်ခစျေးတန်းကို အခြားဆိုင်များနဲ့ချိန်ညှိကြည့်ပါ၊
လက်ရာကို သေချာ စိစစ်ကြည့်ပါ၊
ဒါပါပဲဗျ

မိမိစိတ်ကျေနပ်သွားတယ်ဆိုရင်
ဆက်လက်လက်တွဲပေါ့
မိတ်ဆွေတွေလဲ လမ်းညွှန်ပေါ့၊

အဓိကတိုင်းတာရမယ့်ပေတံကတော့
ပညာအရည်အချင်းနဲ့
စေတနာ ပါပဲခင်ဗျာ့

အောက်ကဖုန်းလေးပြုပြင်ရင်း
Finger ကြိုးအနေအထားလေးတွေ့မိလို့
ဒီစာကိုရေးဖြစ်သွားတာပါ၊
မည်သူ့ကိုမှ ထိခိုက်စေလိုခြင်းမရှိပါခင်ဗျာ။ 🙏

ဒီဖုန်းလေးမှာက
အလယ်ဖရိန်က စ ခွာရမယ့်ဟာကို
Back cover ကနေ မရမကထိုးခွာထားတဲ့အတွက်
သံပြားဖုံးအလွှာ အနေအထားပျက်သွားတာကိုပါ
အပိုလုပ်ပေးလိုက်ရပါတယ်၊

မျိုးဆက်သစ် ဆားဗစ်သမားညီငယ်များအတွက်
Nova 9se လို မော်ဒယ်မျိုး
Back cover လဲစရာကြုံပါက
အထူးဂရုစိုက်ကြပါခင်​ဗျာ၊

ခြေရာလက်ရာမပျက်
ပိပိရိရိ သေသေသပ်သပ်လိုချင်ပါက
မှာ
Service ပေးပါတယ်ခင်ဗျာ။

Link 👇

https://www.facebook.com/share/p/15FhsrbDkq/

7 plusသုံးတာ ၁၀ မိနစ်လောက်ကြာတာနဲ့Screen ပုံရိပ်တွေ တုန်လာတယ်၊တစ်ဆက်တည်းTouch ပိုင်းကလဲ သူနှိပ်ချင်ရာ လျှောက်နှိပ်ကုန်တယ...
25/06/2025

7 plus

သုံးတာ ၁၀ မိနစ်လောက်ကြာတာနဲ့
Screen ပုံရိပ်တွေ တုန်လာတယ်၊

တစ်ဆက်တည်း
Touch ပိုင်းကလဲ
သူနှိပ်ချင်ရာ လျှောက်နှိပ်ကုန်တယ်

ကြာတော့ ရုပ်ပုံလုံးဝမပီပြင်တော့ပဲ
အစင်းတွေ အစက်ပြောက်တွေပဲ
ဖြစ်သွားတယ်

ဒါက
ဒီဖုန်းမှာ ဖြစ်နေတဲ့ error ပါဗျ၊

ပိုင်ရှင်ကတော့ မှန်လဲဖို့ဆိုပြီး လာအပ်တာပါ၊

မှန်လဲစရာ မလိုလိုက်ပါဘူး
ဘုတ်ပိုင်းကဖြစ်နေတာဖြစ်တဲ့အတွက်
ဘုတ်ပိုင်းလေးပဲ ပြုပြင်ပေးလိုက်ရပါတယ်။

Pro Max မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း မှာ

Service ရော
Training ရော

အားလုံး အကောင်းဆုံးနည်းစနစ်တွေ နဲ့
ပြုပြင် သင်ကြားပေးနေပါတယ်ခင်ဗျာ့။

09:970482725
09:967780080
09:40100 8393

မနေ့က Spaker error နဲ့Touch error လိုက်ခိုင်းတယ်၂ မျိုးလုံး၁၀ မိနစ်လောက်ပဲ ကြာကြတယ်အဖြေ လွယ်လွယ်ရှာတွေ့ကြတယ်၊စိတ်ထဲလဲ ကျ...
23/06/2025

