27/10/2025
ဒီတပါတ်မှာတော့ MTK ရဲ့ ချစ်လှစွာသော မိတ်ဆွေတို့အတွက် RTX -4060 နဲ့ပါတ်သက်တဲ့ ဗဟုသုတအချို့ ကိုမျှဝေလိုက်ပါတယ် ခင်ဗျ..........................
“ROG” ဆိုတာ Republic of Gamers ရဲ့ အတိုကောက်ဖြစ်ပြီး ASUS ရဲ့ စွမ်းဆောင်ရည်မြင့်တဲ့ ဂိမ်းပိုင်းဆိုင်ရာ ထုတ်ကုန်တခုပါပဲ ။
အဲ့ဒီထဲကမှ RTX 4060 ဟာ NVIDIA ရဲ့ GeForce RTX 40 စီးရီးထဲမှာတော့ mid-range GPU တခုဖြစ်ပြီး ROG မှ အထူးအပ်ဒိတ်များ၊ ကာကွယ်စနစ်တချို့နှင့် cooling, clock boosting စတဲ့အချက်တွေ ထည့်သွင်းထားတဲ့ model တွေပဲဖြစ်ပါတယ် ။
ROG Strix GeForce RTX 4060 OC Edition ထုတ်ကုန်တွေရဲ့ အချက်အလက်တချို့ကို ဥပမာအနေနဲ့ အောက်မှာ ဖော်ပြပေးထားပါတယ် ။ — တခု သတိပြုစေလိုတာကတော့ “ROG RTX 4060” ဟာ မျိုးစုံတဲ့ custom models (ROG Strix, ROG Dual စသည့်) တွေ ရှိနေတယ်ဆိုတာပါပဲ ။
GPU NVIDIA GeForce RTX 4060
CUDA Cores 3072
Base / Boost Clock Default mode boost ~ 2460 MHz (ROG Strix non-OC)
OC mode boost ~ 2700 MHz (in ROG Strix OC version)
Memory 8 GB GDDR6
Memory Bus / Interface 128-bit
Memory Speed / Bandwidth 17 Gbps effective speed
Band¬width ≈ 272 GB/s
PCIe Interface PCIe 4.0
Power Connector 1 × 8-pin
Recommended PSU 550 W
Dimensions / Slot Size 311.4 × 133.5 × 61.9 mm (i.e. ~3.1 slots)
Features / Tech Support DLSS 3, Ada Lovelace architecture, 4th gen Tensor Cores, 3rd gen RT Cores
ROG RTX 4060 တွေဟာ DLSS 3 ကို ထောက်ပံ့နိုင်ပြီး (AI upscaling + frame generation) rendering efficiency ကိုပိုကောင်းစေတယ် ။ 3rd Gen RT cores ပါဝင်တဲ့အတွက်ကြောင့် ray tracing စွမ်းဆောင်ရည်မှာ ယခင် စီးရီးများထက် ပိုပီးကောင်းမွန်လာတာကိုတွေ့ရပါတယ် ။
ROG မော်ဒယ်တွေမှာ အဆင်ပြေလွယ်ကူတဲ့ အအေးပေးစနစ် (cooling solution) များ ထည့်သွင်းထားပြီး အထူးသဖြင့် axial fan designs, backplate, custom heatsinks စသည်ဖြင့် ပိုမိုကောင်းမွန်လာတယ် လို့ခံစားရပါတယ် ။
1080p resolution ပေါ်မှာ မီခိုတဲ့ ဂိမ်းတွေကို အဆင်ပြေပြေ နိုင်နင်းပြီး ၊ 1440p resolution တွင် settings တချို့ကို ပိတ်ထားပြီး အဓိကကျတဲ့ performance ကို တိုးမြှင့်နိုင်တာကို တွေ့ရပါတယ် ။
Overclocking များစွာမလုပ်ပဲလည်း OC မော်ဒယ်အတွက် factory overclocked clock တွေရှိတာကြောင့် performance boost တိုးမြှင့်နိုင်တာပဲဖြစ်ပါတယ် ။
NVIDIA GeForce RTX 4060 ကို ASUS က ROG Strix, ROG Dual, TUF Gaming စသည့် custom မော်ဒယ်မျိုးစုံဖြင့် ထုတ်ပေးထားတာကိုတွေ့ရတယ် ။ မော်ဒယ်တစ်ခုချင်းစီဟာ cooling design၊ clock speeds, physical size (length/slot width)၊ price positioning အရ ကွဲပြားကြတယ် ။ အောက်မှာ မော်ဒယ်တစ်ခုချင်းရဲ့ သွင်ပြင်လက္ခဏာ၊ သင့်စနစ်နဲ့ ဘယ်လိုတွဲဖက်ရမည်၊ motherboard/CPU/PSU ရွေးချယ်ရာမှာ သိထားသင့်တဲ့ အချက်များကို ဖော်ပြပေးထားပါတယ် ။