မနေ့က
Spaker error နဲ့
Touch error လိုက်ခိုင်းတယ်

၂ မျိုးလုံး
၁၀ မိနစ်လောက်ပဲ ကြာကြတယ်
အဖြေ လွယ်လွယ်ရှာတွေ့ကြတယ်၊

စိတ်ထဲလဲ ကျေနပ်တယ်။

ဒီနေ့
စက်နိုးပြီး ရုပ်မထွက်
Display error လိုက်ခိုင်းထားတယ်၊

ဒီနေ့တော့
နည်းနည်း ကြာနေပြီ 😊

ဖျက်ပေးထားတာလဲ ၂ နေရာဆိုတော့
လွယ်လွယ်နဲ့ တွေ့မှာမဟုတ်ဘူး၊

ဒီလိုမျိုး
#လက်တွေ့ကျကျ_error တွေ လိုက်နိုင်ချင်ရင်

Pro Max ကို
ကြွလှမ်းခဲ့ပါခင်ဗျာ့ 😊

7plusDisp socket လဲပေးဖို့Ready လုပ်ထားတယ်၊ကျွန်တော်သင်သော ခဲကျွေးနည်း ( ၃ )  မျိုးထဲကစက်ရုံထုတ်အတိုင်း ရတဲ့နည်းလေးနဲ့ပေ...
23/06/2025

7plus
Disp socket လဲပေးဖို့
Ready လုပ်ထားတယ်၊

ကျွန်တော်သင်သော
ခဲကျွေးနည်း ( ၃ ) မျိုးထဲက

စက်ရုံထုတ်အတိုင်း ရတဲ့နည်းလေးနဲ့ပေါ့ဗျာ 😊

Note 9pro 5Gမွေးရာပါ error ရှိတဲ့ မော်ဒယ်တော့မော်ဒယ်ပါပဲ၊ဒါပေမယ့် Error ပေါင်း သောင်းခြောက်ထောင်ဆိုသလိုတစ်မျိုးပြီးတစ်မျ...
14/06/2025

Note 9pro 5G

မွေးရာပါ error ရှိတဲ့ မော်ဒယ်တော့မော်ဒယ်ပါပဲ၊

ဒါပေမယ့်
Error ပေါင်း သောင်းခြောက်ထောင်ဆိုသလို
တစ်မျိုးပြီးတစ်မျိုး error တက်နေတာ၊

ပထမ
စပီကာအသံအက် တဂျစ်ဂျစ်မြည်
စပီကာပိုင်းပတ်လမ်းအားလုံးစစ်ကြည့်တော့
အကုန်အကောင်း
စပီကာကလဲ အကောင်း၊
Reboot လေးဘာလေးချလိုက်ရင် ပြန်ကောင်းသွားရော။

မကြာဘူး ပြန်ဖြစ်တာပဲ၊

ဒုတိယ
Back Cam မရ
Camera ဖြုတ် တပ် သန့်ရှင်း လုပ်လဲမရ၊
သူ့ကိုတော့ ပတ်လမ်းမလိုက်တော့ဘူး
ပတ်လမ်းကြောင့်နဲ့ Spirepart ကြောင့် မဟုတ်မှန်း
သိနေလို့ပါ။
ခဏ မှေးထားလိုက်တယ်။

တတိယ
Ts ကြောင်ပါရော
Screen Lock တောင် သိပ် ဖွင့်မရတော့ဘူး
မရတာက များနေတာပေါ့

ဒါတော့ ​မှေးလို့မရတော့ဘူး
မဖြစ်မနေလုပ်ရတော့မယ်ဆိုပြီး
ဆရာကြီး[CPU] ကို ရေမိုးချိုး အဝတ်စားသစ်လဲပေးလိုက်တယ်၊

ဒီတော့မှပဲ
အားလုံး ငြိမ်ကျသွားပါတယ်။

မွေးရာပါ error ပါတဲ့ကောင်တွေ
အချိန်တန်ရင် လုပ်ကိုလုပ်ပေးရတာပါ။

ငလျင်ကြောင့်
ဟိဂန်း ခဲဂေါက်နဲ့ မထိရတာ
၁ လလောက်ရှိပြီ၊
စ ထိရတော့လဲ ဆရာကြီးနဲ့တန်းတိုးတာပဲ။

သတိရလို့
ချိတ်အကြောင်း သဘောလေးအနည်းငယ်
ပြောချင်ပါတယ်၊

ချိတ်တွေမှာက အားလုံးပုံစံတူမဟုတ်ပါဘူး
တချို့ ခဲထက် မာတယ်
တချို့ ပွတယ် ခဲလောက်မမာဘူး
တချို့ စေးတယ်
တချို့ ခြောက်ကပ်ကပ်

သူ့အနေအထားလေးနဲ့သူ
လေ အပူ ကို သုံးရမယ်
လက်ဆကိုလဲ အကြမ်းအနု ချင့်ချိန်သုံးသင့်ပါတယ်၊

အဓိကပြောချင်တာကတော့
ခဲလောက်မမာတဲ့ချိတ်ဆိုရင်
ဘုတ်ပေါ်ရှင်းတဲ့အခါ
လေ အပူ နည်းနည်းနဲ့ - ခဲပျော်မှတ်မရောက်စေပဲ
ချိတ်ရှင်းတံနဲ့ရှင်းကြည့်ပါ၊
အရမ်း Safe ဖြစ်ပါတယ်ဗျ ။

♥♥  #သင်တန်းကြေး_လုံးဝမတက်ပါခင်ဗျာ ❤❤✅✅ အခက်အခဲအမျိုးမျိုးကနေ အားလုံးရုန်းထနေကြရတဲ့ကာလမို့တစ်ဖက်တစ်လမ်းက ကူညီရာရောက်စေဖိ...
12/06/2025

♥♥ #သင်တန်းကြေး_လုံးဝမတက်ပါခင်ဗျာ ❤❤

✅✅ အခက်အခဲအမျိုးမျိုးကနေ
အားလုံးရုန်းထနေကြရတဲ့ကာလမို့
တစ်ဖက်တစ်လမ်းက ကူညီရာရောက်စေဖို့
သင်တန်းကြေးလုံးဝမတက်ပဲ
ကျောင်းသားသစ်များကို
Pro Max မှ ပြန်လည်ဖိတ်ခေါ်နေပါပြီခင်ဗျာ ✅✅

📌📌 မိမိအဓိကလိုချင်တဲ့အပိုင်း နဲ့
သင်တန်းဆရာများနဲ့ အံမဝင်တာမျိုးမဖြစ်အောင်
အောက်ပါအကြောင်းအရာလေးကို
တစ်မိနစ်လောက်ပဲ အချိန်ပေးဖတ်စေချင်ပါတယ်ခင်ဗျာ...

+++++++++++++++++++++++++++++

#မိမိက_တကယ်ကြိုးစားမှာ_တကယ်တတ်ချင်တာ
#သင်ပြမယ့်ဆရာက_နားလည်အောင်မသင်နိုင်မှာ
တွေးပူနေတယ်ဆိုရင် ---

#အမှန်တကယ်ကြိုးစားသင်ယူချင်သူဆိုရင်

#ဒီသင်တန်းကိုလာခဲ့ပါခင်ဗျာ

#ဒီသင်တန်းရှိနေမှန်း_မသိလို့
#ဒီသင်တန်းမှာ_ဒီလိုသင်နေမှန်းမသိလို့ ဆိုပြီး

📌 အခြားသင်တန်းတစ်ခုခုကိုရွေးချယ်မိပြီးမှ
နောင်တသဘောမျိုးနဲ့ ပြောပြောလာတာတွေ
ခုတလောမှာ ပိုပိုတွေ့လာရပါတယ်

📌 သင်တန်းကတက်ပြီးသား
#ပတ်လမ်းမလိုက်တတ် လို့
#အိုင်စီပိုင်းမနိိုင် လို့ ဆိုပြီးလဲ
အရမ်းအပြောများပါတယ်

📌 #မိုက်ခရိုစကုပ်ကြီးနဲ့ လုပ်နေတဲ့ပုံတွေ အားကျပြီး
တက်ခဲ့ပေမယ့်၊
ပတ်လမ်းတွေအကြောင်း ဘာမှန်းမသိခဲ့ဘူး ဆိုပြီးလဲ
ပြောလာတာ မကြာခဏ ကြုံရပါတယ်

ဟုတ်ကဲ့ပါဗျ

ိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကြီး က

📌 ကြော်ငြာအားနဲ့ အဓိကမသွားပါဘူး

✅ ပညာသားချည်း အဓိကသွားတဲ့သင်တန်းပါ။

📌 ဟိတ်ကြီးဟန်ကြီးနဲ့ မသွားပါဘူး

✅ နွေးနွေးထွေးထွေး ပေါ့ပေါ့ပါးပါးနဲ့
အကြောက်တရားမရှိ အားနာစရာမလို
အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်စေရေး နဲ့ သွားပါတယ်