ROG Strix (high-end / premium)
ကြီးမားသော heatsink, အလွန်ကောင်းမွန်သော cooling၊ factory OC options (higher boost clocks) — ဥပမာ ROG Strix RTX 4060 OC edition ရဲ့ OC mode boost ≈ 2700 MHz, CUDA cores = 3072, memory = 8GB GDDR6။ 1080p/1440p အလယ်တန်း-ထက် performance ကို ရရှိချင်သူ၊ overclocking နှင့် long gaming session များအတွက် အအေးပေးစနစ်ကောင်းကောင်း လိုအပ်သူများအတွက် အဆင်ပြေမှာဖြစ်ပါတယ် ။
ROG Dual (compact / balanced)
Dual-fan, ပို(compact) သင့်တော်သော design, တန်ဖိုးနှင့် performance ကို balance ပြုလုပ်ထားပြီး Dual RTX 4060 OC boost ≈ 2460–2490 MHz (OC), 8GB GDDR6, compact dimension တွေနဲ့ mid-tower / small builds တွေအတွက် သင့်တော် ကောင်းမွန်တဲ့ ရွေးချယ်မှုတခုပါပဲ ။
TUF Gaming (durable / value-oriented)
ASUS ရဲ့ Recommended PSU table အရ RTX 4060 အတွက် အခြေခံအကြံပြုချက်မှာ 550W (typical gaming desktop configuration အတွက်) ဖြစ်သော်လည်း 650W–750W အထိ အရည်အသွေးကောင်းတဲ့ PSU (80+ Gold) ကို စာရေးသူအနေနှင့် အကြံပြုလိုပါတယ်။
တိုက်ရိုက်အားဖြင့် RTX 4060 သည် 1080p/1440p အမျိုးအစား GPU ဖြစ်သောကြောင့် mid-range CPUs နဲ့ အလွန်ကောင်းမွန်စွာတွဲဖက်နိုင်ပြီး review guides များအရ သင့်တော်သော တွဲဖက်များမှာ Intel Core i5 (e.g., 13th gen / 14th gen i5 series) သို့မဟုတ် AMD Ryzen 5 / Ryzen 7 (AM5) ဖြစ်တာကို တွေ့ရပါတယ် ။ ဥပမာ article များက i5-13600K သို့မဟုတ် Ryzen 7/5 series များကို RTX 4060 တွဲဖက်ရန် အကြံပြုထားပါတယ်။
12th/13th/14th Gen Intel CPUs အတွက် Z690 / Z790 / Z890 (high-end) ဆိုရင် လုံလောက်တယ်လို့ ဆိုရမှာပါ ။ Mid-range အတွက် B760/B660 လောက်မှန်းထားနိုင်ပါတယ်။ i5-13600K / 14600K အဆင့်ကို ရဖို့ OC/overclock လုပ်မယ်ဆိုရင် Z-series ကိုရွေးပါ လို့ အကြံပြုလိုပါတယ် ။ Tom’s / WePC guides မှာလဲ ROG Strix Z790 series စတဲ့ boards တွေကို recommend လုပ်ထားတာကို တွေ့နိုင်ပါတယ်။
AMD platform (AM5)
Ryzen 7000/8000/9000 series အတွက် AM5 socket — B650 / B650E (budget → mid) နဲ့ X670 / X670E (high-end) တို့ ရှိပြီး B650E မှာတော့ PCIe 5.0 support အချို့ ပေးပြီး X670E မှာ ပိုမိုပြည့်စုံသွားပါတယ်။
များသောအားဖြင့် B650 motherboard အချို့ရဲ့ unofficial PCIe 5.0 GPU support ကို vendor BIOS တွင် ပြောင်းလဲပိတ်ထားတာတွေကြောင့် (compatibility issues) — GPU-Gen5 အတွက် အထောက်အပံ့ကို BIOS status မှာစစ်ဆေးရန် လိုအပ်နိုင်ကြောင်း အကြံပြုလိုပါတယ်။
MMA
#နည်းပညာ #နည်းပညာသတင်း #နည်းပညာဆောင်းပါး #ဂိမ်းကွန်ပျူတာ
#ဂရပ်ဖစ်ကဒ် #ကွန်ပျူတာအစိတ်အပိုင်း #အိမ်မှာPCတည်ဆောက်ခြင်း
#ကောင်းတဲ့GPUရွေးခြင်း ြန်မာ #ဂိမ်းသမားများအတွက်
#နည်းပညာအကြံပြုချက် ်ဆောက်သူ