✅ သင်တန်းကြေးကလွဲလို့ ဘာမှထပ်မကုန်ဘူးဆိုပြီး
သင်တန်းကြေးထဲ စျေးပိုထားတာမျိုးတွေမလုပ်ပဲ
ရိုးရှင်းပွင့်လင်းစွာ သွားပါတယ်ဗျာ 😊

✅ ပြင်စရာဖုန်းတွေ ယူခဲ့ရင်
ဆရာကိုယ်တိုင် ပြုပြင်ပြတာ
ပတ်လမ်းလိုက်နည်း သင်ပြပြီး
ကျောင်းသားကိုယ်တိုင် ပြုပြင်ခိုင်းတာ
ဒီလိုပုံစံနဲ့ သွားပါတယ်

✅ သင်ရတာ ထိရောက်အောင်
သင်တန်းသား နည်းနည်းပဲ လက်ခံပါတယ်

✅ သူများထက်ပိုကြိုးစားချင်သူအတွက်
ညမအိပ်ပဲတောင် လေ့ကျင့်နေလို့ရအောင် စီစဥ်ပေးထားပါတယ် 😊😊

📌 သင်တန်းများစွာ ကြော်ငြာများစွာ
အက်ကြောင်းထပ်နေတဲ့အတွက် ရှည်ရှည်ဝေးဝေး
မညွှန်းပါရစေနဲ့တော့ခင်​ဗျာ

✅ သင်တန်းပြီးတာနဲ့ တန်းကျွမ်းကျင်ချင်သူ
တန်းလုပ်နိုင်ချင်သူများအတွက် -->

👉 ( VIP တန်း) ကို ရွေးချယ်ပါဗျာ

🔷 ပုံမှန် Basic Level ကနေ ဖြည်းဖြည်းသွားချင်ရင် -->

👉 (ပုံမှန်တန်း) ကို ရွေးချယ်ပါ

🔶 ခရီးထွက်ဖို့အဆင်မပြေသူများအတွက် -->

👉 ကို ရွေးချယ်ပါခင်​ဗျာ..

#သင်တန်းကြေး

✅ Special Class --- ( ၇ သိန်း )
🔷 Normal Class --- ( ၅ သိန်း )
🔶 Online Class --- ( Hw= ၁ သိန်း၊ Hw only )

✅ က သင်တန်းဆရာက
ဘယ်လောက်အသင်အပြကောင်းတယ်
ဘယ်လိုစေတနာပါတယ် ဆိုတာကိုတော့
တပည့်ဟောင်း ကျောင်းသားပေါင်း ( ၂၀၀၀ )ကျော်
မွေးထုတ်ပြီးသားမို့ မေးမြန်းစုံစမ်းပြီးမှ လာကြည့်လှည့်ပါဗျ 😊

📌 #ပုံမှန်တန်းအတွက် အသေးစိတ်အချက်အလက်များကို အောက်ပါ Link မှာ လေ့လာကြည့်ပေးပါခင်ဗျာ
👇👇

https://www.facebook.com/share/p/F4ytFi1b3LWGFvK1/?mibextid=oFDknk

🔶 ( အထူးတန်း ) အတွက် အသေးစိတ်အချက်အလက်များကို အောက်ပါ Link မှာ လေ့လာကြည့်ပေးပါခင်ဗျာ
👇👇

https://www.facebook.com/share/p/ieaX858AovLKcqrX/?mibextid=oFDkn

📌 #ဒီလောက်ပမာဏ_သင်တန်းကြေးလေးနဲ့
Promax လို
ျအောင်သင်ပေးနိုင်တဲ့သင်တန်းကြီးမျိုးမှာ
သင်ယူလေ့လာခွင့်ရမယ့်
အထူးအခွင့်အရေးမို့
လုံးဝ လက်မလွှတ်သင့်ပဲ အမြန်သာစာရင်းပေးဖို့ အကြံပြုပါရစေခင်ဗျာ..

📌 သင်တန်းဖွင့်ရက် 📌

#ပုံမှန်တန်းကို

👉 -- 👈

ဖွင့်လှစ်သင်ကြားမှာ ဖြစ်ပါတယ်​ဗျ၊

⏰ နောက်ဆုံးလက်ခံရက် = 22.6.2025

📌 စတင်သင်ကြားမည့်ရက် = 27.6.2025

✅ Special Class နဲ့
🔶 Online Class ကိုတော့ အချိန်မရွေး အပ်နှံလို့ရပါတယ်ခင်ဗျာ...😍

|============================================= |
| 🕹 သင်တန်းတည်နေရာ |

| 🔍 ၈၅ လမ်း၊ ၄၀ - ၄၁ ကြား၊ မန္တလေးမြို့ ။ |
|============================================= |

✅ သင်တန်းလက်ခံရက်
✅ သင်တန်းသင်ကြားရေး
✅ အဆောင်နေထိုင်ရေး
✅ သင်တန်းပြီး အလုပ်ရရှိရေး တို့ကို
မိမိတို့အခြေအနေအရ
ထပ်မံ ဆွေးနွေးညှိနှိုင်းလို့ ရပါမယ်ခင်ဗျာ

#ဆက်သွယ်ရန်ဖုန်းနံပါတ်များ

09-970 48 2725
09-40 100 8393
09-977 50 2108

တို့ကို မနက် ၈ နာရီ မှ ည ၉ နာရီအတွင်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်​ဗျ
ဖုန်းနံပါတ်ချန်ပေးလျှင်လည်း
ပြန်လည်ခေါ်ဆိုပေးပါတယ်ခင်​ဗျာ..

📌 မိတ်ဆွေတို့ဘက်က
ခံယူချက်, ဇွဲ, ကြိုးစားမှုတို့သာ ခိုင်မာပါစေ
ကျွမ်းကျင်ဖို့အတွက်ကို Promax က တာဝန်ယူပါရစေဗျာ 😊 🤝🤝🤝

Speaker PA နဲ့ ပတ်သက်တဲ့သင်ခန်းစာသင်ရာမှာPA အမျိုးအစား ၃ မျိုး ခွဲသင်တယ်၊ဖုန်းမော်ဒယ်တွေအနေနဲ့ နမူနာပေးပြီးသင်ရမှာG730 လ...
07/05/2025

Speaker PA နဲ့ ပတ်သက်တဲ့သင်ခန်းစာသင်ရာမှာ

PA အမျိုးအစား ၃ မျိုး ခွဲသင်တယ်၊

ဖုန်းမော်ဒယ်တွေအနေနဲ့ နမူနာပေးပြီးသင်ရမှာ

G730 လို ရှေးမော်ဒယ်က စပြီး

Note 12pro လို မော်ဒယ်မျိုးအထိ

အနည်းဆုံး ၅ မျိုးလောက်နဲ့

နမူနာပြပေးပြီး သင်တယ်။

တကယ်ကတော့

မော်ဒယ် ၃ မျိုးလောက်ဆို လုံလောက်ပါတယ်

သဘောချင်းက အားလုံးအတူတူပါပဲ၊

ပိုပြီး နားလည်ကျေနပ်မှုရစေချင်လို့

နည်းနည်းအပင်ပမ်းခံပြီး ရှင်းပြပေးလေ့ရှိတာပါ။

မိမိရဲ့ ဝါသနာကိုက

ဆားကစ်ပတ်လမ်းတည်ဆောက်ပုံတွေနဲ့ပတ်သက်ပြီး

ရှင်းပြ သင်ပြနေရတာကိုက

ဝါသနာပါလွန်း ကြည်နူးလွန်းလို့ပါ

ကိုယ်နားလည်စေချင်တဲ့အတိုင်း

တထပ်ထဲကျအောင် နားလည်သွားတာတွေ့ရရင်

ပီတိဖြစ်ရတာက ဘာနဲ့မှမလဲနိုင်တဲ့ခံစားချက်ပါ။

အခု ပုံလေးကတော့

Smart PA တည်ဆောက်ပုံ
Mi 5X ကို အခြေခံထားတာပါ။

ပတ်လမ်းတွေကို ထည်းထည်းဝင်ဝင်နားလည်ချင်ရင်

လိုက်တတ်ချင်ရင်

Pro Max က
အမြဲ ကြိုဆိုပါတယ်ခင်ဗျာ...။

Address

85 လမ်း, 40×41 လမ်းကြား၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့
Mandalay

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00

Telephone

+959977502108

Website

Alerts

Be the first to know and let us send you an email when Pro Max posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pro Max:

Share